[.........]
"ပဒုမ္မာမီးပုံးပွဲတော်ကို မင်းလာကြည့်မယ်မှန်း အစောကြီးကတည်းက သိရင် ဟိုမျက်နှာချင်းဆိုင်က တည်းခိုဆောင်ကို ငှားလိုက်ပါတယ် ။ ဟိုမှာသာဆို ရှုခင်းကို ရှင်းရှင်းလင်းလင်း ပိုမြင်ရမှာ"
ချူယွမ်က သဘောကျစွာ ရယ်မောလိုက်ကာ သွမ့်ပိုင်ယွဲ့အား ကြည့်ရင်း ဆို၏။
"ငါတို့အရွယ်က လူကြားထဲ အတင်းတိုးဝှေ့ပြီး ရှေ့ဆုံးကနေ ကြည့်ချင်နေကြတဲ့ ကလေးသေးသေးလေးတွေမှ မဟုတ်တော့တာ။ မင်းပြောတော့ နန်းတော်ထဲနေရတာ စိတ်ညစ်ဖို့ကောင်းတယ်ဆို၊ အဲ့ဒီတော့ ငါလည်း အပြင်ထွက်ပြီး လေကောင်းလေသန့် လာရှူရုံတင်ပါ"
ဤလမ်းမကြီးမှာ ရွှေမြို့တော်၏ လူသူအစည်ကားဆုံးသော လမ်းမကြီးဖြစ်သည်။ လေသာပြတင်း တစ်၀က်မျှ ပိတ်ထားလျှင်တောင် အောက်ထပ်က သွားလာလှုပ်ရှားနေသော လူသံသူသံများကို ကြားနေရသည်။ယိုကောင်းသကြားမုန့်ချိုကို ဆီအိုးပူပူထဲ ထည့်ကြော်လိုက်သည့်အချိန်မျိုးမှာလည်း မုန့်၏ မွှေးပျံ့လှသော ရနံ့မှာ တည်းခိုဆောင်ဒုတိယထပ်ထိ ပျံ့လွင့်လာတတ်ကာ အခန်းတစ်ခုလုံး ချိုသင်းသောအနံ့များဖြင့် ထုံသင်းမွှေးကြိုင်နေတတ်ပေသည်။
"မုန့်စားချင်လား"
သွမ့်ပိုင်ယွဲ့မေးလာတော့ ချူယွမ်လည်း ခေါင်းညိတ်လိုက်သည်။
"အင်း"
"ဒါဆိုလည်း ခဏစောင့်..."
သွမ့်ပိုင်ယွဲ့ကတော့ တစ်ခါတည်း ထရပ်ပြီး အပြင်ထွက်သွားလေ၏။
ဘေးခန်းထဲရှိ သွမ့်ယောင်လည်း မျက်လုံးပေကလပ် ပေကလပ်လုပ်ကာ နန်မော်ယဲ့အား -
"ရှစ်ဖူး...ကျွန်တော်လည်း စားချင်တယ်"
ဘာလို့ မုန့်နံ့က အရမ်းတွေ မွှေးနေတာလဲ။
နန်မော်ယဲ့ခန္ဓာကိုယ်မှာ တောက်တဲ့သဖွယ် နံရံနှင့် တစ်သားတည်း ဖြစ်လုမတတ် ကပ်နေလေရာ ထိုပုံစံကြီးနှင့်ပင် လက်တစ်ချောင်းဆန့်ကာ သွမ့်ယောင်ခေါင်းကို ပုတ်ပေးလေ၏။
"ကလေးလေး.. လိမ္မာတယ်နော်။ ခဏလောက် သည်းခံလိုက်ပါဦး ၊ ခဏနေကျရင် ဆိုင်တိုင်ရာရောက် ပူပူနွေးနွေးလေး စားဖို့ ရှစ်ဖူး လိုက်ပို့ပေးမယ်... ဟုတ်ပြီလား"
ချူယွမ်ကတော့ လေသာပြတင်းမှတစ်ဆင့် လမ်းမကြီးကို ကူးလူးဖြတ်သန်းကာ လမ်းတစ်ဖက်ရှိ မုန့်ဆိုင်သို့ လျှောက်လှမ်းသွားနေသော သွမ့်ပိုင်ယွဲ့ကို လိုက်၍ ငေးကြည့်နေ၏။ ထိုသူခမျာ ဆိုင်ရှေ့တွင် မုန့်လာ၀ယ်သော ကလေးတစ်သိုက်ကြား လုပြီး၀ယ်လာရရှာသည်။ ၀ယ်ပြီးသွားသည်နှင့် ဘေးဆိုင်က မုန့်အချို့ကိုပါ ထပ်ပြီး ၀င်၀ယ်လိုက်သေးသည်။ နောက်ဆုံးအဖြစ် အမဲသားစွပ်ပြုတ် နှစ်ထုပ်သုံးထုပ်မျှကိုပါ အရ ဆွဲလာခဲ့သေးသည်။
"မြည်းကြည့်ဦး၊ ဒီဆိုင်က အမဲသားစွပ်ပြုတ်ကိုဆို နေ့တိုင်းနေ့တိုင်း လူတွေတန်းစီပြီးတော့ကို ၀ယ်ကြရတာတဲ့။ အရသာသိပ်မဆိုးဘူးလို့တော့ ထင်ရတာပဲ"
"အဲ့ဒီဆိုင်ရှင်က နန်းတော်ထဲ စားဖိုမှူးလုပ်ခဲ့သေးတယ်လေ"
ချူယွမ်ကလည်း တူပင် မသုံးပဲ အမဲသားအသည်းကို လက်ဖြင့်သာ ဖြဲပြီး စားရင်း ဆက်ဆိုလာ၏။
"တစ်ရက်ကျတော့ သူ သတိမထားမိဘဲ မတော်တဆလဲကျပြီး ခြေကျိုးသွားတာ။ အဲ့လိုနဲ့ သူ့ဇာတိမြေ ကျင်းနန်ကို ပြန်ဖို့ဆိုပြီး အလုပ်ထွက်လိုက်တယ်။ ဟိုမှာ သုံးနှစ်လောက်တောင် သွားနေလိုက်သေးတယ်။ဒါပေမယ့် မြို့တော်မှာကျန်ခဲ့တဲ့ သားနဲ့ချွေးမကို စိတ်မချလို့ဆိုပြီး မနှစ်ကမှ ပြန်ရောက်လာတာ ။ အလုပ်အားနေတာကို မနေတတ်လို့ဆိုပြီး ဆိုင်ဖွင့်ပြီး ဟင်းချက်ရောင်းနေတာလေ"
သွမ့်ပိုင်ယွဲ့တစ်ယောက် အတော် အံ့သြသွား၏။
"ဘာလို့ ဒီလောက်အသေးစိတ်တွေကိုပါ မှတ်မိနေတာလဲ"
"ရော့.....မြည်းကြည့်။မင်း သေချာပေါက် ကြိုက်လိမ့်မယ်"
သွမ့်ပိုင်ယွဲ့လည်း ထိုအမဲသားဟင်းကို ယူစားကြည့်လိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်လုပ်လိုက်ကာ-
"အင်း၊ မဆိုးဘူး"
"မဆိုးဘူးဟုတ်လား၊ အဲ့လောက်ပဲလား"
ချူယွမ်က သူ့အား ကြည့်လာပြီးဆက်မေးနေ၏။ သွမ့်ပိုင်ယွဲ့က ခဏမျှ တွေးလိုက်ကာ
"ဟင်၊ အဲ့လိုမပြောရဘူးဆိုတော့ စကားလုံးအများကြီးနဲ့ ချီးကျူးဖွဲ့နွဲ့ပြီး ပြောရမှာလား။ အသားက နူးညံ့အိစက်နေတယ်၊ ဒါပေမယ့်လည်း ပျော့ပြဲနေတာမျိုးဖြစ်မနေဘူး။ အဆီနဲ့အသားကလည်း အချိုးအစား ညီမျှတယ်။ အရောင်ကလည်း စားချင်စရာကောင်းအောင် လှပနေတယ်။ အသားကို လျှာပေါ်တင်လိုက်တာနဲ့ အကြောတွေထဲထိ အရသာက စိမ့်ပြီး၀င်သွားတယ်"
သွမ့်ယောင်နှင့် နန်မော်ယဲ့နှစ်ယောက်လုံး ပြိုင်တူပင် တံတွေးမြိုချလိုက်ကြလေ၏။
ဗိုက်ဆာလိုက်တာကွာ။
ချူယွမ်က ခေါင်းခါလိုက်ကာဆို၏။
"မင်း အသက်ရှစ်နှစ်သားအရွယ် နန်းတော်ထဲရောက်လာတုန်းကတော့ ဒီစွပ်ပြုတ်ကို ကြိုက်လွန်းလှပါရဲ့ဆို။ ရှီးနန်စံအိမ်တော်က စားဖိုမှူးပါ ဒီကိုလွှတ်ပြီး ဒီဟင်းချက်နည်းပါ သင်ခိုင်းမယ်လို့တောင် ပြောသေးတယ်လေ"
သွမ့်ပိုင်ယွဲ့ - "....."
"အင်းပါ ၊ မင်း မေ့သွားလောက်ပြီလို့တော့ ထင်ထားပါတယ်လေ။ အဲ့တော့ ဒီနေ့ ဒီဟင်းကို ဆက်စားခွင့်မပြုဘူး၊ ဒါ အပြစ်ပေးတာပဲ"
ချူယွမ် မျက်နှာမှာ တည်ကြည်သွားလေသည်။ သွမ့်ပိုင်ယွဲ့လည်း ထိုင်ခုံဆွဲကာ ချူယွမ်နား ပို၍ တိုးကပ်စွာ ထိုင်လိုက်ပြီး -
"ဟိုးဆယ်နှစ်ကျော်တုန်းကတည်းက စွပ်ပြုတ်တစ်ခွက်တည်းပဲဟာ ၊ ကိုယ် ဒါလေးမေ့ရုံနဲ့ အပြစ်ပေးတယ်ပေါ့လေ။ ဒီမှာ...ကိုယ်ပြောမယ်၊ ကိုယ်တို့နှစ်ယောက်ရဲ့ အရေးကြီးတဲ့အကြောင်းအရာမှန်သမျှကို ကိုယ် လုံး၀မမေ့ဘူး"
"ဥပမာအားဖြင့်...."
"ဥပမာအားဖြင့် တစ်နေ့ကျရင် ဒို့နှစ်ယောက် အတူတူ ရှီးနန်ပြန်သွားကြမယ်တဲ့၊ မင်း ကိုယ့်ကို ကတိပေးထားပြီးသားနော်"
ချူယွမ်က လက်နှစ်ဖက်ဖြင့် မေးကို ထောက်လိုက်ကာ သွမ့်ပိုင်ယွဲ့အား တုပပြီး ဆို လာ၏။
"သြော်....ဟုတ်လား။ ပြောဖူးတယ်လား။
မမှတ်မိတော့ဘူး၊ မေ့သွားပြီ...."
"ဟင့်အင်း၊ ကိုယ်မမေ့သေးဘူးဆိုတော့ အဲ့ဒီစကားက အလုပ်ဖြစ်သေးတယ်"
ထို့နောက် သွမ့်ပိုင်ယွဲ့က သကြားမုန့် ပူပူနွေးနွေးကို ယူကာ အနည်းငယ်မျှ အေးအောင် တဖူးဖူးမှုတ်ပေးပြီး ချူယွမ်အား ပေးလာသည်။
"ပူနေတုန်းပဲ၊ ဖြည်းဖြည်းစား...."
"ဟိုအခန်းထောင့်က ဘာအထုပ်ကြီးလဲ"
အခန်းထောင့်တစ်နေရာရှိ ညစ်နွမ်းနေသော အ၀တ်စုတ်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကိုမြင်တော့ ချူယွမ်မေးလာခြင်းဖြစ်၏။
"သြော်...ရုပ်ဖျက်ဖို့လိုတဲ့ ပစ္စည်းတွေလေ"
မည်သို့ပင်ဆိုစေ ၊ ရွှေမြို့တော်က အခြားမြို့များနှင့် မတူ။ သူ့အား မြင်ဖူးသော ၊ သိနေသော မှူးမတ်များစွာ ရှိနေပေသည်။ ထို့ကြောင့် ပြဿနာမဖြစ်အောင် ကြိုတင်ပြီး သတိထားကာ ရှောင်ကြဥ်နိုင်ဖို့ ထိုပစ္စည်းများကို လိုရမည်ရ ဆောင်ထားသည်မှာ ပိုကောင်းသည်လေ။
ချူယွမ်က သွမ့်ပိုင်ယွဲ့ မျက်နှာနား နီးကပ်စွာ တိုးပြီး ကြည့်လာ၏။
သွမ့်ပိုင်ယွဲ့ခမျာ မနေတတ်တော့။
"ဘာမှမဖြစ်ပါဘူး။ ကိုယ့်မျက်နှာအသားက ထူတယ်၊ မင်းလိုမှ မဟုတ်တာ"
ချူယွမ်က လေးနက်စွာ ဆက်မေးလာ၏။
"တန်လို့လား"
"တန်တယ်"
ချူယွမ်က သူ့အား သေချာ ငေးကြည့်လာ၏။
ချူယွမ် တကယ် ဘာပြောရမည်မှန်း မသိတော့။ မည်သို့ပင်ဆိုစေ သွမ့်ပိုင်ယွဲ့လည်း ပြည်နယ်ဘုရင်တစ်ပါးပင်ဖြစ်၏။ သို့သော် လက်ရှိမှာတော့ သူလိုငါလို လမ်းမကြီးပေါ် ဘုရင်တစ်ပါးအဖြစ် ခန့်ညားတင့်တယ်စွာ လွတ်လွတ်လပ်လပ် သွားလာလို့ပင်မရ။သွမ့်ပိုင်ယွဲ့တစ်ယောက် မိမိအတွက် ဤမျှထိ ပေးဆပ်ထားသည်မှာ သွမ့်ပိုင်ယွဲ့အတွက် တန်ရောတန်ရဲ့လား။
"မဟုတ်တာတွေ လျှောက်တွေးနေပြန်ပြီ"
သွမ့်ပိုင်ယွဲ့က ချူယွမ်ဆီ လက်ဆန့်ကာ ချူယွမ်၏ မေးကို လက်ဖြင့် အသာမော့လာစေပြီးနောက် ဆက်ပြောလာ၏။
"အဲ့အချိန်တုန်းက ကိုယ်တို့ ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ နောက်မှ နောင်တမရကြေးလို့ ကတိပေးထားပြီးပြီလေကွာ"
"ဒါပေမယ့် အခုလက်ရှိမှာတော့ တစ်တိုင်းပြည်လုံးက မင်းကိုဆိုရင် မကောင်းပြောကြနေတာချည်းပဲ"
ချူယွမ်အသံများ တိုးလျဖျော့တော့လွန်းနေပေ၏။
"ဘယ်သူပြောတာလဲ။ ဒီမတိုင်ခင်ကဆို တော်၀င်မင်းသမီးတစ်ယောက်တောင် ကိုယ်နဲ့ အရမ်းလက်ထပ်ချင်နေတာပဲ ၊ကြည့်လေ"
သွမ့်ပိုင်ယွဲ့က ဘာကိုမှ အရေးမစိုက်တော့။
"သူတို့ ဘယ်လောက်ပဲ ဆဲဆိုနေပါစေ၊ နောက်ဆုံးတော့ စိတ်ထားရုန့်ရင်းကြမ်းတမ်းတယ်၊ အလိုလောဘကြီးတယ်၊ ဒါမှမဟုတ် ပုန်ကန်ထကြွဖို့ချည်းပဲ ကြံစည်နေတယ်၊ ဒါတွေချည်းပဲ အက်ကြောင်းထပ်အောင် ပြောနေတာပဲ ကို။ တကယ်လို့များ ကိုယ်သာ ဒီဟာတွေကို လိုက်ခံစားနေရင်တော့ အဆိပ်မိပြီးရူးနေလို့ပဲ ဖြစ်ရမယ်"
ချူယွမ်ကတော့ ဘာဆိုဘာမှ ဆက်မပြောဘဲ သူ၏ အတွေးကမ္ဘာထဲတွင်သာ နစ်မျောနေဆဲဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော်ကျော်မျှ ကြာအောင် သူတို့နှစ်ဦးက အချင်းချင်း ကူညီဖေးမခဲ့ကြသည်။ အချင်းချင်းဆီက အကျိုးအမြတ်ကို အပြန်အလှန် ရယူတတ်ကြသည်။ သေအတူရှင်မကွာ အတူတူဖြတ်သန်းလာခဲ့ကြသည်။
ထားခဲ့ဖူးသော ကတိက၀တ်များ၊ ပြောခဲ့ဖူးသော စကားများမှာလည်း ရေတွက်လို့ပင်မမီ တော့ ၊ အတူပူးပေါင်းလုပ်ဆောင်ခဲ့သမျှလည်း ရေတွက်လို့ပင် မရတော့လောက်အောင် များပြားလို့နေ၏ ။
ဤသို့နှင့် မိမိတို့နှလုံးသားများ၏ အလိုဆန္ဒ၊ အစစ်အမှန် တောင့်တမွတ်သိပ်ခြင်းတို့ကို မသိရှိခဲ့ကြသည်မှာ ကြာလှပေပြီ။
အခုအချိန်မှာတောင်မှ ချူယွမ်၏ စိတ်အစဥ်မှာ လွင့်မျောနေကာ ၊ ချူယွမ်တစ်ယောက် အမြင်အာရုံ တဖြည်းဖြည်း ဝေဝါးလာပြီး မိမိရှေ့ကလူကို သေချာ ရှင်းလင်းစွာ မမြင်ရတော့။ ထို့အတူ မိမိတို့အတွက် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းခရီးကိုလည်း ရှင်းရှင်းလင်းလင်း မတွေ့ရတော့။
"ဘာလို့ ဘေးခန်းက အရမ်း တိတ်သွားတာလဲဟင်"
သွမ့်ယောင်လည်း သိပ်မသင်္ကာတော့ချေ။
နန်မော်ယဲ့က ရှူးတိုးတိုးနေရန် လက်ဟန်ပြလိုက်ကာ မိမိတို့အခန်းတံခါးကို အနည်းငယ်ဟပြီး ထိုနှစ်ယောက်ရှိရာ အခန်းရှေ့သို့သွားကာ ဆက်၍နားထောင်နေလေသည်။
သွမ့်ပိုင်ယွဲ့မျက်နှာရှုံ့မဲ့သွားကာ ချူယွမ်အား စိုးရိမ်တကြီး ကြည့်လာ၏။
"ဘာဖြစ်သွားတာတုန်း"
ချူယွမ်က သွမ့်ပိုင်ယွဲ့မျက်နှာဆီ လက်လှမ်းလိုက်ကာ မြတ်နိုးယုယစွာ ပါးပြင်ကို ထိတွေ့ပွတ်သပ် လိုက်သည်။ ထို့နောက် မျက်ဝန်းများကို မှိတ်လိုက်ကာ သွမ့်ပိုင်ယွဲ့နှုတ်ခမ်းအား နမ်းလိုက်လေ၏။
တံခါးအပြင်ဘက်တွင် သွမ့်ယောင်လည်း အင်မတန်မှ စိတ်လှုပ်ရှားကာခြေဖျားထောက်ကာ ထောက်ကာနှင့်ရှစ်ဖူးလုပ်သလို လိုက်လုပ်မည်အပြု၊ ဘာဆိုဘာမှမလုပ်ရခင်မှာပင် နန်မော်ယဲ့က သူ့အား ခေါ်ထုတ်လာကာ အခန်းထဲ ပြန်ခေါ်သွားလေ၏။
ကလေးတွေ ကြည့်ဖို့မသင့်တော်ဘူး။ မတတ်သင့်တာတွေ တတ်သွားလိမ့်မယ်။
နှုတ်ခမ်းထက်က အထိအတွေ့မှာ အတော်ပင် လက်တွေ့ဆန်လွန်းနေ၏။ သွမ့်ပိုင်ယွဲ့ခေါင်းထဲတွင် တစ်စုံတစ်ခု ပြင်းထန်စွာ ပေါက်ကွဲနေသလိုဖြစ်ကာ ခေတ္တမျှ ကြောင်တောင်
တောင်ဖြစ်နေလျက်။ ထို့နောက်မှာတော့ ချူယွမ့်ခါးသွယ်သွယ်ကို ဆွဲယူဖက်တွယ်လိုက်ကာ နံရံဆီသို့ ပြင်းထန်စွာ တိုးကပ်ပြီး ဖိနှိပ်ထားလိုက်လေသည်။
ချူယွမ်ကတော့ သွမ့်ပိုင်ယွဲ့အား ကြည့်နေရုံမျှသာ၊ ဘာဆိုဘာမှ မပြော။
သွမ့်ပိုင်ယွဲ့မျက်၀န်းများ နီရဲနေ၏။ မည်သည့်အကြောင်းကို စဥ်းစားရမည်မှန်းမသိတော့။ ချူယွမ်ဘက်က စတင်လှုပ်ရှားလာလိမ့်မည်ဟု သူ တစ်ခါမျှပင် မတွေးထားစဖူး။ ထိုကတိစကားကို နှစ်ဖက်စလုံးက နှစ်ပေါင်းများစွာ အတည်ပြုကာ စောင့်ထိန်းလာခဲ့သည်၊ ထိခိုက်ပျက်စီးလွယ်လွန်းလှသော ထိုယိုင်နဲ့နဲ့စည်းကို မကျော်မိစေရန် သတိကြီးစွာ ချုပ်တီးစောင့်ထိန်းလာခဲ့ကြသည်။
ဤအနမ်းက တစ်ဒင်္ဂမျှသာ ကြာစေဦးတော့၊ ဘာကို အရေးစိုက်ရတော့မည်နည်း။ တိုင်း
ပြည်ရေးရာကိစ္စများကို ဘာဆိုဘာမှ တွေးမနေချင်တော့။ တစ်ခါတစ်ရံမှာလည်း ထိန်းချုပ်၍မရတော့သော ဤခံစားချက်တို့ကို ခဏတာမျှ လွှတ်ပေးလိုက်ချင်သည်၊ လွှတ်ပေးလိုက်လျှင်လည်း အရာရာတိုင်းက ပြန်လမ်းလှည့်လို့မရနိုင်တော့လောက်အောင် ပျက်စီးသွားနိုင်မည်မှန်း သိနေခဲ့သည်။ သို့သော်လည်း ယခုအချိန်မှာတော့ မည်သည့်ကိစ္စကိုမှ အရေးမစိုက်ချင်တော့ပါလေ။
သွမ့်ပိုင်ယွဲ့လည်း သူ့ရင်ခွင်ထဲရှိ ချူယွမ်အားနောက်တစ်ဖန် ပြန်လည်၍ နက်ရှိုင်းစွာ၊ မက်မောစွာ နမ်းရှိုက်လိုက်လေ၏ ။ ချူယွမ့်မျက်တောင်လေးများကလည်း အနည်းငယ် လှုပ်ခတ်သွားကြသည်။ နူးညံ့သော လျှာဖျားကလည်း ပူနွေးနေလို့ ။ ထိုလျှာဖျားက ရှောင်ပြေးနေဟန် ရနေသော်လည်း သွမ့်ပိုင်ယွဲ့အား ဖိတ်ခေါ်ကြိုဆိုခြင်းအသွင် ပိုဆောင်နေပေ၏။
မည်မျှပင် အချိန်လင့်သွားမှန်း သေချာမပြောတတ်တော့၊ အတန်ကြာတော့မှ သွမ့်ပိုင်ယွဲ့က ဖက်တွယ်ထားသော လက်ကို တဖြည်းဖြည်းလွှတ်ကာဖြေလျှော့ပေးလိုက်သည်။ သို့သော် လက်လွှတ်လိုက်ဖို့ မဝံ့ရဲသေးသည့်နှယ် ၊ နှမြောတွန့်တိုနေသေးသည့်နှယ် နောက်တစ်ကြိမ် ပြန်လည် နမ်းရှိုက်လိုက်လေသည်။
ခဏကြာတော့မှ ချူယွမ်က သွမ့်ပိုင်ယွဲ့အား အနည်းငယ် တွန်းဖယ်လိုက်လေ၏။ နားရွက်ဖျားများကတော့ နီရဲနေလျက်။
အခန်းထဲတွင် လွန်စွာမှ တိတ်ဆိတ်ငြိမ်သက်နေသည်။ခဏကြာတော့မှ ချူယွမ်က စပြောလာ၏။
"ငါ.....ငါ နန်းတော်ပြန်တော့မယ်"
"ဒါက ကိုယ့်ကိုမလိုချင်တော့ဘူးဆိုတဲ့သဘောလား"
"......"
သွမ့်ပိုင်ယွဲ့က တိုးညှင်းစွာရယ်လိုက်ကာ ချူယွမ်အား လှမ်းဆွဲလိုက်ပြီး မိမိရင်ခွင်ထဲ ပြန်လည် ဖက်တွယ်ချုပ်နှောင်ထားလိုက်၏။
"ခဏလောက် ဆက်နေပါဦး၊ ပြီးရင် ကိုယ် ပြန်လိုက်ပို့ပေးပါ့မယ်"
"ဒီညနေ ကုယွင်ရွှမ်းဆီ သွားစရာရှိတာ သွားလိုက်ပါလား၊ သူ တကယ်ကို မင်းနဲ့ပြောစရာရှိနေတာ ဖြစ်ချင်ဖြစ်နိုင်တယ်လေ"
"အင်းပါ"
အောက်ထပ်မှ တိုင်းသူပြည်သားများ ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲကာ ရယ်မောနေကြသံများကို အတိုင်းသား ကြားနေရ၏။ ရေမျက်နှာပြင်ထက်တွင်လည်း ရာချီသော ပဒုမ္မာ ကြာပန်းသဏ္ဍာန် မီးပုံးများကို မျှောလွှတ်နေကြသည်။ ရေစီးရာအတိုင်း ကွေ့ကောက်စွာ လိုက်ပါသွားကြသည်မှာ အလွန်ပင် အိပ်မက်ဆန်စွာ လှပနေပေ၏။
ချူယွမ်ကလည်း ကုတင်ဘေးနား ပြန်ထိုင်လိုက်ကာ ထိုမီးပုံးများကို ငေးကြည့်နေလေငည်။သွမ့်ပိုင်ယွဲ့ကလည်း ချူယွမ်အနောက်မှ သိုင်းဖက်လိုက်ကာ -
"ဆုတောင်းကြည့်ဦးမလား။ တကယ် ပြည့်ချင်ပြည့်နိုင်တယ်လေ"
"အင်း၊ မင်း အမြဲတမ်း စိတ်ရောကိုယ်ရော ပျော်ရွှင်ကျန်းမာပါစေ"
သွမ့်ပိုင်ယွဲ့ကတော့ ခေါင်းခါလိုက်ကာ
"ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ၊ ဒို့နှစ်ယောက်စလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေသွားကြမယ်"
ချူယွမ်လည်း မိမိခါးအား ဖက်တွယ်ရစ်ပတ်ထားသော ထိုလက်ဆယ်ဖြာအား မိမိလက်ချောင်းများဖြင့် ယှက်နွယ်ဆုပ်ကိုင်ထားလိုက်၏။ ထို့နောက် သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ ဖြည်းဖြည်းချင်း မှီလိုက်ကာ ငြိမ်းချမ်းစွာ နားခိုလိုက်လေ၏။
******
2020.09.13.
Ch.45 . To be continued.
Chapterတစ်ခုမှာ ခေါင်းစဥ်ကြီးတစ်ခု၊ ခေါင်းစဥ်လေးတစ်ခု ပါတယ်၊ သတိထားမိကြလား။ ဒီအခန်းရဲ့ ခေါင်းစဥ်လေးက spoilerပါလို့ ဖြုတ်ထားတာပါ။ ခေါင်းစဥ်ကတော့ [နမ်းလည်း နမ်းပြီးသွားပြီပဲ၊ ဒီမှာပဲ ညအိပ်လိုက်ပါလား]တဲ့။
နည်းမှန်းသိပေမယ့် ဒီအခန်းလေးကို သဘောကျလွန်းလို့ ဒီအပိုင်းလေးကိုပဲ ကွက်ပြီး သက်သက် တင်ချင်လို့တင်လိုက်တာပါ။
******
အခန္း - ၄၅ ( တိုင္းခန္းလွည့္လည္ေတာ္မူေနပါတယ္)
[.........]
"ပဒုမၼာမီးပံုးပြဲေတာ္ကို မင္းလာၾကည့္မယ္မွန္း အေစာႀကီးကတည္းက သိရင္ ဟိုမ်က္ႏွာခ်င္းဆိုင္က တည္းခိုေဆာင္ကို ငွားလိုက္ပါတယ္ ။ ဟိုမွာသာဆို ရႈခင္းကို ရွင္းရွင္းလင္းလင္း ပိုျမင္ရမွာ"
ခ်ူယြမ္က သေဘာက်စြာ ရယ္ေမာလိုက္ကာ သြမ့္ပိုင္ယြဲ႔အား ၾကည့္ရင္း ဆို၏။
"ငါတို႔အရြယ္က လူၾကားထဲ အတင္းတိုးေဝ႔ွၿပီး ေရ႔ွဆံုးကေန ၾကည့္ခ်င္ေနၾကတဲ့ ကေလးေသးေသးေလးေတြမွ မဟုတ္ေတာ့တာ။ မင္းေျပာေတာ့ နန္းေတာ္ထဲေနရတာ စိတ္ညစ္ဖို႔ေကာင္းတယ္ဆို၊ အဲ့ဒီေတာ့ ငါလည္း အျပင္ထြက္ၿပီး ေလေကာင္းေလသန္႔ လာရႉရံုတင္ပါ"
ဤလမ္းမႀကီးမွာ ေရႊၿမိဳ႔ေတာ္၏ လူသူအစည္ကားဆံုးေသာ လမ္းမႀကီးျဖစ္သည္။ ေလသာျပတင္း တစ္၀က္မ်ွ ပိတ္ထားလ်ွင္ေတာင္ ေအာက္ထပ္က သြားလာလႈပ္ရွားေနေသာ လူသံသူသံမ်ားကို ၾကားေနရသည္။ယိုေကာင္းသၾကားမုန္႔ခ်ိဳကို ဆီအိုးပူပူထဲ ထည့္ေၾကာ္လိုက္သည့္အခ်ိန္မ်ိဳးမွာလည္း မုန္႔၏ ေမႊးပ်ံ့လွေသာ ရနံ႔မွာ တည္းခိုေဆာင္ဒုတိယထပ္ထိ ပ်ံ့လြင့္လာတတ္ကာ အခန္းတစ္ခုလံုး ခ်ိဳသင္းေသာအနံ႔မ်ားျဖင့္ ထံုသင္းေမႊးႀကိဳင္ေနတတ္ေပသည္။
"မုန္႔စားခ်င္လား"
သြမ့္ပိုင္ယြဲ႔ေမးလာေတာ့ ခ်ူယြမ္လည္း ေခါင္းညိတ္လိုက္သည္။
"အင္း"
"ဒါဆိုလည္း ခဏေစာင့္..."
သြမ့္ပိုင္ယြဲ႔ကေတာ့ တစ္ခါတည္း ထရပ္ၿပီး အျပင္ထြက္သြားေလ၏။
ေဘးခန္းထဲရိွ သြမ့္ေယာင္လည္း မ်က္လံုးေပကလပ္ ေပကလပ္လုပ္ကာ နန္ေမာ္ယဲ့အား -
"ရွစ္ဖူး...ကြၽန္ေတာ္လည္း စားခ်င္တယ္"
ဘာလို႔ မုန္႔ႏံ့က အရမ္းေတြ ေမႊးေနတာလဲ။
နန္ေမာ္ယဲ့ခႏၶာကိုယ္မွာ ေတာက္တဲ့သဖြယ္ နံရံႏွင့္ တစ္သားတည္း ျဖစ္လုမတတ္ ကပ္ေနေလရာ ထိုပံုစံႀကီးႏွင့္ပင္ လက္တစ္ေခ်ာင္းဆန္႔ကာ သြမ့္ေယာင္ေခါင္းကို ပုတ္ေပးေလ၏။
"ကေလးေလး.. လိမၼာတယ္ေနာ္။ ခဏေလာက္ သည္းခံလိုက္ပါၪီး ၊ ခဏေနက်ရင္ ဆိုင္တိုင္ရာေရာက္ ပူပူေနြးေနြးေလး စားဖို႔ ရွစ္ဖူး လိုက္ပို႔ေပးမယ္... ဟုတ္ၿပီလား"
ခ်ူယြမ္ကေတာ့ ေလသာျပတင္းမွတစ္ဆင့္ လမ္းမႀကီးကို ကူးလူးျဖတ္သန္းကာ လမ္းတစ္ဖက္ရိွ မုန္႔ဆိုင္သို႔ ေလ်ွာက္လွမ္းသြားေနေသာ သြမ့္ပိုင္ယြဲ႔ကို လိုက္၍ ေငးၾကည့္ေန၏။ ထိုသူခမ်ာ ဆိုင္ေရ႔ွတြင္ မုန္႔လာ၀ယ္ေသာ ကေလးတစ္သိုက္ၾကား လုၿပီး၀ယ္လာရရွာသည္။ ၀ယ္ၿပီးသြားသည္ႏွင့္ ေဘးဆိုင္က မုန္႔အခ်ိဳ႕ကိုပါ ထပ္ၿပီး ၀င္၀ယ္လိုက္ေသးသည္။ ေနာက္ဆံုးအျဖစ္ အမဲသားစြပ္ျပဳတ္ ႏွစ္ထုပ္သံုးထုပ္မ်ွကိုပါ အရ ဆြဲလာခဲ့ေသးသည္။
"ျမည္းၾကည့္ၪီး၊ ဒီဆိုင္က အမဲသားစြပ္ျပဳတ္ကိုဆို ေန့တိုင္းေန့တိုင္း လူေတြတန္းစီၿပီးေတာ့ကို ၀ယ္ၾကရတာတဲ့။ အရသာသိပ္မဆိုးဘူးလို႔ေတာ့ ထင္ရတာပဲ"
"အဲ့ဒီဆိုင္ရွင္က နန္းေတာ္ထဲ စားဖိုမွဴးလုပ္ခဲ့ေသးတယ္ေလ"
ခ်ူယြမ္ကလည္း တူပင္ မသံုးပဲ အမဲသားအသည္းကို လက္ျဖင့္သာ ၿဖဲျပီး စားရင္း ဆက္ဆိုလာ၏။
"တစ္ရက္က်ေတာ့ သူ သတိမထားမိဘဲ မေတာ္တဆလဲက်ၿပီး ေျခက်ိဳးသြားတာ။ အဲ့လိုနဲ႔ သူ႔ဇာတိေျမ က်င္းနန္ကို ျပန္ဖို႔ဆိုၿပီး အလုပ္ထြက္လိုက္တယ္။ ဟိုမွာ သံုးႏွစ္ေလာက္ေတာင္ သြားေနလိုက္ေသးတယ္။ဒါေပမယ့္ ၿမိဳ႔ေတာ္မွာက်န္ခဲ့တဲ့ သားနဲ႔ေခြၽးမကို စိတ္မခ်လို႔ဆိုၿပီး မႏွစ္ကမွ ျပန္ေရာက္လာတာ ။ အလုပ္အားေနတာကို မေနတတ္လို႔ဆိုၿပီး ဆိုင္ဖြင့္ၿပီး ဟင္းခ်က္ေရာင္းေနတာေလ"
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ အေတာ္ အံ့ၾသသြား၏။
"ဘာလို႔ ဒီေလာက္အေသးစိတ္ေတြကိုပါ မွတ္မိေနတာလဲ"
"ေရာ့.....ျမည္းၾကည့္။မင္း ေသခ်ာေပါက္ ႀကိဳက္လိမ့္မယ္"
သြမ့္ပိုင္ယြဲ႔လည္း ထိုအမဲသားဟင္းကို ယူစားၾကည့္လိုက္ၿပီးေနာက္ ေခါင္းတညိတ္ညိတ္လုပ္လိုက္ကာ-
"အင္း၊ မဆိုးဘူး"
"မဆိုးဘူးဟုတ္လား၊ အဲ့ေလာက္ပဲလား"
ခ်ူယြမ္က သူ႔အား ၾကည့္လာၿပီးဆက္ေမးေန၏။ သြမ့္ပိုင္ယြဲ႔က ခဏမ်ွ ေတြးလိုက္ကာ
"ဟင္၊ အဲ့လိုမေျပာရဘူးဆိုေတာ့ စကားလံုးအမ်ားႀကီးနဲ႔ ခ်ီးက်ူးဖြဲ႔ႏြဲ႔ၿပီး ေျပာရမွာလား။ အသားက ႏူးညံ့အိစက္ေနတယ္၊ ဒါေပမယ့္လည္း ေပ်ာ့ၿပဲေနတာမ်ိဳးျဖစ္မေနဘူး။ အဆီနဲ႔အသားကလည္း အခ်ိဳးအစား ညီမ်ွတယ္။ အေရာင္ကလည္း စားခ်င္စရာေကာင္းေအာင္ လွပေနတယ္။ အသားကို လ်ွာေပၚတင္လိုက္တာနဲ႔ အေၾကာေတြထဲထိ အရသာက စိမ့္ၿပီး၀င္သြားတယ္"
သြမ့္ေယာင္ႏွင့္ နန္ေမာ္ယဲ့ႏွစ္ေယာက္လံုး ၿပိဳင္တူပင္ တံေတြးၿမိဳခ်လိုက္ၾကေလ၏။
ဗိုက္ဆာလိုက္တာကြာ။
ခ်ူယြမ္က ေခါင္းခါလိုက္ကာဆို၏။
"မင္း အသက္ရွစ္ႏွစ္သားအရြယ္ နန္းေတာ္ထဲေရာက္လာတုန္းကေတာ့ ဒီစြပ္ျပဳတ္ကို ႀကိဳက္လြန္းလွပါရဲ့ဆို။ ရွီးနန္စံအိမ္ေတာ္က စားဖိုမွဴးပါ ဒီကိုလႊတ္ၿပီး ဒီဟင္းခ်က္နည္းပါ သင္ခိုင္းမယ္လို႔ေတာင္ ေျပာေသးတယ္ေလ"
သြမ့္ပိုင္ယြဲ႔ - "....."
"အင္းပါ ၊ မင္း ေမ့သြားေလာက္ၿပီလို႔ေတာ့ ထင္ထားပါတယ္ေလ။ အဲ့ေတာ့ ဒီေန့ ဒီဟင္းကို ဆက္စားခြင့္မျပဳဘူး၊ ဒါ အျပစ္ေပးတာပဲ"
ခ်ူယြမ္ မ်က္ႏွာမွာ တည္ၾကည္သြားေလသည္။ သြမ့္ပိုင္ယြဲ႔လည္း ထိုင္ခံုဆြဲကာ ခ်ူယြမ္နား ပို၍ တိုးကပ္စြာ ထိုင္လိုက္ၿပီး -
"ဟိုးဆယ္ႏွစ္ေက်ာ္တုန္းကတည္းက စြပ္ျပဳတ္တစ္ခြက္တည္းပဲဟာ ၊ ကိုယ္ ဒါေလးေမ့ရံုနဲ႔ အျပစ္ေပးတယ္ေပါ့ေလ။ ဒီမွာ...ကိုယ္ေျပာမယ္၊ ကိုယ္တို႔ႏွစ္ေယာက္ရဲ့ အေရးႀကီးတဲ့အေၾကာင္းအရာမွန္သမ်ွကို ကိုယ္ လံုး၀မေမ့ဘူး"
"ဥပမာအားျဖင့္...."
"ဥပမာအားျဖင့္ တစ္ေန့က်ရင္ ဒို႔ႏွစ္ေယာက္ အတူတူ ရွီးနန္ျပန္သြားၾကမယ္တဲ့၊ မင္း ကိုယ့္ကို ကတိေပးထားၿပီးသားေနာ္"
ခ်ူယြမ္က လက္ႏွစ္ဖက္ျဖင့္ ေမးကို ေထာက္လိုက္ကာ သြမ့္ပိုင္ယြဲ႔အား တုပၿပီး ဆို လာ၏။
"ေၾသာ္....ဟုတ္လား။ ေျပာဖူးတယ္လား။
မမွတ္မိေတာ့ဘူး၊ ေမ့သြားၿပီ...."
"ဟင့္အင္း၊ ကိုယ္မေမ့ေသးဘူးဆိုေတာ့ အဲ့ဒီစကားက အလုပ္ျဖစ္ေသးတယ္"
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က သၾကားမုန္႔ ပူပူေနြးေနြးကို ယူကာ အနည္းငယ္မ်ွ ေအးေအာင္ တဖူးဖူးမႈတ္ေပးၿပီး ခ်ူယြမ္အား ေပးလာသည္။
"ပူေနတုန္းပဲ၊ ျဖည္းျဖည္းစား...."
"ဟိုအခန္းေထာင့္က ဘာအထုပ္ႀကီးလဲ"
အခန္းေထာင့္တစ္ေနရာရိွ ညစ္ႏြမ္းေနေသာ အ၀တ္စုတ္ျဖင့္ ထုပ္ထားေသာ အထုပ္တစ္ထုပ္ကိုျမင္ေတာ့ ခ်ူယြမ္ေမးလာျခင္းျဖစ္၏။
"ေၾသာ္...ရုပ္ဖ်က္ဖို႔လိုတဲ့ ပစၥည္းေတြေလ"
မည္သို႔ပင္ဆိုေစ ၊ ေရႊၿမိဳ႔ေတာ္က အျခားၿမိဳ႔မ်ားႏွင့္ မတူ။ သူ႔အား ျမင္ဖူးေသာ ၊ သိေနေသာ မွဴးမတ္မ်ားစြာ ရိွေနေပသည္။ ထို႔ေၾကာင့္ ျပႆနာမျဖစ္ေအာင္ ႀကိဳတင္ၿပီး သတိထားကာ ေရွာင္ၾကဥ္ႏိုင္ဖို႔ ထိုပစၥည္းမ်ားကို လိုရမည္ရ ေဆာင္ထားသည္မွာ ပိုေကာင္းသည္ေလ။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ မ်က္ႏွာနား နီးကပ္စြာ တိုးၿပီး ၾကည့္လာ၏။
သြမ့္ပိုင္ယြဲ႔ခမ်ာ မေနတတ္ေတာ့။
"ဘာမွမျဖစ္ပါဘူး။ ကိုယ့္မ်က္ႏွာအသားက ထူတယ္၊ မင္းလိုမွ မဟုတ္တာ"
ခ်ူယြမ္က ေလးနက္စြာ ဆက္ေမးလာ၏။
"တန္လို႔လား"
"တန္တယ္"
ခ်ူယြမ္က သူ႔အား ေသခ်ာ ေငးၾကည့္လာ၏။
ခ်ူယြမ္ တကယ္ ဘာေျပာရမည္မွန္း မသိေတာ့။ မည္သို႔ပင္ဆိုေစ သြမ့္ပိုင္ယြဲ႔လည္း ျပည္နယ္ဘုရင္တစ္ပါးပင္ျဖစ္၏။ သို႔ေသာ္ လက္ရိွမွာေတာ့ သူလိုငါလို လမ္းမႀကီးေပၚ ဘုရင္တစ္ပါးအျဖစ္ ခန္႔ညားတင့္တယ္စြာ လြတ္လြတ္လပ္လပ္ သြားလာလို႔ပင္မရ။သြမ့္ပိုင္ယြဲ႔တစ္ေယာက္ မိမိအတြက္ ဤမ်ွထိ ေပးဆပ္ထားသည္မွာ သြမ့္ပိုင္ယြဲ႔အတြက္ တန္ေရာတန္ရဲ့လား။
"မဟုတ္တာေတြ ေလ်ွာက္ေတြးေနျပန္ၿပီ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ဆီ လက္ဆန္႔ကာ ခ်ူယြမ္၏ ေမးကို လက္ျဖင့္ အသာေမာ့လာေစၿပီးေနာက္ ဆက္ေျပာလာ၏။
"အဲ့အခ်ိန္တုန္းက ကိုယ္တို႔ ဘာပဲလုပ္ခဲ့လုပ္ခဲ့၊ ေနာက္မွ ေနာင္တမရေၾကးလို႔ ကတိေပးထားၿပီးၿပီေလကြာ"
"ဒါေပမယ့္ အခုလက္ရိွမွာေတာ့ တစ္တိုင္းျပည္လံုးက မင္းကိုဆိုရင္ မေကာင္းေျပာၾကေနတာခ်ည္းပဲ"
ခ်ူယြမ္အသံမ်ား တိုးလ်ေဖ်ာ့ေတာ့လြန္းေနေပ၏။
"ဘယ္သူေျပာတာလဲ။ ဒီမတိုင္ခင္ကဆို ေတာ္၀င္မင္းသမီးတစ္ေယာက္ေတာင္ ကိုယ္နဲ႔ အရမ္းလက္ထပ္ခ်င္ေနတာပဲ ၊ၾကည့္ေလ"
သြမ့္ပိုင္ယြဲ႔က ဘာကိုမွ အေရးမစိုက္ေတာ့။
"သူတို႔ ဘယ္ေလာက္ပဲ ဆဲဆိုေနပါေစ၊ ေနာက္ဆံုးေတာ့ စိတ္ထားရုန္႔ရင္းၾကမ္းတမ္းတယ္၊ အလိုေလာဘႀကီးတယ္၊ ဒါမွမဟုတ္ ပုန္ကန္ထႂကြဖို႔ခ်ည္းပဲ ႀကံစည္ေနတယ္၊ ဒါေတြခ်ည္းပဲ အက္ေၾကာင္းထပ္ေအာင္ ေျပာေနတာပဲ ကို။ တကယ္လို႔မ်ား ကိုယ္သာ ဒီဟာေတြကို လိုက္ခံစားေနရင္ေတာ့ အဆိပ္မိၿပီးရူးေနလို႔ပဲ ျဖစ္ရမယ္"
ခ်ူယြမ္ကေတာ့ ဘာဆိုဘာမွ ဆက္မေျပာဘဲ သူ၏ အေတြးကမ႓ာထဲတြင္သာ နစ္ေမ်ာေနဆဲျဖစ္သည္။
ဆယ္စုႏွစ္တစ္ခုေက်ာ္ေက်ာ္မ်ွ ၾကာေအာင္ သူတို႔ႏွစ္ၪီးက အခ်င္းခ်င္း ကူညီေဖးမခဲ့ၾကသည္။ အခ်င္းခ်င္းဆီက အက်ိဳးအျမတ္ကို အျပန္အလွန္ ရယူတတ္ၾကသည္။ ေသအတူရွင္မကြာ အတူတူျဖတ္သန္းလာခဲ့ၾကသည္။
ထားခဲ့ဖူးေသာ ကတိက၀တ္မ်ား၊ ေျပာခဲ့ဖူးေသာ စကားမ်ားမွာလည္း ေရတြက္လို႔ပင္မမီ ေတာ့ ၊ အတူပူးေပါင္းလုပ္ေဆာင္ခဲ့သမ်ွလည္း ေရတြက္လို႔ပင္ မရေတာ့ေလာက္ေအာင္ မ်ားျပားလို႔ေန၏ ။
ဤသို႔ႏွင့္ မိမိတို႔ႏွလံုးသားမ်ား၏ အလိုဆႏၵ၊ အစစ္အမွန္ ေတာင့္တမြတ္သိပ္ျခင္းတို႔ကို မသိရိွခဲ့ၾကသည္မွာ ၾကာလွေပၿပီ။
အခုအခ်ိန္မွာေတာင္မွ ခ်ူယြမ္၏ စိတ္အစဥ္မွာ လြင့္ေမ်ာေနကာ ၊ ခ်ူယြမ္တစ္ေယာက္ အျမင္အာရံု တျဖည္းျဖည္း ေဝဝါးလာၿပီး မိမိေရ႔ွကလူကို ေသခ်ာ ရွင္းလင္းစြာ မျမင္ရေတာ့။ ထို႔အတူ မိမိတို႔အတြက္ ေရ႔ွဆက္ေလ်ွာက္လွမ္းရမည့္ လမ္းခရီးကိုလည္း ရွင္းရွင္းလင္းလင္း မေတြ့ရေတာ့။
"ဘာလို႔ ေဘးခန္းက အရမ္း တိတ္သြားတာလဲဟင္"
သြမ့္ေယာင္လည္း သိပ္မသကၤာေတာ့ေခ်။
နန္ေမာ္ယဲ့က ရႉးတိုးတိုးေနရန္ လက္ဟန္ျပလိုက္ကာ မိမိတို႔အခန္းတံခါးကို အနည္းငယ္ဟၿပီး ထိုႏွစ္ေယာက္ရိွရာ အခန္းေရ႔ွသို႔သြားကာ ဆက္၍နားေထာင္ေနေလသည္။
သြမ့္ပိုင္ယြဲ႔မ်က္ႏွာရႈံ႔မဲ့သြားကာ ခ်ူယြမ္အား စိုးရိမ္တႀကီး ၾကည့္လာ၏။
"ဘာျဖစ္သြားတာတုန္း"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔မ်က္ႏွာဆီ လက္လွမ္းလိုက္ကာ ျမတ္ႏိုးယုယစြာ ပါးျပင္ကို ထိေတြ့ပြတ္သပ္ လိုက္သည္။ ထို႔ေနာက္ မ်က္ဝန္းမ်ားကို မိွတ္လိုက္ကာ သြမ့္ပိုင္ယြဲ႔ႏႈတ္ခမ္းအား နမ္းလိုက္ေလ၏။
တံခါးအျပင္ဘက္တြင္ သြမ့္ေယာင္လည္း အင္မတန္မွ စိတ္လႈပ္ရွားကာေျခဖ်ားေထာက္ကာ ေထာက္ကာႏွင့္ရွစ္ဖူးလုပ္သလို လိုက္လုပ္မည္အျပဳ၊ ဘာဆိုဘာမွမလုပ္ရခင္မွာပင္ နန္ေမာ္ယဲ့က သူ႔အား ေခၚထုတ္လာကာ အခန္းထဲ ျပန္ေခၚသြားေလ၏။
ကေလးေတြ ၾကည့္ဖို႔မသင့္ေတာ္ဘူး။ မတတ္သင့္တာေတြ တတ္သြားလိမ့္မယ္။
ႏႈတ္ခမ္းထက္က အထိအေတြ့မွာ အေတာ္ပင္ လက္ေတြ့ဆန္လြန္းေန၏။ သြမ့္ပိုင္ယြဲ႔ေခါင္းထဲတြင္ တစ္စံုတစ္ခု ျပင္းထန္စြာ ေပါက္ကြဲေနသလိုျဖစ္ကာ ေခတၲမ်ွ ေၾကာင္ေတာင္
ေတာင္ျဖစ္ေနလ်က္။ ထို႔ေနာက္မွာေတာ့ ခ်ူယြမ့္ခါးသြယ္သြယ္ကို ဆြဲယူဖက္တြယ္လိုက္ကာ နံရံဆီသို႔ ျပင္းထန္စြာ တိုးကပ္ၿပီး ဖိႏိွပ္ထားလိုက္ေလသည္။
ခ်ူယြမ္ကေတာ့ သြမ့္ပိုင္ယြဲ႔အား ၾကည့္ေနရံုမ်ွသာ၊ ဘာဆိုဘာမွ မေျပာ။
သြမ့္ပိုင္ယြဲ႔မ်က္၀န္းမ်ား နီရဲေန၏။ မည္သည့္အေၾကာင္းကို စဥ္းစားရမည္မွန္းမသိေတာ့။ ခ်ူယြမ္ဘက္က စတင္လႈပ္ရွားလာလိမ့္မည္ဟု သူ တစ္ခါမ်ွပင္ မေတြးထားစဖူး။ ထိုကတိစကားကို ႏွစ္ဖက္စလံုးက ႏွစ္ေပါင္းမ်ားစြာ အတည္ျပဳကာ ေစာင့္ထိန္းလာခဲ့သည္၊ ထိခိုက္ပ်က္စီးလြယ္လြန္းလွေသာ ထိုယိုင္နဲ႔နဲ႔စည္းကို မေက်ာ္မိေစရန္ သတိႀကီးစြာ ခ်ဳပ္တီးေစာင့္ထိန္းလာခဲ့ၾကသည္။
ဤအနမ္းက တစ္ဒဂၤမ်ွသာ ၾကာေစၪီးေတာ့၊ ဘာကို အေရးစိုက္ရေတာ့မည္နည္း။ တိုင္း
ျပည္ေရးရာကိစၥမ်ားကို ဘာဆိုဘာမွ ေတြးမေနခ်င္ေတာ့။ တစ္ခါတစ္ရံမွာလည္း ထိန္းခ်ဳပ္၍မရေတာ့ေသာ ဤခံစားခ်က္တို႔ကို ခဏတာမ်ွ လႊတ္ေပးလိုက္ခ်င္သည္၊ လႊတ္ေပးလိုက္လ်ွင္လည္း အရာရာတိုင္းက ျပန္လမ္းလွည့္လို႔မရႏိုင္ေတာ့ေလာက္ေအာင္ ပ်က္စီးသြားႏိုင္မည္မွန္း သိေနခဲ့သည္။ သို႔ေသာ္လည္း ယခုအခ်ိန္မွာေတာ့ မည္သည့္ကိစၥကိုမွ အေရးမစိုက္ခ်င္ေတာ့ပါေလ။
သြမ့္ပိုင္ယြဲ႔လည္း သူ႔ရင္ခြင္ထဲရိွ ခ်ူယြမ္အားေနာက္တစ္ဖန္ ျပန္လည္၍ နက္ရိႈင္းစြာ၊ မက္ေမာစြာ နမ္းရိႈက္လိုက္ေလ၏ ။ ခ်ူယြမ့္မ်က္ေတာင္ေလးမ်ားကလည္း အနည္းငယ္ လႈပ္ခတ္သြားၾကသည္။ ႏူးညံ့ေသာ လ်ွာဖ်ားကလည္း ပူေနြးေနလို႔ ။ ထိုလ်ွာဖ်ားက ေရွာင္ေျပးေနဟန္ ရေနေသာ္လည္း သြမ့္ပိုင္ယြဲ႔အား ဖိတ္ေခၚႀကိဳဆိုျခင္းအသြင္ ပိုေဆာင္ေနေပ၏။
မည္မ်ွပင္ အခ်ိန္လင့္သြားမွန္း ေသခ်ာမေျပာတတ္ေတာ့၊ အတန္ၾကာေတာ့မွ သြမ့္ပိုင္ယြဲ႔က ဖက္တြယ္ထားေသာ လက္ကို တျဖည္းျဖည္းလႊတ္ကာေျဖေလ်ွာ့ေပးလိုက္သည္။ သို႔ေသာ္ လက္လႊတ္လိုက္ဖို႔ မဝံ့ရဲေသးသည့္ႏွယ္ ၊ ႏွေျမာတြန္႔တိုေနေသးသည့္ႏွယ္ ေနာက္တစ္ႀကိမ္ ျပန္လည္ နမ္းရိႈက္လိုက္ေလသည္။
ခဏၾကာေတာ့မွ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား အနည္းငယ္ တြန္းဖယ္လိုက္ေလ၏။ နားရြက္ဖ်ားမ်ားကေတာ့ နီရဲေနလ်က္။
အခန္းထဲတြင္ လြန္စြာမွ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ခဏၾကာေတာ့မွ ခ်ူယြမ္က စေျပာလာ၏။
"ငါ.....ငါ နန္းေတာ္ျပန္ေတာ့မယ္"
"ဒါက ကိုယ့္ကိုမလိုခ်င္ေတာ့ဘူးဆိုတဲ့သေဘာလား"
"......"
သြမ့္ပိုင္ယြဲ႔က တိုးၫွင္းစြာရယ္လိုက္ကာ ခ်ူယြမ္အား လွမ္းဆြဲလိုက္ၿပီး မိမိရင္ခြင္ထဲ ျပန္လည္ ဖက္တြယ္ခ်ဳပ္ေနွာင္ထားလိုက္၏။
"ခဏေလာက္ ဆက္ေနပါၪီး၊ ၿပီးရင္ ကိုယ္ ျပန္လိုက္ပို႔ေပးပါ့မယ္"
"ဒီညေန ကုယြင္ရႊမ္းဆီ သြားစရာရိွတာ သြားလိုက္ပါလား၊ သူ တကယ္ကို မင္းနဲ႔ေျပာစရာရိွေနတာ ျဖစ္ခ်င္ျဖစ္ႏိုင္တယ္ေလ"
"အင္းပါ"
ေအာက္ထပ္မွ တိုင္းသူျပည္သားမ်ား ပြဲေတာ္အား ေပ်ာ္ရႊင္စြာ ဆင္ႏႊဲကာ ရယ္ေမာေနၾကသံမ်ားကို အတိုင္းသား ၾကားေနရ၏။ ေရမ်က္ႏွာျပင္ထက္တြင္လည္း ရာခ်ီေသာ ပဒုမၼာ ၾကာပန္းသ႑ာန္ မီးပံုးမ်ားကို ေမ်ွာလႊတ္ေနၾကသည္။ ေရစီးရာအတိုင္း ေကြ့ေကာက္စြာ လိုက္ပါသြားၾကသည္မွာ အလြန္ပင္ အိပ္မက္ဆန္စြာ လွပေနေပ၏။
ခ်ူယြမ္ကလည္း ကုတင္ေဘးနား ျပန္ထိုင္လိုက္ကာ ထိုမီးပံုးမ်ားကို ေငးၾကည့္ေနေလငည္။သြမ့္ပိုင္ယြဲ႔ကလည္း ခ်ူယြမ္အေနာက္မွ သိုင္းဖက္လိုက္ကာ -
"ဆုေတာင္းၾကည့္ၪီးမလား။ တကယ္ ျပည့္ခ်င္ျပည့္ႏိုင္တယ္ေလ"
"အင္း၊ မင္း အၿမဲတမ္း စိတ္ေရာကိုယ္ေရာ ေပ်ာ္ရႊင္က်န္းမာပါေစ"
သြမ့္ပိုင္ယြဲ႔ကေတာ့ ေခါင္းခါလိုက္ကာ
"ကိုယ္တစ္ေယာက္တည္းမဟုတ္ဘူး ၊ ဒို႔ႏွစ္ေယာက္စလံုး အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ က်န္းက်န္းမာမာ ေနသြားၾကမယ္"
ခ်ူယြမ္လည္း မိမိခါးအား ဖက္တြယ္ရစ္ပတ္ထားေသာ ထိုလက္ဆယ္ျဖာအား မိမိလက္ေခ်ာင္းမ်ားျဖင့္ ယွက္ႏြယ္ဆုပ္ကိုင္ထားလိုက္၏။ ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲ ျဖည္းျဖည္းခ်င္း မွီလိုက္ကာ ၿငိမ္းခ်မ္းစြာ နားခိုလိုက္ေလ၏။
******
2020.09.13.
Ch.45 . To be continued.
Chapterတစ္ခုမွာ ေခါင္းစဥ္ႀကီးတစ္ခု၊ ေခါင္းစဥ္ေလးတစ္ခု ပါတယ္၊ သတိထားမိၾကလား။ ဒီအခန္းရဲ့ ေခါင္းစဥ္ေလးက spoilerပါလို႔ ျဖဳတ္ထားတာပါ။ ေခါင္းစဥ္ကေတာ့ [နမ္းလည္း နမ္းၿပီးသြားၿပီပဲ၊ ဒီမွာပဲ ညအိပ္လိုက္ပါလား]တဲ့။
နည္းမွန္းသိေပမယ့္ ဒီအခန္းေလးကို သေဘာက်လြန္းလို႔ ဒီအပိုင္းေလးကိုပဲ ကြက္ၿပီး သက္သက္ တင္ခ်င္လို႔တင္လိုက္တာပါ။
******