[လန်ယီကျန့်ဆိုတဲ့လူ တကယ်သေသွားလောက်ပြီကွ]
မွန်းလွဲချိန်ရောက်ခါမှ သွမ့်ပိုင်ယွဲ့တစ်ယောက် နန်းတော်မှထွက်လာကာ တည်းခိုဆောင်သို့ ပြန်ရောက်လာ၏။
ထူပူကျဲ့မှာ တည်းခိုဆောင်တံခါး၀၌ ထိုင်နေကာ မက်မွန်သီးတစ်လုံးကို ကိုက်စားနေရာ သွမ့်ပိုင်ယွဲ့ကိုမြင်သည်နှင့် ချက်ချင်းပင် အရိပ်အကဲပြလာသည်။
ဆရာကြီးနန် စိတ်အခြေအနေသိပ်မဟန်ဘူး။ အထဲမှာ ဆရာတပည့်နှစ်ယောက် ရန်ဖြစ်လို့ကောင်းတုန်း။
သွမ့်ပိုင်ယွဲ့ အံ့သြသွား၏။
"ဘယ်ချိန်ကတည်းက ပြန်ရောက်နေတာလဲ"
"မနေ့ညကမှ"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ကာ ထပ်မေးလာ၏။
"ဒါဆို လူကြီးမင်းလည်း အခန်းထဲ သွားနားနေလေ။ ဘာလို့ အပြင်မှာ လာထိုင်နေတာတုန်း"
ထူပူကျဲ့က အခန်းထဲသို့ လက်ညှိုးထိုးလိုက်ကာ မေးငေါ့ပြီးဖြေသည်။
"အထဲမှာ ရန်ဖြစ်နေကြတုန်း"
ရန်ဖြစ်တာက ....ဖြစ်ကိုဖြစ်သင့်တာ ။ မဖြစ်ဘူးဆိုတာကမှ ထူးဆန်းမှာ။
သွမ့်ပိုင်ယွဲ့အတွက်တော့ ဘာမှ အထူးတလည် အံ့သြစရာဖြစ်မနေ။
တံခါးဖွင့်ပြီး၀င်သွားတော့ နန်မော်ယဲ့တစ်ယောက် စားပွဲဘေးနားထိုင်ကာ လင်းတမှိုင်မှိုင်နေ၏။ အခန်းထဲ လူ၀င်လာသည့်အသံကြားသော်လည်း တစ်စက်မှ လှည့်မကြည့်အားတော့။
သွမ့်ယောင်ကတော့ ရှိမနေတော့ပေ။ ဘေးခန်းသို့ပြန်ပြီး အခန်းအောင်းပြီး အိပ်နေပြီလား ၊ သို့မဟုတ် စိတ်တိုလွန်း၍ လမ်းပေါ် သွားပြီး လျှောက်လည်နေပြီလား သေချာမပြောတတ်။
"ဟင်း......"
နန်မော်ယဲ့တစ်ယောက် သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လာလေ၏။
"ဘာကို ဟင်းလဲ။ ဘယ်လောက်ဟင်းဟင်းဘာမှ ထူးလာမှာမဟုတ်ဘူး "
သွမ့်ပိုင်ယွဲ့က မိမိအတွက် မိမိဘာသာ လက်ဖက်ရည်ငှဲ့လိုက်ကာ ဆက်ပြောလာ၏။
" အရင်ဆုံး ယောင်အာ စိတ်ဆိုးပြေတဲ့အထိ ဆက်ချော့လိုက်ပါဦး၊ ပြီးမှ ကျွန်တော်တို့နှစ်ယောက်လည်း စစ်သူကြီးရှန်အကြောင်း ဆက်ပြီး ဆွေးနွေးကြတာပေါ့ "
နန်မော်ယဲ့ - "....."
ဟေ့ကောင်၊ ဒီကိစ္စက အကြောင်းအရာ တစ်ခုတည်းပဲမဟုတ်လား ။ မင်းက ဘာကိစ္စ ငါ့ကို နှစ်ခါပြန်ကြီး သမမှာလဲလို့။
"အင်း၊ ဒါနဲ့ ယွီ့ကွမ်းတောင်သွားတော့ ဘာတွေ့ခဲ့သေးလဲ"
"ဘာမှမတွေ့ဘူး? "
ဤအကြောင်းကိုစပြောတော့ နန်မော်ယဲ့လည်း ခေါင်း အဆက်မပြတ်ခါလိုက်ကာ ဆက်ဆို၏။
"ဘယ်ကနေများ အဲ့လိုကောလာဟလမျိုး လွှင့်လိုက်ကြမှန်း မသိပါဘူးကွာ။ ငါတို့တွေလည်း ယွီ့ကွမ်းတောင်ကိုသွား၊ ချဲန်းဟေဟွမ်ကိုသုံးပြီး ယန္တရားတွေကို ကျော်လွှားနိုင်ခဲ့တာပဲ။ နောက်ဆုံးတော့ နေရာတကျရှိနေတုန်းဖြစ်တဲ့ လန်ယီကျန့်ရဲ့ သစ်သားအခေါင်းကြီးကို တွေ့လိုက်ကြတယ်ကွ။ အခေါင်းကို ဆယ့်ရှစ်ချက် ရိုက်နှက်ထားတဲ့နေရာကလည်း ပကတိအတိုင်း မပျက်မစီးပဲ၊ ဖုန်တွေတက်နေတာ လက်ညှိုးတစ်ချောင်းစာလောက်တောင် ထူတယ် ။ သေရာကနေပြန်ရှင်လာတဲ့ အရိပ်အယောင် တစ်ခုမှမရှိဘူး"
"အခေါင်းတစ်ခုတည်းကပဲ မပျက်မယွင်းလား။ အထဲက အလောင်းရော....."
"အလောင်းလည်း ရှိနေတုန်းပဲ၊ အရိုးပြိုင်းပြိုင်းပဲ ကျန်တော့တာ ဖွေးနေရောပဲ၊ ဓားဒဏ်ရာရဖူးတဲ့ အမှတ်အသားတွေတောင် တွေ့ရသေး။ချိုးကျီနဲ့ ထိပ်တိုက်ယှဥ်ပြိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာပဲနေမှာပေါ့.....။ ကွာ....နေရင်းထိုင်ရင်း သေသွားတဲ့လူကိုတောင် သွားနှောင့်ယှက်လိုက်ရသေး။ သူ့အခေါင်းကိုပြန်ပိတ်ပြီး တောင်ခြေလည်းရောက်ရော၊ င့တို့လည်း သံဃာတော်တွေကို ပင့်ပြီး သုံးရက်လောက် ပရိတ်ရွတ်ပြီး အမျှဝေပေးလိုက်ရတယ်"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -
"အို၊ ရှစ်ဖူးမှဟုတ်ရဲ့လား။ သူများ အခေါင်းကိုပါ သေချာပြန်ပိတ်ပြီး သံဃာတော်တွေပါရှာ၊ ပြီးတော့ အမျှဝေပေးတယ် ၊ဟုတ်လား"
နန်မော်ယဲ့လည်း အရင်တုန်းကဆိုလျှင် ဒီကိစ္စမျိုး မခိုင်းရင်တောင် ၀င်ရှုပ်မိမည်မှာအမှန်။ သို့သော် ယခုမှာတော့ သူ့ထံတွင် ကာကွယ်စောင့်ရှောက်ပေးစရာ တစ္ဆေငယ်လေးနှစ်ကောင် ရှိနေမှတော့ မည်သည့်ကိစ္စကိုမဆို သေသေချာချာချင့်ချိန်ပြီး ကောင်းရာကောင်းနိုး လုပ်ရပေမည်။ တစ်ကိုယ်တည်းသမားမို့ မိမိကိုယ်တိုင်၏ အသက်ကို အရေးမထားဘဲ နေနိုင်ပေမင့် မိမိတပည့်ငယ်နှစ်ယောက်ထံ ဘေးအန္တရာယ်သင့်ခွင့် မပြုနိုင်ပေ။
ထိုစဥ် သွမ့်ပိုင်ယွဲ့က ဆက်ပြောလာ၏။
"နှစ်တွေ ဒီလောက်ကြာပြီဆိုတော့ လန်ယီကျန့်ဆိုတာဘယ်သူမှန်း သိတဲ့လူတောင် ရှားသွားနေလောက်ပြီ။ မိစ္ဆာလမ်းစဥ်ကျင့်သုံးတဲ့လူလို့ ပြောလိုက်ရင် ဟိုတစ်လောကက ကျွေ့ယင်ဂိုဏ်းကနေ နှိမ်နင်းလိုက်တဲ့ ဖုန်းကျို့ယဲ့ကိုပဲ လူသိကြတာများတယ်။ အဲ့ဒီဆိုက်ဖန်းအန်းတစ်ယောက်တည်းကပဲ အဲ့ဒီလန်ယီကျန့်ကို လုံး၀မမေ့ဘဲ မှတ်မိနေတာ။ ချိုးရွှမ်ကျီးယန္တရားတိုက် အဖျက်ဆီးခံရတယ်လို့ကြားရော၊ လန်ယီကျန့် သေရွာကနေပြန်ရှင်လာပြီလို့ ချက်ချင်းထင်တော့တာပဲ။ ပြီးတော့ မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းဖို့တောင် ၀န်မလေးခဲ့ဘူး။ တစ်ဖက်လူ အပြင်ကို ကိုယ်ထင်မပြပြလာအောင် ဖန်ရှင်းစစ်တုရင်ကွက်ကိုပါ ချပြပြီး လူအများရှေ့ စိန်ခေါ်ထုတ်ပြခဲ့သေးတယ် ။ နောက်ကွယ်မှာ ဘာအကြောင်းရှိလို့များ ဒီလို ကြံစည်ခဲ့မှန်းလည်း မသိရသေးဘူး"
" ဆိုက်ဖန်းအန်းကို ပြန်ဖမ်းမိတော့မှ အတင်းပြန်စစ်မေးလိုက်လေ၊ ဒါဆို ကိစ္စပြတ်ပြီပဲ။ သူ ချောက်ထဲကျမသွားခင် နွယ်ပင်ကို ကိုင်ထားလိုက်နိုင်သေးတာပဲဆိုတော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် မသေသေးဖို့များတယ်"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ကာ -
"ဟုတ်ကဲ့။ ရှစ်ဖူးလည်း အတော်ပင်ပန်းသွားပါပြီ"
"အေး၊ ပင်ပန်းမှန်းသိတယ်ဆိုလည်း ယောင်အာကို ကူပြီးချော့ပေးဦး"
နန်မော်ယဲ့က အဆောတလျင် ပြောလာ၏။ သွမ့်ပိုင်ယွဲ့ကတော့ လုံး၀မတုန်လှုပ်ချေ။
"ပြောတုန်းကလည်း ရှစ်ဖူးကပဲ ပြောခဲ့တာဆိုတော့ ပြန်ချော့တော့လည်း ကိုယ့်ဘာသာကိုယ် ပြန်ချော့ပေါ့...."
ငါချော့လို့ ရနေရင် မင်းကို အကူအညီတောက်းပါ့မလား .... တပည့်စုတ်ရ။
နန်မော်ယဲ့က ပြောပြောဆိုဆို ကမ်းလှမ်းချက်တစ်ခုပေးလာ၏။
"ဒါဆို မင်းလည်း လူပြောင်းကြိုက်လိုက်လေ။ စစ်သူကြီးရှန်ဆိုလည်း မဆိုးပါဘူးကွ"
အဲ့လိုဆိုရင်တော့ ငါ လိမ်ပြောတာမဟုတ်တော့ဘူး၊ အနာဂတ်ကိုကြိုတင်မှန်းဆတာဖြစ်သွားပြီ။
သွမ့်ပိုင်ယွဲ့က ဆရာဖြစ်သူ၏ ပခုံးအားပုတ်လိုက်ကာ စိတ်ရင်းမှပြောလာ၏။
"ရှစ်ဖူးကတော့ တကယ့်ကိုပဲ တစ်စက်မှ ကိုယ်ချင်းစာချင်စရာမကောင်းတဲ့ လူစားပဲဗျာ"
ရှစ်ဖူးရဲ့ တပည့်အငယ်လေးကို ကိုယ့်ဘာသာကိုယ် ဆက်ချော့နေလိုက်တော့။
******
ညနေစောင်းတော့ ချူယွမ်လည်း ရဲမက်များကို စေလွှတ်ပြီး ထိုချောင်ယာလူမျိုးများကို ရုပ်ဖျက်စေကာ နန်းတော်ထဲသို့ ၀င်လာစေသည်။ သွမ့်ပိုင်ယွဲ့ကလည်း ဘာမှလုပ်စရာမရှိဘဲ အားလပ်နေသဖြင့် နန်းတော်ထဲထိ လိုက်လာခဲ့လေသည်။ အင်း ၊ လုပ်စရာရှိလျှင်တောင် အားလုံးကိုထားခဲ့ပြီး ဆက်ဆက် လိုက်လာမည်သာဖြစ်၏။
စာကြည့်ဆောင်၏ ဘေးနားတွင်လည်း အမတ်မင်းတစ်စုက အစီရင်ခံစာ တင်ဆက်ရန် အပြင်၌ တန်းစီစောင့်ဆိုင်းနေကြသည်။ သစ်ပင်ထက်မှ နေကာ ထိုမြင်ကွင်းကို မြင်နေရသော သွမ့်ပိုင်ယွဲ့ခမျာ အတော်ခေါင်းကိုက်နေရပေသည်။ထိပ်ဆုံးတွင် ရှိနေသော ထောင်လျဲန်တာ ကိုမြင်တော့ ပို၍ ခေါင်းကိုက်သွားလေ၏။
လွန်ခဲ့သောနှစ်များတုန်းက နန်းတော်ထဲရှိ ရှီးနန်သူလျှိုများထံမှ သွမ့်ပိုင်ယွဲ့လည်း သတင်းစကား အမြဲတစေ ရနေလေသည်။ ဤပုရောဟိတ်အမတ်မင်းက ဧကရာဇ်အရှင်အား ဧကရီမိဖုရားခေါင်ရော၊ ကြင်ယာတော်များ ၊ကိုယ်လုပ်တော်များကို ရွေးချယ်တင်မြှောက်ရန် အမြဲ နှိုးဆော်တိုက်တွန်းတတ်သည်ဟုဆို၏။သို့မဟုတ်ပါကလည်း အရှင်မင်းမြတ်က ရှီးနန်စံအိမ်တော်ကို အရမ်း အလျှော့ပေးထားရာရောက်ကြောင်း ဧကရာဇ်အား မကြာခဏ သတိပေးတတ်သေးသတဲ့။ထို့နောက်တွင်တော့ ရှီးနန်စံအိမ်တော်၏ မကောင်းသတင်းအဖြာဖြာကို လျှောက်တင်တတ်သေးသဖြင့် အခြားမှူးမတ်များကပါ သူ့အား လိုက်လံ မုန်းတီးလာခဲ့ကြခြင်းဖြစ်သည်။ မသိလျှင် သွမ့်ပိုင်ယွဲ့ယား နှိမ်နင်းရန် ကောင်းကင်ဘုံမှ တာ၀န်ပေးထားခံရသည့်အလား သူ့ကိုယ်သူ ခံယူထားပုံပေါ်သည်။
ထိုမှူးမတ်များ၊ စစ်သူကြီးများက တိုင်းပြည်အပေါ် သစ္စာစောင့်သိမှန်း သွမ့်ပိုင်ယွဲ့ ကောင်းစွာ သိရှိနေသော်လည်း ထောင်လျဲန်တာဆိုသော အမည်နာမသုံးလုံးကို ကြားသည်နှင့် သွမ့်ပိုင်ယွဲ့လည်း ထိုအဖိုးကြီး၏ ပါးစပ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ အဆိပ်ပိုးကောင်များ တိုက်ကျွေးပေးနေချင်ပြီ။
သို့နှင့် မှူးမတ် တစ်ဦးပြီးတစ်ဦး၊ အမှုကိစ္စ တစ်ခုပြီးတစ်ခု ပြီးသွားကာ လျိုတာ့ကျုံ့က နောက်ဆုံးသူအဖြစ် ကျန်ရစ်နေပေသည်။ သို့သော် ဘာအမှုကိစ္စအကြောင်းမည်မည်ရရမှမဟုတ်ဘဲ သူ၏ မြေးအထွေးဆုံးလေး တစ်လပြည့်သွားပြီဖြစ်၍ ဧကရာဇ်အရှင်အား အမည်နာမ မှည့်ခေါ်ပေးရန် လာရောက်တောင်းခံခြင်းသာဖြစ်၏။
"ဒီနေ့ခင်းပိုင်းရောက်လာသမျှတွေထဲမှာ စိတ်ချမ်းသာစရာသတင်းဆိုလို့ ဒီသတင်း ပဲရှိတယ်။ စောန ပုရောဟိတ်အမတ်ကြီးကတောင် ပြောနေသေးတယ်၊ နောက်ဆယ်ရက်ကျရင် ကင်ပွန်းတပ်မင်္ဂလာမှာ သေရည်သွားသောက်ဦးမယ်တဲ့"
"အဲ့တာက စိတ်ညစ်စရာကိစ္စ လာရောက်တင်လျှောက်မှန်း သူ့ကိုယ်သူသိလို့ အရှင်မင်းမြတ်ကို စိတ်ချမ်းသာစရာသတင်းလေး လှည့်ပြောထားတာပါဘုရား"
လျိုတာ့ကျုံ့က ပြောရင်းဆိုရင်း ခေါင်းခါလိုက်ကာ -
"ဟူး၊ ကျွန်တော်မျိုးရဲ့ မြေးငယ်လေးက အသက်တစ်လတောင်မပြည့်သေးတဲ့ နုနုနယ်နယ် လသားလေးပဲရှိသေးတာကို၊ ဒါတောင် မြေခွေးအိုကြီးက ခုတုံးလုပ်ပြီးအမြတ်ထုတ်သွားသေးတယ် "
ဒီလိုကိစ္စမျိုးက အသားကင်တစ်ပွဲလောက်နဲ့တော့ မကျေအေးနိုင်ဘူးနော်။
အနည်းဆုံး နှစ်ပွဲပဲ။
ချူယွမ်မှာ ရယ်ရခက် ငိုရခက်ဖြစ်ကာ ထရပ်လိုက်ပြီးနောက် -
"နာမည်ရွေးပေးပြီးရင် အိုက်ချင်းရဲ့ စံအိမ်တော်ကို လူလွှတ်ပြီး ပေးခိုင်းလှည့်မယ်၊ အခု ကိုယ်တော်နဲ့ ထမင်း အတူတူ စားသွားမလား"
"ကျေးဇူးကြီးမြတ်လှကြောင်းပါ၊ ဒါပေမယ့် ကျွန်တော်မျိုးအိမ်မှာ အာဂန္တုက ဧည့်သည်ရောက်နေတာမို့ အိမ်ပဲပြန်လိုက်ပါတော့မယ် အရှင်"
"ဒါဆိုလည်း အတင်း ခေါ်မထားတော့ဘူးနော်"
ချူယွမ်က အမတ်မင်းလျို၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာ -
"အပြင်ပြန်ရောက်တာနဲ့ ပုရောဟိတ်အမတ်ကြီးကဆီကနေ အကြွေးပြန်တောင်းဖို့ မမေ့နဲ့ဦး။ အိုက်ချင်းရဲ့ မြေးမျက်နှာကြောင့် မဟုတ်ရင် စောနက သူ့အစီရင်ခံစာကို ကိုယ်တော်လက်ခံမှာတောင်မဟုတ်ဘူးလို့ပြောလိုက်၊ သိလား"
လျိုတာ့ကျုံ့လည်း ခေါင်းညိတ်လိုက်ကာ -
"မှန်လှပါ။ ကျွန်တော်မျိုး သူ့ဆီက ငွေစငွေန တစ်တုံးဆိုတစ်တုံး ရအောင် ညှစ်ယူခဲ့ပါ့မယ်ဘုရား"
*****
"အရှင်မင်းမြတ်"
လူသူများကင်းရှင်းသွားတော့မှ ရှစ်ဇီ ၀င်လာကာ သံတော်ဦးတင်လာ၏။
"အနားယူဖို့ အိပ်ခန်းဆောင်ကို ပြန်ကြွတော်မူဦးမလားဘုရား"
"ဟင့်အင်း၊ အများကြီးအိပ်ထားလို့ အခု မအိပ်ချင်သေးဘူး။ ဒါနဲ့ ချောင်ယာကလူတွေရော နန်းတော်ထဲ ရောက်လာကြပြီလား"
"မှန်လှပါ၊ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက ရောက်နေတာပါဘုရား။ အရာရှိချိန့်ကိုယ်တိုင် သွားခေါ်လာခဲ့တာပါ။ အခုတော့ ယီရှင်းအဆောင်တော်မှာ နေခိုင်းထားပါတယ် ဘုရား"
"မဆိုးဘူး။ဒါဆို အိပ်ခန်းဆောင်ဘက် ခဏပြန်ကြရအောင်"
"ဟင်...."
ရှစ်ဇီ ရုတ်တရက်ကြီး နားမလည်။
စောနကမှ မပင်ပန်းဘူး၊ အနားမယူချင်သေးဘူးလို့ ပြောနေတယ်လေ။ ဘာလို့ အခုကျတော့ အိပ်ခန်းဆောင်ပြန်မယ် ဖြစ်သွားတာတုန်း။ ချောင်ယာက လူတွေနဲ့ သွားတွေ့တော့မယ်မှတ်နေတာ။
အိပ်ခန်းဆောင်နှင့် တော်၀င်စာကြည့်ဆောင်မှာ သိပ်မဝေးလှ။ တံခါးဖွင့်ပြီး ဝင်သွားလိုက်တော့ အဆောင်ခန်းထဲတွင် သွမ့်ပိုင်ယွဲ့တစ်ယောက် ထိုင်စောင့်နေလျက်ရှိသည်။
အိုး...ဟုတ်သားပဲ။
ရှစ်ဇီခမျာ မိမိရင်ဘတ်ကို စိတ်ထဲမှ အကြိမ်ကြိမ်ထုထောင်းနေလိုက်သည်။
ငါ့ဦးနှောက်က ဘယ်လိုဖြစ်သွားတာပါလိမ့်။
ချောင်ယာကလူတွေ ရောက်လာမှတော့ ရှီးနန်၀မ်လည်း လိုက်လာမှာပဲလေ။ အဲ့ဒါကြောင့် အိပ်ခန်းဆောင်ကို အမြန် ပြန်လာတော်မူတာကိုး။
"လူတန်းကအရှည်ကြီးဆိုတော့ မင်း ညနေလောက်ကျမှ ပြန်ရောက်လာမယ်မှတ်နေတာ"
ချူယွမ်က သွမ့်ပိုင်ယွဲ့၏ မျက်နှာချင်းဆိုင်နေရာ၌ ထိုင်လိုက်ကာ -
"အင်း၊ လူများတယ် ဒါပေမယ့် ကိစ္စကြီးကြီးမားမားတွေတော့ မပါဘူး။ နယ်စပ်ဘက်မှာသာ ပြဿနာမတက်ရင်ပြီးရော၊ ကျန်တဲ့ပြဿနာတွေက အေးဆေး ရှင်းလို့ရသေးတယ်"
"ဟိုချောင်ယာကလူတွေကို သွားမကြည့်သေးဘူးလား"
ချူယွမ်က ခေါင်းခါလိုက်ကာ -
"နောက် သုံးလေးရက်လောက် ဆက်စောင့်ခိုင်းပလေ့စေ"
"ဒါပေမယ့် ကိုယ်တော့ သွားကြည့်ပြီးသွားပြီ။ ယီရှင်းအဆောင်က သန့်ရှင်းရေးမလုပ်ထားဘူးလေး ဘာလေး ၊ ပေပွနေတာပဲဆိုပြီး စောဒကတက်နေကြသေးတယ်"
"သန့်ရှင်းရေးလုပ်ပေးမယ့်လူ မရှိတာမဟုတ်ဘူး၊ လုပ်မပေးခိုင်းထားတာ။ ရေပုံးရော တံမြက်စည်းတွေရော အဲ့မှာ အဆင်သင့်ရှိနေတာပဲ၊ အဲ့လောက် အသန့်ကြိုက်နေရင် ကိုယ့်ဘာသာကိုယ် ရှင်းကြပေါ့"
သွမ့်ပိုင်ယွဲ့က သဘောကျစွာ ပြုံးလိုက်ကာ
"သူတို့ပြောတာကြားခဲ့သလောက်တော့ နန်းတော်ထဲ အရင်တစ်ခေါက် လာဖူးတဲ့လူ နှစ်ယောက် ပါလာပုံရတယ်။ အရင်ဧကရာဇ်က သူတို့ကို တကယ် ဂရုစိုက်ခဲ့ကြတယ်လို့ ထင်ရတာပဲ"
ချူယွမ်က ခေါင်းညိတ်လိုက်ကာ
"နောက်သုံးရက်နေမှ သူတို့ကို ဒို့တစ်တွေသွားကြည့်ကြမယ်"
"အင်း၊ ဒါဆို အခု လောလောဆယ် ဒီကိစ္စကို ဆက်မပြောကြကြေး။ ဒါနဲ့လေ၊ ရှစ်ဖူးလည်း ယွီ့ကွမ်းတောင်ကနေ ပြန်ရောက်လာပြီနော်"
"လူကြီးမင်းနန်လား။ ဘာများစုံစမ်းလို့ရလာသေးလဲ"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ ယွီ့ကွမ်းတောင်ပေါ်က အခြေအနေကို အကြမ်းဖျင်းမျှ အနှစ်ချုပ်ကာ ပြောပြလိုက်လေသည်။
"ဒို့တွေ ထင်ထားတဲ့အတိုင်းပဲ။အရင်တုန်းက ငါလည်း သူရိယစန္ဒာတောင်ဆီ စာရေးလိုက်သေးတယ်၊ ရှန်ချန်းဖုန်းကလည်း အဲ့လိုအဖြစ်မျိုး မရှိနိုင်ဘူးလို့တော့ ပြောတယ်။ သေပြီးပြန်ရှင်လာတာမျိုးက လူကြီးမင်းနန်ကလွဲရင် နောက်ထပ်တစ်ယောက် ရှိမခာလောက်တော့ဘူး"
"တကယ်တမ်းက ရှစ်ဖူးလည်း သေပြီးပြန်ရှင်နိုင်တာမဟုတ်ဘူး၊ အစကတည်းကကို သူ တစ်ခါမှ မသေဖူးသေးတာ။ သူက သိုင်းအများကြီးကျင့်တယ်၊ နည်းမျိုးစုံ ကျင့်တယ်၊ နှလုံးထိခိုက်စေတဲ့ ဒဏ်ရာတွေထိ ရတတ်တယ်။ အဲ့လိုအချိန်ကျ ဒဏ်ရာအကြီးစားတွေကုစားဖို့ သေချင်ယောင်ဆောင်ပြီး ဆေးကုနေခဲ့တာ။ မြေကြီးအောက်ထဲ အောင်းနေလိုက်တာ အနည်းဆုံးတစ်လ၊ အများဆုံး နှစ်အများကြီး အောင်းနေနိုင်တယ်။ အဲ့ဒီလန်ယီကျန့်က မိစ္ဆာလမ်းကျင့်ကြံသူဆိုပေမယ့် ဆယ်စုနှစ်အများကြီးကြာနေပြီဆိုတော့ သေသောသူကြာရင်မေ့ဆိုသလို သူ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဂိုဏ်းတွေကလည်း သူ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေလောက်ပါပြီ။ အကြာကြီး အငြိုးမကြီးလောက်ကြပါဘူး။ သူ့ကို မမေ့မလျော့ အမြဲတသသဖြစ်နေတာဆိုလို့ သူ့ရဲ့အရင်မိတ်ဆွေဟောင်းကြီး ချိုးကျီပဲရှိမယ်ထင်တယ်"
"တစ်နည်းအားဖြင့် အဲ့ဒီဆိုက်ဖန်းအန်းပေါ့"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -
"သူတို့က တစ်ယောက်တည်းလားဆိုတာ သေချာတော့မသိရသေးဘူး။ ကိုယ့်ရဲ့ မှန်းဆချက်သာသာလောက်ပါပဲ"
ချူယွမ်က ပြောလာ၏။
"အဲ့ဒီနှစ်မှာ လန်ယီကျန့်က ချိုးကျီလက်ချက်နဲ့ သေသွားခဲ့တယ်။ နှစ်ယောက်စလုံးက ငယ်ငယ်ကတည်းကနေ အတူတူကြီးပြင်းလာကြတာဆိုတော့ ဘယ်သူက ဘယ်လိုသိုင်းပညာမျိုးကျင့်ကြံတာ၊ ဘယ်လိုနည်းနဲ့ သတ်လို့ရနိုင်တယ်ဆိုတာ သေချာသိနေရမှာလေ။ အခုလိုမျိုး ချိုးရွှမ်ကျီးယန္တရားတိုက် ဖျက်ဆီးခံလိုက်ရတယ်ဆိုတာနဲ့တင် ပျာယာခတ်မနေသင့်ဘူးလားလို့။ ဒီတစ်ချက်ကို စဥ်းစားလို့မရဘူး"
"စဥ်းစားလို့မရသေးရင်လည်း ဆက်မတွေးနဲ့တော့။ မင်းက နန်းတွင်းရေးရာတွေကိုပဲ ကိုင်တွယ်နေလိုက်၊ သိုင်းလောက အရှုပ်အထွေးကိစ္စတွေကိုကျ ကိုယ့်တာ၀န်သာထား ၊ ဟုတ်ပြီလား"
"အို...ရှီးနန်၀မ်က သိုင်းလောကအရှုပ်အထွေးထဲထိ ၀င်ရှုပ်တော့မှာလားဟင်။ ပုရောဟိတ်အမတ်ကြီးသာ ဒီသတင်းကြားရင် ထပ်ပြီး သတိလစ်တော့မှာပဲ"
ချူယွမ်က သူ့အား ပြုံးစစနှင့်ကြည့်လာ၏။
"ဟုတ်လား၊ ကိုယ်လည်း သူ့ဒေါသကို ဆွချင်နေတာနဲ့ အတော်ပဲ"
သွမ့်ပိုငိယွဲ့ကလည်း ချူယွမ်အနားသို့ ပြောင်းရွှေ့ထိုင်လိုက်ကာ -
" အခု စိတ်အပန်းဖြေဖို့ အပြင်လေးဘာလေး သွားကြစို့လား၊ မင်းကိုကြည့်နေတာ တစ်နေကုန်တစ်နေခမ်း စာကြည့်ဆောင်ထဲမှာပဲ အောင်းနေရတာချည်းပဲ"
"ဟင့်အင်း၊ ဒီည မြို့တော်ထဲမှာ ပဒုမ္မာမီးပုံးလွှတ်ပွဲကျင်းပကြမှာ။ လူများမယ်။ အဲ့တော့ မသွားတော့ဘူး၊ သွားလိုက်ရင် ပြဿနာထပ်ဖြစ်ဦးမလားမသိဘူး"
"ပဒုမ္မာမီးပုံးလွှတ်ပွဲ ဟုတ်လား။ အရင်တုန်းက ဒီလိုပွဲရှိမှန်း ကိုယ်တစ်ခါမှ မကြားဖူးဘူး"
"ဘာမှကြီးကျယ်တဲ့ ပွဲမဟုတ်ရပါဘူး။ လူတွေစုပြီး ပွဲတော်အသေးစားလေး ကျင်းပကြရုံလောက်ပါပဲ။ ပုရောဟိတ်အမတ်ကြီးလည်း သူ့မြေးငယ်လေးနဲ့ သွားကြည့်ကြမှာ၊ တခြားမှူးမတ်တွေလည်း သွားကြဦးမှာ မနည်းမနောပဲ။ သူတို့တွေသာ ရွှေမြို့တော်ထဲ ရှီးနန်၀မ်ရောက်နေမှန်း တွေ့သွားရင်တော့ ချက်ချင်း မေ့လဲပြီး အသက်ထွက်သွားလောက်တယ်"
"ဘာမှမဖြစ်ပါဘူး၊ ကိုယ် ရုပ်ဖျက်လိုက်ပါ့မယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ကို ဆုပ်ကိုင်ပြီးဆို၏။ သို့သော် ချူယွမ်က ငြင်း၏။
"ငါ့ကို ပေးတွေ့လို့လည်း မဖြစ်ဘူးလေ။သူတို့နဲ့ တွေ့တိုင်း အမှုကိစ္စတွေ တွေ့ဆုံညှိနှုင်းနေရတာ ခက်ပါသဘိနဲ့၊ ဘာကိစ္စကြောင့် အပြင်မှာ နောက်တစ်ခေါက် သွားတွေ့ရမှာတုန်း"
ဟိုလိုလုပ်မယ်ဆိုလည်းမရ၊ ဒီလိုလုပ်မယ်ဆိုလည်းမရ။ ကြားထဲက သွမ့်ပိုင်ယွဲ့စိတ်ညစ်ကာ ညည်းတွားမိ၏။
"ပျင်းစရာကြီး"
"ပျင်းရင် အပျော်မယ်အိမ်သွားလေ"
ချူယွမ်က မျက်ခုံးပင့်ကာ သူ့အားကြည့်လာ၏။
သွမ့်ပိုင်ယွဲ့ခမျာ ဘာပြန်ပြောရမှန်းမသိတော့။
"မင်း အဲ့လို အမှတ်သည်းခြေကြီးမယ်မှန်းသိရင် မနေ့က ထုတ်မပြောလိုက်တာအကောင်းသား ။ ဒါပေမယ့် ကိုယ်လည်းဘာမှ မဖုံးကွယ်ထားချင်ဘူး၊ အမှန်အတိုင်းပြောရရင် အခု မင်း ပြန်ပြောမှ အမှတ်ရသွားတာ၊ မဟုတ်ရင် ကိုယ် မေ့တောင်မေ့နေပြီ"
နောင်တော်ကုရေ၊ တောင်းပန်ပါတယ်ဗျို့ ။
"အခု သွားလိုက်ပေါ့၊ နောက်မကျသေးပါဘူး"
"မသွားပါဘူး၊ မနက်ဖြန်မှ သွားလိုက်မယ်။ ဒီနေ့တော့ မင်းအနားမှာပဲ အဖော်လုပ်ပေးဦးမယ် .....။ ဒါဆို ဥယျာဥ်တော်ထဲမှာပဲ လမ်းသွားလျှောက်ကြတာပေါ့၊ ဒီထဲမှာ အနေကြာရင် တကယ် စိတ်မွန်းကျပ်တယ်"
"မင်း နားနေတဲ့ တည်းခိုဆောင်ကို သွားကြရင်ကော?"
"ဟင်"
သွမ့်ပိုင်ယွဲ့ ကျောများပင် တောင့်တောင့်ကြီးမတ်သွား၏။ အနည်းငယ်တော့ အံ့သြသွားသည်မှာ အမှန်ပင်။
ချူယွမ်က ဆက်ဆို၏။
"အဲ့ကနေလည်း မီးပုံးလွှတ်တာ မြင်ရတယ်"
မီးပုံးလွှတ်လိုက်လျှင် ပြိုးပြိုးပျက်ပျက် ဆီမီးလျှံ၏ အရောင်အဝါက ရေပြင်ထက် တလျှပ်လျှပ် ရောင်ပြန်ဟပ်နေတတ်သည်။ အနည်းငယ်အလှမ်းဝေးသည်ဆိုပေမင့် လှပသော ထိုမြင်ကွင်းကို ခံစားရှုမျှော်နိုင်သေးသည်လေ။
*****
တည်းခိုဆောင်တွင်။
သွမ့်ယောင်က နန်မော်ယဲ့အား ၀မ်းသာအားရ မေးလာ၏။
"တကယ်ကြီးလား"
"ဟာ၊ တကယ်ကြီးပေါ့ကွ။ ရှီးနန်ပြန်ရောက်တာနဲ့ ရှစ်ဖူးကိုယ်တိုင် ချက်ချင်း ကျင်းထဲ၀င်ပြီး ပိုးကောင်တွေ သွားရှာပေးမှာ"
နန်မော်ယဲ့က လက်ညှိုးသုံးချောင်းထောင်ကာ သစ္စာဆိုနေလ၏။
သွမ့်ယောင်ကတော့ နှာတရှုတ်ရှုတ်ဖြစ်ဆဲ။
"ဒီတစ်ခေါက်တော့ ကျွန်တော့်ကို ထပ်မလိမ်နဲ့နော်"
"အင်း အင်း၊ မလုပ်တော့ပါဘူး... စိတ်ချ"
နန်မော်ယဲ့တစ်ယောက် ခေါင်း အဆက်မပြတ် ညိတ်နေရရှာသည်။ သွမ့်ယောင်က မိမိလက်ထဲမှ တုတ်ထိုးအသားကင်ကို ဆရာဖြစ်သူအား လှမ်းပေးလိုက်လေသည်။
"ဟုတ်ပါပြီခင်ဗျာ...."
နန်မော်ယဲ့လည်း မျက်နှာကိုပြုံးဖြီးနေလို့၊ အမြန်ပင် လှမ်းယူကာ မြိန်ရေယှက်ရေစားနေလိုက်လေ၏။ ထိုစဥ် လှေကားဘက်မှ ခြေသံများကြားလိုက်ရသည်။ သွမ့်ယောင်မျက်နှာ ရှုံ့မဲ့သွားကာ -
"ဘာလို့ ခြေသံက လူနှစ်ယောက်အသံဖြစ်နေတာလဲ"
"ဧကရာဇ်အရှင်ပါ ပါလာတာနေမှာပေါ့"
နန်မော်ယဲ့က ဒီအတိုင်း ရမ်းသန်းပြီး ပြောလိုက်ခြင်းသာဖြစ်၏။
သွမ့်ယောင်ကလည်း နံရံနားကပ်ကာ အနည်းငယ်ဟနေသော အပေါက်သေးသေးလေးကြားမှ ချောင်းကြည့်လိုက်သည်။
ထို့နောက် အံ့သြတကြီးနှင့်-
"တကယ်ကိုပဲ ဧကရာဇ်အရှင် ရောက်နေတာ ...ရှစ်ဖူးရဲ့"
"ဟေ၊ ဟုတ်လား"
နန်မော်ယဲ့ခမျာ ချက်ချင်းပင် စိတ်၀င်တစားရှိလာကာ သွမ့်ယောင်ရှိရာ တံခါးနားသို့ အမြန်သွားပြီး သူ့ဘေးမှနေ၍ ချောင်းကြည့်လိုက်လေသည်။
သွမ့်ပိုင်ယွဲ့နှင့် ချူယွမ်တို့နှစ်ယောက်သား အခန်းထဲသို့ ၀င်သွားကြလေ၏။
နန်မော်ယဲ့နှင့် သွမ့်ယောင်တို့တော့ အချင်းချင်း အချိန်းအချက်ပြုစရာမလို၊ ကြိုတင်ကြံစည် ဇာတ်တိုက်ထားခြင်းလည်းမရှိ ။ တူညီသော ဦးတည်ချက်ရှိကြလေရာ ချက်ချင်းပင် နားတစ်ဖက်ကို အခန်းနံရံနှင့်ကပ်ကာ ခိုးနားထောင်လိုက်ကြလေ၏။
အမူအရာ ဟန်ပန်များကအစ တစ်ထေရာတည်း။ မြင်လိုက်ရရုံနင့် ဆရာတပည့်တော်မှန်း သိသာလွန်းပေသည်။
ကတောက်....နံရံကို ဖောက်ပြီး မမြင်ရတာ နာသကွာ။
***********
2020.06.12.
Thz for reading, giving stars and leaving comments.
***********
အခန္း - ၄၄ (ယြီ႔ကြမ္းေတာင္မွ ျပန္လာျခင္း)
[လန္ယီက်န္႔ဆိုတဲ့လူ တကယ္ေသသြားေလာက္ၿပီကြ]
မြန္းလြဲခ်ိန္ေရာက္ခါမွ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ နန္းေတာ္မွထြက္လာကာ တည္းခိုေဆာင္သို႔ ျပန္ေရာက္လာ၏။
ထူပူက်ဲ့မွာ တည္းခိုေဆာင္တံခါး၀၌ ထိုင္ေနကာ မက္မြန္သီးတစ္လံုးကို ကိုက္စားေနရာ သြမ့္ပိုင္ယြဲ႔ကိုျမင္သည္ႏွင့္ ခ်က္ခ်င္းပင္ အရိပ္အကဲျပလာသည္။
ဆရာႀကီးနန္ စိတ္အေျခအေနသိပ္မဟန္ဘူး။ အထဲမွာ ဆရာတပည့္ႏွစ္ေယာက္ ရန္ျဖစ္လို႔ေကာင္းတုန္း။
သြမ့္ပိုင္ယြဲ႔ အံ့ၾသသြား၏။
"ဘယ္ခ်ိန္ကတည္းက ျပန္ေရာက္ေနတာလဲ"
"မေန့ညကမွ"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္လိုက္ကာ ထပ္ေမးလာ၏။
"ဒါဆို လူႀကီးမင္းလည္း အခန္းထဲ သြားနားေနေလ။ ဘာလို႔ အျပင္မွာ လာထိုင္ေနတာတုန္း"
ထူပူက်ဲ့က အခန္းထဲသို႔ လက္ၫွိုးထိုးလိုက္ကာ ေမးေငါ့ၿပီးေျဖသည္။
"အထဲမွာ ရန္ျဖစ္ေနၾကတုန္း"
ရန္ျဖစ္တာက ....ျဖစ္ကိုျဖစ္သင့္တာ ။ မျဖစ္ဘူးဆိုတာကမွ ထူးဆန္းမွာ။
သြမ့္ပိုင္ယြဲ႔အတြက္ေတာ့ ဘာမွ အထူးတလည္ အံ့ၾသစရာျဖစ္မေန။
တံခါးဖြင့္ၿပီး၀င္သြားေတာ့ နန္ေမာ္ယဲ့တစ္ေယာက္ စားပြဲေဘးနားထိုင္ကာ လင္းတမိႈင္မိႈင္ေန၏။ အခန္းထဲ လူ၀င္လာသည့္အသံၾကားေသာ္လည္း တစ္စက္မွ လွည့္မၾကည့္အားေတာ့။
သြမ့္ေယာင္ကေတာ့ ရိွမေနေတာ့ေပ။ ေဘးခန္းသို႔ျပန္ၿပီး အခန္းေအာင္းၿပီး အိပ္ေနၿပီလား ၊ သို႔မဟုတ္ စိတ္တိုလြန္း၍ လမ္းေပၚ သြားၿပီး ေလ်ွာက္လည္ေနၿပီလား ေသခ်ာမေျပာတတ္။
"ဟင္း......"
နန္ေမာ္ယဲ့တစ္ေယာက္ သက္ျပင္းအရွည္ႀကီး မႈတ္ထုတ္လာေလ၏။
"ဘာကို ဟင္းလဲ။ ဘယ္ေလာက္ဟင္းဟင္းဘာမွ ထူးလာမွာမဟုတ္ဘူး "
သြမ့္ပိုင္ယြဲ႔က မိမိအတြက္ မိမိဘာသာ လက္ဖက္ရည္ငွဲ႔လိုက္ကာ ဆက္ေျပာလာ၏။
" အရင္ဆံုး ေယာင္အာ စိတ္ဆိုးေျပတဲ့အထိ ဆက္ေခ်ာ့လိုက္ပါၪီး၊ ၿပီးမွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း စစ္သူႀကီးရွန္အေၾကာင္း ဆက္ၿပီး ေဆြးေနြးၾကတာေပါ့ "
နန္ေမာ္ယဲ့ - "....."
ေဟ့ေကာင္၊ ဒီကိစၥက အေၾကာင္းအရာ တစ္ခုတည္းပဲမဟုတ္လား ။ မင္းက ဘာကိစၥ ငါ့ကို ႏွစ္ခါျပန္ႀကီး သမမွာလဲလို႔။
"အင္း၊ ဒါနဲ႔ ယြီ႔ကြမ္းေတာင္သြားေတာ့ ဘာေတြ့ခဲ့ေသးလဲ"
"ဘာမွမေတြ့ဘူး? "
ဤအေၾကာင္းကိုစေျပာေတာ့ နန္ေမာ္ယဲ့လည္း ေခါင္း အဆက္မျပတ္ခါလိုက္ကာ ဆက္ဆို၏။
"ဘယ္ကေနမ်ား အဲ့လိုေကာလာဟလမ်ိဳး လႊင့္လိုက္ၾကမွန္း မသိပါဘူးကြာ။ ငါတို႔ေတြလည္း ယြီ႔ကြမ္းေတာင္ကိုသြား၊ ခ်ဲန္းေဟဟြမ္ကိုသံုးၿပီး ယႏၲရားေတြကို ေက်ာ္လႊားႏိုင္ခဲ့တာပဲ။ ေနာက္ဆံုးေတာ့ ေနရာတက်ရိွေနတုန္းျဖစ္တဲ့ လန္ယီက်န္႔ရဲ့ သစ္သားအေခါင္းႀကီးကို ေတြ့လိုက္ၾကတယ္ကြ။ အေခါင္းကို ဆယ့္ရွစ္ခ်က္ ရိုက္ႏွက္ထားတဲ့ေနရာကလည္း ပကတိအတိုင္း မပ်က္မစီးပဲ၊ ဖုန္ေတြတက္ေနတာ လက္ၫွိုးတစ္ေခ်ာင္းစာေလာက္ေတာင္ ထူတယ္ ။ ေသရာကေနျပန္ရွင္လာတဲ့ အရိပ္အေယာင္ တစ္ခုမွမရိွဘူး"
"အေခါင္းတစ္ခုတည္းကပဲ မပ်က္မယြင္းလား။ အထဲက အေလာင္းေရာ....."
"အေလာင္းလည္း ရိွေနတုန္းပဲ၊ အရိုးၿပိဳင္းၿပိဳင္းပဲ က်န္ေတာ့တာ ေဖြးေနေရာပဲ၊ ဓားဒဏ္ရာရဖူးတဲ့ အမွတ္အသားေတြေတာင္ ေတြ့ရေသး။ခ်ိဳးက်ီနဲ႔ ထိပ္တိုက္ယွဥ္ၿပိဳက္တုန္းက ရခဲ့တဲ့ ဒဏ္ရာပဲေနမွာေပါ့.....။ ကြာ....ေနရင္းထိုင္ရင္း ေသသြားတဲ့လူကိုေတာင္ သြားေနွာင့္ယွက္လိုက္ရေသး။ သူ႔အေခါင္းကိုျပန္ပိတ္ၿပီး ေတာင္ေျခလည္းေရာက္ေရာ၊ င့တို႔လည္း သံဃာေတာ္ေတြကို ပင့္ၿပီး သံုးရက္ေလာက္ ပရိတ္ရြတ္ၿပီး အမ်ွေဝေပးလိုက္ရတယ္"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ -
"အို၊ ရွစ္ဖူးမွဟုတ္ရဲ့လား။ သူမ်ား အေခါင္းကိုပါ ေသခ်ာျပန္ပိတ္ၿပီး သံဃာေတာ္ေတြပါရွာ၊ ၿပီးေတာ့ အမ်ွေဝေပးတယ္ ၊ဟုတ္လား"
နန္ေမာ္ယဲ့လည္း အရင္တုန္းကဆိုလ်ွင္ ဒီကိစၥမ်ိဳး မခိုင္းရင္ေတာင္ ၀င္ရႈပ္မိမည္မွာအမွန္။ သို႔ေသာ္ ယခုမွာေတာ့ သူ႔ထံတြင္ ကာကြယ္ေစာင့္ေရွာက္ေပးစရာ တစၧေငယ္ေလးႏွစ္ေကာင္ ရိွေနမွေတာ့ မည္သည့္ကိစၥကိုမဆို ေသေသခ်ာခ်ာခ်င့္ခ်ိန္ၿပီး ေကာင္းရာေကာင္းႏိုး လုပ္ရေပမည္။ တစ္ကိုယ္တည္းသမားမို႔ မိမိကိုယ္တိုင္၏ အသက္ကို အေရးမထားဘဲ ေနႏိုင္ေပမင့္ မိမိတပည့္ငယ္ႏွစ္ေယာက္ထံ ေဘးအႏၲရာယ္သင့္ခြင့္ မျပဳႏိုင္ေပ။
ထိုစဥ္ သြမ့္ပိုင္ယြဲ႔က ဆက္ေျပာလာ၏။
"ႏွစ္ေတြ ဒီေလာက္ၾကာၿပီဆိုေတာ့ လန္ယီက်န္႔ဆိုတာဘယ္သူမွန္း သိတဲ့လူေတာင္ ရွားသြားေနေလာက္ၿပီ။ မိစၧာလမ္းစဥ္က်င့္သံုးတဲ့လူလို႔ ေျပာလိုက္ရင္ ဟိုတစ္ေလာကက ေကြၽ့ယင္ဂိုဏ္းကေန ႏိွမ္နင္းလိုက္တဲ့ ဖုန္းက်ိဳ႕ယဲ့ကိုပဲ လူသိၾကတာမ်ားတယ္။ အဲ့ဒီဆိုက္ဖန္းအန္းတစ္ေယာက္တည္းကပဲ အဲ့ဒီလန္ယီက်န္႔ကို လံုး၀မေမ့ဘဲ မွတ္မိေနတာ။ ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္ အဖ်က္ဆီးခံရတယ္လို႔ၾကားေရာ၊ လန္ယီက်န္႔ ေသရြာကေနျပန္ရွင္လာၿပီလို႔ ခ်က္ခ်င္းထင္ေတာ့တာပဲ။ ၿပီးေတာ့ မိစၧာဂိုဏ္းနဲ႔ ပူးေပါင္းဖို႔ေတာင္ ၀န္မေလးခဲ့ဘူး။ တစ္ဖက္လူ အျပင္ကို ကိုယ္ထင္မျပျပလာေအာင္ ဖန္ရွင္းစစ္တုရင္ကြက္ကိုပါ ခ်ျပၿပီး လူအမ်ားေရ႔ွ စိန္ေခၚထုတ္ျပခဲ့ေသးတယ္ ။ ေနာက္ကြယ္မွာ ဘာအေၾကာင္းရိွလို႔မ်ား ဒီလို ႀကံစည္ခဲ့မွန္းလည္း မသိရေသးဘူး"
" ဆိုက္ဖန္းအန္းကို ျပန္ဖမ္းမိေတာ့မွ အတင္းျပန္စစ္ေမးလိုက္ေလ၊ ဒါဆို ကိစၥျပတ္ၿပီပဲ။ သူ ေခ်ာက္ထဲက်မသြားခင္ ႏြယ္ပင္ကို ကိုင္ထားလိုက္ႏိုင္ေသးတာပဲဆိုေတာ့ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ မေသေသးဖို႔မ်ားတယ္"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္လိုက္ကာ -
"ဟုတ္ကဲ့။ ရွစ္ဖူးလည္း အေတာ္ပင္ပန္းသြားပါၿပီ"
"ေအး၊ ပင္ပန္းမွန္းသိတယ္ဆိုလည္း ေယာင္အာကို ကူၿပီးေခ်ာ့ေပးၪီး"
နန္ေမာ္ယဲ့က အေဆာတလ်င္ ေျပာလာ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ လံုး၀မတုန္လႈပ္ေခ်။
"ေျပာတုန္းကလည္း ရွစ္ဖူးကပဲ ေျပာခဲ့တာဆိုေတာ့ ျပန္ေခ်ာ့ေတာ့လည္း ကိုယ့္ဘာသာကိုယ္ ျပန္ေခ်ာ့ေပါ့...."
ငါေခ်ာ့လို႔ ရေနရင္ မင္းကို အကူအညီေတာက္းပါ့မလား .... တပည့္စုတ္ရ။
နန္ေမာ္ယဲ့က ေျပာေျပာဆိုဆို ကမ္းလွမ္းခ်က္တစ္ခုေပးလာ၏။
"ဒါဆို မင္းလည္း လူေျပာင္းႀကိဳက္လိုက္ေလ။ စစ္သူႀကီးရွန္ဆိုလည္း မဆိုးပါဘူးကြ"
အဲ့လိုဆိုရင္ေတာ့ ငါ လိမ္ေျပာတာမဟုတ္ေတာ့ဘူး၊ အနာဂတ္ကိုႀကိဳတင္မွန္းဆတာျဖစ္သြားၿပီ။
သြမ့္ပိုင္ယြဲ႔က ဆရာျဖစ္သူ၏ ပခံုးအားပုတ္လိုက္ကာ စိတ္ရင္းမွေျပာလာ၏။
"ရွစ္ဖူးကေတာ့ တကယ့္ကိုပဲ တစ္စက္မွ ကိုယ္ခ်င္းစာခ်င္စရာမေကာင္းတဲ့ လူစားပဲဗ်ာ"
ရွစ္ဖူးရဲ့ တပည့္အငယ္ေလးကို ကိုယ့္ဘာသာကိုယ္ ဆက္ေခ်ာ့ေနလိုက္ေတာ့။
******
ညေနေစာင္းေတာ့ ခ်ူယြမ္လည္း ရဲမက္မ်ားကို ေစလႊတ္ၿပီး ထိုေခ်ာင္ယာလူမ်ိဳးမ်ားကို ရုပ္ဖ်က္ေစကာ နန္းေတာ္ထဲသို႔ ၀င္လာေစသည္။ သြမ့္ပိုင္ယြဲ႔ကလည္း ဘာမွလုပ္စရာမရိွဘဲ အားလပ္ေနသျဖင့္ နန္းေတာ္ထဲထိ လိုက္လာခဲ့ေလသည္။ အင္း ၊ လုပ္စရာရိွလ်ွင္ေတာင္ အားလံုးကိုထားခဲ့ၿပီး ဆက္ဆက္ လိုက္လာမည္သာျဖစ္၏။
စာၾကည့္ေဆာင္၏ ေဘးနားတြင္လည္း အမတ္မင္းတစ္စုက အစီရင္ခံစာ တင္ဆက္ရန္ အျပင္၌ တန္းစီေစာင့္ဆိုင္းေနၾကသည္။ သစ္ပင္ထက္မွ ေနကာ ထိုျမင္ကြင္းကို ျမင္ေနရေသာ သြမ့္ပိုင္ယြဲ႔ခမ်ာ အေတာ္ေခါင္းကိုက္ေနရေပသည္။ထိပ္ဆံုးတြင္ ရိွေနေသာ ေထာင္လ်ဲန္တာ ကိုျမင္ေတာ့ ပို၍ ေခါင္းကိုက္သြားေလ၏။
လြန္ခဲ့ေသာႏွစ္မ်ားတုန္းက နန္းေတာ္ထဲရိွ ရွီးနန္သူလ်ိႈမ်ားထံမွ သြမ့္ပိုင္ယြဲ႔လည္း သတင္းစကား အၿမဲတေစ ရေနေလသည္။ ဤပုေရာဟိတ္အမတ္မင္းက ဧကရာဇ္အရွင္အား ဧကရီမိဖုရားေခါင္ေရာ၊ ၾကင္ယာေတာ္မ်ား ၊ကိုယ္လုပ္ေတာ္မ်ားကို ေရြးခ်ယ္တင္ေျမႇာက္ရန္ အၿမဲ ႏိႈးေဆာ္တိုက္တြန္းတတ္သည္ဟုဆို၏။သို႔မဟုတ္ပါကလည္း အရွင္မင္းျမတ္က ရွီးနန္စံအိမ္ေတာ္ကို အရမ္း အေလ်ွာ့ေပးထားရာေရာက္ေၾကာင္း ဧကရာဇ္အား မၾကာခဏ သတိေပးတတ္ေသးသတဲ့။ထို႔ေနာက္တြင္ေတာ့ ရွီးနန္စံအိမ္ေတာ္၏ မေကာင္းသတင္းအျဖာျဖာကို ေလ်ွာက္တင္တတ္ေသးသျဖင့္ အျခားမွဴးမတ္မ်ားကပါ သူ႔အား လိုက္လံ မုန္းတီးလာခဲ့ၾကျခင္းျဖစ္သည္။ မသိလ်ွင္ သြမ့္ပိုင္ယြဲ႔ယား ႏိွမ္နင္းရန္ ေကာင္းကင္ဘံုမွ တာ၀န္ေပးထားခံရသည့္အလား သူ႔ကိုယ္သူ ခံယူထားပံုေပၚသည္။
ထိုမွဴးမတ္မ်ား၊ စစ္သူႀကီးမ်ားက တိုင္းျပည္အေပၚ သစၥာေစာင့္သိမွန္း သြမ့္ပိုင္ယြဲ႔ ေကာင္းစြာ သိရိွေနေသာ္လည္း ေထာင္လ်ဲန္တာဆိုေသာ အမည္နာမသံုးလံုးကို ၾကားသည္ႏွင့္ သြမ့္ပိုင္ယြဲ႔လည္း ထိုအဖိုးႀကီး၏ ပါးစပ္ထဲသို႔ ကိုယ္တိုင္ကိုယ္က် အဆိပ္ပိုးေကာင္မ်ား တိုက္ေကြၽးေပးေနခ်င္ၿပီ။
သို႔ႏွင့္ မွဴးမတ္ တစ္ၪီးၿပီးတစ္ၪီး၊ အမႈကိစၥ တစ္ခုၿပီးတစ္ခု ၿပီးသြားကာ လ်ိဳတာ့က်ံဳ႔က ေနာက္ဆံုးသူအျဖစ္ က်န္ရစ္ေနေပသည္။ သို႔ေသာ္ ဘာအမႈကိစၥအေၾကာင္းမည္မည္ရရမွမဟုတ္ဘဲ သူ၏ ေျမးအေထြးဆံုးေလး တစ္လျပည့္သြားၿပီျဖစ္၍ ဧကရာဇ္အရွင္အား အမည္နာမ မွည့္ေခၚေပးရန္ လာေရာက္ေတာင္းခံျခင္းသာျဖစ္၏။
"ဒီေန့ခင္းပိုင္းေရာက္လာသမ်ွေတြထဲမွာ စိတ္ခ်မ္းသာစရာသတင္းဆိုလို႔ ဒီသတင္း ပဲရိွတယ္။ ေစာန ပုေရာဟိတ္အမတ္ႀကီးကေတာင္ ေျပာေနေသးတယ္၊ ေနာက္ဆယ္ရက္က်ရင္ ကင္ပြန္းတပ္မဂၤလာမွာ ေသရည္သြားေသာက္ၪီးမယ္တဲ့"
"အဲ့တာက စိတ္ညစ္စရာကိစၥ လာေရာက္တင္ေလ်ွာက္မွန္း သူ႔ကိုယ္သူသိလို႔ အရွင္မင္းျမတ္ကို စိတ္ခ်မ္းသာစရာသတင္းေလး လွည့္ေျပာထားတာပါဘုရား"
လ်ိဳတာ့က်ံဳ႔က ေျပာရင္းဆိုရင္း ေခါင္းခါလိုက္ကာ -
"ဟူး၊ ကြၽန္ေတာ္မ်ိဳးရဲ့ ေျမးငယ္ေလးက အသက္တစ္လေတာင္မျပည့္ေသးတဲ့ ႏုႏုနယ္နယ္ လသားေလးပဲရိွေသးတာကို၊ ဒါေတာင္ ေျမေခြးအိုႀကီးက ခုတံုးလုပ္ၿပီးအျမတ္ထုတ္သြားေသးတယ္ "
ဒီလိုကိစၥမ်ိဳးက အသားကင္တစ္ပြဲေလာက္နဲ႔ေတာ့ မေက်ေအးႏိုင္ဘူးေနာ္။
အနည္းဆံုး ႏွစ္ပြဲပဲ။
ခ်ူယြမ္မွာ ရယ္ရခက္ ငိုရခက္ျဖစ္ကာ ထရပ္လိုက္ၿပီးေနာက္ -
"နာမည္ေရြးေပးၿပီးရင္ အိုက္ခ်င္းရဲ့ စံအိမ္ေတာ္ကို လူလႊတ္ၿပီး ေပးခိုင္းလွည့္မယ္၊ အခု ကိုယ္ေတာ္နဲ႔ ထမင္း အတူတူ စားသြားမလား"
"ေက်းဇူးႀကီးျမတ္လွေၾကာင္းပါ၊ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးအိမ္မွာ အာဂႏၲုက ဧည့္သည္ေရာက္ေနတာမို႔ အိမ္ပဲျပန္လိုက္ပါေတာ့မယ္ အရွင္"
"ဒါဆိုလည္း အတင္း ေခၚမထားေတာ့ဘူးေနာ္"
ခ်ူယြမ္က အမတ္မင္းလ်ိဳ၏ ပခံုးကို ခပ္ဖြဖြ ပုတ္လိုက္ကာ -
"အျပင္ျပန္ေရာက္တာနဲ႔ ပုေရာဟိတ္အမတ္ႀကီးကဆီကေန အေႂကြးျပန္ေတာင္းဖို႔ မေမ့နဲ႔ၪီး။ အိုက္ခ်င္းရဲ့ ေျမးမ်က္ႏွာေၾကာင့္ မဟုတ္ရင္ ေစာနက သူ႔အစီရင္ခံစာကို ကိုယ္ေတာ္လက္ခံမွာေတာင္မဟုတ္ဘူးလို႔ေျပာလိုက္၊ သိလား"
လ်ိဳတာ့က်ံဳ႔လည္း ေခါင္းညိတ္လိုက္ကာ -
"မွန္လွပါ။ ကြၽန္ေတာ္မ်ိဳး သူ႔ဆီက ေငြစေငြန တစ္တံုးဆိုတစ္တံုး ရေအာင္ ၫွစ္ယူခဲ့ပါ့မယ္ဘုရား"
*****
"အရွင္မင္းျမတ္"
လူသူမ်ားကင္းရွင္းသြားေတာ့မွ ရွစ္ဇီ ၀င္လာကာ သံေတာ္ၪီးတင္လာ၏။
"အနားယူဖို႔ အိပ္ခန္းေဆာင္ကို ျပန္ႂကြေတာ္မူၪီးမလားဘုရား"
"ဟင့္အင္း၊ အမ်ားႀကီးအိပ္ထားလို႔ အခု မအိပ္ခ်င္ေသးဘူး။ ဒါနဲ႔ ေခ်ာင္ယာကလူေတြေရာ နန္းေတာ္ထဲ ေရာက္လာၾကၿပီလား"
"မွန္လွပါ၊ လြန္ခဲ့တဲ့ ႏွစ္နာရီကတည္းက ေရာက္ေနတာပါဘုရား။ အရာရိွခ်ိန္႔ကိုယ္တိုင္ သြားေခၚလာခဲ့တာပါ။ အခုေတာ့ ယီရွင္းအေဆာင္ေတာ္မွာ ေနခိုင္းထားပါတယ္ ဘုရား"
"မဆိုးဘူး။ဒါဆို အိပ္ခန္းေဆာင္ဘက္ ခဏျပန္ၾကရေအာင္"
"ဟင္...."
ရွစ္ဇီ ရုတ္တရက္ႀကီး နားမလည္။
ေစာနကမွ မပင္ပန္းဘူး၊ အနားမယူခ်င္ေသးဘူးလို႔ ေျပာေနတယ္ေလ။ ဘာလို႔ အခုက်ေတာ့ အိပ္ခန္းေဆာင္ျပန္မယ္ ျဖစ္သြားတာတုန္း။ ေခ်ာင္ယာက လူေတြနဲ႔ သြားေတြ့ေတာ့မယ္မွတ္ေနတာ။
အိပ္ခန္းေဆာင္ႏွင့္ ေတာ္၀င္စာၾကည့္ေဆာင္မွာ သိပ္မေဝးလွ။ တံခါးဖြင့္ၿပီး ဝင္သြားလိုက္ေတာ့ အေဆာင္ခန္းထဲတြင္ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ထိုင္ေစာင့္ေနလ်က္ရိွသည္။
အိုး...ဟုတ္သားပဲ။
ရွစ္ဇီခမ်ာ မိမိရင္ဘတ္ကို စိတ္ထဲမွ အႀကိမ္ႀကိမ္ထုေထာင္းေနလိုက္သည္။
ငါ့ၪီးေနွာက္က ဘယ္လိုျဖစ္သြားတာပါလိမ့္။
ေခ်ာင္ယာကလူေတြ ေရာက္လာမွေတာ့ ရွီးနန္၀မ္လည္း လိုက္လာမွာပဲေလ။ အဲ့ဒါေၾကာင့္ အိပ္ခန္းေဆာင္ကို အျမန္ ျပန္လာေတာ္မူတာကိုး။
"လူတန္းကအရွည္ႀကီးဆိုေတာ့ မင္း ညေနေလာက္က်မွ ျပန္ေရာက္လာမယ္မွတ္ေနတာ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ မ်က္ႏွာခ်င္းဆိုင္ေနရာ၌ ထိုင္လိုက္ကာ -
"အင္း၊ လူမ်ားတယ္ ဒါေပမယ့္ ကိစၥႀကီးႀကီးမားမားေတြေတာ့ မပါဘူး။ နယ္စပ္ဘက္မွာသာ ျပႆနာမတက္ရင္ၿပီးေရာ၊ က်န္တဲ့ျပႆနာေတြက ေအးေဆး ရွင္းလို႔ရေသးတယ္"
"ဟိုေခ်ာင္ယာကလူေတြကို သြားမၾကည့္ေသးဘူးလား"
ခ်ူယြမ္က ေခါင္းခါလိုက္ကာ -
"ေနာက္ သံုးေလးရက္ေလာက္ ဆက္ေစာင့္ခိုင္းပေလ့ေစ"
"ဒါေပမယ့္ ကိုယ္ေတာ့ သြားၾကည့္ၿပီးသြားၿပီ။ ယီရွင္းအေဆာင္က သန္႔ရွင္းေရးမလုပ္ထားဘူးေလး ဘာေလး ၊ ေပပြေနတာပဲဆိုၿပီး ေစာဒကတက္ေနၾကေသးတယ္"
"သန္႔ရွင္းေရးလုပ္ေပးမယ့္လူ မရိွတာမဟုတ္ဘူး၊ လုပ္မေပးခိုင္းထားတာ။ ေရပံုးေရာ တံျမက္စည္းေတြေရာ အဲ့မွာ အဆင္သင့္ရိွေနတာပဲ၊ အဲ့ေလာက္ အသန္႔ႀကိဳက္ေနရင္ ကိုယ့္ဘာသာကိုယ္ ရွင္းၾကေပါ့"
သြမ့္ပိုင္ယြဲ႔က သေဘာက်စြာ ၿပံဳးလိုက္ကာ
"သူတို႔ေျပာတာၾကားခဲ့သေလာက္ေတာ့ နန္းေတာ္ထဲ အရင္တစ္ေခါက္ လာဖူးတဲ့လူ ႏွစ္ေယာက္ ပါလာပံုရတယ္။ အရင္ဧကရာဇ္က သူတို႔ကို တကယ္ ဂရုစိုက္ခဲ့ၾကတယ္လို႔ ထင္ရတာပဲ"
ခ်ူယြမ္က ေခါင္းညိတ္လိုက္ကာ
"ေနာက္သံုးရက္ေနမွ သူတို႔ကို ဒို႔တစ္ေတြသြားၾကည့္ၾကမယ္"
"အင္း၊ ဒါဆို အခု ေလာေလာဆယ္ ဒီကိစၥကို ဆက္မေျပာၾကေၾကး။ ဒါနဲ႔ေလ၊ ရွစ္ဖူးလည္း ယြီ႔ကြမ္းေတာင္ကေန ျပန္ေရာက္လာၿပီေနာ္"
"လူႀကီးမင္းနန္လား။ ဘာမ်ားစံုစမ္းလို႔ရလာေသးလဲ"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ ယြီ႔ကြမ္းေတာင္ေပၚက အေျခအေနကို အၾကမ္းဖ်င္းမ်ွ အႏွစ္ခ်ဳပ္ကာ ေျပာျပလိုက္ေလသည္။
"ဒို႔ေတြ ထင္ထားတဲ့အတိုင္းပဲ။အရင္တုန္းက ငါလည္း သူရိယစႏၵာေတာင္ဆီ စာေရးလိုက္ေသးတယ္၊ ရွန္ခ်န္းဖုန္းကလည္း အဲ့လိုအျဖစ္မ်ိဳး မရိွႏိုင္ဘူးလို႔ေတာ့ ေျပာတယ္။ ေသၿပီးျပန္ရွင္လာတာမ်ိဳးက လူႀကီးမင္းနန္ကလြဲရင္ ေနာက္ထပ္တစ္ေယာက္ ရိွမခာေလာက္ေတာ့ဘူး"
"တကယ္တမ္းက ရွစ္ဖူးလည္း ေသၿပီးျပန္ရွင္ႏိုင္တာမဟုတ္ဘူး၊ အစကတည္းကကို သူ တစ္ခါမွ မေသဖူးေသးတာ။ သူက သိုင္းအမ်ားႀကီးက်င့္တယ္၊ နည္းမ်ိဳးစံု က်င့္တယ္၊ ႏွလံုးထိခိုက္ေစတဲ့ ဒဏ္ရာေတြထိ ရတတ္တယ္။ အဲ့လိုအခ်ိန္က် ဒဏ္ရာအႀကီးစားေတြကုစားဖို႔ ေသခ်င္ေယာင္ေဆာင္ၿပီး ေဆးကုေနခဲ့တာ။ ေျမၾကီးေအာက္ထဲ ေအာင္းေနလိုက္တာ အနည္းဆံုးတစ္လ၊ အမ်ားဆံုး ႏွစ္အမ်ားႀကီး ေအာင္းေနႏိုင္တယ္။ အဲ့ဒီလန္ယီက်န္႔က မိစၧာလမ္းက်င့္ႀကံသူဆိုေပမယ့္ ဆယ္စုႏွစ္အမ်ားႀကီးၾကာေနၿပီဆိုေတာ့ ေသေသာသူၾကာရင္ေမ့ဆိုသလို သူ ထိခိုက္ဒဏ္ရာရေစခဲ့တဲ့ ဂိုဏ္းေတြကလည္း သူ႔ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနေလာက္ပါၿပီ။ အၾကာႀကီး အၿငိဳးမႀကီးေလာက္ၾကပါဘူး။ သူ႔ကို မေမ့မေလ်ာ့ အၿမဲတသသျဖစ္ေနတာဆိုလို႔ သူ႔ရဲ့အရင္မိတ္ေဆြေဟာင္းႀကီး ခ်ိဳးက်ီပဲရိွမယ္ထင္တယ္"
"တစ္နည္းအားျဖင့္ အဲ့ဒီဆိုက္ဖန္းအန္းေပါ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ -
"သူတို႔က တစ္ေယာက္တည္းလားဆိုတာ ေသခ်ာေတာ့မသိရေသးဘူး။ ကိုယ့္ရဲ့ မွန္းဆခ်က္သာသာေလာက္ပါပဲ"
ခ်ူယြမ္က ေျပာလာ၏။
"အဲ့ဒီႏွစ္မွာ လန္ယီက်န္႔က ခ်ိဳးက်ီလက္ခ်က္နဲ႔ ေသသြားခဲ့တယ္။ ႏွစ္ေယာက္စလံုးက ငယ္ငယ္ကတည္းကေန အတူတူႀကီးျပင္းလာၾကတာဆိုေတာ့ ဘယ္သူက ဘယ္လိုသိုင္းပညာမ်ိဳးက်င့္ႀကံတာ၊ ဘယ္လိုနည္းနဲ႔ သတ္လို႔ရႏိုင္တယ္ဆိုတာ ေသခ်ာသိေနရမွာေလ။ အခုလိုမ်ိဳး ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္ ဖ်က္ဆီးခံလိုက္ရတယ္ဆိုတာနဲ႔တင္ ပ်ာယာခတ္မေနသင့္ဘူးလားလို႔။ ဒီတစ္ခ်က္ကို စဥ္းစားလို႔မရဘူး"
"စဥ္းစားလို႔မရေသးရင္လည္း ဆက္မေတြးနဲ႔ေတာ့။ မင္းက နန္းတြင္းေရးရာေတြကိုပဲ ကိုင္တြယ္ေနလိုက္၊ သိုင္းေလာက အရႈပ္အေထြးကိစၥေတြကိုက် ကိုယ့္တာ၀န္သာထား ၊ ဟုတ္ၿပီလား"
"အို...ရွီးနန္၀မ္က သိုင္းေလာကအရႈပ္အေထြးထဲထိ ၀င္ရႈပ္ေတာ့မွာလားဟင္။ ပုေရာဟိတ္အမတ္ႀကီးသာ ဒီသတင္းၾကားရင္ ထပ္ၿပီး သတိလစ္ေတာ့မွာပဲ"
ခ်ူယြမ္က သူ႔အား ၿပံဳးစစႏွင့္ၾကည့္လာ၏။
"ဟုတ္လား၊ ကိုယ္လည္း သူ႔ေဒါသကို ဆြခ်င္ေနတာနဲ႔ အေတာ္ပဲ"
သြမ့္ပိုငိယြဲ႔ကလည္း ခ်ူယြမ္အနားသို႔ ေျပာင္းေရႊ့ထိုင္လိုက္ကာ -
" အခု စိတ္အပန္းေျဖဖို႔ အျပင္ေလးဘာေလး သြားၾကစို႔လား၊ မင္းကိုၾကည့္ေနတာ တစ္ေနကုန္တစ္ေနခမ္း စာၾကည့္ေဆာင္ထဲမွာပဲ ေအာင္းေနရတာခ်ည္းပဲ"
"ဟင့္အင္း၊ ဒီည ၿမိဳ႔ေတာ္ထဲမွာ ပဒုမၼာမီးပံုးလႊတ္ပြဲက်င္းပၾကမွာ။ လူမ်ားမယ္။ အဲ့ေတာ့ မသြားေတာ့ဘူး၊ သြားလိုက္ရင္ ျပႆနာထပ္ျဖစ္ၪီးမလားမသိဘူး"
"ပဒုမၼာမီးပံုးလႊတ္ပြဲ ဟုတ္လား။ အရင္တုန္းက ဒီလိုပြဲရိွမွန္း ကိုယ္တစ္ခါမွ မၾကားဖူးဘူး"
"ဘာမွႀကီးက်ယ္တဲ့ ပြဲမဟုတ္ရပါဘူး။ လူေတြစုၿပီး ပြဲေတာ္အေသးစားေလး က်င္းပၾကရံုေလာက္ပါပဲ။ ပုေရာဟိတ္အမတ္ႀကီးလည္း သူ႔ေျမးငယ္ေလးနဲ႔ သြားၾကည့္ၾကမွာ၊ တျခားမွဴးမတ္ေတြလည္း သြားၾကၪီးမွာ မနည္းမေနာပဲ။ သူတို႔ေတြသာ ေရႊၿမိဳ႔ေတာ္ထဲ ရွီးနန္၀မ္ေရာက္ေနမွန္း ေတြ့သြားရင္ေတာ့ ခ်က္ခ်င္း ေမ့လဲၿပီး အသက္ထြက္သြားေလာက္တယ္"
"ဘာမွမျဖစ္ပါဘူး၊ ကိုယ္ ရုပ္ဖ်က္လိုက္ပါ့မယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ကို ဆုပ္ကိုင္ၿပီးဆို၏။ သို႔ေသာ္ ခ်ူယြမ္က ျငင္း၏။
"ငါ့ကို ေပးေတြ့လို႔လည္း မျဖစ္ဘူးေလ။သူတို႔နဲ႔ ေတြ့တိုင္း အမႈကိစၥေတြ ေတြ့ဆံုၫွိႏႈင္းေနရတာ ခက္ပါသဘိနဲ႔၊ ဘာကိစၥေၾကာင့္ အျပင္မွာ ေနာက္တစ္ေခါက္ သြားေတြ့ရမွာတုန္း"
ဟိုလိုလုပ္မယ္ဆိုလည္းမရ၊ ဒီလိုလုပ္မယ္ဆိုလည္းမရ။ ၾကားထဲက သြမ့္ပိုင္ယြဲ႔စိတ္ညစ္ကာ ညည္းတြားမိ၏။
"ပ်င္းစရာႀကီး"
"ပ်င္းရင္ အေပ်ာ္မယ္အိမ္သြားေလ"
ခ်ူယြမ္က မ်က္ခံုးပင့္ကာ သူ႔အားၾကည့္လာ၏။
သြမ့္ပိုင္ယြဲ႔ခမ်ာ ဘာျပန္ေျပာရမွန္းမသိေတာ့။
"မင္း အဲ့လို အမွတ္သည္းေျခၾကီးမယ္မွန္းသိရင္ မေန့က ထုတ္မေျပာလိုက္တာအေကာင္းသား ။ ဒါေပမယ့္ ကိုယ္လည္းဘာမွ မဖံုးကြယ္ထားခ်င္ဘူး၊ အမွန္အတိုင္းေျပာရရင္ အခု မင္း ျပန္ေျပာမွ အမွတ္ရသြားတာ၊ မဟုတ္ရင္ ကိုယ္ ေမ့ေတာင္ေမ့ေနၿပီ"
ေနာင္ေတာ္ကုေရ၊ ေတာင္းပန္ပါတယ္ဗ်ိဳ႕ ။
"အခု သြားလိုက္ေပါ့၊ ေနာက္မက်ေသးပါဘူး"
"မသြားပါဘူး၊ မနက္ျဖန္မွ သြားလိုက္မယ္။ ဒီေန့ေတာ့ မင္းအနားမွာပဲ အေဖာ္လုပ္ေပးၪီးမယ္ .....။ ဒါဆို ဥယ်ာဥ္ေတာ္ထဲမွာပဲ လမ္းသြားေလ်ွာက္ၾကတာေပါ့၊ ဒီထဲမွာ အေနၾကာရင္ တကယ္ စိတ္မြန္းက်ပ္တယ္"
"မင္း နားေနတဲ့ တည္းခိုေဆာင္ကို သြားၾကရင္ေကာ?"
"ဟင္"
သြမ့္ပိုင္ယြဲ႔ ေက်ာမ်ားပင္ ေတာင့္ေတာင့္ႀကီးမတ္သြား၏။ အနည္းငယ္ေတာ့ အံ့ၾသသြားသည္မွာ အမွန္ပင္။
ခ်ူယြမ္က ဆက္ဆို၏။
"အဲ့ကေနလည္း မီးပံုးလႊတ္တာ ျမင္ရတယ္"
မီးပံုးလႊတ္လိုက္လ်ွင္ ၿပိဳးၿပိဳးပ်က္ပ်က္ ဆီမီးလ်ွံ၏ အေရာင္အဝါက ေရျပင္ထက္ တလ်ွပ္လ်ွပ္ ေရာင္ျပန္ဟပ္ေနတတ္သည္။ အနည္းငယ္အလွမ္းေဝးသည္ဆိုေပမင့္ လွပေသာ ထိုျမင္ကြင္းကို ခံစားရႈေမ်ွာ္ႏိုင္ေသးသည္ေလ။
*****
တည္းခိုေဆာင္တြင္။
သြမ့္ေယာင္က နန္ေမာ္ယဲ့အား ၀မ္းသာအားရ ေမးလာ၏။
"တကယ္ႀကီးလား"
"ဟာ၊ တကယ္ႀကီးေပါ့ကြ။ ရွီးနန္ျပန္ေရာက္တာနဲ႔ ရွစ္ဖူးကိုယ္တိုင္ ခ်က္ခ်င္း က်င္းထဲ၀င္ၿပီး ပိုးေကာင္ေတြ သြားရွာေပးမွာ"
နန္ေမာ္ယဲ့က လက္ၫွိုးသံုးေခ်ာင္းေထာင္ကာ သစၥာဆိုေနလ၏။
သြမ့္ေယာင္ကေတာ့ ႏွာတရႈတ္ရႈတ္ျဖစ္ဆဲ။
"ဒီတစ္ေခါက္ေတာ့ ကြၽန္ေတာ့္ကို ထပ္မလိမ္နဲ႔ေနာ္"
"အင္း အင္း၊ မလုပ္ေတာ့ပါဘူး... စိတ္ခ်"
နန္ေမာ္ယဲ့တစ္ေယာက္ ေခါင္း အဆက္မျပတ္ ညိတ္ေနရရွာသည္။ သြမ့္ေယာင္က မိမိလက္ထဲမွ တုတ္ထိုးအသားကင္ကို ဆရာျဖစ္သူအား လွမ္းေပးလိုက္ေလသည္။
"ဟုတ္ပါၿပီခင္ဗ်ာ...."
နန္ေမာ္ယဲ့လည္း မ်က္ႏွာကိုၿပံဳးၿဖီးေနလို႔၊ အျမန္ပင္ လွမ္းယူကာ ၿမိန္ေရယွက္ေရစားေနလိုက္ေလ၏။ ထိုစဥ္ ေလွကားဘက္မွ ေျခသံမ်ားၾကားလိုက္ရသည္။ သြမ့္ေယာင္မ်က္ႏွာ ရႈံ႔မဲ့သြားကာ -
"ဘာလို႔ ေျခသံက လူႏွစ္ေယာက္အသံျဖစ္ေနတာလဲ"
"ဧကရာဇ္အရွင္ပါ ပါလာတာေနမွာေပါ့"
နန္ေမာ္ယဲ့က ဒီအတိုင္း ရမ္းသန္းၿပီး ေျပာလိုက္ျခင္းသာျဖစ္၏။
သြမ့္ေယာင္ကလည္း နံရံနားကပ္ကာ အနည္းငယ္ဟေနေသာ အေပါက္ေသးေသးေလးၾကားမွ ေခ်ာင္းၾကည့္လိုက္သည္။
ထို႔ေနာက္ အံ့ၾသတႀကီးႏွင့္-
"တကယ္ကိုပဲ ဧကရာဇ္အရွင္ ေရာက္ေနတာ ...ရွစ္ဖူးရဲ့"
"ေဟ၊ ဟုတ္လား"
နန္ေမာ္ယဲ့ခမ်ာ ခ်က္ခ်င္းပင္ စိတ္၀င္တစားရိွလာကာ သြမ့္ေယာင္ရိွရာ တံခါးနားသို႔ အျမန္သြားၿပီး သူ႔ေဘးမွေန၍ ေခ်ာင္းၾကည့္လိုက္ေလသည္။
သြမ့္ပိုင္ယြဲ႔ႏွင့္ ခ်ူယြမ္တို႔ႏွစ္ေယာက္သား အခန္းထဲသို႔ ၀င္သြားၾကေလ၏။
နန္ေမာ္ယဲ့ႏွင့္ သြမ့္ေယာင္တို႔ေတာ့ အခ်င္းခ်င္း အခ်ိန္းအခ်က္ျပဳစရာမလို၊ ႀကိဳတင္ႀကံစည္ ဇာတ္တိုက္ထားျခင္းလည္းမရိွ ။ တူညီေသာ ၪီးတည္ခ်က္ရိွၾကေလရာ ခ်က္ခ်င္းပင္ နားတစ္ဖက္ကို အခန္းနံရံႏွင့္ကပ္ကာ ခိုးနားေထာင္လိုက္ၾကေလ၏။
အမူအရာ ဟန္ပန္မ်ားကအစ တစ္ေထရာတည္း။ ျမင္လိုက္ရရံုနင့္ ဆရာတပည့္ေတာ္မွန္း သိသာလြန္းေပသည္။
ကေတာက္....နံရံကို ေဖာက္ၿပီး မျမင္ရတာ နာသကြာ။
***********
2020.06.12.
Thz for reading, giving stars and leaving comments.
***********