ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)

11.8K 2.4K 312
By ArtemisJT21

[ ဘာလို့ မေဟွားပင်ကြီး မရှိတော့တာလဲ ]

သွမ့်ပိုင်ယွဲ့ ကြိုတင်မှန်းဆထားသည့်အတိုင်း ချောင်ယာကျွန်း၌ ဘာရွှေတောင်ငွေတောင်မှမရှိ။သူတို့ ဘိုးဘေးဘီဘင်လက်ထက်တုန်းက ရွှေငွေရတနာ စုဆောင်းထားဖူးသည်ဆိုစေဦးတော့၊ နှစ်ရာချီကြာပြီးမှတော့ နောင်လာနောက်သားများ သုံးစွဲဖြုန်းတီးရုံနှင့် လုံးပါးပါးသွားလောက်ပေပြီ။

ထို့အပြင် ချောင်ယာလူမျိုးစုက အင်မတန်မှ အကြောင်းမဲ့ ဘ၀င်မြင့်နေကြသေးကာ အခြားကျွန်းများပေါ်က သူများတကာတွေလို တံငါသည်လုပ်ကာ ငါးပုဇွန် ခရုဂဏန်း ဖမ်းပြီး အသက်မမွေးချင်ပြန်။ ပင်လယ်ထဲက ကျွန်းမြေဆိုသည်မှာလည်း မြေဆီသြဇာပြည့်၀သော ကုန်းတွင်းမြေနှင့်မတူ။ သို့နှင့် စား၀တ်နေရေးအတွက် ကျွန်းမှ တိတ်တဆိတ် ခိုးခိုးထွက်လာကြကာ ယောကျ်ားများကတော့ ဘိုးဘေးများလက်ဆင့်ကမ်းသင်ကြားပေးခဲ့သည့် ဆေးပညာဖြင့် အသက်မွေးကြပြီး အမျိုးသမီးများကမူ သာယာနာပျော်ဖွယ်ကောင်းသောအသံကို အားကိုးအားထားပြုကာ ပြဇာတ်ရုံများ၌ သီချင်းသီဆိုပြီး အသက်မွေးခြင်းဖြင့် ၀မ်းရေးပြဿနာကိုဖြေရှင်းရလေ၏။

"ငွေရှာပြီးသွားတာနဲ့ ကျွန်းကို ပြန်သွားကြရသေးတယ်ပေါ့....ဘာလို့ တာ့ချူမှာပဲ ဆက်မနေကြတာလဲ"

သွမ့်ပိုင်ယွဲ့ဘက်ကက မေးလာခြင်းဖြစ်၏။

တကယ်လည်း တာ့ချူမှာ ပိုင်နက်နယ်မြေ အတော်ကျယ်၀န်းကာ သယံဇာတပေါများပြီး ချမ်းသာကြီးပွား၏ ၊ ဖွံ့ဖြိုးတိုးတက်၏။ဒေသအတော်များများရှိ တိုင်းသူပြည်သားများကလည်း ရပ်နီးရပ်ဝေးမှ ရောက်ရှိလာသော အာဂန္တုကဧည့်သည်များကို ရင်းနှီးစွာ ကြိုဆိုကာ ဧည့်၀တ်ကျေပွန်တတ်ကြပါသည်။ စင်စစ်တွင် နယ်လှည့်သဘင်သည်ဖြစ်နေလျှင်တောင် ထိုကျွန်းခေါင်ခေါင်ကြီးတွင် နေရသည်ထက်စာလျှင် တာ့ချူမှာ အခြေချနေထိုင်တာကမှ ပို၍ ဘ၀ရသ စုံလင်ပြည့်၀မည်ဟုပင် သိမြင်နိုင်ပေသည် ။ အဘယ်ကြောင့်များ ခြောက်သွေ့ကျဲတဲနေသော ထိုကျွန်းကို တကူးတက ပြန်သွားနေရပါသနည်း။

"ချောင်ယာလူမျိုးစုက ကိုယ့်ဇာတိမြေကနေ လွယ်လွယ်ကူကူ ထွက်ခွာသွားလို့မရဘူး"

"ဒါဆို မင်းတို့ကရော ဘာလို့ ထွက်လာတာလဲ"

အားစစ်က အငြိုးအတေးကြီးစွာဖြေလာ၏။

"ကျွန်းပေါ်ကလူတွေ နှစ်ဖွဲ့ကွဲကုန်ကြတယ်၊ တစ်ဖွဲ့က နောက်တစ်ဖွဲ့ကို ကျွန်းပေါ်ကနေ နှင်ထုတ်ချင်တော့ နန်ယန်ကဓားပြတွေနဲ့ ပူးပေါင်းပြီး ကျွန်းပေါ်ကလူတွေကို လာသတ်ကြတယ်။ ဒါပေမယ့် အဲ့ဓားပြတွေက သူတို့ ရည်ရွယ်ချက်အစစ်အမှန်ကိုဖုံးကွယ်ပြီး ရောက်လာကြမယ်လို့ ဘယ်သူထင်ထားမှာလဲ ။ တကယ်လည်း ကျွန်းပေါ်ရောက်တော့ရော၊ ဘယ်သူက သူတို့ဘက်ဆိုတာ ဂရုစိုက်မနေဘဲနဲ့ မြင်မြင်သမျှလူတွေအကုန် လိုက်သတ်သွားတာ။ ကျုပ်တို့က လှေပျက်ကြီးတစ်ခုထဲ ​၀င်ပုန်းနေလို့သာ အသက်ရှင်ကျန်နေခဲ့တာ၊ အဲ့နောက်ပိုင်း မှောင်ရိပ်ခိုပြီး ကျွန်းကနေ ထွက်ပြေးလာတာပဲ"

"နန်ယန်က ဓားပြတွေဟုတ်လား။ ဘယ်သူတွေလဲ"

"မသိဘူး"

သွမ့်ပိုင်ယွဲ့က အတန်ငယ် တွေးလိုက်ကာ-

"ဒါဆို အခု ချောင်ယာကျွန်းကို နန်ယန်ဓားပြတွေ အပိုင်စီးထားတယ်ဆိုတဲ့သဘောပေါ့"

"ဟုတ်မယ်ထင်တယ်။ ကျုပ်တို့လည်း ချက်ချင်း ထွက်ပြေးလာရတော့ ဘာမှ သေချာ သတိမထားလိုက်မိဘူး"

"ပြီးတော့ ယွီရှူးက မင်းတို့ကိုသတ်ဖို့ ဘာလို့ ဆုကြေးထုတ်ပေးရသလဲ"

"နန်ယန်ဓားပြတွေနဲ့ ပူးပေါင်းထားလို့ထင်တယ်။ အဲ့ဓားပြတွေက ချောင်ယာကလူတွေအကုန်လုံး တစ်ယောက်မကျန် သတ်ပစ်ချင်တဲ့ ပုံပေါ်တယ်။ အဲ့ကောင်တွေက ဘယ်ကနေ သတင်းတွေရလာမှန်းမသိဘူး၊ ကျုပ်တို့ရှိတဲ့နေရာကို ခြေရာခံပြီး လိုက်လာနိုင်တယ်"

"ဟုတ်ပြီ၊ မင်းဘက်က သေချာပြန်ဖြေလို့ ပန်၀မ်း နောက်တစ်ခွန်းပဲထပ်မေးမယ်။ ဒါဖြေပြီးရင် ထမင်းသွားစားပြီး အနားယူလိုက်ချေ"

သို့နှင့် သွမ့်ပိုင်ယွဲ့က နောက်ဆုံးမေးခွန်းကို ဆက်မေးလာ၏။

"ဖန်ရှင်းပုလဲက မင်းတို့ချောင်ယာနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။ ဘာလို့ တချို့လူတွေနဲ့တွေ့ရင် အရောင်လင်းလာတာလဲ"

"ဘာ....ဖန်ရှင်းက ခင်ဗျားလက်ထဲမှာလား"

အားစစ် အတော်ပင် ထိတ်လန့်တုတ်လှုပ်သွား၏။သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ-

"သတင်းကြားဖူးရုံပါပဲ"

အားစစ်က သက်ပြင်းချပြီးမှ ပြန်ပြောလာ၏။

"ဖန်ရှင်းပုလဲက ချောင်ယာရဲ့ အထွဋ်အမြတ်ပစ္စည်းတစ်ခုပဲ။ ကျွန်တော်တို့တောင် တစ်ခါမှမမြင်ဖူးဘူး၊ အရောင်လင်းတဲ့ကိစ္စ သိဖို့ဆို ဝေလာဝေးသေး"

သွမ့်ပိုင်ယွဲ့လည်း ပြုံးပြီးထရပ်လိုက်သည်။

"ကောင်းပြီ။ မင်း ဒီမှာ ဆက်နေလို့ရတယ်။ ကျန်တဲ့ အပေါင်းအပါတွေကိုတော့ ငါတို့နဲ့အတူတူ ပြန်လိုက်ခေါ်မှာမလား"

"သေချာတာပေါ့"

သွမ့်ပိုင်ယွဲ့လည်း သွမ့်နေ့ကို ခေါ်လိုက်ကာ အားစစ်နှင့်အတူ ကျန်လူများကို ခေါ်လာဖို့ လွှတ်လိုက်သည်။ ထိုနှစ်ယောက်ထွက်သွားတော့မှ သွမ့်ယောင်လည်း တံခါးကြားအပေါက်မှ ချောင်းနေကာ -

"ဘယ်လိုနေလဲဟင်"

"အမှန်လို့တော့ ထင်ရတာပါပဲ၊ဒါပေမယ့် အများစုကိုတော့ လိမ်ပြောထားတာ။ ပြောသမျှထဲ တစ်ဝက်ပဲမှန်ရင်တောင် တော်တော်ကောင်းနေပါ့"

သွမ့်ယောင်က ဆူပုပ်ပုပ်နှင့်ဆို၏။

"ဒီလူတွေက ယုံစားလို့မရဘူးလို့ ကျွန်တော်ပြောသားပဲ"

"အနည်းဆုံးတော့ သူတို့က ချောင်ယာလူမျိုးဖြစ်နေသေးတာပဲ။ ဒီလောကကြီးထဲ ဖန်ရှင်းပုလဲနဲ့ ပတ်သက်မှုအရှိဆုံးကလည်း သူတို့တွေပဲရှိတော့တာလေ။ တွေ့လိုက်ရတာ ကောင်းပါတယ်၊ မြို့တော်ကို ပြန်ခေါ်သွားပြီးခါမှ ကျန်တာ ဆက်ပြောကြတာပေါ့ "

"ဒီလူတွေကို လိုချင်နေတာ စစ်သူကြီးရှန်
မလားဟင်"

သွမ့်ယောင်က အတွင်းကျကျ အဓိပ္ပာယ်ပါပါ မေးလာ၏။သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -

"မဟုတ်ဘူး။ ဧကရာဇ်ချူကိုယ်တော်တိုင်ပဲ"

အတူတူပဲဟာကို။ဧကရာဇ်ချူက စစ်သူကြီးရှန်ကို တာ၀န်ပေးတယ်၊ စစ်သူကြီးရှန်က နောင်တော့်ကို ထပ်ပြီး တာ၀န်ပေးတယ်။

သွမ့်ယောင်အပြုံးများ လင်းလက်စင်ကြယ်နေလျက်။

နောင်တော်....ကြိုးစားထားနော်။ သွမ့်အိမ်တော်ဘက်ကတော့ မင်္ဂလာပွဲကျင်းပပေးဖို့ အချိန်မရွေး အဆင်သင့်ပဲ။ ၀တ်ရုံအနီတွေဆိုလည်း အရီးတော်ကျင်းက နှစ်တိုင်း၀ယ်ထားပြီးသား။ အသားလည်း အိစက်နူးညံ့တယ်၊ တန်ဖိုးလည်း မြင့်တယ်။ ဟီဟိ....

"ဘယ်လိုမျက်နှာကြီး လုပ်ပြနေတာလဲ"

သွမ့်ပိုင်ယွဲ့က သူ့ခေါင်းကို ဒေါက်ခနဲ ခေါက်လာ၏။

"သွားအိပ်တော့"

"ဆုမချတော့ဘူးလားဟင်"

သွမ့်ယောင်မကျေနပ်ပါ။ သူ အများကြီး စွမ်းဆောင်ပေးခဲ့သည်လေ။

သွမ့်ပိုင်ယွဲ့က မရယ်ဘဲမနေနိုင်တော့။

"ဘာလိုချင်လို့လဲ၊ ပြော"

"ဗောဓိစိတ္တသိုင်းကျင့်စဥ်!!!!!!!"

သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်သည်။

"အနည်းဆုံးတော့ ကျွန်တော်မြင်ဖူးကြားဖူးပါရစေ....နော်လို့"

သွမ့်ယောင်က အစ်ကိုဖြစ်သူ၏ခြေထောက်ကို ဖက်တွယ်ထားရင်း တောင်းဆိုလာပြန်၏။

"အဲ့ကျင့်စဥ်က အရမ်းအန္တရာယ်များတယ်။ မင်းကိုပေးမသိဘူးဆိုတာက မင်းဘေးကင်းဖို့အတွက်ပဲ"

"နောင်တော် လိမ်ပြောနေတာ။ အန္တရာယ်ရှိတယ်ဆိုရင် ဘာလို့ ရှစ်ဖူးက နောင်တော့်ကိုသင်ပေးမှာတုန်း"

သွမ့်ပိုင်ယွဲ့လည်း ကြမ်းပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကာ ညီငယ်လေး၏ ပါးပြင်က်ို ခပ်ဖွဖွပုတ်လိုက်ပြီး -

"အတွင်းဒဏ်ရာကုစားဖို့လေ ။တစ်နေ့နေ့တစ်ချိန်ချိန်ကျ အဲ့ကျင့်စဥ်ကို ထိန်းချုပ်နိုင်တဲ့နည်းရှိလာရင်တော့ မင်းကိုသင်ပေးပါ့မယ်"

လုပ်ပြန်ပြီ။ သွမ့်ယောင်နှုတ်ခမ်း ထော်လာ၏။

သွမ့်ပိုင်ယွဲ့က သူ့အား ဆွဲထူလိုက်ကာ

"အဲ့ထက်အရေးကြီးတာက၊ အဲ့ဒီကျင့်စဥ်ကိုငါ ကျင့်တာတောင် သိပ်မကြာသေးဘူး၊ ယုံချင်ယုံ မယုံချင်နေပါ ။ ဒါပေမယ့် ဒီနေ့လုပ်ခဲ့တာကိုတော့ ဆုတကယ်ပေးရမယ်"

"အဲ့တော့"

ငွေစက္ကူလောက်နဲ့တော့ တက်မလာနဲ့နော်။

"ဗောဓိစိတ္တသိုင်းကျင့်စဥ်ကို မပေးနိုင်ပေမယ့် လျဲ့ယွင်ကိုတော့ ပေးနိုင်တယ်"

"လျဲ့ယွင် ? အဲ့ဒါ နောင်တော်ရဲ့ လက်စွဲတော်ဓားကြီးလေ"

သွမ့်ယောင် အတန်ငယ် တွန့်ဆုတ်သွား၏။

"မင်းက ငါ့ထက် ပိုထိုက်တန်တယ်"

သွမ့်ပိုင်ယွဲ့က ခါးထက်မှ လက်စွဲတော်ဓားကို ဖြုတ်ပေးလိုက်ကာ -

"မှန်းကြည့်ရင် မင်းလည်း ဆယ့်ငါးနှစ်ကျော်ပြီး ဆယ့်ခြောက်နှစ်ထဲ ၀င်လာပြီပဲ။ မင်း သူ့ကို လက်ခံထားလို့ ဖြစ်ပါတယ်"

"မယူပါဘူးဆိုနေ.....မယူဘူး"

သွမ့်ယောင်က ခေါင်းတခါခါလုပ်နေကာ -

"အဲ့ဓားက ခမည်းတော်ကိုယ်တိုင် နောင်တော့်အတွက် အမွေအဖြစ် ချန်ရစ်ခဲ့တာလေ။ မြန်မြန်ပြန်ယူထားလိုက်စမ်းပါ..."

"ခမည်းတော် ငါ့ကိုပေးခဲ့တာဆိုတာကလည်း အဲ့အချိန်က မင်းအရမ်းငယ်သေးလို့။ တိမ်ဟုန်ခွင်း လျဲ့ယွင်ဓားသိုင်းက အဆုံးအသတ်မဲ့ လျင်မြန်ပေါ့ပါးရတယ် ၊ ဖျတ်လတ်သွက်လက်ရတယ်။ မင်းနဲ့မှ အလိုက်ဖက်ဆုံးဖြစ်နေတာလေ"

"ဒါဆို နောင်တော်ကရော"

သွမ့်ပိုင်ယွဲ့က ဓားတစ်ချောင်းကို အခန်းထဲမှ ယူထုတ်လာသည်။

သွမ့်ယောင် - "......"

"ဒီဟာပဲသုံးမယ်လေ....ဘယ်လိုလဲ"

သွမ့်ယောင်က ချက်ချင်းမေးလာသည်။

"အဲ့ဓားက ရှစ်ဖူးအရင်တစ်ခေါက်မသေခင်တုန်းက နောင်တော့်ကို အတန်တန်မှာခဲ့တဲ့ သံအိုသံဟောင်းကြီးမလား။ နောက်နှစ်နှစ်သုံးနှစ်နေမှ ပြန်သွားတူးချေ ဆိုတဲ့ဟာ"

သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်လိုက်၏။

"နောင်တော်ကလည်း.....ကျွန်တော်ပြောတာကို ယုံစမ်းပါ။ အဲ့ဟာက ဘာအသုံးမှမကျတဲ့ သံချောင်းသာသာလောက်ပဲရှိတယ်ဆိုနေ"

သွမ့်ယောင်ကလည်း ဇွဲလုံး၀မလျှော့ဘဲ ဆက်၍ ဖျန်ဖြေလာ၏။

"နောင်တော်က မနေနိုင်လို့ သဲစက္ကူနဲ့ တိုက်ချွန်ရင်တောင် အနည်းဆုံးတော့ ၀င်းလက်တောက်ပြောင်နေတဲ့ သံတုံးကြီးလောက်ပဲဖြစ်မှာ"

သွမ့်ပိုင်ယွဲ့က ထိုစကားကိုကြားတော့ မရယ်ဘဲမနေနိုင်တော့၊ ထို့နောက် လျဲ့ယွင်ဓားကို သွမ့်ယောင်လက်ထဲ အပ်နှင်းလိုက်ပြီး -

"လိမ်လိမ်မာမာနဲ့သာ ယူထားစမ်းပါ"

သွမ့်ယောင် စိတ်များထွေပြားနေသည်။

"သွားအိပ်တော့ ၊ သွား..."

သွမ့်ပိုင်ယွဲ့က ညီဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွ ပုတ်ပြီးနောက် မိမိအိပ်ခန်းသို့ ပြန်သွားလေသည်။

သွမ့်ယောင်လည်း လျဲ့ယွင်ဓားကို ရင်၀ယ်ပိုက်ကာ အတန်ကြာထိုင်နေပြီးမှ သလွန်ပေါ် တက်ထိုင်လာ၏။

ငယ်စဥ်ကလေးဘ၀တုန်းက ဤဓားကို သူ တကယ်ကိုပင် အင်မတန်လိုချင်နေခဲ့သော်လည်း နောင်တော်ဖြစ်သူကသာ နှစ်ပေါင်းများစွာ ကိုယ်နှင့်မကွာ သွားလေရာ ယူဆောင်သွားတတ်သည်။ ယခု မိမိအား အပိုင်ပေးမည်ဟုဆိုကာ ချက်ချင်းနှင်းအပ်လာပြန်တာ့ အရင်အကြောင်းတွေကိုရော၊ နောင်အနာဂတ်ကိုပါ အ​မျိုးမျိုး အောက်မေ့တွေးတောကာ အိပ်လို့မပျော်။ထို့ကြောင့် လဲလျောင်းရာမှ ပြန်ထကာ ဓားအိမ်ထဲမှ ဓားကို ဆီမီးရောင်အောက်၌ ဆွဲထုတ်ကာကြည့်ရှုနေလေသည်။

******

ညဥ့်သန်းခေါင်ကျော်တော့မှ သွမ့်နေ့လည်း ကျန်သောလူများကို တည်းခိုဆောင်သို့ ခေါ်ဆောင်လာခဲ့သည်။ သူရိယစန္ဒာတောင်စခန်းကလူများသည်လည်း နောက်မှ တိတ်တဆိတ် လိုက်ပါစောင့်ရှောက်ပေးကြသည်။ တည်းခိုဆောင်သို့ ဘေးမသီရန်မခ ပြန်ရောက်တော့မှသာ သူရိယစန္ဒာတောင်စခန်းသို့ ပြန်ရန် နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

ကံကောင်းသည့်အချက်တစ်ချက်မှာ ဤတည်းခိုဆောင်တစ်ခုလုံးကို သွမ့်ပိုင်ယွဲ့ အပိုင် ငှားရမ်းထားခြင်းဖြစ်ပေရာ နောက်ထပ် လူဆယ်ယောက်ကျော်ကျော်ထပ်တိုးလာသည်တောင် နေရာအများကြီးလွတ်နေဆဲပင်။

ထိုအရှုပ်အထွေးများ အားလုံးပြီးတော့ မိုးသောက်ယံပင် ရောက်လာပြီဖြစ်သည်။
အရင်တုန်းက ထိုချောင်ယာများကလည်း ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရကာ တစ်ညမှ နှစ်ခြိုက်စွာ အိပ်စက်ရသည်ဟူ၍မရှိ။ ယခုမူ ဧကရာဇ်ချူ၏ လူများကိုယ်တိုင် လာရောက်ခေါ်ဆောင်သောကြောင့် တည်းခိုဆောင်သို့ ရောက်ရောက်ချင်း ဘာအရေးကိစ္စကိုမှ မတွေးအားတော့ဘဲ အိပ်ယာပေါ် ခေါင်းချ
သည်နှင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်မှာ နောက်နေ့ မွန်းတည့်သည်ထိ မနိုးကြသေးဟုပင် ဆို၏။

*****

"အဲ့ဒီလူတွေကို ၀မ်ရယ် ရှာတွေ့ပြီဆို..."

ကျင့်လျိုထျဲန်းဘက်က ဦးစွာ စကားစလာ၏။သွမ့်ပိုင်ယွဲ့လည်း ပြုံးလိုက်ကာ -

"မြိုင်နန်းသခင်ကတော့ တကယ်ပဲ သတင်းရတာ မြန်ပါ့ရော ။ ဒါပေမယ့် အဲ့ဒီလူတွေက အခု ပန်၀မ်းလက်ထဲ ရောက်နေမှတော့ သူတို့အသက်ကိုနှုတ်ယူချင်တဲ့ကိစ္စက ထင်သလောက် လွယ်ကူမှာမဟုတ်ပေဘူး"

"သိုင်းလောကရဲ့ထုံးတမ်းစဥ်လာအရ အလုပ်လာကမ်းလှမ်းတဲ့လူ သေဆုံးသွားရင်တောင် ပြောဆိုခဲ့ကြတဲ့ကိစ္စကိုတော့ ပြီးအောင် ဆောင်ရွက်ပေးရပါတယ်"

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လိုက်ကာ -

"ပန်၀မ်းသိပြီးသားပါလေ။ ဒီကိုရောက်လာတာကလည်း အဲ့ဒီလူတွေက ပန်၀မ်းလက်ထဲမှာရှိတဲ့အကြောင်း မြိုင်နန်းသခင်ကျင့်ကို လာပြီးအသိပေးရုံတင်ပါ။ အပြင်ကို သတင်းလွှင့်မလား၊ မလွှင့်တော့ဘူးလားဆိုတဲ့ကိစ္စ၊ ဘယ်လိုလွှင့်မလဲဆိုတဲ့ကိစ္စကိုတော့ မြိုင်နန်းသခင် အလိုရှိသလိုသာ လုပ်လိုက်ပါ"

ကျင့်လျိုထျဲန်းက ပြုံးလိုက်ရင်းဆို၏။

"၀မ်ရယ်ကတော့ တကယ်ကို စိတ်သဘောထားကျယ်ပြန့်ပြီး တည့်တိုးပြောတတ်တဲ့လူပေပဲ"

"ပန်၀မ်းမှာ တခြားအရေးကြီးကိစ္စ လုပ်စရာရှိသေးတယ်။ အစက ယွီရှူးကိစ္စကို စုံစမ်းမယ်ကြံထားသေးတာကို အခုတော့ ပန်၀မ်း ကိုယ်တိုင်ကိုယ်ကျ လိုက်စုံစမ်းလို့ အဆင်မပြေတော့ဘူး။ ဒါပေမယ့် မြိုင်နန်းသခင်ကျင့်ကို ကတိက၀တ်ပြုထားတာမို့ စုံစမ်းရာမှာ အကူအညီပေးဖို့ ပန်၀မ်းလူတစ်ချို့ကို ဒီမြို့မှာ ချန်ထားပေးခဲ့ပါ့မယ်"

ကျင့်လျိုထျဲန်းလည်း ခေါင်းညိတ်လိုက်ကာ -

"ပန်၀မ်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုမျိုး အဝေးကြီးကို ပြန်ပြီးလိုက်မပို့နိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်"

သို့နှင့် သွမ့်ပိုင်ယွဲ့လည်း လှည့်ပြန်သွားသည်။ ကျင့်လျိုထျဲန်းလည်း သွမ့်ပိုင်ယွဲ့တစ်ယောက် မိမိမြင်ကွင်းမှ ပျောက်သွားသည်ဟု သေချာတော့မှ လူယုံတော်တစ်ယောက်ကို လက်ယက်ကာ ခေါ်လိုက်သည်။

ထိုနေ့ နေ့လယ်ခင်းရောက်တော့ သိုင်းလောကတစ်ခွင်ကလူများကလည်း ထိုစုန်းမိစ္ဆာလူမျိုးစုကို လူတစ်စုမှ ကြားဖြတ်လုယူလိုက်ကြောင်း သတင်းကို ရလိုက်ကြသည်။ယခုတော့ မြောက်ဘက်ကို ဦးတည်ကာ နန်းတော်သို့ ဦးတည်ပြီးသွားနေကြသည်ဟု ပြော၏။ သို့သော် ထိုအဖြစ်မှာ မည်သည့်အချိန်ကဖြစ်ခဲ့မှန်း၊ မည်မျှ ကြာညောင်းနေပြီဖြစ်မှန်း အချက်အလက် စုံစုံလင်လင်မသိရသေး ဟု ဆို၏။

သို့နှင့် တစ်ခဏအတွင်းမှာပင် မြို့တွင်း၌ ကောလာဟလမျိုးစုံ ပေါ်ထွက်လာလေကာသိုင်းသမားတို့ကလည်း မြောက်အရပ်ကို ဦးတည်ပြီး လိုက်သွားကြလေသည်။ ယွီရှူး သေဆုံးသွားပြီဟုဆိုသော်လည်း ဖေးလွမ်မြိုင်နန်းကို အခကြေးငွေအဖြစ် ပေးထားသော ရွှေတုံးများရှိနေသရွေ့ အလုပ်ကိစ္စမှာ မပြီးပြတ်သေးဟု ယူဆကြသောကြောင့်ပင်ဖြစ်၏။

****

နောက်သုံးရက်ကြာတော့မှ သွမ့်ပိုင်ယွဲ့က လူရောမြင်းပါ  အားလုံးကို အပါခေါ်ကာ လမ်းသွယ်လေးများမှတစ်ဆင့်သာ ရွှေမြို့တော်သို့ ပြန်လာခဲ့သည်။ လမ်းမကြီးထက်စာလျှင် ရက်ပေါင်းများစွာ ပို၍ကြန့်ကြာသည်မှန်သော်လည်း အန္တရာယ် အနှောင့်အယှက် ပို၍ကင်းရှင်းခဲ့သည်။  ခဏခဏ ငိုယိုနေတတ်သော ရင်ခွင်ပိုက်အရွယ် ကလေးမလေးရှိနေသည်က လွဲလျှင်ပေါ့။
ပိုဆိုးသည်မှာ ထိုအမျိုးသမီးက ကလေးအား နို့တိုက်စရာ နို့ချိုပင်မရှိ။

သွမ့်ယောင်တစ်ယောက် ရုပ်အဆင်းပြေပြစ်ကာ ချစ်ဖို့ကောင်းရုံတင်မက အပြောအဆိုပါ ချိုသာ၍ တော်သေးသည်။ သို့နှင့် သွမ့်ယောင်ကပင် အချို့ရွာသူရွာသားများထံမှ နွားနို့ဆန်ပြုတ်များ တောင်းခံယူ၍ရလာကာ ထိုကလေးငယ်ကို ၀၀လင်လင် ကျွေးမွေးထားနိုင်ခဲ့ပေသည်။

မြို့တော်သို့ ပြန်ရောက်တော့ ညဥ့်နက်နေချေပြီ။သွမ့်ပိုင်ယွဲ့လည်း ပါလာသောလူများကို တည်းခိုဆောင်၌ နေရာချပေးလိုက်သည်။ ထိုအမျိုးသမီးကတော့ မကျေမနပ် စောဒကတက်လာပြန်၏။

"ဘာလို့ ကျွန်မတို့ကို နန်းတော်ထဲ ခုချက်ချင်းလိုက်မပို့တာလဲ"

"သြော်....ဒီလိုညဥ့်အချိန်မတော်ကြီးမှာ ဧကရာဇ်ချူကို စက်တော်ခေါ်နေရာကနေ ထခိုင်းရလောက်အောင် မင်းဆီမှာ ဘယ်လောက်များ အဖိုးတန်တဲ့ သတင်းတွေ ရှိနေလို့လဲ"

သွမ့်ပိုင်ယွဲ့ တန်ပြန်မေးခွန်းထုတ်လာတော့ သူမ မည်သို့မှ ပြန်မဖြေနိုင်ဘဲ စကားများကို မြိုသိပ်ကာ ပြန်သွားလေသည်။

သွမ့်ပိုင်ယွဲ့ကတော့ ပြုံးရွှင်နေကာ ကိုယ်ပိုင်အခန်းထဲ ၀င်သွားပြီး ကိုယ်လက်သန့်စင်ကာ အ၀တ်အစားသစ်များလဲပြီး အပြင်ထွက်သွားလေ၏။

သွမ့်ယောင်က တံခါးကိုမှီရင်း မိမိနောင်တော်ဖြစ်သူကို ကြည့်နေကာ နှုတ်ခမ်းဆူနေလျက်။

သွမ့်ပိုင်ယွဲ့က သူ့ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်ပြီးနောက် နန်းတော်ထဲသွားရန် တည်းခိုဆောင်အောက်ထပ်သို့ ဆင်းသွားလေပြီ။

****

ချူယွမ်လည်း အိပ်ခန်းဆောင်အတွင်း စံပယ်ရင်း စာဖတ်နေသည်။ ငိုက်မြည်းခြင်း အလျဥ်းမရှိ။ရှစ်ဇီကုန်းကုန်းသည်လည်း အိပ်မောကျနေချေပြီ။ တစ်ခါတစ်ရံ ကင်းလှည့်နေသော အစောင့်ရဲမက်များ၏ ခြေသံများသာ ကြားရပြီး ၊ ပတ်၀န်းကျင်တစ်ခွင် ပြတိတ်ဆိတ်ငြိမ်သက်နေလေသည်။

သွမ့်ပိုင်ယွဲ့လည်း ရင်းနှီးကျွမ်း၀င်နေပြီဖြစ်သော တံခါးနှင့် လမ်းကြားများမှတစ်ဆင့် နန်းတော်ထဲ ၀င်ရောက်လာ၏။ နန်းတော်တံတိုင်းကလည်း ခုန်ကျော်ရလာဖန်များတော့ သိပ်အခက်အခဲဖြစ်မနေတော့၊ သွမ့်ပိုင်ယွဲ့တစ်ယောက် အင်မတန်မှ အတွေ့အကြုံများနေပြီဖြစ်သည်။

ချူယွမ် ချက်ချင်းပင် တုန်လှုပ်သွား၏။

သွမ့်ပိုင်ယွဲ့လည်း တံခါးကို လှစ်ဟပြီး ၀င်ရောက်လာသော် ချူယွမ်က သူ့အား ကြည့်နေလေ၏။

"ကိုယ် ပြန်ရောက်လာပြီနော်"

ခဏကြာတော့မှ ချူယွမ်က အံ့သြနေဆဲဖြစ်ဟန်နှင့် ဆိုလာ၏။

".....ဒီလောက် မြန်တယ်လား"

"မင်းအတွက် မြန်တယ်ဆိုပေမယ့် ကိုယ့်အတွက်က ကြာလွန်းနေပြီကို...."

သွမ့်ပိုင်ယွဲ့က ချူယွမ်အနား လာထိုင်ပြီးမှ ဆက်ပြော၏။

"ချောင်ယာကလူတွေကို ရှာတွေ့ပြီးသွားပြီ၊ အခု ယွဲ့လိုင်တည်းခိုဆောင်မှာ ထားထားတယ်။ မနက်ဖြန် နေအေးတော့မှပဲ မင်းဆီ ခေါ်လာတော့မယ်"

"ဘာလို့ မနက်ဖြန်မှလဲ။ ခုချက်ချင်း ခေါ်လာလို့လည်းဖြစ်တယ်လေ"

ချူယွမ်က ပြောပြောဆိုဆို သလွန်တော်ထက်မှဆင်းကာ ခြေနင်းတော်ကို စီးရန်အပြု သွမ့်ပိုင်ယွဲ့က ထိုစောင်ပုံမှ ထွက်လာသော ထိုခြေသွယ်သွယ်အား အချိန်မီ ကိုင်တွယ် တားဆီးထားနိုင်လေသည်။

ချူယွမ်က သူ့အား တစ်ချက် ရိုက်လာ၏။

သွမ့်ပိုင်ယွဲ့ကလည်း ရှောင်မနေပေ။ ထိုခြေထောက်များကို စောင်ပုံကြားထဲ ပြန်သွင်းထည့်လိုက်ကာ -

"မတွေ့ရတာ အကြာကြီးရှိနေပြီကို...ကိုယ့်ကို ပြောပြချင်တဲ့စကားလေးများ မရှိဘူးလား"

ချူယွမ်က စောင်ကိုပိုက်ကာ နံရံနားကပ်ထိုင်ပြီး ဆို၏။

"မရှိဘူး"

အခန်းထဲတွင် လေအနည်းငယ်တိုက်ခတ်ပြီး အေးနေသဖြင့် သွမ့်ပိုင်ယွဲ့လည်း လေသာ
ပြတင်းပေါက်ကို ထပိတ်မည်အပြု လမ်းခု
လတ်မှာတင် ခြေလှမ်းများ တုံ့ခနဲရပ်သွား၏။

"မေဟွားပင်ရော"

"တူးထုတ်ပစ်လိုက်ပြီ"

သွမ့်ပိုင်ယွဲ့မှာ ရယ်ရခက်ငိုရခက်ဖြစ်ချေပြီ။

"ဒီတစ်ခေါက်တော့ တကယ် အစွပ်စွဲခံရတာပါနော်။ ကိုယ် ဘာမှလည်း မလုပ်မိဘဲနဲ့ ဘာလို့ ထပ်ပြီး တူးထုတ်လိုက်ပြန်ပြီတုန်း"

ချူယွမ်က ဘာမှပြန်မပြောဘဲ အပေါ်မျက်နှာကျက်ကိုသာ ငေးကြည့်နေ၏။

တူးထုတ်ချင်စိတ်ပေါက်ရင် တူးထုတ်ခိုင်းမှာပေါ့....လုပ်ချင်လို့ကို လုပ်တာ။

အဲ့တော့ မင်း ငါ့ကို ဘာလုပ်ချင်လဲ.....
ငါကိုယ်တော်မြတ်ကို ဘာလုပ်ချင်လဲလို့။

********

Thz for reading, giving stars and leaving postive-vibed lovely comments.

2020.06.03

(Chitchat time)

ဘယ်သူက Gong ၊ ဘယ်သူက Shouဆိုတာ
ပြောပြပေးပါဦးလို့ လာမေးတဲ့လူ သုံးလေးယောက်လောက် ရှိပါတယ်။ လာမေးတဲ့လူတွေကိုလည်း အိုင် အရမ်း ချစ်ပါတယ်။ အကြောင်းကတော့ အိုင်လည်း အဲ့ဒီမေးခွန်း ကြားချင်နေလို့ပါပဲ ၊ ဘူးထွားဟားဟား။

ဖြေမလို့ လာပြောပြနေတာလားဆိုတော့လည်း မဟုတ်ပါဘူး....ပြောပြချင်ရင် ဇာတ်ကောင်မိတ်ဆက်ကတည်းက ပြောပြပြီးရောပေါ့၊ အိုင်က တမင်သက်သက်ကြီးကို ဒီအကြောင်း ချန်ထားခဲ့တာပါ....ဟီဟိ....။

********

အခန္း - ၄၁ (နန္းေတာ္ ျပန္ၾကမယ္)

[ ဘာလို႔ ေမဟြားပင္ႀကီး မရိွေတာ့တာလဲ ]

သြမ့္ပိုင္ယြဲ႔ ႀကိဳတင္မွန္းဆထားသည့္အတိုင္း ေခ်ာင္ယာကြၽန္း၌ ဘာေရႊေတာင္ေငြေတာင္မွမရိွ။သူတို႔ ဘိုးေဘးဘီဘင္လက္ထက္တုန္းက ေရႊေငြရတနာ စုေဆာင္းထားဖူးသည္ဆိုေစၪီးေတာ့၊ ႏွစ္ရာခ်ီၾကာၿပီးမွေတာ့ ေနာင္လာေနာက္သားမ်ား သံုးစြဲျဖဳန္းတီးရံုႏွင့္ လံုးပါးပါးသြားေလာက္ေပၿပီ။

ထို႔အျပင္ ေခ်ာင္ယာလူမ်ိဳးစုက အင္မတန္မွ အေၾကာင္းမဲ့ ဘ၀င္ျမင့္ေနၾကေသးကာ အျခားကြၽန္းမ်ားေပၚက သူမ်ားတကာေတြလို တံငါသည္လုပ္ကာ ငါးပုဇြန္ ခရုဂဏန္း ဖမ္းၿပီး အသက္မေမြးခ်င္ျပန္။ ပင္လယ္ထဲက ကြၽန္းေျမဆိုသည္မွာလည္း ေျမဆီၾသဇာျပည့္၀ေသာ ကုန္းတြင္းေျမႏွင့္မတူ။ သို႔ႏွင့္ စား၀တ္ေနေရးအတြက္ ကြၽန္းမွ တိတ္တဆိတ္ ခိုးခိုးထြက္လာၾကကာ ေယာက်္ားမ်ားကေတာ့ ဘိုးေဘးမ်ားလက္ဆင့္ကမ္းသင္ၾကားေပးခဲ့သည့္ ေဆးပညာျဖင့္ အသက္ေမြးၾကၿပီး အမ်ိဳးသမီးမ်ားကမူ သာယာနာေပ်ာ္ဖြယ္ေကာင္းေသာအသံကို အားကိုးအားထားျပဳကာ ျပဇာတ္ရံုမ်ား၌ သီခ်င္းသီဆိုၿပီး အသက္ေမြးျခင္းျဖင့္ ၀မ္းေရးျပႆနာကိုေျဖရွင္းရေလ၏။

"ေငြရွာၿပီးသြားတာနဲ႔ ကြၽန္းကို ျပန္သြားၾကရေသးတယ္ေပါ့....ဘာလို႔ တာ့ခ်ူမွာပဲ ဆက္မေနၾကတာလဲ"

သြမ့္ပိုင္ယြဲ႔ဘက္ကက ေမးလာျခင္းျဖစ္၏။

တကယ္လည္း တာ့ခ်ူမွာ ပိုင္နက္နယ္ေျမ အေတာ္က်ယ္၀န္းကာ သယံဇာတေပါမ်ားၿပီး ခ်မ္းသာႀကီးပြား၏ ၊ ဖြံ႔ၿဖိဳးတိုးတက္၏။ေဒသအေတာ္မ်ားမ်ားရိွ တိုင္းသူျပည္သားမ်ားကလည္း ရပ္နီးရပ္ေဝးမွ ေရာက္ရိွလာေသာ အာဂႏၲုကဧည့္သည္မ်ားကို ရင္းႏွီးစြာ ႀကိဳဆိုကာ ဧည့္၀တ္ေက်ပြန္တတ္ၾကပါသည္။ စင္စစ္တြင္ နယ္လွည့္သဘင္သည္ျဖစ္ေနလ်ွင္ေတာင္ ထိုကြၽန္းေခါင္ေခါင္ႀကီးတြင္ ေနရသည္ထက္စာလ်ွင္ တာ့ခ်ူမွာ အေျခခ်ေနထိုင္တာကမွ ပို၍ ဘ၀ရသ စံုလင္ျပည့္၀မည္ဟုပင္ သိျမင္ႏိုင္ေပသည္ ။ အဘယ္ေၾကာင့္မ်ား ေျခာက္ေသြ့က်ဲတဲေနေသာ ထိုကြၽန္းကို တကူးတက ျပန္သြားေနရပါသနည္း။

"ေခ်ာင္ယာလူမ်ိဳးစုက ကိုယ့္ဇာတိေျမကေန လြယ္လြယ္ကူကူ ထြက္ခြာသြားလို႔မရဘူး"

"ဒါဆို မင္းတို႔ကေရာ ဘာလို႔ ထြက္လာတာလဲ"

အားစစ္က အၿငိဳးအေတးႀကီးစြာေျဖလာ၏။

"ကြၽန္းေပၚကလူေတြ ႏွစ္ဖြဲ႔ကြဲကုန္ၾကတယ္၊ တစ္ဖြဲ႔က ေနာက္တစ္ဖြဲ႔ကို ကြၽန္းေပၚကေန ႏွင္ထုတ္ခ်င္ေတာ့ နန္ယန္ကဓားျပေတြနဲ႔ ပူးေပါင္းၿပီး ကြၽန္းေပၚကလူေတြကို လာသတ္ၾကတယ္။ ဒါေပမယ့္ အဲ့ဓားျပေတြက သူတို႔ ရည္ရြယ္ခ်က္အစစ္အမွန္ကိုဖံုးကြယ္ၿပီး ေရာက္လာၾကမယ္လို႔ ဘယ္သူထင္ထားမွာလဲ ။ တကယ္လည္း ကြၽန္းေပၚေရာက္ေတာ့ေရာ၊ ဘယ္သူက သူတို႔ဘက္ဆိုတာ ဂရုစိုက္မေနဘဲနဲ႔ ျမင္ျမင္သမ်ွလူေတြအကုန္ လိုက္သတ္သြားတာ။ က်ဳပ္တို႔က ေလွပ်က္ႀကီးတစ္ခုထဲ ​၀င္ပုန္းေနလို႔သာ အသက္ရွင္က်န္ေနခဲ့တာ၊ အဲ့ေနာက္ပိုင္း ေမွာင္ရိပ္ခိုၿပီး ကြၽန္းကေန ထြက္ေျပးလာတာပဲ"

"နန္ယန္က ဓားျပေတြဟုတ္လား။ ဘယ္သူေတြလဲ"

"မသိဘူး"

သြမ့္ပိုင္ယြဲ႔က အတန္ငယ္ ေတြးလိုက္ကာ-

"ဒါဆို အခု ေခ်ာင္ယာကြၽန္းကို နန္ယန္ဓားျပေတြ အပိုင္စီးထားတယ္ဆိုတဲ့သေဘာေပါ့"

"ဟုတ္မယ္ထင္တယ္။ က်ဳပ္တို႔လည္း ခ်က္ခ်င္း ထြက္ေျပးလာရေတာ့ ဘာမွ ေသခ်ာ သတိမထားလိုက္မိဘူး"

"ၿပီးေတာ့ ယြီရႉးက မင္းတို႔ကိုသတ္ဖို႔ ဘာလို႔ ဆုေၾကးထုတ္ေပးရသလဲ"

"နန္ယန္ဓားျပေတြနဲ႔ ပူးေပါင္းထားလို႔ထင္တယ္။ အဲ့ဓားျပေတြက ေခ်ာင္ယာကလူေတြအကုန္လံုး တစ္ေယာက္မက်န္ သတ္ပစ္ခ်င္တဲ့ ပံုေပၚတယ္။ အဲ့ေကာင္ေတြက ဘယ္ကေန သတင္းေတြရလာမွန္းမသိဘူး၊ က်ဳပ္တို႔ရိွတဲ့ေနရာကို ေျခရာခံၿပီး လိုက္လာႏိုင္တယ္"

"ဟုတ္ၿပီ၊ မင္းဘက္က ေသခ်ာျပန္ေျဖလို႔ ပန္၀မ္း ေနာက္တစ္ခြန္းပဲထပ္ေမးမယ္။ ဒါေျဖၿပီးရင္ ထမင္းသြားစားၿပီး အနားယူလိုက္ေခ်"

သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔က ေနာက္ဆံုးေမးခြန္းကို ဆက္ေမးလာ၏။

"ဖန္ရွင္းပုလဲက မင္းတို႔ေခ်ာင္ယာနဲ႔ ဘယ္လိုဆက္စပ္ေနတာလဲ။ ဘာလို႔ တခ်ိဳ႕လူေတြနဲ႔ေတြ့ရင္ အေရာင္လင္းလာတာလဲ"

"ဘာ....ဖန္ရွင္းက မင္းလက္ထဲမွာလား"

အားစစ္ အေတာ္ပင္ ထိတ္လန္႔တုတ္လႈပ္သြား၏။သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ-

"သတင္းၾကားဖူးရံုပါပဲ"

အားစစ္က သက္ျပင္းခ်ၿပီးမွ ျပန္ေျပာလာ၏။

"ဖန္ရွင္းပုလဲက ေခ်ာင္ယာရဲ့ အထြဋ္အျမတ္ပစၥည္းတစ္ခုပဲ။ ကြၽန္ေတာ္တို႔ေတာင္ တစ္ခါမွမျမင္ဖူးဘူး၊ အေရာင္လင္းတဲ့ကိစၥ သိဖို႔ဆို ေဝလာေဝးေသး"

သြမ့္ပိုင္ယြဲ႔လည္း ၿပံဳးၿပီးထရပ္လိုက္သည္။

"ေကာင္းၿပီ။ မင္း ဒီမွာ ဆက္ေနလို႔ရတယ္။ က်န္တဲ့ အေပါင္းအပါေတြကိုေတာ့ ငါတို႔နဲ႔အတူတူ ျပန္လိုက္ေခၚမွာမလား"

"ေသခ်ာတာေပါ့"

သြမ့္ပိုင္ယြဲ႔လည္း သြမ့္ေန့ကို ေခၚလိုက္ကာ အားစစ္ႏွင့္အတူ က်န္လူမ်ားကို ေခၚလာဖို႔ လႊတ္လိုက္သည္။ ထိုႏွစ္ေယာက္ထြက္သြားေတာ့မွ သြမ့္ေယာင္လည္း တံခါးၾကားအေပါက္မွ ေခ်ာင္းေနကာ -

"ဘယ္လိုေနလဲဟင္"

"အမွန္လို႔ေတာ့ ထင္ရတာပါပဲ၊ဒါေပမယ့္ အမ်ားစုကိုေတာ့ လိမ္ေျပာထားတာ။ ေျပာသမ်ွထဲ တစ္ဝက္ပဲမွန္ရင္ေတာင္ ေတာ္ေတာ္ေကာင္းေနပါ့"

သြမ့္ေယာင္က ဆူပုပ္ပုပ္ႏွင့္ဆို၏။

"ဒီလူေတြက ယံုစားလို႔မရဘူးလို႔ ကြၽန္ေတာ္ေျပာသားပဲ"

"အနည္းဆံုးေတာ့ သူတို႔က ေခ်ာင္ယာလူမ်ိဳးျဖစ္ေနေသးတာပဲ။ ဒီေလာကႀကီးထဲ ဖန္ရွင္းပုလဲနဲ႔ ပတ္သက္မႈအရိွဆံုးကလည္း သူတို႔ေတြပဲရိွေတာ့တာေလ။ ေတြ့လိုက္ရတာ ေကာင္းပါတယ္၊ ၿမိဳ႔ေတာ္ကို ျပန္ေခၚသြားၿပီးခါမွ က်န္တာ ဆက္ေျပာၾကတာေပါ့ "

"ဒီလူေတြကို လိုခ်င္ေနတာ စစ္သူႀကီးရွန္
မလားဟင္"

သြမ့္ေယာင္က အတြင္းက်က် အဓိပၸာယ္ပါပါ ေမးလာ၏။သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ -

"မဟုတ္ဘူး။ ဧကရာဇ္ခ်ူကိုယ္ေတာ္တိုင္ပဲ"

အတူတူပဲဟာကို။ဧကရာဇ္ခ်ူက စစ္သူႀကီးရွန္ကို တာ၀န္ေပးတယ္၊ စစ္သူႀကီးရွန္က ေနာင္ေတာ့္ကို ထပ္ၿပီး တာ၀န္ေပးတယ္။

သြမ့္ေယာင္အၿပံဳးမ်ား လင္းလက္စင္ၾကယ္ေနလ်က္။

ေနာင္ေတာ္....ႀကိဳးစားထားေနာ္။ သြမ့္အိမ္ေတာ္ဘက္ကေတာ့ မဂၤလာပြဲက်င္းပေပးဖို႔ အခ်ိန္မေရြး အဆင္သင့္ပဲ။ ၀တ္ရံုအနီေတြဆိုလည္း အရီးေတာ္က်င္းက ႏွစ္တိုင္း၀ယ္ထားၿပီးသား။ အသားလည္း အိစက္ႏူးညံ့တယ္၊ တန္ဖိုးလည္း ျမင့္တယ္။ ဟီဟိ....

"ဘယ္လိုမ်က္ႏွာႀကီး လုပ္ျပေနတာလဲ"

သြမ့္ပိုင္ယြဲ႔က သူ႔ေခါင္းကို ေဒါက္ခနဲ ေခါက္လာ၏။

"သြားအိပ္ေတာ့"

"ဆုမခ်ေတာ့ဘူးလားဟင္"

သြမ့္ေယာင္မေက်နပ္ပါ။ သူ အမ်ားႀကီး စြမ္းေဆာင္ေပးခဲ့သည္ေလ။

သြမ့္ပိုင္ယြဲ႔က မရယ္ဘဲမေနႏိုင္ေတာ့။

"ဘာလိုခ်င္လို႔လဲ၊ ေျပာ"

"ေဗာဓိစိတၲသိုင္းက်င့္စဥ္!!!!!!!"

သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္သည္။

"အနည္းဆံုးေတာ့ ကြၽန္ေတာ္ျမင္ဖူးၾကားဖူးပါရေစ....ေနာ္လို႔"

သြမ့္ေယာင္က အစ္ကိုျဖစ္သူ၏ေျခေထာက္ကို ဖက္တြယ္ထားရင္း ေတာင္းဆိုလာျပန္၏။

"အဲ့က်င့္စဥ္က အရမ္းအႏၲရာယ္မ်ားတယ္။ မင္းကိုေပးမသိဘူးဆိုတာက မင္းေဘးကင္းဖို႔အတြက္ပဲ"

"ေနာင္ေတာ္ လိမ္ေျပာေနတာ။ အႏၲရာယ္ရိွတယ္ဆိုရင္ ဘာလို႔ ရွစ္ဖူးက ေနာင္ေတာ့္ကိုသင္ေပးမွာတုန္း"

သြမ့္ပိုင္ယြဲ႔လည္း ၾကမ္းေပၚ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ ညီငယ္ေလး၏ ပါးျပင္က္ို ခပ္ဖြဖြပုတ္လိုက္ၿပီး -

"အတြင္းဒဏ္ရာကုစားဖို႔ေလ ။တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္က် အဲ့က်င့္စဥ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့နည္းရိွလာရင္ေတာ့ မင္းကိုသင္ေပးပါ့မယ္"

လုပ္ျပန္ၿပီ။ သြမ့္ေယာင္ႏႈတ္ခမ္း ေထာ္လာ၏။

သြမ့္ပိုင္ယြဲ႔က သူ႔အား ဆြဲထူလိုက္ကာ

"အဲ့ထက္အေရးႀကီးတာက၊ အဲ့ဒီက်င့္စဥ္ကိုငါ က်င့္တာေတာင္ သိပ္မၾကာေသးဘူး၊ ယံုခ်င္ယံု မယံုခ်င္ေနပါ ။ ဒါေပမယ့္ ဒီေန့လုပ္ခဲ့တာကိုေတာ့ ဆုတကယ္ေပးရမယ္"

"အဲ့ေတာ့"

ေငြစကၠူေလာက္နဲ႔ေတာ့ တက္မလာနဲ႔ေနာ္။

"ေဗာဓိစိတၲသိုင္းက်င့္စဥ္ကို မေပးႏိုင္ေပမယ့္ လ်ဲ့ယြင္ကိုေတာ့ ေပးႏိုင္တယ္"

"လ်ဲ့ယြင္ ? အဲ့ဒါ ေနာင္ေတာ္ရဲ့ လက္စြဲေတာ္ဓားႀကီးေလ"

သြမ့္ေယာင္ အတန္ငယ္ တြန္႔ဆုတ္သြား၏။

"မင္းက ငါ့ထက္ ပိုထိုက္တန္တယ္"

သြမ့္ပိုင္ယြဲ႔က ခါးထက္မွ လက္စြဲေတာ္ဓားကို ျဖဳတ္ေပးလိုက္ကာ -

"မွန္းၾကည့္ရင္ မင္းလည္း ဆယ့္ငါးႏွစ္ေက်ာ္ၿပီး ဆယ့္ေျခာက္ႏွစ္ထဲ ၀င္လာၿပီပဲ။ မင္း သူ႔ကို လက္ခံထားလို႔ ျဖစ္ပါတယ္"

"မယူပါဘူးဆိုေန.....မယူဘူး"

သြမ့္ေယာင္က ေခါင္းတခါခါလုပ္ေနကာ -

"အဲ့ဓားက ခမည္းေတာ္ကိုယ္တိုင္ ေနာင္ေတာ့္အတြက္ အေမြအျဖစ္ ခ်န္ရစ္ခဲ့တာေလ။ ျမန္ျမန္ျပန္ယူထားလိုက္စမ္းပါ..."

"ခမည္းေတာ္ ငါ့ကိုေပးခဲ့တာဆိုတာကလည္း အဲ့အခ်ိန္က မင္းအရမ္းငယ္ေသးလို႔။ တိမ္ဟုန္ခြင္း လ်ဲ့ယြင္ဓားသိုင္းက အဆံုးအသတ္မဲ့ လ်င္ျမန္ေပါ့ပါးရတယ္ ၊ ဖ်တ္လတ္သြက္လက္ရတယ္။ မင္းနဲ႔မွ အလိုက္ဖက္ဆံုးျဖစ္ေနတာေလ"

"ဒါဆို ေနာင္ေတာ္ကေရာ"

သြမ့္ပိုင္ယြဲ႔က ဓားတစ္ေခ်ာင္းကို အခန္းထဲမွ ယူထုတ္လာသည္။

သြမ့္ေယာင္ - "......"

"ဒီဟာပဲသံုးမယ္ေလ....ဘယ္လိုလဲ"

သြမ့္ေယာင္က ခ်က္ခ်င္းေမးလာသည္။

"အဲ့ဓားက ရွစ္ဖူးအရင္တစ္ေခါက္မေသခင္တုန္းက ေနာင္ေတာ့္ကို အတန္တန္မွာခဲ့တဲ့ သံအိုသံေဟာင္းႀကီးမလား။ ေနာက္ႏွစ္ႏွစ္သံုးႏွစ္ေနမွ ျပန္သြားတူးေခ် ဆိုတဲ့ဟာ"

သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္လိုက္၏။

"ေနာင္ေတာ္ကလည္း.....ကြၽန္ေတာ္ေျပာတာကို ယံုစမ္းပါ။ အဲ့ဟာက ဘာအသံုးမွမက်တဲ့ သံေခ်ာင္းသာသာေလာက္ပဲရိွတယ္ဆိုေန"

သြမ့္ေယာင္ကလည္း ဇြဲလံုး၀မေလ်ွာ့ဘဲ ဆက္၍ ဖ်န္ေျဖလာ၏။

"ေနာင္ေတာ္က မေနႏိုင္လို႔ သဲစကၠူနဲ႔ တိုက္ခြၽန္ရင္ေတာင္ အနည္းဆံုးေတာ့ ၀င္းလက္ေတာက္ေျပာင္ေနတဲ့ သံတံုးႀကီးေလာက္ပဲျဖစ္မွာ"

သြမ့္ပိုင္ယြဲ႔က ထိုစကားကိုၾကားေတာ့ မရယ္ဘဲမေနႏိုင္ေတာ့၊ ထို႔ေနာက္ လ်ဲ့ယြင္ဓားကို သြမ့္ေယာင္လက္ထဲ အပ္ႏွင္းလိုက္ၿပီး -

"လိမ္လိမ္မာမာနဲ႔သာ ယူထားစမ္းပါ"

သြမ့္ေယာင္ စိတ္မ်ားေထျြပားေနသည္။

"သြားအိပ္ေတာ့ ၊ သြား..."

သြမ့္ပိုင္ယြဲ႔က ညီျဖစ္သူ၏ေခါင္းကို ခပ္ဖြဖြ ပုတ္ၿပီးေနာက္ မိမိအိပ္ခန္းသို႔ ျပန္သြားေလသည္။

သြမ့္ေယာင္လည္း လ်ဲ့ယြင္ဓားကို ရင္၀ယ္ပိုက္ကာ အတန္ၾကာထိုင္ေနၿပီးမွ သလြန္ေပၚ တက္ထိုင္လာ၏။

ငယ္စဥ္ကေလးဘ၀တုန္းက ဤဓားကို သူ တကယ္ကိုပင္ အင္မတန္လိုခ်င္ေနခဲ့ေသာ္လည္း ေနာင္ေတာ္ျဖစ္သူကသာ ႏွစ္ေပါင္းမ်ားစြာ ကိုယ္ႏွင့္မကြာ သြားေလရာ ယူေဆာင္သြားတတ္သည္။ ယခု မိမိအား အပိုင္ေပးမည္ဟုဆိုကာ ခ်က္ခ်င္းႏွင္းအပ္လာျပန္တာ့ အရင္အေၾကာင္းေတြကိုေရာ၊ ေနာင္အနာဂတ္ကိုပါ အ​မ်ိဳးမ်ိဳး ေအာက္ေမ့ေတြးေတာကာ အိပ္လို႔မေပ်ာ္။ထို႔ေၾကာင့္ လဲေလ်ာင္းရာမွ ျပန္ထကာ ဓားအိမ္ထဲမွ ဓားကို ဆီမီးေရာင္ေအာက္၌ ဆြဲထုတ္ကာၾကည့္ရႈေနေလသည္။

******

ညဥ့္သန္းေခါင္ေက်ာ္ေတာ့မွ သြမ့္ေန့လည္း က်န္ေသာလူမ်ားကို တည္းခိုေဆာင္သို႔ ေခၚေဆာင္လာခဲ့သည္။ သူရိယစႏၵာေတာင္စခန္းကလူမ်ားသည္လည္း ေနာက္မွ တိတ္တဆိတ္ လိုက္ပါေစာင့္ေရွာက္ေပးၾကသည္။ တည္းခိုေဆာင္သို႔ ေဘးမသီရန္မခ ျပန္ေရာက္ေတာ့မွသာ သူရိယစႏၵာေတာင္စခန္းသို႔ ျပန္ရန္ ႏႈတ္ဆက္ထြက္ခြာသြားၾကေလသည္။

ကံေကာင္းသည့္အခ်က္တစ္ခ်က္မွာ ဤတည္းခိုေဆာင္တစ္ခုလံုးကို သြမ့္ပိုင္ယြဲ႔ အပိုင္ ငွားရမ္းထားျခင္းျဖစ္ေပရာ ေနာက္ထပ္ လူဆယ္ေယာက္ေက်ာ္ေက်ာ္ထပ္တိုးလာသည္ေတာင္ ေနရာအမ်ားႀကီးလြတ္ေနဆဲပင္။

ထိုအရႈပ္အေထြးမ်ား အားလံုးၿပီးေတာ့ မိုးေသာက္ယံပင္ ေရာက္လာၿပီျဖစ္သည္။
အရင္တုန္းက ထိုေခ်ာင္ယာမ်ားကလည္း ပုန္းလ်ိႈးကြယ္လ်ိႈးေနခဲ့ရကာ တစ္ညမွ ႏွစ္ၿခိဳက္စြာ အိပ္စက္ရသည္ဟူ၍မရိွ။ ယခုမူ ဧကရာဇ္ခ်ူ၏ လူမ်ားကိုယ္တိုင္ လာေရာက္ေခၚေဆာင္ေသာေၾကာင့္ တည္းခိုေဆာင္သို႔ ေရာက္ေရာက္ခ်င္း ဘာအေရးကိစၥကိုမွ မေတြးအားေတာ့ဘဲ အိပ္ယာေပၚ ေခါင္းခ်
သည္ႏွင့္ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၾကသည္မွာ ေနာက္ေန့ မြန္းတည့္သည္ထိ မႏိုးၾကေသးဟုပင္ ဆို၏။

*****

"အဲ့ဒီလူေတြကို ၀မ္ရယ္ ရွာေတြ့ၿပီဆို..."

က်င့္လ်ိဳထ်ဲန္းဘက္က ၪီးစြာ စကားစလာ၏။သြမ့္ပိုင္ယြဲ႔လည္း ၿပံဳးလိုက္ကာ -

"ၿမိဳင္နန္းသခင္ကေတာ့ တကယ္ပဲ သတင္းရတာ ျမန္ပါ့ေရာ ။ ဒါေပမယ့္ အဲ့ဒီလူေတြက အခု ပန္၀မ္းလက္ထဲ ေရာက္ေနမွေတာ့ သူတို႔အသက္ကိုႏႈတ္ယူခ်င္တဲ့ကိစၥက ထင္သေလာက္ လြယ္ကူမွာမဟုတ္ေပဘူး"

"သိုင္းေလာကရဲ့ထံုးတမ္းစဥ္လာအရ အလုပ္လာကမ္းလွမ္းတဲ့လူ ေသဆံုးသြားရင္ေတာင္ ေျပာဆိုခဲ့ၾကတဲ့ကိစၥကိုေတာ့ ၿပီးေအာင္ ေဆာင္ရြက္ေပးရပါတယ္"

သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္လိုက္ကာ -

"ပန္၀မ္းသိၿပီးသားပါေလ။ ဒီကိုေရာက္လာတာကလည္း အဲ့ဒီလူေတြက ပန္၀မ္းလက္ထဲမွာရိွတဲ့အေၾကာင္း ၿမိဳင္နန္းသခင္က်င့္ကို လာၿပီးအသိေပးရံုတင္ပါ။ အျပင္ကို သတင္းလႊင့္မလား၊ မလႊင့္ေတာ့ဘူးလားဆိုတဲ့ကိစၥ၊ ဘယ္လိုလႊင့္မလဲဆိုတဲ့ကိစၥကိုေတာ့ ၿမိဳင္နန္းသခင္ အလိုရိွသလိုသာ လုပ္လိုက္ပါ"

က်င့္လ်ိဳထ်ဲန္းက ၿပံဳးလိုက္ရင္းဆို၏။

"၀မ္ရယ္ကေတာ့ တကယ္ကို စိတ္သေဘာထားက်ယ္ျပန္႔ၿပီး တည့္တိုးေျပာတတ္တဲ့လူေပပဲ"

"ပန္၀မ္းမွာ တျခားအေရးႀကီးကိစၥ လုပ္စရာရိွေသးတယ္။ အစက ယြီရႉးကိစၥကို စံုစမ္းမယ္ႀကံထားေသးတာကို အခုေတာ့ ပန္၀မ္း ကိုယ္တိုင္ကိုယ္က် လိုက္စံုစမ္းလို႔ အဆင္မေျပေတာ့ဘူး။ ဒါေပမယ့္ ၿမိဳင္နန္းသခင္က်င့္ကို ကတိက၀တ္ျပဳထားတာမို႔ စံုစမ္းရာမွာ အကူအညီေပးဖို႔ ပန္၀မ္းလူတစ္ခ်ိဳ႕ကို ဒီၿမိဳ႔မွာ ခ်န္ထားေပးခဲ့ပါ့မယ္"

က်င့္လ်ိဳထ်ဲန္းလည္း ေခါင္းညိတ္လိုက္ကာ -

"ပန္၀မ္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီလိုမ်ိဳး အေဝးႀကီးကို ျပန္ၿပီးလိုက္မပို႔ႏိုင္တဲ့အတြက္လည္း ေတာင္းပန္ပါတယ္"

သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔လည္း လွည့္ျပန္သြားသည္။ က်င့္လ်ိဳထ်ဲန္းလည္း သြမ့္ပိုင္ယြဲ႔တစ္ေယာက္ မိမိျမင္ကြင္းမွ ေပ်ာက္သြားသည္ဟု ေသခ်ာေတာ့မွ လူယံုေတာ္တစ္ေယာက္ကို လက္ယက္ကာ ေခၚလိုက္သည္။

ထိုေန့ ေန့လယ္ခင္းေရာက္ေတာ့ သိုင္းေလာကတစ္ခြင္ကလူမ်ားကလည္း ထိုစုန္းမိစၧာလူမ်ိဳးစုကို လူတစ္စုမွ ၾကားျဖတ္လုယူလိုက္ေၾကာင္း သတင္းကို ရလိုက္ၾကသည္။ယခုေတာ့ ေျမာက္ဘက္ကို ၪီးတည္ကာ နန္းေတာ္သို႔ ၪီးတည္ၿပီးသြားေနၾကသည္ဟု ေျပာ၏။ သို႔ေသာ္ ထိုအျဖစ္မွာ မည္သည့္အခ်ိန္ကျဖစ္ခဲ့မွန္း၊ မည္မ်ွ ၾကာေညာင္းေနၿပီျဖစ္မွန္း အခ်က္အလက္ စံုစံုလင္လင္မသိရေသး ဟု ဆို၏။

သို႔ႏွင့္ တစ္ခဏအတြင္းမွာပင္ ၿမိဳ႔တြင္း၌ ေကာလာဟလမ်ိဳးစံု ေပၚထြက္လာေလကာသိုင္းသမားတို႔ကလည္း ေျမာက္အရပ္ကို ၪီးတည္ၿပီး လိုက္သြားၾကေလသည္။ ယြီရႉး ေသဆံုးသြားၿပီဟုဆိုေသာ္လည္း ေဖးလြမ္ၿမိဳင္နန္းကို အခေၾကးေငြအျဖစ္ ေပးထားေသာ ေရႊတံုးမ်ားရိွေနသေရြ့ အလုပ္ကိစၥမွာ မၿပီးျပတ္ေသးဟု ယူဆၾကေသာေၾကာင့္ပင္ျဖစ္၏။

****

ေနာက္သံုးရက္ၾကာေတာ့မွ သြမ့္ပိုင္ယြဲ႔က လူေရာျမင္းပါ  အားလံုးကို အပါေခၚကာ လမ္းသြယ္ေလးမ်ားမွတစ္ဆင့္သာ ေရႊၿမိဳ႔ေတာ္သို႔ ျပန္လာခဲ့သည္။ လမ္းမႀကီးထက္စာလ်ွင္ ရက္ေပါင္းမ်ားစြာ ပို၍ၾကန္႔ၾကာသည္မွန္ေသာ္လည္း အႏၲရာယ္ အေနွာင့္အယွက္ ပို၍ကင္းရွင္းခဲ့သည္။  ခဏခဏ ငိုယိုေနတတ္ေသာ ရင္ခြင္ပိုက္အရြယ္ ကေလးမေလးရိွေနသည္က လြဲလ်ွင္ေပါ့။
ပိုဆိုးသည္မွာ ထိုအမ်ိဳးသမီးက ကေလးအား ႏို႔တိုက္စရာ ႏို႔ခ်ိဳပင္မရိွ။

သြမ့္ေယာင္တစ္ေယာက္ ရုပ္အဆင္းေျပျပစ္ကာ ခ်စ္ဖို႔ေကာင္းရံုတင္မက အေျပာအဆိုပါ ခ်ိဳသာ၍ ေတာ္ေသးသည္။ သို႔ႏွင့္ သြမ့္ေယာင္ကပင္ အခ်ိဳ႕ရြာသူရြာသားမ်ားထံမွ ႏြားႏို႔ဆန္ျပဳတ္မ်ား ေတာင္းခံယူ၍ရလာကာ ထိုကေလးငယ္ကို ၀၀လင္လင္ ေကြၽးေမြးထားႏိုင္ခဲ့ေပသည္။

ၿမိဳ႔ေတာ္သို႔ ျပန္ေရာက္ေတာ့ ညဥ့္နက္ေနေခ်ၿပီ။သြမ့္ပိုင္ယြဲ႔လည္း ပါလာေသာလူမ်ားကို တည္းခိုေဆာင္၌ ေနရာခ်ေပးလိုက္သည္။ ထိုအမ်ိဳးသမီးကေတာ့ မေက်မနပ္ ေစာဒကတက္လာျပန္၏။

"ဘာလို႔ ကြၽန္မတို႔ကို နန္းေတာ္ထဲ ခုခ်က္ခ်င္းလိုက္မပို႔တာလဲ"

"ေၾသာ္....ဒီလိုညဥ့္အခ်ိန္မေတာ္ႀကီးမွာ ဧကရာဇ္ခ်ူကို စက္ေတာ္ေခၚေနရာကေန ထခိုင္းရေလာက္ေအာင္ မင္းဆီမွာ ဘယ္ေလာက္မ်ား အဖိုးတန္တဲ့ သတင္းေတြ ရိွေနလို႔လဲ"

သြမ့္ပိုင္ယြဲ႔ တန္ျပန္ေမးခြန္းထုတ္လာေတာ့ သူမ မည္သို႔မွ ျပန္မေျဖႏိုင္ဘဲ စကားမ်ားကို ၿမိဳသိပ္ကာ ျပန္သြားေလသည္။

သြမ့္ပိုင္ယြဲ႔ကေတာ့ ၿပံဳးရႊင္ေနကာ ကိုယ္ပိုင္အခန္းထဲ ၀င္သြားၿပီး ကိုယ္လက္သန္႔စင္ကာ အ၀တ္အစားသစ္မ်ားလဲၿပီး အျပင္ထြက္သြားေလ၏။

သြမ့္ေယာင္က တံခါးကိုမွီရင္း မိမိေနာင္ေတာ္ျဖစ္သူကို ၾကည့္ေနကာ ႏႈတ္ခမ္းဆူေနလ်က္။

သြမ့္ပိုင္ယြဲ႔က သူ႔ေခါင္းကို ေဒါက္ခနဲ ေခါက္လိုက္ၿပီးေနာက္ နန္းေတာ္ထဲသြားရန္ တည္းခိုေဆာင္ေအာက္ထပ္သို႔ ဆင္းသြားေလၿပီ။

****

ခ်ူယြမ္လည္း အိပ္ခန္းေဆာင္အတြင္း စံပယ္ရင္း စာဖတ္ေနသည္။ ငိုက္ျမည္းျခင္း အလ်ဥ္းမရိွ။ရွစ္ဇီကုန္းကုန္းသည္လည္း အိပ္ေမာက်ေနေခ်ၿပီ။ တစ္ခါတစ္ရံ ကင္းလွည့္ေနေသာ အေစာင့္ရဲမက္မ်ား၏ ေျခသံမ်ားသာ ၾကားရၿပီး ၊ ပတ္၀န္းက်င္တစ္ခြင္ ျပတိတ္ဆိတ္ၿငိမ္သက္ေနေလသည္။

သြမ့္ပိုင္ယြဲ႔လည္း ရင္းႏွီးကြၽမ္း၀င္ေနၿပီျဖစ္ေသာ တံခါးႏွင့္ လမ္းၾကားမ်ားမွတစ္ဆင့္ နန္းေတာ္ထဲ ၀င္ေရာက္လာ၏။ နန္းေတာ္တံတိုင္းကလည္း ခုန္ေက်ာ္ရလာဖန္မ်ားေတာ့ သိပ္အခက္အခဲျဖစ္မေနေတာ့၊ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ အင္မတန္မွ အေတြ့အႀကံဳမ်ားေနၿပီျဖစ္သည္။

ခ်ူယြမ္ ခ်က္ခ်င္းပင္ တုန္လႈပ္သြား၏။

သြမ့္ပိုင္ယြဲ႔လည္း တံခါးကို လွစ္ဟၿပီး ၀င္ေရာက္လာေသာ္ ခ်ူယြမ္က သူ႔အား ၾကည့္ေနေလ၏။

"ကိုယ္ ျပန္ေရာက္လာၿပီေနာ္"

ခဏၾကာေတာ့မွ ခ်ူယြမ္က အံ့ၾသေနဆဲျဖစ္ဟန္ႏွင့္ ဆိုလာ၏။

".....ဒီေလာက္ ျမန္တယ္လား"

"မင္းအတြက္ ျမန္တယ္ဆိုေပမယ့္ ကိုယ့္အတြက္က ၾကာလြန္းေနၿပီကို...."

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အနား လာထိုင္ၿပီးမွ ဆက္ေျပာ၏။

"ေခ်ာင္ယာကလူေတြကို ရွာေတြ့ၿပီးသြားၿပီ၊ အခု ယြဲ႔လိုင္တည္းခိုေဆာင္မွာ ထားထားတယ္။ မနက္ျဖန္ ေနေအးေတာ့မွပဲ မင္းဆီ ေခၚလာေတာ့မယ္"

"ဘာလို႔ မနက္ျဖန္မွလဲ။ ခုခ်က္ခ်င္း ေခၚလာလို႔လည္းျဖစ္တယ္ေလ"

ခ်ူယြမ္က ေျပာေျပာဆိုဆို သလြန္ေတာ္ထက္မွဆင္းကာ ေျခနင္းေတာ္ကို စီးရန္အျပဳ သြမ့္ပိုင္ယြဲ႔က ထိုေစာင္ပံုမွ ထြက္လာေသာ ထိုေျခသြယ္သြယ္အား အခ်ိန္မီ ကိုင္တြယ္ တားဆီးထားႏိုင္ေလသည္။

ခ်ူယြမ္က သူ႔အား တစ္ခ်က္ ရိုက္လာ၏။

သြမ့္ပိုင္ယြဲ႔ကလည္း ေရွာင္မေနေပ။ ထိုေျခေထာက္မ်ားကို ေစာင္ပံုၾကားထဲ ျပန္သြင္းထည့္လိုက္ကာ -

"မေတြ့ရတာ အၾကာႀကီးရိွေနၿပီကို...ကိုယ့္ကို ေျပာျပခ်င္တဲ့စကားေလးမ်ား မရိွဘူးလား"

ခ်ူယြမ္က ေစာင္ကိုပိုက္ကာ နံရံနားကပ္ထိုင္ၿပီး ဆို၏။

"မရိွဘူး"

အခန္းထဲတြင္ ေလအနည္းငယ္တိုက္ခတ္ၿပီး ေအးေနသျဖင့္ သြမ့္ပိုင္ယြဲ႔လည္း ေလသာ
ျပတင္းေပါက္ကို ထပိတ္မည္အျပဳ လမ္းခု
လတ္မွာတင္ ေျခလွမ္းမ်ား တံု႔ခနဲရပ္သြား၏။

"ေမဟြားပင္ေရာ"

"တူးထုတ္ပစ္လိုက္ၿပီ"

သြမ့္ပိုင္ယြဲ႔မွာ ရယ္ရခက္ငိုရခက္ျဖစ္ေခ်ၿပီ။

"ဒီတစ္ေခါက္ေတာ့ တကယ္ အစြပ္စြဲခံရတာပါေနာ္။ ကိုယ္ ဘာမွလည္း မလုပ္မိဘဲနဲ႔ ဘာလို႔ ထပ္ၿပီး တူးထုတ္လိုက္ျပန္ၿပီတုန္း"

ခ်ူယြမ္က ဘာမျွပန္မေျပာဘဲ အေပၚမ်က္ႏွာက်က္ကိုသာ ေငးၾကည့္ေန၏။

တူးထုတ္ခ်င္စိတ္ေပါက္ရင္ တူးထုတ္ခိုင္းမွာေပါ့....လုပ္ခ်င္လို႔ကို လုပ္တာ။

အဲ့ေတာ့ မင္း ငါ့ကို ဘာလုပ္ခ်င္လဲ.....
ငါကိုယ္ေတာ္ျမတ္ကို ဘာလုပ္ခ်င္လဲလို႔။

********

Thz for reading, giving stars and leaving postive-vibed lovely comments.

2020.06.03

(Chitchat time)

ဘယ္သူက Gong ၊ ဘယ္သူက Shouဆိုတာ
ေျပာျပေပးပါၪီးလို႔ လာေမးတဲ့လူ သံုးေလးေယာက္ေလာက္ ရိွပါတယ္။ လာေမးတဲ့လူေတြကိုလည္း အိုင္ အရမ္း ခ်စ္ပါတယ္။ အေၾကာင္းကေတာ့ အိုင္လည္း အဲ့ဒီေမးခြန္း ၾကားခ်င္ေနလို႔ပါပဲ ၊ ဘူးထြားဟားဟား။

ေျဖမလို႔ လာေျပာျပေနတာလားဆိုေတာ့လည္း မဟုတ္ပါဘူး....ေျပာျပခ်င္ရင္ ဇာတ္ေကာင္မိတ္ဆက္ကတည္းက ေျပာျပၿပီးေရာေပါ့၊ အိုင္က တမင္သက္သက္ႀကီးကို ဒီအေၾကာင္း ခ်န္ထားခဲ့တာပါ....ဟီဟိ....။

********

Continue Reading

You'll Also Like

22.9K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
70.7K 9.8K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
451K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...