[ဖေးလွမ်မြိုင်နန်းသခင်]
ဖန်ရှင်းပုလဲမှာ ထူပူကျဲ့၏ ေ၀းရာသို့ရောက်သည်နှင့် အရောင်တဖြည်းဖြည်း မှေးမှိန်သွားကာ နောက်ဆုံးတော့ မူလပကတိ မှိန်ဖျော့ဖျော့အရောင်သာ ကျန်နေတော့လေသည်။
သွမ့်ပိုင်ယွဲ့က ထိုပုလဲကို လက်ထဲဆုပ်ကိုင်ထားပြီး အိပ်ယာထက်လဲလျောင်းရင်း အတွေးများ ရှုပ်ထွေးနေ၏။ ငိုက်မြည်းခြင်းအလျဥ်းပင်မရှိဘဲ အပေါ်မျက်နှာကျက်သို့သော ငေးကြေည့်နေသည်။သန်းခေါင်ကျော်သွားသည်တောင် အိပ်မပျော်သေးသဖြင့် တည်းခိုဆောင်အပြင်ဘက်ထွက်လာပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန် ထွက်ခဲ့သော်လည်း သူမသိလိုက်ခင်မှာပင် နန်းတော်အ၀င်၀သို့ ရောက်လာခဲ့ပြီဖြစ်သည်။
ရင်းနှီးကျွမ်း၀င်လှသော အ၀င်လမ်း။
ခါတိုင်းလိုပင် အစောင့်တပ်သားလည်း သိပ်မများပေ။
ခြေသံကြားတော့ ချူယွမ် မျက်လုံးများ ပွင့်ဟလာသည်၊ သို့သော် ဘာဆိုဘာမှ မပြော။
သွမ့်ပိုင်ယွဲ့က သလွန်တော်ထက် တစောင်းထိုင်လိုက်ကာ -
"ကိုယ်မှန်း သိနေတယ်လား"
ချူယွမ် သူ့အားမော့ကြည့်လာ၏။
"ဘာဖြစ်ထားတာလဲ"
"ဘာမှမဟုတ်ဘူး။အိပ်လို့မပျော်ရုံတင်"
ချူယွမ်က ပြုံးလိုက်ကာ -
"အိပ်မပျော်တာနဲ့ပဲ သူများအိပ်ချိန်ကို လာနှောင့်ယှက်တယ်ပေါ့"
"ကိုယ် အရက်ပါယူလာတယ်"
ချူယွမ်က ထထိုင်လိုက်သည်။
"ဘာအရက်လဲ"
"ယွင်ကွမ်းအရက်၊ အတော်လေးတော့ ပြင်းတယ်"
"မငိးကိုယ်တိုင် ချက်ထားတာလား"
ချူယွမ်က သူ့ဆီ လက်လှမ်းလာတော့ သွမ့်ပိုင်ယွဲ့ကလည်း အရက်ထည့်ထားသော သားရေအိတ်၏ အဖုံးကို ဖွင့်ပေးလိုက်သည်။
ချူယွမ်က တစ်ကျိုက်မျှ မြည်းကြည့်လိုက်ပြီးနောက် မျက်နှာမဲ့သွားကာ -
"ဒီလိုအရက်မျိုးက များများမသောက်ကောင်းဘူး၊ ကျန်းမာရေးထိခိုက်လိမ့်မယ်"
"အင်း၊ အဲ့ဒါကြောင့် ဒီလောက်ပဲယူလာခဲ့တာ။ အိပ်မပျော်ဘဲ ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေရင် စိတ်သောကတွေတော့ ပြေစေလောက်တယ်"
"မသောက်ရဘူး၊ နောင်လည်း မသောက်ရဘူး"
"အင်း ရတယ်လေ"
သွမ့်ပိုင်ယွဲ့ ဘာမှ ဆက်မငြင်း။ အစကတည်း
က အရက်သောက်ဖို့အတွက် သူလာခဲ့ခြင်းမဟုတ်။
ချူယွမ်က ထိုသားရေအိတ်ကို ပြန်ချထားလိုက်ကာ-
"ပြောပါ။မင်း ကိစ္စတစ်ခုခု ပြောပြချင်နေတာ ရှိနေတယ်မလား"
"အင်း....ဖန်ရှင်းက ထပ်ပြီး လင်းလာပြန်ပြီ"
သွမ့်ပိုင်ယွဲ့က လေးလေးပင်ပင်နှင့် နှိုင်းဆချင့်ချိန်ပြီးဆိုလာ၏။ ချူယွမ်လည်း အံ့သြသွားကာ -
"ဘာလို့လဲ။ ဖန်ရှင်းက မင်းကို အသိအမှတ်ပြုလိုက်ပြီလား"
"......"
ထိုထူပူကျဲ့အကြောင်း သူ ဆက်မပြောချင်ပါလေ။
"အဲ့ဒီတော့ မကောင်းလို့လား"
"မကောင်းတာတော့မဟုတ်ဘူး၊ ဒါပေမယ့် စိတ်ထဲ မပျော်ဘူးကွာ"
သွမ့်ပိုင်ယွဲ့က ခေါင်းကိုက်စွာနှင့် ဖြစ်သမျှအကြောင်းစုံကို ရှင်းပြလေ၏။
ချူယွမ် - "....."
"ကိုယ် ဒီကိစ္စကို သေချာ စုံစမ်းရမယ်"
ချူယွမ်က စဥ်းစားချင့်ချိန်လိုက်ကာ ပြော၏။
"ဒီလိုဆိုရင်တော့ ငါရော၊ မင်းရဲ့ အဲ့ဒီအမျိုးရောက ချောင်ယာလူမျိုးနဲ့ တွေ့ဆုံဖူးတာချင်း တူလို့ပဲနေမှာပါ"
"သူက ကိုယ်နဲ့ အမျိုးမဟုတ်ဘူးဆိုနေ"
သွမ့်ပိုင်ယွဲ့က ချက်ချင်း ငြင်း၏။ ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ဘတ်အား တစ်ချက်ရိုက်လိုက်ကာ -
"နောက်ကပြောတဲ့စကားကိုပဲ အာရုံစိုက်လေ"
"အင်း၊ အဲ့လိုလည်း ဖြစ်နိင်ပါတယ်"
ထိုသို့တွေးတော့မှ သွမ့်ပိုင်ယွဲ့ စိတ်သက်သာရာရသွားသည်။
ထို့နောက် ချူယွမ်က ဆက်ဆို၏။
"ဒါဆိုရင် ဟိုနေ့က ဆိုက်ဖန်းအန်းပြောတဲ့ ၊ ဖန်ရှင်းကိုလင်းအောင်လုပ်နိုင်တဲ့လူမှန်သမျှ ချောင်ယာမှာသေပြီဆိုတဲ့စကားက နည်းနည်းတော့ ဆက်စပ်မှုရှိလာပြီ......။ သြော်၊ ဟုတ်သားပဲ.....နောက်ကိစ္စတစ်ခုရှိသေးတယ်။ မအိပ်ခင် လူလွှတ်ပြီး ငါစုံစမ်းခိုင်းတော့ ဆန်းနန်ကျိုးကိုအုပ်ချုပ်နေတဲ့မြို့စားနာမည်က ယွီရှူးတဲ့၊ သူက ဒီရာထူးရောက်ဖို့ တစ်ဆင့်ချင်းတက်လှမ်းလာခဲ့တဲ့လူပဲ၊ ဘာမှ ထူးထူးခြားခြား စွမ်းဆောင်ထားတာလည်း ရှိသလို ဘာအပြစ်ကြီးကြီးမားမားမှလည်း လုပ်မထားဖူးဘူး၊ မှတ်တမ်းမှတ်ရာအရတော့ ဘာမှရှာမတွေ့ဘူး"
"ယွီရှူး.....ဟုတ်ပြီ၊ ကိုယ် စုံစမ်းလိုက်မယ်"
ချူယွမ်က သလွန်တော်ခေါင်းရင်းအား ကျောမှီလိုက်ကာ ပြောလာ၏။
"မျက်လုံးကြောင်သွားပြီ၊ ဆက်မအိပ်ချင်တော့ဘူး။ ဘာအကြောင်း ဆက်ပြောကြရင် ကောင်းမလဲ"
"လာနှောင့်ယှက်ခံရလို့ နိုးသွားတာကို စိတ်မဆိုးဘူးလား"
ချူယွမ်က ရယ်ချင်သွားကာ -
"ကလေးမှမဟုတ်တော့တာကို"
"သြော်၊ အဲ့လိုကိုး"
သွမ့်ပိုင်ယွဲ့က ချူယွမ်နား တိုးကပ်လာကာ
ဆက်အြော၏။
"ဒါဆို လူကြီးလုပ်တဲ့ဟာတွေ လုပ်ကြည့်ကြရအောင်လေ"
ချူယွမ်က အိပ်ယာပေါ် မှောက်လျက်လဲပြီး ပျင်းရိလေးတွဲ့စွာဖြင့် - "ရှစ်...."
သွမ့်ပိုင်ယွဲ့ - "ဇီ...."
ချူယွမ်က စောင်ပုံကြား ခေါင်းတိုးေ၀ှ့ပြီး ဟက်ဟက်ပက်ပက် ရယ်မောနေလေ၏။ သွမ့်ပိုင်ယွဲ့လည်း ချူယွမ်ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း လိုက်ရယ်လေနေသည်။
ချူယွမ်ကို ဒီလို ရွှင်လန်းပေါ့ပါးသောပုံစံမျိုးမြင်ရတော့ သူ့နှလုံးသားလည်း ပြန်လည်ရွှင်ပျ လန်းဆန်းလာသလိုပင်။
ချူယွမ်က အားရအောင်ရယ်ပြီးနောက် မျက်နှာများပင်နီရဲလာကာ ပြောပြလာသည်။
"တကယ်တော့ ရှစ်ဇီ အိပ်ပျော်သွားတာကြာပြီ။ နောက်ဆို လူပြောင်းပြီးခန့်ထားမယ်၊ မင်းကို အပယ်ခံနန်းလိုက်ပို့ဖို့ အထူး ခန့်အပ်ထားမယ့်လူမျိုး ခန့်အပ်ထားမယ်"
"အပယ်ခံနန်း မသွားချင်ပါဘူး၊ ဒီထဲမှာပဲ မင်းနားမှာပဲ တွယ်ကပ်ပြီးတော့ကို နေမှာ"
သွမ့်ပိုင်ယွဲ့က သူ့အား သေချာငေးကြည့်ရင်း ဆက်ဆို၏။
"ရှီးနန်ပြန်သွားခဲ့ရင် ဘယ်တော့မှ ဒီမျက်နှာကို ထပ်မြင်ရမလဲဆိုတာ သေချာမသိရဘူးလေ"
ချူယွမ် မျက်နှာ သိသိသာသာ ပျက်ယွင်းသွားလေ၏။
"အင်းပါ၊ အင်းပါ ။ ဒီကိစ္စ ဆက်မပြောတော့ဘူး.....အိပ်တော့ ၊ ကိုယ် အဖော်လုပ်ပေးမယ်"
ပြောပြောဆိုဆို ချူယွမ်နား လဲလျောင်းလိုက်လေရာ ချူယွမ်က တိုးလျစွာ မေးလာ၏။
"ဘယ်တော့ပြန်မှာလဲ"
"အနည်းဆုံး ဖန်ရှင်းနဲ့ချောင်ယာကိစ္စကို ရှင်းရှင်းလင်းလင်း သိအောင်စုံစမ်းပြီးမှ ပြန်မယ်။ ယွီ့ကွမ်းတောင်နဲ့ လန်ယီကျန့်ကိစ္စလည်း ကျန်သေးတယ်။ ဆိုက်ဖန်းအန်းက ဖန်ရှင်းစစ်တုရင်ကွက်ကိုတောင်ထုတ်ပြီး မျှားခေါ်တာဆိုတော့ အဲ့လူက တကယ် ဖန်ရှင်းပုလဲနဲ့ ပတ်သက်နေတာပဲ"
"အချိန်ဘယ်လောက်ယူမှာလဲ"
"မပြောတတ်ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်၏ လက်ကိုဆွဲယူပြီး နှုတ်ခမ်းနားတေ့ထားကာ ဆို၏၏
"အမြန်ဆုံးဆို သုံးလငါးလ၊ နှေးရင် သုံးနှစ်ငါနှစ်၊ အဲ့ထက်ကြာမယ်ဆို ငါးနှစ်ဆယ်နှစ်။ အဲ့အချိန်ရောက်ရင် ရှီးနန်၀မ်လည်း ဖြစ်မနေတော့ဘူး၊ မင်းကို မြင်းပေါ်တင်ခေါ်ပြီး တောတောင်ရေမြေ ပန်းမာန်သစ်ပင်အလှတွေကိုပဲ ရှုစားခိုင်းမယ်။ မင်း ဆယ်နှစ်ကျော်ကျော် ဆုံးရှုံးသွားတဲ့ ပျော်ရွှင်မှု လွတ်လပ်မှုတွေကို အစားပြန်လျှော်ပေးမယ်"
ချူယွမ် မျက်လုံးများ ပူစပ်လာသယောင် မျက်တောင်များ ပုတ်ခတ်လာ၏။ ထို့နောက် အားတင်းပြီး ပြုံးလိုက်ကာ -
"နောက်နှစ်သုံးဆယ်ငါးဆယ်လောက်ဆို အဖိုးကြီးတွေဖြစ်နေပြီကို...."
"အဖိုးကြီးဖြစ်တော့ရော ဘာဖြစ်လဲ။မင်းရောကိုယ်ရော အတူတူ အိုသွားမှာပဲ ၊ ဒို့နှစ်ယောက်သာ အချင်းချင်း မငြိုငြင်ကြဖို့ မငြီးငွေ့ကြဖို့ပဲ အဓိက...."
ချူယွမ်က သူ့အားတွန်းထုတ်လိုက်ကာ တစ်ဖက်သို့လှည့်အိပ်မည်အပြု သွမ့်ပိုင်ယွဲ့က လက်ဦးသွားကာ ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်လေ၏။
အတန်ကြာ ပွတ်သပ်ချော့မြှူခံရပြီးနောက် ချူယွမ်လည်း ထပ်မရုန်းတော့။ နှစ်ယောက်စလုံး မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေလျက်။
သွမ့်ပိုင်ယွဲ့လည်း မိမိရင်ခွင်ထက် အနည်းငယ်စိုစွတ်ပူနွေးလာသော အထိအတွေ့ကို ခံစားမိလိုက်တော့ ပို၍ပင် တင်းကျပ်စွာ ဖက်တွယ်ထားလေ၏။
အခန်းအပြင်ဘက်တွင် မိုးသက်လေပြင်း သည်းထန်စွာ ကျရောက်နေ၏။ အခန်းထဲက ထွန်းညှိထားသော မီးတောက်အညွန့်ကလည်း လေအဟုန်ကြောငိ့ ငြိမ်းသွားလေပြီ။ မှောင်အတိကျနေသာ တိတ်ဆိတ်ခြင်းထဲ၀ယ် တစ်ဦး၏ ရင်ခုန်သံကို အတိုင်းသား ကျယ်လောင်စွာ ကြားနေရ၏။
သွမ့်ပိုင်ယွဲ့လည်း ဤအခြေအနေမျှနှင့် မရောင့်ရဲမတင်းတိမ်နိုင်မှန်း သူ့ကိုယ်သူ ကောင်းစွာသိနေသော်လည်း ဒီထက်အဆင့်တိုးပြီးစည်းကျော်လိုက်လျှင် နောက်ပိုင်း ဆက်ပြီး ထိန်းချုပ်ထားနိုင်တော့မည်မဟုတ်။
မိမိတို့နှစ်ယောက်၏ လက်ရှိအခြေအနေအရ၊ ရာထူးဌာနန္တရများအရ နှလုံးသားချင်းထပ်တူကျနေလျှင်တောင် ၊ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမနေလျှင်တောင် ၊ သက်ဆုံးတိုင် နှစ်ကိုယ်တူယှဥ်တွဲပြီး လက်တွဲခိုင်မြဲဖို့အကြောင်း တွေးလိုက်တိုင်း ထိုစိတ်ကူးမှာ လက်တွေ့မဆန်လှသော ၊ မဖြစ်နိုင်လောက်အောင် မြင့်မားနေသည့် အိပ်မက်သာသာ မျှော်လင့်ချက်တစ်ခုမျှသာဖြစ်နေချေသည်။
မည်မျှပင် အချိန်လင့်သွားမှန်းမသိ၊နောက်ဆုံးတော့ ရင်ခွင်ထဲမှလူသား၏ ထွက်သက်၀င်သက်မှာ ပြန်လည် နူးညံ့သိမ်မွေ့သွားလေ၏။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ်အတွက် စောင်သေချာခြုံပေးပြီးနောက် မိမိရင်ခွင်ထဲ ပြန်သွင်းကာ ဂရုတစ်စိုက် ထွေးပွေ့ထားလေသည်။
ထို့နောက် နှစ်ယောက်သား၏ နှုတ်ခမ်းများက ခပ်ဖွဖွ ထိတွေ့သွားကြလေသည်။
တစ်ဦးက မတော်တဆ ထိသွားသကဲ့သို့ ဟန်ဆောင်နေကာ ၊ တစ်ဦးကတော့ အိပ်ပျော်ချင်ယောင်ဆောင်နေခဲ့လေ၏။
*******
နောက်သုံးရက်နေတော့ သွမ့်ပိုင်ယွဲ့က သွမ့်ယောင်ကိုခေါ်ကာ ဆန်းနန်ကျိုးသို့ ဦးတည်ပြီး ခရီးထွက်သွားလေပြီ။
နန်မော်ယဲ့လည်း ထူပူကျဲ့ကိုခေါ်ကာ ယွီ့ကွမ်းတောင်သို့ သွညးရောက်လေ့လာစုံစမ်းသည်။
ဆန်းနန်ကျိုး၏ အထင်ကရအဖြစ်ဆုံးမှာ ပျိုနီပန်းများဖြစ်ကာ တစ်မြို့လုံးအနှံ့ လှပစွာ ပွင့်လန်းနေသော အချိန်အခါဖြစ်နေပေ၏။ သွမ့်ယောင်လည်း မြို့တွင်းသို့၀င်လာသည်နှင့် လွန်စွာ ပျော်ရွှင်မြူးတူးနေကာ ဘယ်သွားလည်ရမလဲဟုသာ ကြိုတင်တွေးဆနေလေသည်။
သွမ့်ပိုင်ယွဲ့က သေရည်ဆိုင်ထဲ၀င်ပြီး စားသောက်ပွဲအကြီးစားတစ်ခု မှာလိုက်ကာ ပဲနီသွပ်ပေါက်စီတစ်ခြင်းပါ သေချာ မှာလေ၏။ ဖားပြုပ်ပုံစံ ပေါက်စီလုံး လုပ်ပေးရန် စျေးနှစ်ဆမှာပေးထားလိုက်၏။
မုန့်နှယ်နေသော စားဖိုမှူးမှာလည်း လယ်တောထဲက ဖားများကို စိတ်ကူးထဲ ပုံဖော်ပြီး တတ်စွမ်းသလောက် လုပ်ပေးရှာ၏။ ထို့နောက်သက်ပြင်းချကာ ယခုခေတ် ဖောက်သည်တွေများ ၎င်းတို့အကြိုက် လိုက်လုပ်ပေးရသည်မှာ ခက်လာပေသကိုးဟု တွေးမိလိုက်သေး၏။ အရင်တစ်နေ့ကလည်း ကျွေ့ယင်ဂိုဏ်းချုပ် ချင်ရှောက်ယွီလည်း ယုန်လေးပုံစံ ပေါက်စီများလုပ်ခိုင်းသေးသည်။ ယုန်ကတော့ ထားလိုက်ပါတော့လေ၊ ဖားပြုပ်ပုံပေါက်စီ လုပ်ခိုင်းမည့်လူရှိလာမည်ဟု သူ မထင်ထားစဖူး။
မင်းတို့အကြိုက်တွေကလည်း ဆန်းကြယ်နေလိုက်တာကွယ်။
သွမ့်ပိုင်ယွဲ့က ပေါက်စီပူပူနွေးနွေးလေးကို ညီဖြစ်သူရှေ့ထားလိုက်ပြီး -
"ကလေးလေးရေ၊ လိမ္မာတဲ့ကလေးလေး။ ကြည့်ပါဦး ၊ မင်းအချစ်ဆုံး သတ္တ၀ါလေးတွေနဲ့မတူပေဘူးလား"
"ပြော...ဘာသွားခိုးခိုင်းမလို့လဲ"
သွမ့်ယောင်က သတိကြီးစွာထားပြီးမေးလာ၏။
"လူ"
"ဘာ.....နောင်တော်က ကျွန်တော့်ကို လူသွားခိုင်းမယ်၊ ဟုတ်လား"
သွမ့်ယောင်က ဒေါသတကြီးဆိုလာ၏။ အသံကအတော်ကျယ်သွားသဖြင့် ဘေးနားစားပွဲ၀ိုင်းရှိ လူများပင် စိတ်၀င်တစားကြည့်လာကြသည်။
' သြော် ၊ ခေတ်ကြီးက တစ်နေ့ထက်တစ်နေ့ ဆုတ်ကပ်ဆိုက်လာပြီပဲ ။ ပြန်ပေးဆွဲမည့်ကိစ္စကိုပင် လူအများရှေ့ ပေါ်တင်ပြောဆိုနေကြပြီ' ဟု တီးတိုးတီးတိုးပြောနေကြလေ၏။။
သွမ့်ယောင်က ဒေါသထွက်နေဆဲပင်ဖြစ်ပြီး စားပွဲခြေထောက်ကို တစ်ချက်ကန်လိုက်ဘေသည်။
"အတည်ပြောနေတာ။ ဖေးလွမ်အဆောင်ရဲ့ ကျင့်လျိုထျဲန်းကို မင်းသိလား"
"ကျွန်တော်က ဘယ်လိုလုပ်သိမှာတုန်းဗျ"
သွမ့်ယောင်က ပေါက်စီကိုကိုက်စားရင်း ဖြေလာသည်။
ရှီးနန်၀မ်လည်း အနည်းငယ်တော့ စိုးရိမ်သွား၏။သူကိုယ်တိုင်လည်း ထိုပုဂ္ဂိုလ်ကိုမသိချေ။
ထိုသို့ဆိုလျှင် ဘာကြောင့်များ သိသည်ဟုပြောခဲ့သနည်းဟုမေးလာလျှင် မေးသည့်သူနှင့်ဆိုင်သည်ဟု ဖြေရပေမည်။ ချစ်ရသူကြီးက မေးလာတော့လည်း အနှီကျင့်လျိုထျဲန်းကို အသာထား၊ ယဲန်းလော်၀မ် (ယမမင်း)နဲ့သိလားဟု မေးလာလျှင်တောင် သူသိကျွမ်းပါသည်ဟု ဖြေမည်သာဖြစ်သည်။
"နောင်တော် အဲ့ဒီဖေးလွမ်မြိုင်နန်းသခင်ကို သိချင်ရင်လည်း လူကိုသွားခိုးလာစရာမှမလိုတာ၊ စာတစ်စောင်လောက်ရေးပြီး တွေ့ခွင့်တောင်းလိုက်ပါလား၊ ဟိုက တံခါးပိတ်ပြီး နှင်လွှတ်လိုက်မှာစိုးလို့လား"
"ဖေးလွမ်အဆောင်က သုံးလနေမှတစ်ခါ တံခါးဖွင့်ပေးတာ၊ တစ်ခါကို အမှုဆယ်ခုလောက်ပဲ လက်ခံဖြေရှင်းပေးတယ်။ နောက်တစ်ခေါက် တံခါးဖွင့်တဲ့အချိန်ထိစောင့်မယ်ဆိုရင် နောက်လထိ စောင့်ရလိမ့်မယ် ။ ဒီနှစ်အတောအတွင်းမှာ ဘယ်သူကမှ စည်းမျဥ်းဖောက်ဖျက်ပြီး အချိန်အခါမဟုတ် တံခါးဖွင့်တာမျိုးလည်းမရှိဘူး"
သွမ့်ယောင် မျက်နှာရှုံ့မဲ့သွားကာ ပွစိပွစိရေရွတ်တော့၏။
"ဘာတွေ အဲ့လောက်တောင်လျှို့၀ှက်ဆန်းကြယ်နေတာလဲ။ နောင်တော်တောင် သူ့ကိုမသိဘဲနဲ့အရင်ဆုံး အဆက်အသွယ်တွေရှာပြီးမှ လာပါ့လား။ ခုလို သေချာမသိဘဲ ဘာလို့ ရောက်လာရတာလဲ "
ဒီလောက်ပူအိုက်တဲ့ရာသီကြီးမှာ ခရီးေ၀းလည်းလာရသေး၊ ဘာမှလည်း မထူးဘဲ သဲထဲရေသွန်ပစ်လိုက်သလိုလည်းဖြစ်သေး။
"ပါးစပ်ပိတ်ထားစမ်း"
သွမ့်ယောင် - "......."
"ဒီညနေ ဖေးလွမ်မြိုင်နန်းဘက် သွားကြည့်ကြရအောင်၊ လူအရိပ်အခြည်များ တွေ့ရမလားလို့"
"မတွေ့ရင်ကော"
သွမ့်ယောင် ချက်ချင်း စကားနာပြန်ထိုးတော့ သွမ့်ပိုင်ယွဲ့က သူ့ခေါင်းအားတစ်ချက်ခေါက်လာ၏။
အရီးတော်ကျင်းလည်း မမြင်တော့ ဆူမယ့်လူ မရှိဘူး။
စားပွဲပေါ်ရှိသမျှ ဟင်းများကုန်သွားပြီးနောက် သွမ့်ယောင်လညိး ပြတင်းပေါက်ဘောင်ပေါ် မေးထောက်ပြီး ကျေနပ်စွာဖြင့် အောက်ဘက်ကို လျှောက်ကြည့်နေ၏။ ထို့နောကိ စိတ်၀င်တစားနှင့် ပြောလာသည်။
"အဲ့လူတွေက ဘယ်တွေသွားကြမို့လဲမသိ"
သွမ့်ပိုင်ယွဲ့က သွမ့်ယောင်အကြည့်ရှိရာနောက် လိုက်ကြည့်လိုက်တော့ မြို့သူမြို့သားများက နေရာတစ်ခုဆီသို့ ဦးတည်သွားနေကြောင်းတွေ့ရ၏။
"သြော်...အခုရက်ပိုင်း ပန်းပွဲတော်ရှိလို့လေ"
"ပန်းပွဲတော်လား။ မီးပုံးပွဲတော် ပိုဖြစ်သင့်တယ်မဟုတ်လား၊ ဘယ်သူကများ ညကြီးမိုးချုပ်တဲ့အချိန်မှာ ပန်းသွားကြည့်မှာလဲ။ သူတို့မျက်နှာကသိပ်မကောင်းတော့ ကောင်းတဲ့ကိစ္စမဟုတ်လောက်ဘူး"
သွမ့်ပိုငိယွဲ့ မျက်မှောင်အနည်းငယ် ကျုံ့သွား၏။
တကယ်လည်း ကောင်းတဲ့ကိစ္စမဟုတ်ကြောင်း အတည်ပြုလာပေ၏။
အကြောင်းမှာ မြို့စားမင်းယွီရှူးက စာကြည့်ခန်းထဲတွင် လွန်ခဲ့သောတစ်နာရီခန့်က ရုတ်တရက်ချက်ချင်း ထူးဆန်းစွာသေဆုံးသွားကြောင်းပင်ဖြစ်သည်။
သွမ့်ယောင်က သက်ပြင်းချလိုက်ကာ -
"ကြည့်ရတာ ကိုယ်တွေထက် အရင် လက်ဦးသွားတဲ့လူ ရှိနေပြီပဲ"
သွမ့်ပိုင်ယွဲ့လည်း လက်စွဲတော်ဓားကို ယူလိုကိကာ -
"သွားကြစို့။ ဘာကိစ္စလဲလို့ သေချာသွားကြည့်ကြရအောင်"
******
မြို့စားမင်းစံအိမ်ကို ရဲမက်များ ၀ိုင်းရံထားခြင်းသည်မှာ ကြာနေပြီဖြစ်၏။ မြို့သူမြို့သားများမှာလည်း အနားတွင် ၀ိုင်းအုံနေကြကာ အချင်းချင်း အကြောင်းစုံမေးမြန်းလာကြ၏။
သွမ့်ညီနောင်နှစ်ယောက်ကတော့ ထိုအိမ်နောက်ဖေးသို့ ဘေးအိမ်ခေါင်မိုးမှတစ်ဆင့် ခုန်လွှား၀င်ရောက်သွားသည်။ ခြံ၀န်းထဲတွင် လူများများစားစားတော့ မရှိပေ။ ယွီရှူး၏ ဇနီးနှင့်သားသမီးများ၊ ရဲမက်များ၊ အလောင်းစစ်ဆေးသူများနှင့် ရှုတ်ယှက်ခတ်နေလေရာ ဘာသဲလွန်စမျှ မတွေ့ရသေးချေ။
"ညမှ ထပ်လာကြရအောင်"
သွမ့်ပိုင်ယွဲ့လညိး ခေါင်းညိတ်လိုက်ကာ ထိုအိမ်တော်ထဲမှ ထွက်လာလိုက်၏။အပြင်ဘက်ရောက်ပြီး လမ်းသုံးသွယ်လျှောက်လာပြီးခါမှ သွမ့်ယောင်က မျက်မှောင်ကြုံ့ပြီးပြောလာ၏။
"နောက်ကလိုက်လာတဲ့လူရှိတယ်"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -
"ခုမှ သိတယ်လား။ ဟိုအိမ်ကနေထွက်လာပြီးကတည်းက လိုက်လာနေတာကြာပေါ့။ ဒါပေမယ့် အေးဆေးပါ"
သွမ့်ယောင် လှည့်ကြည့်လိုက်လေသည်။
ထိုသူမှာ အဖြူရောင်၀တ်ရုံ၀တ်ဆင်ထားပြီး လက်ထဲ၌ ယပ်တောင်ကိုင်ထားကာ လုံး၀ ဖုံးကွယ်ခြင်း ၊ပုန်းခိုခြင်းလည်း မရှိ။ သူတို့ နှစ်ယောက်ကို အေးစက်စွာသာ ကြည့်နေလေ၏။
"၀တ်ရုံဖြူ၀တ်ထားပြီး ကျောက်စိမ်းယပ်တောင် ကိုင်ထားတယ်ဆိုတော့ ထင်သလောက်ပြောရရင် ဖေးလွမ်မြိုင်နန်းသခင်ပဲ ဖြစ်မယ်တူပါရဲ့။ ကျွန်တော်တို့ဘက်က ရိုင်းပျသွားရင်လည်း ခွင့်လွှတ်ပေးပါဦး..."
သွမ့်ပိုင်ယွဲ့က ဦးစွာ စကားဆိုလာ၏။
"အသင်က ဘယ်သူပါလဲ"
"ရှီးနန်စံအိမ်တော်က လူပါ"
"ရှီးနန်စံအိမ်တော်....သွမ့်၀မ်ရယ်လား"
ကျင့်လျိုထျဲန်း မျက်မှောင်ကြုံ့သွား၏။ မိမိရှေ့မှောက်က ပုဂ္ဂိုလ်မှာ အသွင်အပြင်အရ ရှီးနန်၀မ် ဖြစ်နိုင်ခြေရှိသော်လည်း ကိုင်ဆောက်ထားသောဓားမှာ နာမည်ကျော်ကြားလှသော လျဲ့ယွန်ဓား (တိမ်ဟုန်ခွင်းဓား)နှင့်တူပုံမရဘဲ အင်မတန်မှ အညတရဆန်လွန်းနေပေသည်။
"ဖုံးကွယ်လိုခြင်းမရှိဘဲ အမှန်အတိုင်း ဆိုပါရစေ။ ပန်၀မ်း ဒီကိုလာတာ ဖေးလွမ်မြိုင်နန်းသခင်ကို လာရောက်တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။ ဒီလိုပုံစံမျိုး တွေ့ဆုံရမယ်လို့တော့ ထင်မှတ်မထားမိဘူး"
"ယွီရှူးသေတဲ့ကိစ္စက ၀မ်ရယ်နဲ့ သက်ဆိုင်ပါသလား"
သွမ့်ပိုင်ယွဲ့ ခေါင်းခါလိုက်သည်။
"တကယ် မသက်ဆိုင်ဘူးဆိုရင်တော့ ၀မ်ရယ်ကို ဖေးလွမ်နန်းဆောင်ကို သေရည်အတူသောက်ဖို့ ဖိတ်ခေါ်ပါရစေ။ သက်ဆိုင်တယ်ဆိုရင်တော့ ယွီရှူးက ကျွန်တော်မျိုးတို့ရဲ့ အသိဖောက်သည်ဖြစ်နေတာမို့ အကြောင်းရင်းမရှိဘဲ သူ ဒီလိုသေသွားတဲ့ကိစ္စကို ကျွန်တော်မျိုးတို့ဘက်က သေချာ
ပေါက် စုံစမ်းစစ်ဆေးသွားမှာမို့လို့ပါ"
"ပန်၀မ်းကမှ ဖေးလွမ်မြိုင်နန်းသခင်တို့ထက် သူ့ကိုမသေစေချင်တာပါ။ မစုံစမ်းရသေးတဲ့ကိစ္စတွေ မေးဖို့ရှိနေပါသေးလို့ပါ"
"ဘာကိစ္စပါလဲ"
"အဲ့ဒီ၀တ်ရုံနက်နဲ့လူတွေကိစ္စ"
ကျင့်လျိုထျဲန်းက ခေါင်းခါလိုက်ကာ -
"အတော်လောဘကြီး ဒေါသကြီးတဲ့လူရိုင်းတွေ၊ သူတို့တွေ လမ်းမှားရောက်မှာ စိုးရိမ်မိပေတယ်"
သွမ့်ပိုင်ယွဲ့က ရယ်ချင်စိတ်ကိုထိန်းပြီးဆိုလာ၏။
"မြိုင်နန်းသခင်သိထားတာတွေလည်း အတော်မနည်းလောက်ဘူးပဲ။ ပန်၀မ်း အသင့်ကို လာရှာတာ မှန်သွားပြီထင်ပါရဲ့"
"၀မ်ရယ် အထင်လွဲနေပါပြီ။ ကျွန်တော်မျိုးက ၀မ်ရယ်ကို သေရည်သောက်ဖို့ပဲ ဖိတ်ခေါ်ချင်တာပါ။ စီးပွားကိစ္စလုပ်ချင်တယ်ဆိုရင်တော့ နည်းနည်းထပ်စောင့်ရပါမယ်"
" ဒီအမှုကို ရှင်းလင်းအောင် စုံစမ်းမယ်ဆိုပြီး မြိုင်နန်းသခင်က ခုလေးတင် ပြေသွားတာပါ့ ။ အတော်တိုက်ဆိုက်တာပဲ၊ ဒီကိုရောက်လာတဲ့အကြောင်းရင်းတစ်၀က်က ယွီရှူးဆီလာဖို့လည်း ဖြစ်တယ်ဆိုတော့ကာ....မြိုင်နန်းသခင်က ဘာလို့များပန်၀မ်းတို့နှစ်ယောက် မပူးပေါင်းဘဲ နေရမှာလဲ"
"အို....ယွီရှူးက ဘယ်လိုလုပ်ပြီး ရှီးနန်၀မ်ရဲ့ စိတ်၀င်စားမှုကို ရယူနိုင်ခဲ့တာပါလိမ့် "
သွမ့်ပိုင်ယွဲ့က တည့်တည့်သာ ဖြေလာ၏။
"သူက ပန်၀မ်းရဲ့ စိတ်၀င်စားမှုကို ရသွားတာမဟုတ်ဘူး။ ပန်၀မ်းချစ်ရသူရဲ့ စိတ်၀င်စားမှုကိုသာ သူ သွားဆွနေတာပါ "
သွမ့်ယောင်စိတ်ထဲမှ ချက်ချင်း တွေးမိလိုက်၏။
သြ....စစ်သူကြီးရှန်ကိုး။
*******
2020.05.29.
Thz for reading.
********
အခန္း - ၃၈ (ဆန္းနန္က်ိဳး)
[ေဖးလြမ္ၿမိဳင္နန္းသခင္]
ဖန္ရွင္းပုလဲမွာ ထူပူက်ဲ့၏ ေဝးရာသို႔ေရာက္သည္ႏွင့္ အေရာင္တျဖည္းျဖည္း ေမွးမိွန္သြားကာ ေနာက္ဆံုးေတာ့ မူလပကတိ မိွန္ေဖ်ာ့ေဖ်ာ့အေရာင္သာ က်န္ေနေတာ့ေလသည္။
သြမ့္ပိုင္ယြဲ႔က ထိုပုလဲကို လက္ထဲဆုပ္ကိုင္ထားၿပီး အိပ္ယာထက္လဲေလ်ာင္းရင္း အေတြးမ်ား ရႈပ္ေထြးေန၏။ ငိုက္ျမည္းျခင္းအလ်ဥ္းပင္မရိွဘဲ အေပၚမ်က္ႏွာက်က္သို႔ေသာ ေငးေၾကည့္ေနသည္။သန္းေခါင္ေက်ာ္သြားသည္ေတာင္ အိပ္မေပ်ာ္ေသးသျဖင့္ တည္းခိုေဆာင္အျပင္ဘက္ထြက္လာၿပီး စိတ္ေျပလက္ေပ်ာက္ လမ္းေလ်ွာက္ရန္ ထြက္ခဲ့ေသာ္လည္း သူမသိလိုက္ခင္မွာပင္ နန္းေတာ္အ၀င္၀သို႔ ေရာက္လာခဲ့ၿပီျဖစ္သည္။
ရင္းႏွီးကြၽမ္း၀င္လွေသာ အ၀င္လမ္း။
ခါတိုင္းလိုပင္ အေစာင့္တပ္သားလည္း သိပ္မမ်ားေပ။
ေျခသံၾကားေတာ့ ခ်ူယြမ္ မ်က္လံုးမ်ား ပြင့္ဟလာသည္၊ သို႔ေသာ္ ဘာဆိုဘာမွ မေျပာ။
သြမ့္ပိုင္ယြဲ႔က သလြန္ေတာ္ထက္ တေစာင္းထိုင္လိုက္ကာ -
"ကိုယ္မွန္း သိေနတယ္လား"
ခ်ူယြမ္ သူ႔အားေမာ့ၾကည့္လာ၏။
"ဘာျဖစ္ထားတာလဲ"
"ဘာမွမဟုတ္ဘူး။အိပ္လို႔မေပ်ာ္ရံုတင္"
ခ်ူယြမ္က ၿပံဳးလိုက္ကာ -
"အိပ္မေပ်ာ္တာနဲ႔ပဲ သူမ်ားအိပ္ခ်ိန္ကို လာေနွာင့္ယွက္တယ္ေပါ့"
"ကိုယ္ အရက္ပါယူလာတယ္"
ခ်ူယြမ္က ထထိုင္လိုက္သည္။
"ဘာအရက္လဲ"
"ယြင္ကြမ္းအရက္၊ အေတာ္ေလးေတာ့ ျပင္းတယ္"
"မငိးကိုယ္တိုင္ ခ်က္ထားတာလား"
ခ်ူယြမ္က သူ႔ဆီ လက္လွမ္းလာေတာ့ သြမ့္ပိုင္ယြဲ႔ကလည္း အရက္ထည့္ထားေသာ သားေရအိတ္၏ အဖံုးကို ဖြင့္ေပးလိုက္သည္။
ခ်ူယြမ္က တစ္က်ိဳက္မ်ွ ျမည္းၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာမဲ့သြားကာ -
"ဒီလိုအရက္မ်ိဳးက မ်ားမ်ားမေသာက္ေကာင္းဘူး၊ က်န္းမာေရးထိခိုက္လိမ့္မယ္"
"အင္း၊ အဲ့ဒါေၾကာင့္ ဒီေလာက္ပဲယူလာခဲ့တာ။ အိပ္မေပ်ာ္ဘဲ ဟိုလိွမ့္ဒီလိွမ့္ျဖစ္ေနရင္ စိတ္ေသာကေတြေတာ့ ေျပေစေလာက္တယ္"
"မေသာက္ရဘူး၊ ေနာင္လည္း မေသာက္ရဘူး"
"အင္း ရတယ္ေလ"
သြမ့္ပိုင္ယြဲ႔ ဘာမွ ဆက္မျငင္း။ အစကတည္း
က အရက္ေသာက္ဖို႔အတြက္ သူလာခဲ့ျခင္းမဟုတ္။
ခ်ူယြမ္က ထိုသားေရအိတ္ကို ျပန္ခ်ထားလိုက္ကာ-
"ေျပာပါ။မင္း ကိစၥတစ္ခုခု ေျပာျပခ်င္ေနတာ ရိွေနတယ္မလား"
"အင္း....ဖန္ရွင္းက ထပ္ၿပီး လင္းလာျပန္ၿပီ"
သြမ့္ပိုင္ယြဲ႔က ေလးေလးပင္ပင္ႏွင့္ ႏိႈင္းဆခ်င့္ခ်ိန္ၿပီးဆိုလာ၏။ ခ်ူယြမ္လည္း အံ့ၾသသြားကာ -
"ဘာလို႔လဲ။ ဖန္ရွင္းက မင္းကို အသိအမွတ္ျပဳလိုက္ၿပီလား"
"......"
ထိုထူပူက်ဲ့အေၾကာင္း သူ ဆက္မေျပာခ်င္ပါေလ။
"အဲ့ဒီေတာ့ မေကာင္းလို႔လား"
"မေကာင္းတာေတာ့မဟုတ္ဘူး၊ ဒါေပမယ့္ စိတ္ထဲ မေပ်ာ္ဘူးကြာ"
သြမ့္ပိုင္ယြဲ႔က ေခါင္းကိုက္စြာႏွင့္ ျဖစ္သမ်ွအေၾကာင္းစံုကို ရွင္းျပေလ၏။
ခ်ူယြမ္ - "....."
"ကိုယ္ ဒီကိစၥကို ေသခ်ာ စံုစမ္းရမယ္"
ခ်ူယြမ္က စဥ္းစားခ်င့္ခ်ိန္လိုက္ကာ ေျပာ၏။
"ဒီလိုဆိုရင္ေတာ့ ငါေရာ၊ မင္းရဲ့ အဲ့ဒီအမ်ိဳးေရာက ေခ်ာင္ယာလူမ်ိဳးနဲ႔ ေတြ့ဆံုဖူးတာခ်င္း တူလို႔ပဲေနမွာပါ"
"သူက ကိုယ္နဲ႔ အမ်ိဳးမဟုတ္ဘူးဆိုေန"
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္း ျငင္း၏။ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ဘတ္အား တစ္ခ်က္ရိုက္လိုက္ကာ -
"ေနာက္ကေျပာတဲ့စကားကိုပဲ အာရံုစိုက္ေလ"
"အင္း၊ အဲ့လိုလည္း ျဖစ္နိင္ပါတယ္"
ထိုသို႔ေတြးေတာ့မွ သြမ့္ပိုင္ယြဲ႔ စိတ္သက္သာရာရသြားသည္။
ထို႔ေနာက္ ခ်ူယြမ္က ဆက္ဆို၏။
"ဒါဆိုရင္ ဟိုေန့က ဆိုက္ဖန္းအန္းေျပာတဲ့ ၊ ဖန္ရွင္းကိုလင္းေအာင္လုပ္ႏိုင္တဲ့လူမွန္သမ်ွ ေခ်ာင္ယာမွာေသၿပီဆိုတဲ့စကားက နည္းနည္းေတာ့ ဆက္စပ္မႈရိွလာၿပီ......။ ေၾသာ္၊ ဟုတ္သားပဲ.....ေနာက္ကိစၥတစ္ခုရိွေသးတယ္။ မအိပ္ခင္ လူလႊတ္ၿပီး ငါစံုစမ္းခိုင္းေတာ့ ဆန္းနန္က်ိဳးကိုအုပ္ခ်ဳပ္ေနတဲ့ၿမိဳ႔စားနာမည္က ယြီရႉးတဲ့၊ သူက ဒီရာထူးေရာက္ဖို႔ တစ္ဆင့္ခ်င္းတက္လွမ္းလာခဲ့တဲ့လူပဲ၊ ဘာမွ ထူးထူးျခားျခား စြမ္းေဆာင္ထားတာလည္း ရိွသလို ဘာအျပစ္ႀကီးႀကီးမားမားမွလည္း လုပ္မထားဖူးဘူး၊ မွတ္တမ္းမွတ္ရာအရေတာ့ ဘာမွရွာမေတြ့ဘူး"
"ယြီရႉး.....ဟုတ္ၿပီ၊ ကိုယ္ စံုစမ္းလိုက္မယ္"
ခ်ူယြမ္က သလြန္ေတာ္ေခါင္းရင္းအား ေက်ာမွီလိုက္ကာ ေျပာလာ၏။
"မ်က္လံုးေၾကာင္သြားၿပီ၊ ဆက္မအိပ္ခ်င္ေတာ့ဘူး။ ဘာအေၾကာင္း ဆက္ေျပာၾကရင္ ေကာင္းမလဲ"
"လာေနွာင့္ယွက္ခံရလို႔ ႏိုးသြားတာကို စိတ္မဆိုးဘူးလား"
ခ်ူယြမ္က ရယ္ခ်င္သြားကာ -
"ကေလးမွမဟုတ္ေတာ့တာကို"
"ေၾသာ္၊ အဲ့လိုကိုး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္နား တိုးကပ္လာကာ
ဆက္ေၾအာ၏။
"ဒါဆို လူႀကီးလုပ္တဲ့ဟာေတြ လုပ္ၾကည့္ၾကရေအာင္ေလ"
ခ်ူယြမ္က အိပ္ယာေပၚ ေမွာက္လ်က္လဲၿပီး ပ်င္းရိေလးတြဲ႔စြာျဖင့္ - "ရွစ္...."
သြမ့္ပိုင္ယြဲ႔ - "ဇီ...."
ခ်ူယြမ္က ေစာင္ပံုၾကား ေခါင္းတိုးေဝွ့ၿပီး ဟက္ဟက္ပက္ပက္ ရယ္ေမာေနေလ၏။ သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးရင္း လိုက္ရယ္ေလေနသည္။
ခ်ူယြမ္ကို ဒီလို ရႊင္လန္းေပါ့ပါးေသာပံုစံမ်ိဳးျမင္ရေတာ့ သူ႔ႏွလံုးသားလည္း ျပန္လည္ရႊင္ပ် လန္းဆန္းလာသလိုပင္။
ခ်ူယြမ္က အားရေအာင္ရယ္ၿပီးေနာက္ မ်က္ႏွာမ်ားပင္နီရဲလာကာ ေျပာျပလာသည္။
"တကယ္ေတာ့ ရွစ္ဇီ အိပ္ေပ်ာ္သြားတာၾကာၿပီ။ ေနာက္ဆို လူေျပာင္းၿပီးခန္႔ထားမယ္၊ မင္းကို အပယ္ခံနန္းလိုက္ပို႔ဖို႔ အထူး ခန္႔အပ္ထားမယ့္လူမ်ိဳး ခန္႔အပ္ထားမယ္"
"အပယ္ခံနန္း မသြားခ်င္ပါဘူး၊ ဒီထဲမွာပဲ မင္းနားမွာပဲ တြယ္ကပ္ၿပီးေတာ့ကို ေနမွာ"
သြမ့္ပိုင္ယြဲ႔က သူ႔အား ေသခ်ာေငးၾကည့္ရင္း ဆက္ဆို၏။
"ရွီးနန္ျပန္သြားခဲ့ရင္ ဘယ္ေတာ့မွ ဒီမ်က္ႏွာကို ထပ္ျမင္ရမလဲဆိုတာ ေသခ်ာမသိရဘူးေလ"
ခ်ူယြမ္ မ်က္ႏွာ သိသိသာသာ ပ်က္ယြင္းသြားေလ၏။
"အင္းပါ၊ အင္းပါ ။ ဒီကိစၥ ဆက္မေျပာေတာ့ဘူး.....အိပ္ေတာ့ ၊ ကိုယ္ အေဖာ္လုပ္ေပးမယ္"
ေျပာေျပာဆိုဆို ခ်ူယြမ္နား လဲေလ်ာင္းလိုက္ေလရာ ခ်ူယြမ္က တိုးလ်စြာ ေမးလာ၏။
"ဘယ္ေတာ့ျပန္မွာလဲ"
"အနည္းဆံုး ဖန္ရွင္းနဲ႔ေခ်ာင္ယာကိစၥကို ရွင္းရွင္းလင္းလင္း သိေအာင္စံုစမ္းၿပီးမွ ျပန္မယ္။ ယြီ႔ကြမ္းေတာင္နဲ႔ လန္ယီက်န္႔ကိစၥလည္း က်န္ေသးတယ္။ ဆိုက္ဖန္းအန္းက ဖန္ရွင္းစစ္တုရင္ကြက္ကိုေတာင္ထုတ္ၿပီး မ်ွားေခၚတာဆိုေတာ့ အဲ့လူက တကယ္ ဖန္ရွင္းပုလဲနဲ႔ ပတ္သက္ေနတာပဲ"
"အခ်ိန္ဘယ္ေလာက္ယူမွာလဲ"
"မေျပာတတ္ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ လက္ကိုဆြဲယူၿပီး ႏႈတ္ခမ္းနားေတ့ထားကာ ဆို၏၏
"အျမန္ဆံုးဆို သံုးလငါးလ၊ ေနွးရင္ သံုးႏွစ္ငါႏွစ္၊ အဲ့ထက္ၾကာမယ္ဆို ငါးႏွစ္ဆယ္ႏွစ္။ အဲ့အခ်ိန္ေရာက္ရင္ ရွီးနန္၀မ္လည္း ျဖစ္မေနေတာ့ဘူး၊ မင္းကို ျမင္းေပၚတင္ေခၚၿပီး ေတာေတာင္ေရေျမ ပန္းမာန္သစ္ပင္အလွေတြကိုပဲ ရႈစားခိုင္းမယ္။ မင္း ဆယ္ႏွစ္ေက်ာ္ေက်ာ္ ဆံုးရႈံးသြားတဲ့ ေပ်ာ္ရႊင္မႈ လြတ္လပ္မႈေတြကို အစားျပန္ေလ်ွာ္ေပးမယ္"
ခ်ူယြမ္ မ်က္လံုးမ်ား ပူစပ္လာသေယာင္ မ်က္ေတာင္မ်ား ပုတ္ခတ္လာ၏။ ထို႔ေနာက္ အားတင္းၿပီး ၿပံဳးလိုက္ကာ -
"ေနာက္ႏွစ္သံုးဆယ္ငါးဆယ္ေလာက္ဆို အဖိုးႀကီးေတျြဖစ္ေနၿပီကို...."
"အဖိုးႀကီးျဖစ္ေတာ့ေရာ ဘာျဖစ္လဲ။မင္းေရာကိုယ္ေရာ အတူတူ အိုသြားမွာပဲ ၊ ဒို႔ႏွစ္ေယာက္သာ အခ်င္းခ်င္း မၿငိဳျငင္ၾကဖို႔ မၿငီးေငြ့ၾကဖို႔ပဲ အဓိက...."
ခ်ူယြမ္က သူ႔အားတြန္းထုတ္လိုက္ကာ တစ္ဖက္သို႔လွည့္အိပ္မည္အျပဳ သြမ့္ပိုင္ယြဲ႔က လက္ၪီးသြားကာ ရင္ခြင္ထဲ ဆြဲသြင္းထားလိုက္ေလ၏။
အတန္ၾကာ ပြတ္သပ္ေခ်ာ့ျမႇဴခံရၿပီးေနာက္ ခ်ူယြမ္လည္း ထပ္မရုန္းေတာ့။ ႏွစ္ေယာက္စလံုး မည္သည့္စကားမွမဆိုဘဲ တိတ္ဆိတ္ေနလ်က္။
သြမ့္ပိုင္ယြဲ႔လည္း မိမိရင္ခြင္ထက္ အနည္းငယ္စိုစြတ္ပူေနြးလာေသာ အထိအေတြ့ကို ခံစားမိလိုက္ေတာ့ ပို၍ပင္ တင္းက်ပ္စြာ ဖက္တြယ္ထားေလ၏။
အခန္းအျပင္ဘက္တြင္ မိုးသက္ေလျပင္း သည္းထန္စြာ က်ေရာက္ေန၏။ အခန္းထဲက ထြန္းၫွိထားေသာ မီးေတာက္အၫြန္႔ကလည္း ေလအဟုန္ေၾကာငိ့ ၿငိမ္းသြားေလၿပီ။ ေမွာင္အတိက်ေနသာ တိတ္ဆိတ္ျခင္းထဲ၀ယ္ တစ္ၪီး၏ ရင္ခုန္သံကို အတိုင္းသား က်ယ္ေလာင္စြာ ၾကားေနရ၏။
သြမ့္ပိုင္ယြဲ႔လည္း ဤအေျခအေနမ်ွႏွင့္ မေရာင့္ရဲမတင္းတိမ္ႏိုင္မွန္း သူ႔ကိုယ္သူ ေကာင္းစြာသိေနေသာ္လည္း ဒီထက္အဆင့္တိုးၿပီးစည္းေက်ာ္လိုက္လ်ွင္ ေနာက္ပိုင္း ဆက္ၿပီး ထိန္းခ်ဳပ္ထားႏိုင္ေတာ့မည္မဟုတ္။
မိမိတို႔ႏွစ္ေယာက္၏ လက္ရိွအေျခအေနအရ၊ ရာထူးဌာနႏၲရမ်ားအရ ႏွလံုးသားခ်င္းထပ္တူက်ေနလ်ွင္ေတာင္ ၊ တစ္ေယာက္ကိုတစ္ေယာက္ ကူညီေဖးမေနလ်ွင္ေတာင္ ၊ သက္ဆံုးတိုင္ ႏွစ္ကိုယ္တူယွဥ္တြဲၿပီး လက္တြဲခိုင္ၿမဲဖို႔အေၾကာင္း ေတြးလိုက္တိုင္း ထိုစိတ္ကူးမွာ လက္ေတြ့မဆန္လွေသာ ၊ မျဖစ္ႏိုင္ေလာက္ေအာင္ ျမင့္မားေနသည့္ အိပ္မက္သာသာ ေမ်ွာ္လင့္ခ်က္တစ္ခုမ်ွသာျဖစ္ေနေခ်သည္။
မည္မ်ွပင္ အခ်ိန္လင့္သြားမွန္းမသိ၊ေနာက္ဆံုးေတာ့ ရင္ခြင္ထဲမွလူသား၏ ထြက္သက္၀င္သက္မွာ ျပန္လည္ ႏူးညံ့သိမ္ေမြ့သြားေလ၏။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္အတြက္ ေစာင္ေသခ်ာၿခံဳေပးၿပီးေနာက္ မိမိရင္ခြင္ထဲ ျပန္သြင္းကာ ဂရုတစ္စိုက္ ေထြးေပြ့ထားေလသည္။
ထို႔ေနာက္ ႏွစ္ေယာက္သား၏ ႏႈတ္ခမ္းမ်ားက ခပ္ဖြဖြ ထိေတြ့သြားၾကေလသည္။
တစ္ၪီးက မေတာ္တဆ ထိသြားသကဲ့သို႔ ဟန္ေဆာင္ေနကာ ၊ တစ္ၪီးကေတာ့ အိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ေနခဲ့ေလ၏။
*******
ေနာက္သံုးရက္ေနေတာ့ သြမ့္ပိုင္ယြဲ႔က သြမ့္ေယာင္ကိုေခၚကာ ဆန္းနန္က်ိဳးသို႔ ၪီးတည္ၿပီး ခရီးထြက္သြားေလၿပီ။
နန္ေမာ္ယဲ့လည္း ထူပူက်ဲ့ကိုေခၚကာ ယြီ႔ကြမ္းေတာင္သို႔ သြညးေရာက္ေလ့လာစံုစမ္းသည္။
ဆန္းနန္က်ိဳး၏ အထင္ကရအျဖစ္ဆံုးမွာ ပ်ိဳနီပန္းမ်ားျဖစ္ကာ တစ္ၿမိဳ႔လံုးအႏွံ႔ လွပစြာ ပြင့္လန္းေနေသာ အခ်ိန္အခါျဖစ္ေနေပ၏။ သြမ့္ေယာင္လည္း ၿမိဳ႔တြင္းသို႔၀င္လာသည္ႏွင့္ လြန္စြာ ေပ်ာ္ရႊင္ျမဴးတူးေနကာ ဘယ္သြားလည္ရမလဲဟုသာ ႀကိဳတင္ေတြးဆေနေလသည္။
သြမ့္ပိုင္ယြဲ႔က ေသရည္ဆိုင္ထဲ၀င္ၿပီး စားေသာက္ပြဲအႀကီးစားတစ္ခု မွာလိုက္ကာ ပဲနီသြပ္ေပါက္စီတစ္ျခင္းပါ ေသခ်ာ မွာေလ၏။ ဖားျပဳပ္ပံုစံ ေပါက္စီလံုး လုပ္ေပးရန္ ေစ်းႏွစ္ဆမွာေပးထားလိုက္၏။
မုန္႔ႏွယ္ေနေသာ စားဖိုမွဴးမွာလည္း လယ္ေတာထဲက ဖားမ်ားကို စိတ္ကူးထဲ ပံုေဖာ္ၿပီး တတ္စြမ္းသေလာက္ လုပ္ေပးရွာ၏။ ထို႔ေနာက္သက္ျပင္းခ်ကာ ယခုေခတ္ ေဖာက္သည္ေတြမ်ား ၄တို႔အႀကိဳက္ လိုက္လုပ္ေပးရသည္မွာ ခက္လာေပသကိုးဟု ေတြးမိလိုက္ေသး၏။ အရင္တစ္ေန့ကလည္း ေကြၽ့ယင္ဂိုဏ္းခ်ဳပ္ ခ်င္ေရွာက္ယြီလည္း ယုန္ေလးပံုစံ ေပါက္စီမ်ားလုပ္ခိုင္းေသးသည္။ ယုန္ကေတာ့ ထားလိုက္ပါေတာ့ေလ၊ ဖားျပဳပ္ပံုေပါက္စီ လုပ္ခိုင္းမည့္လူရိွလာမည္ဟု သူ မထင္ထားစဖူး။
မင္းတို႔အႀကိဳက္ေတြကလည္း ဆန္းၾကယ္ေနလိုက္တာကြယ္။
သြမ့္ပိုင္ယြဲ႔က ေပါက္စီပူပူေနြးေနြးေလးကို ညီျဖစ္သူေရ႔ွထားလိုက္ၿပီး -
"ကေလးေလးေရ၊ လိမၼာတဲ့ကေလးေလး။ ၾကည့္ပါၪီး ၊ မင္းအခ်စ္ဆံုး သတၲဝါေလးေတြနဲ႔မတူေပဘူးလား"
"ေျပာ...ဘာသြားခိုးခိုင္းမလို႔လဲ"
သြမ့္ေယာင္က သတိႀကီးစြာထားၿပီးေမးလာ၏။
"လူ"
"ဘာ.....ေနာင္ေတာ္က ကြၽန္ေတာ့္ကို လူသြားခိုင္းမယ္၊ ဟုတ္လား"
သြမ့္ေယာင္က ေဒါသတႀကီးဆိုလာ၏။ အသံကအေတာ္က်ယ္သြားသျဖင့္ ေဘးနားစားပြဲဝိုင္းရိွ လူမ်ားပင္ စိတ္၀င္တစားၾကည့္လာၾကသည္။
' ေၾသာ္ ၊ ေခတ္ႀကီးက တစ္ေန့ထက္တစ္ေန့ ဆုတ္ကပ္ဆိုက္လာၿပီပဲ ။ ျပန္ေပးဆြဲမည့္ကိစၥကိုပင္ လူအမ်ားေရ႔ွ ေပၚတင္ေျပာဆိုေနၾကၿပီ' ဟု တီးတိုးတီးတိုးေျပာေနၾကေလ၏။။
သြမ့္ေယာင္က ေဒါသထြက္ေနဆဲပင္ျဖစ္ၿပီး စားပြဲေျခေထာက္ကို တစ္ခ်က္ကန္လိုက္ေဘသည္။
"အတည္ေျပာေနတာ။ ေဖးလြမ္အေဆာင္ရဲ့ က်င့္လ်ိဳထ်ဲန္းကို မင္းသိလား"
"ကြၽန္ေတာ္က ဘယ္လိုလုပ္သိမွာတုန္းဗ်"
သြမ့္ေယာင္က ေပါက္စီကိုကိုက္စားရင္း ေျဖလာသည္။
ရွီးနန္၀မ္လည္း အနည္းငယ္ေတာ့ စိုးရိမ္သြား၏။သူကိုယ္တိုင္လည္း ထိုပုဂၢိုလ္ကိုမသိေခ်။
ထိုသို႔ဆိုလ်ွင္ ဘာေၾကာင့္မ်ား သိသည္ဟုေျပာခဲ့သနည္းဟုေမးလာလ်ွင္ ေမးသည့္သူႏွင့္ဆိုင္သည္ဟု ေျဖရေပမည္။ ခ်စ္ရသူႀကီးက ေမးလာေတာ့လည္း အႏွီက်င့္လ်ိဳထ်ဲန္းကို အသာထား၊ ယဲန္းေလာ္၀မ္ (ယမမင္း)နဲ႔သိလားဟု ေမးလာလ်ွင္ေတာင္ သူသိကြၽမ္းပါသည္ဟု ေျဖမည္သာျဖစ္သည္။
"ေနာင္ေတာ္ အဲ့ဒီေဖးလြမ္ၿမိဳင္နန္းသခင္ကို သိခ်င္ရင္လည္း လူကိုသြားခိုးလာစရာမွမလိုတာ၊ စာတစ္ေစာင္ေလာက္ေရးၿပီး ေတြ့ခြင့္ေတာင္းလိုက္ပါလား၊ ဟိုက တံခါးပိတ္ၿပီး ႏွင္လႊတ္လိုက္မွာစိုးလို႔လား"
"ေဖးလြမ္အေဆာင္က သံုးလေနမွတစ္ခါ တံခါးဖြင့္ေပးတာ၊ တစ္ခါကို အမႈဆယ္ခုေလာက္ပဲ လက္ခံေျဖရွင္းေပးတယ္။ ေနာက္တစ္ေခါက္ တံခါးဖြင့္တဲ့အခ်ိန္ထိေစာင့္မယ္ဆိုရင္ ေနာက္လထိ ေစာင့္ရလိမ့္မယ္ ။ ဒီႏွစ္အေတာအတြင္းမွာ ဘယ္သူကမွ စည္းမ်ဥ္းေဖာက္ဖ်က္ၿပီး အခ်ိန္အခါမဟုတ္ တံခါးဖြင့္တာမ်ိဳးလည္းမရိွဘူး"
သြမ့္ေယာင္ မ်က္ႏွာရႈံ႔မဲ့သြားကာ ပြစိပြစိေရရြတ္ေတာ့၏။
"ဘာေတြ အဲ့ေလာက္ေတာင္လ်ိႈ႔၀ွက္ဆန္းၾကယ္ေနတာလဲ။ ေနာင္ေတာ္ေတာင္ သူ႔ကိုမသိဘဲနဲ႔အရင္ဆံုး အဆက္အသြယ္ေတြရွာၿပီးမွ လာပါ့လား။ ခုလို ေသခ်ာမသိဘဲ ဘာလို႔ ေရာက္လာရတာလဲ "
ဒီေလာက္ပူအိုက္တဲ့ရာသီႀကီးမွာ ခရီးေဝးလည္းလာရေသး၊ ဘာမွလည္း မထူးဘဲ သဲထဲေရသြန္ပစ္လိုက္သလိုလည္းျဖစ္ေသး။
"ပါးစပ္ပိတ္ထားစမ္း"
သြမ့္ေယာင္ - "......."
"ဒီညေန ေဖးလြမ္ၿမိဳင္နန္းဘက္ သြားၾကည့္ၾကရေအာင္၊ လူအရိပ္အျခည္မ်ား ေတြ့ရမလားလို႔"
"မေတြ့ရင္ေကာ"
သြမ့္ေယာင္ ခ်က္ခ်င္း စကားနာျပန္ထိုးေတာ့ သြမ့္ပိုင္ယြဲ႔က သူ႔ေခါင္းအားတစ္ခ်က္ေခါက္လာ၏။
အရီးေတာ္က်င္းလည္း မျမင္ေတာ့ ဆူမယ့္လူ မရိွဘူး။
စားပြဲေပၚရိွသမ်ွ ဟင္းမ်ားကုန္သြားၿပီးေနာက္ သြမ့္ေယာင္လညိး ျပတင္းေပါက္ေဘာင္ေပၚ ေမးေထာက္ၿပီး ေက်နပ္စြာျဖင့္ ေအာက္ဘက္ကို ေလ်ွာက္ၾကည့္ေန၏။ ထို႔ေနာကိ စိတ္၀င္တစားႏွင့္ ေျပာလာသည္။
"အဲ့လူေတြက ဘယ္ေတြသြားၾကမို႔လဲမသိ"
သြမ့္ပိုင္ယြဲ႔က သြမ့္ေယာင္အၾကည့္ရိွရာေနာက္ လိုက္ၾကည့္လိုက္ေတာ့ ၿမိဳ႔သူၿမိဳ႔သားမ်ားက ေနရာတစ္ခုဆီသို႔ ၪီးတည္သြားေနေၾကာင္းေတြ့ရ၏။
"ေၾသာ္...အခုရက္ပိုင္း ပန္းပြဲေတာ္ရိွလို႔ေလ"
"ပန္းပြဲေတာ္လား။ မီးပံုးပြဲေတာ္ ပိုျဖစ္သင့္တယ္မဟုတ္လား၊ ဘယ္သူကမ်ား ညႀကီးမိုးခ်ဳပ္တဲ့အခ်ိန္မွာ ပန္းသြားၾကည့္မွာလဲ။ သူတို႔မ်က္ႏွာကသိပ္မေကာင္းေတာ့ ေကာင္းတဲ့ကိစၥမဟုတ္ေလာက္ဘူး"
သြမ့္ပိုငိယြဲ႔ မ်က္ေမွာင္အနည္းငယ္ က်ံဳ႔သြား၏။
တကယ္လည္း ေကာင္းတဲ့ကိစၥမဟုတ္ေၾကာင္း အတည္ျပဳလာေပ၏။
အေၾကာင္းမွာ ၿမိဳ႔စားမင္းယြီရႉးက စာၾကည့္ခန္းထဲတြင္ လြန္ခဲ့ေသာတစ္နာရီခန္႔က ရုတ္တရက္ခ်က္ခ်င္း ထူးဆန္းစြာေသဆံုးသြားေၾကာင္းပင္ျဖစ္သည္။
သြမ့္ေယာင္က သက္ျပင္းခ်လိုက္ကာ -
"ၾကည့္ရတာ ကိုယ္ေတြထက္ အရင္ လက္ၪီးသြားတဲ့လူ ရိွေနၿပီပဲ"
သြမ့္ပိုင္ယြဲ႔လည္း လက္စြဲေတာ္ဓားကို ယူလိုကိကာ -
"သြားၾကစို႔။ ဘာကိစၥလဲလို႔ ေသခ်ာသြားၾကည့္ၾကရေအာင္"
******
ၿမိဳ႔စားမင္းစံအိမ္ကို ရဲမက္မ်ား ဝိုင္းရံထားျခင္းသည္မွာ ၾကာေနၿပီျဖစ္၏။ ၿမိဳ႔သူၿမိဳ႔သားမ်ားမွာလည္း အနားတြင္ ဝိုင္းအံုေနၾကကာ အခ်င္းခ်င္း အေၾကာင္းစံုေမးျမန္းလာၾက၏။
သြမ့္ညီေနာင္ႏွစ္ေယာက္ကေတာ့ ထိုအိမ္ေနာက္ေဖးသို႔ ေဘးအိမ္ေခါင္မိုးမွတစ္ဆင့္ ခုန္လႊား၀င္ေရာက္သြားသည္။ ၿခံ၀န္းထဲတြင္ လူမ်ားမ်ားစားစားေတာ့ မရိွေပ။ ယြီရႉး၏ ဇနီးႏွင့္သားသမီးမ်ား၊ ရဲမက္မ်ား၊ အေလာင္းစစ္ေဆးသူမ်ားႏွင့္ ရႈတ္ယွက္ခတ္ေနေလရာ ဘာသဲလြန္စမ်ွ မေတြ့ရေသးေခ်။
"ညမွ ထပ္လာၾကရေအာင္"
သြမ့္ပိုင္ယြဲ႔လညိး ေခါင္းညိတ္လိုက္ကာ ထိုအိမ္ေတာ္ထဲမွ ထြက္လာလိုက္၏။အျပင္ဘက္ေရာက္ၿပီး လမ္းသံုးသြယ္ေလ်ွာက္လာၿပီးခါမွ သြမ့္ေယာင္က မ်က္ေမွာင္ႀကံဳ႔ၿပီးေျပာလာ၏။
"ေနာက္ကလိုက္လာတဲ့လူရိွတယ္"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ -
"ခုမွ သိတယ္လား။ ဟိုအိမ္ကေနထြက္လာၿပီးကတည္းက လိုက္လာေနတာၾကာေပါ့။ ဒါေပမယ့္ ေအးေဆးပါ"
သြမ့္ေယာင္ လွည့္ၾကည့္လိုက္ေလသည္။
ထိုသူမွာ အျဖဴေရာင္၀တ္ရံု၀တ္ဆင္ထားၿပီး လက္ထဲ၌ ယပ္ေတာင္ကိုင္ထားကာ လံုး၀ ဖံုးကြယ္ျခင္း ၊ပုန္းခိုျခင္းလည္း မရိွ။ သူတို႔ ႏွစ္ေယာက္ကို ေအးစက္စြာသာ ၾကည့္ေနေလ၏။
"၀တ္ရံုျဖဴ၀တ္ထားၿပီး ေက်ာက္စိမ္းယပ္ေတာင္ ကိုင္ထားတယ္ဆိုေတာ့ ထင္သေလာက္ေျပာရရင္ ေဖးလြမ္ၿမိဳင္နန္းသခင္ပဲ ျဖစ္မယ္တူပါရဲ့။ ကြၽန္ေတာ္တို႔ဘက္က ရိုင္းပ်သြားရင္လည္း ခြင့္လႊတ္ေပးပါၪီး..."
သြမ့္ပိုင္ယြဲ႔က ၪီးစြာ စကားဆိုလာ၏။
"အသင္က ဘယ္သူပါလဲ"
"ရွီးနန္စံအိမ္ေတာ္က လူပါ"
"ရွီးနန္စံအိမ္ေတာ္....သြမ့္၀မ္ရယ္လား"
က်င့္လ်ိဳထ်ဲန္း မ်က္ေမွာင္ႀကံဳ႔သြား၏။ မိမိေရ႔ွေမွာက္က ပုဂၢိုလ္မွာ အသြင္အျပင္အရ ရွီးနန္၀မ္ ျဖစ္ႏိုင္ေျခရိွေသာ္လည္း ကိုင္ေဆာက္ထားေသာဓားမွာ နာမည္ေက်ာ္ၾကားလွေသာ လ်ဲ့ယြန္ဓား (တိမ္ဟုန္ခြင္းဓား)ႏွင့္တူပံုမရဘဲ အင္မတန္မွ အညတရဆန္လြန္းေနေပသည္။
"ဖံုးကြယ္လိုျခင္းမရိွဘဲ အမွန္အတိုင္း ဆိုပါရေစ။ ပန္၀မ္း ဒီကိုလာတာ ေဖးလြမ္ၿမိဳင္နန္းသခင္ကို လာေရာက္ေတြ့ဆံုျခင္းပဲျဖစ္ပါတယ္။ ဒီလိုပံုစံမ်ိဳး ေတြ့ဆံုရမယ္လို႔ေတာ့ ထင္မွတ္မထားမိဘူး"
"ယြီရႉးေသတဲ့ကိစၥက ၀မ္ရယ္နဲ႔ သက္ဆိုင္ပါသလား"
သြမ့္ပိုင္ယြဲ႔ ေခါင္းခါလိုက္သည္။
"တကယ္ မသက္ဆိုင္ဘူးဆိုရင္ေတာ့ ၀မ္ရယ္ကို ေဖးလြမ္နန္းေဆာင္ကို ေသရည္အတူေသာက္ဖို႔ ဖိတ္ေခၚပါရေစ။ သက္ဆိုင္တယ္ဆိုရင္ေတာ့ ယြီရႉးက ကြၽန္ေတာ္မ်ိဳးတို႔ရဲ့ အသိေဖာက္သည္ျဖစ္ေနတာမို႔ အေၾကာင္းရင္းမရိွဘဲ သူ ဒီလိုေသသြားတဲ့ကိစၥကို ကြၽန္ေတာ္မ်ိဳးတို႔ဘက္က ေသခ်ာ
ေပါက္ စံုစမ္းစစ္ေဆးသြားမွာမို႔လို႔ပါ"
"ပန္၀မ္းကမွ ေဖးလြမ္ၿမိဳင္နန္းသခင္တို႔ထက္ သူ႔ကိုမေသေစခ်င္တာပါ။ မစံုစမ္းရေသးတဲ့ကိစၥေတြ ေမးဖို႔ရိွေနပါေသးလို႔ပါ"
"ဘာကိစၥပါလဲ"
"အဲ့ဒီ၀တ္ရံုနက္နဲ႔လူေတြကိစၥ"
က်င့္လ်ိဳထ်ဲန္းက ေခါင္းခါလိုက္ကာ -
"အေတာ္ေလာဘႀကီး ေဒါသႀကီးတဲ့လူရိုင္းေတြ၊ သူတို႔ေတြ လမ္းမွားေရာက္မွာ စိုးရိမ္မိေပတယ္"
သြမ့္ပိုင္ယြဲ႔က ရယ္ခ်င္စိတ္ကိုထိန္းၿပီးဆိုလာ၏။
"ၿမိဳင္နန္းသခင္သိထားတာေတြလည္း အေတာ္မနည္းေလာက္ဘူးပဲ။ ပန္၀မ္း အသင့္ကို လာရွာတာ မွန္သြားၿပီထင္ပါရဲ့"
"၀မ္ရယ္ အထင္လြဲေနပါၿပီ။ ကြၽန္ေတာ္မ်ိဳးက ၀မ္ရယ္ကို ေသရည္ေသာက္ဖို႔ပဲ ဖိတ္ေခၚခ်င္တာပါ။ စီးပြားကိစၥလုပ္ခ်င္တယ္ဆိုရင္ေတာ့ နည္းနည္းထပ္ေစာင့္ရပါမယ္"
" ဒီအမႈကို ရွင္းလင္းေအာင္ စံုစမ္းမယ္ဆိုၿပီး ၿမိဳင္နန္းသခင္က ခုေလးတင္ ေျပသြားတာပါ့ ။ အေတာ္တိုက္ဆိုက္တာပဲ၊ ဒီကိုေရာက္လာတဲ့အေၾကာင္းရင္းတစ္၀က္က ယြီရႉးဆီလာဖို႔လည္း ျဖစ္တယ္ဆိုေတာ့ကာ....ၿမိဳင္နန္းသခင္က ဘာလို႔မ်ားပန္၀မ္းတို႔ႏွစ္ေယာက္ မပူးေပါင္းဘဲ ေနရမွာလဲ"
"အို....ယြီရႉးက ဘယ္လိုလုပ္ၿပီး ရွီးနန္၀မ္ရဲ့ စိတ္၀င္စားမႈကို ရယူႏိုင္ခဲ့တာပါလိမ့္ "
သြမ့္ပိုင္ယြဲ႔က တည့္တည့္သာ ေျဖလာ၏။
"သူက ပန္၀မ္းရဲ့ စိတ္၀င္စားမႈကို ရသြားတာမဟုတ္ဘူး။ ပန္၀မ္းခ်စ္ရသူရဲ့ စိတ္၀င္စားမႈကိုသာ သူ သြားဆြေနတာပါ "
သြမ့္ေယာင္စိတ္ထဲမွ ခ်က္ခ်င္း ေတြးမိလိုက္၏။
ၾသ....စစ္သူႀကီးရွန္ကိုး။
*******
2020.05.29.
Thz for reading.
********