[ ဟိုင်နန်တောင်ပင်လယ်အတွင်းရှိ ပဥ္စလက်နယ်မြေ ]
Unicode version:
နောက်တစ်နေ့ရောက်တော့ သွမ့်ပိုင်ယွဲ့လည်းတကယ်ပင် အဖိုးမုချီနှင့် သွားမတွေ့တော့ဘဲ ထိုအစား နန်းတော်အပြင်ဘက် ထွက်လာခဲ့လေ၏။
"ဘယ်နှယ့်လဲ၊ ချဲန်းဟေဟွမ်ကိုရလာပြီလား"
နန်မော်ယဲ့လည်း လက်ထဲ ပေါက်စီတစ်လုံးကိုင်ရင်း လမ်းကြားတစ်ခု၌ စောင့်နေလေသည်။
"မရခဲ့ဘူး"
"ဒါဆို နောက်ထပ် ဘယ်လောက်ကြာကြာ ထပ်စောင့်ရမတဲ့လဲ"
"ဘယ်လောက်ကြာကြာ ထပ်စောင့်ရမယ်ဆိုတာကို မရှိတော့တာ"
နန်မော်ယဲ့ - "....."
"ရှောင်ယွမ်က ကျွန်တော့်ကို အဲ့ကိစ္စထဲ ၀င်ပါခွင့်မပြုဘူး"
"အဲ့တော့....."
"အဲ့တော့ ဒီကိစ္စကို ဒီလောက်ပဲရပ်ထားမယ်၊ ရှစ်ဖူးလည်း ပေါက်စီဆက်စားနေလိုက်တော့"
ပြောပြီးသွားတော့ သွမ့်ပိုင်ယွဲ့လည်း ချာခနဲလှည့်ထွက်သွားသည်။ သို့သော် နောက်
ကျောဘက်က လေခွင်းသံတစ်ခု ကြားလိုက်သည်နှင့် ချက်ချင်းပင် ရှောင်လိုက်လေ၏။
သို့သော်လည်း ရှောင်၍မလွတ်ဘဲ နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့ခေါင်းကို ဘုန်းခနဲ ရိုက်ပစ်လိုက်ပြီးနောက် ဒေါသတကြီးဆိုလာသည်။
"မင်းတို့အချင်းချင်း သေချာမဆွေးနွေးခဲ့ကြသေးဘဲ ဒီဆရာကို တာ၀န်ပေးလိုက်တယ်ပေါ့ .....ဟမ်"
"အင်း၊ သေချာစဥ်းစားကြည့်လိုက်တော့ ဒီကိစ္စ ကျွန်တော်တို့ရှီးနန်နဲ့ ဘာမှမဆိုင်တာ"
နန်မော်ယဲ့ - "....."
"အရင်တုန်းကတော့ ဆိုက်ဖန်းအန်းက ဘာလို့ အဖိုးမုချီကို လိုက်ရှာရသလဲဆိုတဲ့ ရည်ရွယ်ချက်သိချင်လို့ပဲ၊ ခုလည်း သိသွားပြီဆိုတော့ ဘာမှဆက်စုံစမ်းစရာမလိုတော့ဘူးလေ။ တစ်ခုတော့ရှိတာပေါ့၊ ရှစ်ဖူးကများ တရားမျှတတဲ့ ၊ ရဲရင့်ထက်မြက်တဲ့ သူရဲ
ကောင်းတစ်ယောက်အနေနဲ့ ကျုံးယွမ်သိုင်းလောကကို ဘေးအန္တရာယ်ကနေ ကာကွယ်ကယ်တင်ပေးချင်ရင်တော့ တစ်မျိုးပေါ့"
"မဖြစ်ချင်ပေါင်"
နန်မော်ယဲ့က ချက်ချင်းခေါင်းခါလိုက်သည်။ သို့သော် ရင်ထဲမှာ လိပ်ခဲတည်းလည်း တစ်ဆို့ဆို့ဖြစ်နေပုံရသေးသည်။
"ဒါပေမယ့် ဒီဆရာက ဆော့လို့တောင် မ၀သေးဘူးလေကွာ"
သွမ့်ပိုင်ယွဲ့ခေါင်းကိုက်သွားသည်။
တစ်အောင့်လောက်ကြာတော့မှ နန်မော်ယဲ့က
ပေါက်စီကို အကုန်စားပြီး လေးနက်စွာဆိုလာသည်။
"မင်းရဲ့ချစ်ရသူကြီးက မင်းကို သွားခွင့်မပြုဆိုပေမယ့် ငါ့ကိုတော့ တားမထားဘူးလေ၊ ဟုတ်တယ်နော်။ ဒီအချိန်ကစပြီး ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး"
"ပြဿနာတော့ရှာမလာနဲ့နော်"
"သေချာတာပေါ့ကွ...."
နန်မော်ယဲ့က မိမိကိုယ်ပေါ်က ဖုန်မှုန့်များကိုပုတ်ထုတ်လိုက်ပြီး မြေပြင်ပေါ်မှ သစ်ကိုင်းအဆွေးတစ်ခုကို ကောက်ယူလိုက်ကာ ရိုးရာတေးတစ်ပုဒ်ကို ညည်းရင်း ထွက်သွားတော့လေသည်။
သွမ့်ပိုင်ယွဲ့လည်း အစတုန်းက နန်းတော်သို့ပြန်ရန်ပြင်သေးသော်လည်း နောက်ဆုံးတော့ ဆရာဖြစ်သူကို စိတ်မချသဖြင့် နောက်မှ လိုက်လာခဲ့လေသည်။
*****
"ငါပြန်ရောက်လာပြီကွ"
နန်မော်ယဲ့က တံခါးကိုဖွင့်ပြီး ၀င်လာတော့ ဆိုက်အန်းဖန်း၏ အစေခံက အိပ်နေရင်းနှင့်မှ လန့်နိုးလာ၏။
"ဘာတွေအော်ဟစ်နေတာလဲ အဖိုးကြီး"
"လရောင်ငေးကို ရှာတွေ့ပြီလေ၊ နည်းနည်းလောက် ပျော်ပေးပါဦး"
နန်မော်ယဲ့က စိတ်ပျက်စွာ ညည်းတွားလာ၏။
ထိုနှစ်ယောက်၏ အပြန်အလှန်စကားပြောဆိုသံကိုကြားသည်နှင့် ဆိုက်ဖန်းအန်းလည်း အပေါ်၀တ်ရုံကိုခြုံကာ အခန်းထဲမှထွက်လာ၏။ မျက်နှာဖုံး၏ ဖုံးကွယ်ခံရခြင်းမရှိဘဲလွတ်နေသော မျက်နှာထက်၀ယ် ဖြူဆုတ်အားနည်းနေလျက်ရှိသည်။
တကယ်လည်း ဤသို့ပင် ဖြူဆုတ်အားနည်းနေရမည်လေ။အကြောင်းမှာမူ မနေ့က နန်မော်ယဲ့ ပြန်ခိုး၀င်လာပြီး အခန်းပတ်ချာလည် လာပတ်သွားကာ အခန်းထောင့်စွန်းရှိ ပန်းအိုးကြီးထဲ၌ ခရမ်းရောင်ဖားပြုပ်ကြီးတစ်ကောင် ထည့်ဖွက်ထားလေသည်။ ဤအချိန်လောက်ဆိုလျှင် ဆိုက်ဖန်းအန်းခန္ဓာကိုယ်ထဲက ကူအဆိပ်ပိုးများ မည်မျှပင် ကြောက်လန့်တကြား ထကြွပြေးလွှားနေလောက်ပြီလဲ။ ဤကဲ့သို့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်သည်ကိုက တော်တော်ဟုတ်နေပေပြီ။
"လရောင်ငေးရော"
ဆိုက်ဖန်းအန်းမေးလာတော့ နန်မော်ယဲ့ကလည်း သစ်ကိုင်းဆွေးတစ်ခု ထုတ်ပြလာ၏။
"တယ်!!!.....ဒီအဖိုးကြီးကတော့"
ဆိုက်ဖန်းအန်း၏အစေခံကတော့ နန်မော်ယဲ့ကို အော်ဟစ်လာသည်။
"အိမ်း၊ မင်းတို့လို သူငယ်နာမစင်တဲ့ကောင်တွေ ဘာသိမှာတုန်း။ ဒါကြီးကို လျိုချိုးသစ်သားလို့ခေါ်တယ် ၊ ဆယ်စုနှစ်များစွာ အသက်ရှည်လာတဲ့အပင်မျိုးပဲ၊ မိုးဒဏ်လေဒဏ်ရော နေရောင်လရောင်ကိုပါ သောက်သုံးခံယူထားတဲ့အပင်ကွ၊ ဒီလိုဆွေးမြေ့နေမှ သိဒ္ဓိ၀င်တာ။ အဲ့လိုမှမဟုတ်ရင် သူ့ကို လရောင်ငေးလို့ ခေါ်ကြမလားကွ"
အစေခံလေး၏ မျက်၀န်းထဲတွင် မယုံသင်္ကာဖြစ်နေသေး၏။ ဆိုက်ဖန်းအန်းကတော့ အေးဆေးစွာသာ ပြောလာသည်။
"လရောင်ငေးကို ရှာတွေ့ပြီဆိုတော့လည်း ချဲန်းဟေဟွမ်ကို သွားလုပ်တော့ ၊ တခြားပြဿနာတွေ ထပ်တက်လာရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့"
"ဘာပြဿနာမှ မရှိရပါဘူးကွာ"
နန်မော်ယဲ့က ထိုသစ်ဆွေးကို အိတ်ထဲပြန်ထည့်လိုက်ပြီးနောက် ဘေးခန်းသို့ ထွက်သွားလေသည်။ စောနက ဆိုက်ဖန်းအန်းမှာ အင်္ကျီပွပွ၀တ်ထားသည်မှန်သော်လည်း စကားပြောဆိုနေကြစဥ်မှာ နန်မော်ယဲ့ ဖျတ်ခနဲ မြင်လိုက်ရသည့်အရာတစ်ခုတော့ရှိသည်။
ဆိုက်ဖန်းအန်း၏လက်များက အရင်ကလောက် နုပျိုမနေဘဲ အရေပြားများ တွန့်နေကာ သွေးကြောများထင်းလျက် ဇရာထောင်းနေသည့် လက်များ ဖြစ်နေပေသည်။
အလိုလေး၊ ဒီလောက်အစွမ်းပဲရှိတာတောင် သူများတကာကိုလှည့်စားဖို့ ရုပ်ဖျက်သေးတယ်တဲ့။
နန်မော်ယဲ့က စိတ်ပျက်စွာ ခေါင်းတခါခါလုပ်ကာ လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီးနောက် ကုတင်ထက် လဲလျောင်းနေလိုက်၏။ထို့နောက် တခူးခူးဟောက်ပြီး လွတ်လပ်စွာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
"သခင်ကြီး"
ဆိုက်ဖန်းအန်းကို နှစ်ပေါင်းများစွာ ပြုစုလုပ်ကျွေးလာခဲ့သော ထိုအစေခံကောင်လေးတောင်မှ ဆိုက်ဖန်းအန်း ဤမျှအခြေအနေဆိုးသည်ကို မတွေ့စဖူး။ ထို့ကြောင့် စိုးရိမ်ပူပန်စွာ ဖေးမပေးရင်း မေးလာလေသည်။
"သခင်ကြီး၊ ကျွန်တော်တို့ သရဲရွာကို ပြန်ကြတော့မလားဟင်"
ဆိုက်ဖန်းအန်းကို သူ့ကိုခါထုတ်လိုက်ပြီး ဒယိမ်းဒယိုင်လျှောက်ရင်း အခန်းထဲသို့ ပြန်ထွက်သွားလေ၏။ ၀ါေယောကသိုဏ်းရှုကာ ပိုးကောင်များကို ပြန်လညိငြိမ်သက်အောင် ထိန်းနေပါသော်လည်း ခရမ်းရောင်ဖားပြုပ်ကြီးက ပန်းအိုးထဲတွင် ရှိနေလေရာ သာမန်ကူပိုးကောင်မဆိုထားနှင့်၊ ကူပိုးကောင်ဘုရင်ဖြစ်သော အမျိုးအစားသည်ပင်လျှင် အငြိမ်မနေရဲဘဲ အသက်ဘေးလွတ်အောင် ပြေးကြဦးမည်သာ။
အခုတော့ ဆိုက်ဖန်းအန်း ခန္ဓာကိုယ်ထဲတွင် ဓားအစင်းထောင်ချီပြီး မွှေနှောက်ထိုးနှက်နေသလိုပင် ဖြစ်နေကာ ပါးစပ်မှလည်း သွေးပွက်ပွက်အန်ချလာပြန်၏။ နောက်ဆုံးတော့ သူကိုယ်တိုင်လည်း မိမိတွေးထင်မျှော်မှန်းထားသည့်အတိုင်း အခြေအနေက မလွယ်ကူလှကြောင်း နားလည်သွားလေသည်။
"သခင်ကြီး"
အစေခံလေးက သူ့အတွက် ရေနွေးယူလာပေးနေရင်း ချက်ချင်းဆိုသလို လည်ပင်း၌ ဖျစ်ညှစ်ခံလိုက်ရသဖြင့် ကြောက်လန့်တကြား မျက်လုံးမျက်ဆန်ပြူးသွားရလေသည်။ ရှေ့မှောက်ရှိ ဆိုက်ဖန်းအန်းမှာ သူလုံး၀ ရင်းနှီးကျွမ်း၀င်မှုမရှိသော၊ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှသည့် ရုပ်သွင်ဖြစ်သွားပြီဖြစ်၏။
မျက်နှာဖုံးမှာလည်း ကြမ်းပြင်ပေါ်ကျသွားသည်မှာကြာပေပြီ၊ ဆိုက်ဖန်းအန်းမျက်နှာထက်တွင်လည်း သွေးကြောများ ထင်းကာ ချင်းချင်းနီလို့။ မျက်လုံးများကလည်း အပြင်သို့ထွက်ကျလာတော့မတတ် ပြူးထွက်နေ၏။ အသူရာချောက်နက်မှ ကုတ်ကပ်တက်တွယ်လာသော ငရဲမိစ္ဆာတစ်ကောင်နှင့် အလားသဏ္ဍာန် ခြားမနေတော့ပေ။
"အဟွတ်.... အဟွတ်...."
အစေခံလေးမှာ လည်ပင်းအစ်ကာ မျက်နှာပင် နီရဲနေပေပြီ။ ဆိုက်ဖန်းအန်းက အက်ရှနေသောအသံဖြင့်မေးလာသည်။
"ငါ့ကိုအဆိပ်ခတ်တာ မင်းမလား"
အစေခံလေးမှာ ခေါင်းတတွင်တွင်ခါရုံသာ၊ အသံလည်းမထွက်နိုင်တော့ဘဲ သတိပင်လစ်ချင်နေပြီဖြစ်၏။
ဆိုက်ဖန်းအန်းက ထိုအစေခံ၏ ခေါင်းပေါ် နောက်လက်တစ်ဖက်ဖြင့် ရိုက်ခွဲရန်ရွယ်လိုက်စဥ် ကြားမှ တစ်စုံတစ်ယောက်က လာရောက်တားဆီးထားလေသည်။
အခန်းတွင်း၀ယ် မျက်နှာဖုံးတပ်ဆင်ထားသော သွမ့်ပိုင်ယွဲ့ရောက်ရှိနေကာ အေးစက်သောလေသံဖြင့်မေးလာ၏။
"မင်းရဲ့ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ"
ဆိုက်ဖန်းအန်းက ချက်ချင်းပင် အင်္ကျီလက်စဖြင့် မိမိမျက်နှာကို ဖုံးကွယ်လိုက်ပြီး ပြတင်း
ပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ချထွက်ပြေးသွားလေသည်။
ရုတ်တရက်ကြီး မိုးပေါ်မှ လူတစ်ယောက်ပြုတ်ကျလာသဖြင့် တိုင်းသူပြည်သားများလည်း ထိတ်လန့်တကြားဖြစ်ကုန်ကြပြီး အနီးအနားရှိစောင့်ကြပ်ကြည့်ရှုနေသော ရဲမက်များကလည်း ပြောင်းလဲမှုတစ်စုံတစ်ခုဖြစ်မှန်းသတိထားမိသည်နှင့် အချက်ပြမီးပန်းလွှတ်တင်ကြကာ ထိုသူနောက်သို့ လူစုခွဲပြီး လိုက်သွားကြလေသည်။
ဆိုက်ဖန်းအန်းမှာ ကိုယ်ဖော့ပညာ အထူးကျွမ်းကျင်ပြီးသားဖြစ်လေရာ ကူအဆိပ် တက်နေသည့်တိုင်အောင် ရဲမက်တစ်၀က်ကျော်မျှကို နောက်မှာ ချန်ရစ်ပြီး လွတ်မြောက်အောင် တိမ်းရှောင်နိုင်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ လူတစ်ယောက်၏ လက်ထဲမှတော့ မလွတ်နိုင်ခဲ့။
တောအုပ်အစပ်သို့ရောက်တော့ သွမ့်ပိုင်ယွဲ့လည်း ဖြတ်လမ်းကိုသုံးကာ ကြားဖြတ်တားဆီးလိုက်နိုင်ကာ လက်စွဲတော်ဓားကိုထုတ်ပြီး ဆိုက်ဖန်းအန်းလည်ပင်းအား မိုးထားလေ၏။
"မင်း.....မင်းကဘယ်သူလဲ"
ဆိုက်ဖန်းအန်းအသံများ အက်ရှနေသည်။
"ကျုပ် ဘယ်သူဆိုတာ အရေးမကြီးဘူး၊ ခင်ဗျားကတော့ တစ်ချိန်က ချိုးကျီဆိုတဲ့လူ ဟုတ်တယ်မလား"
"မဟုတ်ဘူး"
ဆိုက်ဖန်းအန်းက လုံး၀ တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုလာ၏။
"မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပဲထားပါ၊ ကျုပ်အတွက် ဘာမှအရေးမကြီးပါဘူး ။ ဒါပေမယ့် ခင်ဗျားက ဖန်ရှင်းစစ်တုရင်ကွက်အကြောင်းလည်းသိတယ်၊ ချိုးရွှမ်ကျီးယန္တရားတိုက်အကြောင်းကိုလည်း အဲ့လောက်ထိ ထိတ်လန့်နေတယ်ဆိုတော့ အဲ့ဒီစစ်တုရင်ကွက်နဲ့ ဖန်ရှင်းပုလဲရဲ့ ဆက်နွယ်နေတဲ့လျှို့၀ှက်ချက်အကြောင်းတော့ သိမယ်ထင်ပါတယ်"
"ဘာလျှို့၀ှက်ချက်မှမရှိဘူး"
ဆိုက်ဖန်းအန်း အသက်ရှူသံများ ဟောဟဲလှိုက်လာချေပြီ။ လည်ပင်းထက်၌လည်း အနည်းငယ် ယောင်ယမ်းလာပေပြီ။
သွမ့်ပိုင်ယွဲ့က ပုလင်းတစ်ဘူးထုတ်ပြလာ၏။
"ဒါက လန်ယဲန့်ချောင်မြက်ကနေ ထုတ်ထားတဲ့ဆေးပဲ ၊ ခင်ဗျားကိုယ်ထဲ သောင်းကျန်းနေတဲ့ ကူပိုးကောင်တွေကို ခဏတော့ ငြိမ်သက်စေနိုင်တယ်။ ကျုပ်သာ ခင်ဗျားနေရာမှာသာဆိုရင် မေးသမျှမေးခွန်းကို အသေးစိတ် ပြန်ဖြေပေးမှာပဲ၊ ဘာလို့လဲဆိုတော့ လွတ်လမ်းဆိုလို့ ဒီတစ်လမ်းပဲကျန်တော့တာလေ"
"တကယ် လန်ယဲန့်ချောင်လား....."
ဆိုက်ဖန်းအန်းက အင်မတန်မှ ဆာလောင်
မွတ်သိပ်နေသော အကြည့်ဖြင့် ထိုပုလင်းအား စိုက်ကြည့်လာ၏။
သွမ့်ပိုင်ယွဲ့က ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး ဆေးလုံးနှစ်လုံးသုံးလုံးမျှ ထုတ်ပြလာသည်။
"ဟုတ်ပြီ၊ မင်းဘာမေးချင်တာလဲ"
"ဖန်ရှင်းပုလဲက တကယ်တမ်း ဘာပစ္စည်းကြီးလဲ ၊ ဘာလို့ အရောင်လင်းနိုင်တာလဲ"
"ဘာ ၊ ဖန်ရှင်းက မင်းလက်ထဲရောက်နေတာလား"
ထိုစကားကြားတော့ ဆိုက်ဖန်းအန်းမျက်နှာမှာ ချက်ချင်း အရောင်ပြောင်းသွားလေ၏။
"ဒီကိစ္စ ခင်ဗျားနဲ့မဆိုင်ဘူး"
"မဖြစ်နိုင်ဘူး၊ ဖန်ရှင်းပုလဲကို အရောင်လင်းအောင်လုပ်နိုင်တဲ့လူမှန်သမျှ ချောင်ယာမှာ သေကုန်ကြပြီပဲ။ မင်း လိမ်ပြောနေတာ"
"ချောင်ယာ?"
"မဖြစ်နိုင်ဘူး..... မဖြစ်နိုင်ဘူး..."
ဆိုက်ဖန်းအန်းမှာ အလွန်အမင်းစိတ်ဖောက်ပြန်နေသည့်သူနှယ် ရုတ်ခြည်းပင် ကယောင်ချောက်ချားဖြစ်ပြီး သွမ့်ပိုင်ယွဲ့လက်အား ပုတ်ထုတ်လိုက်ကာ ထိုဆေးလုံးကိုပင် မမှုအားတော့ဘဲ ပြေးထွက်သွားကာ ချောက်ကမ်းပါးစွန်းတစ်ခုမှ သွေးရူး
သွေးတန်း ခုန်ချသွားလေ၏။ သွမ့်ပိုင်ယွဲ့လည်း အမြန်လိုက်ပြေးသွားပေမင့် သူ့အင်္ကျီစကိုသာ ဆွဲမိကာ ထိုဆိုက်ဖန်းအန်းကလည်း ချောက်ထဲမကျသွားဘဲ ကမ်းပါးအလယ်ထောက်တွင် နွယ်ပင်သုံးလေးပင်မျှ ဖမ်းဆုပ်ထားနိုင်ပေ၏။ ထို့နောက် အုံ့ဆိုင်းလာသော တိမ်ပင်လယ်ကြား ဘာမှ မမြင်ရတော့သဖြင့် သေသလားရှင်သလား ဆက်မသိရတော့။
"အခြေအနေဘယ်နှယ့်နေလဲ"
နောက်မှလိုက်လာသောနန်မော်ယဲ့က သွမ့်ပိုင်ယွဲ့အားမေးလာ၏။
"ချောက်ထဲ ခုန်ချသွားပြီ။ ဒါနဲ့ ရှစ်ဖူး....
ချောင်ယာလူမျိုးအကြောင်း ကြားဖူးလား"
"ကြားတာကကြားဖူးတယ်၊ တောင်ပင်လယ်ထဲမှာရှိတဲ့ ပဥ္စလက်ဆန်တဲ့ဒေသက လူတွေလေ။ သူတို့ခေါင်းဆောင်ကို ချောင်ယာလောင်ဇူလို့ခေါ်ပြီး အဲ့မှာနေတဲ့လူတွေက လူမဟုတ်ဘူး၊ နတ်တွေလို့တော့ ပြောတာပဲ"
သွမ့်ပိုင်ယွဲ့ - "......."
"ဘာလဲ၊ အဲ့ဆိုက်ဖန်းအန်းက သူ့ကိုယ်သူ ချောင်ယာကနေလာတယ်လို့ ပြောလိုက်လို့လား"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ-
"စောနက သူ အဆိပ်ဖြေဆေးကိုတောင် အငမ်းမရ လိုချင်နေသေးတယ်။ ဖန်ရှင်းပုလဲ အရောင်လင်းတဲ့ အကြောင်းလဲကြားရော မဖြစ်နိုင်ဘူးလို့ ပြောလာတယ်၊ ပြီးတော့ အဲ့လိုလင်းအောင်လုပ်နိုင်သူမှန်သမျှ ချောင်ယာပြည်မှာ သေကုန်ကြပြီတဲ့။ အဲ့လိုပြောလို့ပြီးရော အရူးလိုပဲ ချောက်ထဲ ခုန်ဆင်းသွားတယ်၊ နွယ်ပင်တော့ ဆွဲနိုင်လိုက်တာမြင်ပေမယ့် သေမလားရှင်မလားမသိရတော့ဘူး"
နန်မော်ယဲ့က ချောက်ကမ်းပါးအောက်သို့ လှမ်းကြည့်လိုက်သေးသည်။
"ဟိုအစေခံရော ဘယ်လိုနေသေးလဲရှစ်ဖူး"
"တည်းခိုဆောင်မှာ ခဏချုပ်ထားဖို့ သူ့ကိုယောင်အာခေါ်သွားပြီ ၊ ရဲမက်တွေလည်း အဲ့တည်းခိုဆောင်ကို သွားမွှေကြသေးတယ်။ ဒါပေမယ့် ငါတို့က တစ်လှမ်းသာသွားတယ်လေ ဟဲဟဲ"
"ဒါဆိုလည်း သွားကြည့်ကြရအောင် ရှစ်ဖူး၊ အနည်းဆုံးတော့ အဲ့ဒီလူထူးလူဆန်း ဆိုက်ဖန်းအန်းကြီးက ဘယ်ကနေလာသလဲဆိုတာ သိရတာပေါ့"
*******
တည်းခိုဆောင်တွင် သွမ့်ယောင်ကလည်း စားပွဲပေါ်ထိုင်ကာ ဘေးက အစေခံကောင်လေးအား သေချာကျကျနန မေးထောက်ပြီးတော့ကို ကြည့်နေ၏။
"အသက်ချမ်းသာပေးပါ သခင်လေး၊ ကျွန်တော်မျိုး ထွက်မပြေးရဲပါဘူးဗျ"
အစေခံလေးမှာ မျက်ရည်လည်ရွှဲကြီးဖြစ်နေချေပြီ။
"ဟိတ်၊ မင်းပဲ ကတိပေးလိုက်တာနော်။ ထွက်ပြေးသွားမှ ငါ့အဆိုးလာမဆိုနဲ့"
ပြောပြောဆိုဆို ယောင်အာက ထိုအစေခံနဖူးပြင်ပေါ် လျှောက်သွားနေသော ပင့်ကူကို ပြန်သိမ်းထားလိုက်သည်။ ထိုအစေခံလေးမှာလည်း ခုမှ သက်ပြင်းချနိုင်တော့သည်။
"သူများတွေလည်း ၀မ်းစာရှာစားနေရတာပဲ၊ မင်းက ဘာလို့များ ဒီထက်ကောင်းတဲ့သခင်ကို မရှာတာလဲ၊ ဘာလို့များ အဲ့လိုလူယုတ်မာတစ်ယောက်ရဲ့နောက်လိုက်လုပ်နေတာတုန်း"
ထိုအစေခံလေးမှာ ရှိုက်ငိုနေဆဲဖြစ်သည်။
ထိုစဥ် သွမ့်ပိုင်ယွဲ့တို့ ဆရာတပည့်နှစ်ယောက် ပြန်ရောက်လာ၏။
ယောင်အာက နှစ်ယောက်သားပြန်လာသည်ကို ကြည့်ပြီးမေးလာသည်။
"လူရော....ဟိုဆိုက်ဖန်းအန်းကရော အတူတူ ပြန်မပါလာဘူးလား"
"သေသွားပြီ"
"ဘာလို့သေပြန်ပြီလဲ၊ လူဟတစ်ခါ လိုက်ဖမ်းတိုင်း မသေသေအောင် ဖိအားတွေပေးနေတယ်ပေါ့"
အစေခံလေးခမျာ အတော်ပင်၀မ်းသာသွား၏။
တော်ပါသေးရဲ့၊ ငါပါ ရောယောင်ပြီး ထွက်မပြေးလိုက်လို့။
နန်မော်ယဲ့က ဘေးကကုလားထိုင်ပေါ်ထိုင်ပြီးပြောလာသည်။
"မင်း သိသမျှ အကုန်ပြောပြစမ်းကွာ၊ မဟုတ်ရင် ကူအဆိပ်အစမ်းသပ်ခံဖြစ်သွားမှ နောင်တရမယ်"
အစေခံလေးမှာ ဖျတ်ခနဲ တုန်လှုပ်သွား၏။ ကူအဆိပ်အနှိပ်စက်ခံရသော ဆိုက်ဖန်းအန်း၏ ပုံစံကို သူ့မျက်လုံးထဲ မြင်ယောင်နေသေးသည်။ ထိုအဆိပ်မျိုးကို မည်သူကမှ စမ်းမသောက်ချင်လောက်ပါပေ။
ထို့ကြောင့် သူလည်း ဖြစ်ကြောင်းကုန်စင်ကိုမထိန်မချန် တစ်ခုမကျန် အသေးစိတ် ပြောပြလာသည်။
ထိုဆိုက်ဖန်းအန်းမှာ ဆူကျိုးစီရင်စုအတွင်းရှိ သရဲရွာဟူသော နေရာ၌နေထိုင်ခဲ့ဖူးသည်။ သရဲရွာဟု အမည်တွင်ရခြင်းမှာ ရွာလုံးကျွတ် ကူးစက်ရောဂါခံရပြီး သေကုန်ကြရာ ရွာနီး
ချုပ်စပ်တစ်၀ိုက်လည်း အခြားနေရာသို့ပြောင်းရွှေ့သွားကြသဖြင့် လူအသွားအလာမရှိတော့သောကြောင့်ဖြစ်၏။ သို့သော် တိတ်ဆိတ်မှုကိုနှစ်ခြိုက်မွေ့လျော်ပြီး နေရဲသည်ဆိုလျှင်တော့ ထိုနေရာက နေထိုင်ရန် အတော်လေး အဆင်ပြေသောနေရာပင်။
ထိုအစေခံလေးမှာ အရင်က သူခိုးပေါက်စလေးဖြစ်ကာ ရွာသားများက သူ့အား ၀ိုင်းထုထောင်းရိုက်နှက်သဖြင့် သတိမမူမိဘဲ ပြေးမိပြေးရာပြေးကာ သရဲရွာထဲ ရောက်သွား၏။ အဆိပ်ငွေ့များကြောင့် မူးေ၀သတ်ိလစ်သွားကာ ပြန်နိုးလာတော့ မိမိကိုယ်ထဲ ကူအဆိပ်အထည့်ခံလိုက်ရမှန်းသိသွားသည်။ ထိုကတည်းကစ၍ ဆိုက်ဖန်းအန်းနောက် လိုက်ဖြစ်လာခဲ့ရာ လေးနှစ်မျှပင်ကြာပြီဟုဆိုလာ၏။
"သူက သာမန်အချိန်မှာလည်း ဘာမှမလုပ်ဘူး၊ သိုင်းကျင့်လိုက် စစ်တုရင်လေ့လာလိုက်နဲ့ပဲ၊ ဟုတ်လား"
သွမ့်ပိုင်ယွဲ့က သိပ်အလိုမကျသည့်ပုံပင်။
"ဟုတ်ပါတယ်ခင်ဗျာ။ သူ့မှာ တခြားအစေခံတွေ မနည်းမနော ရှိသေးတယ်ထင်ရတယ်၊ မျက်နှာဖုံးတပ်ထားတဲ့လူတွေ အိမ်ကို ခဏခဏရောက်ရောက်လာတတ်တယ်၊ သူ့ ပိုက်ဆံတေကိုလည်း ဘယ်ကနေ ရလာမှန်းလည်း မသိဘူး"
"ဒီလေးနှစ်အတွင်း သူ မျက်နှာဖုံးကို ချွတ်ထားဖူးသလား"
"ဟင့်အင်း၊ တစ်ခါမှ မချွတ်ဖူးဘူး"
"ပြီးတော့.....သူ့ပါးစပ်ကနေ ယွီ့ကွမ်းတောင်၊ လန်ယီကျန့်၊ ဒါမှမဟုတ် ချိုးကျီ ၊ အဲ့လိုစကားလုံးတွေပြောတာ ကြားဖူးလား"
''ဟုတ်၊ ကြားဖူးပါတယ်ဗျ။ သူက အမြဲတမ်းလိုလို ယွီ့ကွမ်းတောင်အကြောင်း စိုးရိမ်ထိတ်လန့်နေတာ၊ ကြာကြာနေတစ်ခါ လူလွှတ်ပြီး စုံစမ်းခိုင်းတတ်တယ်။ သုံးရက်တစ်ခါ ငါးရက်တစ်ခါ ' ချိုးကျီက တစ်ကိုယ်တော်သိုင်းသမား၊ အရမ်းထက်မြက်တယ် ၊ ရဲရင့်တယ်၊ ကျုံးယွမ်သိုင်းလောကတစ်ခွင်မှာ အတော်ဆုံးပဲ'ဆိုတာတွေ ရွတ်ခိုင်းတတ်တယ်။ လန်ယီကျန့်အကြောင်းပြောတာတော့ ရှားတယ်"
သွမ့်ယောင် ထိုစကားကိုကြားတော့ အတော်ရယ်ချင်နေ၏။ အကယ်၍ ဆိုက်ဖန်းအန်းသာ ချိုးကျီဖြစ်နေခဲ့လျှင် ၊ နေ့တိုင်းလိုလို တခြားလူကို မိမိကောင်းကြောင်း ချီးမွမ်းခိုင်းနေလျှင်တော့ သူ့ဦးနှောက်မှာ သိပ်ကောင်းလောက်မည်မဟုတ်တော့။
"အဲ့ဒီစစ်တုရင်ကွက်ကို သူနေ့တိုင်းလေ့လာဆန်းစစ်နေပေမယ့် ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူး၊ ကြာကြာကြည့်ရင်လည်း မိစ္ဆာစိတ်လွှမ်းမိုးနိုင်သေးတယ်တဲ့။ ဒီတစ်ခေါက် အိမ်ကထွက်လာတော့ ဒီစစ်တုရင်ကွက်ကိုဖြေရှင်းနိုင်တဲ့လူ လာရှာမယ်ပြောတော့ ကျွန်တော်တောင် အတော်၀မ်းသာသွားသေးတယ်။ ဒါကြီးကိုသာဖြေရှင်းနိင်ခဲ့ရင် နေ့တိုင်းစိုးရိမ်ပူပန်နေရတဲ့ သူ့ဒုက္ခကြီးတော့ တော်တော်သက်သာသွားမှာဆိုပြီးတော့လေ"
"ဒါဆို ဖန်ရှင်းပုလဲနဲ့ ချောင်ယာအကြောင်းကိုရော ဘာပြောဖူးသေးလဲ"
အစေခံလေးက သွမ့်ပိုင်ယွဲ့မေးလာသည့် ဒီမေးခွန်းကိုတော့ ခေါင်းခါပြလိုက်ရသည်။
သွမ့်ပိုင်ယွဲ့ မျက်မှောင်များကြုံ့သွား၏။
နန်မော်ယဲ့က သူ့ပခုံးကို ခပ်ဖွဖွပုတ်လိုက်ကာ နှစ်သိမ့်ပေးသည်။
"လောလို့မရဘူးကွ၊ မင်းဆရာကိုယ်တိုင်ပဲ ယွီ့ကွမ်းတောင်ဘက် ကိုယ်တိုင်သွားကြည့်လိုက်ရင် ပိုမကောင်းဘူးလား"
သွမ့်ပိုင်ယွဲ့ အနည်းငယ် လေးဖင့်နေ၏။
"ဟိုလန်ယီကျန့်လည်း ပြန်နိုးချင်နိုးလာလောက်တယ်ဆိုတော့ ၊ သူနဲ့တွေ့ရင် တစ်ခါတည်း အကြောင်းစုံမေးလို့ရတယ်၊ ခုလို စမ်းတ၀ါး၀ါး လမ်းပျောက်နေတာထက်စာရင်တော့ တော်သေးတာပေါ့"
"ဒါဆို ကျွန်တော် နန်းတော်ထဲ တစ်ခေါက်သွားလိုက်ဦးမယ်"
နန်မော်ယဲ့က ခေါင်းညိတ်လိုက်သည်။
"သွားပါ။ ဒီဘက်ကို ဆရာရယ် ယောင်အာရယ် ကြည့်ပေးပါ့မယ်"
သို့နှင့် သွမ့်ပိုင်ယွဲ့လည်း တည်းခိုဆောင်မှ ထွက်ခဲ့တော့သည်။
******
သွမ့်ယောင်လည်း ထိုအစေခံကောင်လေးအား သတိလစ်အောင် လုပ်လိုက်ပြီးနောက် နန်မော်ယဲ့ကို မေးလာသည်။
"နောင်တော်ရဲ့ ချစ်ရသူကြီးက ဘယ်သူလဲဟင် ရှစ်ဖူး"
နန်မော်ယဲ့က သူ့အား လှပ်ကြည့်လာကာ
"ဒီလောက်သိသာနေတာကို မင်း ခုထိ မသိသေးဘူးလားကွ"
သွမ့်ယောင် ရိုးသားစွာပင် ခေါင်းခါပြလာ၏။
နန်မော်ယဲ့က သက်ပြင်းချလိုက်ကာ သွမ့်ယောင်အား အနားသို့ တိုးကပ်လာစေရန် အချက်ပေးလိုက်၏။
သွမ့်ယောင် အရမ်း ရင်ခုန်သွားပြီး အနားသို့တိုးကပ်သွားသည်။ ထို့နောက် နန်မော်ယဲ့က တစ်ခွန်းချင်း ပြောလာ၏။
"ရှန်.....ချန်း....ဖန်း...."
သွမ့်ယောင်က ချက်ချင်းပင် စားပွဲပေါ် ဒုန်းခနဲထုလိုက်ပြီး ရင်ထဲမှ အလုံးကြီးကျသွားသည့်နှယ် စိတ်သက်သာရာရစွာပြောလာ၏။
"ထင်သားပဲ၊ စစ်သူကြီးရှန်ပဲဖြစ်မယ်ဆိုတာ ကျွန်တော် ထင်သားပဲ"
နန်မော်ယဲ့က ပြုံးပြုံးကြီးနှင့် တပည့်ငယ်၏ ခေါင်းကို ပွတ်သပ်ပေး၏။
ငတုံးလေး....တုံးအလိုက်တဲ့ ငါ့တပည့်လေး...
*****
Thz for loving this story.
2020.05.27.
*****
အခန္း- ၃၃ (ေခ်ာင္ယာလူမ်ိဳးစု)
[ ဟိုင္နန္ေတာင္ပင္လယ္အတြင္းရိွ ပဥၥလက္နယ္ေျမ ]
Unicode version:
ေနာက္တစ္ေန့ေရာက္ေတာ့ သြမ့္ပိုင္ယြဲ႔လည္းတကယ္ပင္ အဖိုးမုခ်ီႏွင့္ သြားမေတြ့ေတာ့ဘဲ ထိုအစား နန္းေတာ္အျပင္ဘက္ ထြက္လာခဲ့ေလ၏။
"ဘယ္ႏွယ့္လဲ၊ ခ်ဲန္းေဟဟြမ္ကိုရလာၿပီလား"
နန္ေမာ္ယဲ့လည္း လက္ထဲ ေပါက္စီတစ္လံုးကိုင္ရင္း လမ္းၾကားတစ္ခု၌ ေစာင့္ေနေလသည္။
"မရခဲ့ဘူး"
"ဒါဆို ေနာက္ထပ္ ဘယ္ေလာက္ၾကာၾကာ ထပ္ေစာင့္ရမတဲ့လဲ"
"ဘယ္ေလာက္ၾကာၾကာ ထပ္ေစာင့္ရမယ္ဆိုတာကို မရိွေတာ့တာ"
နန္ေမာ္ယဲ့ - "....."
"ေရွာင္ယြမ္က ကြၽန္ေတာ့္ကို အဲ့ကိစၥထဲ ၀င္ပါခြင့္မျပဳဘူး"
"အဲ့ေတာ့....."
"အဲ့ေတာ့ ဒီကိစၥကို ဒီေလာက္ပဲရပ္ထားမယ္၊ ရွစ္ဖူးလည္း ေပါက္စီဆက္စားေနလိုက္ေတာ့"
ေျပာၿပီးသြားေတာ့ သြမ့္ပိုင္ယြဲ႔လည္း ခ်ာခနဲလွည့္ထြက္သြားသည္။ သို႔ေသာ္ ေနာက္
ေက်ာဘက္က ေလခြင္းသံတစ္ခု ၾကားလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ေရွာင္လိုက္ေလ၏။
သို႔ေသာ္လည္း ေရွာင္၍မလြတ္ဘဲ နန္ေမာ္ယဲ့က သြမ့္ပိုင္ယြဲ႔ေခါင္းကို ဘုန္းခနဲ ရိုက္ပစ္လိုက္ၿပီးေနာက္ ေဒါသတႀကီးဆိုလာသည္။
"မင္းတို႔အခ်င္းခ်င္း ေသခ်ာမေဆြးေနြးခဲ့ၾကေသးဘဲ ဒီဆရာကို တာ၀န္ေပးလိုက္တယ္ေပါ့ .....ဟမ္"
"အင္း၊ ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့ ဒီကိစၥ ကြၽန္ေတာ္တို႔ရွီးနန္နဲ႔ ဘာမွမဆိုင္တာ"
နန္ေမာ္ယဲ့ - "....."
"အရင္တုန္းကေတာ့ ဆိုက္ဖန္းအန္းက ဘာလို႔ အဖိုးမုခ်ီကို လိုက္ရွာရသလဲဆိုတဲ့ ရည္ရြယ္ခ်က္သိခ်င္လို႔ပဲ၊ ခုလည္း သိသြားၿပီဆိုေတာ့ ဘာမွဆက္စံုစမ္းစရာမလိုေတာ့ဘူးေလ။ တစ္ခုေတာ့ရိွတာေပါ့၊ ရွစ္ဖူးကမ်ား တရားမ်ွတတဲ့ ၊ ရဲရင့္ထက္ျမက္တဲ့ သူရဲ
ေကာင္းတစ္ေယာက္အေနနဲ႔ က်ံဳးယြမ္သိုင္းေလာကကို ေဘးအႏၲရာယ္ကေန ကာကြယ္ကယ္တင္ေပးခ်င္ရင္ေတာ့ တစ္မ်ိဳးေပါ့"
"မျဖစ္ခ်င္ေပါင္"
နန္ေမာ္ယဲ့က ခ်က္ခ်င္းေခါင္းခါလိုက္သည္။ သို႔ေသာ္ ရင္ထဲမွာ လိပ္ခဲတည္းလည္း တစ္ဆို႔ဆို႔ျဖစ္ေနပံုရေသးသည္။
"ဒါေပမယ့္ ဒီဆရာက ေဆာ့လို႔ေတာင္ မ၀ေသးဘူးေလကြာ"
သြမ့္ပိုင္ယြဲ႔ေခါင္းကိုက္သြားသည္။
တစ္ေအာင့္ေလာက္ၾကာေတာ့မွ နန္ေမာ္ယဲ့က
ေပါက္စီကို အကုန္စားၿပီး ေလးနက္စြာဆိုလာသည္။
"မင္းရဲ့ခ်စ္ရသူႀကီးက မင္းကို သြားခြင့္မျပဳဆိုေပမယ့္ ငါ့ကိုေတာ့ တားမထားဘူးေလ၊ ဟုတ္တယ္ေနာ္။ ဒီအခ်ိန္ကစၿပီး ဒီကိစၥက မင္းနဲ႔ ဘာမွမဆိုင္ေတာ့ဘူး"
"ျပႆနာေတာ့ရွာမလာနဲ႔ေနာ္"
"ေသခ်ာတာေပါ့ကြ...."
နန္ေမာ္ယဲ့က မိမိကိုယ္ေပၚက ဖုန္မႈန္႔မ်ားကိုပုတ္ထုတ္လိုက္ၿပီး ေျမျပင္ေပၚမွ သစ္ကိုင္းအေဆြးတစ္ခုကို ေကာက္ယူလိုက္ကာ ရိုးရာေတးတစ္ပုဒ္ကို ညည္းရင္း ထြက္သြားေတာ့ေလသည္။
သြမ့္ပိုင္ယြဲ႔လည္း အစတုန္းက နန္းေတာ္သို႔ျပန္ရန္ျပင္ေသးေသာ္လည္း ေနာက္ဆံုးေတာ့ ဆရာျဖစ္သူကို စိတ္မခ်သျဖင့္ ေနာက္မွ လိုက္လာခဲ့ေလသည္။
*****
"ငါျပန္ေရာက္လာၿပီကြ"
နန္ေမာ္ယဲ့က တံခါးကိုဖြင့္ၿပီး ၀င္လာေတာ့ ဆိုက္အန္းဖန္း၏ အေစခံက အိပ္ေနရင္းႏွင့္မွ လန္႔ႏိုးလာ၏။
"ဘာေတြေအာ္ဟစ္ေနတာလဲ အဖိုးႀကီး"
"လေရာင္ေငးကို ရွာေတြ့ၿပီေလ၊ နည္းနည္းေလာက္ ေပ်ာ္ေပးပါၪီး"
နန္ေမာ္ယဲ့က စိတ္ပ်က္စြာ ညည္းတြားလာ၏။
ထိုႏွစ္ေယာက္၏ အျပန္အလွန္စကားေျပာဆိုသံကိုၾကားသည္ႏွင့္ ဆိုက္ဖန္းအန္းလည္း အေပၚ၀တ္ရံုကိုၿခံဳကာ အခန္းထဲမွထြက္လာ၏။ မ်က္ႏွာဖံုး၏ ဖံုးကြယ္ခံရျခင္းမရိွဘဲလြတ္ေနေသာ မ်က္ႏွာထက္၀ယ္ ျဖဴဆုတ္အားနည္းေနလ်က္ရိွသည္။
တကယ္လည္း ဤသို႔ပင္ ျဖဴဆုတ္အားနည္းေနရမည္ေလ။အေၾကာင္းမွာမူ မေန့က နန္ေမာ္ယဲ့ ျပန္ခိုး၀င္လာၿပီး အခန္းပတ္ခ်ာလည္ လာပတ္သြားကာ အခန္းေထာင့္စြန္းရိွ ပန္းအိုးႀကီးထဲ၌ ခရမ္းေရာင္ဖားျပဳပ္ႀကီးတစ္ေကာင္ ထည့္ဖြက္ထားေလသည္။ ဤအခ်ိန္ေလာက္ဆိုလ်ွင္ ဆိုက္ဖန္းအန္းခႏၶာကိုယ္ထဲက ကူအဆိပ္ပိုးမ်ား မည္မ်ွပင္ ေၾကာက္လန္႔တၾကား ထႂကြေျပးလႊားေနေလာက္ၿပီလဲ။ ဤကဲ့သို႔ ေျခႏွစ္ေခ်ာင္းေပၚ မတ္မတ္ရပ္ႏိုင္သည္ကိုက ေတာ္ေတာ္ဟုတ္ေနေပၿပီ။
"လေရာင္ေငးေရာ"
ဆိုက္ဖန္းအန္းေမးလာေတာ့ နန္ေမာ္ယဲ့ကလည္း သစ္ကိုင္းေဆြးတစ္ခု ထုတ္ျပလာ၏။
"တယ္!!!.....ဒီအဖိုးႀကီးကေတာ့"
ဆိုက္ဖန္းအန္း၏အေစခံကေတာ့ နန္ေမာ္ယဲ့ကို ေအာ္ဟစ္လာသည္။
"အိမ္း၊ မင္းတို႔လို သူငယ္နာမစင္တဲ့ေကာင္ေတြ ဘာသိမွာတုန္း။ ဒါႀကီးကို လ်ိဳခ်ိဳးသစ္သားလို႔ေခၚတယ္ ၊ ဆယ္စုႏွစ္မ်ားစြာ အသက္ရွည္လာတဲ့အပင္မ်ိဳးပဲ၊ မိုးဒဏ္ေလဒဏ္ေရာ ေနေရာင္လေရာင္ကိုပါ ေသာက္သံုးခံယူထားတဲ့အပင္ကြ၊ ဒီလိုေဆြးေျမ့ေနမွ သိဒၶိ၀င္တာ။ အဲ့လိုမွမဟုတ္ရင္ သူ႔ကို လေရာင္ေငးလို႔ ေခၚၾကမလားကြ"
အေစခံေလး၏ မ်က္၀န္းထဲတြင္ မယံုသကၤာျဖစ္ေနေသး၏။ ဆိုက္ဖန္းအန္းကေတာ့ ေအးေဆးစြာသာ ေျပာလာသည္။
"လေရာင္ေငးကို ရွာေတြ့ၿပီဆိုေတာ့လည္း ခ်ဲန္းေဟဟြမ္ကို သြားလုပ္ေတာ့ ၊ တျခားျပႆနာေတြ ထပ္တက္လာရင္ ကြၽန္ေတာ့္ကို အဆိုးမဆိုနဲ႔"
"ဘာျပႆနာမွ မရိွရပါဘူးကြာ"
နန္ေမာ္ယဲ့က ထိုသစ္ေဆြးကို အိတ္ထဲျပန္ထည့္လိုက္ၿပီးေနာက္ ေဘးခန္းသို႔ ထြက္သြားေလသည္။ ေစာနက ဆိုက္ဖန္းအန္းမွာ အက်ႌပြပြ၀တ္ထားသည္မွန္ေသာ္လည္း စကားေျပာဆိုေနၾကစဥ္မွာ နန္ေမာ္ယဲ့ ဖ်တ္ခနဲ ျမင္လိုက္ရသည့္အရာတစ္ခုေတာ့ရိွသည္။
ဆိုက္ဖန္းအန္း၏လက္မ်ားက အရင္ကေလာက္ ႏုပ်ိဳမေနဘဲ အေရျပားမ်ား တြန္႔ေနကာ ေသြးေၾကာမ်ားထင္းလ်က္ ဇရာေထာင္းေနသည့္ လက္မ်ား ျဖစ္ေနေပသည္။
အလိုေလး၊ ဒီေလာက္အစြမ္းပဲရိွတာေတာင္ သူမ်ားတကာကိုလွည့္စားဖို႔ ရုပ္ဖ်က္ေသးတယ္တဲ့။
နန္ေမာ္ယဲ့က စိတ္ပ်က္စြာ ေခါင္းတခါခါလုပ္ကာ လက္ဖက္ရည္တစ္ခြက္ေသာက္လိုက္ၿပီးေနာက္ ကုတင္ထက္ လဲေလ်ာင္းေနလိုက္၏။ထို႔ေနာက္ တခူးခူးေဟာက္ၿပီး လြတ္လပ္စြာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားေလသည္။
"သခင္ႀကီး"
ဆိုက္ဖန္းအန္းကို ႏွစ္ေပါင္းမ်ားစြာ ျပဳစုလုပ္ေကြၽးလာခဲ့ေသာ ထိုအေစခံေကာင္ေလးေတာင္မွ ဆိုက္ဖန္းအန္း ဤမ်ွအေျခအေနဆိုးသည္ကို မေတြ့စဖူး။ ထို႔ေၾကာင့္ စိုးရိမ္ပူပန္စြာ ေဖးမေပးရင္း ေမးလာေလသည္။
"သခင္ႀကီး၊ ကြၽန္ေတာ္တို႔ သရဲရြာကို ျပန္ၾကေတာ့မလားဟင္"
ဆိုက္ဖန္းအန္းကို သူ႔ကိုခါထုတ္လိုက္ၿပီး ဒယိမ္းဒယိုင္ေလ်ွာက္ရင္း အခန္းထဲသို႔ ျပန္ထြက္သြားေလ၏။ ဝါေယာကသိုဏ္းရႈကာ ပိုးေကာင္မ်ားကို ျပန္လညိၿငိမ္သက္ေအာင္ ထိန္းေနပါေသာ္လည္း ခရမ္းေရာင္ဖားျပဳပ္ႀကီးက ပန္းအိုးထဲတြင္ ရိွေနေလရာ သာမန္ကူပိုးေကာင္မဆိုထားႏွင့္၊ ကူပိုးေကာင္ဘုရင္ျဖစ္ေသာ အမ်ိဳးအစားသည္ပင္လ်ွင္ အၿငိမ္မေနရဲဘဲ အသက္ေဘးလြတ္ေအာင္ ေျပးၾကၪီးမည္သာ။
အခုေတာ့ ဆိုက္ဖန္းအန္း ခႏၶာကိုယ္ထဲတြင္ ဓားအစင္းေထာင္ခ်ီၿပီး ေမႊေနွာက္ထိုးႏွက္ေနသလိုပင္ ျဖစ္ေနကာ ပါးစပ္မွလည္း ေသြးပြက္ပြက္အန္ခ်လာျပန္၏။ ေနာက္ဆံုးေတာ့ သူကိုယ္တိုင္လည္း မိမိေတြးထင္ေမ်ွာ္မွန္းထားသည့္အတိုင္း အေျခအေနက မလြယ္ကူလွေၾကာင္း နားလည္သြားေလသည္။
"သခင္ႀကီး"
အေစခံေလးက သူ႔အတြက္ ေရႏြေးယူလာေပးေနရင္း ခ်က္ခ်င္းဆိုသလို လည္ပင္း၌ ဖ်စ္ၫွစ္ခံလိုက္ရသျဖင့္ ေၾကာက္လန္႔တၾကား မ်က္လံုးမ်က္ဆန္ျပဴးသြားရေလသည္။ ေရ႔ွေမွာက္ရိွ ဆိုက္ဖန္းအန္းမွာ သူလံုး၀ ရင္းႏွီးကြၽမ္း၀င္မႈမရိွေသာ၊ အင္မတန္မွ ရုပ္ဆိုးအက်ည္းတန္လွသည့္ ရုပ္သြင္ျဖစ္သြားၿပီျဖစ္၏။
မ်က္ႏွာဖံုးမွာလည္း ၾကမ္းျပင္ေပၚက်သြားသည္မွာၾကာေပၿပီ၊ ဆိုက္ဖန္းအန္းမ်က္ႏွာထက္တြင္လည္း ေသြးေၾကာမ်ား ထင္းကာ ခ်င္းခ်င္းနီလို႔။ မ်က္လံုးမ်ားကလည္း အျပင္သို႔ထြက္က်လာေတာ့မတတ္ ျပဴးထြက္ေန၏။ အသူရာေခ်ာက္နက္မွ ကုတ္ကပ္တက္တြယ္လာေသာ ငရဲမိစၧာတစ္ေကာင္ႏွင့္ အလားသ႑ာန္ ျခားမေနေတာ့ေပ။
"အဟြတ္.... အဟြတ္...."
အေစခံေလးမွာ လည္ပင္းအစ္ကာ မ်က္ႏွာပင္ နီရဲေနေပၿပီ။ ဆိုက္ဖန္းအန္းက အက္ရွေနေသာအသံျဖင့္ေမးလာသည္။
"ငါ့ကိုအဆိပ္ခတ္တာ မင္းမလား"
အေစခံေလးမွာ ေခါင္းတတြင္တြင္ခါရံုသာ၊ အသံလည္းမထြက္ႏိုင္ေတာ့ဘဲ သတိပင္လစ္ခ်င္ေနၿပီျဖစ္၏။
ဆိုက္ဖန္းအန္းက ထိုအေစခံ၏ ေခါင္းေပၚ ေနာက္လက္တစ္ဖက္ျဖင့္ ရိုက္ခြဲရန္ရြယ္လိုက္စဥ္ ၾကားမွ တစ္စံုတစ္ေယာက္က လာေရာက္တားဆီးထားေလသည္။
အခန္းတြင္း၀ယ္ မ်က္ႏွာဖံုးတပ္ဆင္ထားေသာ သြမ့္ပိုင္ယြဲ႔ေရာက္ရိွေနကာ ေအးစက္ေသာေလသံျဖင့္ေမးလာ၏။
"မင္းရဲ့ရုပ္သြင္အစစ္အမွန္က ဘယ္သူလဲ"
ဆိုက္ဖန္းအန္းက ခ်က္ခ်င္းပင္ အက်ႌလက္စျဖင့္ မိမိမ်က္ႏွာကို ဖံုးကြယ္လိုက္ၿပီး ျပတင္း
ေပါက္မွတစ္ဆင့္ အျပင္သို႔ ခုန္ခ်ထြက္ေျပးသြားေလသည္။
ရုတ္တရက္ႀကီး မိုးေပၚမွ လူတစ္ေယာက္ျပဳတ္က်လာသျဖင့္ တိုင္းသူျပည္သားမ်ားလည္း ထိတ္လန္႔တၾကားျဖစ္ကုန္ၾကၿပီး အနီးအနားရိွေစာင့္ၾကပ္ၾကည့္ရႈေနေသာ ရဲမက္မ်ားကလည္း ေျပာင္းလဲမႈတစ္စံုတစ္ခုျဖစ္မွန္းသတိထားမိသည္ႏွင့္ အခ်က္ျပမီးပန္းလႊတ္တင္ၾကကာ ထိုသူေနာက္သို႔ လူစုခြဲၿပီး လိုက္သြားၾကေလသည္။
ဆိုက္ဖန္းအန္းမွာ ကိုယ္ေဖာ့ပညာ အထူးကြၽမ္းက်င္ၿပီးသားျဖစ္ေလရာ ကူအဆိပ္ တက္ေနသည့္တိုင္ေအာင္ ရဲမက္တစ္၀က္ေက်ာ္မ်ွကို ေနာက္မွာ ခ်န္ရစ္ၿပီး လြတ္ေျမာက္ေအာင္ တိမ္းေရွာင္ႏိုင္ခဲ့ေလသည္။ သို႔ေသာ္လည္း ေနာက္ဆံုးမွာေတာ့ လူတစ္ေယာက္၏ လက္ထဲမွေတာ့ မလြတ္ႏိုင္ခဲ့။
ေတာအုပ္အစပ္သို႔ေရာက္ေတာ့ သြမ့္ပိုင္ယြဲ႔လည္း ျဖတ္လမ္းကိုသံုးကာ ၾကားျဖတ္တားဆီးလိုက္ႏိုင္ကာ လက္စြဲေတာ္ဓားကိုထုတ္ၿပီး ဆိုက္ဖန္းအန္းလည္ပင္းအား မိုးထားေလ၏။
"မင္း.....မင္းကဘယ္သူလဲ"
ဆိုက္ဖန္းအန္းအသံမ်ား အက္ရွေနသည္။
"က်ဳပ္ ဘယ္သူဆိုတာ အေရးမႀကီးဘူး၊ ခင္ဗ်ားကေတာ့ တစ္ခ်ိန္က ခ်ိဳးက်ီဆိုတဲ့လူ ဟုတ္တယ္မလား"
"မဟုတ္ဘူး"
ဆိုက္ဖန္းအန္းက လံုး၀ တံု႔ဆိုင္းျခင္းမရိွဘဲ ျငင္းဆိုလာ၏။
"မဟုတ္ဘူးဆိုလည္း မဟုတ္ဘူးပဲထားပါ၊ က်ဳပ္အတြက္ ဘာမွအေရးမႀကီးပါဘူး ။ ဒါေပမယ့္ ခင္ဗ်ားက ဖန္ရွင္းစစ္တုရင္ကြက္အေၾကာင္းလည္းသိတယ္၊ ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္အေၾကာင္းကိုလည္း အဲ့ေလာက္ထိ ထိတ္လန္႔ေနတယ္ဆိုေတာ့ အဲ့ဒီစစ္တုရင္ကြက္နဲ႔ ဖန္ရွင္းပုလဲရဲ့ ဆက္ႏြယ္ေနတဲ့လ်ိႈ႔၀ွက္ခ်က္အေၾကာင္းေတာ့ သိမယ္ထင္ပါတယ္"
"ဘာလ်ိႈ႔၀ွက္ခ်က္မွမရိွဘူး"
ဆိုက္ဖန္းအန္း အသက္ရႉသံမ်ား ေဟာဟဲလိႈက္လာေခ်ၿပီ။ လည္ပင္းထက္၌လည္း အနည္းငယ္ ေယာင္ယမ္းလာေပၿပီ။
သြမ့္ပိုင္ယြဲ႔က ပုလင္းတစ္ဘူးထုတ္ျပလာ၏။
"ဒါက လန္ယဲန္႔ေခ်ာင္ျမက္ကေန ထုတ္ထားတဲ့ေဆးပဲ ၊ ခင္ဗ်ားကိုယ္ထဲ ေသာင္းက်န္းေနတဲ့ ကူပိုးေကာင္ေတြကို ခဏေတာ့ ၿငိမ္သက္ေစႏိုင္တယ္။ က်ဳပ္သာ ခင္ဗ်ားေနရာမွာသာဆိုရင္ ေမးသမ်ွေမးခြန္းကို အေသးစိတ္ ျပန္ေျဖေပးမွာပဲ၊ ဘာလို႔လဲဆိုေတာ့ လြတ္လမ္းဆိုလို႔ ဒီတစ္လမ္းပဲက်န္ေတာ့တာေလ"
"တကယ္ လန္ယဲန္႔ေခ်ာင္လား....."
ဆိုက္ဖန္းအန္းက အင္မတန္မွ ဆာေလာင္
မြတ္သိပ္ေနေသာ အၾကည့္ျဖင့္ ထိုပုလင္းအား စိုက္ၾကည့္လာ၏။
သြမ့္ပိုင္ယြဲ႔က ပုလင္းအဖံုးကိုဖြင့္လိုက္ၿပီး ေဆးလံုးႏွစ္လံုးသံုးလံုးမ်ွ ထုတ္ျပလာသည္။
"ဟုတ္ၿပီ၊ မင္းဘာေမးခ်င္တာလဲ"
"ဖန္ရွင္းပုလဲက တကယ္တမ္း ဘာပစၥည္းႀကီးလဲ ၊ ဘာလို႔ အေရာင္လင္းႏိုင္တာလဲ"
"ဘာ ၊ ဖန္ရွင္းက မင္းလက္ထဲေရာက္ေနတာလား"
ထိုစကားၾကားေတာ့ ဆိုက္ဖန္းအန္းမ်က္ႏွာမွာ ခ်က္ခ်င္း အေရာင္ေျပာင္းသြားေလ၏။
"ဒီကိစၥ ခင္ဗ်ားနဲ႔မဆိုင္ဘူး"
"မျဖစ္ႏိုင္ဘူး၊ ဖန္ရွင္းပုလဲကို အေရာင္လင္းေအာင္လုပ္ႏိုင္တဲ့လူမွန္သမ်ွ ေခ်ာင္ယာမွာ ေသကုန္ၾကၿပီပဲ။ မင္း လိမ္ေျပာေနတာ"
"ေခ်ာင္ယာ?"
"မျဖစ္ႏိုင္ဘူး..... မျဖစ္ႏိုင္ဘူး..."
ဆိုက္ဖန္းအန္းမွာ အလြန္အမင္းစိတ္ေဖာက္ျပန္ေနသည့္သူႏွယ္ ရုတ္ျခည္းပင္ ကေယာင္ေခ်ာက္ခ်ားျဖစ္ၿပီး သြမ့္ပိုင္ယြဲ႔လက္အား ပုတ္ထုတ္လိုက္ကာ ထိုေဆးလံုးကိုပင္ မမႈအားေတာ့ဘဲ ေျပးထြက္သြားကာ ေခ်ာက္ကမ္းပါးစြန္းတစ္ခုမွ ေသြးရူး
ေသြးတန္း ခုန္ခ်သြားေလ၏။ သြမ့္ပိုင္ယြဲ႔လည္း အျမန္လိုက္ေျပးသြားေပမင့္ သူ႔အက်ႌစကိုသာ ဆြဲမိကာ ထိုဆိုက္ဖန္းအန္းကလည္း ေခ်ာက္ထဲမက်သြားဘဲ ကမ္းပါးအလယ္ေထာက္တြင္ ႏြယ္ပင္သံုးေလးပင္မ်ွ ဖမ္းဆုပ္ထားႏိုင္ေပ၏။ ထို႔ေနာက္ အံု႔ဆိုင္းလာေသာ တိမ္ပင္လယ္ၾကား ဘာမွ မျမင္ရေတာ့သျဖင့္ ေသသလားရွင္သလား ဆက္မသိရေတာ့။
"အေျခအေနဘယ္ႏွယ့္ေနလဲ"
ေနာက္မွလိုက္လာေသာနန္ေမာ္ယဲ့က သြမ့္ပိုင္ယြဲ႔အားေမးလာ၏။
"ေခ်ာက္ထဲ ခုန္ခ်သြားၿပီ။ ဒါနဲ႔ ရွစ္ဖူး....
ေခ်ာင္ယာလူမ်ိဳးအေၾကာင္း ၾကားဖူးလား"
"ၾကားတာကၾကားဖူးတယ္၊ ေတာင္ပင္လယ္ထဲမွာရိွတဲ့ ပဥၥလက္ဆန္တဲ့ေဒသက လူေတြေလ။ သူတို႔ေခါင္းေဆာင္ကို ေခ်ာင္ယာေလာင္ဇူလို႔ေခၚၿပီး အဲ့မွာေနတဲ့လူေတြက လူမဟုတ္ဘူး၊ နတ္ေတြလို႔ေတာ့ ေျပာတာပဲ"
သြမ့္ပိုင္ယြဲ႔ - "......."
"ဘာလဲ၊ အဲ့ဆိုက္ဖန္းအန္းက သူ႔ကိုယ္သူ ေခ်ာင္ယာကေနလာတယ္လို႔ ေျပာလိုက္လို႔လား"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ-
"ေစာနက သူ အဆိပ္ေျဖေဆးကိုေတာင္ အငမ္းမရ လိုခ်င္ေနေသးတယ္။ ဖန္ရွင္းပုလဲ အေရာင္လင္းတဲ့ အေၾကာင္းလဲၾကားေရာ မျဖစ္ႏိုင္ဘူးလို႔ ေျပာလာတယ္၊ ၿပီးေတာ့ အဲ့လိုလင္းေအာင္လုပ္ႏိုင္သူမွန္သမ်ွ ေခ်ာင္ယာျပည္မွာ ေသကုန္ၾကၿပီတဲ့။ အဲ့လိုေျပာလို႔ၿပီးေရာ အရူးလိုပဲ ေခ်ာက္ထဲ ခုန္ဆင္းသြားတယ္၊ ႏြယ္ပင္ေတာ့ ဆြဲႏိုင္လိုက္တာျမင္ေပမယ့္ ေသမလားရွင္မလားမသိရေတာ့ဘူး"
နန္ေမာ္ယဲ့က ေခ်ာက္ကမ္းပါးေအာက္သို႔ လွမ္းၾကည့္လိုက္ေသးသည္။
"ဟိုအေစခံေရာ ဘယ္လိုေနေသးလဲရွစ္ဖူး"
"တည္းခိုေဆာင္မွာ ခဏခ်ဳပ္ထားဖို႔ သူ႔ကိုေယာင္အာေခၚသြားၿပီ ၊ ရဲမက္ေတြလည္း အဲ့တည္းခိုေဆာင္ကို သြားေမႊၾကေသးတယ္။ ဒါေပမယ့္ ငါတို႔က တစ္လွမ္းသာသြားတယ္ေလ ဟဲဟဲ"
"ဒါဆိုလည္း သြားၾကည့္ၾကရေအာင္ ရွစ္ဖူး၊ အနည္းဆံုးေတာ့ အဲ့ဒီလူထူးလူဆန္း ဆိုက္ဖန္းအန္းႀကီးက ဘယ္ကေနလာသလဲဆိုတာ သိရတာေပါ့"
*******
တည္းခိုေဆာင္တြင္ သြမ့္ေယာင္ကလည္း စားပြဲေပၚထိုင္ကာ ေဘးက အေစခံေကာင္ေလးအား ေသခ်ာက်က်နန ေမးေထာက္ၿပီးေတာ့ကို ၾကည့္ေန၏။
"အသက္ခ်မ္းသာေပးပါ သခင္ေလး၊ ကြၽန္ေတာ္မ်ိဳး ထြက္မေျပးရဲပါဘူးဗ်"
အေစခံေလးမွာ မ်က္ရည္လည္ရႊဲႀကီးျဖစ္ေနေခ်ၿပီ။
"ဟိတ္၊ မင္းပဲ ကတိေပးလိုက္တာေနာ္။ ထြက္ေျပးသြားမွ ငါ့အဆိုးလာမဆိုနဲ႔"
ေျပာေျပာဆိုဆို ေယာင္အာက ထိုအေစခံနဖူးျပင္ေပၚ ေလ်ွာက္သြားေနေသာ ပင့္ကူကို ျပန္သိမ္းထားလိုက္သည္။ ထိုအေစခံေလးမွာလည္း ခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
"သူမ်ားေတြလည္း ၀မ္းစာရွာစားေနရတာပဲ၊ မင္းက ဘာလို႔မ်ား ဒီထက္ေကာင္းတဲ့သခင္ကို မရွာတာလဲ၊ ဘာလို႔မ်ား အဲ့လိုလူယုတ္မာတစ္ေယာက္ရဲ့ေနာက္လိုက္လုပ္ေနတာတုန္း"
ထိုအေစခံေလးမွာ ရိႈက္ငိုေနဆဲျဖစ္သည္။
ထိုစဥ္ သြမ့္ပိုင္ယြဲ႔တို႔ ဆရာတပည့္ႏွစ္ေယာက္ ျပန္ေရာက္လာ၏။
ေယာင္အာက ႏွစ္ေယာက္သားျပန္လာသည္ကို ၾကည့္ၿပီးေမးလာသည္။
"လူေရာ....ဟိုဆိုက္ဖန္းအန္းကေရာ အတူတူ ျပန္မပါလာဘူးလား"
"ေသသြားၿပီ"
"ဘာလို႔ေသျပန္ၿပီလဲ၊ လူဟတစ္ခါ လိုက္ဖမ္းတိုင္း မေသေသေအာင္ ဖိအားေတြေပးေနတယ္ေပါ့"
အေစခံေလးခမ်ာ အေတာ္ပင္၀မ္းသာသြား၏။
ေတာ္ပါေသးရဲ့၊ ငါပါ ေရာေယာင္ၿပီး ထြက္မေျပးလိုက္လို႔။
နန္ေမာ္ယဲ့က ေဘးကကုလားထိုင္ေပၚထိုင္ၿပီးေျပာလာသည္။
"မင္း သိသမ်ွ အကုန္ေျပာျပစမ္းကြာ၊ မဟုတ္ရင္ ကူအဆိပ္အစမ္းသပ္ခံျဖစ္သြားမွ ေနာင္တရမယ္"
အေစခံေလးမွာ ဖ်တ္ခနဲ တုန္လႈပ္သြား၏။ ကူအဆိပ္အႏိွပ္စက္ခံရေသာ ဆိုက္ဖန္းအန္း၏ ပံုစံကို သူ႔မ်က္လံုးထဲ ျမင္ေယာင္ေနေသးသည္။ ထိုအဆိပ္မ်ိဳးကို မည္သူကမွ စမ္းမေသာက္ခ်င္ေလာက္ပါေပ။
ထို႔ေၾကာင့္ သူလည္း ျဖစ္ေၾကာင္းကုန္စင္ကိုမထိန္မခ်န္ တစ္ခုမက်န္ အေသးစိတ္ ေျပာျပလာသည္။
ထိုဆိုက္ဖန္းအန္းမွာ ဆူက်ိဳးစီရင္စုအတြင္းရိွ သရဲရြာဟူေသာ ေနရာ၌ေနထိုင္ခဲ့ဖူးသည္။ သရဲရြာဟု အမည္တြင္ရျခင္းမွာ ရြာလံုးကြၽတ္ ကူးစက္ေရာဂါခံရၿပီး ေသကုန္ၾကရာ ရြာနီး
ခ်ဳပ္စပ္တစ္ဝိုက္လည္း အျခားေနရာသို႔ေျပာင္းေရႊ့သြားၾကသျဖင့္ လူအသြားအလာမရိွေတာ့ေသာေၾကာင့္ျဖစ္၏။ သို႔ေသာ္ တိတ္ဆိတ္မႈကိုႏွစ္ၿခိဳက္ေမြ့ေလ်ာ္ၿပီး ေနရဲသည္ဆိုလ်ွင္ေတာ့ ထိုေနရာက ေနထိုင္ရန္ အေတာ္ေလး အဆင္ေျပေသာေနရာပင္။
ထိုအေစခံေလးမွာ အရင္က သူခိုးေပါက္စေလးျဖစ္ကာ ရြာသားမ်ားက သူ႔အား ဝိုင္းထုေထာင္းရိုက္ႏွက္သျဖင့္ သတိမမူမိဘဲ ေျပးမိေျပးရာေျပးကာ သရဲရြာထဲ ေရာက္သြား၏။ အဆိပ္ေငြ့မ်ားေၾကာင့္ မူးေဝသတ္ိလစ္သြားကာ ျပန္ႏိုးလာေတာ့ မိမိကိုယ္ထဲ ကူအဆိပ္အထည့္ခံလိုက္ရမွန္းသိသြားသည္။ ထိုကတည္းကစ၍ ဆိုက္ဖန္းအန္းေနာက္ လိုက္ျဖစ္လာခဲ့ရာ ေလးႏွစ္မ်ွပင္ၾကာၿပီဟုဆိုလာ၏။
"သူက သာမန္အခ်ိန္မွာလည္း ဘာမွမလုပ္ဘူး၊ သိုင္းက်င့္လိုက္ စစ္တုရင္ေလ့လာလိုက္နဲ႔ပဲ၊ ဟုတ္လား"
သြမ့္ပိုင္ယြဲ႔က သိပ္အလိုမက်သည့္ပံုပင္။
"ဟုတ္ပါတယ္ခင္ဗ်ာ။ သူ႔မွာ တျခားအေစခံေတြ မနည္းမေနာ ရိွေသးတယ္ထင္ရတယ္၊ မ်က္ႏွာဖံုးတပ္ထားတဲ့လူေတြ အိမ္ကို ခဏခဏေရာက္ေရာက္လာတတ္တယ္၊ သူ႔ ပိုက္ဆံေတကိုလည္း ဘယ္ကေန ရလာမွန္းလည္း မသိဘူး"
"ဒီေလးႏွစ္အတြင္း သူ မ်က္ႏွာဖံုးကို ခြၽတ္ထားဖူးသလား"
"ဟင့္အင္း၊ တစ္ခါမွ မခြၽတ္ဖူးဘူး"
"ၿပီးေတာ့.....သူ႔ပါးစပ္ကေန ယြီ႔ကြမ္းေတာင္၊ လန္ယီက်န္႔၊ ဒါမွမဟုတ္ ခ်ိဳးက်ီ ၊ အဲ့လိုစကားလံုးေတြေျပာတာ ၾကားဖူးလား"
''ဟုတ္၊ ၾကားဖူးပါတယ္ဗ်။ သူက အၿမဲတမ္းလိုလို ယြီ႔ကြမ္းေတာင္အေၾကာင္း စိုးရိမ္ထိတ္လန္႔ေနတာ၊ ၾကာၾကာေနတစ္ခါ လူလႊတ္ၿပီး စံုစမ္းခိုင္းတတ္တယ္။ သံုးရက္တစ္ခါ ငါးရက္တစ္ခါ ' ခ်ိဳးက်ီက တစ္ကိုယ္ေတာ္သိုင္းသမား၊ အရမ္းထက္ျမက္တယ္ ၊ ရဲရင့္တယ္၊ က်ံဳးယြမ္သိုင္းေလာကတစ္ခြင္မွာ အေတာ္ဆံုးပဲ'ဆိုတာေတြ ရြတ္ခိုင္းတတ္တယ္။ လန္ယီက်န္႔အေၾကာင္းေျပာတာေတာ့ ရွားတယ္"
သြမ့္ေယာင္ ထိုစကားကိုၾကားေတာ့ အေတာ္ရယ္ခ်င္ေန၏။ အကယ္၍ ဆိုက္ဖန္းအန္းသာ ခ်ိဳးက်ီျဖစ္ေနခဲ့လ်ွင္ ၊ ေန့တိုင္းလိုလို တျခားလူကို မိမိေကာင္းေၾကာင္း ခ်ီးမြမ္းခိုင္းေနလ်ွင္ေတာ့ သူ႔ၪီးေနွာက္မွာ သိပ္ေကာင္းေလာက္မည္မဟုတ္ေတာ့။
"အဲ့ဒီစစ္တုရင္ကြက္ကို သူေန့တိုင္းေလ့လာဆန္းစစ္ေနေပမယ့္ ဘယ္လိုမွ နားမလည္ႏိုင္ခဲ့ဘူး၊ ၾကာၾကာၾကည့္ရင္လည္း မိစၧာစိတ္လႊမ္းမိုးႏိုင္ေသးတယ္တဲ့။ ဒီတစ္ေခါက္ အိမ္ကထြက္လာေတာ့ ဒီစစ္တုရင္ကြက္ကိုေျဖရွင္းႏိုင္တဲ့လူ လာရွာမယ္ေျပာေတာ့ ကြၽန္ေတာ္ေတာင္ အေတာ္၀မ္းသာသြားေသးတယ္။ ဒါႀကီးကိုသာေျဖရွင္းနိင္ခဲ့ရင္ ေန့တိုင္းစိုးရိမ္ပူပန္ေနရတဲ့ သူ႔ဒုကၡႀကီးေတာ့ ေတာ္ေတာ္သက္သာသြားမွာဆိုၿပီးေတာ့ေလ"
"ဒါဆို ဖန္ရွင္းပုလဲနဲ႔ ေခ်ာင္ယာအေၾကာင္းကိုေရာ ဘာေျပာဖူးေသးလဲ"
အေစခံေလးက သြမ့္ပိုင္ယြဲ႔ေမးလာသည့္ ဒီေမးခြန္းကိုေတာ့ ေခါင္းခါျပလိုက္ရသည္။
သြမ့္ပိုင္ယြဲ႔ မ်က္ေမွာင္မ်ားႀကံဳ႔သြား၏။
နန္ေမာ္ယဲ့က သူ႔ပခံုးကို ခပ္ဖြဖြပုတ္လိုက္ကာ ႏွစ္သိမ့္ေပးသည္။
"ေလာလို႔မရဘူးကြ၊ မင္းဆရာကိုယ္တိုင္ပဲ ယြီ႔ကြမ္းေတာင္ဘက္ ကိုယ္တိုင္သြားၾကည့္လိုက္ရင္ ပိုမေကာင္းဘူးလား"
သြမ့္ပိုင္ယြဲ႔ အနည္းငယ္ ေလးဖင့္ေန၏။
"ဟိုလန္ယီက်န္႔လည္း ျပန္ႏိုးခ်င္ႏိုးလာေလာက္တယ္ဆိုေတာ့ ၊ သူနဲ႔ေတြ့ရင္ တစ္ခါတည္း အေၾကာင္းစံုေမးလို႔ရတယ္၊ ခုလို စမ္းတဝါးဝါး လမ္းေပ်ာက္ေနတာထက္စာရင္ေတာ့ ေတာ္ေသးတာေပါ့"
"ဒါဆို ကြၽန္ေတာ္ နန္းေတာ္ထဲ တစ္ေခါက္သြားလိုက္ၪီးမယ္"
နန္ေမာ္ယဲ့က ေခါင္းညိတ္လိုက္သည္။
"သြားပါ။ ဒီဘက္ကို ဆရာရယ္ ေယာင္အာရယ္ ၾကည့္ေပးပါ့မယ္"
သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔လည္း တည္းခိုေဆာင္မွ ထြက္ခဲ့ေတာ့သည္။
******
သြမ့္ေယာင္လည္း ထိုအေစခံေကာင္ေလးအား သတိလစ္ေအာင္ လုပ္လိုက္ၿပီးေနာက္ နန္ေမာ္ယဲ့ကို ေမးလာသည္။
"ေနာင္ေတာ္ရဲ့ ခ်စ္ရသူႀကီးက ဘယ္သူလဲဟင္ ရွစ္ဖူး"
နန္ေမာ္ယဲ့က သူ႔အား လွပ္ၾကည့္လာကာ
"ဒီေလာက္သိသာေနတာကို မင္း ခုထိ မသိေသးဘူးလားကြ"
သြမ့္ေယာင္ ရိုးသားစြာပင္ ေခါင္းခါျပလာ၏။
နန္ေမာ္ယဲ့က သက္ျပင္းခ်လိုက္ကာ သြမ့္ေယာင္အား အနားသို႔ တိုးကပ္လာေစရန္ အခ်က္ေပးလိုက္၏။
သြမ့္ေယာင္ အရမ္း ရင္ခုန္သြားၿပီး အနားသို႔တိုးကပ္သြားသည္။ ထို႔ေနာက္ နန္ေမာ္ယဲ့က တစ္ခြန္းခ်င္း ေျပာလာ၏။
"ရွန္.....ခ်န္း....ဖန္း...."
သြမ့္ေယာင္က ခ်က္ခ်င္းပင္ စားပြဲေပၚ ဒုန္းခနဲထုလိုက္ၿပီး ရင္ထဲမွ အလံုးႀကီးက်သြားသည့္ႏွယ္ စိတ္သက္သာရာရစြာေျပာလာ၏။
"ထင္သားပဲ၊ စစ္သူႀကီးရွန္ပဲျဖစ္မယ္ဆိုတာ ကြၽန္ေတာ္ ထင္သားပဲ"
နန္ေမာ္ယဲ့က ၿပံဳးၿပံဳးႀကီးႏွင့္ တပည့္ငယ္၏ ေခါင္းကို ပြတ္သပ္ေပး၏။
ငတံုးေလး....တံုးအလိုက္တဲ့ ငါ့တပည့္ေလး...
*****
Thz for loving this story.
2020.05.27.
*****