Zawgyi
လင္က်န္းရီဟာ စုဇစ္ေယာင္ေျပာသမ်ွကို နားမလည္ဘဲနားေထာင္ေနရသည္။ေၾကာင္ေတာင္ေတာင္စကားေတြကို ခဏေလာက္နားေထာင္ၿပီးေနာက္မွာေတာ့ စိတ္ဆိုးေနတဲ့လူတစ္ေယာက္က အခုလိုေျပာတာျဖစ္သင့္ပါတယ္ဟုသာ ေတြးလိုက္သည္။
ငါးသန္းတဲ့လား။အဲတာႀကီးကေတာ့ မစာမနာႀကီးေတာင္းေနသလိုပဲ။
သူ႔ကိုတိုက္မိတယ္ဆုိရင္ေတာင္..မဟုတ္ေသးပါဘူး သူ႔ကိုတိုက္မွမတိုက္မိခဲ့တာ။သူ႔ဟာသူလန္႔ၿပီးေမ့သြားတာပဲကို။ၿပီးေတာ့ ေဒၚလာငါးသန္းကိုေတာင္းၿပီး သူ႔တန္ဖိုးကိုသူခ်ေနတာပဲမဟုတ္ဘူးလား။
သူ႔အတြက္ေဒၚလာငါးသန္းက ေအးေဆးေလးထုတ္ေပးလိုက္လို႔ရေပမယ့္ ေပးလိုက္ရင္ေတာင္ ထိုေကာင္ေလးၾကည့္ရတာ သူ႔ကိုဆက္ၿပီးဒုကၡေပးေနအံုးမယ္ပံုစံပင္။
စုဇစ္ေယာင္ လင္က်န္းရီကိုဟိုဘက္ဒီဘက္ တြန္းထိုးေနတာေတာင္ လင္က်န္းရီကို ၾကည့္ရတာ အဆင္ေျပေနေသးပံုပင္။သူကသာခါရလြန္းလို႔ ေခါင္းပင္ျပန္မူးလာ၏။ထို႔ေၾကာင့္ အားနည္းေနတဲ့ ၿခိမ္းေျခာက္အၾကည့္ေပေစာင္းေစာင္းကို လင္က်န္းရီထံပို႔လႊတ္လိုက္သည္။ထို႔ေနာက္ သူ႔ေခါင္းသူဖိကိုင္ကာ တကြၽတ္ကြၽတ္ဆက္တိုက္ ညည္းညဴေနရင္း သူ႔ကိုတာတာ့ျပသြားတဲ့ သနားစရာေဒၚလာငါးသန္းေလးကိုတဖို႔လည္းမေမ့ေခ်။
"ငါ့ရဲ႕ေဒၚလာငါးသန္းေလး....ဟု..ဟုဟု.."
ေသလိုက္ပါေတာ့။ သူဘာလို႔ဒီေလာက္ေတာင္ ကံေစာက္ရမ္းဆိုးေနရတာလဲ။သူ႔မွာထီေပါက္စဥ္ေလးသိလို႔ အေျပးသြား၀ယ္မိပါတယ္ အက္ဆီးဒန္႔ျဖစ္ရတယ္လို႔။အဲလိုမဟုတ္ပဲ မေန႔ကသာထီလက္မွတ္၀ယ္ထားႏိုင္ခဲ့ရင္ ထီေပါက္စဥ္ကို ေၾကျငာတဲ့အခါ ကံထူးသူနာမည္က သူျဖစ္ေနလိမ့္မည္။သူသာ အရမ္းမူးေ၀မသြားခဲ့ရင္လည္း ထီလက္မွတ္ကို အရင္ေျပး၀ယ္ႏိုင္အံုးမည္..!။ဟုဟုဟု_________
လင္က်န္းရီ စုဇစ္ေယာင္ရဲ႕အသံဘယ္ေလာက္ေတာင္ တိုးၿပီးအားနည္းေနလည္းဆိုတာကို ေတြ႔ေနရသည္။လက္ေတြနဲ႔ သူ႔ေခါင္းကိုဖိကိုင္ကာ နာက်င္မႈေၾကာင့္ ေဖ်ာ့ေတာ့ေနေသးသည္။လင္က်န္းရီ ႐ုတ္တရက္စိတ္ပူသြားၿပီး စုဇစ္ေယာင္အနားကိုျမန္ျမန္ကပ္ကာ ေမးလိုက္သည္။
"ဇစ္ေယာင္ အဆင္ေျပရဲ႕လား...ေခါင္းကိုက္တာအျပင္ အျခားနာတာေတြ႐ွိေသးလား..."
"ငါေခါင္းပဲ ကိုက္တာမဟုတ္ဘူး ႏွလံုးသားလည္းကိုက္တယ္ အသဲလည္းကိုက္တယ္ အဆုတ္လည္းကိုက္တယ္ ေနရာတိုင္းကိုက္ေနတယ္ ဟုတ္ၿပီလား.."
စုဇစ္ေယာင္ ေဒါသထြက္ထြက္နဲ႔ ေအာ္ပစ္ၿပီးေနာက္မွာေတာ့ သူ႔ေခါင္းေလးက သနားစရာေကာင္းေအာင္ပိုကိုက္လာသည္။ထို႔ေၾကာင့္ နာေနတဲ့ေခါင္းကို ဖိကိုင္ထားရံုသာတတ္ႏိုင္ၿပီး မရႏိုင္ေတာ့တဲ့ ေဒၚလာငါးသန္းအတြက္ ျပန္လည္ငိုေႂကြးျပန္ေတာ့သည္။
လင္က်န္းရီ ဘာမွမေျပာေတာ့ဘဲ ေဘးခံုမွာ ၿငိမ္ၿငိမ္ေလးထိုင္ကာ အမူအရာပိုကာ ဟန္ေဆာင္လုပ္ျပေနတဲ့ စုဇစ္ေယာင္ကိုသာထိုင္ၾကည့္ေနေတာ့သည္။သူ႔မ်က္သားေတြေတာင္ ရဲေနေတာ့ ဟန္ေဆာင္ငိုတာေတာ့မျဖစ္ႏိုင္ဘူးထင္သည္။သူ႔ေဒါသကႀကီးလိုက္တာ ေၾကာက္ဖို႔ေတာင္ေကာင္းသည္။ဒီကမၻာႀကီးမွာ သူ႔မေက်နပ္ေစတဲ့ အျပစ္မ်ိဳးကို ငါဘာလုပ္မိပါလိမ့္။
လြန္ခဲ့တဲ့ညက ေလ့က်င့္ခန္းကို သူမခံႏိုင္တဲ့အထိလုပ္ခဲ့ေပမယ့္ သူလည္းႀကိဳက္ေနခဲ့တာပဲ မဟုတ္ဘူးလား။သူ႔မ်က္လံုးေတ့္က စုဇစ္ေယာင္ရဲ႕ ခန္႔ညားတဲ့မ်က္ႏွာေပၚက မခြာပဲ စိုက္ၾကည့္ေနလိုက္သည္။ေဒါက္တာေျပာတဲ့စကားေတြက သူ႔ေခါင္းထဲျပန္ေရာက္လာၿပီး ႏႈတ္ခမ္းေတြေကာ့တက္သြားတယ္။
"ဇစ္ေယာင္ မငိုနဲ႔အံုး ကိုယ္မင္းကို ေျပာစရာ႐ွိေသးတယ္"
စုဇယ္ေယာင္ေခါင္းကိုေမာ့လိုက္ၿပီး နီရဲေနတဲ့ မ်က္လံုးေတြ ရန္လိုတဲ့အၾကည့္ေတြနဲ႔ လင္က်န္းရီကို ျကည့္လိုက္သည္။အဲဒီ့ အယုတ္တမာကေတာ့ေလ သူ႔ရဲ႕အရင္ဘ၀ေရာ ဒီဘ၀မွာပါ အႀကီးမားဆံုးရန္သူပဲ။Damn ေသလိုက္ပါေတာ့ fck အဲ့လူကဘာကိစၥသူ႔ကို လာ႐ွာရတာလဲ။
သူကားအက္ဆီးဒန္႔နဲ႔ၾကံဳရၿပီး ထီလက္မွတ္နဲ႔လြဲခဲ့ရသည္။တစ္ညထဲနဲ႔ အခ်ီႀကီးမိၿပီးပြေပါက္တိုးကာ ခ်မ္းသာေတာ့မည့္အခြင့္အေရးနဲ႔ လြဲရသည္။ၿပီးေတာ့ ဘာပူပင္စရာမွမ႐ွိဘဲ ကေလးေလးကို ေမြးဖြားႏိုင္ခြင့္ေလးေရာပင္။ဒါေတြက အရင္ဘ၀ကလမ္းအတိုင္းသြားေနတာမဟုတ္ဘူးမလား။မဟုတ္ပါဘူးေနာ္။ထိုအ႐ိုင္းအစိုင္းက သူ႔ကိုတာ၀န္မယူဘဲ ကိုယ့္လမ္းကိုယ္ေလ်ွာက္ၾကဖို႔ေရြးခ်ယ္ခဲ့ၾကသည္မလား။ၿပီးေတာ့ အဆံုးမွာေရြးခ်ယ္စရာမ႐ွိေတာ့ဘဲ ဗိုက္ထဲကအေသးေလးကို တာ၀န္ယူေပးဖို႔သြား႐ွာခဲ့ေတာ့ ေသြးေအးေအးၿပီးခံစားခ်က္မဲ့ေနခဲ့ေသးသည္ေလ။သူ႔ကို မယံုၾကည္ခဲ့ပဲ ေဆးရံုကိုေခၚသြားၿပီး ကိုယ္၀န္ဆိုတာ ေသခ်ာဖို႔အမ်ိဳးမ်ိဳးစမ္းသပ္ခိုင္းခဲ့ေသးသည့္အျပင္ ကေလးကိုပါဖ်က္ခ်ေစခ်င္ခဲ့သည္။အဆံုးသတ္မွာေတာ့ ေသျခင္းတရားကသာ ဇစ္ေယာင္အတြက္ ဆုလာဒ္ျဖစ္ခဲ့သည္ပင္။...
ဒါေပမယ့္ အခုက်ေတာ့ ဘယ္လိုအေျခအေနႀကီးလဲ။
"ဘာျဖစ္လို႔လဲ.. "
ဇစ္ေယာင္ ကြဲေၾကကာနာက်င္ေနတဲ့ႏွလံုးသားေလးႏွင့္ လင္က်န္းရီကို ေအးစက္စက္ၾကည့္ကာေမးလိုက္သည္။
"ငါတို႔ ဒိတ္ၾကရေအာင္! "
လင္က်န္းရီသာနဂါးသာဆိုစုဇစ္ေယာင္ျပာက်သြားႏိုင္သည့္ အၾကည့္ေတြႏွင့္စိုက္ၾကည့္ကာေျပာလာသည္။
ဘာရယ္!
စုဇစ္ေယာင္ သူ႔နားပင္သူမယံုၾကည္ႏိုင္ေခ်။ေၾကာင္အကာ လင္က်န္းရီကို စိုက္ၾကည့္ေနမိ၏။
"ခင္မ်ား ဘာေျပာလိုက္တာ.."
"ကိုယ္ေျပာတာ တြဲၾကရေအာင္လို႔.."
လင္က်န္းရီက ေပါက္ထြက္မတတ္စိုက္ၾကည့္ရင္း ေနာက္တစ္ႀကိမ္ ထပ္ေျပာလာသည္။
သူကအေလးအနက္ပင္ ထပ္ေျပာလာသည္။
"လြန္ခဲ့တဲ့ညကျဖစ္ရပ္မွာ မင္းလည္း ကိုယ့္ကိုအႀကိမ္ႀကိမ္လက္ခံခဲ့တယ္ေလ မင္းလည္းကိုယ့္ေၾကာင့္စိတ္ေက်နပ္မႈရခဲ့တာပဲမဟုတ္လား ဒီေတာ့ ကိုယ္တို႔တြဲၾကည့္သင့္တယ္ေလ အဲတာေကာင္းတယ္မလား.."
"မလုပ္ဘူး..."
စုဇစ္ေယာင္ ခ်က္ခ်င္းပင္ ျငင္းလိုက္သည္။
ဒိတ္..လိ့ဒိတ္..မင္းညီမကိုဒိတ္ပါလား..အား...!
သူ႔အတြက္ တစ္ႀကိမ္ဆိုလံုေလာက္ေနၿပီ။ထိုလူရဲ႕ပံုစံအမွန္ကို သိၿပီးတဲ့ေနာက္မွာေတာ့ သူနဲ႔အေ၀းမွာသာေနခ်င္ေတာ့သည္။သူ႐ူးေနမွသာ သူနဲ႔တြဲလိမ့္မည္။
အထူးသျဖင့္ မုန္းဖို႔ေကာင္းတဲ့ အရင္လင္က်န္းရီက အရင္ဘ၀မွာ သူ႔အသက္ကိုဆံုး႐ွံုးေစခဲ့သည္။မုန္းစရာေကာင္းတဲ့ယခုလင္က်န္းရီကလည္း သူ႔ရဲ႕ေဒၚလာငါးသန္းတန္ ထီလက္မွတ္ကိုဆံုး႐ွံုးေစခဲ့၏။
ထိုလင္က်န္းရီနွစ္ေယာက္ကို ေပါင္းလိုက္ၿပီးတဲ့ေနာက္မွာေတာ့ စုဇစ္ေယာင္ရဲ႕ လင္က်န္းရီဆီကအေ၀းကို ထြက္ေျပးလိုစိတ္ေလးက ေနာက္ထပ္lvlတစ္ခုကို ျမင့္တက္သြားေတာ့သည္။
Translated by chuchu
Unicode
လင်ကျန်းရီဟာ စုဇစ်ယောင်ပြောသမျှကို နားမလည်ဘဲနားထောင်နေရသည်။ကြောင်တောင်တောင်စကားတွေကို ခဏလောက်နားထောင်ပြီးနောက်မှာတော့ စိတ်ဆိုးနေတဲ့လူတစ်ယောက်က အခုလိုပြောတာဖြစ်သင့်ပါတယ်ဟုသာ တွေးလိုက်သည်။
ငါးသန်းတဲ့လား။အဲတာကြီးကတော့ မစာမနာကြီးတောင်းနေသလိုပဲ။
သူ့ကိုတိုက်မိတယ်ဆိုရင်တောင်..မဟုတ်သေးပါဘူး သူ့ကိုတိုက်မှမတိုက်မိခဲ့တာ။သူ့ဟာသူလန့်ပြီးမေ့သွားတာပဲကို။ပြီးတော့ ဒေါ်လာငါးသန်းကိုတောင်းပြီး သူ့တန်ဖိုးကိုသူချနေတာပဲမဟုတ်ဘူးလား။
သူ့အတွက်ဒေါ်လာငါးသန်းက အေးဆေးလေးထုတ်ပေးလိုက်လို့ရပေမယ့် ပေးလိုက်ရင်တောင် ထိုကောင်လေးကြည့်ရတာ သူ့ကိုဆက်ပြီးဒုက္ခပေးနေအုံးမယ်ပုံစံပင်။
စုဇစ်ယောင် လင်ကျန်းရီကိုဟိုဘက်ဒီဘက် တွန်းထိုးနေတာတောင် လင်ကျန်းရီကို ကြည့်ရတာ အဆင်ပြေနေသေးပုံပင်။သူကသာခါရလွန်းလို့ ခေါင်းပင်ပြန်မူးလာ၏။ထို့ကြောင့် အားနည်းနေတဲ့ ခြိမ်းခြောက်အကြည့်ပေစောင်းစောင်းကို လင်ကျန်းရီထံပို့လွှတ်လိုက်သည်။ထို့နောက် သူ့ခေါင်းသူဖိကိုင်ကာ တကျွတ်ကျွတ်ဆက်တိုက် ညည်းညူနေရင်း သူ့ကိုတာတာ့ပြသွားတဲ့ သနားစရာဒေါ်လာငါးသန်းလေးကိုတဖို့လည်းမမေ့ချေ။
"ငါ့ရဲ့ဒေါ်လာငါးသန်းလေး....ဟု..ဟုဟု.."
သေလိုက်ပါတော့။ သူဘာလို့ဒီလောက်တောင် ကံစောက်ရမ်းဆိုးနေရတာလဲ။သူ့မှာထီပေါက်စဉ်လေးသိလို့ အပြေးသွားဝယ်မိပါတယ် အက်ဆီးဒန့်ဖြစ်ရတယ်လို့။အဲလိုမဟုတ်ပဲ မနေ့ကသာထီလက်မှတ်ဝယ်ထားနိုင်ခဲ့ရင် ထီပေါက်စဉ်ကို ကြေငြာတဲ့အခါ ကံထူးသူနာမည်က သူဖြစ်နေလိမ့်မည်။သူသာ အရမ်းမူးဝေမသွားခဲ့ရင်လည်း ထီလက်မှတ်ကို အရင်ပြေးဝယ်နိုင်အုံးမည်..!။ဟုဟုဟု_________
လင်ကျန်းရီ စုဇစ်ယောင်ရဲ့အသံဘယ်လောက်တောင် တိုးပြီးအားနည်းနေလည်းဆိုတာကို တွေ့နေရသည်။လက်တွေနဲ့ သူ့ခေါင်းကိုဖိကိုင်ကာ နာကျင်မှုကြောင့် ဖျော့တော့နေသေးသည်။လင်ကျန်းရီ ရုတ်တရက်စိတ်ပူသွားပြီး စုဇစ်ယောင်အနားကိုမြန်မြန်ကပ်ကာ မေးလိုက်သည်။
"ဇစ်ယောင် အဆင်ပြေရဲ့လား...ခေါင်းကိုက်တာအပြင် အခြားနာတာတွေရှိသေးလား..."
"ငါခေါင်းပဲ ကိုက်တာမဟုတ်ဘူး နှလုံးသားလည်းကိုက်တယ် အသဲလည်းကိုက်တယ် အဆုတ်လည်းကိုက်တယ် နေရာတိုင်းကိုက်နေတယ် ဟုတ်ပြီလား.."
စုဇစ်ယောင် ဒေါသထွက်ထွက်နဲ့ အော်ပစ်ပြီးနောက်မှာတော့ သူ့ခေါင်းလေးက သနားစရာကောင်းအောင်ပိုကိုက်လာသည်။ထို့ကြောင့် နာနေတဲ့ခေါင်းကို ဖိကိုင်ထားရုံသာတတ်နိုင်ပြီး မရနိုင်တော့တဲ့ ဒေါ်လာငါးသန်းအတွက် ပြန်လည်ငိုကြွေးပြန်တော့သည်။
လင်ကျန်းရီ ဘာမှမပြောတော့ဘဲ ဘေးခုံမှာ ငြိမ်ငြိမ်လေးထိုင်ကာ အမူအရာပိုကာ ဟန်ဆောင်လုပ်ပြနေတဲ့ စုဇစ်ယောင်ကိုသာထိုင်ကြည့်နေတော့သည်။သူ့မျက်သားတွေတောင် ရဲနေတော့ ဟန်ဆောင်ငိုတာတော့မဖြစ်နိုင်ဘူးထင်သည်။သူ့ဒေါသကကြီးလိုက်တာ ကြောက်ဖို့တောင်ကောင်းသည်။ဒီကမ္ဘာကြီးမှာ သူ့မကျေနပ်စေတဲ့ အပြစ်မျိုးကို ငါဘာလုပ်မိပါလိမ့်။
လွန်ခဲ့တဲ့ညက လေ့ကျင့်ခန်းကို သူမခံနိုင်တဲ့အထိလုပ်ခဲ့ပေမယ့် သူလည်းကြိုက်နေခဲ့တာပဲ မဟုတ်ဘူးလား။သူ့မျက်လုံးတေ့်က စုဇစ်ယောင်ရဲ့ ခန့်ညားတဲ့မျက်နှာပေါ်က မခွာပဲ စိုက်ကြည့်နေလိုက်သည်။ဒေါက်တာပြောတဲ့စကားတွေက သူ့ခေါင်းထဲပြန်ရောက်လာပြီး နှုတ်ခမ်းတွေကော့တက်သွားတယ်။
"ဇစ်ယောင် မငိုနဲ့အုံး ကိုယ်မင်းကို ပြောစရာရှိသေးတယ်"
စုဇယ်ယောင်ခေါင်းကိုမော့လိုက်ပြီး နီရဲနေတဲ့ မျက်လုံးတွေ ရန်လိုတဲ့အကြည့်တွေနဲ့ လင်ကျန်းရီကို ကြည့်လိုက်သည်။အဲဒီ့ အယုတ်တမာကတော့လေ သူ့ရဲ့အရင်ဘဝရော ဒီဘဝမှာပါ အကြီးမားဆုံးရန်သူပဲ။Damn သေလိုက်ပါတော့ fck အဲ့လူကဘာကိစ္စသူ့ကို လာရှာရတာလဲ။
သူကားအက်ဆီးဒန့်နဲ့ကြုံရပြီး ထီလက်မှတ်နဲ့လွဲခဲ့ရသည်။တစ်ညထဲနဲ့ အချီကြီးမိပြီးပွပေါက်တိုးကာ ချမ်းသာတော့မည့်အခွင့်အရေးနဲ့ လွဲရသည်။ပြီးတော့ ဘာပူပင်စရာမှမရှိဘဲ ကလေးလေးကို မွေးဖွားနိုင်ခွင့်လေးရောပင်။ဒါတွေက အရင်ဘဝကလမ်းအတိုင်းသွားနေတာမဟုတ်ဘူးမလား။မဟုတ်ပါဘူးနော်။ထိုအရိုင်းအစိုင်းက သူ့ကိုတာဝန်မယူဘဲ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ရွေးချယ်ခဲ့ကြသည်မလား။ပြီးတော့ အဆုံးမှာရွေးချယ်စရာမရှိတော့ဘဲ ဗိုက်ထဲကအသေးလေးကို တာဝန်ယူပေးဖို့သွားရှာခဲ့တော့ သွေးအေးအေးပြီးခံစားချက်မဲ့နေခဲ့သေးသည်လေ။သူ့ကို မယုံကြည်ခဲ့ပဲ ဆေးရုံကိုခေါ်သွားပြီး ကိုယ်ဝန်ဆိုတာ သေချာဖို့အမျိုးမျိုးစမ်းသပ်ခိုင်းခဲ့သေးသည့်အပြင် ကလေးကိုပါဖျက်ချစေချင်ခဲ့သည်။အဆုံးသတ်မှာတော့ သေခြင်းတရားကသာ ဇစ်ယောင်အတွက် ဆုလာဒ်ဖြစ်ခဲ့သည်ပင်။...
ဒါပေမယ့် အခုကျတော့ ဘယ်လိုအခြေအနေကြီးလဲ။
"ဘာဖြစ်လို့လဲ.. "
ဇစ်ယောင် ကွဲကြေကာနာကျင်နေတဲ့နှလုံးသားလေးနှင့် လင်ကျန်းရီကို အေးစက်စက်ကြည့်ကာမေးလိုက်သည်။
"ငါတို့ ဒိတ်ကြရအောင်! "
လင်ကျန်းရီသာနဂါးသာဆိုစုဇစ်ယောင်ပြာကျသွားနိုင်သည့် အကြည့်တွေနှင့်စိုက်ကြည့်ကာပြောလာသည်။
ဘာရယ်!
စုဇစ်ယောင် သူ့နားပင်သူမယုံကြည်နိုင်ချေ။ကြောင်အကာ လင်ကျန်းရီကို စိုက်ကြည့်နေမိ၏။
"ခင်များ ဘာပြောလိုက်တာ.."
"ကိုယ်ပြောတာ တွဲကြရအောင်လို့.."
လင်ကျန်းရီက ပေါက်ထွက်မတတ်စိုက်ကြည့်ရင်း နောက်တစ်ကြိမ် ထပ်ပြောလာသည်။
သူကအလေးအနက်ပင် ထပ်ပြောလာသည်။
"လွန်ခဲ့တဲ့ညကဖြစ်ရပ်မှာ မင်းလည်း ကိုယ့်ကိုအကြိမ်ကြိမ်လက်ခံခဲ့တယ်လေ မင်းလည်းကိုယ့်ကြောင့်စိတ်ကျေနပ်မှုရခဲ့တာပဲမဟုတ်လား ဒီတော့ ကိုယ်တို့တွဲကြည့်သင့်တယ်လေ အဲတာကောင်းတယ်မလား.."
"မလုပ်ဘူး..."
စုဇစ်ယောင် ချက်ချင်းပင် ငြင်းလိုက်သည်။
ဒိတ်..လိ့ဒိတ်..မင်းညီမကိုဒိတ်ပါလား..အား...!
သူ့အတွက် တစ်ကြိမ်ဆိုလုံလောက်နေပြီ။ထိုလူရဲ့ပုံစံအမှန်ကို သိပြီးတဲ့နောက်မှာတော့ သူနဲ့အဝေးမှာသာနေချင်တော့သည်။သူရူးနေမှသာ သူနဲ့တွဲလိမ့်မည်။
အထူးသဖြင့် မုန်းဖို့ကောင်းတဲ့ အရင်လင်ကျန်းရီက အရင်ဘဝမှာ သူ့အသက်ကိုဆုံးရှုံးစေခဲ့သည်။မုန်းစရာကောင်းတဲ့ယခုလင်ကျန်းရီကလည်း သူ့ရဲ့ဒေါ်လာငါးသန်းတန် ထီလက်မှတ်ကိုဆုံးရှုံးစေခဲ့၏။
ထိုလင်ကျန်းရီနှစ်ယောက်ကို ပေါင်းလိုက်ပြီးတဲ့နောက်မှာတော့ စုဇစ်ယောင်ရဲ့ လင်ကျန်းရီဆီကအဝေးကို ထွက်ပြေးလိုစိတ်လေးက နောက်ထပ်lvlတစ်ခုကို မြင့်တက်သွားတော့သည်။
Translated by chuchu