ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

ArtemisJT21 tarafından

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan Daha Fazla

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)

12.5K 2.7K 159
ArtemisJT21 tarafından

[သူ့ညီမကို မင်းနဲ့ပေးစားချင်နေတဲ့
ဟို ကောင်လိ၀မ်ပဲလေ။]

Unicode version :

ရှည်လျားကြာမြင့်လှသော သမိုင်းတစ်လျှောက် ၊ အရပ်ရှစ်ဖြာ ရှစ်မျက်နှာတစ်ခွင် ၊ ခေတ်ကာလအဆက်ဆက်၏ သေနင်္ဂဗျူဟာ စစ်ပညာကျမ်းများတွင် ဤရှစ်ခွင်တိုင်းယန္တရားမှာ လွန်စွာမှအဆင့်အတန်းမြင့်မားလှကြောင်း ​ရေးသားထားကြ၏။ သို့သော် ၎င်းအကြောင်းကို မည်သူကမှ ထဲထဲ၀င်၀င် နှံ့နှံ့စပ်စပ် သိမနေကြ ။ မသိချင် မလေ့လာချင်၍မဟုတ်ဘဲ ၎င်း၏ မှတ်တမ်းမှတ်ရာများကို ရှည်လျားကြာမြင့်လှသော အချိန်ကာလများက ကုန်စင်လွင့်ပါးအောင် တိုက်စားပျောက်ကွယ်စေခဲ့သောကြောင့်ဖြစ်သည်။မှတ်တမ်းတင် ရေးသားထားသမျှ ကျန်ရစ်ထားခဲ့သော စာပေအက္ခရာများမှာလည်း လွန်စွာမှ နည်းပါးလေရာ စုစည်းကြည့်လိုက်လျှင် စာမျက်နှာတစ်ရွက်စာမျှပင်မရှိ။

အဖိုးမုချီ ချက်ချင်း ခေါင်းညိတ်လက်ခံလိုက်သည်။

"ရှစ်ခွင်တိုင်းယန္တရားကွက်....။ ကျွန်တော်မျိုးစမ်းကြည့်ပါ့မယ် ဘုရား"

"အဖိုး တကယ်ရော လုပ်နိုင်မှာလား"

သွမ့်ပိုင်ယွဲ့တကယ်မယုံချင်။ မည်မျှပင် ထူးချွန်ထက်မြက်သော လက်မှုပညာရှင်ဖြစ်လင့်ကစား ယခုကဲ့သို့ စစ်ဘက်ရေးရာနှင့်သက်ဆိုင်သော ယန္တရားများကိုတော့ မကျွမ်းကျင်လောက်ပေ။ နန်းတွင်း၌ နေချင်ရုံသက်သက်ဖြင့် မလိမ့်တပတ် လျှောက်ပြောနေသည်တော့ မဖြစ်နိုင်လောက်ပါဘူးနော်။

"ရှစ်ခွင်တိုင်းယန္တရားကွက်က မူလအစကတည်းက ယန္တရားစက်သာသာပါပဲ။ ဒီလောကမှာ ရှစ်ခွင်တိုင်းယန္တရားအကြောင်းကိုသိတဲ့လူ ဘယ်နှစ်ယောက်ပဲရှိမလဲလို့တွေးကြည့်လိုက်ရင် အဖိုးမုချီတစ်ယောက်တည်းပဲရှိမှာ ကိုယ်တော်စိုးမိတယ်"

"အရှင်မင်းမြတ် ချီးမွမ်းလွန်းနေပါပြီဘုရား၊ ချီးမွမ်းလွန်းနေပါပြီ "

အဖိုးမုချီကို လက်နှစ်ဖက်ကို ပွတ်သီး
ပွတ်သပ်လုပ်ကာ ရှက်နေပြန်၏။

"အကယ်၍များ အဖိုးမုချီသာ ရှစ်ခွင်တိုင်းယန္တရားကွက်ကို ပြန်လည်ဖန်တီးပေးနိုင်မယ်ဆိုရင် ကိုယ်တော် လွန်စွာမှ ကျေးဇူးတင်မိပါမယ်"

ချူယွမ်က တကယ်ပင် ရိုသေလေးစားစွာ နှိမ့်ချစွာ ရိုကျိုးတောင်းဆိုနေလေသည်။ ဤအချက်ကြောင့်ပင် အဖိုးအိုမုချီမှာ အဆများစွာပို၍ပျော်ရွှင်သွားလေ၏။ အစကတည်းက သူလည်း မြို့တော်သို့ပြောင်းရွှေ့လာပြီး နန်းတော်ရှိအဆောင်များကို လိုက်လံပြုပြင်ရသောအလုပ်များရနိုင်မလားဟု လမ်းစရှာရန်ကြံထားသေးသည်။ သို့မှသာ အပြင်ဘက်တွင် နေ့တိုင်းနေ့တိုင်း အဖမ်းခံရမလားဟု ကျီးလန့်စာစားရမည့်ဒဏ်မှ လွတ်ပေလိမ့်မည်။

သို့သော် မိမိကံကြမ္မာက ဤမျှကောင်းလိမ့်မည်ဟု လုံး၀ထင်မထား။နန်းတွင်းထဲ အလုပ်၀င်လုပ်ရသည်သာမက ဧကရာဇ်အား အခစား၀င်ကာ ဖူးမြင်ရသေးသည်။

ထိုနှစ်ယောက်က အချင်းချင်း တစ်ဦးအပေါ်တစ်ဦး လွန်စွာမှ ယုံကြည်စိတ်ချနေဟန်ရသည်ကိုတွေ့တော့ သွမ့်ပိုင်ယွဲ့လည်း စောနကမယုံသင်္ကာဖြစ်သည်များကို ပြန်ခေါက်သိမ်းထားရလေသည်။

"သြော်၊ နောက်ကိစ္စတစ်ခုရှိသေးတယ်။ ကိုယ်တော်မြတ်ကို အကြံပေးလို့ရဦးမလား။တာ့ယဲန့်မြို့မှာရှိတဲ့ မိစ္ဆာသေတ္တာပုံကြမ်းကို ဆရာကြီးပဲ ဆွဲခဲ့တာမှန်ပါသလား"

"ကျွန်တော်မျိုးပဲဖြစ်ပါတယ် "

အဖိုးအိုမုချီက ခေါင်ကိုမော့ရင်ကိုကော့ကာဖြေလာပြီးနောက် ခေါင်းတတွင်တွင် ဆက်ခါလေ၏။

"ရှက်စရာကောင်းလိုက်တာ၊ တကယ်ရှက်စရာကောင်းလိုက်တာ။ အဲ့ပစ္စည်းက အသေဆိုးသွမ်းတာ ။ သုံးတဲ့လူတော့ မျိုးရိုးဆက်ခံဖို့ သားသမီးတောင်ရနိုင်ပါ့မလားမသိပါဘူး"

"ဒါဆိုရင်လည်း ဘာလို့များ ဟိုလူတွေအတွက် ဆွဲပြလိုက်သေးတုန်း"

ချူယွမ်က ဘေးမှထိုင်ကာ မျက်နှာရှုံ့မဲ့ပြီးမေးလာ၏။

"မဆွဲလို့ရမှမရတာဘုရား၊ မြို့စားမင်းဆူရဲ့ ဓားသွားက ကျွန်တော်မျိုးရဲ့လည်ပင်းကို အဆင်သင့်မိုးထားနေလို့ရယ်"

အဖိုးအိုမုချီက အတော်ပင် ရိုးသားစွာ ပြောရဲဆိုရဲရှိလှသည်။ တကယ်လည်း လူတိုင်းက မိမိအသက်ကို မိမိနှမြောမိမည်မှာအမှန်။ အဖိုးအိုမုချီအတွက်တော့ ကြောက်စရာတကာ့ကြောက်စရာအကောင်းဆုံးကိစ္စပါပေ။

ချူယွမ်လည်း အပြစ်မတင်ရက်သည်မို့ သက်ပြင်းသာချနေရ၏။ သို့သော် အဖိုးအိုမုချီက တဟားဟားအော်ရယ်ရင်း ပြောလာသည်။

"ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့၊ အရှင်မင်းမြတ်။ မြို့စားမင်းဆူက ခိုးကြောင်ခိုး၀ှက်လုပ်နေတဲ့ပုံပေါက်နေတော့ နောက်ကွယ်က မကောင်းတဲ့ရည်ရွယ်ချက်ရှိမှန်း ကျွန်တော်မျိုးလည်း ရိပ်မိပါတယ်။ ဧကရာဇ်ရဲ့နောက်ကွယ်မှာ ဒီပစ္စည်းကို မှောင်ခိုရောင်း၀ယ်လိမ့်မယ်ဆိုတာ သိပြီးသားပါဘုရား ။ အဲ့တာကြောင့် ပုံကြမ်းမှာတော့ ဘာမှအပြစ်ဆိုစရာမရှိအောင် ဆွဲပေးလိုက်တယ်မှန်ပေမယ့် အဲ့သေတ္တာကိုဖွင့်ဖို့ ခလုတ်နှိပ်တဲ့နေရာမှာ အပြောင်းအလဲလုပ်ထားတာမို့ ငွေအဆိပ်အပ်တွေ ပျံထွက်လာတာနဲ့ တစ်ဖက်ရန်သူကို မထိခိုက်ဘဲ ကိုယ့်ဘက်ကလူတွေကိုပဲ ထိခိုက်နစ်နာစေမှာပါဘုရား၊ ဟဲဟဲ"

"တကယ်လား"

ချူယွမ်က အပျော်လွန်သွားပြီး ချက်ချင်းထရပ်လိုက်လေ၏။

"တကယ်ပေါ့ အရှင်မင်းမြတ်။ ဒီအဖိုးအိုက ဘယ်လိုသတ္တိနဲ့များ ဧကရာဇ်အရှင်ကို လှည့်ဖျားရဲမှာတုန်းဘုရား ။ ကိုယ့်ရဲ့ တာ့ချူပြည်ကြီးကို နစ်နာအောင်လုပ်မယ့်ကိစ္စမျိုး ကျွန်တော်မျိုး မလုပ်၀ံ့ကြောင်းပါ "

သွမ့်ပိုင်ယွဲ့က ရယ်လိုက်ပြီးပြောလာသည်။

"ဒီစကားသာမှန်ရင်တော့ ၀ယ်သွားတဲ့လူခမျာ ငိုချင်ရင်တောင် ငိုလို့ထွက်မှာမဟုတ်ဘူး။ စစ်မြေပြင်မှာ တပ်သားနှစ်ဖက်လည်း ထိပ်တိုက်တွေ့ရော၊ အသာစီးမရတဲ့အပြင် အရေးနိမ့်သွားဦးမယ်"

ချူယွမ်ကတော့ လွန်စွာမှ ၀မ်းသာနေ၏။

"အဖိုးကတော့ တကယ့်ကို တာ့ချူရဲ့ ကျက်သရေဂုဏ်ဆောင် ပညာရှင်တစ်ယောက်ပေပဲ။ ဒီကိစ္စတစ်ခုတည်းနဲ့တင် နန်းတော်ထဲနေချင်တဲ့ကိစ္စကို အသာထား၊ မြို့တော်ထဲမှာ စံအိမ်ကြီးနဲ့ နေချင်တယ်ဆိုရင်တောင် ပြဿနာလုံး၀မရှိစေဘဲ စီစဥ်ပေးမယ်"

"နန်းတွင်းထဲနေခွင့်ရရင်ကို တော်ပါပြီဘုရား။ ၀မ်းသာလှပါပြီဘုရား။ရှစ်ခွင်တိုင်းယန္တရားကွက်အပြင် တခြားသစ်လုပ်ငန်းတွေရှိရင်လည်း အရှင်မင်းမြတ်သာ အမိန့်တော်ရှိလာပလေ့စေ၊ ကျေကျေနပ်နပ် လုပ်ပေးမှာပါဘုရား။ ကျွန်တော်မျိုးက အလုပ်လုပ်ရာမှာ အရမ်းလျင်မြန်သွက်လက်တော့ တစ်နေ့တည်းနဲ့ အလုပ်တစ်၀က် ခဏလေးပြီးအောင် လုပ်နိုင်တယ်နော်"

"ဟားဟား၊ ဟုတ်ပါပြီ။ ဒါဆို ဒီနေ့ ဒီလောက်နဲ့ပဲ တော်ကြစို့ ၊ အဖိုး အနားယူနိုင်ဖို့ တစ်ယောက်ယောက်ကို စီစဥ်ခိုင်းလိုက်မယ်"

"ခဏလေး၊ တစ်ခွန်းလောက်မေးလို့ရမလား"

သွမ့်ပိုင်ယွဲ့က မေးလာတော့ ချူယွမ်လည်း ခေါင်းအသာငြိမ့်ပြကာ ခွင့်ပြုလိုက်၏။

"ချဲန်းဟေဟွမ်က ဘယ်လိုလက်နက်မျိုးလဲ။ သြော်၊ နောက်တစ်ခုက လန်ဂျီးလက်ထဲကနေ အဖိုး ဘယ်လိုထွက်ပြေးလာတာလဲ"

"မင်းဟာက နှစ်ခွန်းဖြစ်နေပြီကွ"

သွမ့်ပိုင်ယွဲ့ - "......"

ချူယွမ် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေ၏။ အဖိုးမုချီလည်း ဆက်မရစ်တော့။

"နှစ်ခွန်းဆိုလည်း နှစ်ခွန်းပေါ့ကွာ။ ချဲန်းဟေဟွမ်က ဘာလက်နက်ဆန်းမှမဟုတ်ဘူး။ ဟိုမိစ္ဆာမကြီးက ဘာမှလည်းမသိဘဲနဲ့ လူကိုအတင်းလိုက်ဖမ်းနေတာ"

"လက်နက်ဆန်းမဟုတ်တော့ ဘာကြီးလဲ"

ချူယွမ်ကပါ ထမေးလာသည်။

"၀င်္ကပါတစ်ခုပဲ။အရင်ခေတ်တုန်းက သိုင်းလောကမှာ လန်ယီကျန့်ဆိုတဲ့ မိစ္ဆာတစ်ယောက်ရှိခဲ့ဖူးတယ်။ လူတွေ ဖမ်းဆီးသတ်ဖြတ်တာခံရပြီးတော့ ယွီ့ကွမ်းတောင်​မှာ ချုပ်နှောင်ခံထားရတာ အဲ့တောင်ရဲ့အ၀င်လမ်းမှာ ချဲန်းဟေဟွမ်ကို တည်ဆောက်ပြီး ပိတ်ဆို့ထားလိုက်တာပဲ။သာမန်လူတွေ ကျူးကျော်၀င်ရောက်သွားဖို့မပြောနဲ့၊ အနားလေးကပ်သွားရင်ကို အဆိပ်လူးထားတဲ့အပ်တွေ ပျံထွက်လာပြီး လူကိုသေစေနိုင်တယ် "

"သေတဲ့လူက သေပြီးမှတော့ ဘာလို့ ထပ်ပြီးချုပ်နှောင်ထားရတာလဲ"

ချူယွမ် နားမလည်နိုင်ပေ။

"အရှင်မင်းမြတ် မသိသေးလို့ပါ။ အဲ့ဒီလန်ယီကျန့်က အရမ်းဆိုးသွမ်းတာ၊ သေပြီးပြန်ရှင်လာနိုင်တယ်"

သွမ့်ပိုင်ယွဲ့ခမျာ မိမိဆရာဖြစ်သူကို သတိမရဘဲမနေနိုင်တော့။

နှစ်ပေါင်းများစွာ သင်္ချိုင်းမြေထဲ အောင်းနေပြီးတာတောင် အပြင်ဘက်ထွက်လာပြီး ဟေးလေးဟားလား လမ်းသလားနေနိုင်သည်ကို တွေးကြည့်လျှင် မိမိဆရာသည် ဤတစ်ယောက်နှင့် ဂိုဏ်းတူဆရာတူ မိတ်ဆွေ ရောင်းရင်းများဖြစ်ခဲ့လေသလား။

"ဒီထက်ပိုပြီး အသေးစိတ်ကျကျ ပြောပြပေးပါလား အဖိုး"

ချူယွမ်တစ်ယောက် အတော်ပင် စိတ်၀င်တစားရှိလာလေသည်။ အဖိုးအိုမုချီလည်း ခေါင်းညိတ်လိုက်ကာ -

"လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းကပေါ့ဘုရား၊
လန်ယီကျန့်ဟာ သိုင်းလောကကို ဗြောင်းဆန်အောင် မွှေနှောက်ရှုပ်ထွေးစေခဲ့ဖူးပါတယ်၊ ကျင့်ကြံသူတွေကလည်း သူ့ကို နှိမ်နင်းဖို့ အကြိမ်ကြိမ်ကြိုးစားကြပေမယ့် တစ်ခါမှ မအောင်မြင်ဖူးဘူး။ နောက်ကျတော့ လန်ယီကျန့်၏ မိတ်ဆွေဟောင်းဖြစ်တဲ့ ချိုးကျီက သူနဲ့ ယွီ့ကွမ်းတောင်မှာ တိုက်ခိုက်ကြပြီး သုံးရက်သုံးညတိတိကုန်လွန်ပြီးခါမှ ဓားတစ်ချောင်းနဲ့ အနိုင်ရယူသွားပါတော့တယ်။ အဲ့အချိန်တုန်းက ကျွန်တော်မျိုးလည်း အဲ့တောင်ခြေနားတစ်၀ိုက် နေထိုင်ခဲ့လေတော့ ချိုးကျီက သိသိချင်းပဲ ကျွန်တော်မျိုးကို ချဲန်းဟေဟွမ်ဖန်တီးခိုင်းပြီး တောင်အ၀င်လမ်းမှာ ပိတ်ထားစေပါတယ်၊ ပြီးတော့ လန်ယီကျန့် ထာ၀ရပိတ်လှောင်ထားမယ့်အချုပ်ခန်းရဲ့ တံခါးအားလုံးကို သေချာဖျက်ဆီးပစ်စေပြီး အသစ်အစားထိုးလဲလိုက်တယ် ။ သူ အသက်ပြန်ရှင်လာရင်တောင် ပြန်ထွက်မလာနိုင်အောင်ပေါ့ဘုရား...."

သွမ့်ပိုင်ယွဲ့က နားထောင်ရင်း မှတ်ချက်ချလာ၏။

"တကယ်လို့များ သူ ပြန်ရှင်လာမှာ အရမ်းကြောက်နေရင်လည်း တစ်ခါတည်း မီးရှို့ပြီး ပြာချပစ်လိုက်လေ မဟုတ်ဘူးလား"

"ငါလည်း မေးချင်ခဲ့တာပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်က မိတ်ဆွေရင်းတွေဆိုတော့ကာ အလောင်းတောင်မကျန်တော့တဲ့အဖြစ်မျိုးထိ မလုပ်ရက်နိုင်ခဲ့ဘူးလို့ ထင်ရတာပဲ"

"သိုင်းလောကမှာ ချဲန်းဟေဟွမ်ကိစ္စ သိတဲ့လူများများစားစားရှိလား၊ အဖိုး"

"အစကတည်းက သိတဲ့လူရှားတယ်၊ အခု နှစ်ပေါင်းငါးဆယ်တောင် ကျော်သွားပြီဆိုတော့ ပိုတောင်နည်းသွားလောက်ပြီ ၊ ဒါကိုများ ဟိုမိစ္ဆာမကြီးက ဘယ်ကနေ သွားကြားဖူးတာပါလိမ့်"

"ဒီထိတောင်ပြောပြီးမှတော့ ၊ ဟိုတစ်နေ့က စောင့်ကြည့်နေတဲ့ လန်ဂျီးရဲ့တပည့်တွေကြား အဖိုး ဘယ်လိုထွက်ပြေးလာလဲလို့တောင် ပန်၀မ်းကို မဖြေရသေးဘူးနော်။ ပြီးတော့ အဲ့တဲကို ဘယ်သူမီးရှို့သွားတာလဲဆိုတဲ့ ကိစ္စ"

"မင်း တော်တော်လေး သိထားတာပဲကွ"

အဖိုးမုချီက အစက အံ့သြသွားသော်လည်း နောက်တော့ ပွစိပွစိဆိုကာ အပြစ်တင်လာ၏။

"မင်း အဲ့လောက်သိနေမှတော့ ဘာလို့ ဒီထက်စောစော လာမကယ်တုန်းကွ။ ငါ့လို အိုကြီး
အိုမခမျာ အဲ့အစေခံကောင်မလေးကို မေ့လဲသွားအောင်လုပ်ဖို့ အားအများကြီး သုံးလိုက်ရတယ် ၊ ဟွန့်"

"ဟားဟား၊ ဒါဆို မီးရှို့လိုက်တဲ့လူက အဖိုးပဲပေါ့"

"အဲ့လိုမှမလုပ်ရင် ဘယ်လိုလုပ်ရမလဲပြော။ ငါ့လိုအဖိုးကြီးက သားသမီးမရှိ မြေးမြစ်မရှိ တစ်ကိုယ်တည်းသမားဆိုတော့ ဘယ်သူမှ လာကူမှာလည်းမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ဘယ်လိုကိုယ်လွတ်ရုန်းရမလဲလို့ ကြိုပြီး မတွေးထားရင် ငါ ဆယ်ခါပြန်တောင် သေပြီးနေလောက်ပြီ။ သြော်....မီးရှို့လိုက်တာမှန်ပေမယ့် အဲ့မိစ္ဆာမလေးတွေကို ငါ အိမ်ထဲ ပစ်မထားဘူးနော်၊ ဟိုးတောင်ခြေဘက်မှာ ပစ်ထားခဲ့တာ"

ချူယွမ် - "ဒါပေမယ့် အခုတော့ နန်းတွင်းထဲနေရပြီဆိုတော့ အဖိုးလည်း အရင်တုန်းကလို ခြေဦးတည့်ရာ လျှောက်သွားစရာမလိုတော့ဘူးနော် "

အဖိုးအိုမှာ ၀မ်းသာပီတိ ဖြာလျက်။

ထို့နောက် ချူယွမ်က ရှစ်ဇီအားခေါ်လိုက်ကာ အဖိုးမုချီအား နားနေစရာအခန်းသို့ လိုက်ပို့ခိုင်းလေသည်။ ထို့အပြင် မနက်ကျလျှင် အဖိုးအတွက်အာဟာရပြည့်၀စုံလင်စွာ ချက်ပြုတ်ကျွေးမွေးရန် စားတော်ကဲအား​ သေချာပြောခဲ့ရန် ရှစ်ဇီအားမှာကြားလိုက်သည်။

သွမ့်ပိုင်ယွဲ့က ထိုကိစ္စကို မကျေနပ်။

"ဘာလို့ ကိုယ့်ကိုကျတော့ ဟင်းရွက်နဲ့တို့ဖူးပဲ ကျွေးတာလဲ"

"သေရည်ဆိုင်မှာ ပင်လယ်မျှော့တွေရော ၊ ဆားသိပ်ထားတဲ့ ငါးဟင်းတွေရော စုံနေတာပဲမဟုတ်လား။ စားချင် သွားစားလေ၊ ကိုယ်တော်လည်း မင်းကို ဆွဲမထားရပါဘူး"

သွမ့်ပိုင်ယွဲ့က မေးကို ထောက်လိုက်ရင်း ဆက်ပြော၏။

"အဲ့မှာ ပျင်းစရာကြီးကို။စားမယ့်စား တော်၀င်စားဖိုဆောင်က ဟင်းပဲစားမှာပေါ့။ အိမ်ပြန်ရောက်ရင် သူများတကာကို ကြွားလို့ရအောင်"

"စကားများလိုက်တာ....."

ချူယွမ်က သမ်း​ေ၀လာတော့ သွမ့်ပိုင်ယွဲ့လည်း ထလိုက်ကာ -

"အခုလည်း တော်တော်လေး ညဥ့်နက်နေပြီ။ မင်းကို အိပ်ခန်းဆောင်အရောက် ကိုယ်လိုက်ပို့ပေးမယ်"

"ဒီတစ်ခါတော့ တကယ် ကျေးဇူးအများကြီးတင်ပါတယ်"

ချူယွမ်က တကယ်ကို တည်ကြည်လေးနက်စွာ ဆိုလာ၏။

"လုပ်ပြန်ပြီ။ ကိုယ်နဲ့မင်းကြား ကျေးဇူးတင်စကားပြောဖို့ရောလိုသေးလို့လား။ ပြီးတော့ ဘာမှခက်ခဲတဲ့ကိစ္စလည်း မဟုတ်ဘူးလေ"

သို့နှင့် နှစ်ယောက်သား အတူတူ လမ်းလျှောက်ပြန်လာရင်း ချူယွမ်က မေးလာပြန်၏။

"အခုတစ်ခေါက်ရော ဆုလာဘ်အဖြစ် နယ်မြေတွေ လိုချင်သေးရဲ့လား"

"လိုချင်တာပေါ့။ မဟုတ်ရင် ကိုယ့်ဘက်က နစ်နာသွားမှာလေ....."

ပြောရင်းဆိုရင်း အနားတိုးကပ်လာသော သွမ့်ပိုင်ယွဲ့အား ချူယွမ် ကန်ပစ်လိုက်သည်။

"အားလားလား၊ အလွန်ဆုံးရှိ အရိုက်ခံရမယ်လို့ပဲ ထင်ထားတာ...ကျွတ်ကျွတ်...."

ချူယွမ်လည်း သူ့ကိုကြည့်ပြီး ရယ်ရမလား သနားရမည်လား မပြောတတ်တော့။ ရိုက်ချင်ရင်တောင် တကယ်ကြီး အားရပါးရ
မရိုက်ရက်ပြန်။ ထို့ကြောင့် ခေါင်းပင်မော့မလာတော့ဘဲ အတင်းငုံ့ကာ နောက်ကလူကို ဒီတိုင်း ချန်ရစ်ပြီး ရှေ့သို့သာ လျှောက်လှမ်းသွားလေသည်။

သွမ့်ပိုင်ယွဲ့ကတော့ သစ်ပင်ကြီးတစ်ပင်ကို မှီရင်း ထိုသူ၏ အရိပ်လေး မိမိမြင်ကွင်းမှ ပျောက်သွားသည့်အထိ လိုက်ကြည့်နေပြီးမှ ပြန်လာခဲ့လေသည်။

********

နောက်နှစ်ရက်သုံးရက်ကြာတော့ ထိုက်စစ်လမ်းမကြီးပေါ်ရှိ စစ်တုရင်ပွဲစင်ကြီးရှေ့ ဆိုက်ဖန်းအန်းအား လာရောက်ကြည့်ရှုကြသူ များသထက်များလာသည်။ ဆုတော်ငွေများကို လိုချင်၍ လာရောက်စိန်ခေါ်သူများလည်း ပေါ်ထွက်လာသလို ပွဲကြည့်ပရိသတ်ကလည်း များပြားလာ၏။ထို့ထက်များသည်ကား သာမန်လူများအဖြစ် အယောင်ဆောင်​ထားသည့် ဧကရာဇ်၏ ရဲမက်များ ပါနေသလို၊ ရှီးနန်ဘက်က လျှို့၀ှက်တပ်သားများလည်း ပါနေလေသည်။

ဆိုက်ဖန်းအန်းလည်း သိုင်းပညာအဆင့်မြင့်မားသည်မို့ ထိုမူမမှန်မှုကို ခံစားသိရှိနေသော်လည်း လုံး၀မမှုဘဲ အရင်နေ့များကဲ့သို့ပင် စင်ထက်တွင် စောင့်ရင်း ငိုက်မြည်းနေလေသည်။လာရောက်ယှဥ်ပြိုင်သူရှိလာရင်လည်း ဘာမှ စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကျွမ်းကျင်စွာ အနိုင်ယူနိုင်ပြန်သည်။

သို့သော် တစ်နေ့မှာတော့ သူနှင့်အတူပါလာသော အစေခံလေးက သတင်းတစ်ခုပြောပြလာ၏။ အဖိုးအိုမုချီ မြို့တော်ထဲ ရောက်ရှိနေကြောင်း၊ ဘယ်ဆီဘယ်၀ယ်မှာ ပုန်းခိုရှောင်တိမ်းနေမှန်းတော့ မသိရသေးကြောင်းပင်ဖြစ်၏။

********

သွမ့်ယောင်က တည်းခိုဆောင်အတွင်းအောင်းနေရသည်ကို မကြိုက်သဖြင့် အပြင်ဘက် မကြာခဏ လျှောက်သွားနေတတ်သည်။ ဒီနေ့လည်း သကြားဆမ်းထားသော မုန့်အချိုများကို ၀ယ်လာရင်း ထိုက်စစ်လမ်းမကြီးပေါ်မှ ဖြတ်လာတော့ လူစည်ကားနေသည်ကိုတွေ့ရသဖြင့် စူးစမ်းကြည့်မည်အပြု၊ နောက်ဆုံးတော့ သွမ့်ပိုင်ယွဲ့မှ ပြန်ခေါ်သွားခြင်းကို ခံလိုက်ရလေသည်။ သွမ့်ယောင်ကတော့ မကျေမချမ်းဖြစ်ကာ-

"ဘာလုပ်ဦးမလို့လဲ"

သွမ့်ပိုင်ယွဲ့က သွမ့်ယောင်ခေါင်းကို ဒေါက်ခနဲ ခေါက်ပစ်လိုက်သည်။

"အဲ့လူက သာမန်လူမဟုတ်ဘူး၊ နောက်ဆို သူနဲ့ ​ေ၀း​ေ၀းနေ"

"ဘာကောင်ပဲဖြစ်နေနေပေါ့၊ သိုင်းလောကမှာ ဘယ်သူကများ သာမန်လူ ဖြစ်နေလို့လဲ။ လူထူးလူဆန်းတွေချည်းပဲဟာ ၊ ဘာလို့ သူ့ကိုမှ ရှောင်နေရမှာတုန်း"

သွမ့်ယောင်က လုံး၀ မမှု။

"သူများတကာရဲ့ ဖန်ရှင်းပုလဲကို မင်း သွားယူထားတာလေ"

ပေါ်တင်ကြီးသွားယူတာမဟုတ်ပေမင့်ပေါ့။

ဖန်ရှင်းစစ်တုရင်ကွက်ကို ဖြေရှင်းနိုင်သူသာလျှင် ဖန်ရှင်းပုလဲကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်ဟူ၍ ရှေးဟောင်းကျမ်းဂန်များထဲ ရေးသားထားကြောင်း တာ့လီတရားရုံးတော်မှ သွမ့်ပိုင်ယွဲ့ တစွန်းတစသိလာခြင်းဖြစ်သည်။

"ဘာပြောလိုက်တယ်...ကျွန်တော် ယူလာတာဟုတ်လား"

သွမ့်ယောင်ကို သူ့ကိုယ်သူလက်ညှိုးထိုးရင်း မကျေမနပ်ပြောလာ၏။

ခင်ဗျားကြီးပါးစပ်က ဒီစကားပြောထွက်ရဲသေးတယ်နော် ။

"သွားယူခဲ့တဲ့လူက မင်းမဟုတ်လို့ ပန်၀မ်းဖြစ်နေလို့လား...ကဲ"

သွမ့်ပိုင်ယွဲ့လည်း အကျိုးသင့်အကြောင်းသင့် ပြန်ဖြေလာတော့ သွမ့်ယောင်ခမျာ အတော်ပင် ၀မ်းနည်းသွား၏။ ထိုညက ချိုးရွှမ်ကျီးယန္တရားတိုက်ထဲ အားကြိုးမာန်တက် ၀င်သွားပြီး ကြုံခဲ့သမျှ အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ကာ ၊ နောက်ဆုံး ဖန်ရှင်းပုလဲကိုရလာချိန်မှာလည်း ဘယ်လိုပုံစံရှိမှန်းပင် သေချာမကြည့်လိုက်ရ။ ပေါ်တင်ကြီး ဓားပြတိုက်သွားသောဖြစ်ရပ်ကို ပြန်တွေးတိုင်း ရင်နာစရာကောင်းလှပေသည်။

သွမ့်ပိုင်ယွဲ့က မိမိအတွက် မိမိဘာသာ လက်ဖက်ရည်ငှဲ့သောက်လိုက်ရင်း ပြောလာ၏။

"နေ့လယ်နေ့ခင်း တစ်ရေးအိပ်နေလိုက်စမ်းပါ။ အခု ရာသီဥတု ပူကပူနဲ့၊ လူလည်း ဥတုနဲ့အပြိုင် စိတ်တိုလွယ်နေတာ။ အပြင်မှာ လျှောက်ပြီး လမ်းသလားမနေနဲ့"

"ဟုတ်သားပဲ"

သွမ့်ယောင်က အခန်းတံခါးသို့ပင်ရောက်နေပြီးမှ တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် ပြောလာ၏။

"သန်ဘက်ခါကျရင် ကောင်လိ၀မ်ရောက်လာပြီး ဧကရာဇ်ဆီမှာ အခစား၀င်လိမ့်မယ်တဲ့၊ နောင်တော် ဒီသတင်းကို ကြားပြီးပြီလား"

သွမ့်ပိုင်ယွဲ့လက်များပင် ရပ်တန့်သွားသည်။

သူမသိသေးပါလေ။

"သူ့နှမတော်ပါ ခေါ်လာတယ်တဲ့နော်"

သွမ့်ပိုင်ယွဲ့ - "......"

"ဟုတ်သားပဲ၊ ဧကရာဇ်ချူကနေ နောင်တော့်ကို လက်ဆက်ဖို့ပေးသနားထားတဲ့ နှမတော်လေးလေ"

သွမ့်ပိုင်ယွဲ့ - "......''

"နောင်တော် တကယ်ကြီး မသိသေးတာလား"

သွမ့်ယောင် စိတ်အတော်ရှုပ်သွားသည်။

နေ့တိုင်းလိုလို နန်းတော်ထဲ သွားသွားနေတာတောင် နောင်တော်ရဲ့ချစ်ရသူကြီးက ဒီအကြောင်းကို ဘာမှ မပြောပြထားဘူးလား။ ဒါ အင်မတန်အရေးကြီးတဲ့ကိစ္စနော်....

သွမ့်ပိုင်ယွဲ့လည်း အတော်ပင် စိတ်ညစ်သွားလေ၏။ ဟုတ်သည်၊ သူ ဘာဆိုဘာမှကို မသိသေးပါလေ။

**********

သို့နှင့် နောက်နာရီ၀က်အကြာ အိပ်ခန်းဆောင်ရှေ့ ရှစ်ဇီ ငိုက်မြည်းနေစဥ် တစ်စုံတစ်ယောက်၏ လှုပ်နိုးခြင်းကို ခံစားလိုက်ရ၏။

၀ဖိုင့်ဖိုင့် လူတစ်ယောက်အဖို့ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်ရေးပျက်ရသည်မှာလည်း ဒုက္ခတစ်မျိုးပါပေ။

"ရှီးနန်၀မ်ပေကိုး...ဒီအချိန်ကြီးရောက်လာတာ ဘာကိစ္စများရှိလို့ပါလဲ ...၀မ်ရယ်"

ရောက်လာသောလူကိုမြင်တော့ ရှစ်ဇီလည်းအတော်အံ့သြသွားကာ အသံနှိမ့်၍ နှုတ်ဆက်လိုက်ပြီး ဆက်ပြောလာ၏။

"အခု မိုးတောင်မချုပ်သေးဘူးလေ"

သွမ့်ပိုင်ယွဲ့ အတော်ပင် အံ့သြသွားသည်။

ဤသို့သောစကားမျိုးကို ပြဇာတ်ထဲ အမြဲကြားရနေကျမဟုတ်လား။ ပညာတတ်လုလင်ပျိုလေးက သခင်မလေးတစ်ယောက်အား ခိုးတွေ့ရန် တံတိုင်းမှကျော်လွှားပြီး ရောက်လာတော့ အစေခံမိန်းမပျိုလေးက ဤသို့ ဆီးကြိုကာ ညည်းတွားပြတတ်ကြသည်မဟုတ်လား။

"အရှင်မင်းမြတ်က အခုလေးတင်မှ အနားယူလိုက်တာပါ၊ ကျွန်တော်မျိုး....ခဏ....ခဏနေပါဦး.... ရှီးနန်၀မ်...."

အဲ့လိုကြီး ဇွတ်အတင်း၀င်သွားလို့မရဘူးလေ။ခဏလေးတောင်ထပ်မစောင့်နိုင်တော့ဘဲ ဒီလိုပဲ အတင်း၀င်သွားစရာလား။ပြန်ပြီး အနှင်ထုတ်ခံလာရရင် ဘယ်နှယ့်လုပ်မလဲ။

*******

2020.05.18.

ဖတ်ပေးတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အသိအမှတ်ပြုပြီး အားပေးရင် ပိုပြီးအားဖြစ်ရပါတယ်။ တစ်ခုခု မှတ်ချက်ပေးရင်တော့ ကြိုပြီးဘာသာပြန်ထားတဲ့ မူကြမ်းတွေကိုပါ အမြန်သတ်ပုံစစ်၊အချောသတ်ပြီး ထပ်တင်ဖို့အထိကို အရမ်းပျော်ပြီး အားတွေတက်ရပါတယ်။

အပိုင်းတိုင်း၊ အပိုဒ်တိုင်း ပြောပြရမယ်လို့ မဆိုလိုပါဘူး၊ ပြောပြချင်လည်းရပါတယ်။ တကယ် ရင်ထဲထိသွားတဲ့အပိုင်းတွေကျ စိတ်ထဲမထားဘဲ ထုတ်ပြောပေးပါ ။ ကိုယ်တိုင်ရေးဆိုရင် ဒါမျိုးမတောင်းဆိုတတ်ပေမယ့် အတူတူမျှ​ေ၀ခံစားချင်လို့ကို ဘာသာပြန်တာဆိုတော့ ဖတ်တဲ့လူရင်ထဲကလှုပ်ခတ်သွားတဲ့အသံတွေကို များများ ကြားဖူးချင်ပါတယ်။

ဘာရယ်လို့တော့မဟုတ်ပါဘူး၊ အရင်အပိုင်းတွေက အားပေးခဲ့တဲ့အယောက်တိုင်းကိုကျေးဇူးတင်ကြောင်း ၊ ခင်ဗျားလေးတို့ဆီက ဘာမှမဟုတ်ဘူးထင်ရတဲ့ အပြုအမူလေးတွေကအစ ရင်ထဲထိကြောင်း ခွန်အားဖြစ်ကြောင်း ​အသိပေးချင်ရုံတင်ပါ။ Thz U.

********

[သူ႔ညီမကို မင္းနဲ႔ေပးစားခ်င္ေနတဲ့
ဟို ေကာင္လိ၀မ္ပဲေလ။]

Unicode version :

ရွည္လ်ားၾကာျမင့္လွေသာ သမိုင္းတစ္ေလ်ွာက္ ၊ အရပ္ရွစ္ျဖာ ရွစ္မ်က္ႏွာတစ္ခြင္ ၊ ေခတ္ကာလအဆက္ဆက္၏ ေသနဂၤဗ်ူဟာ စစ္ပညာက်မ္းမ်ားတြင္
ဤရွစ္ခြင္တိုင္းယႏၲရားမွာ လြန္စြာမွအဆင့္အတန္းျမင့္မားလွေၾကာင္း ​ေရးသားထားၾက၏။ သို႔ေသာ္ ၄အေၾကာင္းကို မည္သူကမွ ထဲထဲ၀င္၀င္ ႏွံ႔ႏွံ့စပ္စပ္ သိမေနၾက ။ မသိခ်င္ မေလ့လာခ်င္၍မဟုတ္ဘဲ ၄၏ မွတ္တမ္းမွတ္ရာမ်ားကို ရွည္လ်ားၾကာျမင့္လွေသာ အခ်ိန္ကာလမ်ားက ကုန္စင္လြင့္ပါးေအာင္ တိုက္စားေပ်ာက္ကြယ္ေစခဲ့ေသာေၾကာင့္ျဖစ္သည္။မွတ္တမ္းတင္ ေရးသားထားသမ်ွ က်န္ရစ္ထားခဲ့ေသာ စာေပအကၡရာမ်ားမွာလည္း လြန္စြာမွ နည္းပါးေလရာ စုစည္းၾကည့္လိုက္လ်ွင္ စာမ်က္ႏွာတစ္ရြက္စာမ်ွပင္မရိွ။

အဖိုးမုခ်ီ ခ်က္ခ်င္း ေခါင္းညိတ္လက္ခံလိုက္သည္။

"ရွစ္ခြင္တိုင္းယႏၲရားကြက္....။ ကြၽန္ေတာ္မ်ိဳးစမ္းၾကည့္ပါ့မယ္ ဘုရား"

"အဖိုး တကယ္ေရာ လုပ္ႏိုင္မွာလား"

သြမ့္ပိုင္ယြဲ႔တကယ္မယံုခ်င္။ မည္မ်ွပင္ ထူးခြၽန္ထက္ျမက္ေသာ လက္မႈပညာရွင္ျဖစ္လင့္ကစား ယခုကဲ့သို႔ စစ္ဘက္ေရးရာႏွင့္သက္ဆိုင္ေသာ ယႏၲရားမ်ားကိုေတာ့ မကြၽမ္းက်င္ေလာက္ေပ။ နန္းတြင္း၌ ေနခ်င္ရံုသက္သက္ျဖင့္ မလိမ့္တပတ္ ေလ်ွာက္ေျပာေနသည္ေတာ့ မျဖစ္ႏိုင္ေလာက္ပါဘူးေနာ္။

"ရွစ္ခြင္တိုင္းယႏၲရားကြက္က မူလအစကတည္းက ယႏၲရားစက္သာသာပါပဲ။ ဒီေလာကမွာ ရွစ္ခြင္တိုင္းယႏၲရားအေၾကာင္းကိုသိတဲ့လူ ဘယ္ႏွစ္ေယာက္ပဲရိွမလဲလို႔ေတြးၾကည့္လိုက္ရင္ အဖိုးမုခ်ီတစ္ေယာက္တည္းပဲရိွမွာ ကိုယ္ေတာ္စိုးမိတယ္"

"အရွင္မင္းျမတ္ ခ်ီးမြမ္းလြန္းေနပါၿပီဘုရား၊ ခ်ီးမြမ္းလြန္းေနပါၿပီ "

အဖိုးမုခ်ီကို လက္ႏွစ္ဖက္ကို ပြတ္သီး
ပြတ္သပ္လုပ္ကာ ရွက္ေနျပန္၏။

"အကယ္၍မ်ား အဖိုးမုခ်ီသာ ရွစ္ခြင္တိုင္းယႏၲရားကြက္ကို ျပန္လည္ဖန္တီးေပးႏိုင္မယ္ဆိုရင္ ကိုယ္ေတာ္ လြန္စြာမွ ေက်းဇူးတင္မိပါမယ္"

ခ်ူယြမ္က တကယ္ပင္ ရိုေသေလးစားစြာ ႏိွမ့္ခ်စြာ ရိုက်ိဳးေတာင္းဆိုေနေလသည္။ ဤအခ်က္ေၾကာင့္ပင္ အဖိုးအိုမုခ်ီမွာ အဆမ်ားစြာပို၍ေပ်ာ္ရႊင္သြားေလ၏။ အစကတည္းက သူလည္း ၿမိဳ႔ေတာ္သို႔ေျပာင္းေရႊ့လာၿပီး နန္းေတာ္ရိွအေဆာင္မ်ားကို လိုက္လံျပဳျပင္ရေသာအလုပ္မ်ားရႏိုင္မလားဟု လမ္းစရွာရန္ႀကံထားေသးသည္။ သို႔မွသာ အျပင္ဘက္တြင္ ေန့တိုင္းေန့တိုင္း အဖမ္းခံရမလားဟု က်ီးလန္႔စာစားရမည့္ဒဏ္မွ လြတ္ေပလိမ့္မည္။

သို႔ေသာ္ မိမိကံၾကမၼာက ဤမ်ွေကာင္းလိမ့္မည္ဟု လံုး၀ထင္မထား။နန္းတြင္းထဲ အလုပ္၀င္လုပ္ရသည္သာမက ဧကရာဇ္အား အခစား၀င္ကာ ဖူးျမင္ရေသးသည္။

ထိုႏွစ္ေယာက္က အခ်င္းခ်င္း တစ္ၪီးအေပၚတစ္ၪီး လြန္စြာမွ ယံုၾကည္စိတ္ခ်ေနဟန္ရသည္ကိုေတြ့ေတာ့ သြမ့္ပိုင္ယြဲ႔လည္း ေစာနကမယံုသကၤာျဖစ္သည္မ်ားကို ျပန္ေခါက္သိမ္းထားရေလသည္။

"ေၾသာ္၊ ေနာက္ကိစၥတစ္ခုရိွေသးတယ္။ ကိုယ္ေတာ္ျမတ္ကို အႀကံေပးလို႔ရၪီးမလား။တာ့ယဲန္႔ၿမိဳ႔မွာရိွတဲ့ မိစၧာေသတၲာပံုၾကမ္းကို ဆရာႀကီးပဲ ဆြဲခဲ့တာမွန္ပါသလား"

"ကြၽန္ေတာ္မ်ိဳးပဲျဖစ္ပါတယ္ "

အဖိုးအိုမုခ်ီက ေခါင္ကိုေမာ့ရင္ကိုေကာ့ကာေျဖလာၿပီးေနာက္ ေခါင္းတတြင္တြင္ ဆက္ခါေလ၏။

"ရွက္စရာေကာင္းလိုက္တာ၊ တကယ္ရွက္စရာေကာင္းလိုက္တာ။ အဲ့ပစၥည္းက အေသဆိုးသြမ္းတာ ။ သံုးတဲ့လူေတာ့ မ်ိဳးရိုးဆက္ခံဖို႔ သားသမီးေတာင္ရႏိုင္ပါ့မလားမသိပါဘူး"

"ဒါဆိုရင္လည္း ဘာလို႔မ်ား ဟိုလူေတြအတြက္ ဆြဲျပလိုက္ေသးတုန္း"

ခ်ူယြမ္က ေဘးမွထိုင္ကာ မ်က္ႏွာရႈံ႔မဲ့ၿပီးေမးလာ၏။

"မဆြဲလို႔ရမွမရတာဘုရား၊ ၿမိဳ႔စားမင္းဆူရဲ့ ဓားသြားက ကြၽန္ေတာ္မ်ိဳးရဲ့လည္ပင္းကို အဆင္သင့္မိုးထားေနလို႔ရယ္"

အဖိုးအိုမုခ်ီက အေတာ္ပင္ ရိုးသားစြာ ေျပာရဲဆိုရဲရိွလွသည္။ တကယ္လည္း လူတိုင္းက မိမိအသက္ကို မိမိႏွေျမာမိမည္မွာအမွန္။ အဖိုးအိုမုခ်ီအတြက္ေတာ့ ေၾကာက္စရာတကာ့ေၾကာက္စရာအေကာင္းဆံုးကိစၥပါေပ။

ခ်ူယြမ္လည္း အျပစ္မတင္ရက္သည္မို႔ သက္ျပင္းသာခ်ေနရ၏။ သို႔ေသာ္ အဖိုးအိုမုခ်ီက တဟားဟားေအာ္ရယ္ရင္း ေျပာလာသည္။

"ဒါေပမယ့္ ဘာမွမစိုးရိမ္ပါနဲ႔၊ အရွင္မင္းျမတ္။ ၿမိဳ႔စားမင္းဆူက ခိုးေၾကာင္ခိုးဝွက္လုပ္ေနတဲ့ပံုေပါက္ေနေတာ့ ေနာက္ကြယ္က မေကာင္းတဲ့ရည္ရြယ္ခ်က္ရိွမွန္း ကြၽန္ေတာ္မ်ိဳးလည္း ရိပ္မိပါတယ္။ ဧကရာဇ္ရဲ့ေနာက္ကြယ္မွာ ဒီပစၥည္းကို ေမွာင္ခိုေရာင္း၀ယ္လိမ့္မယ္ဆိုတာ သိၿပီးသားပါဘုရား ။ အဲ့တာေၾကာင့္ ပံုၾကမ္းမွာေတာ့ ဘာမွအျပစ္ဆိုစရာမရိွေအာင္ ဆြဲေပးလိုက္တယ္မွန္ေပမယ့္ အဲ့ေသတၲာကိုဖြင့္ဖို႔ ခလုတ္ႏိွပ္တဲ့ေနရာမွာ အေျပာင္းအလဲလုပ္ထားတာမို႔ ေငြအဆိပ္အပ္ေတြ ပ်ံထြက္လာတာနဲ႔ တစ္ဖက္ရန္သူကို မထိခိုက္ဘဲ ကိုယ့္ဘက္ကလူေတြကိုပဲ ထိခိုက္နစ္နာေစမွာပါဘုရား၊ ဟဲဟဲ"

"တကယ္လား"

ခ်ူယြမ္က အေပ်ာ္လြန္သြားၿပီး ခ်က္ခ်င္းထရပ္လိုက္ေလ၏။

"တကယ္ေပါ့ အရွင္မင္းျမတ္။ ဒီအဖိုးအိုက ဘယ္လိုသတၲိနဲ႔မ်ား ဧကရာဇ္အရွင္ကို လွည့္ဖ်ားရဲမွာတုန္းဘုရား ။ ကိုယ့္ရဲ့ တာ့ခ်ူျပည္ႀကီးကို နစ္နာေအာင္လုပ္မယ့္ကိစၥမ်ိဳး ကြၽန္ေတာ္မ်ိဳး မလုပ္ဝံ့ေၾကာင္းပါ "

သြမ့္ပိုင္ယြဲ႔က ရယ္လိုက္ၿပီးေျပာလာသည္။

"ဒီစကားသာမွန္ရင္ေတာ့ ၀ယ္သြားတဲ့လူခမ်ာ ငိုခ်င္ရင္ေတာင္ ငိုလို႔ထြက္မွာမဟုတ္ဘူး။ စစ္ေျမျပင္မွာ တပ္သားႏွစ္ဖက္လည္း ထိပ္တိုက္ေတြ့ေရာ၊ အသာစီးမရတဲ့အျပင္ အေရးနိမ့္သြားၪီးမယ္"

ခ်ူယြမ္ကေတာ့ လြန္စြာမွ ၀မ္းသာေန၏။

"အဖိုးကေတာ့ တကယ့္ကို တာ့ခ်ူရဲ့ က်က္သေရဂုဏ္ေဆာင္ ပညာရွင္တစ္ေယာက္ေပပဲ။ ဒီကိစၥတစ္ခုတည္းနဲ႔တင္ နန္းေတာ္ထဲေနခ်င္တဲ့ကိစၥကို အသာထား၊ ၿမိဳ႔ေတာ္ထဲမွာ စံအိမ္ႀကီးနဲ႔ ေနခ်င္တယ္ဆိုရင္ေတာင္ ျပႆနာလံုး၀မရိွေစဘဲ စီစဥ္ေပးမယ္"

"နန္းတြင္းထဲေနခြင့္ရရင္ကို ေတာ္ပါၿပီဘုရား။ ၀မ္းသာလွပါၿပီဘုရား။ရွစ္ခြင္တိုင္းယႏၲရားကြက္အျပင္ တျခားသစ္လုပ္ငန္းေတြရိွရင္လည္း အရွင္မင္းျမတ္သာ အမိန္႔ေတာ္ရိွလာပေလ့ေစ၊ ေက်ေက်နပ္နပ္ လုပ္ေပးမွာပါဘုရား။ ကြၽန္ေတာ္မ်ိဳးက အလုပ္လုပ္ရာမွာ အရမ္းလ်င္ျမန္သြက္လက္ေတာ့ တစ္ေန့တည္းနဲ႔ အလုပ္တစ္၀က္ ခဏေလးၿပီးေအာင္ လုပ္ႏိုင္တယ္ေနာ္"

"ဟားဟား၊ ဟုတ္ပါၿပီ။ ဒါဆို ဒီေန့ ဒီေလာက္နဲ႔ပဲ ေတာ္ၾကစို႔ ၊ အဖိုး အနားယူႏိုင္ဖို႔ တစ္ေယာက္ေယာက္ကို စီစဥ္ခိုင္းလိုက္မယ္"

"ခဏေလး၊ တစ္ခြန္းေလာက္ေမးလို႔ရမလား"

သြမ့္ပိုင္ယြဲ႔က ေမးလာေတာ့ ခ်ူယြမ္လည္း ေခါင္းအသာၿငိမ့္ျပကာ ခြင့္ျပဳလိုက္၏။

"ခ်ဲန္းေဟဟြမ္က ဘယ္လိုလက္နက္မ်ိဳးလဲ။ ေၾသာ္၊ ေနာက္တစ္ခုက လန္ဂ်ီးလက္ထဲကေန အဖိုး ဘယ္လိုထြက္ေျပးလာတာလဲ"

"မင္းဟာက ႏွစ္ခြန္းျဖစ္ေနၿပီကြ"

သြမ့္ပိုင္ယြဲ႔ - "......"

ခ်ူယြမ္ ရယ္ခ်င္စိတ္ကို မနည္းေအာင့္ထားရေလ၏။ အဖိုးမုခ်ီလည္း ဆက္မရစ္ေတာ့။

"ႏွစ္ခြန္းဆိုလည္း ႏွစ္ခြန္းေပါ့ကြာ။ ခ်ဲန္းေဟဟြမ္က ဘာလက္နက္ဆန္းမွမဟုတ္ဘူး။ ဟိုမိစၧာမႀကီးက ဘာမွလည္းမသိဘဲနဲ႔ လူကိုအတင္းလိုက္ဖမ္းေနတာ"

"လက္နက္ဆန္းမဟုတ္ေတာ့ ဘာႀကီးလဲ"

ခ်ူယြမ္ကပါ ထေမးလာသည္။

"၀ကၤပါတစ္ခုပဲ။အရင္ေခတ္တုန္းက သိုင္းေလာကမွာ လန္ယီက်န္႔ဆိုတဲ့ မိစၧာတစ္ေယာက္ရိွခဲ့ဖူးတယ္။ လူေတြ ဖမ္းဆီးသတ္ျဖတ္တာခံရၿပီးေတာ့ ယြီ႔ကြမ္းေတာင္​မွာ ခ်ဳပ္ေနွာင္ခံထားရတာ အဲ့ေတာင္ရဲ့အ၀င္လမ္းမွာ ခ်ဲန္းေဟဟြမ္ကို တည္ေဆာက္ၿပီး ပိတ္ဆို႔ထားလိုက္တာပဲ။သာမန္လူေတြ က်ူးေက်ာ္၀င္ေရာက္သြားဖို႔မေျပာနဲ႔၊ အနားေလးကပ္သြားရင္ကို အဆိပ္လူးထားတဲ့အပ္ေတြ ပ်ံထြက္လာၿပီး လူကိုေသေစႏိုင္တယ္ "

"ေသတဲ့လူက ေသၿပီးမွေတာ့ ဘာလို႔ ထပ္ၿပီးခ်ဳပ္ေနွာင္ထားရတာလဲ"

ခ်ူယြမ္ နားမလည္ႏိုင္ေပ။

"အရွင္မင္းျမတ္ မသိေသးလို႔ပါ။ အဲ့ဒီလန္ယီက်န္႔က အရမ္းဆိုးသြမ္းတာ၊ ေသၿပီးျပန္ရွင္လာႏိုင္တယ္"

သြမ့္ပိုင္ယြဲ႔ခမ်ာ မိမိဆရာျဖစ္သူကို သတိမရဘဲမေနႏိုင္ေတာ့။

ႏွစ္ေပါင္းမ်ားစြာ သခ်ၤိဳင္းေျမထဲ ေအာင္းေနၿပီးတာေတာင္ အျပင္ဘက္ထြက္လာၿပီး ေဟးေလးဟားလား လမ္းသလားေနႏိုင္သည္ကို ေတြးၾကည့္လ်ွင္ မိမိဆရာသည္ ဤတစ္ေယာက္ႏွင့္ ဂိုဏ္းတူဆရာတူ မိတ္ေဆြ ေရာင္းရင္းမ်ားျဖစ္ခဲ့ေလသလား။

"ဒီထက္ပိုၿပီး အေသးစိတ္က်က် ေျပာျပေပးပါလား အဖိုး"

ခ်ူယြမ္တစ္ေယာက္ အေတာ္ပင္ စိတ္၀င္တစားရိွလာေလသည္။ အဖိုးအိုမုခ်ီလည္း ေခါင္းညိတ္လိုက္ကာ -

"လြန္ခဲ့တဲ့ ႏွစ္ငါးဆယ္တုန္းကေပါ့ဘုရား၊
လန္ယီက်န္႔ဟာ သိုင္းေလာကကို ေျဗာင္းဆန္ေအာင္ ေမႊေနွာက္ရႈပ္ေထြးေစခဲ့ဖူးပါတယ္၊ က်င့္ႀကံသူေတြကလည္း သူ႔ကို ႏိွမ္နင္းဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားၾကေပမယ့္ တစ္ခါမွ မေအာင္ျမင္ဖူးဘူး။ ေနာက္က်ေတာ့ လန္ယီက်န္႔၏ မိတ္ေဆြေဟာင္းျဖစ္တဲ့ ခ်ိဳးက်ီက သူနဲ႔ ယြီ႔ကြမ္းေတာင္မွာ တိုက္ခိုက္ၾကၿပီး သံုးရက္သံုးညတိတိကုန္လြန္ၿပီးခါမွ ဓားတစ္ေခ်ာင္းနဲ႔ အႏိုင္ရယူသြားပါေတာ့တယ္။ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္မ်ိဳးလည္း အဲ့ေတာင္ေျခနားတစ္ဝိုက္ ေနထိုင္ခဲ့ေလေတာ့ ခ်ိဳးက်ီက သိသိခ်င္းပဲ ကြၽန္ေတာ္မ်ိဳးကို ခ်ဲန္းေဟဟြမ္ဖန္တီးခိုင္းၿပီး ေတာင္အ၀င္လမ္းမွာ ပိတ္ထားေစပါတယ္၊ ၿပီးေတာ့ လန္ယီက်န္႔ ထာ၀ရပိတ္ေလွာင္ထားမယ့္အခ်ဳပ္ခန္းရဲ့ တံခါးအားလံုးကို ေသခ်ာဖ်က္ဆီးပစ္ေစၿပီး အသစ္အစားထိုးလဲလိုက္တယ္ ။ သူ အသက္ျပန္ရွင္လာရင္ေတာင္ ျပန္ထြက္မလာႏိုင္ေအာင္ေပါ့ဘုရား...."

သြမ့္ပိုင္ယြဲ႔က နားေထာင္ရင္း မွတ္ခ်က္ခ်လာ၏။

"တကယ္လို႔မ်ား သူ ျပန္ရွင္လာမွာ အရမ္းေၾကာက္ေနရင္လည္း တစ္ခါတည္း မီးရိႈ႔ၿပီး ျပာခ်ပစ္လိုက္ေလ မဟုတ္ဘူးလား"

"ငါလည္း ေမးခ်င္ခဲ့တာပဲ။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္က မိတ္ေဆြရင္းေတြဆိုေတာ့ကာ အေလာင္းေတာင္မက်န္ေတာ့တဲ့အျဖစ္မ်ိဳးထိ မလုပ္ရက္ႏိုင္ခဲ့ဘူးလို႔ ထင္ရတာပဲ"

"သိုင္းေလာကမွာ ခ်ဲန္းေဟဟြမ္ကိစၥ သိတဲ့လူမ်ားမ်ားစားစားရိွလား၊ အဖိုး"

"အစကတည္းက သိတဲ့လူရွားတယ္၊ အခု ႏွစ္ေပါင္းငါးဆယ္ေတာင္ ေက်ာ္သြားၿပီဆိုေတာ့ ပိုေတာင္နည္းသြားေလာက္ၿပီ ၊ ဒါကိုမ်ား ဟိုမိစၧာမႀကီးက ဘယ္ကေန သြားၾကားဖူးတာပါလိမ့္"

"ဒီထိေတာင္ေျပာၿပီးမွေတာ့ ၊ ဟိုတစ္ေန့က ေစာင့္ၾကည့္ေနတဲ့ လန္ဂ်ီးရဲ့တပည့္ေတြၾကား အဖိုး ဘယ္လိုထြက္ေျပးလာလဲလို႔ေတာင္ ပန္၀မ္းကို မေျဖရေသးဘူးေနာ္။ ၿပီးေတာ့ အဲ့တဲကို ဘယ္သူမီးရိႈ႔သြားတာလဲဆိုတဲ့ ကိစၥ"

"မင္း ေတာ္ေတာ္ေလး သိထားတာပဲကြ"

အဖိုးမုခ်ီက အစက အံ့ၾသသြားေသာ္လည္း ေနာက္ေတာ့ ပြစိပြစိဆိုကာ အျပစ္တင္လာ၏။

"မင္း အဲ့ေလာက္သိေနမွေတာ့ ဘာလို႔ ဒီထက္ေစာေစာ လာမကယ္တုန္းကြ။ ငါ့လို အိုႀကီး
အိုမခမ်ာ အဲ့အေစခံေကာင္မေလးကို ေမ့လဲသြားေအာင္လုပ္ဖို႔ အားအမ်ားႀကီး သံုးလိုက္ရတယ္ ၊ ဟြန္႔"

"ဟားဟား၊ ဒါဆို မီးရိႈ႔လိုက္တဲ့လူက အဖိုးပဲေပါ့"

"အဲ့လိုမွမလုပ္ရင္ ဘယ္လိုလုပ္ရမလဲေျပာ။ ငါ့လိုအဖိုးႀကီးက သားသမီးမရိွ ေျမးျမစ္မရိွ တစ္ကိုယ္တည္းသမားဆိုေတာ့ ဘယ္သူမွ လာကူမွာလည္းမဟုတ္ဘူး။ ကိုယ့္ကိုယ္ကို ဘယ္လိုကိုယ္လြတ္ရုန္းရမလဲလို႔ ႀကိဳၿပီး မေတြးထားရင္ ငါ ဆယ္ခါျပန္ေတာင္ ေသၿပီးေနေလာက္ၿပီ။ ေၾသာ္....မီးရိႈ႔လိုက္တာမွန္ေပမယ့္ အဲ့မိစၧာမေလးေတြကို ငါ အိမ္ထဲ ပစ္မထားဘူးေနာ္၊ ဟိုးေတာင္ေျခဘက္မွာ ပစ္ထားခဲ့တာ"

ခ်ူယြမ္ - "ဒါေပမယ့္ အခုေတာ့ နန္းတြင္းထဲေနရၿပီဆိုေတာ့ အဖိုးလည္း အရင္တုန္းကလို ေျခၪီးတည့္ရာ ေလ်ွာက္သြားစရာမလိုေတာ့ဘူးေနာ္ "

အဖိုးအိုမွာ ၀မ္းသာပီတိ ျဖာလ်က္။

ထို႔ေနာက္ ခ်ူယြမ္က ရွစ္ဇီအားေခၚလိုက္ကာ အဖိုးမုခ်ီအား နားေနစရာအခန္းသို႔ လိုက္ပို႔ခိုင္းေလသည္။ ထို႔အျပင္ မနက္က်လ်ွင္ အဖိုးအတြက္အာဟာရျပည့္၀စံုလင္စြာ ခ်က္ျပဳတ္ေကြၽးေမြးရန္ စားေတာ္ကဲအား​ ေသခ်ာေျပာခဲ့ရန္ ရွစ္ဇီအားမွာၾကားလိုက္သည္။

သြမ့္ပိုင္ယြဲ႔က ထိုကိစၥကို မေက်နပ္။

"ဘာလို႔ ကိုယ့္ကိုက်ေတာ့ ဟင္းရြက္နဲ႔တို႔ဖူးပဲ ေကြၽးတာလဲ"

"ေသရည္ဆိုင္မွာ ပင္လယ္ေမ်ွာ့ေတြေရာ ၊ ဆားသိပ္ထားတဲ့ ငါးဟင္းေတြေရာ စံုေနတာပဲမဟုတ္လား။ စားခ်င္ သြားစားေလ၊ ကိုယ္ေတာ္လည္း မင္းကို ဆြဲမထားရပါဘူး"

သြမ့္ပိုင္ယြဲ႔က ေမးကို ေထာက္လိုက္ရင္း ဆက္ေျပာ၏။

"အဲ့မွာ ပ်င္းစရာႀကီးကို။စားမယ့္စား ေတာ္၀င္စားဖိုေဆာင္က ဟင္းပဲစားမွာေပါ့။ အိမ္ျပန္ေရာက္ရင္ သူမ်ားတကာကို ႂကြားလို႔ရေအာင္"

"စကားမ်ားလိုက္တာ....."

ခ်ူယြမ္က သမ္း​ေဝလာေတာ့ သြမ့္ပိုင္ယြဲ႔လည္း ထလိုက္ကာ -

"အခုလည္း ေတာ္ေတာ္ေလး ညဥ့္နက္ေနၿပီ။ မင္းကို အိပ္ခန္းေဆာင္အေရာက္ ကိုယ္လိုက္ပို႔ေပးမယ္"

"ဒီတစ္ခါေတာ့ တကယ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ခ်ူယြမ္က တကယ္ကို တည္ၾကည္ေလးနက္စြာ ဆိုလာ၏။

"လုပ္ျပန္ၿပီ။ ကိုယ္နဲ႔မင္းၾကား ေက်းဇူးတင္စကားေျပာဖို႔ေရာလိုေသးလို႔လား။ ၿပီးေတာ့ ဘာမွခက္ခဲတဲ့ကိစၥလည္း မဟုတ္ဘူးေလ"

သို႔ႏွင့္ ႏွစ္ေယာက္သား အတူတူ လမ္းေလ်ွာက္ျပန္လာရင္း ခ်ူယြမ္က ေမးလာျပန္၏။

"အခုတစ္ေခါက္ေရာ ဆုလာဘ္အျဖစ္ နယ္ေျမေတြ လိုခ်င္ေသးရဲ့လား"

"လိုခ်င္တာေပါ့။ မဟုတ္ရင္ ကိုယ့္ဘက္က နစ္နာသြားမွာေလ....."

ေျပာရင္းဆိုရင္း အနားတိုးကပ္လာေသာ သြမ့္ပိုင္ယြဲ႔အား ခ်ူယြမ္ ကန္ပစ္လိုက္သည္။

"အားလားလား၊ အလြန္ဆံုးရိွ အရိုက္ခံရမယ္လို႔ပဲ ထင္ထားတာ...ကြၽတ္ကြၽတ္...."

ခ်ူယြမ္လည္း သူ႔ကိုၾကည့္ၿပီး ရယ္ရမလား သနားရမည္လား မေျပာတတ္ေတာ့။ ရိုက္ခ်င္ရင္ေတာင္ တကယ္ႀကီး အားရပါးရ
မရိုက္ရက္ျပန္။ ထို႔ေၾကာင့္ ေခါင္းပင္ေမာ့မလာေတာ့ဘဲ အတင္းငံု႔ကာ ေနာက္ကလူကို ဒီတိုင္း ခ်န္ရစ္ၿပီး ေရ႔ွသို႔သာ ေလ်ွာက္လွမ္းသြားေလသည္။

သြမ့္ပိုင္ယြဲ႔ကေတာ့ သစ္ပင္ႀကီးတစ္ပင္ကို မွီရင္း ထိုသူ၏ အရိပ္ေလး မိမိျမင္ကြင္းမွ ေပ်ာက္သြားသည့္အထိ လိုက္ၾကည့္ေနၿပီးမွ ျပန္လာခဲ့ေလသည္။

********

ေနာက္ႏွစ္ရက္သံုးရက္ၾကာေတာ့ ထိုက္စစ္လမ္းမႀကီးေပၚရိွ စစ္တုရင္ပြဲစင္ႀကီးေရ႔ွ ဆိုက္ဖန္းအန္းအား လာေရာက္ၾကည့္ရႈၾကသူ မ်ားသထက္မ်ားလာသည္။ ဆုေတာ္ေငြမ်ားကို လိုခ်င္၍ လာေရာက္စိန္ေခၚသူမ်ားလည္း ေပၚထြက္လာသလို ပြဲၾကည့္ပရိသတ္ကလည္း မ်ားျပားလာ၏။ထို႔ထက္မ်ားသည္ကား သာမန္လူမ်ားအျဖစ္ အေယာင္ေဆာင္​ထားသည့္ ဧကရာဇ္၏ ရဲမက္မ်ား ပါေနသလို၊ ရွီးနန္ဘက္က လ်ိႈ႔၀ွက္တပ္သားမ်ားလည္း ပါေနေလသည္။

ဆိုက္ဖန္းအန္းလည္း သိုင္းပညာအဆင့္ျမင့္မားသည္မို႔ ထိုမူမမွန္မႈကို ခံစားသိရိွေနေသာ္လည္း လံုး၀မမႈဘဲ အရင္ေန့မ်ားကဲ့သို႔ပင္ စင္ထက္တြင္ ေစာင့္ရင္း ငိုက္ျမည္းေနေလသည္။လာေရာက္ယွဥ္ၿပိဳင္သူရိွလာရင္လည္း ဘာမွ စိတ္အေနွာင့္အယွက္မျဖစ္ဘဲ ကြၽမ္းက်င္စြာ အႏိုင္ယူႏိုင္ျပန္သည္။

သို႔ေသာ္ တစ္ေန့မွာေတာ့ သူႏွင့္အတူပါလာေသာ အေစခံေလးက သတင္းတစ္ခုေျပာျပလာ၏။ အဖိုးအိုမုခ်ီ ၿမိဳ႔ေတာ္ထဲ ေရာက္ရိွေနေၾကာင္း၊ ဘယ္ဆီဘယ္၀ယ္မွာ ပုန္းခိုေရွာင္တိမ္းေနမွန္းေတာ့ မသိရေသးေၾကာင္းပင္ျဖစ္၏။

********

သြမ့္ေယာင္က တည္းခိုေဆာင္အတြင္းေအာင္းေနရသည္ကို မႀကိဳက္သျဖင့္ အျပင္ဘက္ မၾကာခဏ ေလ်ွာက္သြားေနတတ္သည္။ ဒီေန့လည္း သၾကားဆမ္းထားေသာ မုန္႔အခ်ိဳမ်ားကို ၀ယ္လာရင္း ထိုက္စစ္လမ္းမႀကီးေပၚမွ ျဖတ္လာေတာ့ လူစည္ကားေနသည္ကိုေတြ့ရသျဖင့္ စူးစမ္းၾကည့္မည္အျပဳ၊ ေနာက္ဆံုးေတာ့ သြမ့္ပိုင္ယြဲ႔မွ ျပန္ေခၚသြားျခင္းကို ခံလိုက္ရေလသည္။ သြမ့္ေယာင္ကေတာ့ မေက်မခ်မ္းျဖစ္ကာ-

"ဘာလုပ္ၪီးမလို႔လဲ"

သြမ့္ပိုင္ယြဲ႔က သြမ့္ေယာင္ေခါင္းကို ေဒါက္ခနဲ ေခါက္ပစ္လိုက္သည္။

"အဲ့လူက သာမန္လူမဟုတ္ဘူး၊ ေနာက္ဆို သူနဲ႔ ​ေဝး​ေဝးေန"

"ဘာေကာင္ပဲျဖစ္ေနေနေပါ့၊ သိုင္းေလာကမွာ ဘယ္သူကမ်ား သာမန္လူ ျဖစ္ေနလို႔လဲ။ လူထူးလူဆန္းေတြခ်ည္းပဲဟာ ၊ ဘာလို႔ သူ႔ကိုမွ ေရွာင္ေနရမွာတုန္း"

သြမ့္ေယာင္က လံုး၀ မမႈ။

"သူမ်ားတကာရဲ့ ဖန္ရွင္းပုလဲကို မင္း သြားယူထားတာေလ"

ေပၚတင္ႀကီးသြားယူတာမဟုတ္ေပမင့္ေပါ့။

ဖန္ရွင္းစစ္တုရင္ကြက္ကို ေျဖရွင္းႏိုင္သူသာလ်ွင္ ဖန္ရွင္းပုလဲကို ပိုင္ဆိုင္ႏိုင္ေပလိမ့္မည္ဟူ၍ ေရွးေဟာင္းက်မ္းဂန္မ်ားထဲ ေရးသားထားေၾကာင္း တာ့လီတရားရံုးေတာ္မွ သြမ့္ပိုင္ယြဲ႔ တစြန္းတစသိလာျခင္းျဖစ္သည္။

"ဘာေျပာလိုက္တယ္...ကြၽန္ေတာ္ ယူလာတာဟုတ္လား"

သြမ့္ေယာင္ကို သူ႔ကိုယ္သူလက္ၫွိုးထိုးရင္း မေက်မနပ္ေျပာလာ၏။

ခင္ဗ်ားႀကီးပါးစပ္က ဒီစကားေျပာထြက္ရဲေသးတယ္ေနာ္ ။

"သြားယူခဲ့တဲ့လူက မင္းမဟုတ္လို႔ ပန္၀မ္းျဖစ္ေနလို႔လား...ကဲ"

သြမ့္ပိုင္ယြဲ႔လည္း အက်ိဳးသင့္အေၾကာင္းသင့္ ျပန္ေျဖလာေတာ့ သြမ့္ေယာင္ခမ်ာ အေတာ္ပင္ ၀မ္းနည္းသြား၏။ ထိုညက ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္ထဲ အားႀကိဳးမာန္တက္ ၀င္သြားၿပီး ႀကံဳခဲ့သမ်ွ အခက္အခဲ အတားအဆီးမ်ားကို ေက်ာ္ျဖတ္ကာ ၊ ေနာက္ဆံုး ဖန္ရွင္းပုလဲကိုရလာခ်ိန္မွာလည္း ဘယ္လိုပံုစံရိွမွန္းပင္ ေသခ်ာမၾကည့္လိုက္ရ။ ေပၚတင္ႀကီး ဓားျပတိုက္သြားေသာျဖစ္ရပ္ကို ျပန္ေတြးတိုင္း ရင္နာစရာေကာင္းလွေပသည္။

သြမ့္ပိုင္ယြဲ႔က မိမိအတြက္ မိမိဘာသာ လက္ဖက္ရည္ငွဲ႔ေသာက္လိုက္ရင္း ေျပာလာ၏။

"ေန့လယ္ေန့ခင္း တစ္ေရးအိပ္ေနလိုက္စမ္းပါ။ အခု ရာသီဥတု ပူကပူနဲ႔၊ လူလည္း ဥတုနဲ႔အၿပိဳင္ စိတ္တိုလြယ္ေနတာ။ အျပင္မွာ ေလ်ွာက္ၿပီး လမ္းသလားမေနနဲ႔"

"ဟုတ္သားပဲ"

သြမ့္ေယာင္က အခန္းတံခါးသို႔ပင္ေရာက္ေနၿပီးမွ တစ္စံုတစ္ခုကိုသတိရဟန္ျဖင့္ ေျပာလာ၏။

"သန္ဘက္ခါက်ရင္ ေကာင္လိ၀မ္ေရာက္လာၿပီး ဧကရာဇ္ဆီမွာ အခစား၀င္လိမ့္မယ္တဲ့၊ ေနာင္ေတာ္ ဒီသတင္းကို ၾကားၿပီးၿပီလား"

သြမ့္ပိုင္ယြဲ႔လက္မ်ားပင္ ရပ္တန္႔သြားသည္။

သူမသိေသးပါေလ။

"သူ႔ႏွမေတာ္ပါ ေခၚလာတယ္တဲ့ေနာ္"

သြမ့္ပိုင္ယြဲ႔ - "......"

"ဟုတ္သားပဲ၊ ဧကရာဇ္ခ်ူကေန ေနာင္ေတာ့္ကို လက္ဆက္ဖို႔ေပးသနားထားတဲ့ ႏွမေတာ္ေလးေလ"

သြမ့္ပိုင္ယြဲ႔ - "......''

"ေနာင္ေတာ္ တကယ္ႀကီး မသိေသးတာလား"

သြမ့္ေယာင္ စိတ္အေတာ္ရႈပ္သြားသည္။

ေန့တိုင္းလိုလို နန္းေတာ္ထဲ သြားသြားေနတာေတာင္ ေနာင္ေတာ္ရဲ့ခ်စ္ရသူႀကီးက ဒီအေၾကာင္းကို ဘာမွ မေျပာျပထားဘူးလား။ ဒါ အင္မတန္အေရးႀကီးတဲ့ကိစၥေနာ္....

သြမ့္ပိုင္ယြဲ႔လည္း အေတာ္ပင္ စိတ္ညစ္သြားေလ၏။ ဟုတ္သည္၊ သူ ဘာဆိုဘာမွကို မသိေသးပါေလ။

**********

သို႔ႏွင့္ ေနာက္နာရီ၀က္အၾကာ အိပ္ခန္းေဆာင္ေရ႔ွ ရွစ္ဇီ ငိုက္ျမည္းေနစဥ္ တစ္စံုတစ္ေယာက္၏ လႈပ္ႏိုးျခင္းကို ခံစားလိုက္ရ၏။

၀ဖိုင့္ဖိုင့္ လူတစ္ေယာက္အဖို႔ ေန့လယ္ေန့ခင္း တစ္ေရးတစ္ေမာ အိပ္ေရးပ်က္ရသည္မွာလည္း ဒုကၡတစ္မ်ိဳးပါေပ။

"ရွီးနန္၀မ္ေပကိုး...ဒီအခ်ိန္ႀကီးေရာက္လာတာ ဘာကိစၥမ်ားရိွလို႔ပါလဲ ...၀မ္ရယ္"

ေရာက္လာေသာလူကိုျမင္ေတာ့ ရွစ္ဇီလည္းအေတာ္အံ့ၾသသြားကာ အသံႏိွမ့္၍ ႏႈတ္ဆက္လိုက္ၿပီး ဆက္ေျပာလာ၏။

"အခု မိုးေတာင္မခ်ဳပ္ေသးဘူးေလ"

သြမ့္ပိုင္ယြဲ႔ အေတာ္ပင္ အံ့ၾသသြားသည္။

ဤသို႔ေသာစကားမ်ိဳးကို ျပဇာတ္ထဲ အၿမဲၾကားရေနက်မဟုတ္လား။ ပညာတတ္လုလင္ပ်ိဳေလးက သခင္မေလးတစ္ေယာက္အား ခိုးေတြ့ရန္ တံတိုင္းမွေက်ာ္လႊားၿပီး ေရာက္လာေတာ့ အေစခံမိန္းမပ်ိဳေလးက ဤသို႔ ဆီးႀကိဳ ညည္းတြားျပတတ္ၾကသည္မဟုတ္လား။

"အရွင္မင္းျမတ္က အခုေလးတင္မွ အနားယူလိုက္တာပါ၊ ကြၽန္ေတာ္မ်ိဳး....ခဏ....ခဏေနပါၪီး.... ရွီးနန္၀မ္...."

အဲ့လိုႀကီး ဇြတ္အတင္း၀င္သြားလို႔မရဘူးေလ။ခဏေလးေတာင္ထပ္မေစာင့္ႏိုင္ေတာ့ဘဲ ဒီလိုပဲ အတင္း၀င္သြားစရာလား။ျပန္ၿပီး အႏွင္ထုတ္ခံလာရရင္ ဘယ္ႏွယ့္လုပ္မလဲ။

*******

2020.05.18.

ဖတ္ေပးတဲ့အတြက္ တစ္ၪီးတစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။ အသိအမွတ္ျပဳျပီး အားေပးရင္ ပိုၿပီးအားျဖစ္ရပါတယ္။ တစ္ခုခု မွတ္ခ်က္ေပးရင္ေတာ့ ႀကိဳၿပီးဘာသာျပန္ထားတဲ့ မူၾကမ္းေတြကိုပါ အျမန္သတ္ပံုစစ္၊အေခ်ာသတ္ၿပီး ထပ္တင္ဖို႔အထိကို အရမ္းေပ်ာ္ၿပီး အားေတြတက္ရပါတယ္။

အပိုင္းတိုင္း၊ အပိုဒ္တိုင္း ေျပာျပရမယ္လို႔ မဆိုလိုပါဘူး၊ ေျပာျပခ်င္လည္းရပါတယ္။ တကယ္ ရင္ထဲထိသြားတဲ့အပိုင္းေတြက် စိတ္ထဲမထားဘဲ ထုတ္ေျပာေပးပါ ။ ကိုယ္တိုင္ေရးဆိုရင္ ဒါမ်ိဳးမေတာင္းဆိုတတ္ေပမယ့္ အတူတူမ်ွ​ေဝခံစားခ်င္လို႔ကို ဘာသာျပန္တာဆိုေတာ့ ဖတ္တဲ့လူရင္ထဲကလႈပ္ခတ္သြားတဲ့အသံေတြကို မ်ားမ်ား ၾကားဖူးခ်င္ပါတယ္။

ဘာရယ္လို႔ေတာ့မဟုတ္ပါဘူး၊ အရင္အပိုင္းေတြက အားေပးခဲ့တဲ့အေယာက္တိုင္းကိုေက်းဇူးတင္ေၾကာင္း ၊ ခင္ဗ်ားေလးတို႔ဆီက ဘာမွမဟုတ္ဘူးထင္ရတဲ့ အျပဳအမူေလးေတြကအစ ရင္ထဲထိေၾကာင္း ခြန္အားျဖစ္ေၾကာင္း ​အသိေပးခ်င္ရံုတင္ပါ။ Thz U.

********

Okumaya devam et

Bunları da Beğeneceksin

33.4K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
70.7K 9.8K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
1.5M 64.4K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...