Unicode Ver
၄၇။ အရည်အချင်းရှိသူ
"မနက်ကတစ်ယောက်ကလည်း ကျောင်းကတစ်ယောက်လိုပဲ သေသွားတာလား?"
"အင်း. . . နှစ်ယောက်လုံးက လည်ပင်းဖြတ်ခံရပြီးတော့ သွေးထွက်လွန်ပြီး သေသွားတာ"
"ပုံတွေကြည့်လို့ရမလား?"
ရှုချင်းရီက မေးလိုက်သည်။
ကျန်းယန်က ခနတွေဝေသွားသော်လည်း ပုံတွေတွဲထားသည့် ဖိုင်ကို သူမအား ပြလိုက်သည်။
ရှုချင်းရီက ပုံတွေကို သေချာကြည့်လိုက်သည်။ အရင်အမှုလိုပဲ သွေးများက နေရာအနှံပင်။ လည်ပင်းကိုလည်း ဖြတ်ခံထားရသည်။ သေဆုံးသူ၏ အဝတ်များမှာ ပျက်စီးနေပြီး သူမအသက်ရှင်နေစဉ်တုန်းက စော်ကားခံထားရပုံရသည်။
"ပုံတွေကြောင့် လန့်မသွားဘူးလား?"
ကျန်းယန်က ရှုချင်းရီ၏ ပြောင်းလဲမသွားသည့် အမူအယာကို ကြည့်ရင်းမေးသည်။ ထိုကောင်မလေးက စိတ်ဝင်စားမှုအပြည့်ဖြင့် ပုံတွေကို သေချာကြည့်နေသည်။ ရဲဖြစ်နေသည်တောင် အခင်းပုံတွေကိုမြင်သောအခါ အဆင်မပြေဖြစ်သွားကြသည့်သူများ ရှိသောကြောင့် ဒီကောင်မလေးကို သူအံ့သြသွားသည်။ သူကိုယ်တိုင်လည်း လူသတ်မှုများကို စစုံစမ်းရသောအခါ ဒီလိုမြင်ကွင်းများနှင့် အသားကျဖို့ သူအချိန်အတော်ကြာကြာယူခဲ့ရသည်။
ရှုချင်းရီက သူ့ကို ပြုံးကြည့်ကာ
"ဘာကြောက်စရာရှိလို့လဲ။ လူသေပဲဟာ"
ကျန်းယန်က ပါးစပ်ပိတ်သွားသည်။ သူက ထိုကောင်မလေး ပုံတွေကို ထပ်ခါထပ်ခါလှန်ကြည့်နေသည်ကို ကြည့်နေသည်။ သူ့ဆရာပြောခဲ့သည့် ကြည့်လိုက်ရုံနဲ့တင် ဘာလုပ်ရမလဲဆိုတာသိတဲ့သူတွေရှိသည် ဆိုသည်ကို သူကြားယောင်လာသည်။ ဒီလိုလူတွေက သာမန်မဟုတ်သည့် အရည်အချင်းများကို ပြသနိုင်စွမ်းရှိသည်။ အခြားသူတွေမလုပ်နိုင်သည်များက ဒီလိုလူများအတွက်တော့ လုပ်နိုင်နေတက်သည်။
"ပုံကိုကြည့်ပြီး ဘာပြောနိုင်လဲ?"
ကျန်းယန်က မေးလိုက်သည်။
ရှုချင်းရီက ပုံတွေကိုချလိုက်ကာ စားပွဲပေါ်က ကော်ဖီခွက်ကို ယူသောက်လိုက်ပြီးမှ ကျန်းယန်၏ စိတ်အားထက်သန်နေသည့် မျက်လုံးများကို စေ့စေ့ကြည့်ပြီး
"ဘာမှမတွေ့ဘူး"
ကျန်းယန်က သူမကို ဆွံအစွာကြည့်ပြီးကာမှ
"ဒီလောက်အကြာကြီး ဒီပုံတွေကို ကြည့်ပြီးကာမှ ဘာမှမတွေ့ဘူးလား?"
ရှုချင်းရီက ပခုံးလေးတွန့်ကာ
"ဟင့်အင်း။ ဒီပုံတွေက ကျောင်းမှာဖြစ်တုန်းကနဲ့ သိပ်မကွာဘူး။ ကွာတာဆိုလို့ အခင်းနေရာပဲ"
"အဲ့ဒါအသိသာကြီးပဲလေ"
ကျန်းယန်က စိတ်လေစွာပြောသည်။
သူကဓာတ်ပုံတွေကို စိတ်ညစ်စွာ ပြန်သိမ်းလိုက်သည်။ သူက ဒီကောင်မလေးတစ်ခုခုကို ထောက်ပြနိုင်မည်ဟု မျှော်လင့်ခဲ့တာဖြစ်သည်။ အခုတော့ သူ့အထင်က မှားသွားပြီ။
"လူသတ်မှုနှစ်ခုကြားမှာ ဘာဖြစ်လို့ တစ်ပတ်လောက် ခြားနေရတာလဲ? လူသတ်သမားက အရင်အမှုကလူတစ်ယောက်တည်းဆိုရင် စိတ်မရှည်ဖြစ်နေသလိုပဲ"
ရှုချင်းရီက သူမဟာသူမရေရွတ်နေသည်။
ကျန်းယန်က သူ့နာရီကို ကြည့်လိုက်သည်။ ရဲစခန်းက အစည်းအဝေးလုပ်ချိန် ကပ်နေပြီဖြစ်သည်။ သူထသွားရုံရှိသေးသည်။ ရှုချင်းရီက လှမ်းအော်ပြောသည်။
"သတိထားကြည့်။ ကျွန်မအထင်အရဆိုရင် . . .ဒီလိုအမှုထပ်ဖြစ်လိမ့်မယ်"
ကျန်းယန်က
"ဘယ်လိုလုပ်သိလဲ?"
"မသိဘူး။ ရှင့်အမှုကို ရှင်ပဲရှင်းပေါ့။ ဒါပင်မယ့် ပုံတွေအရဆိုရင် လူသတ်သမားက စိတ်ဝေဒနာရှိနေလို့ ခံစားမိတယ်။ သူက မိန်းမတွေကို မုန်းတယ်။ အထူးသဖြင့် ငယ်ပြီးလှတဲ့သူမျိုးတွေပေါ့။ သူက စိတ်မရှည်တော့ဘဲ ထပ်ခါထပ်ခါလုပ်နေပုံရတယ်"
ကျန်းယန်က သူမကို သံသယဖြင့်
"တကယ်လား?"
"၈၀ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်"
"တခြားအထင်ရော?"
ကျန်းယန်က မေးလိုက်သည်။
"ဆေးရုံတွေကို သတိထားပြီး စုံစမ်းကြည့်"
ကျန်းယန်က ရှုချင်းရီကို ထပ်မေးဖို့ လုပ်ပင်မယ့် သူမဖုန်းက မြည်လာသည်။ သူမက ထလိုက်ကာ သူမပြန်တော့မည့်အကြောင်း လက်ဟန်ခြေဟန်ပြသွားသည်။ ထို့ကြောင့် ကျန်းယန်ကလည်း သူ့စာအုပ်ဖြင့် ရဲစခန်းကိုပဲ ပြန်လိုက်ရတော့သည်။
ဖုန်းခေါ်သူမှာ မော့ဟန်ဖြစ်သည်။ ရှုချင်းရီက လမ်းလျှောက်ရင်း ဖုန်းကိုကိုင်လိုက်ကာ
"ဘာဖြစ်လို့လဲ?"
"အခုဘယ်မှာလဲ?"
"အပြင်မှာ။ ဟိုနေ့ကရဲက အမှုကိစ္စအကြောင်း လာစုံစမ်းလို့"
Zawgyi Ver
၄၇။ အရည္အခ်င္းရွိသူ
"မနက္ကတစ္ေယာက္ကလည္း ေက်ာင္းကတစ္ေယာက္လိုပဲ ေသသြားတာလား?"
"အင္း. . . ႏွစ္ေယာက္လုံးက လည္ပင္းျဖတ္ခံရၿပီးေတာ့ ေသြးထြက္လြန္ၿပီး ေသသြားတာ"
"ပုံေတြၾကည့္လို႔ရမလား?"
ရႈခ်င္းရီက ေမးလိုက္သည္။
က်န္းယန္က ခနေတြေဝသြားေသာ္လည္း ပုံေတြတြဲထားသည့္ ဖိုင္ကို သူမအား ျပလိုက္သည္။
ရႈခ်င္းရီက ပုံေတြကို ေသခ်ာၾကည့္လိုက္သည္။ အရင္အမႈလိုပဲ ေသြးမ်ားက ေနရာအႏွံပင္။ လည္ပင္းကိုလည္း ျဖတ္ခံထားရသည္။ ေသဆုံးသူ၏ အဝတ္မ်ားမွာ ပ်က္စီးေနၿပီး သူမအသက္ရွင္ေနစဥ္တုန္းက ေစာ္ကားခံထားရပုံရသည္။
"ပုံေတြေၾကာင့္ လန့္မသြားဘူးလား?"
က်န္းယန္က ရႈခ်င္းရီ၏ ေျပာင္းလဲမသြားသည့္ အမူအယာကို ၾကည့္ရင္းေမးသည္။ ထိုေကာင္မေလးက စိတ္ဝင္စားမႈအျပည့္ျဖင့္ ပုံေတြကို ေသခ်ာၾကည့္ေနသည္။ ရဲျဖစ္ေနသည္ေတာင္ အခင္းပုံေတြကိုျမင္ေသာအခါ အဆင္မေျပျဖစ္သြားၾကသည့္သူမ်ား ရွိေသာေၾကာင့္ ဒီေကာင္မေလးကို သူအံ့ၾသသြားသည္။ သူကိုယ္တိုင္လည္း လူသတ္မႈမ်ားကို စစုံစမ္းရေသာအခါ ဒီလိုျမင္ကြင္းမ်ားႏွင့္ အသားက်ဖိဳ႕ သူအခ်ိန္အေတာ္ၾကာၾကာယူခဲ့ရသည္။
ရႈခ်င္းရီက သူ႕ကို ၿပဳံးၾကည့္ကာ
"ဘာေၾကာက္စရာရွိလို႔လဲ။ လူေသပဲဟာ"
က်န္းယန္က ပါးစပ္ပိတ္သြားသည္။ သူက ထိုေကာင္မေလး ပုံေတြကို ထပ္ခါထပ္ခါလွန္ၾကည့္ေနသည္ကို ၾကည့္ေနသည္။ သူ႕ဆရာေျပာခဲ့သည့္ ၾကည့္လိုက္႐ုံနဲ႕တင္ ဘာလုပ္ရမလဲဆိုတာသိတဲ့သူေတြရွိသည္ ဆိုသည္ကို သူၾကားေယာင္လာသည္။ ဒီလိုလူေတြက သာမန္မဟုတ္သည့္ အရည္အခ်င္းမ်ားကို ျပသနိုင္စြမ္းရွိသည္။ အျခားသူေတြမလုပ္နိုင္သည္မ်ားက ဒီလိုလူမ်ားအတြက္ေတာ့ လုပ္နိုင္ေနတက္သည္။
"ပုံကိုၾကည့္ၿပီး ဘာေျပာနိုင္လဲ?"
က်န္းယန္က ေမးလိုက္သည္။
ရႈခ်င္းရီက ပုံေတြကိုခ်လိဳက္ကာ စားပြဲေပၚက ေကာ္ဖီခြက္ကို ယူေသာက္လိုက္ၿပီးမွ က်န္းယန္၏ စိတ္အားထက္သန္ေနသည့္ မ်က္လုံးမ်ားကို ေစ့ေစ့ၾကည့္ၿပီး
"ဘာမွမေတြ႕ဘူး"
က်န္းယန္က သူမကို ဆြံအစြာၾကည့္ၿပီးကာမွ
"ဒီေလာက္အၾကာႀကီး ဒီပုံေတြကို ၾကည့္ၿပီးကာမွ ဘာမွမေတြ႕ဘူးလား?"
ရႈခ်င္းရီက ပခုံးေလးတြန့္ကာ
"ဟင့္အင္း။ ဒီပုံေတြက ေက်ာင္းမွာျဖစ္တုန္းကနဲ႕ သိပ္မကြာဘူး။ ကြာတာဆိုလို႔ အခင္းေနရာပဲ"
"အဲ့ဒါအသိသာႀကီးပဲေလ"
က်န္းယန္က စိတ္ေလစြာေျပာသည္။
သူကဓာတ္ပုံေတြကို စိတ္ညစ္စြာ ျပန္သိမ္းလိုက္သည္။ သူက ဒီေကာင္မေလးတစ္ခုခုကို ေထာက္ျပနိုင္မည္ဟု ေမွ်ာ္လင့္ခဲ့တာျဖစ္သည္။ အခုေတာ့ သူ႕အထင္က မွားသြားၿပီ။
"လူသတ္မႈႏွစ္ခုၾကားမွာ ဘာျဖစ္လို႔ တစ္ပတ္ေလာက္ ျခားေနရတာလဲ? လူသတ္သမားက အရင္အမႈကလူတစ္ေယာက္တည္းဆိုရင္ စိတ္မရွည္ျဖစ္ေနသလိုပဲ"
ရႈခ်င္းရီက သူမဟာသူမေရ႐ြတ္ေနသည္။
က်န္းယန္က သူ႕နာရီကို ၾကည့္လိုက္သည္။ ရဲစခန္းက အစည္းအေဝးလုပ္ခ်ိန္ ကပ္ေနၿပီျဖစ္သည္။ သူထသြား႐ုံရွိေသးသည္။ ရႈခ်င္းရီက လွမ္းေအာ္ေျပာသည္။
"သတိထားၾကည့္။ ကြၽန္မအထင္အရဆိုရင္ . . .ဒီလိုအမႈထပ္ျဖစ္လိမ့္မယ္"
က်န္းယန္က
"ဘယ္လိုလုပ္သိလဲ?"
"မသိဘူး။ ရွင့္အမႈကို ရွင္ပဲရွင္းေပါ့။ ဒါပင္မယ့္ ပုံေတြအရဆိုရင္ လူသတ္သမားက စိတ္ေဝဒနာရွိေနလို႔ ခံစားမိတယ္။ သူက မိန္းမေတြကို မုန္းတယ္။ အထူးသျဖင့္ ငယ္ၿပီးလွတဲ့သူမ်ိဳးေတြေပါ့။ သူက စိတ္မရွည္ေတာ့ဘဲ ထပ္ခါထပ္ခါလုပ္ေနပုံရတယ္"
က်န္းယန္က သူမကို သံသယျဖင့္
"တကယ္လား?"
"၈၀ရာခိုင္ႏႈန္းေလာက္ ျဖစ္နိုင္တယ္"
"တျခားအထင္ေရာ?"
က်န္းယန္က ေမးလိုက္သည္။
"ေဆး႐ုံေတြကို သတိထားၿပီး စုံစမ္းၾကည့္"
က်န္းယန္က ရႈခ်င္းရီကို ထပ္ေမးဖို႔ လုပ္ပင္မယ့္ သူမဖုန္းက ျမည္လာသည္။ သူမက ထလိုက္ကာ သူမျပန္ေတာ့မည့္အေၾကာင္း လက္ဟန္ေျခဟန္ျပသြားသည္။ ထို႔ေၾကာင့္ က်န္းယန္ကလည္း သူ႕စာအုပ္ျဖင့္ ရဲစခန္းကိုပဲ ျပန္လိုက္ရေတာ့သည္။
ဖုန္းေခၚသူမွာ ေမာ့ဟန္ျဖစ္သည္။ ရႈခ်င္းရီက လမ္းေလွ်ာက္ရင္း ဖုန္းကိုကိုင္လိုက္ကာ
"ဘာျဖစ္လို႔လဲ?"
"အခုဘယ္မွာလဲ?"
"အျပင္မွာ။ ဟိုေန႕ကရဲက အမႈကိစၥအေၾကာင္း လာစုံစမ္းလို႔"