Unicode version:
[ရှီးနန်၀မ်ကို ပြန်ပို့လိုက်]
"အဲ့ဒီရွှေတောင်ကို သူတို့က စောင့်ရှောက်ပေးနေတယ်လို့ပဲ သဘောထားလိုက်ပေါ့၊ မင်းလိုချင်ရင် ချက်ချင်း ကိုယ်ပြန်သွားပြီး လုယူပေးပါ့မယ်"
သွမ့်ပိုင်ယွဲ့ပြောသည်ကို ချူယွမ်ချက်ချင်းငြင်း၏။
"ဘယ်လိုလုပ် လုယူတယ်ခေါ်ရမှာလဲ၊ နန်းတွင်းမှာ တင်မြှောက်ခန့်အပ်ထားတဲ့ ၀န်ကြီးမှူးမတ်တွေ ဥပဒေချိုးဖောက်ရင် ရာထူးရောရွှေငွေရတနာမှန်သမျှရော ဘုရင့်ဘဏ္ဍာတိုက်ထဲ ရောက်ရမှာထုံးစံပဲလေ"
"ဟုတ်ပါပြီ ၊ မင်းလိုချင်ရင် ကိုယ် ပြန်သွားသိမ်းလာပေးမယ်ဟုတ်ပြီလား "
သွမ့်ပိုင်ယွဲ့ခမျာ ချူယွမ်အလိုကျ အလိုက်သင့်ဖြေပေးနေရသည်။ စကားလုံးအနည်းငယ်ပြောင်းလိုက်ရုံနှင့် အင်မတန်မှ တရားမျှတသည့်ပုံပေါက်သွားသည်တော့ အမှန်။
ရှစ်ဇီလည်း ပွဲတော်တည်ရန်စားသောက်ဖွယ်ရာများ သယ်ဆောင်လာစေရာ အတူပါလာသော ၀က်နံရိုးဟင်းပွဲက အင်မတန်မှ လူကို ဆွဲဆောင်နိုင်နေပေ၏။ သွမ့်ပိုင်ယွဲ့အတော်ပင် ပျော်မြူးသွားလေသည်။
"အဟား...တကယ်ကြီး အသားမစားရတော့ဘူး မှတ်နေတာ..."
"စကားကိုများတယ်...."
ချူယွမ်က သွမ့်ပိုင်ယွဲ့အား တူလှမ်းပေးရင်း ဆက်မေး၏။
"ထျဲန်းချာ့ဂိုဏ်းနဲ့ပတ်သက်ပြီး မင်းဘယ်လိုသဘောရလဲ၊ ဒီလူတွေနဲ့ ရင်ဆိုင်ရမှာ ခက်ခဲနိုင်သလား"
"ရှီးနန်မှာအခြေစိုက်တဲ့ ဂိုဏ်းအသေးစားလေးပါ ၊ ဘာမှကြောက်စရာမလိုဘူး။ အရင်တုန်းက ရှီးနန်စံအိမ်တော်ကို လာတောင်မထိရဲဘူး၊ခုကျတော့ ကောလာဟလတွေယုံပြီး ယောင်အာကို အပိုင်သိမ်းဖို့ လာလာလုတာတော့ရှိတယ်"
"တကယ့် မှော်နက်ဂိုဏ်းပဲ"
ဆယ့်လေးဆယ့်ငါးလောက်ပဲရှိတဲ့ကလေးကို ခေါ်သွားချင်သေးတယ်။
"ဒီတစ်ခေါက်တော့ တိုက်ဆိုင်တယ်ပြောရမယ်၊ သူတို့တွေကြောင့်မဟုတ်ရင် ဆူကျူးချိုးရဲ့ လျှို့၀ှက်ဘဏ္ဍာတိုက်ကြီးရှိလို့ရှိမှန်း လွယ်လွယ်နဲ့ ရှာတွေ့မှာမဟုတ်ဘူး"
"အင်း၊ ဒီမှုခင်းတော့ တစ်၀က်လောက် ရှင်းလင်းသွားပြီလို့တောင် ပြောလို့ရတယ်။ အခု အရေးအကြီးဆုံးကိစ္စကတော့ လူအိုဆောင်က အဖိုးအိုတွေ ဘယ်ရောက်နေတာလဲဆိုတာရယ်၊ အဖိုးအို မုချီကို ဘယ်မှာ ဖမ်းထားတာလဲဆိုတာရယ်ပဲ သိဖို့ကျန်တော့တယ်"
"လန်ဂျီးကိုပဲ တိုက်ရိုက်သွားမေးလိုက်ရင်ကောင်းမလား"
ချူယွမ်အနည်းငယ် တုံ့ဆိုင်းမှင်သက်သွား၏။
"မင်း....အဟမ်း....။ မင်းနဲ့လန်ဂျီးက အဲ့လောက်ရင်းနှီးတယ်လား"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ
"ကိုယ်တော့ မရင်းနှီးပါဘူး၊ ဒါပေမယ့် လန်ဂျီးရင်းနှီးတဲ့ လူတစ်ယောက်ရှိတယ်၊ အဲ့တစ်ယောက်နဲ့တူအောင် ရုပ်ဖျက်လိုက်ရင် ရပြီ"
ထို့နောက် သွမ့်ပိုင်ယွဲ့က ၀က်နံရိုးတစ်ခုကို ချူယွမ်ပန်းကန်ထဲထည့်ပေးရင်း ဆက်ပြော၏။
"အရင်စားလိုက်၊ စားပြီးမှ ဆက်ပြောပြမယ်"
အမှန်အတိုင်းဆိုရလျှင် မြင်းတပ်စခန်းရှိ စားတော်ကဲမှာ သေရည်ဆိုင်က စားဖိုမှူးများနှင့် လက်ရည်ချင်းသိပ်မကွာ။ ဧကရာဇ်မင်းမြတ်အတွက် စားတော်ပွဲဆက်သရန် ချက်ပြုတ်ပြင်ဆင်ရမည့်လူဖြစ်ပေမင့် စားတော်ကဲခမျာ ပညာစွမ်းအားပြခွင့်မရ။
ချူယွမ်ကိုယ်တိုင်ကိုက အရသာပေါ့ပါးသောစားစရာများကို နှစ်ခြိုက်တော်မူကာ တစ်နေ့တစ်နေ့ ဟင်းသီးဟင်းရွက်စားလိုက်၊ တို့ဖူးစားလိုက်နှင့် ၊ ဆားအများကြီး ထည့်၍ပင်မဖြစ်။ ထို့ကြောင့်လည်း စားတော်ကဲမှာ အတော်ပင် စိတ်ဓာတ်ကျနေပြီဖြစ်ကာ နောင်တစ်ချိန်ကျလျှင် ဧကရာဇ်ကို မည်သည့်ဟင်းမျိုးချက်ကျွေးခဲ့ကြောင်း ကြွား၀ါလို့မရလောက်တော့။
ထို့ကြောင့်လည်း ယနေ့တွင် ဧကရာဇ်က အသားဟင်းချက်စေတော်မူသည်ဟု ရှားပါးအမိန့်ထူးကြီးကို ရလာတော့ စားတော်ကဲလည်း ချက်နည်းပြုတ်နည်းအသစ်များဆန်းသစ်တီထွင်ကာ မိမိကိုယ်ပိုင်မူအတိုင်း အကုန်ထုတ်သုံးပြီး ပြိုင်စံရှားအရသာရအောင် ချက်ပြုတ်တင်ဆက်ခွင့်ရလိုက်
လေသည်။
ထိုဟင်းများ၏ အရသာထူးကြောင့်လား။ သို့မဟုတ်.....အခြားသောအကြောင်းအရာများကြောင့်လား။ ချူယွမ် ယခုကဲ့သို့ ဤမျှထိ ခံတွင်းမြိန်သည်မှာ အလွန်ရှား၏။
သွမ့်ပိုင်ယွဲ့ကလည်း လွန်စွာမှပင် ဂရုတစိုက်ရှိကာ ဆီမီးရောင်အောက်တွက် ငါးရိုးများ နွှင်ပေးလေ၏။ထို့နောက် ဇွန်းဖြင့်သေချာမွှေကြည့်ပြီးမှ ချူယွမ်ရှေ့ချပေးလေသည်။
"ဒီတစ်ခေါက်တော့ ငါးရိုးလုံး၀မကျန်တော့ဘူး....စိတ်ချ"
ချူယွမ်လည်း တစ်ဇွန်းမျှ ခပ်သောက်ကြည့်လေ၏။ ဟင်းချိုမှာ ပူနေသေးသော်လည်း ဤသို့သောညချမ်းနှင့်တော့ အနေတော်ပင်။
အပြင်ဘက်တွင် မိုးစက်များ သည်းကြီးမည်းကြီး ရွာသွန်းနေ၏။ သို့သော် အခန်းထဲ၌ မည်သို့သောအေးစက်ခြင်းကိုမျှ မခံစားရ။
ရှစ်ဇီလည်း ဘေးခန်း၌ထိုင်ကာ လက်ဖက်ရည်သောက်နေ၏။ စိတ်ထဲမှလည်း ဤတစ်ခေါက် ပွဲတော်တည်ချိန်မှာ အတော်ကြာမြင့်ကြောင်း တွေးမိလေသည်။ စားတော်ကဲတော့ သွမ့်၀မ်ဆီမှ ဆုတော်လာဘ်တော် အများကြီးထပ်ရဦးမည်နဲ့
တူပါရဲ့။
******
စားပွဲပေါ်မှ ဟင်းပွဲများအကုန် ရှင်းလင်းပြီးသော် လက်ဖက်ရည်သောက်လိုက်ရင်း ချူယွမ်က မေးလာ၏။
"ဆက်ပြော....မင်း ဘယ်သူ့အဖြစ် ရုပ်ပြောင်းမှာ"
"ေ၀့ကျီယီ့"
"ေ၀့ကျီယီ့က ဘယ်သူလဲ"
"တစ်ကိုယ်တော် ဓားသမားတစ်ယောက်ပဲ၊ ထိပ်တန်းပညာရှင်လို့လည်း ပြောလို့မရသလို လူကောင်းတစ်ယောက်လို့လည်း လုံး၀အာမမခံနိုင်ဘူး၊ ဒါပေမယ့် ရုပ်ရည်ရူပကာဖြောင့်တယ်၊ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တယ်။ လန်ဂျီးက သူ့ကိုဆို အမြဲ သဘောကျလာတာ"
ချူယွမ် - "........"
မိစ္ဆာမကြီးရဲ့ အကြိုက်ကို သေချာမှန်းကြည့်လိုက်ရင် ဒီတစ်ယောက်အပြင် တခြားပစ်မှတ် မရှိဘူး။ ေ၀့ကျီယီ့ပဲရှိတယ်။
အခန်းထဲ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက်မှ သွမ့်ပိုင်ယွဲ့က စကားပြန်စသည်။
"စကားနည်းနည်းပါးပါးသွားပြောရုံပဲဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး။ လန်ဂျီးလည်း ေ၀့ကျီယီ့ကို အတင်းလိုက်ကပ်ခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ဖူးသေးဘူး"
ချူယွမ် - "........"
မအောင်မြင်သေးဘူးဆိုတော့ ခုထိ တမ်းတမ်းစွဲ သတိရနေလောက်မှာပေါ့။
ချူယွမ်ဘက်က ဘာမှပြန်မပြောလေတော့ သွမ့်ပိုင်ယွဲ့ကပဲ ဆက်ပြော၏။
"ကိုယ် နည်းလမ်းတစ်ခုစဥ်းစားမိတာလေး ပြောပြရုံတင်ပါ ။ မင်း သဘောမတူရင်လည်း မသွားတော့ဘူး၊ တခြားနည်း စဥ်းစားကြရအောင်"
"လူတစ်ယောက်ရဲ့ အပြင်ရုပ်သွင်ကို တူအောင်ပြောင်းရတာလွယ်ပေမယ့် အပြုအမူ အပြောအဆို အကျင့်စရိုက်တွေကတော့ တစ်ဖက်လူ မရိပ်မိအောင် ဘယ်လိုလုပ် ဟန်ဆောင်နိုင်မှာလဲ"
နောက်ဆုံးတော့ ချူယွမ် စကားပြောလာသည်။
"ဒီကိစ္စတော့ မစိုးရိမ်ပါနဲ့၊ ေ၀့ကျီယီ့က အရင်ကတည်းက လန်ဂျီးကို ပတ်ရှောင်နေပြီးသား။ အဲ့ဒီလူနဲ့ကိုယ်နဲ့က အဆက်အသွယ်တွေ နည်းနည်းလုပ်ဖူးတော့ ဆယ်ပုံပုံရင် ရှစ်ပုံလောက်တော့ အေးဆေးအတုခိုးနိုင်တယ်"
"သြော်"
"ဘာကို သြော်လဲ...သွားခိုင်းမလား မသွားခိုင်းဘူးလားသာ ပြော"
"သွားလေ"
"ကောင်းပြီ"
သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်၏။ ချူယွမ်လည်း လက်ဖက်ရည်သာ ဆက်သောက်နေမြဲ။
"အတူတူသွားမယ်ဆို ပိုမကောင်းဘူးလား"
ခဏနေတော့ သွမ့်ပိုင်ယွဲ့က နေရင်းထိုင်ရင်း ကောက်မေးလာ၏။
"ဘယ်လို"
"လန်ဂျီးသိုင်းပညာက အဆင့်မှမမြင့်တာ၊ ခေါင်မိုးပေါ်မှာ လိပ်သိုင်းကျင့်စဥ်နဲ့ ပုန်းနေမယ်ဆိုရင် သူ ရိပ်မိမှာတောင်မဟုတ်ဘူး "
(Note: လိပ်သိုင်းကျင့်စဥ်ဆိုတာက လိပ်တွေလိုမျိုး ငြိမ်ငြိမ်နေပြီး အသက်မရှူဘူးလို့ထင်ရလောက်အောင် မျှင်မျှင်လေး ၀င်သက်ထွက်သက်ကို ထိန်းချုပ်တဲ့နည်းကိုပြောတာပါတဲ့)
ချူယွမ် ငြိမ်ကျသွား၏။
ရိပ်မိတာမရိပ်မိတာတစ်ပိုင်းလေ၊ အထူးတလည် လိုက်သွားကြည့်ဖို့ထိ လိုရောလိုလို့လား။ အဲ့လိုမြင်ကွင်းမျိုးက တွေးကြည့်ရုံနဲ့တင် ကြက်သီးထတယ်။
သွမ့်ပိုင်ယွဲ့လည်း မိမိကမ်းလှမ်းချက်မှာ သေချာမတွေးဘဲပြောလိုက်မိကာ အနည်းငယ် ထူးဆန်းသည်ဟု
သတိပြုမိသဖြင့်၊
"မလိုက်လည်း ရပါတယ်"
"ဟင့်အင်း၊ လိုက်သွားမယ်"
သွမ့်ပိုင်ယွဲ့ - "......."
တကယ်ကြီးလိုက်သွားမလို့လား။
******
ချူယွမ်လည်း သောက်လက်စလက်ဖက်ရည်ကို အကုန်မော့သောက်လိုက်ပြီးသည်နှင့် သွမ့်ပိုင်ယွဲ့အား ဘေးခန်းသို့ နှင်ထုတ်လိုက်လေသည်။
သွမ့်ပိုင်ယွဲ့အခန်းထဲတွင် ယမန်နေ့များနှင့်မတူ သလွန်ခပ်ကြီးကြီးတစ်ခု အစားထိုးထည့်ထား၏။ အိပ်ယာထက်က လိုက်ကာများ၊ အိပ်ယာခင်းအထည်များမှာ နီလွင်သောအဆင်းရှိပေရာ အတော်ပင် ကျက်သရေမင်္ဂလာပြည့်စုံလှသည်ဟု ခံစားရစေသည်။ အရင်ကတည်းက ဤမြင်းတပ်စခန်း၌ရှိနှင့်ပြီးသား အသုံးအဆောင်များဖြစ်၍ ယခုလတ်တလော ယာယီသုံးရန် ထုတ်ထားခြင်းဖြစ်သည်၊ အသစ်၀ယ်သုံးရန်မသင့်ဟု ဧကရာဇ်က မိန့်ထားကြောင်း ရှစ်ဇီပြောပြလာ၏။
"ဒီအိပ်ရာခင်းတွေက အရည်အသွေးကောင်းတဲ့ပစ္စည်းတွေနဲ့ပဲလုပ်ထားတာမို့ အရမ်းအိစက်နူးညံံ့ပါတယ်.... ၀မ်ရယ်"
ရှစ်ဇီလည်း သွမ့်ပိုင်ယွဲ့အတွက် အိပ်ယာခင်း
ပြုပြင်ပေးနေရင်း ပြောပြလာသည်။ သွမ့်ပိုင်ယွဲ့လည်း ကိုင်ကြည့်လိုက်ရာ အမှန်ပင် နူးညံံ့ကြောင်း ထောက်ခံမိသည်။
"နေ့လယ်ခင်းတုန်းကတောင် ဧကရာဇ်အရှင်က ဒီမှာ အကြာကြီး နားနေသွားသေးတယ်"
သွမ့်ပိုင်ယွဲ့ ချက်ချင်းပင် ၀မ်းသာသွား၏။ သို့သော် ကြာရှည်တော့ မပျော်လိုက်ရ။
စောနစကားကို ပြန်တွေးမိခြင်းကြောင့်ဖြစ်သည်။ ညဥ့်နက်သည့်တိုင်အောင် တွေးနေမိသည်၊ အဘယ်ကြောင့်များ ထိုလူသားကို မှော်နက်မိစ္ဆာမကြီးဆီ အတူသွားဖို့ ခေါ်မိလိုက်သလဲ၊ ကူအဆိပ်များ ထကြွလာလို့ မိမိကများ စိတ်ဖောက်သွားတာလား။
ပိုဆိုးသည်မှာ ထိုလူသားကလည်း မိမိ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းပင်။
*********
ယခုကိစ္စမှာ လူအိုဆောင်က သက်ကြီးရွယ်အိုများ၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသဖြင့် တခြားနည်းလမ်းရှာရန် အချိန်သိပ်မရ။ ထို့ကြောင့် နောက်တစ်နေ့ နေ့ခင်းတွင် သွမ့်ပိုင်ယွဲ့မှာ မှန်ရှေ့ချကာ ေ၀့ကျီယီ့အသွင်နှင့် တူအောင် ရုပ်ဖျက်နေလေသည်။
ချူယွမ်လည်း သူ့နောက်၌ရပ်နေကာ စိတ်အစဥ်မှာ နောက်ကျိသုန်မှုန်နေလျက်။
ထိုစဥ် သွမ့်ပိုင်ယွဲ့က ပြောလာ၏။
"တကယ်လိုက်သွားမယ်ဆိုရင်တော့ ကိုယ်မင်းအနား ရှိပေးနိုင်မှာမဟုတ်တာမို့ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်မယ်နော်၊ နားလည်လား "
"အင်း"
သွမ့်ပိုင်ယွဲ့လည်း အလုပ်စလုပ်ရန် အခန်းမှ ထွက်သွားပြီး နှစ်လှမ်းမျှသာရှိသေး၊ ချူယွမ်ဘက်လှည့်ကာ ထပ်ပြီးမှာကြားလာ၏။
"မလာလို့လည်း ရတယ်နော်"
"အင်း"
ထို့နောက် သွမ့်ပိုင်ယွဲ့လည်း မြင်းတပ်စခန်းမှ တစ်ယောက်တည်း ထွက်သွားလေပြီ။ ချူယွမ်လည်း စားပွဲနားထိုင်လိုက်ကာ ခေါင်းတဆစ်ဆစ်ကိုက်လာသလိုပင် ခံစားနေရလေသည်။
*******
သွမ့်ပိုင်ယွဲ့မှာလည်း လက်စွဲတော်ဓားတစ်လက်ကို ခါး၌ချိတ်ကာ လမ်းပေါ်လျှောက်သွားလေတော့ အတော်ပင် ချောမောတင့်တယ်လှသောရုပ်ရည်ကြောင့် မိန်းမပျိုအတော်များများမှာ သမင်လည်ပြန် ငေးကြည့်ယူရလေသည်။ တာ့ယဲန့်မြို့မှာ သိုင်းလောကနှင့်ကင်းကွာသည်မို့ သူ မည်သူဖြစ်မှန်း မသိကြ ၊ အခြားနယ်များမှလာသည့်
ရုပ်အဆင်းချောမောသော ဧည့်သည်တစ်ဦးဟုသာ ထင်မှတ်ကြလေသည်။ သို့နှင့် ယဲန့်ဟွီတည်းခိုဆောင်သို့ သွမ့်ပိုင်ယွဲ့ဆိုက်ရောက်လာလေ၏။
ညနေစောင်းပြီဖြစ်၍ တည်းခိုဆောင်၏ ဧည့်ကြိုခန်းတွင် လူအများအပြားထိုင်နေကြပြီဖြစ်ကာ ၀န်ထမ်းများကလည်း ပဲလှော်နှင့်အခြားသရေစာများကို လာရောက်ချပေးရင်း ဧည့်ခံနေကြသည်။ ဘာသုံးဆောင်မည်လဲဟုမေးလာသော ၀န်ထမ်း၏အမေးကို သွမ့်ပိုင်ယွဲ့မဖြေရသေးခင်မှာပင် သာယာငြိမ့်ညောင်းသော အသံတစ်ခု သူ့အားခေါ်လာ၏။
"အသင်က.....ေ၀့သခင်လေးများလား"
သွမ့်ပိုင်ယွဲ့လည်း သူမဘက် လှည့်လာလိုက်သည်။
"တကယ် ေ၀့သခင်လေးဖြစ်နေတာပဲ"
လန်ဂျီး၏ အစေခံမိန်းမပျိုက ၀မ်းသာပျော်ရွှင်စွာ ဆိုလာ၏။ သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။
"မိန်းမပျို ချိုင်ထျဲန်ပါလား...."
"တကယ်တိုက်ဆိုင်လိုက်တာရှင်....သခင်လေးေ၀့နဲ့ ဒီမှာတွေ့ဆုံရမယ်လို့ လုံး၀ထင်မထားမိဘူး၊ ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်သခင်မလည်း ဒီအပေါ်ထပ်မှာပဲ ရှိနေပါတယ်။ သခင်မနဲ့ သေရည်အတူသောက်ပြီး စကားနှီးနှောပြောဆိုဖို့ အပေါ်ထပ်လိုက်ခဲ့ပါလားရှင်"
"ကောင်းပြီလေ"
သွမ့်ပိုင်ယွဲ့က လက်စွဲတော်ဓားကို ယူလိုက်ကာ လိုက်လာခဲ့လေသည်။ ထိုအစေခံမိန်းမပျိုလည်း အနည်းငယ်တော့ စိတ်ထင့်သွား၏၊ ေ၀့သခင်လေးက သူမတို့၏ဂိုဏ်းချုပ် လိုက်လံနှောင့်ယှက်နေမှုကို အင်မတန်မှ စက်ဆုပ်သည့်အပြင် လန်ဂျီးအပေါ် လုံး၀ ချစ်ခင်နှစ်သက်ခြင်းမရှိဘူးမဟုတ်လား။ သူမတို့၏ ထျဲန်းချာ့ဂိုဏ်းကို တွေ့ဆုံရတိုင်း ယခုကဲ့သို့ သေချာစကားပြောရသည်မှာ အတော်ရှားသည်လေ။
သူမ မလှုပ်မယှက် ရပ်ကာ မှင်သက်နေသည်ကိုမြင်တော့ သွမ့်ပိုင်ယွဲ့က အသိပေးလာ၏။
"ဘာတွေငေးနေတာလဲ။ ထျဲန်းချာ့ဂိုဏ်းချုပ်ကြီးကို အမြန်သွားအကြောင်းကြားချေ၊ ကျုပ် သူနဲ့ စကားပြောစရာရှိတယ်"
သို့နှင့် အစေခံကောင်မလေးလည်း သွမ့်ပိုင်ယွဲ့အား ဒုတိယထပ်သို့ ခေါ်ဆောင်ကာ သူမကိုယ်တိုင်က အခန်းထဲ၀င်ပြီးအကြောင်းကြားနေစဥ် သွမ့်ပိုင်ယွဲ့အား အပြင်ဘက်၌ စောင့်နေရစ်စေ၏။ ခဏကြာတော့ လန်ဂျီးကိုယ်တိုင် တံခါးလာဖွင့်ပေးကာ တကယ်ပင် ေ၀့ကျီယီ့ ဖြစ်နေမှန်းတွေ့တော့ သူမမျက်နှာထက် ပြုံးပန်းေ၀ဆာသွားလေသည်။
"ဂိုဏ်းချုပ်သခင်မလန်ကို ဂါရ၀ပြုပါတယ်"
လန်ဂျီးက သူ့အားအခန်းတွင်းသို့ ၀င်လာစေပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ကာဆို၏။
"ချိုင်ထျဲန်ပြောပြတုန်းက ကျွန်မ ယုံတောင်မယုံချင်ဘူး၊ တကယ်ပဲ ေ၀့သခင်လေးဖြစ်နေတာပဲ.....ဘယ်လိုလုပ်ပြီး ဒီမြို့ရောက်လာတာလဲဟင်"
"ဒီမြို့ကို လမ်းကြုံပြီးရောက်လာပေမယ့်၊
ယဲန့်ဟွီတည်းခိုဆောင်ကိုကျ ကျွန်တော်မျိုး တမင်လာခဲ့ခြင်းဖြစ်ပါတယ်"
လန်ဂျီးက သဘောကျစွာ တခစ်ခစ်ရယ်မောလိုက်ကာ မြွေတစ်ကောင်နှယ် သူ့အပေါ် ရစ်ပတ်ဖက်တွယ်လာ၏။
"တော်တော်ရှာမှရှားတဲ့ဖြစ်ရပ်ပေပဲ။ နောက်ဆုံးတော့ သခင်လေးေ၀့ စိတ်ပိုင်းဖြတ်လိုက်နိုင်ပြီပေါ့နော်။ ကျွန်မလည်း အရင်ကပြောဖူးပါတယ်....လူ့ဘ၀က တိုတိုလေး၊ ပင်ပန်းခက်ခဲတယ်၊ ခါးသီးတယ်၊ ဘာလို့များ ဣန္ဒြေတစ်ခွဲသားကြီးနဲ့ ဖြောင့်မတ်တည်ကြည်ချင်ယောင်ဆောင်နေရမှာတုန်းလို့..."
သွမ့်ပိုင်ယွဲ့လည်း အလိုက်သင့်ပင် ရှောင်လိုက်ကာ ပြတင်းပေါက်ဘက်တစ်ချက်အကဲခတ်လိုက်ကာ မည်သူမျှ ကြည့်မနေစေရန်သာ ဆုတောင်းရလေ၏။ သွမ့်ပိုင်ယွဲ့၏ ငြင်းဆန်နေသော တုံ့ပြန်မှုများကို လန်ဂျီးက သဘောမတွေ့။
"ဒီထိတောင်ရောက်လာပြီပဲ၊ ဘာလို့ ထပ်ပြီးရှောင်နေရတာလဲ"
"ကျွန်တော်မျိုးဘက်က အပေးအယူတစ်ခုရှိပါတယ်"
"ဘယ်လိုအပေးအယူလဲ"
"မြို့ပြင်က လျှို့၀ှက်ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ရွှေတောင်ကြီး.....ကျွန်တော်မျိုးလည်း အကျိုးအမြတ်တစ်ချို့ လိုချင်ပါတယ်"
အနားကပ်လာသော လန်ဂျီးမှာ ခေတ္တမျှ တုံ့ဆိုင်းသွား၏။ ဤသို့ တည့်တည့်ကြီး တောင်းဆိုလာမည်ဟု သူမ မထင်မိ။ သူမ၏မျက်နှာအသွေးအရောင်မှာ နီတစ်လှည့်ဖြူတစ်လှည့် အရောင်ပြောင်းနေချေပြီ။ သူမ ထိုသို့ဖြး်သွားသော် သွမ့်ပိုင်ယွဲ့က ရယ်လိုက်ကာ
"ထျဲန်းချာ့သခင်မကြီး စိတ်မပူပါနဲ့ ၊ ကျွန်တော်က အခြေအနေအချိန်အခါ အလိုက်မသိတဲ့လူ မဟုတ်ရပါဘူး။ ဟိုနေ့က တောင်ပေါ်သွားနေရင်း တိုက်တိုင်စွာနဲ့ တွေ့မြင်လိုက်တာပဲဖြစ်ပါတယ် ။ လောကမှာ ရေအဆုံးကုန်းတစ်၀က်ဆိုတဲ့ ဆိုရိုးရှိပြီးသားပဲ ၊ အခုနောက်ပိုင်း ကျွန်တော်မျိုးလည်း ငွေရေးကြေးရေး ကျပ်တည်းတာမို့ အခုလို ရှေ့မျက်နှာနောက်ထားပြီး သခင်မကြီးဆီ လာရောက်တောင်းဆိုရခြင်းဖြစ်ပါတယ်၊ ဒါပေမယ့် သခင်မ စိတ်ချပါ၊ မတန်တဆ တောင်းမယ့်လူစားတော့ မဟုတ်ပါဘူး"
"ရှင်က ဘယ်လောက်လိုချင်လို့လဲ"
သွမ့်ပိုင်ယွဲ့လည်း ခန့်မှန်းပြီး ရမ်းသမ်းတောင်းလိုက်လေသည်။
"ဒါကိုမများဘူးလို့ ရှင်ပြောထွက်တယ်ပေါ့"
"ရွှေတောင်အပုံလိုက်ကြီးနဲ့စာရင် များတယ်လို့ ဘယ်လိုခေါ်နိုင်မှာလဲ၊ အဖျားနားလောက်ပဲ ရှိမှာပါလေ။ သခင်မတို့ဘက်ကနေ နှုတ်ပိတ်ခလို့ သဘောထားပြီး စွန့်ကြဲလိုက်ရင် ရတာပဲ"
"ကောင်းပြီလေ"
လန်ဂျီးက သေရည်နှစ်ခွက် ငှဲ့လိုက်ကာ ဆက်ပြောလာ၏။
"ရွှေငွေတွေကို ကျွန်မပုံအောပေးနိုင်ပါတယ်၊ ဒါပေမယ့် သခင်လေးေ၀့ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာတော့ စောင့်ကြည့်ရဥိီးမှာပေါ့၊ ကျွန်မကို သာယာအောင် ပြုစုပေးနိုင်ရင် နောက်ထပ်နှစ်ဆ ထပ်ပေးလို့တောင်ရပါတယ်"
သွမ့်ပိုင်ယွဲ့က ပြတင်းပေါက်များဘက်
တစ်ချက်လှည့်ကြည့်ပြန်၏။
လူမရှိပါစေနဲ့၊ လူမရှိပါစေနဲ့၊ လူမရှိပါစေနဲ့။
လန်ဂျီး၏ လက်ချောင်းများက သွမ့်ပိုင်ယွဲ့ရင်အုပ်များထက် ပွတ်သီးပွတ်သပ်လုပ်လာပြီး ခါးစည်းကြိုးပါ ဖြုတ်မည်ပြုလာ၏။
သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် သူမလက်ကိုပုတ်ထုတ်လိုက်ကာ -
"ရွှေငွေတွေတောင် မမြင်ရသေးဘူး။ ဂိုဏ်းချုပ်သခင်မ စိတ်အရမ်းလောနေပါပြီထင်ပါရဲ့...."
"ရှင်ကတော့ အမြဲတမ်း တည့်တည့်ပဲ ပြောတတ်တာနော်။ တကယ်စိတ်၀င်စားစရာဖို့ကောင်းတယ်"
"လူတိုင်းက သခင်မလို ကံကောင်းထောက်မပြီး လာဘ်လာဘမိုး ရွာပေးခံရတာမျိုးမှ
မကြုံကြရတာ၊ ကျွန်တော်မျိုးတို့လို သာမန်လူတွေကတော့ အမြဲသတိ၀ီရိယထားရမှာပဲ"
လန်ဂျီးက ခေါင်းခါလိုက်ကာ-
"ဒီဟာတွေကို ကျွန်မအလကားရလာတယ်လို့ သခင်လေးေ၀့က ထင်ရက်တယ်ပေါ့။ တကယ်တော့ ဒီနေ့ဒီရက်မျိုးအတွက် ကျွန်မလည်း အားအများကြီး စိုက်ထုတ်ခဲ့ရပါတယ် "
"ဒါကိုတော့ ကျွန်တော်မျိုး ယုံပါတယ်"
သွမ့်ပိုင်ယွဲ့က သေရည်ခွက်ကို မော့သောက်လိုက်ကာ ဆက်ပြောသည်။
"အရင်ရက်က လူအိုဆောင်မီးလောင်တဲ့အမှုကလည်း ထျဲန်းချာ့သခင်မရဲ့ လုပ်ဆောင်မှုပဲမဟုတ်လား"
"အို.....ပါးနပ်လိုက်တာ"
လန်ဂျီးက အပေါ်၀တ်ရုံကို ချွတ်လိုက်သော် ပုလဲသို့နှယ် ဖြူ၀င်းသော၊ ကျောက်စိမ်းသို့နှယ် ချောမွတ်သော အသားအရည်ကို ပေါ်လွင်လှစ်ဟလာစေ၏။ သွမ့်ပိုင်ယွဲ့က မတုန်မလှုပ် အေးစက်စွာပင် ဘာမှမပြောဘဲ သေရည်သာဆက်သောက်နေလေသည်။
"နောက်သုံးရက်နေရင် ကျွန်မတို့ ထျဲန်းချာ့ဂိုဏ်းရှိတဲ့ ရှီးနန်ကို ပြန်တော့မယ်၊ ေ၀့သခင်လေးအတွက် ေ၀စုတွေကို ဘယ်ဆီ
ပို့ပေးရပါ့"
လန်ဂျီးက ပျင်းရိလေးတွဲ့စွာမေးလာသည်။
"ကျင်းရှီက အိမ်အဟောင်းဆီ"
သွမ့်ပိုင်ယွဲ့ဖြေပြီးသည်နှင့် လန်ဂျီးက သူ့နှုတ်ခမ်းသားများထက် လက်ညှိုးဖြင့် လာလာတို့ရင်း -
"ရတယ်လေ၊ ဒီဂိုဏ်းချုပ်သခင်မကြီးဟာ အရင်ကတည်းက စကားတည်ပြီးသားပါ။ တချို့ယောကျ်ားတွေလို ယုံစားလို့မရတဲ့ ၊ မရှင်တို့လို အပြောပဲရှိတဲ့လူစားမျိုး မဟုတ်ဘူး"
သွမ့်ပိုင်ယွဲ့က သူမကို အလိုက်သင့်ဖက်လိုက်ကာ တစ်လက်စတည်းပင် အခြားတစ်ဖက်သို့ အားဖြင့် အေ၀းသို့ တွန်းထုတ်ပစ်လိုက်လေ၏။
"ဂိုဏ်းချုပ်ကို ပြောပြီးသားပဲ၊ ငွေရပြီးတဲ့အထိ စောင့်ဆိုင်းပါဦးဆိုတာ...."
လန်ဂျီးလည်း သွမ့်ပိုင်ယွဲ့မေးစေ့အား လိုက်ထိနေရင်း မတတ်သာတော့သည့်အဆုံး မိမိ၏အလိုဆန္ဒတို့ကို မျိုသိပ်လိုက်ရလေသည်။ သွမ့်ပိုင်ယွဲ့ရင်ထဲတွင်လည်း အခြားအကြောင်းကို စိုးရိမ်မှုနေမှုဖြင့် ဗလောင်ဆူကာ မူးမေ့လဲချင်လောက်အောင် စိုးရိမ်ထိတ်လန့်နေရလေသည်။
သေရည်အိုးတစ်၀က်ခန့်ကုန်ပြီးခါမှ သွမ့်ပိုင်ယွဲ့က သူမဖက်တွယ်ရစ်ပတ်ထားသမျှ ခက်ခက်ခဲခဲ ခွာချကာ ရုန်းထွက်လာနိုင်သည်။ သို့သော် တစ်ကိုယ်လုံးအနှံ့ ထုံသင်းသော အမွှေးနံ့သာနံ့များ ကပ်ငြိစွဲပါလာလျက်။တည်းခိုဆောင်သို့ပြန်ကာ ရေချိုးဦးမည်ဟု တွေးစဥ် သွမ့်နေ့က သူ့ထံအပြေးရောက်လာပြီး အစီရင်ခံ၏။
"စောနက ဧကရာဇ် ကြွရောက်လာပါသေးတယ်.... ၀မ်ရယ်"
သွမ့်ပိုင်ယွဲ့ - "......"
သွမ့်ပိုင်ယွဲ့ - "......"
သွမ့်ပိုင်ယွဲ့ - "......"
"အခုတော့....ပြန်သွားပြီးပါပြီခင်ဗျာ"
ပြန်သွားလိုက်သည်မှာ ဖြစ်သင့်ပါပေသည်။
ထိုလူသား၏ စရိုက်အရဆိုလျှင် သည်းခံပြီးဆက်၍စောင့်နေနိုင်သည်ဆိုခါမှ ထူးဆန်းနေပေမည်။ သွမ့်ပိုင်ယွဲ့က ဆက်မေးလာ၏။
"ပြီးတော့ရော...."
"ပြီးတော့ ၀မ်ရယ်ကို ကိစ္စပြီးတာနဲ့ ချက်ချင်းအခစား၀င်ဖို့ မိန့်ကြားသွားပါသေးတယ်ခင်ဗျာ"
သွမ့်နေ့က ကိုယ်ချင်းစာနေသော အကြည့်တို့ဖြင့် ကြည့်လျက် စကားအချို့ ဆက်ပြောပြလာသည်။
"အရမ်းလည်း အမျက်တော်ရှနေပုံပေါ်ကြောင်းပါ ၀မ်ရယ်"
ဒီညတော့ ကြမ်းပြင်ထက်တွင်ပင် လဲလျောင်းခွင့်ရမည်မဟုတ်မှန်း သွမ့်ပိုင်ယွဲ့အလိုလို နားလည်လိုက်လေပြီ။
******
မြင်းတပ်စခန်းသို့ရောက်သော် ရှစ်ဇီက သွမ့်ပိုင်ယွဲ့အား ဆီးကြိုသတိပေးလာသည်။
"၀မ်ရယ် အမြန်၀င်သွားလိုက်ပါတော့၊ ဧကရာဇ်အရှင် စောင့်ဆိုင်းနေရတာ ကြာနေပြီ....."
ဒီထက်ကြာရင် အခန်းတစ်ခုလုံး ဗြောင်းဆန်တော့မှာ။
သွမ့်ပိုင်ယွဲ့လည်း အသက်၀၀ရှူလိုက်ပြီးနောက် တံခါးဖွင့်ရန် လက်လှမ်းလိုက်လေ၏။ အထဲရောက်သည်နှင့် ချူယွမ်က
ကန့်လန့်ကာနောက်သို့ လက်ညှိုးထိုးပြပြီး ခံစားချက်ကင်းမဲ့နေသော မျက်နှာထားနှင့်ပင် -
"ရေချက်ချင်းသွားချိုး..."
နံစော်နေတာပဲ!!!!!
"ရတယ်လေ"
သွမ့်ပိုင်ယွဲ့လည်း အလိုက်တသိပင် နာခံလိုက်သည်။ ထို့နောက် ကန့်လန့်ကာနောက်မှ ရေသံများကြားလာရပြီး ချူယွမ်လည်း အစီရင်ခံများ ဆက်ဖတ်နေလိုက်လေသည်။
နန်းတော်မှ ထွက်လာတာ ဘယ်လောက်ပဲကြာသေးလို့လဲ၊ ပုရောဟိတ်အမတ်ကြီးရဲ့ လက်ရေးက ဘာလို့ ဒီလောက်ထိကြည့်မရလောက်အောင် စုတ်ပြတ်သွားရတာလဲ။ နန်းတော်ပြန်သွားရင်တော့ တာ့ချူဥပဒေကို တစ်နေ့ရှစ်ခေါက် ပြန်ကူးရေးခိုင်းဦးမယ်။
သွမ့်ပိုင်ယွဲ့လည်း မိမိခန္ဓာကိုယ်ထက် မည်သည့်အမွှေးနံ့သာနံ့မှ မကျန်တော့တဲ့အထိ သေချာ သန့်စင်ဆေးကြောပြီးတော့မှ ထွက်လာလေသည်။ရှစ်ဇီလည်း သူ့အတွက် အ၀တ်အစားအသစ်တစ်စုံ ပြင်ဆင်ပေးထား၏။ မျက်စိကျိန်းလောက်အောင် အရောင်အဆင်းတောက်ပလွန်းသည်ဟု ဆိုရပေမင့် ဧကရာဇ်အရှင်က ဤအချိန်မှ အမြန်ထွက်၀ယ်ရန်စေခိုင်းလာတော့ ညချမ်းရောက်နေပြီမို့ အကောင်းဆုံးအထည်ဟူ၍ ဤတစ်စုံသာကျန်တော့ သည်။ ရှီးနန်၀မ် ရုပ်ဆင်းအင်္ဂါတင့်တယ်၍သာတော်သေး၊ ဘာ၀တ်၀တ် လိုက်ဖက်တင့်တယ်သွားကုန်သည်။
သွမ့်ပိုင်ယွဲ့က ချူယွမ်ရှိရာစားပွဲနား လာထိုင်လိုက်၏။ ချူယွမ်က အစီရင်ခံစာများကိုသာ ဆက်ဖတ်နေမြဲ၊ တစ်ချက်မျှပင် သွမ့်ပိုင်ယွဲ့ကို မကြည့်ဘဲ မေးလာ၏။
"သွားစုံစမ်းလိုက်တော့ ဘာတွေရလာလဲ"
"ထျဲန်းချာ့ဂိုဏ်းက နောက်သုံးရက်နေရင် တာ့ယဲန့်မြို့ကနေ ထွက်သွားတော့မယ်တဲ့၊ အဲ့စကားလအတိုင်းသာဆို အဖိုးအိုတွေက ဒီမြို့ထဲမှာ မရှိလောက်ဘူးထင်တယ်"
ချူယွမ် မျက်နှာ အနည်းငယ်ပျက်ယွင်းသွားသည်။
"အဖိုးမုချီလည်း အဲ့အဖွဲ့ထဲ မရှိလောက်ဘူး၊ သူတို့ထွက်သွားတဲ့နေ့ကျ ကိုယ် သူတို့နောက် ခြေရာခံလိုက်သွားဖို့ စိတ်ကူးထားတယ်"
"အန္တရာယ်များမှာလား"
"ဒီတိုင်း နောက်ယောင်ခံလိုက်သွားတာလောက်က ဘာမှပြဿနာမရှိဘူး၊ ဒါပေမယ့် လူတွေကို အတင်းပြန်လုယူရမယ်ဆိုရင်တော့ တပ်ကူလာခေါ်ခိုင်းလိုက်မယ်"
ချူယွမ်က အတန်ငယ်တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လက်ခံလာ၏။
"အခု... စိတ်မဆိုးတော့ဘူးဟုတ်"
"ကိုယ်တော် ဘယ်တုန်းက စိတ်ဆိုးနေလို့လဲ"
ချူယွမ်က အခြားအစီရင်ခံစာတစ်လိပ်ကို ကောက်ယူလိုက်ကာ ဆက်ဖတ်မည်ပြု၏။ သွမ့်ပိုင်ယွဲ့ကတော့ ချူယွမ်အား မေးထောက်ပြီးတော့ကို ငေးကြည့်နေလျက်။
ထိုစဥ် ချူယွမ်မျက်၀န်းထောင့်မှတစ်ဆင့် သွမ့်ပိုင်ယွဲ့ခန္ဓာထက်က အနီရောင်အကွက်လေးတစ်ခုကို ဖျတ်ခနဲတွေ့ လိုက်ရသဖြင့် သံသယရှိစွာဖြင့် မော့ကြည့်လာ၏။
"ဘာဖြစ်လို့လဲ"
ချူယွမ်ဘက်မှစတင်ပြီး သွမ့်ပိုင်ယွဲ့ရှိရာအနားသို့ ချဥ်းကပ်လာ၏။ သွမ့်ပိုင်ယွဲ့ခမျာ ချက်ချင်းဆိုသလို အမှားအမှန် ေ၀ဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့၊ ရင်ဘတ်ထဲ မိုးကြိုးလျှပ်စီး ထောင်သောင်းများစွာ
မြည်ဟီးပွဲကြမ်းနေချေပြီ။
ချူယွမ်က သူ့၀တ်ရုံအား ဆတ်ခနဲ ဖွင့်ဟကြည့်လိုက်သည်။
သွမ့်ပိုင်ယွဲ့ - "......."
သွမ့်ပိုင်ယွဲ့ သတိလစ်တော့မတတ် ခံစားနေရ၏၊ သူ တကယ်ပင် သတိလစ်မေ့မြောတော့ပေမည်။
သို့သော် သတိမလစ်လိုက်ရသေးမီ ချူယွမ်က စားပွဲအား ဒေါသတကြီး ထုလိုက်လေသည်။
"ရှစ်ဇီ!!!!!!!"
"လာပါပြီဘုရား...လာပါပြီ...။"
ရှစ်ဇီလည်း အပြင်တွင် ပဲလှော်စားနေရင်း ဤသို့ရုတ်ချည်း အခေါ်ခံရမည်ကိုထင်မထားမိ၊ သို့နှင့် ချက်ချင်းပင် အခန်းထဲ ပြေး၀င်သွားလိုက်လေသည်။
ရှစ်ဇီ၀င်လာတော့ ချူယွမ်က ပြန်လည် ငြိမ်သက်သွားသော ဟန်ပန်ပြန်ဖြစ်သွား၏။
"ဧည့်သည်ကိုပြန်ပို့လိုက်...."
သွမ့်ပိုင်ယွဲ့ - "......."
ရှစ်ဇီလည်း ဘာတွေဖြစ်ကုန်လဲ၀မ်ရယ်ဆိုပြီး အကြည့်မျိုး သွမ့်ပိုင်ယွဲ့ထံ ကြည့်လာ၏။ သွမ့်ပိုင်ယွဲ့က ရှစ်ဇီထက်ပင် ပို၍ ပေကလပ်ပေကလပ်ဖြစ်ကာ တွေေ၀နေသေး၊ ပန်၀မ်းလည်း မသိဘူးဆိုသည့်ပုံစံက မေးစရာပင်မလိုတော့။
ကောင်းကင်၏ချစ်သားရတနာ အမျက်တော်ရှမှတော့ မည်သူကမှ အမိန့်တော်ကိုမဖီဆန်ဝံ့ကြ။ သွမ့်ပိုင်ယွဲ့လည်း ဘေးခန်းသို့ သွားရောက်နားနေလိုက်ကာ ဘာများဖြစ်ခဲ့မှန်းသေချာသိရအောင် မိမိအင်္ကျီအား လှစ်ဟကြည့်လိုက်တော့......
အနီကွက်တစ်ကွက်၊ ဒီတိုင်းကြည့်လျှင်တော့ ရီေ၀မူးယစ်စေသော အတွေ့အကြုံတစ်ခု ပူပူနွေးနွေး လောလောလတ်လတ် ဖြတ်သန်းလာခဲ့သူနှယ်။
ခဏကြာတော့ လေသာပြတင်းပေါက်မှတစ်ဆင့် သွမ့်ပိုင်ယွဲ့က ပင့်ကူတစ်ကောင်ကို ကိုင်ကာ ရောက်လာ၏။
"ဒီကောင်က လျှောက်လျှောက်သွားနေလို့ပါလို့ ။ ကိုယ်တကယ်ပြောနေတာ။ ဒီကောင်ကြီးက ပခြုပ်ထဲအောင်းရတာကြာပြီး ပျင်းလို့ထင်တယ်၊ ဘယ်ချိန်ကတည်းက ကိုယ့်အပေါ် လျှောက်သွားနေမှန်း ကိုယ်လည်းမသိဘူး၊ ဒီကောင်က အဆိပ်လည်းရှိတော့ ....."
နည်းနည်းလောက်ဖြစ်ဖြစ် လှည့်ကြည့်ပါဦး၊ တခြားအကြောင်းရင်းကြောင့်မဟုတ်ဘူး၊
ဒီကောင်ကိုက်သွားလို့ပါဆိုနေ။
သြော်၊ အဘယ်ကြောင့် လေသာပြတင်းမှသာ လက်လှမ်းရသနည်းဆိုသည်မှာတော့ တံခါးမကြီးဘက်က မင်းတုန်းချကာ အ၀င်မခံသောကြောင့် ၀င်လာလို့မရခြင်းဖြစ်လေသည်။
ချူယွမ်လည်း ထိုအမွှေးဖွားဖွား ဧရာမပင့်ကူကြီးကို မြင်တော့ ရူးမတတ် လန့်ဖျတ်သွားရလေ၏။
"ရှစ်ဇီ!!!!!!"
"ရှိပါတယ်ဘုရား"
ရှစ်ဇီလည်း အဆင်သင့်ပင် စောင့်ဆိုင်းနေပြီးသား၊ ပဲလှော်လည်း စားမနေတော့။ အပြေးရောက်လာကာ သွမ့်၀မ်အား ဘေးခန်းသို့ ပြန်သွားရန်လာပြော၏။ ရှစ်ဇီလည်း ကြားထဲမှ သက်ပြင်းမောချနေရပါပြီ။
စိတ်ကောက်ရင်လည်း ကောင်းကောင်းချော့ကြပေါ့၊ ဘယ်သူကများ ပင့်ကူကြီးတကားကားနဲ့ လာခြောက်တာ မြင်ဖူးလို့တုန်း။ သွမ့်၀မ်ကတော့ တကယ်ပါပဲ... နားကိုမလည်နိုင်တော့ဘူး။
*********
Thz for reading.
2020.05.11.
Special thanks to lovely comments.
*********
အခန္း - ၂၄ (ေဝ့က်ီယီ့)
Zawgyi version:
[ရွီးနန္၀မ္ကို ျပန္ပို႔လိုက္]
"အဲ့ဒီေရႊေတာင္ကို သူတို႔က ေစာင့္ေရွာက္ေပးေနတယ္လို႔ပဲ သေဘာထားလိုက္ေပါ့၊ မင္းလိုခ်င္ရင္ ခ်က္ခ်င္း ကိုယ္ျပန္သြားၿပီး လုယူေပးပါ့မယ္"
သြမ့္ပိုင္ယြဲ႔ေျပာသည္ကို ခ်ူယြမ္ခ်က္ခ်င္းျငင္း၏။
"ဘယ္လိုလုပ္ လုယူတယ္ေခၚရမွာလဲ၊ နန္းတြင္းမွာ တင္ေျမႇာက္ခန္႔အပ္ထားတဲ့ ၀န္ႀကီးမွဴးမတ္ေတြ ဥပေဒခ်ိဳးေဖာက္ရင္ ရာထူးေရာေရႊေငြရတနာမွန္သမ်ွေရာ ဘုရင့္ဘ႑ာတိုက္ထဲ ေရာက္ရမွာထံုးစံပဲေလ"
"ဟုတ္ပါၿပီ ၊ မင္းလိုခ်င္ရင္ ကိုယ္ ျပန္သြားသိမ္းလာေပးမယ္ဟုတ္ၿပီလား "
သြမ့္ပိုင္ယြဲ႔ခမ်ာ ခ်ူယြမ္အလိုက် အလိုက္သင့္ေျဖေပးေနရသည္။ စကားလံုးအနည္းငယ္ေျပာင္းလိုက္ရံုႏွင့္ အင္မတန္မွ တရားမ်ွတသည့္ပံုေပါက္သြားသည္ေတာ့ အမွန္။
ရွစ္ဇီလည္း ပြဲေတာ္တည္ရန္စားေသာက္ဖြယ္ရာမ်ား သယ္ေဆာင္လာေစရာ အတူပါလာေသာ ၀က္နံရိုးဟင္းပြဲက အင္မတန္မွ လူကို ဆြဲေဆာင္ႏိုင္ေနေပ၏။ သြမ့္ပိုင္ယြဲ႔အေတာ္ပင္ ေပ်ာ္ျမဴးသြားေလသည္။
"အဟား...တကယ္ႀကီး အသားမစားရေတာ့ဘူး မွတ္ေနတာ..."
"စကားကိုမ်ားတယ္...."
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား တူလွမ္းေပးရင္း ဆက္ေမး၏။
"ထ်ဲန္းခ်ာ့ဂိုဏ္းနဲ႔ပတ္သက္ၿပီး မင္းဘယ္လိုသေဘာရလဲ၊ ဒီလူေတြနဲ႔ ရင္ဆိုင္ရမွာ ခက္ခဲႏိုင္သလား"
"ရွီးနန္မွာအေျခစိုက္တဲ့ ဂိုဏ္းအေသးစားေလးပါ ၊ ဘာမွေၾကာက္စရာမလိုဘူး။ အရင္တုန္းက ရွီးနန္စံအိမ္ေတာ္ကို လာေတာင္မထိရဲဘူး၊ခုက်ေတာ့ ေကာလာဟလေတြယံုၿပီး ေယာင္အာကို အပိုင္သိမ္းဖို႔ လာလာလုတာေတာ့ရိွတယ္"
"တကယ့္ ေမွာ္နက္ဂိုဏ္းပဲ"
ဆယ့္ေလးဆယ့္ငါးေလာက္ပဲရိွတဲ့ကေလးကို ေခၚသြားခ်င္ေသးတယ္။
"ဒီတစ္ေခါက္ေတာ့ တိုက္ဆိုင္တယ္ေျပာရမယ္၊ သူတို႔ေတြေၾကာင့္မဟုတ္ရင္ ဆူက်ူးခ်ိဳးရဲ့ လ်ိႈ႔၀ွက္ဘ႑ာတိုက္ႀကီးရိွလို႔ရိွမွန္း လြယ္လြယ္နဲ႔ ရွာေတြ့မွာမဟုတ္ဘူး"
"အင္း၊ ဒီမႈခင္းေတာ့ တစ္၀က္ေလာက္ ရွင္းလင္းသြားၿပီလို႔ေတာင္ ေျပာလို႔ရတယ္။ အခု အေရးအႀကီးဆံုးကိစၥကေတာ့ လူအိုေဆာင္က အဖိုးအိုေတြ ဘယ္ေရာက္ေနတာလဲဆိုတာရယ္၊ အဖိုးအို မုခ်ီကို ဘယ္မွာ ဖမ္းထားတာလဲဆိုတာရယ္ပဲ သိဖို႔က်န္ေတာ့တယ္"
"လန္ဂ်ီးကိုပဲ တိုက္ရိုက္သြားေမးလိုက္ရင္ေကာင္းမလား"
ခ်ူယြမ္အနည္းငယ္ တံု႔ဆိုင္းမွင္သက္သြား၏။
"မင္း....အဟမ္း....။ မင္းနဲ႔လန္ဂ်ီးက အဲ့ေလာက္ရင္းႏွီးတယ္လား"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ
"ကိုယ္ေတာ့ မရင္းႏွီးပါဘူး၊ ဒါေပမယ့္ လန္ဂ်ီးရင္းႏွီးတဲ့ လူတစ္ေယာက္ရိွတယ္၊ အဲ့တစ္ေယာက္နဲ႔တူေအာင္ ရုပ္ဖ်က္လိုက္ရင္ ရၿပီ"
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က ၀က္နံရိုးတစ္ခုကို ခ်ူယြမ္ပန္းကန္ထဲထည့္ေပးရင္း ဆက္ေျပာ၏။
"အရင္စားလိုက္၊ စားၿပီးမွ ဆက္ေျပာျပမယ္"
အမွန္အတိုင္းဆိုရလ်ွင္ ျမင္းတပ္စခန္းရိွ စားေတာ္ကဲမွာ ေသရည္ဆိုင္က စားဖိုမွဴးမ်ားႏွင့္ လက္ရည္ခ်င္းသိပ္မကြာ။ ဧကရာဇ္မင္းျမတ္အတြက္ စားေတာ္ပြဲဆက္သရန္ ခ်က္ျပဳတ္ျပင္ဆင္ရမည့္လူျဖစ္ေပမင့္ စားေတာ္ကဲခမ်ာ ပညာစြမ္းအားျပခြင့္မရ။
ခ်ူယြမ္ကိုယ္တိုင္ကိုက အရသာေပါ့ပါးေသာစားစရာမ်ားကို ႏွစ္ၿခိဳက္ေတာ္မူကာ တစ္ေန့တစ္ေန့ ဟင္းသီးဟင္းရြက္စားလိုက္၊ တို႔ဖူးစားလိုက္ႏွင့္ ၊ ဆားအမ်ားႀကီး ထည့္၍ပင္မျဖစ္။ ထို႔ေၾကာင့္လည္း စားေတာ္ကဲမွာ အေတာ္ပင္ စိတ္ဓာတ္က်ေနၿပီျဖစ္ကာ ေနာင္တစ္ခ်ိန္က်လ်ွင္ ဧကရာဇ္ကို မည္သည့္ဟင္းမ်ိဳးခ်က္ေကြၽးခဲ့ေၾကာင္း ႂကြားဝါလို႔မရေလာက္ေတာ့။
ထို႔ေၾကာင့္လည္း ယေန့တြင္ ဧကရာဇ္က အသားဟင္းခ်က္ေစေတာ္မူသည္ဟု ရွားပါးအမိန္႔ထူးႀကီးကို ရလာေတာ့ စားေတာ္ကဲလည္း ခ်က္နည္းျပဳတ္နည္းအသစ္မ်ားဆန္းသစ္တီထြင္ကာ မိမိကိုယ္ပိုင္မူအတိုင္း အကုန္ထုတ္သံုးၿပီး ၿပိဳင္စံရွားအရသာရေအာင္ ခ်က္ျပဳတ္တင္ဆက္ခြင့္ရလိုက္
ေလသည္။
ထိုဟင္းမ်ား၏ အရသာထူးေၾကာင့္လား။ သို႔မဟုတ္.....အျခားေသာအေၾကာင္းအရာမ်ားေၾကာင့္လား။ ခ်ူယြမ္ ယခုကဲ့သို႔ ဤမ်ွထိ ခံတြင္းၿမိန္သည္မွာ အလြန္ရွား၏။
သြမ့္ပိုင္ယြဲ႔ကလည္း လြန္စြာမွပင္ ဂရုတစိုက္ရိွကာ ဆီမီးေရာင္ေအာက္တြက္ ငါးရိုးမ်ား ႏႊင္ေပးေလ၏။ထို႔ေနာက္ ဇြန္းျဖင့္ေသခ်ာေမႊၾကည့္ၿပီးမွ ခ်ူယြမ္ေရ႔ွခ်ေပးေလသည္။
"ဒီတစ္ေခါက္ေတာ့ ငါးရိုးလံုး၀မက်န္ေတာ့ဘူး....စိတ္ခ်"
ခ်ူယြမ္လည္း တစ္ဇြန္းမ်ွ ခပ္ေသာက္ၾကည့္ေလ၏။ ဟင္းခ်ိဳမွာ ပူေနေသးေသာ္လည္း ဤသို႔ေသာညခ်မ္းႏွင့္ေတာ့ အေနေတာ္ပင္။
အျပင္ဘက္တြင္ မိုးစက္မ်ား သည္းႀကီးမည္းႀကီး ရြာသြန္းေန၏။ သို႔ေသာ္ အခန္းထဲ၌ မည္သို႔ေသာေအးစက္ျခင္းကိုမ်ွ မခံစားရ။
ရွစ္ဇီလည္း ေဘးခန္း၌ထိုင္ကာ လက္ဖက္ရည္ေသာက္ေန၏။ စိတ္ထဲမွလည္း ဤတစ္ေခါက္ ပြဲေတာ္တည္ခ်ိန္မွာ အေတာ္ၾကာျမင့္ေၾကာင္း ေတြးမိေလသည္။ စားေတာ္ကဲေတာ့ သြမ့္၀မ္ဆီမွ ဆုေတာ္လာဘ္ေတာ္ အမ်ားႀကီးထပ္ရၪီးမည္နဲ႔
တူပါရဲ့။
******
စားပြဲေပၚမွ ဟင္းပြဲမ်ားအကုန္ ရွင္းလင္းၿပီးေသာ္ လက္ဖက္ရည္ေသာက္လိုက္ရင္း ခ်ူယြမ္က ေမးလာ၏။
"ဆက္ေျပာ....မင္း ဘယ္သူ႔အျဖစ္ ရုပ္ေျပာင္းမွာ"
"ေဝ့က်ီယီ့"
"ေဝ့က်ီယီ့က ဘယ္သူလဲ"
"တစ္ကိုယ္ေတာ္ ဓားသမားတစ္ေယာက္ပဲ၊ ထိပ္တန္းပညာရွင္လို႔လည္း ေျပာလို႔မရသလို လူေကာင္းတစ္ေယာက္လို႔လည္း လံုး၀အာမမခံႏိုင္ဘူး၊ ဒါေပမယ့္ ရုပ္ရည္ရူပကာေျဖာင့္တယ္၊ ခႏၶာကိုယ္ေတာင့္တင္းႀကံ့ခိုင္တယ္။ လန္ဂ်ီးက သူ႔ကိုဆို အၿမဲ သေဘာက်လာတာ"
ခ်ူယြမ္ - "........"
မိစၧာမႀကီးရဲ့ အႀကိဳက္ကို ေသခ်ာမွန္းၾကည့္လိုက္ရင္ ဒီတစ္ေယာက္အျပင္ တျခားပစ္မွတ္ မရိွဘူး။ ေဝ့က်ီယီ့ပဲရိွတယ္။
အခန္းထဲ ေခတၲမ်ွ တိတ္ဆိတ္ၿငိမ္သက္သြား၏။ ထို႔ေနာက္မွ သြမ့္ပိုင္ယြဲ႔က စကားျပန္စသည္။
"စကားနည္းနည္းပါးပါးသြားေျပာရံုပဲဆိုေတာ့ ဘာမွမျဖစ္ေလာက္ပါဘူး။ လန္ဂ်ီးလည္း ေဝ့က်ီယီကို အတင္းလိုက္ကပ္ခဲ့ေပမယ့္ တစ္ခါမဇ မေအာင္ျမင္ဖူးေသးဘူး"
ခ်ူယြမ္ - "........"
မေအာင္ျမင္ေသးဘူးဆိုေတာ့ ခုထိ တမ္းတမ္းစြဲ သတိရေနေလာက္မွာေပါ့။
ခ်ူယြမ္ဘက္က ဘာမျွပန္မေျပာေလေတာ့ သြမ့္ပိုင္ယြဲ႔ကပဲ ဆက္ေျပာ၏။
"ကိုယ္ နည္းလမ္းတစ္ခုစဥ္းစားမိတာေလး ေျပာျပရံုတင္ပါ ။ မင္း သေဘာမတူရင္လည္း မသြားေတာ့ဘူး၊ တျခားနည္း စဥ္းစားၾကရေအာင္"
"လူတစ္ေယာက္ရဲ့ အျပင္ရုပ္သြင္ကို တူေအာင္ေျပာင္းရတာလြယ္ေပမယ့္ အျပဳအမူ အေျပာအဆို အက်င့္စရိုက္ေတြကေတာ့ တစ္ဖက္လူ မရိပ္မိေအာင္ ဘယ္လိုလုပ္ ဟန္ေဆာင္ႏိုင္မွာလဲ"
ေနာက္ဆံုးေတာ့ ခ်ူယြမ္ စကားေျပာလာသည္။
"ဒီကိစၥေတာ့ မစိုးရိမ္ပါနဲ႔၊ ေဝ့က်ီယီ့က အရင္ကတည္းက လန္ဂ်ီးကို ပတ္ေရွာင္ေနၿပီးသား။ အဲ့ဒီလူနဲ႔ကိုယ္နဲ႔က အဆက္အသြယ္ေတြ နည္းနည္းလုပ္ဖူးေတာ့ ဆယ္ပံုပံုရင္ ရွစ္ပံုေလာက္ေတာ့ ေအးေဆးအတုခိုးႏိုင္တယ္"
"ေၾသာ္"
"ဘာကို ေၾသာ္လဲ...သြားခိုင္းမလား မသြားခိုင္းဘူးလားသာ ေျပာ"
"သြားေလ"
"ေကာင္းၿပီ"
သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္လက္ခံလိုက္၏။ ခ်ူယြမ္လည္း လက္ဖက္ရည္သာ ဆက္ေသာက္ေနၿမဲ။
"အတူတူသြားမယ္ဆို ပိုမေကာင္းဘူးလား"
ခဏေနေတာ့ သြမ့္ပိုင္ယြဲ႔က ေနရင္းထိုင္ရင္း ေကာက္ေမးလာ၏။
"ဘယ္လို"
"လန္ဂ်ီးသိုင္းပညာက အဆင့္မွမျမင့္တာ၊ ေခါင္မိုးေပၚမွာ လိပ္သိုင္းက်င့္စဥ္နဲ႔ ပုန္းေနမယ္ဆိုရင္ သူ ရိပ္မိမွာေတာင္မဟုတ္ဘူး "
(Note: လိပ္သိုင္းက်င့္စဥ္ဆိုတာက လိပ္ေတြလိုမ်ိဳး ၿငိမ္ၿငိမ္ေနၿပီး အသက္မရႉဘူးလို႔ထင္ရေလာက္ေအာင္ မ်ွင္မ်ွင္ေလး ၀င္သက္ထြက္သက္ကို ထိန္းခ်ဳပ္တဲ့နည္းကိုေျပာတာပါတဲ့)
ခ်ူယြမ္ ၿငိမ္က်သြား၏။
ရိပ္မိတာမရိပ္မိတာတစ္ပိုင္းေလ၊ အထူးတလည္ လိုက္သြားၾကည့္ဖို႔ထိ လိုေရာလိုလို႔လား။ အဲ့လိုျမင္ကြင္းမ်ိဳးက ေတြးၾကည့္ရံုနဲ႔တင္ ၾကက္သီးထတယ္။
သြမ့္ပိုင္ယြဲ႔လည္း မိမိကမ္းလွမ္းခ်က္မွာ ေသခ်ာမေတြးဘဲေျပာလိုက္မိကာ အနည္းငယ္ ထူးဆန္းသည္ဟု
သတိျပဳမိသျဖင့္၊
"မလိုက္လည္း ရပါတယ္"
"ဟင့္အင္း၊ လိုက္သြားမယ္"
သြမ့္ပိုင္ယြဲ႔ - "......."
တကယ္ႀကီးလိုက္သြားမလို႔လား။
******
ခ်ူယြမ္လည္း ေသာက္လက္စလက္ဖက္ရည္ကို အကုန္ေမာ့ေသာက္လိုက္ၿပီးသည္ႏွင့္ သြမ့္ပိုင္ယြဲ႔အား ေဘးခန္းသို႔ ႏွင္ထုတ္လိုက္ေလသည္။
သြမ့္ပိုင္ယြဲ႔အခန္းထဲတြင္ ယမန္ေန့မ်ားႏွင့္မတူ သလြန္ခပ္ႀကီးႀကီးတစ္ခု အစားထိုးထည့္ထား၏။ အိပ္ယာထက္က လိုက္ကာမ်ား၊ အိပ္ယာခင္းအထည္မ်ားမွာ နီလြင္ေသာအဆင္းရိွေပရာ အေတာ္ပင္ က်က္သေရမဂၤလာျပည့္စံုလွသည္ဟု ခံစားရေစသည္။ အရင္ကတည္းက ဤျမင္းတပ္စခန္း၌ရိွႏွင့္ၿပီးသား အသံုးအေဆာင္မ်ားျဖစ္၍ ယခုလတ္တေလာ ယာယီသံုးရန္ ထုတ္ထားျခင္းျဖစ္သည္၊ အသစ္၀ယ္သံုးရန္မသင့္ဟု ဧကရာဇ္က မိန္႔ထားေၾကာင္း ရွစ္ဇီေျပာျပလာ၏။
"ဒီအိပ္ရာခင္းေတြက အရည္အေသြးေကာင္းတဲ့ပစၥည္းေတြနဲ႔ပဲလုပ္ထားတာမို႔ အရမ္းအိစက္ႏူးညံ့ပါတယ္.... ၀မ္ရယ္"
ရွစ္ဇီလည္း သြမ့္ပိုင္ယြဲ႔အတြက္ အိပ္ယာခင္း
ျပဳျပင္ေပးေနရင္း ေျပာျပလာသည္။ သြမ့္ပိုင္ယြဲ႔လည္း ကိုင္ၾကည့္လိုက္ရာ အမွန္ပင္ ႏူးညံ့ေၾကာင္း ေထာက္ခံမိသည္။
"ေန့လယ္ခင္းတုန္းကေတာင္ ဧကရာဇ္အရွင္က ဒီမွာ အၾကာႀကီး နားေနသြားေသးတယ္"
သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းပင္ ၀မ္းသာသြား၏။ သို႔ေသာ္ ၾကာရွည္ေတာ့ မေပ်ာ္လိုက္ရ။
ေစာနစကားကို ျပန္ေတြးမိျခင္းေၾကာင့္ျဖစ္သည္။ ညဥ့္နက္သည့္တိုင္ေအာင္ ေတြးေနမိသည္၊ အဘယ္ေၾကာင့္မ်ား ထိုလူသားကို ေမွာ္နက္မိစၧာမႀကီးဆီ အတူသြားဖို႔ ေခၚမိလိုက္သလဲ၊ ကူအဆိပ္မ်ား ထႂကြလာလို႔ မိမိကမ်ား စိတ္ေဖာက္သြားတာလား။
ပိုဆိုးသည္မွာ ထိုလူသားကလည္း မိမိ၏ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ျခင္းပင္။
*********
ယခုကိစၥမွာ လူအိုေဆာင္က သက္ႀကီးရြယ္အိုမ်ား၏ ေသေရးရွင္ေရးႏွင့္ ပတ္သက္ေနသျဖင့္ တျခားနည္းလမ္းရွာရန္ အခ်ိန္သိပ္မရ။ ထို႔ေၾကာင့္ ေနာက္တစ္ေန့ ေန့ခင္းတြင္ သြမ့္ပိုင္ယြဲ႔မွာ မွန္ေရ႔ွခ်ကာ ေဝ့က်ီယီ့အသြင္ႏွင့္ တူေအာင္ ရုပ္ဖ်က္ေနေလသည္။
ခ်ူယြမ္လည္း သူ႔ေနာက္၌ရပ္ေနကာ စိတ္အစဥ္မွာ ေနာက္က်ိသုန္မႈန္ေနလ်က္။
ထိုစဥ္ သြမ့္ပိုင္ယြဲ႔က ေျပာလာ၏။
"တကယ္လိုက္သြားမယ္ဆိုရင္ေတာ့ ကိုယ္မင္းအနား ရိွေပးႏိုင္မွာမဟုတ္တာမို႔ ကိုယ့္ကိုယ္ကို ေသခ်ာဂရုစိုက္မယ္ေနာ္၊ နားလည္လား "
"အင္း"
သြမ့္ပိုင္ယြဲ႔လည္း အလုပ္စလုပ္ရန္ အခန္းမွ ထြက္သြားၿပီး ႏွစ္လွမ္းမ်ွသာရိွေသး၊ ခ်ူယြမ္ဘက္လွည့္ကာ ထပ္ၿပီးမွာၾကားလာ၏။
"မလာလို႔လည္း ရတယ္ေနာ္"
"အင္း"
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔လည္း ျမင္းတပ္စခန္းမွ တစ္ေယာက္တည္း ထြက္သြားေလၿပီ။ ခ်ူယြမ္လည္း စားပြဲနားထိုင္လိုက္ကာ ေခါင္းတဆစ္ဆစ္ကိုက္လာသလိုပင္ ခံစားေနရေလသည္။
*******
သြမ့္ပိုင္ယြဲ႔မွာလည္း လက္စြဲေတာ္ဓားတစ္လက္ကို ခါး၌ခ်ိတ္ကာ လမ္းေပၚေလ်ွာက္သြားေလေတာ့ အေတာ္ပင္ ေခ်ာေမာတင့္တယ္လွေသာရုပ္ရည္ေၾကာင့္ မိန္းမပ်ိဳအေတာ္မ်ားမ်ားမွာ သမင္လည္ျပန္ ေငးၾကည့္ယူရေလသည္။ တာ့ယဲန္႔ၿမိဳ႔မွာ သိုင္းေလာကႏွင့္ကင္းကြာသည္မို႔ သူ မည္သူျဖစ္မွန္း မသိၾက ၊ အျခားနယ္မ်ားမွလာသည့္
ရုပ္အဆင္းေခ်ာေမာေသာ ဧည့္သည္တစ္ၪီးဟုသာ ထင္မွတ္ၾကေလသည္။ သို႔ႏွင့္ ယဲန္႔ဟြီတည္းခိုေဆာင္သို႔ သြမ့္ပိုင္ယြဲ႔ဆိုက္ေရာက္လာေလ၏။
ညေနေစာင္းၿပီျဖစ္၍ တည္းခိုေဆာင္၏ ဧည့္ႀကိဳခန္းတြင္ လူအမ်ားအျပားထိုင္ေနၾကၿပီျဖစ္ကာ ၀န္ထမ္းမ်ားကလည္း ပဲေလွာ္ႏွင့္အျခားသေရစာမ်ားကို လာေရာက္ခ်ေပးရင္း ဧည့္ခံေနၾကသည္။ ဘာသံုးေဆာင္မည္လဲဟုေမးလာေသာ ၀န္ထမ္း၏အေမးကို သြမ့္ပိုင္ယြဲ႔မေျဖရေသးခင္မွာပင္ သာယာၿငိမ့္ေညာင္းေသာ အသံတစ္ခု သူ႔အားေခၚလာ၏။
"အသင္က.....ေဝ့သခင္ေလးမ်ားလား"
သြမ့္ပိုင္ယြဲ႔လည္း သူမဘက္ လွည့္လာလိုက္သည္။
"တကယ္ ေဝ့သခင္ေလးျဖစ္ေနတာပဲ"
လန္ဂ်ီး၏ အေစခံမိန္းမပ်ိဳက ၀မ္းသာေပ်ာ္ရႊင္စြာ ဆိုလာ၏။ သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္ျပကာ ႏႈတ္ဆက္လိုက္သည္။
"မိန္းမပ်ိဳ ခ်ိဳင္ထ်ဲန္ပါလား...."
"တကယ္တိုက္ဆိုင္လိုက္တာရွင္....သခင္ေလးေဝ့နဲ႔ ဒီမွာေတြ့ဆံုရမယ္လို႔ လံုး၀ထင္မထားမိဘူး၊ ကြၽန္မတို႔ရဲ့ ဂိုဏ္းခ်ဳပ္သခင္မလည္း ဒီအေပၚထပ္မွာပဲ ရိွေနပါတယ္။ သခင္မနဲ႔ ေသရည္အတူေသာက္ၿပီး စကားႏွီးေနွာေျပာဆိုဖို႔ အေပၚထပ္လိုက္ခဲ့ပါလားရွင္"
"ေကာင္းၿပီေလ"
သြမ့္ပိုင္ယြဲ႔က လက္စြဲေတာ္ဓားကို ယူလိုက္ကာ လိုက္လာခဲ့ေလသည္။ ထိုအေစခံမိန္းမပ်ိဳလည္း အနည္းငယ္ေတာ့ စိတ္ထင့္သြား၏၊ ေဝ့သခင္ေလးက သူမတို႔၏ဂိုဏ္းခ်ဳပ္ လိုက္လံေနွာင့္ယွက္ေနမႈကို အင္မတန္မွ စက္ဆုပ္သည့္အျပင္ လန္ဂ်ီးအေပၚ လံုး၀ ခ်စ္ခင္ႏွစ္သက္ျခင္းမရိွဘူးမဟုတ္လား။ သူမတို႔၏ ထ်ဲန္းခ်ာ့ဂိုဏ္းကို ေတြ့ဆံုရတိုင္း ယခုကဲ့သို႔ ေသခ်ာစကားေျပာရသည္မွာ အေတာ္ရွားသည္ေလ။
သူမ မလႈပ္မယွက္ ရပ္ကာ မွင္သက္ေနသည္ကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔က အသိေပးလာ၏။
"ဘာေတြေငးေနတာလဲ။ ထ်ဲန္းခ်ာ့ဂိုဏ္းခ်ဳပ္ႀကီးကို အျမန္သြားအေၾကာင္းၾကားေခ်၊ က်ဳပ္ သူနဲ႔ စကားေျပာစရာရိွတယ္"
သို႔ႏွင့္ အေစခံေကာင္မေလးလည္း သြမ့္ပိုင္ယြဲ႔အား ဒုတိယထပ္သို႔ ေခၚေဆာင္ကာ သူမကိုယ္တိုင္က အခန္းထဲ၀င္ၿပီးအေၾကာင္းၾကားေနစဥ္ သြမ့္ပိုင္ယြဲ႔အား အျပင္ဘက္၌ ေစာင့္ေနရစ္ေစ၏။ ခဏၾကာေတာ့ လန္ဂ်ီးကိုယ္တိုင္ တံခါးလာဖြင့္ေပးကာ တကယ္ပင္ ေဝ့က်ီယီ့ ျဖစ္ေနမွန္းေတြ့ေတာ့ သူမမ်က္ႏွာထက္ ၿပံဳးပန္းေဝဆာသြားေလသည္။
"ဂိုဏ္းခ်ဳပ္သခင္မလန္ကို ဂါရ၀ျပဳပါတယ္"
လန္ဂ်ီးက သူ႔အားအခန္းတြင္းသို႔ ၀င္လာေစၿပီးေနာက္ တံခါးကိုျပန္ပိတ္လိုက္ကာဆို၏။
"ခ်ိဳင္ထ်ဲန္ေျပာျပတုန္းက ကြၽန္မ ယံုေတာင္မယံုခ်င္ဘူး၊ တကယ္ပဲ ေဝ့သခင္ေလးျဖစ္ေနတာပဲ.....ဘယ္လိုလုပ္ၿပီး ဒီၿမိဳ႔ေရာက္လာတာလဲဟင္"
"ဒီၿမိဳ႔ကို လမ္းႀကံဳၿပီးေရာက္လာေပမယ့္၊
ယဲန္႔ဟြီတည္းခိုေဆာင္ကိုက် ကြၽန္ေတာ္မ်ိဳး တမင္လာခဲ့ျခင္းျဖစ္ပါတယ္"
လန္ဂ်ီးက သေဘာက်စြာ တခစ္ခစ္ရယ္ေမာလိုက္ကာ ေႁမြတစ္ေကာင္ႏွယ္ သူ႔အေပၚ ရစ္ပတ္ဖက္တြယ္လာ၏။
"ေတာ္ေတာ္ရွာမွရွားတဲ့ျဖစ္ရပ္ေပပဲ။ ေနာက္ဆံုးေတာ့ သခင္ေလးေဝ့ စိတ္ပိုင္းျဖတ္လိုက္ႏိုင္ၿပီေပါ့ေနာ္။ ကြၽန္မလည္း အရင္ကေျပာဖူးပါတယ္....လူ႔ဘ၀က တိုတိုေလး၊ ပင္ပန္းခက္ခဲတယ္၊ ခါးသီးတယ္၊ ဘာလို႔မ်ား ဣႁႏၵေတစ္ခြဲသားႀကီးနဲ႔ ေျဖာင့္မတ္တည္ၾကည္ခ်င္ေယာင္ေဆာင္ေနရမွာတုန္းလို႔..."
သြမ့္ပိုင္ယြဲ႔လည္း အလိုက္သင့္ပင္ ေရွာင္လိုက္ကာ ျပတင္းေပါက္ဘက္တစ္ခ်က္အကဲခတ္လိုက္ကာ မည္သူမ်ွ ၾကည့္မေနေစရန္သာ ဆုေတာင္းရေလ၏။ သြမ့္ပိုင္ယြဲ႔၏ ျငင္းဆန္ေနေသာ တံု႔ျပန္မႈမ်ားကို လန္ဂ်ီးက သေဘာမေတြ့။
"ဒီထိေတာင္ေရာက္လာၿပီပဲ၊ ဘာလို႔ ထပ္ၿပီးေရွာင္ေနရတာလဲ"
"ကြၽန္ေတာ္မ်ိဳးဘက္က အေပးအယူတစ္ခုရိွပါတယ္"
"ဘယ္လိုအေပးအယူလဲ"
"ၿမိဳ႔ျပင္က လ်ိႈ႔၀ွက္ဘ႑ာတိုက္ထဲမွာရိွတဲ့ေရႊေတာင္ႀကီး.....ကြၽန္ေတာ္မ်ိဳးလည္း အက်ိဳးအျမတ္တစ္ခ်ိဳ႕ လိုခ်င္ပါတယ္"
အနားကပ္လာေသာ လန္ဂ်ီးမွာ ေခတၲမ်ွ တံု႔ဆိုင္းသြား၏။ ဤသို႔ တည့္တည့္ႀကီး ေတာင္းဆိုလာမည္ဟု သူမ မထင္မိ။ သူမ၏မ်က္ႏွာအေသြးအေရာင္မွာ နီတစ္လွည့္ျဖဴတစ္လွည့္ အေရာင္ေျပာင္းေနေခ်ၿပီ။ သူမ ထိုသို႔ျဖး္သြားေသာ္ သြမ့္ပိုင္ယြဲ႔က ရယ္လိုက္ကာ
"ထ်ဲန္းခ်ာ့သခင္မႀကီး စိတ္မပူပါနဲ႔ ၊ ကြၽန္ေတာ္က အေျခအေနအခ်ိန္အခါ အလိုက္မသိတဲ့လူ မဟုတ္ရပါဘူး။ ဟိုေန့က ေတာင္ေပၚသြားေနရင္း တိုက္တိုင္စြာနဲ႔ ေတြ့ျမင္လိုက္တာပဲျဖစ္ပါတယ္ ။ ေလာကမွာ ေရအဆံုးကုန္းတစ္၀က္ဆိုတဲ့ ဆိုရိုးရိွၿပီးသားပဲ ၊ အခုေနာက္ပိုင္း ကြၽန္ေတာ္မ်ိဳးလည္း ေငြေရးေၾကးေရး က်ပ္တည္းတာမို႔ အခုလို ေရ႔ွမ်က္ႏွာေနာက္ထားၿပီး သခင္မႀကီးဆီ လာေရာက္ေတာင္းဆိုရျခင္းျဖစ္ပါတယ္....
ဒါေပမယ့္ သခင္မ စိတ္ခ်ပါ၊ မတန္တဆ ေတာင္းမယ့္လူစားေတာ့ မဟုတ္ပါဘူး"
"ရွင္က ဘယ္ေလာက္လိုခ်င္လို႔လဲ"
သြမ့္ပိုင္ယြဲ႔လည္း ခန္႔မွန္းၿပီး ရမ္းသမ္းေတာင္းလိုက္ေလသည္။
"ဒါကိုမမ်ားဘူးလို႔ ရွင္ေျပာထြက္တယ္ေပါ့"
"ေရႊေတာင္အပံုလိုက္ႀကီးနဲ႔စာရင္ မ်ားတယ္လို႔ ဘယ္လိုေခၚႏိုင္မွာလဲ၊ အဖ်ားနားေလာက္ပဲ ရိွမွာပါေလ။ သခင္မတို႔ဘက္ကေန ႏႈတ္ပိတ္ခလို႔ သေဘာထားၿပီး စြန္႔ႀကဲလိုက္ရင္ ရတာပဲ"
"ေကာင္းၿပီေလ"
လန္ဂ်ီးက ေသရည္ႏွစ္ခြက္ ငွဲ႔လိုက္ကာ ဆက္ေျပာလာ၏။
"ေရႊေငြေတြကို ကြၽန္မပံုေအာေပးႏိုင္ပါတယ္၊ ဒါေပမယ့္ သခင္ေလးေဝ့ ဘယ္ေလာက္ စြမ္းေဆာင္ႏိုင္လဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့၊ ကြၽန္မကို သာယာေအာင္ ျပဳစုေပးႏိုင္ရင္ ေနာက္ထပ္ႏွစ္ဆ ထပ္ေပးလို႔ေတာင္ရပါတယ္"
သြမ့္ပိုင္ယြဲ႔က ျပတင္းေပါက္မ်ားဘက္
တစ္ခ်က္လွည့္ၾကည့္ျပန္၏။
လူမရိွပါေစနဲ႔၊ လူမရိွပါေစနဲ႔၊ လူမရိွပါေစနဲ႔။
လန္ဂ်ီး၏ လက္ေခ်ာင္းမ်ားက သြမ့္ပိုင္ယြဲ႔ရင္အုပ္မ်ားထက္ ပြတ္သီးပြတ္သပ္လုပ္လာၿပီး ခါးစည္းႀကိဳးပါ ျဖဳတ္မည္ျပဳလာ၏။
သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ သူမလက္ကိုပုတ္ထုတ္လိုက္ကာ -
"ေရႊေငြေတြေတာင္ မျမင္ရေသးဘူး။ ဂိုဏ္းခ်ဳပ္သခင္မ စိတ္အရမ္းေလာေနပါၿပီထင္ပါရဲ့...."
"ရွင္ကေတာ့ အၿမဲတမ္း တည့္တည့္ပဲ ေျပာတတ္တာေနာ္။ တကယ္စိတ္၀င္စားစရာဖို႔ေကာင္းတယ္"
"လူတိုင္းက သခင္မလို ကံေကာင္းေထာက္မၿပီး လာဘ္လာဘမိုး ရြာေပးခံရတာမ်ိဳးမွ
မႀကံဳၾကရတာ၊ ကြၽန္ေတာ္မ်ိဳးတို႔လို သာမန္လူေတြကေတာ့ အၿမဲသတိဝီရိယထားရမွာပဲ"
လန္ဂ်ီးက ေခါင္းခါလိုက္ကာ-
"ဒီဟာေတြကို ကြၽန္မအလကားရလာတယ္လို႔ သခင္ေလးေဝ့က ထင္ရက္တယ္ေပါ့။ တကယ္ေတာ့ ဒီေန့ဒီရက္မ်ိဳးအတြက္ ကြၽန္မလည္း အားအမ်ားႀကီး စိုက္ထုတ္ခဲ့ရပါတယ္ "
"ဒါကိုေတာ့ ကြၽန္ေတာ္မ်ိဳး ယံုပါတယ္"
သြမ့္ပိုင္ယြဲ႔က ေသရည္ခြက္ကို ေမာ့ေသာက္လိုက္ကာ ဆက္ေျပာသည္။
"အရင္ရက္က လူအိုေဆာင္မီးေလာင္တဲ့အမႈကလည္း ထ်ဲန္းခ်ာ့သခင္မရဲ့ လုပ္ေဆာင္မႈပဲမဟုတ္လား"
"အို.....ပါးနပ္လိုက္တာ"
လန္ဂ်ီးက အေပၚ၀တ္ရံုကို ခြၽတ္လိုက္ေသာ္ ပုလဲသို႔ႏွယ္ ျဖဴ၀င္းေသာ၊ ေက်ာက္စိမ္းသို႔ႏွယ္ ေခ်ာမြတ္ေသာ အသားအရည္ကို ေပၚလြင္လွစ္ဟလာေစ၏။ သြမ့္ပိုင္ယြဲ႔က မတုန္မလႈပ္ ေအးစက္စြာပင္ ဘာမွမေျပာဘဲ ေသရည္သာဆက္ေသာက္ေနေလသည္။
"ေနာက္သံုးရက္ေနရင္ ကြၽန္မတို႔ ထ်ဲန္းခ်ာ့ဂိုဏ္းရိွတဲ့ ရွီးနန္ကို ျပန္ေတာ့မယ္၊ ေဝ့သခင္ေလးအတြက္ ေဝစုေတြကို ဘယ္ဆီ
ပို႔ေပးရပါ့"
လန္ဂ်ီးက ပ်င္းရိေလးတြဲ႔စြာေမးလာသည္။
"က်င္းရွီက အိမ္အေဟာင္းဆီ"
သြမ့္ပိုင္ယြဲ႔ေျဖၿပီးသည္ႏွင့္ လန္ဂ်ီးက သူ႔ႏႈတ္ခမ္းသားမ်ားထက္ လက္ၫွိုးျဖင့္ လာလာတို႔ရင္း -
"ရတယ္ေလ၊ ဒီဂိုဏ္းခ်ဳပ္သခင္မႀကီးဟာ အရင္ကတည္းက စကားတည္ၿပီးသားပါ။ တခ်ိဳ႕ေယာက်္ားေတြလို ယံုစားလို႔မရတဲ့ ၊ မရွင္တို႔လို အေျပာပဲရိွတဲ့လူစားမ်ိဳး မဟုတ္ဘူး"
သြမ့္ပိုင္ယြဲ႔က သူမကို အလိုက္သင့္ဖက္လိုက္ကာ တစ္လက္စတည္းပင္ အျခားတစ္ဖက္သို႔ အားျဖင့္ အေဝးသို႔ တြန္းထုတ္ပစ္လိုက္ေလ၏။
"ဂိုဏ္းခ်ဳပ္ကို ေျပာၿပီးသားပဲ၊ ေငြရၿပီးတဲ့အထိ ေစာင့္ဆိုင္းပါၪီးဆိုတာ...."
လန္ဂ်ီးလည္း သြမ့္ပိုင္ယြဲ႔ေမးေစ့အား လိုက္ထိေနရင္း မတတ္သာေတာ့သည့္အဆံုး မိမိ၏အလိုဆႏၵတို႔ကို မ်ိဳသိပ္လိုက္ရေလသည္။ သြမ့္ပိုင္ယြဲ႔ရင္ထဲတြင္လည္း အျခားအေၾကာင္းကို စိုးရိမ္မႈေနမႈျဖင့္ ဗေလာင္ဆူကာ မူးေမ့လဲခ်င္ေလာက္ေအာင္ စိုးရိမ္ထိတ္လန္႔ေနရေလသည္။
ေသရည္အိုးတစ္၀က္ခန္႔ကုန္ၿပီးခါမွ သြမ့္ပိုင္ယြဲ႔က သူမဖက္တြယ္ရစ္ပတ္ထားသမ်ွ ခက္ခက္ခဲခဲ ခြာခ်ကာ ရုန္းထြက္လာႏိုင္သည္။ သို႔ေသာ္ တစ္ကိုယ္လံုးအႏွံ႔ ထံုသင္းေသာ အေမႊးနံ႔သာနံ႔မ်ား ကပ္ၿငိစြဲပါလာလ်က္။တည္းခိုေဆာင္သို႔ျပန္ကာ ေရခ်ိဳးၪီးမည္ဟု ေတြးစဥ္ သြမ့္ေန့က သူ႔ထံအေျပးေရာက္လာၿပီး အစီရင္ခံ၏။
"ေစာနက ဧကရာဇ္ ႂကြေရာက္လာပါေသးတယ္.... ၀မ္ရယ္"
သြမ့္ပိုင္ယြဲ႔ - "......"
သြမ့္ပိုင္ယြဲ႔ - "......"
သြမ့္ပိုင္ယြဲ႔ - "......"
"အခုေတာ့....ျပန္သြားၿပီးပါၿပီခင္ဗ်ာ"
ျပန္သြားလိုက္သည္မွာ ျဖစ္သင့္ပါေပသည္။
ထိုလူသား၏ စရိုက္အရဆိုလ်ွင္ သည္းခံၿပီးဆက္၍ေစာင့္ေနႏိုင္သည္ဆိုခါမွ ထူးဆန္းေနေပမည္။ သြမ့္ပိုင္ယြဲ႔က ဆက္ေမးလာ၏။
"ၿပီးေတာ့ေရာ...."
"ၿပီးေတာ့ ၀မ္ရယ္ကို ကိစၥၿပီးတာနဲ႔ ခ်က္ခ်င္းအခစား၀င္ဖို႔ မိန္႔ၾကားသြားပါေသးတယ္ခင္ဗ်ာ"
သြမ့္ေန့က ကိုယ္ခ်င္းစာေနေသာ အၾကည့္တို႔ျဖင့္ ၾကည့္လ်က္ စကားအခ်ိဳ႕ ဆက္ေျပာျပလာသည္။
"အရမ္းလည္း အမ်က္ေတာ္ရွေနပံုေပၚေၾကာင္းပါ ၀မ္ရယ္"
ဒီညေတာ့ ၾကမ္းျပင္ထက္တြင္ပင္ လဲေလ်ာင္းခြင့္ရမည္မဟုတ္မွန္း သြမ့္ပိုင္ယြဲ႔အလိုလို နားလည္လိုက္ေလၿပီ။
******
ျမင္းတပ္စခန္းသို႔ေရာက္ေသာ္ ရွစ္ဇီက သြမ့္ပိုင္ယြဲ႔အား ဆီးႀကိဳသတိေပးလာသည္။
"၀မ္ရယ္ အျမန္၀င္သြားလိုက္ပါေတာ့၊ ဧကရာဇ္အရွင္ ေစာင့္ဆိုင္းေနရတာ
ၾကာေနၿပီ....."
ဒီထက္ၾကာရင္ အခန္းတစ္ခုလံုး ေျဗာင္းဆန္ေတာ့မွာ။
သြမ့္ပိုင္ယြဲ႔လည္း အသက္၀၀ရႉလိုက္ၿပီးေနာက္ တံခါးဖြင့္ရန္ လက္လွမ္းလိုက္ေလ၏။ အထဲေရာက္သည္ႏွင့္ ခ်ူယြမ္က
ကန္႔လန္႔ကာေနာက္သို႔ လက္ၫွိုးထိုးျပၿပီး ခံစားခ်က္ကင္းမဲ့ေနေသာ မ်က္ႏွာထားႏွင့္ပင္ -
"ေရခ်က္ခ်င္းသြားခ်ိဳး..."
နံေစာ္ေနတာပဲ!!!!!
"ရတယ္ေလ"
သြမ့္ပိုင္ယြဲ႔လည္း အလိုက္တသိပင္ နာခံလိုက္သည္။ ထို႔ေနာက္ ကန္႔လန္႔ကာေနာက္မွ ေရသံမ်ားၾကားလာရၿပီး ခ်ူယြမ္လည္း အစီရင္ခံမ်ား ဆက္ဖတ္ေနလိုက္ေလသည္။
နန္းေတာ္မွ ထြက္လာတာ ဘယ္ေလာက္ပဲၾကာေသးလို႔လဲ၊ ပုေရာဟိတ္အမတ္ႀကီးရဲ့ လက္ေရးက ဘာလို႔ ဒီေလာက္ထိၾကည့္မရေလာက္ေအာင္ စုတ္ျပတ္သြားရတာလဲ။ နန္းေတာ္ျပန္သြားရင္ေတာ့ တာ့ခ်ူဥပေဒကို တစ္ေန့ရွစ္ေခါက္ ျပန္ကူးေရးခိုင္းၪီးမယ္။
သြမ့္ပိုင္ယြဲ႔လည္း မိမိခႏၶာကိုယ္ထက္ မည္သည့္အေမႊးနံ႔သာနံ႔မွ မက်န္ေတာ့တဲ့အထိ ေသခ်ာ သန္႔စင္ေဆးေၾကာၿပီးေတာ့မွ ထြက္လာေလသည္။ရွစ္ဇီလည္း သူ႔အတြက္ အ၀တ္အစားအသစ္တစ္စံု ျပင္ဆင္ေပးထား၏။ မ်က္စိက်ိန္းေလာက္ေအာင္ အေရာင္အဆင္းေတာက္ပလြန္းသည္ဟု ဆိုရေပမင့္ ဧကရာဇ္အရွင္က ဤအခ်ိန္မွ အျမန္ထြက္၀ယ္ရန္ေစခိုင္းလာေတာ့ ညခ်မ္းေရာက္ေနၿပီမို႔ အေကာင္းဆံုးအထည္ဟူ၍ ဤတစ္စံုသာက်န္ေတာ့ သည္။ ရွီးနန္၀မ္ ရုပ္ဆင္းအဂၤါတင့္တယ္၍သာေတာ္ေသး၊ ဘာ၀တ္၀တ္ လိုက္ဖက္တင့္တယ္သြားကုန္သည္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ရိွရာစားပြဲနား လာထိုင္လိုက္၏။ ခ်ူယြမ္က အစီရင္ခံစာမ်ားကိုသာ ဆက္ဖတ္ေနၿမဲ၊ တစ္ခ်က္မ်ွပင္ သြမ့္ပိုင္ယြဲ႔ကို မၾကည့္ဘဲ ေမးလာ၏။
"သြားစံုစမ္းလိုက္ေတာ့ ဘာေတြရလာလဲ"
"ထ်ဲန္းခ်ာ့ဂိုဏ္းက ေနာက္သံုးရက္ေနရင္ တာ့ယဲန္႔ၿမိဳ႔ကေန ထြက္သြားေတာ့မယ္တဲ့၊ အဲ့စကားလအတိုင္းသာဆို အဖိုးအိုေတြက ဒီၿမိဳ႔ထဲမွာ မရိွေလာက္ဘူးထင္တယ္"
ခ်ူယြမ္ မ်က္ႏွာ အနည္းငယ္ပ်က္ယြင္းသြားသည္။
"အဖိုးမုခ်ီလည္း အဲ့အဖြဲ႔ထဲ မရိွေလာက္ဘူး၊ သူတို႔ထြက္သြားတဲ့ေန့က် ကိုယ္ သူတို႔ေနာက္ ေျခရာခံလိုက္သြားဖို႔ စိတ္ကူးထားတယ္"
"အႏၲရာယ္မ်ားမွာလား"
"ဒီတိုင္း ေနာက္ေယာင္ခံလိုက္သြားတာေလာက္က ဘာမျွပႆနာမရိွဘူး၊ ဒါေပမယ့္ လူေတြကို အတင္းျပန္လုယူရမယ္ဆိုရင္ေတာ့ တပ္ကူလာေခၚခိုင္းလိုက္မယ္"
ခ်ူယြမ္က အတန္ငယ္တံု႔ဆိုင္းသြားၿပီးမွ ေခါင္းညိတ္လက္ခံလာ၏။
"အခု... စိတ္မဆိုးေတာ့ဘူးဟုတ္"
"ကိုယ္ေတာ္ ဘယ္တုန္းက စိတ္ဆိုးေနလို႔လဲ"
ခ်ူယြမ္က အျခားအစီရင္ခံစာတစ္လိပ္ကို ေကာက္ယူလိုက္ကာ ဆက္ဖတ္မည္ျပဳ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ ခ်ူယြမ္အား ေမးေထာက္ၿပီးေတာ့ကို ေငးၾကည့္ေနလ်က္။
ထိုစဥ္ ခ်ူယြမ္မ်က္၀န္းေထာင့္မွတစ္ဆင့္ သြမ့္ပိုင္ယြဲ႔ခႏၶာထက္က အနီေရာင္အကြက္ေလးတစ္ခုကို ဖ်တ္ခနဲေတြ့ လိုက္ရသျဖင့္ သံသယရိွစြာျဖင့္ ေမာ့ၾကည့္လာ၏။
"ဘာျဖစ္လို႔လဲ"
ခ်ူယြမ္ဘက္မွစတင္ၿပီး သြမ့္ပိုင္ယြဲ႔ရိွရာအနားသို႔ ခ်ဥ္းကပ္လာ၏။ သြမ့္ပိုင္ယြဲ႔ခမ်ာ ခ်က္ခ်င္းဆိုသလို အမွားအမွန္ ေဝဖန္ပိုင္းျခားႏိုင္စြမ္းမရိွေတာ့၊ ရင္ဘတ္ထဲ မိုးႀကိဳးလ်ွပ္စီး ေထာင္ေသာင္းမ်ားစြာ
ျမည္ဟီးပြဲၾကမ္းေနေခ်ၿပီ။
ခ်ူယြမ္က သူ႔၀တ္ရံုအား ဆတ္ခနဲ ဖြင့္ဟၾကည့္လိုက္သည္။
သြမ့္ပိုင္ယြဲ႔ - "......."
သြမ့္ပိုင္ယြဲ႔ သတိလစ္ေတာ့မတတ္ ခံစားေနရ၏၊ သူ တကယ္ပင္ သတိလစ္ေမ့ေျမာေတာ့ေပမည္။
သို႔ေသာ္ သတိမလစ္လိုက္ရေသးမီ ခ်ူယြမ္က စားပြဲအား ေဒါသတႀကီး ထုလိုက္ေလသည္။
"ရွစ္ဇီ!!!!!!!"
"လာပါၿပီဘုရား...လာပါၿပီ...။"
ရွစ္ဇီလည္း အျပင္တြင္ ပဲေလွာ္စားေနရင္း ဤသို႔ရုတ္ခ်ည္း အေခၚခံရမည္ကိုထင္မထားမိ၊ သို႔ႏွင့္ ခ်က္ခ်င္းပင္ အခန္းထဲ ေျပး၀င္သြားလိုက္ေလသည္။
ရွစ္ဇီ၀င္လာေတာ့ ခ်ူယြမ္က ျပန္လည္ ၿငိမ္သက္သြားေသာ ဟန္ပန္ျပန္ျဖစ္သြား၏။
"ဧည့္သည္ကိုျပန္ပို႔လိုက္...."
သြမ့္ပိုင္ယြဲ႔ - "......."
ရွစ္ဇီလည္း ဘာေတျြဖစ္ကုန္လဲ၀မ္ရယ္ဆိုၿပီး အၾကည့္မ်ိဳး သြမ့္ပိုင္ယြဲ႔ထံ ၾကည့္လာ၏။ သြမ့္ပိုင္ယြဲ႔က ရွစ္ဇီထက္ပင္ ပို၍ ေပကလပ္ေပကလပ္ျဖစ္ကာ ေတြေဝနေသး၊ ပန္၀မ္းလည္း မသိဘူးဆိုသည့္ပံုစံက ေမးစရာပင္မလိုေတာ့။
ေကာင္းကင္၏ခ်စ္သားရတနာ အမ်က္ေတာ္ရွမွေတာ့ မည္သူကမွ အမိန္႔ေတာ္ကိုမဖီဆန္ဝံ့ၾက။ သြမ့္ပိုင္ယြဲ႔လည္း ေဘးခန္းသို႔ သြားေရာက္နားေနလိုက္ကာ ဘာမ်ားျဖစ္ခဲ့မွန္းေသခ်ာသိရေအာင္ မိမိအက်ႌအား လွစ္ဟၾကည့္လိုက္ေတာ့......
အနီကြက္တစ္ကြက္၊ ဒီတိုင္းၾကည့္လ်ွင္ေတာ့ ရီေဝမူးယစ္ေစေသာ အေတြ့အႀကံဳတစ္ခု ပူပူေနြးေနြး ေလာေလာလတ္လတ္ ျဖတ္သန္းလာခဲ့သူႏွယ္။
ခဏၾကာေတာ့ ေလသာျပတင္းေပါက္မွတစ္ဆင့္ သြမ့္ပိုင္ယြဲ႔က ပင့္ကူတစ္ေကာင္ကို ကိုင္ကာ ေရာက္လာ၏။
"ဒီေကာင္က ေလ်ွာက္ေလ်ွာက္သြားေနလို႔ပါလို႔ ။ ကိုယ္တကယ္ေျပာေနတာ။ ဒီေကာင္ႀကီးက ပျခဳပ္ထဲေအာင္းရတာၾကာၿပီး ပ်င္းလို႔ထင္တယ္၊ ဘယ္ခ်ိန္ကတည္းက ကိုယ့္အေပၚ ေလ်ွာက္သြားေနမွန္း ကိုယ္လည္းမသိဘူး၊ ဒီေကာင္က အဆိပ္လည္းရိွေတာ့ ....."
နည္းနည္းေလာက္ျဖစ္ျဖစ္ လွည့္ၾကည့္ပါၪီး၊ တျခားအေၾကာင္းရင္းေၾကာင့္မဟုတ္ဘူး၊
ဒီေကာင္ကိုက္သြားလို႔ပါဆိုေန။
ေၾသာ္၊ အဘယ္ေၾကာင့္ ေလသာျပတင္းမွသာ လက္လွမ္းရသနည္းဆိုသည္မွာေတာ့ တံခါးမႀကီးဘက္က မင္းတုန္းခ်ကာ အ၀င္မခံေသာေၾကာင့္ ၀င္လာလို႔မရျခင္းျဖစ္ေလသည္။
ခ်ူယြမ္လည္း ထိုအေမႊးဖြားဖြား ဧရာမပင့္ကူႀကီးကို ျမင္ေတာ့ ရူးမတတ္ လန္႔ဖ်တ္သြားရေလ၏။
"ရွစ္ဇီ!!!!!!"
"ရိွပါတယ္ဘုရား"
ရွစ္ဇီလည္း အဆင္သင့္ပင္ ေစာင့္ဆိုင္းေနၿပီးသား၊ ပဲေလွာ္လည္း စားမေနေတာ့။ အေျပးေရာက္လာကာ သြမ့္၀မ္အား ေဘးခန္းသို႔ ျပန္သြားရန္လာေျပာ၏။ ရွစ္ဇီလည္း ၾကားထဲမွ သက္ျပင္းေမာခ်ေနရပါၿပီ။
စိတ္ေကာက္ရင္လည္း ေကာင္းေကာင္းေခ်ာ့ၾကေပါ့၊ ဘယ္သူကမ်ား ပင့္ကူႀကီးတကားကားနဲ႔ လာေျခာက္တာ ျမင္ဖူးလို႔တုန္း။ သြမ့္၀မ္ကေတာ့ တကယ္ပါပဲ... နားကိုမလည္ႏိုင္ေတာ့ဘူး။
*********
Thz for reading.
2020.05.11.
Special thanks to lovely comments.
*********