Unicode version
[ယဲန့်ဟွီတည်းခိုဆောင်မှာ လန်ဂျီးရောက်နေတယ်]
နန်မော်ယဲ့ ပို့လာသော ကျင့်စဥ်မှာ သိပ်ပြီးယုံကြည်ကိုးစားချင်စဖွယ် မကောင်းသော်လည်း အင်မတန်မှ အကျိုးများနေခဲ့သည်။ကျင့်စဥ်ပြီးသွားသည့်နောက် သွမ့်ပိုင်ယွဲ့တစ်ကိုယ်လုံး ပေါ့ပါးကာ နေလို့ကောင်းလာသည့်အပြင် အတွင်းရှိ သိဒ္ဓိစွမ်းအင်လည်း ယခင်ကထက် ပို၍အခြေအနေတည်ငြိမ်နေခဲ့သည်။ မနေ့ညက ချီဓာတ်ပြန်ယိုယွင်းမလားဟု တထိတ်ထိတ်စိုးရိမ်နေရသည့် သွမ့်နေ့လည်း ခုမှ စိတ်သက်သာရာရသွားတော့သည်။
၀ူမျိုးရိုးမြင်းလှည်းဆိုင်တွင်တော့ လူစည်ကားနေမြဲ ။ သွမ့်ပိုင်ယွဲ့က သစ်ပင်ထက်တွင် အကျအနနေရာယူ ပုန်းခိုလိုက်ကာ ထိုဧည့်ခန်းဆောင်အိမ်အိုလေးကိုသာ မပြတ်စောင့်ကြည့်နေ၏။ နှစ်ရက်လောက်ကြာတော့လှည်းတစ်စီးရောက်လာကာ ယခင်နေ့တုန်းကတွေ့ခဲ့သော ထိုအစေခံယောကျ်ားကပင် ကုန်ပစ္စည်းများကို လှည်းပေါ်မှ ချကာ အိမ်ထဲသို့ သယ်သွား၏။ပစ္စည်းများမှာ သစ်သားဖြင့်လုပ်ထားသောကြောင့် အလေးချိန်က ပေါ့ပါးမနေလောက်၊ သယ်ဆောင်ရသည်မှာ အတော်ပင် ပင်ပန်းလောက်ပေသည်။
ထိုအစေခံက အထဲသို့ ပစ္စည်းသယ်သွားစဥ် သွမ့်ပိုင်ယွဲ့လည်း ခြံ၀င်းအတွင်း လွှားခနဲခုန်၀င်သွားပြီး ယိုယွင်းနေသာ အိမ်နံရံအပေါက်များမှတစ်ဆင့် ချောင်းကြည့်တော့ အိမ်ကြမ်းပြင်ပေါ်တွင် တကယ်ပင် လျှို့၀ှက်ဥမင်လိုဏ်ခေါင်းရှိနေပေသည်။ ပုံမှန်အချိန်များတွင် ဆွေးမြေ့နေသော သစ်တုံးများကို ထိုအပေါ်မှ ထပ်ထားသောကြောင့် မည်သူမဆို မြေအောက်ဥမင်ပေါက်ရှိမှန်း အမှုမဲ့အမှတ်မဲ့ သတိထားမိမည်မဟုတ်။
ထိုအစေခံ၏ အသွားအပြန်ကြာချိန်ကို သွမ့်ပိုင်ယွဲ့ တစ်ခေါက်မျှ သေချာစောင့်ကြည့်တွက်ချက်ပြီးနောက် နောက်မှလိုက်ပါချောင်းကြည့်ရန် တွေးတောကြံစည်နေလေပြီ။ ထိုဥမင်ထဲတွင် မည်သို့သော လျှို့၀ှက်ကိစ္စများ လုပ်ဆောင်နေသည်လဲဆိုသည်ကို လိုက်လံစုံစမ်ူရန်ပင်ဖြစ်သည်။
အိမ်ထဲတွင် နောက်ထပ် သေတ္တာကြီးသုံးခု ကျန်နေသေး၏။ အစေခံယောကျ်ားလည်း တစ်ချက်မျှ အသက်၀၀ရှူရှိုက်ပြီးအားယူလိုက်ကာ သေတ္တာကြီးတစ်ခုကို ပခုံးပေါ် ထမ်းပြီး သယ်သွားပြန်လေတော့ သွမ့်ပိုင်ယွဲ့လည်း သူ့နောက်မှ တိတ်တဆိတ်လိုက်သွားလေသည်။ လက်ဖက်ရည်ခွက်တစ်၀က်စာ ကုန်လောက်သည့်အချိန်လောက် ဆင်းသွားပြီးချိန်မှာတော့ ညီညာပြန့်ပြူးသောမြေပြင်တစ်နေရာကို ရောက်လေသည်။ မည်မျှထိနက်အောင် ဥမင်တူးထားမှန်း မမှန်းဆနိုင်သေး။
ထိုဥမင်ထဲတွင် အလင်းရောင်နည်းကာ အစေခံယောကျ်ားမှာလည်း ပစ္စည်းကြီးကြီးကို သယ်ထားနေရသောကြောင့်၊ သိုင်းပညာလည်း ကျင့်ဖူးသည့်ပုံလည်း မရှိသောကြောင့် နောက်မှ လူတစ်ယောက်လိုက်လာခြင်းကို သတိမပြုမိ။ခဏမျှ ဆက်လျှောက်သွားတော့ မီးရောင်ပျပျလေး စမြင်ရလေ၏။ ခပ်လှမ်းလှမ်းမှ လူများစကားပြောနေကြသံနှင့် အလုပ်လုပ်နေကြသောအသံများ ပျံ့လွင့်လာလေသည်။
ထိုအစေခံယောကျ်ားရောက်လာသည်ကိုမြင်တော့ အထဲရှိလူများက ၀ိုင်း၀န်းနှုတ်ဆက်ကြပြီးနောက် မိမိတို့လုပ်စရာရှိသည်တို့ကိုသာ ပြန်လည်လုပ်ကိုင်နေကြသည်။ သွမ့်ပိုင်ယွဲ့လည်း မှောင်ရိပ်ခိုကာ အခြေအနေကိုသေချာအကဲခတ်နေ၏။ ဤဥမင်
လိုဏ်ခေါင်းအတွင်းတွင် အနည်းဆုံး လူတစ်ရာကျော်မျှရှိနေပြီး လိုဏ်ဂူနံရံနားတွင် စင်များပြုလုပ်ထားကာ ထိုစင်များပေါ်တွင် စနစ်တကျသေသပ်စွာ စီရီပြုလုပ်ပြီးသွားသော သစ်သားအစိတ်ပိုင်းများ စုပုံထားသည်။ လက်သမားအယောက်တိုင်းမှာ မိမိလုပ်ရမည့်တာ၀န်ကို ရှင်းလင်းပြတ်သားစွာ နားလည်ကျွမ်းကျင်ပြီးသားပုံရကာ တန်းလျားသုံးတန်း စနစ်တကျ ခွဲကာ အတွဲညီညီ အလုပ်လုပ်နေ၏။ ထိုသို့ ဟာကွက်မရှိပဲ အချင်းချင်း အတူတကွ သဟဇာတဖြစ်စွာ အလုပ်လုပ်နေကြသည်ကိုထောက်လျှင် ဒီလူများမှာ အချိန်တစ်ခုကြာအောင် အတူတူ အလုပ်လုပ်နေခဲ့ကြမှန်း သိသာထင်ရှားပေသည်။
အစေခံယောကျ်ားက ၎င်းသယ်လာသော သေတ္တာကိုချပြီး ချွေးသုတ်လိုက်ပြီးနောက် ကျန်ရှိသော နောက်သေတ္တာများကို သယ်ယူရန် အပေါ်ပြန်တက်သွားသည်။သို့သော် သွမ့်ပိုင်ယွဲ့ကတော့ ပြန်လိုက်မသွားသေးဘဲ အခြေအနေအရပ်ရပ်ကို နောက်တစ်ကြိမ်သေချာအကဲခတ်နေရန် ကျန်နေခဲ့လေသည်။
ထိုလက်သမားများ ပြုလုပ်ဖန်တီးပြီးသောပစ္စည်းများကို အဆိုပါသစ်သားသေတ္တာငယ်များထဲ ထည့်လိုက်ပြီး အပြင်ဘက်မှ ဆေးရောင်သုတ်လိုက်ကာ အခြားတစ်နေရာသို့ဆက်လက်ပို့ဆောင်ရန် ထောင့်တစ်နေရာ၌
ဆက်လက်စုပုံထားကြောင်း သေချာတွေ့ရပြီးခါမှ သွမ့်ပိုင်ယွဲ့ထွက်လာခဲ့သည်။
ဥမင်တွင်း၌ ပန်းရနံ့သင်းသင်းတစ်မျိုး ပျံ့လွှင့်နေလျက်၊ တစ်ချက် အနံ့ရလိုက် ပျောက်သွားလိုက်နှင့် သွမ့်ပိုင်ယွဲ့အတွက် အင်မတန်ရင်းနှီးသည့်ရနံ့ဖြစ်နေသည်။ သွမ့်ယောင် ပိုးကောင်များမွေးမြူလျှင် ထိုအကောင်တို့၏ အဆိပ်ကို ခေတ္တပျက်ပြယ်စေရန် ဖိနှိပ်ပြယ်လွင့်စေနိုင်စွမ်းရှိသည့် ပန်း၏ ရနံ့ဖြစ်ကာ
တယ်အီ့လန်ပန်းဟုအမည်ရှိသော ဆေးဖက်၀င်ပန်းတစ်မျိုးဖြစ်သည်။ ဥမင်၏အခြားလမ်းကြောင်းထိပ်မှ ဟောဟဲလိုက်မောရှိုက်နေသံကိုကြားလိုက်ပြီး ထိုအစေထံယောကျ်ားမှာ နောက်ဆုံးသောသေတ္တာကိုသယ်ယူလာပြီးမှန်းသိတော့ သွမ့်ပိုင်ယွဲ့လည်း ထိုလျှို့၀ှက်ဥမင်ထဲမှ ထွက်လာခဲ့လေ၏။
*********
မြင်းတပ်စခန်းတွင် ချူယွမ်က အစီရင်ခံများဖတ်ရှုနေစဥ် သွမ့်၀မ်ရောက်လာပြီဖြစ်ကြောင်း အပြင်မှရှစ်ဇီက လှမ်း၍သံတော်ဦးတင်လာသည်။
ချူယွမ်က သွမ့်ပိုင်ယွဲ့ကို မော့ကြည့်လိုက်ကာဆို၏။
"တစ်ခုခုတွေ့ခဲ့တာမလား.... မဟုတ်ရင် မင်း ဒီလောက်အစောကြီး ပြန်လာမှာမဟုတ်ဘူး"
"ဘာမှရှာမတွေ့ဘူးဆိုရင်တော့ ဆူကျူးချိုးက အင်မတန်စေ့စပ်သေချာလွန်းသွားပြီ"
သွမ့်ပိုင်ယွဲ့က စားပွဲပေါ်တက်ထိုင်ပြီး အေးဆေးစွာ ဆက်ပြောလာသည်။
"ဒီနေ့ အဲ့ဒီအိမ်အိုထဲ ပစ္စည်းအသစ်တွေထပ်လာပို့တယ်၊ ကိုယ်လည်း အဲ့မြေအောက်ဥမင်ထဲထိ လိုက်သွားကြည့်လိုက်တာ"
ချူယွမ် အနည်းငယ် တုန်လှုပ်သွားလေသည်။
"မင်း အဲ့ဥမင်ထဲထိ လိုက်သွားတယ်? "
"အင်းလေ....လိုက်သွားလို့မရဘူးလား"
ချူယွမ်၏ ဆိုလိုရင်းကို သွမ့်ပိုင်ယွဲ့ နားမလည်မှန်းသိသာသည်။ချူယွမ်မျက်နှာ ရှုံ့မဲ့သွား၏။ သို့သော် မည်သို့မှ ထပ်မဆို။
"ကိုယ့်ကို စိတ်ပူလို့လား"
သွမ့်ပိုင်ယွဲ့က ပြုံးရင်း မေးလာတော့ ချူယွမ်နားရွက်များ ချက်ချင်းနီရဲသွားသည်။ မျက်၀န်းထဲတွင် အလိုမကျခြင်းများနှင့် ၊အတိအကျဆိုရလျှင် မိမိကိုယ်ကို ဒေါသဖြစ်ခြင်းများ လျှပ်ပြေးသွား၏။ ထိုဥမင်အောက် လိုက်ဆငိးသွားသည်ဟု ကြားကြားချင်း အဘယ်ကြောင့်များ မိမိစိတ်ခံစားချက်ကို သေချာမထိန်းချုပ်နိုင်ဘဲ လွတ်သွားခွင့်ပြုလိုက်သနည်းဆိုပြီး မိမိကိုယ်ကို စိတ်ဆိုးမိခြင်းပင်။
"လိုက်သွားရဲတယ်ဆိုမှတော့ ကိုယ် ဘာလုပ်ရမယ်မှန်း သေချာချင့်ချိန်နိုင်လို့ပါ...စိတ်မပူပါနဲ့...."
သွမ့်ပိုင်ယွဲ့က သူ့အား ဆက်လက်စနောက်ရင်း ပြောလက်စအကြောင်းအရာကိုဆက်ပြောလာသည်။
"အဲ့အစေခံယောကျ်ားက သိုင်းပညာတတ်ပုံမရတော့ ကိုယ်လိုက်သွားမှန်း သိပုံမရဘူး ၊ ဥမင်ကြီးကို တော်တော်နက်နက်လေး တူးထားတယ်၊ အထဲမှာတော့ ကိုယ်တို့ခန့်မှန်းထားတဲ့အတိုင်းပဲ လက်သမားပေါင်းတစ်ရာကျော်လောက် အတွဲညီညီ စနစ်တကျအလုပ်လုပ်နေကြတယ်။ ဘေးအိမ်ကတောင်မနာလိုဖြစ်ကြရတဲ့ ဟိုအလုပ်ကြီးအကိုင်ကြီးလုပ်နေကြတယ်ဆိုတဲ့လူတွေ ဖြစ်မယ်ထင်တယ် "
"အယောက်တစ်ရာကျော်တောင်?....
အဲ့လောက်များတယ်လား ၊ သူတို့ ဘာတွေလုပ်နေကြတာလဲ"
"မသိဘူး၊ ယန္တရားတစ်ခုခုဖြစ်မယ်လို့တော့ထင်တယ်၊ လုပ်ပြီးသွားတာနဲ့ ကိုယ်တို့တွေ့ဖူးတဲ့ ဟိုသေတ္တာတွေထဲထည့်လိုက်တယ်။
ပိုဆိုးတာက ကူအဆိပ်ပါ ထည့်သုံးနေကြသလိုပဲ"
"အဲ့လောက်တောင် ရှုပ်ထွေးတာလား"
"အင်း။ ဘာပစ္စည်းမှန်းတော့မသိပေမယ့် သူ့အစိတ်အပိုင်း ခုနစ်ခုရှစ်ခုလောက် ဘယ်လိုပုံစံလဲဆိုတာကို ကိုယ်သေချာမှတ်မိတယ်။ မေးစရာလူ လိုက်ခေါ်ပေးရမလား"
"ဘယ်သူ့ကိုမေးမလို့လဲ ၊ ထျဲန်းယွီလား"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ထောက်ခံ၏။
"သူကငယ်သေးပေမယ့် ဒီမြို့မှာတော့ အတော်ဆုံးလက်မှုပညာရှင်ပဲ ။ အားလပ်ချိန်မှာ ရှေးဟောင်းပုံပြင်တွေပါ ဖတ်လေ့ရှိတာဆိုတော့ သူ သိချင်သိလောက်မှာပါ"
"ကောင်းတယ်"
"နေ့ခင်းပိုင်းက လူများတယ်၊ စူးစမ်းပြီးကြည့်လာမယ့်မျက်လုံးတွေများတော့ နေအေးတော့မှ သူ့ကိုခေါ်လာခိုင်းလိုက်မယ်။ အခုလောလောဆယ် အပြင်ဘက်မှာ ကပြဖျော်ဖြေနေတဲ့ ပြဇာတ်ပွဲရှိတယ်။ သွားကြည့်ချင်လား"
"အပြင်သွားရမှာလား? လူတွေမြင်သွားရင်
ဘယ်နှယ့်လုပ်မလဲ "
ချူယွမ်အနည်းငယ် လေးဖင့်သွား၏။ သွမ့်ပိုင်ယွဲ့က သဘောကျစွာရယ်မောလိုက်ကာ
"မြင်ချင်မြင်ပလေ့စေပေါ့။ ဧကရာဇ်ဖြစ်ရင် ပြဇာတ်မကြည့်ရဆိုပြီး ဥပဒေထုတ်ထားလို့လား။ ကိုယ် ရုပ်ဖျက်လိုက်ရင်အဆင်ပြေပြီ....."
အင်း၊ တစ်နေကုန် အိပ်ခန်းထဲအောင်းနေရတာလည်း မွန်းကျပ်သည်မှာအမှန်။
ထို့ကြောင့် ချူယွမ်လည်း ဆက်မငြင်းတော့။
*********
အပြင်ဘက်တွင် နှင်းကျထားသောအရှိန်ကြောာင့် အေးမြနေဆဲဖြစ်၏။ အပြင်ဘက်ထွက်မသွားကြမီ သွမ့်ပိုင်ယွဲ့က အပေါ်၀တ်ရုံတစ်ထည်ယူကာ ချူယွမ်ထက်သို့ ညင်သာစွာ ဂရုတစိုက်၀တ်ရုံဆင်မြန်းပေးလေသည်။
ရှစ်ဇီလည်း စိတ်ထဲမှ ပျော်ရွှင်စွာ တွေးနေမိ၏။
ရှီးနန်၀မ်က တကယ် ဂရုတစိုက် ပြုစုပေးတတ်တာပဲ ၊ ၀တ်ရုံတောင်မှ တကယ်နွေးတဲ့ ခပ်ထူထူဟာလေး ရွေးပြီး၀တ်ပေးရှာတယ်။
ပြဇာတ်ဟုဆိုပေမင့် ဒေသန္တရအနုပညာသည်များက ကလေးများကို ဖျော်ဖြေကပြရန်လောက်သာဖြစ်သည်။ စင်လေးတစ်စင်ဆောက်သည်၊ ကော်ဇောခင်းသည်၊ တူရိယာများတီးမှုတ်သည်၊ ဤမျှဖြင့် နတ်သမီးပုံပြင်များ အချစ်ပုံပြင်များကို ကပြတင်ဆက်၍ရပြီဖြစ်သည်။ လူကြီးများလည်း မနက်စာစားပြီး ဘာမှလုပ်စရာမရှိတော့သဖြင့် လမ်းကြုံ၀င်ကြည့်ကြလေရာ ပြဇာတ်စင်ရှေ့အတော်လေး လူစည်ကားနေ၏။
ဇာတ်လမ်းမှာ စိတ်၀င်စားဖွယ်မကောင်းသော်လည်း ချူယွမ်ကမူ လူအုပ်ကြီးထဲ ရောနှောပြီးရပ်နေရသည်ကို အတော်ပင်နှစ်ခြိုက်နေသည်။ ဧကရာဇ်ကိုယ်တော်တိုင် မိမိတို့ဘေးနားရောက်ရှိနေမှန်း မည်သူမှမသိကြ၊ ဖရဲစေ့လှော်လေးစားလိုက်၊ ပွဲကြည့်ရင်းအချင်းချင်းစနောက်ကာ ပြုံးရွှင်ရယ်မောလိုက်နှင့် ။ထိုသို့သော ပေါ့ပါးလွတ်လပ်မှုများကြောင့် ချူယွမ်မျက်၀န်းထဲ ပျော်ရွှင်မြူးတူးခြင်းအရိပ်အသက်တို့ ပြည့်ရွှမ်းနေ၏။
သွမ့်ပိုင်ယွဲ့က ဖရဲစေ့လှော်တစ်ထုပ်ကို ချူယွမ်အတွက်၀ယ်ပေးနေသည်။
"ဆားထည့်လှော်နော်၊ အရမ်းချိုလို့....."
ချူယွမ်က သွမ့်ပိုင်ယွဲ့အဖြစ်သည်းနေပုံကို တစ်ချက်မျှ လှစ်ကြည့်ကာ ရယ်ချင်နေ၏။
"ဘာကြောက်စရာလိုလို့လဲ.....ညိီလာခံထဲက ဟိုအဖိုးကြီးတွေမှ လာမမြင်တာကို"
သွမ့်ပိုင်ယွဲ့က ချူယွမ်နားရွက်အနား
ခပ်တိုးတိုး ကပ်ကာ ပြောလေ၏။
"ဆိုတော့ကာ....ဧကရာဇ်ပြည့်ရှင် မဟာမျိုးနွယ်ဖွားဆိုပြီး မင်းကိုဟိုဟာလုပ်ပါ ဒီဟာတော့မလုပ်နဲ့၊ မသင့်တော်ဘူးဆိုပြီး မင်းကို တတွတ်တွတ် လိုက်ပြောမယ့်လူမရှိဘူး..."
ချူယွမ်လည်း ဖရဲစေ့လှော်တစ်ဆုပ်မျှယူလိုက်ပြီး ဖြည်းဖြည်းချင်း ကိုက်စားနေလိုက်သည်။
ပွဲစင်ထက်တွင်လည်း "ချစ်သူများ သက်ဆုံးတိုင်တွဲလက်ခိုင်ကြပါစေ"ဟူသော အပိုဒ်ကို အသံ၀င်လုနီးပါးစူးရှလှသော အသံဖြင့် သီဆိုလာတော့ အောက်ကပရိသတ်များလည်း လက်ခုပ်သြဘာ သောသောညံအောင် အားပေးကြကာ အင်မတန်ကောင်းသောဇာတ်လမ်းပဲဟုပင် ချီးကျူးကြသေး၏၊
ချူယွမ်လည်း ရွှေတုံးအသေးလေးတစ်ခု
ပွဲစင်ထက် ပစ်ပေးလိုက်ပြီးနောက် -
"ပြန်ကြစို့....."
သွမ့်ပိုင်ယွဲ့က ၀တ်ရုံကြိုးကို သေချာမြဲအောင်ချည်ပေးလိုက်ပြီး ချူယွမ်ကိုကာကွယ်ပေးရင်း လူအုပ်ကြားမှ တိုးထွက်လာလိုက်ကာ မြင်းတပ်စခန်းသို့ ပြန်လာလိုက်လေသည်။
ရှစ်ဇီလည်း ထိုနှစ်ယောက်ပြန်အလာကို
တံခါးဖွင့်ပေးရင်း ၀မ်းမြောက်စွာကြိုဆိုလေ၏။ ဧကရာဇ်အရှင် ဤသို့ပျော်ရွှင်နေသည်ကိုမြင်ရသည်မှာ အတော်ရှား၏၊ ယခုတော့ မျက်၀န်းတော်များပင် ပျော်ရွှင်မှုများဖြင့် လင်းလက်တောက်ပနေလို့။
သွမ့်ပိုင်ယွဲ့က ချူယွမ်၏အပေါ်၀တ်ရုံကို ကူချွတ်ပေးပြီး ဘေးနားအသာထားလိုက်သည်။
"မင်းသဘောကျရင် နောက်တစ်ခါကျ တခြားဟာတွေ လိုက်ပြပေးဦးမယ်"
"အင်း.....ကောင်းတယ်"
ချူယွမ်က ခေါင်းညိတ်လက်ခံ၏။
"ဒါဆိုရင် အခုအချိန်ကျပြီဆိုတော့ ထျဲန်းယွီကို ကိုယ်သွားခေါ်လိုက်ဦးမယ်"
"ချိန့်လျဲ့ရှိတယ်လေ ၊ သူ့ကိုပဲ သွားခေါ်ခိုင်းလိုက်ပေါ့....."
ထိုစကားကို သွမ့်ပိုင်ယွဲ့ကြားတော့ ခေတ္တမျှ ဆိုင်းငံ့သွားသည်၊ ခဏကြာတော့ ၀မ်းမြောက်ပျော်ရွှင်သွားလေ၏။
သူ့အား ချူယွမ်ဘက်ကစတင်ပြီး အနားမှာပဲဆက်နေပေးရန် ပထမဆုံးအကြိမ် သိသိသာသာကြီး ဆွဲခေါ်ထားခြင်းပင် မဟုတ်လား။
ချူယွမ်က သွမ့်ပိုင်ယွဲ့၏အကြည့်များကိုရှောင်လွှဲလိုက်ကာ -
"ဟိုက လက်သမားဆရာအသေးလေး၊ မင်းကို အရင်ကလည်း မမြင်ဖူးတဲ့ဟာ...သူအရမ်းလန့်သွားရင် ဘယ်နှယ့်လုပ်မလဲ"
"ဟုတ်ပါ့နော်"
သွမ့်ပိုင်ယွဲ့က ချူယွမ်နား ထိုင်ခုံယူလာပြီး ထိုင်နေလိုက်ကာ ဆက်ပြော၏။
"ကိုယ့်ရုပ်က အရမ်းကြောက်ဖို့ကောင်းတာကို..... အပြင်လျှောက်လျှောက်သွားပြီး လမ်းသလားနေလို့မကောင်းဘူးလေနော့ "
ချူယွမ်က မကြားချင်ယောင်ဆောင်ကာ လက်ဖက်ရည်ငှဲ့ရန် လက်လှမ်းလိုက်လေ၏။
******
နာရီ၀က်ခန့် အချိန်လွန်မြောက်သွားတော့
ထျဲန်းယွီလည်း ချိန့်လျဲ့၏ဦးဆောင်မှုဖြင့် မြင်းတပ်စခန်းသို့ ရောက်ရှိလာသည်။ ဧကရာဇ်အရှင်ကို ယခင်ကလည်း တစ်ကြိမ်အခစား၀င်ဖူးပြီးဖြစ်လေရာ ဧကရာဇ်အရှင်မှာ ကြောက်စရာမကောင်းသည့်အပြင် မေတ္တာကရုဏာပြည့်၀သောသူမှန်းသိပြီးဖြစ်သည်မို့ အတော်အတန် စိတ်ထဲလေးလံမနေဘဲ အတော်ပင်အဆင်ပြေနေ၏။
ချူယွမ်က ဘေးနားရှိစာလိပ်တစ်ခုကို ရှစ်ဇီမှတစ်ဆင့် ထျဲန်းယွီအား ပေးစေကာ-
"ဘာပစ္စည်းတွေမှန်း ဆရာလေးသိပါသလား"
သွမ့်ပိုင်ယွဲ့လည်း ရုပ်ဖျက်ထားကာ သက်တော်စောင့်တစ်ဦးအဖြစ် ယောင်ဆောင်နေပြီး ချူယွမ်နောက်မှရပ်နေလေသည်။
ထျဲန်းယွီက ထိုစာရွက်နှစ်ရွက်ကို သေချာကြည့်ပြီး ခေါင်းခါပြကာ-
"ဒါက....ကျွန်တော်မျိုးလည်း မသိရကြောင်းပါဘုရား"
"မလောနဲ့ ၊ သေချာလေး အချိန်ယူပြီး ကြည့်"
ထိုစကားကိုကြားတော့ ထျဲန်းယွီလည်း မပေါ့ဆရဲတော့ဘဲ အချိန်တော်တော်ကြာ စေ့စပ်စွာကြည့်နေသည်။ ထို့နောက်မှ ထိတ်လန့်တကြားဖြင့် ပြောလာ၏။
"မိစ္ဆာသေတ္တာများဖြစ်နေမလား!!!!!"
"မိစ္ဆာသေတ္တာဆိုတာ ဘာလဲ"
ချူယွမ်လည်း ခုမှ ထိုေ၀ါဟာရကိုကြားဖူးသည်။ ထျဲန်းယွီက အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ဖြေ၏။
"ဒါက ရှေးဆရာအစဥ်အဆက် တားမြစ်ပိတ်ပင်ခဲ့တဲ့ အတတ်ပညာပါဘုရား။ ကျွန်တော်မျိုးလည်း ဒီပစ္စည်းကို တစ်ခါမှမမြင်ဖူး ၊ ပုံတူတောင်မှ မမြင်ဖူးဘူးဆိုတော့ ဒီပစ္စည်းဟုတ်မှန်ရဲ့လားဆိုတာ ကျွန်တော်မျိုးလည်း ပြောရခက်ပါတယ်။ ရှေးလူကြီးတွေကနေ ကလေးတွေကိုပြောပြထားတဲ့ပုံပြင်တွေကနေပဲ ကြားဖူးနား၀ရှိတာပါဘုရား"
"ဘာလို့ တားမြစ်ပိတ်ပင်ခဲ့တာလဲ"
"ဒီကိစ္စက......"
ထျဲန်းယွီက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီးမှ ဆက်၍လျှောက်တင်၏။
"လူကြီးသူမတွေပြောပြသလောက်တော့...ရှေးလူကြီးတွေက ဒီပစ္စည်းကိုဖန်တီးတဲ့အချိန်မှာ လက်သည်တရားခံမပေါ်အောင်လူသတ်ဖို့ စီမံပြုလုပ်ထားခဲ့တဲ့ လျှို့၀ှက်လက်နက်တစ်မျိုးလို့ သိရပါတယ်ဘုရား။ အရေးကြုံလာရင် အသက်ဘေးကနေ လွတ်အောင်ရုန်းနိုင်ဖို့ဆိုပြီး ဒီပစ္စည်းလုပ်နိုင်ဖို့ အကြာကြီး ဆည်းပူးလေ့လာခဲ့ကြပါတယ်တဲ့ ။ အနှောင့်အယှက်အမျိုးမျိုးကြုံခဲ့ရပြီး ဖန်တီးတဲ့လူ ဆုံးပါးခါနီးမှ ဒီပစ္စည်းကို အပြီးသတ်နိုင်ခဲ့တာပါ။ သေတ္တာအဖုံးဖွင့်လိုက်ရုံနဲ့ အပ်ပေါင်း သောင်းဂဏန်းနီးပါး ထွက်လာမှာဖြစ်ပြီး အပ်ထိပ်ဖျားမှာလည်း အဆိပ်လူးထားပါတယ်၊ အပ်ထဲမှာလည်း ကူအဆိပ်ပိုးထည့်ထားပါတယ်.....ဒါကြောင့် သေတ္တာတစ်ခုတည်းနဲ့တင် အားကောင်းမောင်းသန်ယောကျ်ား အယောက်ခုနစ်ဆယ်ရှစ်ဆယ်ရှိရင်တောင် မလွယ်ဘူးဘုရား၊ ဘယ်သူမဆို ကူအဆိပ်မိသွားရင် ချက်ချင်းတောင့်တင်းသွားပြီး တစ်ခဏအတွင်း သေဆုံးမှာပါဘုရား....."
"အဲ့လောက်တောင် ဆိုးတယ်လား"
ချူယွမ်မျက်မှောင်ကြုံ့သွား၏။ သွမ့်ပိုင်ယွဲ့လည်း ခေါင်းခါရုံမျှသာ။ အကယ်၍ ဆူကျူးချိုးသာ ဒီပစ္စည်းမျိုး ဖန်တီးခဲ့သည်မှန်လျှင် သေဒဏ်ပေးရန် ထိုက်တန်နေလေပြီ။
"မိစ္ဆာသေတ္တာက အချိန်အတိုင်းအတာတစ်ခုထိ ကျော်ကြားခဲ့ပါသေးတယ်၊ နောက်ပိုင်းမှာတော့ ဒီပစ္စည်းကြောင့်ပဲ မိသားစုအချင်းချင်း တွေတောင်မှ သတ်ဖြတ်ကြတာတွေ များလာပါတယ်။ တစ်နေ့တော့ ကိုယ်ကျင့်တရားကိုအလေးထားတဲ့ ဆရာသခင်တစ်ယောက်က ရှိရှိသမျှ မိစ္ဆာသေတ္တာတွေကို၊ ပုံတူစာရွက်ကအစ လူအများရှေ့မှာ အကုန်မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး တာ့ယဲန့်မြို့လည်း သစ်မှုလုပ်ငန်းတွေပြန်လုပ်ပြီး ပရိဘောဂတွေ၊မြင်းလှည်းတွေပဲ ဖြန့်ချိရောင်းချခဲ့တာ သစ်မှုရေးရာမှာ ပါရဂူမြောက်တဲ့မြို့အဖြစ် ပြန်ပြီးအသက်၀င်လာပါတယ်၊ မိစ္ဆာသေတ္တာအကြောင်းလည်း ပုံပြင်တွေထဲမှာသာ ကျန်ခဲ့ပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ပါဘူး"
"လက်စသတ်တော့ ဒီလိုကိုး "
ချူယွမ်က ဆက်ပြော၏။
"ဒါဆိုရင် ဒီလောကမှာ ဒီလက်ရှိအချိန်မှာ မိစ္ဆာသေတ္တာဆိုတာကို ဘယ်သူမှ မမြင်ဖူးတော့ဘူးဆိုခါမှ မှန်မှာပေါ့"
"မှန်ပါ့ဘုရား"
"ဆရာလေးလည်း ပင်ပန်းသွားပါပြီ"
ချူယွမ်လည်း ထျဲန်းယွီအား ဆုတော်လာဘ်တော်ပေးသနားရန် ရှစ်ဇီအားအချက်ပြပြီး ခေါ်ထုတ်သွားစေ၏။
*******
"ကုန်းကုန်းစိတ်ချပါ....ကျွန်တော်မျိုး ဘာစကားမျိုး ပြောသင့်တယ် ဘာမပြောသင့်ဘူးဆိုတာမျိုးတော့ ကောင်းကောင်းသိပါတယ်ခင်ဗျာ"
ထျဲန်းယွီက ငွေစက္ကူများအား အိတ်ထဲထည့်သိမ်းရင်းဆို၏။ ရှစ်ဇီအား အားပါးတရပြုံးပြပြီး ချိန့်လျဲ့အား လိုက်ပို့ခိုင်းစေသည်။
ပြုံးထားကြမယ်.... ပြုံးရွှင်ဖော်ရွေတဲ့လူကို ရောက်တဲ့နေရာတိုင်း လူချစ်လူခင်ပေါတယ်တယ်လေ။
*******
"ကိုးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိတယ်တယ်"
သွမ့်ပိုင်ယွဲ့က ဆက်ပြော၏။
"ဥမင်ထဲ ကိုယ်ဆင်းသွားတုန်းက တယ်အီ့လန်ပန်းအနံ့ ရသေးတယ်၊ ပုံမှန်အားဖြင့် ရှီးနန်မှာစိုက်ကြတဲ့ပန်းပဲ ၊ အဆိပ်တွေကို ဖိနှိပ်ထားချင်တဲ့အချိန်မှာမှသုံးကြတာ"
"လူယုတ်မာကောင်!!!!!!"
ချူယွမ်မျက်၀န်းများ အေးစက်နေခဲ့သည်။ အတော်ပင် ဒေါသမီးတဟုန်းဟုန်းထနေမှန်း သိသာနေသည်။
"ခုနေ ဒေါသထွက်နေလည်း အကျိုးမရှိဘူး။ ဒီကိစ္စက ဒီလောက်ထိခရီးရောက်နေမှတော့ ပြဿနာဖြေရှင်းနိုင်မယ့်နည်းကိုပဲ စဥ်းစားကြရအောင်ပါ....."
သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုက်ကာ ချူယွမ်၏ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း ဆိုလာ၏။
မိစ္ဆာသေတ္တာများ၏ ဤမျှများပြားသောပမာဏကိုထောက်ဆသော် ၀ယ်ယူသူမှာ သိုင်းလောကမှလူများမဟုတ်တန်ရာ။ ထို့အပြင်တာ့ယဲန့်မြို့မှာ နဂိုကတည်းက သစ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ကာ နန်ယန်မှကုန်သည်များပင် အချင်းချင်း လုယက်၀ယ်ယူရသေးသည်။ အကယ်၍များ ထိုသေတ္တာများကို ၎င်းတို့၏ ကုန်ပစ္စည်းများကြားထည့်ဖွက်လိုက်လျှင် မိစ္ဆာသေတ္တာပေါင်းထောင်ဂဏန်းမျှ ၀င်ဆံ့လေသည်၊ သာမန် သစ်သားနီဗီဒိုထဲ ထည့်ဖွက်လျှင်ပင် မည်သူမျှမသိအောင် အတော်များများ ထည့်ထားနိုင်သည်လေ။
ပြီးတော့.....
အကယ်၍များ တိုင်းတပါးကသာ ဤပစ္စည်းကို ရွှေငွေရတနာများစွာ ပုံအောပြီး ၀ယ်ယူနေသည်ဆိုလျှင်တော့......ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်မည်မှန်း ပြောနေစရာမလိုတော့။ဤသေတ္တာတစ်ခုတည်းနှင့်ပင် ချူတပ်မတော်၏ တပ်သားများစွာကို လွယ်ကူစွာ အသက်ဇီ၀ိန်ခြွေနိုင်ပေလိမ့်မည်။ ဤသို့တွေးမိလိုက်တော့ ချူယွမ်တစ်ယောက် ဆူကျူးချိုးကို တစ်စစီ ကြေမွအောင် ခုတ်ထစ်ပိုင်းဖြတ်ပစ်ချင်နေပြီဖြစ်သည်။
သူ့နောက်မှရပ်နေသော သွမ့်ပိုင်ယွဲ့က လက်နှစ်ဖက်ဖြင့် ချူယွမ်မျက်၀န်းများကို အသာပိတ်လိုက်တော့ ချူယွမ်တစ်ကိုယ်လုံး တွု့ဆိုင်းသွား၏။
"သတ်ဖို့ဖြတ်ဖို့ကိစ္စမျိုးဆို ကိုယ်ပဲဒိုင်ခံလုပ်ပေးမယ်....မင်းမျက်၀န်းထဲမှာတော့ လူသတ်ချင်တဲ့အရိပ်အယောင်တွေ မရှိစေလေနဲ့"
"ဆူကျူးချိုး .....သူ ဘယ်ကနေ သတ္တိတွေရပြီး ဒီလောက်ထ်ိ အတင့်ရဲနေတာလဲ"
"လောဘကြောင့်သေတယ်ဆိုတဲ့စကားလိုပေါ့။ ဒီလိုသာဆို သူတော့ ရွှေတောင်နီးပါး အမြတ်ရနေနိုင်မှာအမှန်ပဲ၊ ဓားပြအတိုက်ခံရတာလောက်တော့ ဖြစ်သင့်ပါတယ်"
"အရင်တုန်းက သူ ဘယ်လောက်ပဲ ထုတ်ရောင်းထားပါစေ၊ ဒီနေ့ကစပြီး ဒီပစ္စည်းကို တစ်ခုမှ မြို့ပြင်အထွက်မခံစေနဲ့"
"ရတယ်"
နှစ်ယောက်သားစကားပြောနေစဥ် အရာရှိချိန့်လျဲ့ အခစား၀င်လိုကြောင်း ရှစ်ဇီမှ အကြောင်းကြားလာ၏။
"၀င်လာခိုင်းလိုက်"
ချူယွမ်လည်း သွမ့်ပ်ိုင်ယွဲ့အား ကန့်လန့်ကာနောက် ခေတ္တသွားနေရန် အချက်ပေးလိုက်ပြီးနောက် စားပွဲဘေးနား ပြန်ထိုင်လိုက်လေသည်။
"အရှင်မင်းမြတ်.....မြို့စားမင်းအိမ်တော်မှာ လှုပ်ရှားမှုစတင်ပြုလုပ်နေပါပြီ"
"ဘယ်လိုလှုပ်ရှားမှုမျိုးလဲ"
"မှော်နက်ဂိုဏ်းကလူတွေ ဆူကျူးချိုးဆီ ထပ်လာပါတယ်ဘုရား၊ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရပြီးတဲ့နောက် ရွှေတောင်ကိုသွားတူးဖို့ လျဲ့ယာတောင်ထွဋ်ဆီ မနက်ဖြန်သွားကြပါမယ်လို့ သိရပါတယ်"
"ဆူကျူးချိုးကိုယ်တိုင်သွားမှာလား"
"မှန်ပါ့ဘုရား"
"အရာရှိချိန့် ပင်ပန်းသွားပါပြီ။ သူတို့ကို ဆက်ပြီးစောင့်ကြည့်ထား ၊ အဲ့ဒီရွှေတောင်ဆိုတာကြီးက ဘယ်လောက်များနေလို့လဲဆိုတာ ကြည့်ကြသေးတာပေါ့"
ချိန့်လျဲ့လည်း ဧကရာဇ်အမိန့်ကို နာခံယူလိုက်ပြီး ထွက်သွားသည်။ ဤတစ်ခေါက်လည်း သူနားမလည်နိုင်သော တစ်ခုရှိနေပြန်သည်။။
ဘာလို့ ကန့်လန့်ကာနောက်မှာ လူရှိနေပြန်တာလဲ။ ဒီလူက ဘယ်သူမို့လို့ ဧကရာဇ်ရဲ့ စက်တော်ခေါ်ခန်းထဲ နေ့တိုင်းလိုလို ရောက်နေရတာလဲဟ။
******
"ကိုယ်ပါ လိုက်ပြီးစောင့်ကြည့်ပေးရမလား"
သွမ့်ပိုင်ယွဲ့ကမေးလာ၏။
"မလိုပါဘူး၊ ချိန့်လျဲ့နဲ့တင် လုံလောက်ပါတယ်။ လူများလွန်းရင် သူတို့ကိုအသိပေးသလိုမျိုး ဖြစ်သွားလိမ့်မယ်၊ တကယ့်အဖြစ်အပျက်က ဘယ်လိုလဲဆိုတာ
ဒီတိုင်းပဲစောင့်ကြည့်ရအောင်"
"ကောင်းသားပဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်ထိုင်နေသည့်ဘေးနား ထိုင်လိုက်ကာဆက်ဆို၏။
"ညဥ့်နက်နေပြီ...အနားယူတော့မယ်မလား"
ချူယွမ်က ခေါင်းအသာခါ၏၊ စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြစရာက များနေသည်။
"မင်း ဒီလိုဖြေမယ်မှန်း သိတော့သိနေသား၊ စောနကနောင် ဘယ်လိုမှမနေပေမယ့် ခုတော့ အဲ့ဒီဆူကျူးချိုးကို ကိုယ် တကယ်သတ်ပစ်ချင်လာပြီ "
"သူတကယ် ဥပဒေချိုးဖောက်ရိုးမှန်ရင် တာ့လီတရားရုံးက စီရင်လိမ့်မယ်။ တာ့ချူရဲ့ ဥပဒေက သေချာချမှတ်ထားတာမို့ ဘယ်သူကမှ ရာဇ၀တ်ဘေးပြေးမလွတ်စေရဘူး"
"ကြည့်လေ...မင်းအတွေးတွေက အကျိုးအကြောင်းဆီလျော်နေတာပဲဟာ၊ ဘာကိစ္စ ခုလိုမျိုး ကိုယ့်ကိုယ်ကို ဖိအားပေးပြီး စိတ်ညစ်နေရတာလဲ"
သွမ့်ပိုင်ယွဲ့က ပြန်ထရပ်ကာ ချူယွမ်၏၀တ်ရုံတော်ကို သေချာညှိယူပြုပြင်ပေးရင်း ဆက်ပြောသည်။
"တစ်ညလုံး မအိပ်ဘဲနေတော့လည်း ဘာအကျိုးထူးမှာလဲ ၊ ကျန်းမာရေးအတွက်
မကောင်းတဲ့အပြင် ဘာကောင်းကျိုးမှလည်း မရှိဘဲနဲ့"
"တော်ပါ ၊ မင်းရဲ့ အကျိုးသင့်အကြောင်းသင့် ဖျန်ဖြေနှစ်သိမ့်တဲ့စကားမျိုး ကိုယ်တော် ဆက်မကြားချင်ဘူး"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ-
"အကျိုးသင့်အကြောင်းသင့် နှစ်သိမ့်တဲ့စကားနားမထောင်ချင်ဘူးဆိုတော့ ဘာကိစ္စမျိုး ပြောစေချင်လို့လဲ။ ချစ်ကြောင်းကြိုက်ကြောင်းစကားတွေ ပြောလို့ကော ရမလား..."
ချူယွမ်က ထိုစကားကိုကြားတော့ ချက်ချင်း ပင် တစ်ကိုယ်လုံးတောင့်ခဲသွား၏။ မိမိကပဲ နားကြားလွဲလေသလား။
သွမ့်ပိုင်ယွဲ့ကတော့ သူ့အား ပြုံးရိပ်သမ်းသော မျက်၀န်းများဖြင့် ကြည့်နေသည်။
နွေးထွေးမှု ၊ နူးညံံ့မှုများနှင့်လည်း ပြည့်ရွှန်းလျက်။
ထို့နောက် ရှစ်ဇီဘက်က အခန်းထဲမှ ဖြန်းခနဲ အသံတစ်ခု ကြားလိုက်ရသည်။ ခဏနေတော့ သွမ့်ပိုင်ယွဲ့က အခန်းထဲမှ ထွက်လာကာ လှေကားရင်း၌လာထိုင်ပြီး သော်တာလမင်းကို ငြိမ်သက်စွာ မော့ကြည့်နေလေသည်။ ရှစ်ဇီလည်း အဓိပ္ပာယ်တစ်မျိုးသက်ရောက်သော အကြည့်ဖြင့် သွမ့်ပိုင်ယွဲ့အား ကရုဏာသက်စွာ ကြည့်လာ၏။
ဧကရာဇ်အရှင်ရဲ့ ၀သီစရိုက်အရ လုံး၀လောလို့မရဘူး... သွမ့်၀မ်၊ လုံး၀လောလို့မရပါဘူး။
******
မှန်းဆထားသည့်အတိုင်းပင် မနက်စာစားပြီးနောက် ဆူကျူးချိုးလည်း ခိုးကြောင်ခိုး၀ှက်နှင့် အိမ်မှထွက်ကာ မြင်းလှည်းနှင့်ထွက်သွားတော့သည်။ ချိန့်လျဲ့လည်း စောင့်ကြည့်နေမှန်းသိပေမင့် သွမ့်ပိုင်ယွဲ့ကပါ ကိုယ်တိုင် လိုက်ကြည့်လေသည်။ မြင်းတပ်စခန်းမှာ ဆက်နေ၍လည်း ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိ၊ ယခုလို ပြဿနာဖြေရှင်းရန် ထွက်လာတာကမှ ပိုကောင်းသေးသည်။ သို့မဟုတ်ပါက ဤကိစ္စကြောင့်ပင် စားမ၀င်အိပ်မပျော်နိုင်လောက်အောင် တစ်စုံတစ်ယောက်ကတော့ စိတ်ညစ်ညူးနေရပေဦးမည်။
မြင်းလှည်းမှာ မြို့တံခါးမှထွက်သွားပြီးနောက် မြို့ပြင်ရှိ လမ်းဘေးတစ်နေရာ၌ရပ်နားသွား၏။ ထို့နောက် ဆူကျူးချိုးတစ်ယောက်တည်း မြင်းလှည်းပေါ်မှဆင်းသွားကာ အချိန်အတန်ကြာ ဟိုတက်ဒီဆင်း ဘယ်ကွေ့ညာကွေ့နှင့် ခုနစ်ပတ်ရှစ်ပတ်မျှ ပတ်ပြီးနောက်မှာတော့ ချောက်ကမ်းပါးနံရံတစ်ခုသို့ ဆိုက်ရောက်လာခဲ့သည်။
ထိုနေရာတွင် မိန်းမပျိုနှစ်ဦး အဆင်သင့်ရပ်စောင့်နေကာ သွမ့်ပိုင်ယွဲ့ရင်းနှီးနေသော မျက်နှာများဖြစ်လေသည်။ လန်ဂျီး၏
တပည့်အပေါင်းအပါများဖြစ်ကြကာ သွမ့်ယောင်ကို ပြန်ပေးဆွဲရန်တုန်းကလည်း လိုက်ပါလာကြသူများဖြစ်သောကြောင့်ပင်။ ဆူကျူးချိုးကို တွေ့တော့ ထိုမိန်းမပျိုများက ပြုံးရွှင်စွာ နှုတ်ဆက်လာ၏။
"မြို့စားမင်းက တကယ်ကိုပဲ စိတ်သဘောထားပြည့်၀ပါပေတယ်"
ဆူကျူးချိုးမှာ စိတ်ရောကိုယ်ပါ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီဖြစ်သဖြင့် ထိုမိန်းမပျိုများနှင့်စကားပြောလိုစိတ်အလျဥ်းပင်မပြုနော့ဘဲ သော့ကိုသာ အားကုန် လွှဲပေးလိုက်လေသည်။ ထိုမိန်းမပျိုက စိတ်မဆိုးသည့်အပြင် တောင်နံရံထက်ရှိ ယန္တရားလှည့်ကွက်ထဲ သော့ထည့်ကာ ဖွင့်လိုက်သော် မြေအောက်မှ တုန်ခါသံ ခပ်သဲ့သဲ့ကြားလိုက်ရသည်။ ထို့နောက် အပေါ်မှ ဖုံးလွှမ်းနေသောနွယ်ပိတ်ပေါင်းပင်များက အလိုလို ရှင်းလင်းဖယ်ရှားသွားကာ ကွဲကြောင်းတစ်ကြောင်း ထင်ရှားစွာပေါ်လာ၏။သွမ့်ပိုင်ယွဲ့က ခေါင်းအသာခါရုံမျှသာ။
လျှို့၀ှက်ဘဏ္ဍာတိုက်ကိုတောင် ဒီလောက်ထိ အနုစိတ်ဖန်တီးနိုင်တာ တကယ်ကိုပဲ ယန္တရားမြို့တော် ပီသပါပေတယ်။
ကောင်းကင်ထက်က သူရိန်နေမင်းလည်း တောက်ပစွာ ထွန်းလင်းတောက်ပနေသည်။ သွမ့်ပိုင်ယွဲ့ရပ်နေသည့်နေရာမှ လှမ်းမြင်ရသလောက်တော့ ထိုလျှို့၀ှက်ဘဏ္ဍာတော်ထဲတွင် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ဥစ္စာဘဏ္ဍာများ တောင်သဖွယ်စုပုံနေမှန်း မြင်ရ၏။ ရွှေတောင်ငွေတောင်ဟု တင်စားခေါ်ေ၀ါ်နေကြသည်မှာလည်း မဆန်း၊ အလွန်အကြူး တင်စားခေါ်ေ၀ါ်ထားသည်မဟုတ်ချေ။
ချိန့်လျဲ့လည်း ထိုရွှေတောင်ကိုကြည့်ရင်း စိတ်အတော်လေးလံနေပြီဖြစ်၏။ အမတ်ကြီးဆူကို သူ အတော် ကရုဏာသက်မိသောကြောင့်ပင်။ အသက်ကြီးခါမှ သားကိုဆုံးရှုံးရတော့မည်မဟုတ်လား ၊ ဤမျှလောဘခေါင်ခိုက်နေပြီဆိုမှတော့ ဆူကျူးချိုးမှာ ခေါင်းဆယ်လုံးရှိရင်တောင် အပြစ်ကြွေးက မကျေနိုင်လောက်။
ထိုအစေခံမိန်းမပျိုများက ဂူထဲသို့ တစ်ကြိမ်မျှ သွားရောက်စစ်ဆေးနေလိုက်ပြီး အင်မတန် နှစ်ထောင်းအားရ ကျေနပ်နေကာနေကာ ဆူကျူးချိုးဘက်လှည့်ပြီးပြော၏။
"အခုကစပြီး ဒီဘဏ္ဍာတိုက်က မြို့စားမင်းနဲ့ဘာမှ ပတ်သက်မှုမရှိတော့ပါဘူး၊ ကျွန်တော်မျိုးမတို့ရဲ့သခင်မကြီးက ပစ္စည်းတွေအကုန်သယ်ပြီးသွားရင်တော့ မြို့စားမင်းဆီ ချက်ချင်း သော့ပြန်လာပေးပါ့မယ်နော့..."
"ငါ့ရွှေငွေဥစ္စာ တွေကိုလည်း ပေးလိုက်ပြီ။ မင်းတို့သခင်မကလည်း ငါ့ကိုကတိပေးထားတဲ့အတိုင်း တကယ်လုပ်ပေးမယ်လို့သာ စိတ်ချနေရပါစေ"
ဆူကျူးချိုးအသံက ဂူထဲမှ ဟိန်းထွက်လာ၏။
"မြို့စားမင်း မစိုးရိမ်ပါနဲ့။ ဒို့တွေရဲ့ ထျဲန်းချာ့ဂိုဏ်းက အရင်ကတည်းက ကိုယ့်စကားကိုယ်တည်ပြီးသားပါ"
မိန်းမပျိုက တည်ငြိမ်စွာပြောနေသော်လည်း သွမ့်ပိုင်ယွဲ့ရယ်ချင်နေ၏။
မှော်နက်ဂိုဏ်းကများ သူတို့ကိုယ်သူတို့စကားတည်တယ်လေးဘာလေး ပြောထွက်တယ်ပေါ့။
ဆူကျူးချိုးလည်း သက်ပြင်းချကာ ထိုနေရာ၌ဆက်မနေချင်တော့ဘဲ လှည့်ထွက်လာကာ စံအိမ်သို့ပြန်လာခဲ့သည်။သူ့အား အလစ်ချောင်းပြီးသတ်ဖြတ်မည့်သူ ရှိမည်စိုး၍ လမ်းတစ်လျှောက်လုံး ချိန့်လျဲ့က သူ့နောက်လိုက်ပါစောင့်ရှောက်သွားပြီး သွမ့်ပိုင်ယွဲ့ကတော့ ထိုမိန်းမပျိုနှစ်ဦးနောက် ခြေရာခံလိုက်သွားကာ တာ့ယဲန့်မြို့ထဲရှိ ယဲန့်ဟွီတည်းခိုဆောင်သို့ ရောက်သွားလေ၏။ မိန်းမပျိုတစ်ဦးက အခန်းအပြင်ဘက်ကနေသာ လှမ်း၍ အကြောင်းကြား၏။
"ဂိုဏ်းချုပ်သခင်မကြီးရှင်.....အရှင်မအစား လွန်စွာ ဂုဏ်ယူ၀မ်းမြောက်ပါတယ်၊
ပစ္စည်းရလာပြီဖြစ်ကြောင်းပါ "
အခန်းထဲမှ ရယ်သံလွင်လွင်အချို့ ပျံ့လွင့်ထွက်လာ၏။
"ငါ့ရဲ့လက်ရုံးတော်နှစ်ယောက်တော့ ပင်ပန်းသွားပါပြီ"
သွမ့်ပိုင်ယွဲ့လည်း ပုန်းကွယ်နေရာမှ တွေးနေ၏။ လန်ဂျီးကိုယ်တိုင် လာမည်မှန်း သူလုံး၀ထင်မထားခဲ့။
********
မြင်းတပ်စခန်းသို့ ပြန်ရောက်လာတော့ မိုးချုပ်နေပြီဖြစ်သည်။ ချူယွမ်လည်း ချိန့်လျဲ့အစီရင်ခံလာသမျှ နားထောင်ပြီးနောက် လက်ဖက်ရည်သောက်နေချိန်ဖြစ်၏။ ရှစ်ဇီမှ သွမ့်ပိုင်ယွဲ့အား ခပ်တိုးတိုးပြောပြလာသည်။
"ဒီနေ့ သွမ့်၀မ် ပြန်လာတာ အရမ်းနောက်ကျတာပဲ ၊ ဧကရာဇ်အရှင်က ခုထက်ထိ ညစာတောင် မသုံးဆောင်ရသေးဘူး၊ သွမ့်၀မ်ကိုပဲစောင့်ဦးမယ်လို့ပဲ မိန့်တော်မူတယ်"
သွမ့်ပိုင်ယွဲ့က ပြုံးပြီး ရှစ်ဇီအားကျေးဇူးတက်စကားဆိုလိုက်ကာ တံခါးဖွင့်ပြီး ၀င်လာသည်။ ချူယွမ်လည်း လက်ဖက်ရည်ခွက်ကို အသာချလိုက်ကာ-
"ဒီနေ့ ဘယ်တွေသွားနေတာလဲ"
"ယဲန့်ဟွီတည်းခိုဆောင်....လန်ဂျီး အဲ့မှာရောက်နေတယ်"
"ထျဲန်းချာ့ဂိုဏ်းချုပ်လား? ဒါဆို အဖိုးအိုမုချီနဲ့တခြားအဖိုးတွေကိုရော တွေ့မိသေးလား"
"မတွေ့ဘူး၊ အပေါ်ထပ်အောက်ထပ်အနှံ့ ကိုယ် လိုက်ရှာကြည့်ပြီးသွားပြီ"
ချူယွမ်က သက်ပြင်းချလိုက်ကာဆို၏။
"လူတွေကို ဘယ်မှာများ သွားဖွက်ထားတာပါလိမ့်"
"သတ်ဖြတ်ပစ်တာမဟုတ်သေးဘူး၊ ပြန်ပေးဆွဲသွားတာဆိုတော့ အဲ့လူတွေက အကျိုးတစ်ခုခု အသုံး၀င်သေးလို့နေမှာပါ။ သူတို့အသက်ဘေးကို စိုးရိမ်စရာမလိုပါဘူး ၊ ဖြည်းဖြည်းချင်း လိုက်ရှာကြရအောင်"
"အင်း"
"ဒီနေ့လည်း ဟင်းရွက်ရယ် တို့ဖူးရယ်ပဲ စားဦးမှာလား"
သွမ့်ပိုင်ယွဲ့က ကောက်ကာငင်ကာ မေးလာ၏။
ချူယွမ် - "......."
ဟင်?
"ရွှေတောင်ကြီးတစ်ခုလုံး ရှာတွေ့ထားတာဆိုတော့ အရသာရှိတာလေး တစ်နပ်လောက် စားကြရအောင်လေ....."
သွမ့်ပိုင်ယွဲ့မျက်လုံးများ လုံး၀တည်ကြည်လေးနက်နေ၏။
"ရွှေတောင်က နဂိုကတည်းက ဆူကျူးချိုးပိုင်တဲ့ဟာ၊ အခုလည်း ထျဲန်းချာ့ဂိုဏ်းအပိုင်ဖြစ်သွားပြီ၊ မင်းနဲ့ဘယ်လိုများ သက်ဆိုင်နေလို့လဲ"
ချူယွမ်က ရယ်သံစွက်ကာ စနောက်လိုက်ပြီး၊ ထို့နောက် လက်ကိုဆန့်တန်းလိုက်ကာ သွမ့်ပိုင်ယွဲ့ နှာခေါင်းထိပ်ဖျားအား လက်ညှိုးဖြင့် တို့စိတို့စိလုပ်ပြီး ပုတ်ခတ်ကျီစယ်လာ၏။
"အလွန်ဆုံးရှိ သက်သတ်လွတ်ခေါက်ဆွဲပဲရမယ်....စားချင်စား မစားချင်လည်းနေ..."
**********
2020.05.03./ 2020.05.08.
Thz for reading. Hope this make your day.
*********
အခန္း- ၂၃ (ၿမိဳ႔ျပင္က ေရႊေတာင္)
Zawgyi version
[ယဲန္႔ဟြီတည္းခိုေဆာင္မွာ လန္ဂ်ီးေရာက္ေနတယ္]
နန္ေမာ္ယဲ့ ပို႔လာေသာ က်င့္စဥ္မွာ သိပ္ၿပီးယံုၾကည္ကိုးစားခ်င္စဖြယ္ မေကာင္းေသာ္လည္း အင္မတန္မွ အက်ိဳးမ်ားေနခဲ့သည္။က်င့္စဥ္ၿပီးသြားသည့္ေနာက္ သြမ့္ပိုင္ယြဲ႔တစ္ကိုယ္လံုး ေပါ့ပါးကာ ေနလို႔ေကာင္းလာသည့္အျပင္ အတြင္းရိွ သိဒၶိစြမ္းအင္လည္း ယခင္ကထက္ ပို၍အေျခအေနတည္ၿငိမ္ေနခဲ့သည္။ မေန့ညက ခ်ီဓာတ္ျပန္ယိုယြင္းမလားဟု တထိတ္ထိတ္စိုးရိမ္ေနရသည့္ သြမ့္ေန့လည္း ခုမွ စိတ္သက္သာရာရသြားေတာ့သည္။
ဝူမ်ိဳးရိုးျမင္းလွည္းဆိုင္တြင္ေတာ့ လူစည္ကားေနၿမဲ ။ သြမ့္ပိုင္ယြဲ႔က သစ္ပင္ထက္တြင္ အက်အနေနရာယူ ပုန္းခိုလိုက္ကာ ထိုဧည့္ခန္းေဆာင္အိမ္အိုေလးကိုသာ မျပတ္ေစာင့္ၾကည့္ေန၏။ ႏွစ္ရက္ေလာက္ၾကာေတာ့လွည္းတစ္စီးေရာက္လာကာ ယခင္ေန့တုန္းကေတြ့ခဲ့ေသာ ထိုအေစခံေယာက်္ားကပင္ ကုန္ပစၥည္းမ်ားကို လွည္းေပၚမွ ခ်ကာ အိမ္ထဲသို႔ သယ္သြား၏။ပစၥည္းမ်ားမွာ သစ္သားျဖင့္လုပ္ထားေသာေၾကာင့္ အေလးခ်ိန္က ေပါ့ပါးမေနေလာက္၊ သယ္ေဆာင္ရသည္မွာ အေတာ္ပင္ ပင္ပန္းေလာက္ေပသည္။
ထိုအေစခံက အထဲသို႔ ပစၥည္းသယ္သြားစဥ္ သြမ့္ပိုင္ယြဲ႔လည္း ၿခံ၀င္းအတြင္း လႊားခနဲခုန္၀င္သြားၿပီး ယိုယြင္းေနသာ အိမ္နံရံအေပါက္မ်ားမွတစ္ဆင့္ ေခ်ာင္းၾကည့္ေတာ့ အိမ္ၾကမ္းျပင္ေပၚတြင္ တကယ္ပင္ လ်ိႈ႔၀ွက္ဥမင္လိုဏ္ေခါင္းရိွေနေပသည္။ ပံုမွန္အခ်ိန္မ်ားတြင္ ေဆြးေျမ့ေနေသာ သစ္တံုးမ်ားကို ထိုအေပၚမွ ထပ္ထားေသာေၾကာင့္ မည္သူမဆို ေျမေအာက္ဥမင္ေပါက္ရိွမွန္း အမႈမဲ့အမွတ္မဲ့ သတိထားမိမည္မဟုတ္။
ထိုအေစခံ၏ အသြားအျပန္ၾကာခ်ိန္ကို သြမ့္ပိုင္ယြဲ႔ တစ္ေခါက္မ်ွ ေသခ်ာေစာင့္ၾကည့္တြက္ခ်က္ၿပီးေနာက္ ေနာက္မွလိုက္ပါေခ်ာင္းၾကည့္ရန္ ေတြးေတာႀကံစည္ေနေလၿပီ။ ထိုဥမင္ထဲတြင္ မည္သို႔ေသာ လ်ိႈ႔၀ွက္ကိစၥမ်ား လုပ္ေဆာင္ေနသည္လဲဆိုသည္ကို လိုက္လံစံုစမ္ူရန္ပင္ျဖစ္သည္။
အိမ္ထဲတြင္ ေနာက္ထပ္ ေသတၲာႀကီးသံုးခု က်န္ေနေသး၏။ အေစခံေယာက်္ားလည္း တစ္ခ်က္မ်ွ အသက္၀၀ရႉရိႈက္ၿပီးအားယူလိုက္ကာ ေသတၲာႀကီးတစ္ခုကို ပခံုးေပၚ ထမ္းၿပီး သယ္သြားျပန္ေလေတာ့ သြမ့္ပိုင္ယြဲ႔လည္း သူ႔ေနာက္မွ တိတ္တဆိတ္လိုက္သြားေလသည္။ လက္ဖက္ရည္ခြက္တစ္၀က္စာ ကုန္ေလာက္သည့္အခ်ိန္ေလာက္ ဆင္းသြားၿပီးခ်ိန္မွာေတာ့ ညီညာျပန္႔ျပဴးေသာေျမျပင္တစ္ေနရာကို ေရာက္ေလသည္။ မည္မ်ွထိနက္ေအာင္ ဥမင္တူးထားမွန္း မမွန္းဆႏိုင္ေသး။
ထိုဥမင္ထဲတြင္ အလင္းေရာင္နည္းကာ အေစခံေယာက်္ားမွာလည္း ပစၥည္းႀကီးႀကီးကို သယ္ထားေနရေသာေၾကာင့္၊ သိုင္းပညာလည္း က်င့္ဖူးသည့္ပံုလည္း မရိွေသာေၾကာင့္ ေနာက္မွ လူတစ္ေယာက္လိုက္လာျခင္းကို သတိမျပဳမိ။ခဏမ်ွ ဆက္ေလ်ွာက္သြားေတာ့ မီးေရာင္ပ်ပ်ေလး စျမင္ရေလ၏။ ခပ္လွမ္းလွမ္းမွ လူမ်ားစကားေျပာေနၾကသံႏွင့္ အလုပ္လုပ္ေနၾကေသာအသံမ်ား ပ်ံ့လြင့္လာေလသည္။
ထိုအေစခံေယာက်္ားေရာက္လာသည္ကိုျမင္ေတာ့ အထဲရိွလူမ်ားက ဝိုင္း၀န္းႏႈတ္ဆက္ၾကၿပီးေနာက္ မိမိတို႔လုပ္စရာရိွသည္တို႔ကိုသာ ျပန္လည္လုပ္ကိုင္ေနၾကသည္။ သြမ့္ပိုင္ယြဲ႔လည္း ေမွာင္ရိပ္ခိုကာ အေျခအေနကိုေသခ်ာအကဲခတ္ေန၏။ ဤဥမင္
လိုဏ္ေခါင္းအတြင္းတြင္ အနည္းဆံုး လူတစ္ရာေက်ာ္မ်ွရိွေနၿပီး လိုဏ္ဂူနံရံနားတြင္ စင္မ်ားျပဳလုပ္ထားကာ ထိုစင္မ်ားေပၚတြင္ စနစ္တက်ေသသပ္စြာ စီရီျပဳလုပ္ၿပီးသြားေသာ သစ္သားအစိတ္ပိုင္းမ်ား စုပံုထားသည္။ လက္သမားအေယာက္တိုင္းမွာ မိမိလုပ္ရမည့္တာ၀န္ကို ရွင္းလင္းျပတ္သားစြာ နားလည္ကြၽမ္းက်င္ၿပီးသားပံုရကာ တန္းလ်ားသံုးတန္း စနစ္တက် ခြဲကာ အတြဲညီညီ အလုပ္လုပ္ေန၏။ ထိုသို႔ ဟာကြက္မရိွပဲ အခ်င္းခ်င္း အတူတကြ သဟဇာတျဖစ္စြာ အလုပ္လုပ္ေနၾကသည္ကိုေထာက္လ်ွင္ ဒီလူမ်ားမွာ အခ်ိန္တစ္ခုၾကာေအာင္ အတူတူ အလုပ္လုပ္ေနခဲ့ၾကမွန္း သိသာထင္ရွားေပသည္။
အေစခံေယာက်္ားက ၄သယ္လာေသာ ေသတၲာကိုခ်ၿပီး ေခြၽးသုတ္လိုက္ၿပီးေနာက္ က်န္ရိွေသာ ေနာက္ေသတၲာမ်ားကို သယ္ယူရန္ အေပၚျပန္တက္သြားသည္။သို႔ေသာ္ သြမ့္ပိုင္ယြဲ႔ကေတာ့ ျပန္လိုက္မသြားေသးဘဲ အေျခအေနအရပ္ရပ္ကို ေနာက္တစ္ႀကိမ္ေသခ်ာအကဲခတ္ေနရန္ က်န္ေနခဲ့ေလသည္။
ထိုလက္သမားမ်ား ျပဳလုပ္ဖန္တီးၿပီးေသာပစၥည္းမ်ားကို အဆိုပါသစ္သားေသတၲာငယ္မ်ားထဲ ထည့္လိုက္ၿပီး အျပင္ဘက္မွ ေဆးေရာင္သုတ္လိုက္ကာ အျခားတစ္ေနရာသို႔ဆက္လက္ပို႔ေဆာင္ရန္ ေထာင့္တစ္ေနရာ၌
ဆက္လက္စုပံုထားေၾကာင္း ေသခ်ာေတြ့ရၿပီးခါမွ သြမ့္ပိုင္ယြဲ႔ထြက္လာခဲ့သည္။
ဥမင္တြင္း၌ ပန္းရနံ႔သင္းသင္းတစ္မ်ိဳး ပ်ံ့လႊင့္ေနလ်က္၊ တစ္ခ်က္ အနံ႔ရလိုက္ ေပ်ာက္သြားလိုက္ႏွင့္ သြမ့္ပိုင္ယြဲ႔အတြက္ အင္မတန္ရင္းႏွီးသည့္ရနံ႔ျဖစ္ေနသည္။ သြမ့္ေယာင္ ပိုးေကာင္မ်ားေမြးျမဴလ်ွင္ ထိုအေကာင္တို႔၏ အဆိပ္ကို ေခတၲပ်က္ျပယ္ေစရန္ ဖိႏိွပ္ျပယ္လြင့္ေစႏိုင္စြမ္းရိွသည့္ ပန္း၏ ရနံ႔ျဖစ္ကာ
တယ္အီ့လန္ပန္းဟုအမည္ရိွေသာ ေဆးဖက္၀င္ပန္းတစ္မ်ိဳးျဖစ္သည္။ ဥမင္၏အျခားလမ္းေၾကာင္းထိပ္မွ ေဟာဟဲလိုက္ေမာရိႈက္ေနသံကိုၾကားလိုက္ၿပီး ထိုအေစထံေယာက်္ားမွာ ေနာက္ဆံုးေသာေသတၲာကိုသယ္ယူလာၿပီးမွန္းသိေတာ့ သြမ့္ပိုင္ယြဲ႔လည္း ထိုလ်ိႈ႔၀ွက္ဥမင္ထဲမွ ထြက္လာခဲ့ေလ၏။
*********
ျမင္းတပ္စခန္းတြင္ ခ်ူယြမ္က အစီရင္ခံမ်ားဖတ္ရႈေနစဥ္ သြမ့္၀မ္ေရာက္လာၿပီျဖစ္ေၾကာင္း အျပင္မွရွစ္ဇီက လွမ္း၍သံေတာ္ၪီးတင္လာသည္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ကို ေမာ့ၾကည့္လိုက္ကာဆို၏။
"တစ္ခုခုေတြ့ခဲ့တာမလား.... မဟုတ္ရင္ မင္း ဒီေလာက္အေစာႀကီး ျပန္လာမွာမဟုတ္ဘူး"
"ဘာမွရွာမေတြ့ဘူးဆိုရင္ေတာ့ ဆူက်ူးခ်ိဳးက အင္မတန္ေစ့စပ္ေသခ်ာလြန္းသြားၿပီ"
သြမ့္ပိုင္ယြဲ႔က စားပြဲေပၚတက္ထိုင္ၿပီး ေအးေဆးစြာ ဆက္ေျပာလာသည္။
"ဒီေန့ အဲ့ဒီအိမ္အိုထဲ ပစၥည္းအသစ္ေတြထပ္လာပို႔တယ္၊ ကိုယ္လည္း အဲ့ေျမေအာက္ဥမင္ထဲထိ လိုက္သြားၾကည့္လိုက္တာ"
ခ်ူယြမ္ အနည္းငယ္ တုန္လႈပ္သြားေလသည္။
"မင္း အဲ့ဥမင္ထဲထိ လိုက္သြားတယ္? "
"အင္းေလ....လိုက္သြားလို႔မရဘူးလား"
ခ်ူယြမ္၏ ဆိုလိုရင္းကို သြမ့္ပိုင္ယြဲ႔ နားမလည္မွန္းသိသာသည္။ခ်ူယြမ္မ်က္ႏွာ ရႈံ႔မဲ့သြား၏။ သို႔ေသာ္ မည္သို႔မွ ထပ္မဆို။
"ကိုယ့္ကို စိတ္ပူလို႔လား"
သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္း ေမးလာေတာ့ ခ်ူယြမ္နားရြက္မ်ား ခ်က္ခ်င္းနီရဲသြားသည္။ မ်က္၀န္းထဲတြင္ အလိုမက်ျခင္းမ်ားႏွင့္ ၊အတိအက်ဆိုရလ်ွင္ မိမိကိုယ္ကို ေဒါသျဖစ္ျခင္းမ်ား လ်ွပ္ေျပးသြား၏။ ထိုဥမင္ေအာက္ လိုက္ဆငိးသြားသည္ဟု ၾကားၾကားခ်င္း အဘယ္ေၾကာင့္မ်ား မိမိစိတ္ခံစားခ်က္ကို ေသခ်ာမထိန္းခ်ဳပ္ႏိုင္ဘဲ လြတ္သြားခြင့္ျပဳလိုက္သနည္းဆိုၿပီး မိမိကိုယ္ကို စိတ္ဆိုးမိျခင္းပင္။
"လိုက္သြားရဲတယ္ဆိုမွေတာ့ ကိုယ္ ဘာလုပ္ရမယ္မွန္း ေသခ်ာခ်င့္ခ်ိန္ႏိုင္လို႔ပါ....စိတ္မပူပါနဲ႔"
သြမ့္ပိုင္ယြဲ႔က သူ႔အား ဆက္လက္စေနာက္ရင္း ေျပာလက္စအေၾကာင္းအရာကိုဆက္ေျပာလာသည္။
"အဲ့အေစခံေယာက်္ားက သိုင္းပညာတတ္ပံုမရေတာ့ ကိုယ္လိုက္သြားမွန္း သိပံုမရဘူး ၊ ဥမင္ႀကီးကို ေတာ္ေတာ္နက္နက္ေလး တူးထားတယ္၊ အထဲမွာေတာ့ ကိုယ္တို႔ခန္႔မွန္းထားတဲ့အတိုင္းပဲ လက္သမားေပါင္းတစ္ရာေက်ာ္ေလာက္ အတြဲညီညီ စနစ္တက်အလုပ္လုပ္ေနၾကတယ္။ ေဘးအိမ္ကေတာင္မနာလိုျဖစ္ၾကရတဲ့ ဟိုအလုပ္ႀကီးအကိုင္ႀကီးလုပ္ေနၾကတယ္ဆိုတဲ့လူေတြ ျဖစ္မယ္ထင္တယ္ "
"အေယာက္တစ္ရာေက်ာ္ေတာင္?....
အဲ့ေလာက္မ်ားတယ္လား ၊ သူတို႔ ဘာေတြလုပ္ေနၾကတာလဲ"
"မသိဘူး၊ ယႏၲရားတစ္ခုခုျဖစ္မယ္လို႔ေတာ့ထင္တယ္၊ လုပ္ၿပီးသြားတာနဲ႔ ကိုယ္တို႔ေတြ့ဖူးတဲ့ ဟိုေသတၲာေတြထဲထည့္လိုက္တယ္။
ပိုဆိုးတာက ကူအဆိပ္ပါ ထည့္သံုးေနၾကသလိုပဲ"
"အဲ့ေလာက္ေတာင္ ရႈပ္ေထြးတာလား"
"အင္း။ ဘာပစၥည္းမွန္းေတာ့မသိေပမယ့္ သူ႔အစိတ္အပိုင္း ခုနစ္ခုရွစ္ခုေလာက္ ဘယ္လိုပံုစံလဲဆိုတာကို ကိုယ္ေသခ်ာမွတ္မိတယ္။ ေမးစရာလူ လိုက္ေခၚေပးရမလား"
"ဘယ္သူ႔ကိုေမးမလို႔လဲ ၊ ထ်ဲန္းယြီလား"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ေထာက္ခံ၏။
"သူကငယ္ေသးေပမယ့္ ဒီၿမိဳ႔မွာေတာ့ အေတာ္ဆံုးလက္မႈပညာရွင္ပဲ ။ အားလပ္ခ်ိန္မွာ ေရွးေဟာင္းပံုျပင္ေတြပါ ဖတ္ေလ့ရိွတာဆိုေတာ့ သူ သိခ်င္သိေလာက္မွာပါ"
"ေကာင္းတယ္"
"ေန့ခင္းပိုင္းက လူမ်ားတယ္၊ စူးစမ္းၿပီးၾကည့္လာမယ့္မ်က္လံုးေတြမ်ားေတာ့ ေနေအးေတာ့မွ သူ႔ကိုေခၚလာခိုင္းလိုက္မယ္။ အခုေလာေလာဆယ္ အျပင္ဘက္မွာ ကျပေဖ်ာ္ေျဖေနတဲ့ ျပဇာတ္ပြဲရိွတယ္။ သြားၾကည့္ခ်င္လား"
"အျပင္သြားရမွာလား? လူေတျြမင္သြားရင္
ဘယ္ႏွယ့္လုပ္မလဲ "
ခ်ူယြမ္အနည္းငယ္ ေလးဖင့္သြား၏။ သြမ့္ပိုင္ယြဲ႔က သေဘာက်စြာရယ္ေမာလိုက္ကာ
"ျမင္ခ်င္ျမင္ပေလ့ေစေပါ့။ ဧကရာဇ္ျဖစ္ရင္ ျပဇာတ္မၾကည့္ရဆိုၿပီး ဥပေဒထုတ္ထားလို႔လား။ ကိုယ္ ရုပ္ဖ်က္လိုက္ရင္အဆင္ေျပၿပီ....."
အင္း၊ တစ္ေနကုန္ အိပ္ခန္းထဲေအာင္းေနရတာလည္း မြန္းက်ပ္သည္မွာအမွန္။
ထို႔ေၾကာင့္ ခ်ူယြမ္လည္း ဆက္မျငင္းေတာ့။
*********
အျပင္ဘက္တြင္ ႏွင္းက်ထားေသာအရိွန္ေၾကာင့္ ေအးျမေနဆဲျဖစ္၏။ အျပင္ဘက္ထြက္မသြားၾကမီ သြမ့္ပိုင္ယြဲ႔က အေပၚ၀တ္ရံုတစ္ထည္ယူကာ ခ်ူယြမ္ထက္သို႔ ညင္သာစြာ ဂရုတစိုက္၀တ္ရံုဆင္ျမန္းေပးေလသည္။
ရွစ္ဇီလည္း စိတ္ထဲမွ ေပ်ာ္ရႊင္စြာ ေတြးေနမိ၏။
ရွီးနန္၀မ္က တကယ္ ဂရုတစိုက္ ျပဳစုေပးတတ္တာပဲ ၊ ၀တ္ရံုေတာင္မွ တကယ္ေနြးတဲ့ ခပ္ထူထူဟာေလး ေရြးၿပီး၀တ္ေပးရွာတယ္။
ျပဇာတ္ဟုဆိုေပမင့္ ေဒသႏၲရအႏုပညာသည္မ်ားက ကေလးမ်ားကို ေဖ်ာ္ေျဖကျပရန္ေလာက္သာျဖစ္သည္။ စင္ေလးတစ္စင္ေဆာက္သည္၊ ေကာ္ေဇာခင္းသည္၊ တူရိယာမ်ားတီးမႈတ္သည္၊ ဤမ်ျွဖင့္ နတ္သမီးပံုျပင္မ်ား အခ်စ္ပံုျပင္မ်ားကို ကျပတင္ဆက္၍ရၿပီျဖစ္သည္။ လူႀကီးမ်ားလည္း မနက္စာစားၿပီး ဘာမွလုပ္စရာမရိွေတာ့သျဖင့္ လမ္းႀကံဳ၀င္ၾကည့္ၾကေလရာ ျပဇာတ္စင္ေရ႔ွအေတာ္ေလး လူစည္ကားေန၏။
ဇာတ္လမ္းမွာ စိတ္၀င္စားဖြယ္မေကာင္းေသာ္လည္း ခ်ူယြမ္ကမူ လူအုပ္ႀကီးထဲ ေရာေနွာၿပီးရပ္ေနရသည္ကို အေတာ္ပင္ႏွစ္ၿခိဳက္ေနသည္။ ဧကရာဇ္ကိုယ္ေတာ္တိုင္ မိမိတို႔ေဘးနားေရာက္ရိွေနမွန္း မည္သူမွမသိၾက၊ ဖရဲေစ့ေလွာ္ေလးစားလိုက္၊ ပြဲၾကည့္ရင္းအခ်င္းခ်င္းစေနာက္ကာ ၿပံဳးရႊင္ရယ္ေမာလိုက္ႏွင့္ ။ထိုသို႔ေသာ ေပါ့ပါးလြတ္လပ္မႈမ်ားေၾကာင့္ ခ်ူယြမ္မ်က္၀န္းထဲ ေပ်ာ္ရႊင္ျမဴးတူးျခင္းအရိပ္အသက္တို႔ ျပည့္ရႊမ္းေန၏။
သြမ့္ပိုင္ယြဲ႔က ဖရဲေစ့ေလွာ္တစ္ထုပ္ကို ခ်ူယြမ္အတြက္၀ယ္ေပးေနသည္။
"ဆားထည့္ေလွာ္ေနာ္၊ အရမ္းခ်ိဳလို႔....."
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အျဖစ္သည္းေနပံုကို တစ္ခ်က္မ်ွ လွစ္ၾကည့္ကာ ရယ္ခ်င္ေန၏။
"ဘာေၾကာက္စရာလိုလို႔လဲ.....ညီလာခံထဲက ဟိုအဖိုးႀကီးေတြမွ လာမျမင္တာကို"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္နားရြက္အနား
ခပ္တိုးတိုး ကပ္ကာ ေျပာေလ၏။
"ဆိုေတာ့ကာ....ဧကရာဇ္ျပည့္ရွင္ မဟာမ်ိဳးႏြယ္ဖြားဆိုၿပီး မင္းကိုဟိုဟာလုပ္ပါ ဒီဟာေတာ့မလုပ္နဲ႔၊ မသင့္ေတာ္ဘူးဆိုၿပီး မင္းကို တတြတ္တြတ္ လိုက္ေျပာမယ့္လူမရိွဘူး..."
ခ်ူယြမ္လည္း ဖရဲေစ့ေလွာ္တစ္ဆုပ္မ်ွယူလိုက္ၿပီး ျဖည္းျဖည္းခ်င္း ကိုက္စားေနလိုက္သည္။
ပြဲစင္ထက္တြင္လည္း "ခ်စ္သူမ်ား သက္ဆံုးတိုင္တြဲလက္ခိုင္ၾကပါေစ"ဟူေသာ အပိုဒ္ကို အသံ၀င္လုနီးပါးစူးရွလွေသာ အသံျဖင့္ သီဆိုလာေတာ့ ေအာက္ကပရိသတ္မ်ားလည္း လက္ခုပ္ၾသဘာ ေသာေသာညံေအာင္ အားေပးၾကကာ အင္မတန္ေကာင္းေသာဇာတ္လမ္းပဲဟုပင္ ခ်ီးက်ူးၾကေသး၏၊
ခ်ူယြမ္လည္း ေရႊတံုးအေသးေလးတစ္ခု
ပြဲစင္ထက္ ပစ္ေပးလိုက္ၿပီးေနာက္ -
"ျပန္ၾကစို႔....."
သြမ့္ပိုင္ယြဲ႔က ၀တ္ရံုႀကိဳးကို ေသခ်ာၿမဲေအာင္ခ်ည္ေပးလိုက္ၿပီး ခ်ူယြမ္ကိုကာကြယ္ေပးရင္း လူအုပ္ၾကားမွ တိုးထြက္လာလိုက္ကာ ျမင္းတပ္စခန္းသို႔ ျပန္လာလိုက္ေလသည္။
ရွစ္ဇီလည္း ထိုႏွစ္ေယာက္ျပန္အလာကို
တံခါးဖြင့္ေပးရင္း ၀မ္းေျမာက္စြာႀကိဳဆိုေလ၏။ ဧကရာဇ္အရွင္ ဤသို႔ေပ်ာ္ရႊင္ေနသည္ကိုျမင္ရသည္မွာ အေတာ္ရွား၏၊ ယခုေတာ့ မ်က္၀န္းေတာ္မ်ားပင္ ေပ်ာ္ရႊင္မႈမ်ားျဖင့္ လင္းလက္ေတာက္ပေနလို႔။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏အေပၚ၀တ္ရံုကို ကူခြၽတ္ေပးၿပီး ေဘးနားအသာထားလိုက္သည္။
"မင္းသေဘာက်ရင္ ေနာက္တစ္ခါက် တျခားဟာေတြ လိုက္ျပေပးၪီးမယ္"
"အင္း.....ေကာင္းတယ္"
ခ်ူယြမ္က ေခါင္းညိတ္လက္ခံ၏။
"ဒါဆိုရင္ အခုအခ်ိန္က်ၿပီဆိုေတာ့ ထ်ဲန္းယြီကို ကိုယ္သြားေခၚလိုက္ၪီးမယ္"
"ခ်ိန္႔လ်ဲ့ရိွတယ္ေလ ၊ သူ႔ကိုပဲ သြားေခၚခိုင္းလိုက္ေပါ့....."
ထိုစကားကို သြမ့္ပိုင္ယြဲ႔ၾကားေတာ့ ေခတၲမ်ွ ဆိုင္းငံ့သြားသည္၊ ခဏၾကာေတာ့ ၀မ္းေျမာက္ေပ်ာ္ရႊင္သြားေလ၏။
သူ႔အား ခ်ူယြမ္ဘက္ကစတင္ၿပီး အနားမွာပဲဆက္ေနေပးရန္ ပထမဆံုးအႀကိမ္ သိသိသာသာႀကီး ဆြဲေခၚထားျခင္းပင္ မဟုတ္လား။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏အၾကည့္မ်ားကိုေရွာင္လႊဲလိုက္ကာ -
"ဟိုက လက္သမားဆရာအေသးေလး၊ မင္းကို အရင္ကလည္း မျမင္ဖူးတဲ့ဟာ...သူအရမ္းလန္႔သြားရင္ ဘယ္ႏွယ့္လုပ္မလဲ"
"ဟုတ္ပါ့ေနာ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္နား ထိုင္ခံုယူလာၿပီး ထိုင္ေနလိုက္ကာ ဆက္ေျပာ၏။
"ကိုယ့္ရုပ္က အရမ္းေၾကာက္ဖို႔ေကာင္းတာကို..... အျပင္ေလ်ွာက္ေလ်ွာက္သြားၿပီး လမ္းသလားေနလို႔မေကာင္းဘူးေလေနာ့ "
ခ်ူယြမ္က မၾကားခ်င္ေယာင္ေဆာင္ကာ လက္ဖက္ရည္ငွဲ႔ရန္ လက္လွမ္းလိုက္ေလ၏။
******
နာရီ၀က္ခန္႔ အခ်ိန္လြန္ေျမာက္သြားေတာ့
ထ်ဲန္းယြီလည္း ခ်ိန္႔လ်ဲ့၏ၪီးေဆာင္မႈျဖင့္ ျမင္းတပ္စခန္းသို႔ ေရာက္ရိွလာသည္။ ဧကရာဇ္အရွင္ကို ယခင္ကလည္း တစ္ႀကိမ္အခစား၀င္ဖူးၿပီးျဖစ္ေလရာ ဧကရာဇ္အရွင္မွာ ေၾကာက္စရာမေကာင္းသည့္အျပင္ ေမတၲာကရုဏာျပည့္၀ေသာသူမွန္းသိၿပီးျဖစ္သည္မို႔ အေတာ္အတန္ စိတ္ထဲေလးလံမေနဘဲ အေတာ္ပင္အဆင္ေျပေန၏။
ခ်ူယြမ္က ေဘးနားရိွစာလိပ္တစ္ခုကို ရွစ္ဇီမွတစ္ဆင့္ ထ်ဲန္းယြီအား ေပးေစကာ-
"ဘာပစၥည္းေတြမွန္း ဆရာေလးသိပါသလား"
သြမ့္ပိုင္ယြဲ႔လည္း ရုပ္ဖ်က္ထားကာ သက္ေတာ္ေစာင့္တစ္ၪီးအျဖစ္ ေယာင္ေဆာင္ေနၿပီး ခ်ူယြမ္ေနာက္မွရပ္ေနေလသည္။
ထ်ဲန္းယြီက ထိုစာရြက္ႏွစ္ရြက္ကို ေသခ်ာၾကည့္ၿပီး ေခါင္းခါျပကာ-
"ဒါက....ကြၽန္ေတာ္မ်ိဳးလည္း မသိရေၾကာင္းပါဘုရား"
"မေလာနဲ႔ ၊ ေသခ်ာေလး အခ်ိန္ယူၿပီး ၾကည့္"
ထိုစကားကိုၾကားေတာ့ ထ်ဲန္းယြီလည္း မေပါ့ဆရဲေတာ့ဘဲ အခ်ိန္ေတာ္ေတာ္ၾကာ ေစ့စပ္စြာၾကည့္ေနသည္။ ထို႔ေနာက္မွ ထိတ္လန္႔တၾကားျဖင့္ ေျပာလာ၏။
"မိစၧာေသတၲာမ်ားျဖစ္ေနမလား!!!!!"
"မိစၧာေသတၲာဆိုတာ ဘာလဲ"
ခ်ူယြမ္လည္း ခုမွ ထိုေဝါဟာရကိုၾကားဖူးသည္။ ထ်ဲန္းယြီက အနည္းငယ္တံု႔ဆိုင္းသြားၿပီးေနာက္ ေျဖ၏။
"ဒါက ေရွးဆရာအစဥ္အဆက္ တားျမစ္ပိတ္ပင္ခဲ့တဲ့ အတတ္ပညာပါဘုရား။ ကြၽန္ေတာ္မ်ိဳးလည္း ဒီပစၥည္းကို တစ္ခါမွမျမင္ဖူး ၊ ပံုတူေတာင္မွ မျမင္ဖူးဘူးဆိုေတာ့ ဒီပစၥည္းဟုတ္မွန္ရဲ့လားဆိုတာ ကြၽန္ေတာ္မ်ိဳးလည္း ေျပာရခက္ပါတယ္။ ေရွးလူႀကီးေတြကေန ကေလးေတြကိုေျပာျပထားတဲ့ပံုျပင္ေတြကေနပဲ ၾကားဖူးနား၀ရိွတာပါဘုရား"
"ဘာလို႔ တားျမစ္ပိတ္ပင္ခဲ့တာလဲ"
"ဒီကိစၥက......"
ထ်ဲန္းယြီက ၾကမ္းျပင္ေပၚ ဒူးေထာက္လိုက္ၿပီးမွ ဆက္၍ေလ်ွာက္တင္၏။
"လူႀကီးသူမေတြေျပာျပသေလာက္ေတာ့...ေရွးလူႀကီးေတြက ဒီပစၥည္းကိုဖန္တီးတဲ့အခ်ိန္မွာ လက္သည္တရားခံမေပၚေအာင္လူသတ္ဖို႔ စီမံျပဳလုပ္ထားခဲ့တဲ့ လ်ိႈ႔၀ွက္လက္နက္တစ္မ်ိဳးလို႔ သိရပါတယ္ဘုရား။ အေရးႀကံဳလာရင္ အသက္ေဘးကေန လြတ္ေအာင္ရုန္းႏိုင္ဖို႔ဆိုၿပီး ဒီပစၥည္းလုပ္ႏိုင္ဖို႔ အၾကာႀကီး ဆည္းပူးေလ့လာခဲ့ၾကပါတယ္တဲ့ ။ အေနွာင့္အယွက္အမ်ိဳးမ်ိဳးႀကံဳခဲ့ရၿပီး ဖန္တီးတဲ့လူ ဆံုးပါးခါနီးမွ ဒီပစၥည္းကို အၿပီးသတ္ႏိုင္ခဲ့တာပါ။ ေသတၲာအဖံုးဖြင့္လိုက္ရံုနဲ႔ အပ္ေပါင္း ေသာင္းဂဏန္းနီးပါး ထြက္လာမွာျဖစ္ၿပီး အပ္ထိပ္ဖ်ားမွာလည္း အဆိပ္လူးထားပါတယ္၊ အပ္ထဲမွာလည္း ကူအဆိပ္ပိုးထည့္ထားပါတယ္.....ဒါေၾကာင့္ ေသတၲာတစ္ခုတည္းနဲ႔တင္ အားေကာင္းေမာင္းသန္ေယာက်္ား အေယာက္ခုနစ္ဆယ္ရွစ္ဆယ္ရိွရင္ေတာင္ မလြယ္ဘူးဘုရား၊ ဘယ္သူမဆို ကူအဆိပ္မိသြားရင္ ခ်က္ခ်င္းေတာင့္တင္းသြားၿပီး တစ္ခဏအတြင္း ေသဆံုးမွာပါဘုရား....."
"အဲ့ေလာက္ေတာင္ ဆိုးတယ္လား"
ခ်ူယြမ္မ်က္ေမွာင္ႀကံဳ႔သြား၏။ သြမ့္ပိုင္ယြဲ႔လည္း ေခါင္းခါရံုမ်ွသာ။ အကယ္၍ ဆူက်ူးခ်ိဳးသာ ဒီပစၥည္းမ်ိဳး ဖန္တီးခဲ့သည္မွန္လ်ွင္ ေသဒဏ္ေပးရန္ ထိုက္တန္ေနေလၿပီ။
"မိစၧာေသတၲာက အခ်ိန္အတိုင္းအတာတစ္ခုထိ ေက်ာ္ၾကားခဲ့ပါေသးတယ္၊ ေနာက္ပိုင္းမွာေတာ့ ဒီပစၥည္းေၾကာင့္ပဲ မိသားစုအခ်င္းခ်င္း ေတြေတာင္မွ သတ္ျဖတ္ၾကတာေတြ မ်ားလာပါတယ္။ တစ္ေန့ေတာ့ ကိုယ္က်င့္တရားကိုအေလးထားတဲ့ ဆရာသခင္တစ္ေယာက္က ရိွရိွသမ်ွ မိစၧာေသတၲာေတြကို၊ ပံုတူစာရြက္ကအစ လူအမ်ားေရ႔ွမွာ အကုန္မီးရိႈ႔ဖ်က္ဆီးပစ္ခဲ့ပါတယ္။ အဲ့အခ်ိန္ကစၿပီး တာ့ယဲန္႔ၿမိဳ႔လည္း သစ္မႈလုပ္ငန္းေတျြပန္လုပ္ၿပီး ပရိေဘာဂေတြ၊ျမင္းလွည္းေတြပဲ ျဖန္႔ခ်ိေရာင္းခ်ခဲ့တာ သစ္မႈေရးရာမွာ ပါရဂူေျမာက္တဲ့ၿမိဳ႔အျဖစ္ ျပန္ၿပီးအသက္၀င္လာပါတယ္၊ မိစၧာေသတၲာအေၾကာင္းလည္း ပံုျပင္ေတြထဲမွာသာ က်န္ခဲ့ၿပီး ဘယ္ေသာအခါမွ ျပန္ေပၚမလာေတာ့ပါဘူး"
"လက္စသတ္ေတာ့ ဒီလိုကိုး "
ခ်ူယြမ္က ဆက္ေျပာ၏။
"ဒါဆိုရင္ ဒီေလာကမွာ ဒီလက္ရိွအခ်ိန္မွာ မိစၧာေသတၲာဆိုတာကို ဘယ္သူမွ မျမင္ဖူးေတာ့ဘူးဆိုခါမွ မွန္မွာေပါ့"
"မွန္ပါ့ဘုရား"
"ဆရာေလးလည္း ပင္ပန္းသြားပါၿပီ"
ခ်ူယြမ္လည္း ထ်ဲန္းယြီအား ဆုေတာ္လာဘ္ေတာ္ေပးသနားရန္ ရွစ္ဇီအားအခ်က္ျပၿပီး ေခၚထုတ္သြားေစ၏။
*******
"ကုန္းကုန္းစိတ္ခ်ပါ....ကြၽန္ေတာ္မ်ိဳး ဘာစကားမ်ိဳး ေျပာသင့္တယ္ ဘာမေျပာသင့္ဘူးဆိုတာမ်ိဳးေတာ့ ေကာင္းေကာင္းသိပါတယ္ခင္ဗ်ာ"
ထ်ဲန္းယြီက ေငြစကၠူမ်ားအား အိတ္ထဲထည့္သိမ္းရင္းဆို၏။ ရွစ္ဇီအား အားပါးတရၿပံဳးျပၿပီး ခ်ိန္႔လ်ဲ့အား လိုက္ပို႔ခိုင္းေစသည္။
ၿပံဳးထားၾကမယ္.... ၿပံဳးရႊင္ေဖာ္ေရြတဲ့လူကို ေရာက္တဲ့ေနရာတိုင္း လူခ်စ္လူခင္ေပါတယ္တယ္ေလ။
*******
"ကိုးဆယ္ရာခိုင္ႏႈန္း ျဖစ္ႏိုင္ေခ်ရိွတယ္တယ္"
သြမ့္ပိုင္ယြဲ႔က ဆက္ေျပာ၏။
"ဥမင္ထဲ ကိုယ္ဆင္းသြားတုန္းက တယ္အီ့လန္ပန္းအနံ႔ ရေသးတယ္၊ ပံုမွန္အားျဖင့္ ရွီးနန္မွာစိုက္ၾကတဲ့ပန္းပဲ ၊ အဆိပ္ေတြကို ဖိႏိွပ္ထားခ်င္တဲ့အခ်ိန္မွာမွသံုးၾကတာ"
"လူယုတ္မာေကာင္!!!!!!"
ခ်ူယြမ္မ်က္၀န္းမ်ား ေအးစက္ေနခဲ့သည္။ အေတာ္ပင္ ေဒါသမီးတဟုန္းဟုန္းထေနမွန္း သိသာေနသည္။
"ခုေန ေဒါသထြက္ေနလည္း အက်ိဳးမရိွဘူး။ ဒီကိစၥက ဒီေလာက္ထိခရီးေရာက္ေနမွေတာ့ ျပႆနာေျဖရွင္းႏိုင္မယ့္နည္းကိုပဲ စဥ္းစားၾကရေအာင္ပါ....."
သြမ့္ပိုင္ယြဲ႔က သက္ျပင္းခ်လိုက္ကာ ခ်ူယြမ္၏ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးရင္း ဆိုလာ၏။
မိစၧာေသတၲာမ်ား၏ ဤမ်ွမ်ားျပားေသာပမာဏကိုေထာက္ဆေသာ္ ၀ယ္ယူသူမွာ သိုင္းေလာကမွလူမ်ားမဟုတ္တန္ရာ။ ထို႔အျပင္တာ့ယဲန္႔ၿမိဳ႔မွာ နဂိုကတည္းက သစ္မႈလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ကာ နန္ယန္မွကုန္သည္မ်ားပင္ အခ်င္းခ်င္း လုယက္၀ယ္ယူရေသးသည္။ အကယ္၍မ်ား ထိုေသတၲာမ်ားကို ၄တို႔၏ ကုန္ပစၥည္းမ်ားၾကားထည့္ဖြက္လိုက္လ်ွင္ မိစၧာေသတၲာေပါင္းေထာင္ဂဏန္းမ်ွ ၀င္ဆံ့ေလသည္၊ သာမန္ သစ္သားနီဗီဒိုထဲ ထည့္ဖြက္လ်ွင္ပင္ မည္သူမ်ွမသိေအာင္ အေတာ္မ်ားမ်ား ထည့္ထားႏိုင္သည္ေလ။
ၿပီးေတာ့.....
အကယ္၍မ်ား တိုင္းတပါးကသာ ဤပစၥည္းကို ေရႊေငြရတနာမ်ားစြာ ပံုေအာၿပီး ၀ယ္ယူေနသည္ဆိုလ်ွင္ေတာ့......ရည္ရြယ္ခ်က္မွာ မည္သည့္အရာျဖစ္မည္မွန္း ေျပာေနစရာမလိုေတာ့။ဤေသတၲာတစ္ခုတည္းႏွင့္ပင္ ခ်ူတပ္မေတာ္၏ တပ္သားမ်ားစြာကို လြယ္ကူစြာ အသက္ဇီဝိန္ေႁခြႏိုင္ေပလိမ့္မည္။ ဤသို႔ေတြးမိလိုက္ေတာ့ ခ်ူယြမ္တစ္ေယာက္ ဆူက်ူးခ်ိဳးကို တစ္စစီ ေၾကမြေအာင္ ခုတ္ထစ္ပိုင္းျဖတ္ပစ္ခ်င္ေနၿပီျဖစ္သည္။
သူ႔ေနာက္မွရပ္ေနေသာ သြမ့္ပိုင္ယြဲ႔က လက္ႏွစ္ဖက္ျဖင့္ ခ်ူယြမ္မ်က္၀န္းမ်ားကို အသာပိတ္လိုက္ေတာ့ ခ်ူယြမ္တစ္ကိုယ္လံုး တြု႔ဆိုင္းသြား၏။
"သတ္ဖို႔ျဖတ္ဖို႔ကိစၥမ်ိဳးဆို ကိုယ္ပဲဒိုင္ခံလုပ္ေပးမယ္....မင္းမ်က္၀န္းထဲမွာေတာ့ လူသတ္ခ်င္တဲ့အရိပ္အေယာင္ေတြ မရိွေစေလနဲ႔"
"ဆူက်ူးခ်ိဳး .....သူ ဘယ္ကေန သတၲိေတြရၿပီး ဒီေလာက္ထ္ိ အတင့္ရဲေနတာလဲ"
"ေလာဘေၾကာင့္ေသတယ္ဆိုတဲ့စကားလိုေပါ့။ ဒီလိုသာဆို သူေတာ့ ေရႊေတာင္နီးပါး အျမတ္ရေနႏိုင္မွာအမွန္ပဲ၊ ဓားျပအတိုက္ခံရတာေလာက္ေတာ့ ျဖစ္သင့္ပါတယ္"
"အရင္တုန္းက သူ ဘယ္ေလာက္ပဲ ထုတ္ေရာင္းထားပါေစ၊ ဒီေန့ကစၿပီး ဒီပစၥည္းကို တစ္ခုမွ ၿမိဳ႔ျပင္အထြက္မခံေစနဲ႔"
"ရတယ္"
ႏွစ္ေယာက္သားစကားေျပာေနစဥ္ အရာရိွခ်ိန္႔လ်ဲ့ အခစား၀င္လိုေၾကာင္း ရွစ္ဇီမွ အေၾကာင္းၾကားလာ၏။
"၀င္လာခိုင္းလိုက္"
ခ်ူယြမ္လည္း သြမ့္ပ္ိုင္ယြဲ႔အား ကန္႔လန္႔ကာေနာက္ ေခတၲသြားေနရန္ အခ်က္ေပးလိုက္ၿပီးေနာက္ စားပြဲေဘးနား ျပန္ထိုင္လိုက္ေလသည္။
"အရွင္မင္းျမတ္.....ၿမိဳ႔စားမင္းအိမ္ေတာ္မွာ လႈပ္ရွားမႈစတင္ျပဳလုပ္ေနပါၿပီ"
"ဘယ္လိုလႈပ္ရွားမႈမ်ိဳးလဲ"
"ေမွာ္နက္ဂိုဏ္းကလူေတြ ဆူက်ူးခ်ိဳးဆီ ထပ္လာပါတယ္ဘုရား၊ ႏွစ္ၪီးႏွစ္ဖက္သေဘာတူညီမႈရၿပီးတဲ့ေနာက္ ေရႊေတာင္ကိုသြားတူးဖို႔ လ်ဲ့ယာေတာင္ထြဋ္ဆီ မနက္ျဖန္သြားၾကပါမယ္လို႔ သိရပါတယ္"
"ဆူက်ူးခ်ိဳးကိုယ္တိုင္သြားမွာလား"
"မွန္ပါ့ဘုရား"
"အရာရိွခ်ိန္႔ ပင္ပန္းသြားပါၿပီ။ သူတို႔ကို ဆက္ၿပီးေစာင့္ၾကည့္ထား ၊ အဲ့ဒီေရႊေတာင္ဆိုတာႀကီးက ဘယ္ေလာက္မ်ားေနလို႔လဲဆိုတာ ၾကည့္ၾကေသးတာေပါ့"
ခ်ိန္႔လ်ဲ့လည္း ဧကရာဇ္အမိန္႔ကို နာခံယူလိုက္ၿပီး ထြက္သြားသည္။ ဤတစ္ေခါက္လည္း သူနားမလည္ႏိုင္ေသာ တစ္ခုရိွေနျပန္သည္။။
ဘာလို႔ ကန္႔လန္႔ကာေနာက္မွာ လူရိွေနျပန္တာလဲ။ ဒီလူက ဘယ္သူမို႔လို႔ ဧကရာဇ္ရဲ့ စက္ေတာ္ေခၚခန္းထဲ ေန့တိုင္းလိုလို ေရာက္ေနရတာလဲဟ။
******
"ကိုယ္ပါ လိုက္ၿပီးေစာင့္ၾကည့္ေပးရမလား"
သြမ့္ပိုင္ယြဲ႔ကေမးလာ၏။
"မလိုပါဘူး၊ ခ်ိန္႔လ်ဲ့နဲ႔တင္ လံုေလာက္ပါတယ္။ လူမ်ားလြန္းရင္ သူတို႔ကိုအသိေပးသလိုမ်ိဳး ျဖစ္သြားလိမ့္မယ္၊ တကယ့္အျဖစ္အပ်က္က ဘယ္လိုလဲဆိုတာ
ဒီတိုင္းပဲေစာင့္ၾကည့္ရေအာင္"
"ေကာင္းသားပဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ထိုင္ေနသည့္ေဘးနား ထိုင္လိုက္ကာဆက္ဆို၏။
"ညဥ့္နက္ေနၿပီ...အနားယူေတာ့မယ္မလား"
ခ်ူယြမ္က ေခါင္းအသာခါ၏၊ စိတ္ထဲတြင္ စိုးရိမ္ေၾကာင့္ၾကစရာက မ်ားေနသည္။
"မင္း ဒီလိုေျဖမယ္မွန္း သိေတာ့သိေနသား၊ ေစာနကေနာင္ ဘယ္လိုမွမေနေပမယ့္ ခုေတာ့ အဲ့ဒီဆူက်ူးခ်ိဳးကို ကိုယ္ တကယ္သတ္ပစ္ခ်င္လာၿပီ "
"သူတကယ္ ဥပေဒခ်ိဳးေဖာက္ရိုးမွန္ရင္ တာ့လီတရားရံုးက စီရင္လိမ့္မယ္။ တာ့ခ်ူရဲ့ ဥပေဒက ေသခ်ာခ်မွတ္ထားတာမို႔ ဘယ္သူကမွ ရာဇ၀တ္ေဘးေျပးမလြတ္ေစရဘူး"
"ၾကည့္ေလ...မင္းအေတြးေတြက အက်ိဳးအေၾကာင္းဆီေလ်ာ္ေနတာပဲဟာ၊ ဘာကိစၥ ခုလိုမ်ိဳး ကိုယ့္ကိုယ္ကို ဖိအားေပးၿပီး စိတ္ညစ္ေနရတာလဲ"
သြမ့္ပိုင္ယြဲ႔က ျပန္ထရပ္ကာ ခ်ူယြမ္၏၀တ္ရံုေတာ္ကို ေသခ်ာၫွိယူျပဳျပင္ေပးရင္း ဆက္ေျပာသည္။
"တစ္ညလံုး မအိပ္ဘဲေနေတာ့လည္း ဘာအက်ိဳးထူးမွာလဲ ၊ က်န္းမာေရးအတြက္
မေကာင္းတဲ့အျပင္ ဘာေကာင္းက်ိဳးမွလည္း မရိွဘဲနဲ႔"
"ေတာ္ပါ ၊ မင္းရဲ့ အက်ိဳးသင့္အေၾကာင္းသင့္ ဖ်န္ေျဖႏွစ္သိမ့္တဲ့စကားမ်ိဳး ကိုယ္ေတာ္ ဆက္မၾကားခ်င္ဘူး"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ-
"အက်ိဳးသင့္အေၾကာင္းသင့္ ႏွစ္သိမ့္တဲ့စကားနားမေထာင္ခ်င္ဘူးဆိုေတာ့ ဘာကိစၥမ်ိဳး ေျပာေစခ်င္လို႔လဲ။ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းစကားေတြ ေျပာလို႔ေကာ ရမလား..."
ခ်ူယြမ္က ထိုစကားကိုၾကားေတာ့ ခ်က္ခ်င္း ပင္ တစ္ကိုယ္လံုးေတာင့္ခဲသြား၏။ မိမိကပဲ နားၾကားလြဲေလသလား။
သြမ့္ပိုင္ယြဲ႔ကေတာ့ သူ႔အား ၿပံဳးရိပ္သမ္းေသာ မ်က္၀န္းမ်ားျဖင့္ ၾကည့္ေနသည္။
ေနြးေထြးမႈ ၊ ႏူးညံ့မႈမ်ားႏွင့္လည္း ျပည့္ရႊန္းလ်က္။
ထို႔ေနာက္ ရွစ္ဇီဘက္က အခန္းထဲမွ ျဖန္းခနဲ အသံတစ္ခု ၾကားလိုက္ရသည္။ ခဏေနေတာ့ သြမ့္ပိုင္ယြဲ႔က အခန္းထဲမွ ထြက္လာကာ ေလွကားရင္း၌လာထိုင္ၿပီး ေသာ္တာလမင္းကို ၿငိမ္သက္စြာ ေမာ့ၾကည့္ေနေလသည္။ ရွစ္ဇီလည္း အဓိပၸာယ္တစ္မ်ိဳးသက္ေရာက္ေသာ အၾကည့္ျဖင့္ သြမ့္ပိုင္ယြဲ႔အား ကရုဏာသက္စြာ ၾကည့္လာ၏။
ဧကရာဇ္အရွင္ရဲ့ ၀သီစရိုက္အရ လံုး၀ေလာလို႔မရဘူး... သြမ့္၀မ္၊ လံုး၀ေလာလို႔မရပါဘူး။
******
မွန္းဆထားသည့္အတိုင္းပင္ မနက္စာစားၿပီးေနာက္ ဆူက်ူးခ်ိဳးလည္း ခိုးေၾကာင္ခိုးဝွက္ႏွင့္ အိမ္မွထြက္ကာ ျမင္းလွည္းႏွင့္ထြက္သြားေတာ့သည္။ ခ်ိန္႔လ်ဲ့လည္း ေစာင့္ၾကည့္ေနမွန္းသိေပမင့္ သြမ့္ပိုင္ယြဲ႔ကပါ ကိုယ္တိုင္ လိုက္ၾကည့္ေလသည္။ ျမင္းတပ္စခန္းမွာ ဆက္ေန၍လည္း ဘာမွ ေထြေထြထူးထူးလုပ္စရာမရိွ၊ ယခုလို ျပႆနာေျဖရွင္းရန္ ထြက္လာတာကမွ ပိုေကာင္းေသးသည္။ သို႔မဟုတ္ပါက ဤကိစၥေၾကာင့္ပင္ စားမ၀င္အိပ္မေပ်ာ္ႏိုင္ေလာက္ေအာင္ တစ္စံုတစ္ေယာက္ကေတာ့ စိတ္ညစ္ၫူးေနရေပၪီးမည္။
ျမင္းလွည္းမွာ ၿမိဳ႔တံခါးမွထြက္သြားၿပီးေနာက္ ၿမိဳ႔ျပင္ရိွ လမ္းေဘးတစ္ေနရာ၌ရပ္နားသြား၏။ ထို႔ေနာက္ ဆူက်ူးခ်ိဳးတစ္ေယာက္တည္း ျမင္းလွည္းေပၚမွဆင္းသြားကာ အခ်ိန္အတန္ၾကာ ဟိုတက္ဒီဆင္း ဘယ္ေကြ့ညာေကြ့ႏွင့္ ခုနစ္ပတ္ရွစ္ပတ္မ်ွ ပတ္ၿပီးေနာက္မွာေတာ့ ေခ်ာက္ကမ္းပါးနံရံတစ္ခုသို႔ ဆိုက္ေရာက္လာခဲ့သည္။
ထိုေနရာတြင္ မိန္းမပ်ိဳႏွစ္ၪီး အဆင္သင့္ရပ္ေစာင့္ေနကာ သြမ့္ပိုင္ယြဲ႔ရင္းႏွီးေနေသာ မ်က္ႏွာမ်ားျဖစ္ေလသည္။ လန္ဂ်ီး၏
တပည့္အေပါင္းအပါမ်ားျဖစ္ၾကကာ သြမ့္ေယာင္ကို ျပန္ေပးဆြဲရန္တုန္းကလည္း လိုက္ပါလာၾကသူမ်ားျဖစ္ေသာေၾကာင့္ပင္။ ဆူက်ူးခ်ိဳးကို ေတြ့ေတာ့ ထိုမိန္းမပ်ိဳမ်ားက ၿပံဳးရႊင္စြာ ႏႈတ္ဆက္လာ၏။
"ၿမိဳ႔စားမင္းက တကယ္ကိုပဲ စိတ္သေဘာထားျပည့္၀ပါေပတယ္"
ဆူက်ူးခ်ိဳးမွာ စိတ္ေရာကိုယ္ပါ ဖြတ္ဖြတ္ညက္ညက္ ေၾကေနၿပီျဖစ္သျဖင့္ ထိုမိန္းမပ်ိဳမ်ားႏွင့္စကားေျပာလိုစိတ္အလ်ဥ္းပင္မျပဳေနာ့ဘဲ ေသာ့ကိုသာ အားကုန္ လႊဲေပးလိုက္ေလသည္။ ထိုမိန္းမပ်ိဳက စိတ္မဆိုးသည့္အျပင္ ေတာင္နံရံထက္ရိွ ယႏၲရားလွည့္ကြက္ထဲ ေသာ့ထည့္ကာ ဖြင့္လိုက္ေသာ္ ေျမေအာက္မွ တုန္ခါသံ ခပ္သဲ့သဲ့ၾကားလိုက္ရသည္။ ထို႔ေနာက္ အေပၚမွ ဖံုးလႊမ္းေနေသာႏြယ္ပိတ္ေပါင္းပင္မ်ားက အလိုလို ရွင္းလင္းဖယ္ရွားသြားကာ ကြဲေၾကာင္းတစ္ေၾကာင္း ထင္ရွားစြာေပၚလာ၏။သြမ့္ပိုင္ယြဲ႔က ေခါင္းအသာခါရံုမ်ွသာ။
လ်ိႈ႔၀ွက္ဘ႑ာတိုက္ကိုေတာင္ ဒီေလာက္ထိ အႏုစိတ္ဖန္တီးႏိုင္တာ တကယ္ကိုပဲ ယႏၲရားၿမိဳ႔ေတာ္ ပီသပါေပတယ္။
ေကာင္းကင္ထက္က သူရိန္ေနမင္းလည္း ေတာက္ပစြာ ထြန္းလင္းေတာက္ပေနသည္။ သြမ့္ပိုင္ယြဲ႔ရပ္ေနသည့္ေနရာမွ လွမ္းျမင္ရသေလာက္ေတာ့ ထိုလ်ိႈ႔၀ွက္ဘ႑ာေတာ္ထဲတြင္ ၿပိဳးၿပိဳးျပက္ျပက္ လင္းလက္ေနေသာ ဥစၥာဘ႑ာမ်ား ေတာင္သဖြယ္စုပံုေနမွန္း ျမင္ရ၏။ ေရႊေတာင္ေငြေတာင္ဟု တင္စားေခၚေဝၚေနၾကသည္မွာလည္း မဆန္း၊ အလြန္အၾကဴး တင္စားေခၚေဝၚထားသည္မဟုတ္ေခ်။
ခ်ိန္႔လ်ဲ့လည္း ထိုေရႊေတာင္ကိုၾကည့္ရင္း စိတ္အေတာ္ေလးလံေနၿပီျဖစ္၏။ အမတ္ႀကီးဆူကို သူ အေတာ္ ကရုဏာသက္မိေသာေၾကာင့္ပင္။ အသက္ႀကီးခါမွ သားကိုဆံုးရႈံးရေတာ့မည္မဟုတ္လား ၊ ဤမ်ွေလာဘေခါင္ခိုက္ေနၿပီဆိုမွေတာ့ ဆူက်ူးခ်ိဳးမွာ ေခါင္းဆယ္လံုးရိွရင္ေတာင္ အျပစ္ေႂကြးက မေက်ႏိုင္ေလာက္။
ထိုအေစခံမိန္းမပ်ိဳမ်ားက ဂူထဲသို႔ တစ္ႀကိမ္မ်ွ သြားေရာက္စစ္ေဆးေနလိုက္ၿပီး အင္မတန္ ႏွစ္ေထာင္းအားရ ေက်နပ္ေနကာေနကာ ဆူက်ူးခ်ိဳးဘက္လွည့္ၿပီးေျပာ၏။
"အခုကစၿပီး ဒီဘ႑ာတိုက္က ၿမိဳ႔စားမင္းနဲ႔ဘာမွ ပတ္သက္မႈမရိွေတာ့ပါဘူး၊ ကြၽန္ေတာ္မ်ိဳးမတို႔ရဲ့သခင္မႀကီးက ပစၥည္းေတြအကုန္သယ္ၿပီးသြားရင္ေတာ့ ၿမိဳ႔စားမင္းဆီ ခ်က္ခ်င္း ေသာ့ျပန္လာေပးပါ့မယ္ေနာ့..."
"ငါ့ေရႊေငြဥစၥာ ေတြကိုလည္း ေပးလိုက္ၿပီ။ မင္းတို႔သခင္မကလည္း ငါ့ကိုကတိေပးထားတဲ့အတိုင္း တကယ္လုပ္ေပးမယ္လို႔သာ စိတ္ခ်ေနရပါေစ"
ဆူက်ူးခ်ိဳးအသံက ဂူထဲမွ ဟိန္းထြက္လာ၏။
"ၿမိဳ႔စားမင္း မစိုးရိမ္ပါနဲ႔။ ဒို႔ေတြရဲ့ ထ်ဲန္းခ်ာ့ဂိုဏ္းက အရင္ကတည္းက ကိုယ့္စကားကိုယ္တည္ၿပီးသားပါ"
မိန္းမပ်ိဳက တည္ၿငိမ္စြာေျပာေနေသာ္လည္း သြမ့္ပိုင္ယြဲ႔ရယ္ခ်င္ေန၏။
ေမွာ္နက္ဂိုဏ္းကမ်ား သူတို႔ကိုယ္သူတို႔စကားတည္တယ္ေလးဘာေလး ေျပာထြက္တယ္ေပါ့။
ဆူက်ူးခ်ိဳးလည္း သက္ျပင္းခ်ကာ ထိုေနရာ၌ဆက္မေနခ်င္ေတာ့ဘဲ လွည့္ထြက္လာကာ စံအိမ္သို႔ျပန္လာခဲ့သည္။သူ႔အား အလစ္ေခ်ာင္းၿပီးသတ္ျဖတ္မည့္သူ ရိွမည္စိုး၍ လမ္းတစ္ေလ်ွာက္လံုး ခ်ိန္႔လ်ဲ့က သူ႔ေနာက္လိုက္ပါေစာင့္ေရွာက္သြားၿပီး သြမ့္ပိုင္ယြဲ႔ကေတာ့ ထိုမိန္းမပ်ိဳႏွစ္ၪီးေနာက္ ေျခရာခံလိုက္သြားကာ တာ့ယဲန္႔ၿမိဳ႔ထဲရိွ ယဲန္႔ဟြီတည္းခိုေဆာင္သို႔ ေရာက္သြားေလ၏။ မိန္းမပ်ိဳတစ္ၪီးက အခန္းအျပင္ဘက္ကေနသာ လွမ္း၍ အေၾကာင္းၾကား၏။
"ဂိုဏ္းခ်ဳပ္သခင္မႀကီးရွင္.....အရွင္မအစား လြန္စြာ ဂုဏ္ယူ၀မ္းေျမာက္ပါတယ္၊
ပစၥည္းရလာၿပီျဖစ္ေၾကာင္းပါ "
အခန္းထဲမွ ရယ္သံလြင္လြင္အခ်ိဳ႕ ပ်ံ့လြင့္ထြက္လာ၏။
"ငါ့ရဲ့လက္ရံုးေတာ္ႏွစ္ေယာက္ေတာ့ ပင္ပန္းသြားပါၿပီ"
သြမ့္ပိုင္ယြဲ႔လည္း ပုန္းကြယ္ေနရာမွ ေတြးေန၏။ လန္ဂ်ီးကိုယ္တိုင္ လာမည္မွန္း သူလံုး၀ထင္မထားခဲ့။
********
ျမင္းတပ္စခန္းသို႔ ျပန္ေရာက္လာေတာ့ မိုးခ်ဳပ္ေနၿပီျဖစ္သည္။ ခ်ူယြမ္လည္း ခ်ိန္႔လ်ဲ့အစီရင္ခံလာသမ်ွ နားေထာင္ၿပီးေနာက္ လက္ဖက္ရည္ေသာက္ေနခ်ိန္ျဖစ္၏။ ရွစ္ဇီမွ သြမ့္ပိုင္ယြဲ႔အား ခပ္တိုးတိုးေျပာျပလာသည္။
"ဒီေန့ သြမ့္၀မ္ ျပန္လာတာ အရမ္းေနာက္က်တာပဲ ၊ ဧကရာဇ္အရွင္က ခုထက္ထိ ညစာေတာင္ မသံုးေဆာင္ရေသးဘူး၊ သြမ့္၀မ္ကိုပဲေစာင့္ၪီးမယ္လို႔ပဲ မိန္႔ေတာ္မူတယ္"
သြမ့္ပိုင္ယြဲ႔က ၿပံဳးၿပီး ရွစ္ဇီအားေက်းဇူးတက္စကားဆိုလိုက္ကာ တံခါးဖြင့္ၿပီး ၀င္လာသည္။ ခ်ူယြမ္လည္း လက္ဖက္ရည္ခြက္ကို အသာခ်လိုက္ကာ-
"ဒီေန့ ဘယ္ေတြသြားေနတာလဲ"
"ယဲန္႔ဟြီတည္းခိုေဆာင္....လန္ဂ်ီး အဲ့မွာေရာက္ေနတယ္"
"ထ်ဲန္းခ်ာ့ဂိုဏ္းခ်ဳပ္လား? ဒါဆို အဖိုးအိုမုခ်ီနဲ႔တျခားအဖိုးေတြကိုေရာ ေတြ့မိေသးလား"
"မေတြ့ဘူး၊ အေပၚထပ္ေအာက္ထပ္အႏွံ႔ ကိုယ္ လိုက္ရွာၾကည့္ၿပီးသြားၿပီ"
ခ်ူယြမ္က သက္ျပင္းခ်လိုက္ကာဆို၏။
"လူေတြကို ဘယ္မွာမ်ား သြားဖြက္ထားတာပါလိမ့္"
"သတ္ျဖတ္ပစ္တာမဟုတ္ေသးဘူး၊ ျပန္ေပးဆြဲသြားတာဆိုေတာ့ အဲ့လူေတြက အက်ိဳးတစ္ခုခု အသံုး၀င္ေသးလို႔ေနမွာပါ။ သူတို႔အသက္ေဘးကို စိုးရိမ္စရာမလိုပါဘူး ၊ ျဖည္းျဖည္းခ်င္း လိုက္ရွာၾကရေအာင္"
"အင္း"
"ဒီေန့လည္း ဟင္းရြက္ရယ္ တို႔ဖူးရယ္ပဲ စားၪီးမွာလား"
သြမ့္ပိုင္ယြဲ႔က ေကာက္ကာငင္ကာ ေမးလာ၏။
ခ်ူယြမ္ - "......."
ဟင္?
"ေရႊေတာင္ႀကီးတစ္ခုလံုး ရွာေတြ့ထားတာဆိုေတာ့ အရသာရိွတာေလး တစ္နပ္ေလာက္ စားၾကရေအာင္ေလ....."
သြမ့္ပိုင္ယြဲ႔မ်က္လံုးမ်ား လံုး၀တည္ၾကည္ေလးနက္ေန၏။
"ေရႊေတာင္က နဂိုကတည္းက ဆူက်ူးခ်ိဳးပိုင္တဲ့ဟာ၊ အခုလည္း ထ်ဲန္းခ်ာ့ဂိုဏ္းအပိုင္ျဖစ္သြားၿပီ၊ မင္းနဲ႔ဘယ္လိုမ်ား သက္ဆိုင္ေနလို႔လဲ"
ခ်ူယြမ္က ရယ္သံစြက္ကာ စေနာက္လိုက္ၿပီး၊ ထို႔ေနာက္ လက္ကိုဆန္႔တန္းလိုက္ကာ သြမ့္ပိုင္ယြဲ႔ ႏွာေခါင္းထိပ္ဖ်ားအား လက္ၫွိုးျဖင့္ တို႔စိတို႔စိ လုပ္ၿပီး ပုတ္ခတ္က်ီစယ္လာ၏။
"အလြန္ဆံုးရိွ သက္သတ္လြတ္ေခါက္ဆြဲပဲရမယ္....စားခ်င္စား မစားခ်င္လည္းေန"
**********
2020.05.03./ 2020.05.08.
Thz for reading. Hope this make your day.
*********