Unicode version
[ဒီပညာရပ်က ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တယ်]
၀ူမျိုးရိုး၏ မြည်းလှည်းရောင်းသည့်ဆိုင်တွင် ကုန်ပစ္စည်းလာရောက်မေးမြန်းကြသူများ ၊ရောင်း၀ယ်ဖောက်ကားနေကြသူများ စည်ကားသိုက်မြိုက်နေကြလေရာ အပြင်ပန်းမှ ကြည့်ရုံမျှနှင့် စီးပွားရေးလုပ်ငန်း လွန်စွာဖွံ့ဖြိုးမှန်းသိနိုင်ပေသည်။
ချူယွမ်က ဆိုင်နာမည်ရေးထားသောသစ်သားပြားကို အေ၀းတစ်နေရာမှ ကြည့်နေပြီး၊ ထို့နောက် ဆိုင်ထဲသွားမည်အပြု သွမ့်ပိုင်ယွဲ့က သူ့အား ဆွဲခေါ်ထားလေသည်။
"ဘာလို့တုန်း"
"ကုန်သည်အငယ်လေးတစ်ယောက်လို ရုပ်ဖျက်ထားတာပဲ၊ ကိုယ်ဟန်အနေအထားအသွားအလာတွေက ရုပ်ဖျက်ထားတာနဲ့လိုက်အောင် နေရမှာလေ"
သွမ့်ပိုင်ယွဲ့က ဆက်ပြီးသတိပေးလာ၏။
"ဒီလိုမျိုး ၀င့်ကြွားထည်၀ါတဲ့ ဟိတ်ဟန်နဲ့လျှောက်သွားနေပုံကြီးက ခုရုပ်ရည်နဲ့ လုံး၀
မလိုက်ဘူး"
"ဒါဆို ဘယ်လိုလျှောက်ရမှာလဲ"
"ဒီမှာ သွားလာနေတဲ့ အရပ်သူအရပ်သားတွေနဲ့ တူအောင် လိုက်လုပ်ရင်ရပြီ"
ချူယွမ် - "......."
သူလမ်းလျှောက်ပုံက တခြားလူတွေနှင့် မည်သို့ ကွဲပြားနေမှန်း ချူယွမ် သတိမထားမိ။ သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ရင်း ခေါင်းခါလိုက်ကာ ချူယွမ်၏ မတ်နေသောခါးကို အနည်းငယ်ကုန်းနေအောင် ပြုပြင်ပေးလိုက်သည်။
"ဒီလိုမျိုး....နည်းနည်း ကုပ်ကုပ်လေးနေလိုက်ရင် အဆင်ပြေတယ်"
"အဲ့လောက်လွယ်တယ်လား"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်ကာ နှစ်ယောက်သားအတူတကွ ဆိုင်ထဲ၀င်လာခဲ့လေသည်။
ဆိုင်အကူ၀န်ထမ်းမှာ အင်မတန်အလုပ်များနေကာ အသစ်၀င်ရောက်လာသော ဧည့်သည်နှစ်ဦးကို လာပြီးနှုတ်ဆက်ဖို့ရန် အချိန်ပင်မရ၊ အေ၀းမှသာ လှမ်း၍ နှုတ်ဆက်နိုင်၏။
"လူကြီးမင်းတို့ စိတ်တိုင်းကျ ကုန်ပစ္စည်းတွေ ကြည့်လှည့်ပါ။ ကျွန်တော်မျိုးအားတာနဲ့ ချက်ချင်း လာခဲ့ပါ့မယ်ခင်ဗျာ"
"ရပါတယ်၊ နောင်တော်လည်း အလုပ်လုပ်နေလိုက်ပါ။ ကျွန်တော်တို့က အားနေလို့ ဒီတိုင်း၀င်ကြည့်ချင်ရုံတင်ပါ...."
ဆိုင်နောက်တွင် ပုံစံအမျိုးမျိုး ပြုလုပ်ထားသော မြင်းလှည်းများ စီရီခင်းကျင်းထားကာ ဆိုင်အတွင်းဘက်တွင်တော့ အသစ်စက်စက် ပြုလုပ်ထားသော ထိုင်ခုံများ၊စားပွဲများနှင့် အခြားပရိဘောဂများကို စီရီထား၏။အိမ်အတွင်းဘက်သို့ ဆက်၍၀င်ကြည့်မည်လုပ်တော့ ၀န်ထမ်းများက လိုက်လံတားဆီးကြသည်။ လူကြီးမင်း၀ူ၏ ကိုယ်ပိုင်အနားယူရာနေရာဖြစ်သောကြောင့် ဖောက်သည်များ ၀င်လို့မရကြောင်းပြောပြလာသည်။သွမ့်ပိုင်ယွဲ့လည်း တောင်းပန်စကားဆိုလိုက်ကာ ဆိုင်ရှေ့ကပစ္စည်းများကိုတစ်ပတ်မျှလှည့်ကြည့်ပြီးနောက် ဆိုင်ထဲမှထွက်လာလေသည်။
ချူယွမ် - "ဘာတွေ့မိသေးလဲ"
သွမ့်ပိုင်ယွဲ့ - "ဘာမှမတွေ့ဘူး"
မှန်သည်။ ဘာကိုမှမတွေ့မိသည်ကမှ တကယ် ထူးဆန်းသည်။ မြင်းလှည်းများ၊ ပရိဘောဂများကလွဲရင် ဘာပစ္စည်းမှရောင်းသည်ကိုမတွေ့။ သူတို့တွေ့ခဲ့သောသေတ္တာများ အဘယ်မှာချရောင်းနေမှန်း လုံး၀မတွေ့ခဲ့ရ။ ထိုသို့ဆိုလျှင် ထိုသေတ္တာများ ဘယ်ရောက်ကုန်သနည်း။
ချူယွမ်က ထပ်ပြောလာသည်။
"ချိုးဖန်းရွာသားပြောပုံအရ မနက်ဖြန်ကျရင် ဒီဆိုင်ကလူတွေ သူ့ဆီပစ္စည်းသွားယူဖို့ရှိတယ်။ ဒီလိုဆိုရင်တော့ အဲ့ဒီသေတ္တာတွေ နောက်ဆုံးဘယ်ဆီရောက်သွားလဲဆိုတာတော့ လိုက်စုံစမ်းလို့ရတယ်"
"အင်း"
"ပြန်ရအောင်.....မြင်းတပ်စခန်းဆီ"
"ဟင့်အင်း။ နေ့ခင်းကြောင်တောင် လူအရမ်းများတာကို ခုချိန် စခန်းပြန်သွားရင် ဘေးလူတွေ ရိပ်မိကြမှာပေါ့ .....မပြန်သေးဘူး ၊ နေအေးမှပြန်မယ်"
"ဒါဆို အခု ဘာလုပ်ကြမှာလဲ"
"အပြင်ထွက်လာတာလည်းကြာပြီ ၊ ထမင်းတစ်နပ်မှလည်း မစားရသေးဘူးဆိုတော့ကာ...."
သွမ့်ပိုင်ယွဲ့က လက်ညှိုးတစ်ချောင်းထောင်ပြရင်း ဆက်ပြော၏။
"ဒီနားမှာ သေရည်ဆိုင်တစ်ဆိုင်ရှိတယ်...
အဲ့ဆိုင်မှာ အ၀စားသောက်ပြီးမှ ပြန်ကြမယ်"
ချူယွမ် မျက်နှာလေးရှုံ့မဲ့သွားပြန်သည်။
"သွားကြစို့"
သွမ့်ပိုင်ယွဲ့က ဘာမှ ဆက်ရှင်းပြမနေတော့ဘဲ ချူယွမ်ကိုအပါဆွဲခေါ်ကာ သေရည်ဆိုင်ထဲ ၀င်သွားလေသည်။ ဆိုင်၀န်ထမ်းကောင်လေးကလည်း သွမ့်ပိုင်ယွဲ့အား ရင်းနှီးစွာနှုတ်ဆက်လာ၏။ ချူယွမ်လည်း ဘာမှဆက်မမေးတော့ဘဲ အရွက်ဟင်းချိုနှင့် အသားသွတ်
တိုဖူးဟင်းသာ မှာလိုက်လေသည်။ သွမ့်ပိုင်ယွဲ့ကမူ-
"ရတနာရှစ်ပါး ဘဲသားဟင်း၊ အရက်စိမ်အမဲသားဟင်း ၊ ၀က်ခြေထောက်စတူး ၊ ပင်လယ်မျှော့အသားလုံး၊ သိုးခြေထောက်စွပ်ပြုတ်နီ ၊ ပူတို့ငါးဟင်း "
စားပွဲထိုးကောင်လေးကလည်း သွမ့်ပိုင်ယွဲ့ မှာသမျှလိုက်မှတ်ရင်း သတိပေးလာ၏။
"သခင်လေးတို့ နှစ်ယောက်တည်းပဲဆိုနော့....မှာထားတာ အရမ်းများနေမှာ စိုးရတယ်နော်"
အနီးအနားစားပွဲရှိ လူများကလည်း သွမ့်ပိုင်ယွဲ့နှင့် စားပွဲထိုးကောင်လေးတို့ ပြောဆိုနေသည်ကိုကြားတော့ စူးစမ်းသောအကြည့်များဖြင့် ၀ိုင်းအုံပြီးကြည့်လာကြသည်။ ချူယွမ်တော့ဖြင့် မြေလျှိုးပြီး ပျောက်သွားချင်လောက်အောင် ရှက်နေရသည် ၊ သူတို့ကို ဇူဇကာတွေလို့ပဲ ထင်သွားကြလေမလား။ခဏနေတော့ မျက်နှာပါအဆင်မပြေဖြစ်ရုံတင်မက ၊ ချူယွမ်တစ်ကိုယ်လုံး ဆူးဖြင့်အထိုးခံရသလို စပ်ဖျဥ်းဖျဥ်းဖြစ်လာ၏။
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် သောက်စရာတစ်ခွက် ငှဲ့ပေးပြီး ပြောလာသည်။
"ဒါလေးက ဆန်ကနေချက်ထားတာ၊ လက်ဖက်မဟုတ်တော့ အရသာတစ်မျိုးလေး ဆန်းသစ်တယ်"
ချူယွမ် နည်းနည်းမြည်းကြည့်လိုက်တော့ ခပ်သင်းသင်း မွှေးရနံ့ပါ ရလိုက်သည်။
"ဘယ်လိုလဲ....ကြိုက်လား"
"အင်း....ချိုရဲနေတာပဲ"
"ကိုယ်ပြောသားပဲ.....မြင်းတပ်စခန်းက ထမင်းတွေချည်း မစားပါနဲ့လို့။ ဧကရာဇ်ချူ ခြိုးခြံချွေတာတဲ့အကျင့်ရှိမှန်း တိုင်းပြည်တစ်၀ှမ်းလုံးသိပြီးသား ။ ဒေသန္တရ မှူးမတ်အရာရှိတွေခမျာ ဧကရာဇ်ကို အသားဟင်းငါးဟင်း ချက်ပြီး ကျွေးမွေးဆက်သချင်တာတောင် သူတို့ဇက်များပြုတ်မလားလို့ တွေးပူနေရရှာတယ်"
"ဟုတ်ပါပြီ။ ကိုယ်တော့်ကို ဒီလို ဆက်ပြီးချီးကျူးနေမယ်ဆိုရင်တော့ ကိုယ်တော်လည်း နောင်ကျရင် ရိုးသားဖြောင့်မတ်၊ ကြိုးစားတတ်ပြီး ခြိုးခြံတဲ့လူ မလုပ်တော့ဘူး။ ပညာရှိပြီးထက်မြက်တဲ့လူပဲ လုပ်တော့မယ်"
သွမ့်ပိုင်ယွဲ့က သဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်မောပြီးမှ
ခပ်တိုးတိုးသတိပေးလာ၏။
"အပြင်ရောက်နေတာတောင် ကိုယ့်ကိုယ်ကိုကိုယ်တော်မြတ်လို့ပဲ သုံးနှုန်းနေဦးမှာလား"
ချူယွမ်က အနည်းငယ် တွန့်ဆုတ်သွားပြီးမှ တိုးတိုးရေရွတ်၏။
"ငါ...."
သွမ့်ပိုင်ယွဲ့က ပို၍သဘောကျစွာ ရယ်မောနေလျက်။ စားပွဲထိုးလူငယ်ကို ခေါ်လိုက်ကာ ပန်းပွင့်လွှာသေရည် ထပ်ယူလာစေ၏။ အခွင့်ရတုန်း ထိုသူကို အရသာအသစ်အမျိုးမျိုး မြည်းစမ်းခိုင်းရပေမည်။
မကြာမီပင် စားသောက်ဖွယ်ရာများ ရောက်လာကာ စားပွဲအပြည့် လှပစွာ နေရာအပြည့် ယူသွားလေသည်။ ချူယွမ်လည်း သွမ့်ပိုင်ယွဲ့ မြိန်ယှက်စွာ စားသောက်နေသည်ကိုမြင်တော့ အဆောတလျင် စားသုံးခြင်းမပြုတော့။ ဘေးနားက၀ိုင်းမှလူများ မကြာခဏ ကြည့်လာတတ်သော်လည်း ကြည့်ပါများတော့ ချူယွမ် အသားကျသွားလေပြီ။ ရုပ်ဖျက်ထားသောကြောင့် ဇူဇကာဟုအထင်ခံရလည်း ဘာမှမနစ်နာလောက်။
"ဘာလို့ ဒီနေ့ ထမင်းမစားချင်ပြန်တာတုန်း"
"ဟင်?"
"အဲ့ဘဲခြေထောက်ကင်ကို ပန်းကန်ထဲထည့်ပြီး ဟိုလှည့်ဒီလှည့်လုပ်နေတာ ဆယ်ခါမကရှိနေပြီ"
ချူယွမ် - "......."
သူ တကယ် စားမှမစားနိုင်တာကိုလို့။
သံမ့်ပိုင်ယွဲ့က သူ့လက်ထဲမှ ဘဲကင်ကိုယူကာ သူ့ပန်းကန်ထဲထည့်လိုက်ပြီး မျှစ်နုများပါထည့်ထားသော မှိုဟင်းရည်ကို ချူယွမ်ရှေ့ချပေးလာ၏။ ချူယွမ်က တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ထုတ်မပြောဖြစ်လိုက်။ စောနဘဲကင်က သူ တစ်ခါ ကိုက်ထားပြီးသားဖြစ်သည့်အကြောင်း ပြောပြမလို့ပင်။
သွမ့်ပိုင်ယွဲ့ကတော့ စိတ်ထဲ အမှုထားပုံပင်မပေါ်၊ နှစ်ကိုက်သုံးကိုက်ဖြင့်ပင် ထိုဘဲခြေထောက်ကင်မှာ ကုန်စင်သွားလေသည်။ ထို့နောက် အမဲသားတုံးအကြီးကြီးတစ်တုံး ခပ်ထည့်ပြီး ဆက်၍စားသောက်နေလေသည်။
ချူယွမ် မတွေးဘဲမနေနိုင်တော့။ သွမ့်ပိုင်ယွဲ့စားသောက်နေသော ထမင်းဟင်းပမာဏကို ထောက်ဆကြည့်လျှင် မြင်းတပ်စခန်းတွင် နေခဲ့သည့် အရင်ရက်များအတွင်း တစ်နပ်တစ်လေမှ သွမ့်ပိုင်ယွဲ့ ထမင်း၀အောင် မစားခဲ့ရသည့်ပုံပင်။
စားသောက်ပြီးသွားတော့ မိုးလည်းချုပ်သွားချေပြီ။ သွမ့်ပိုင်ယွဲ့လည်း လက်ဖက်ရည်ခွက်ကို နောက်ဆုံးပိတ် မော့သောက်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်လေသည်။
ဒါမျိုးမှ ထမင်းစားသည်ဟု ခေါ်ပေသကိုး။ မြင်းတပ်စခန်းတွင်စားခဲ့သမျှ အရသာပေါ့သည့်အပြင် အဆာပြေရုံမျှသာ သူစား၀င်ခဲ့လေသည်။
"ပြန်လို့ရပြီလား"
သွမ့်ပိုင်ယွဲ့က အပြင်ဘက်သို့ ငေးကြည့်နေ၏။ ယွင်ရွှေမြစ်မှာ စိမ်းလဲ့ကြည်လင်နေကာ မြစ်နှစ်ဖက်ကမ်းစလုံးရှိ ရှုခင်းမှာ လွန်စွာမှသာယာလှပလွန်းလေသည်။
သို့သော် ချူယွမ်ကမူ အောက်ထပ်သို့ ဆင်းသွားနှင့်လေပြီ။ သွမ့်ပိုင်ယွဲ့လည်း ရှုခင်းအတူသွားကြည့်ရန် နှမြောတသသဖြစ်နေသည်ါစိတ် ကို ချိုးနှိမ်လိုက်ကာ နောင်ကျမှ ခေါ်သွားမည်ဟုသာ တေးမှတ်ထားလိုက်လေ၏။
ချူယွမ်ကတော့ ဘာမှမတွေးအားတော့ဘဲ မြင်းတပ်စခန်းသို့ပြန်ရောက်ရန် ခြေလှမ်းအသော့မြန်သထက်မြန်အောင်လှမ်းလာခဲ့ပြီး နောက် ၊ ရောက်သည်နှင့် ရှစ်ဇိီကို ရေနွေးအမြန်ပို့ရန် မိန့်ကြားလေသည်။ ရှစ်ဇီလည်း အောက်ထပ်သို့ အမြန်ညွှန်ကြားစေခိုင်းလိုက်ပြီး သွမ့်ပိုင်ယွဲ့ထံ ဘယ်လိုဖြစ်လာပြန်ပြီလဲဟူသောသဘောဖြင့် ကြည့်နေ၏။ ဧကရာဇ်ပရှင်က ဘာလို့ ချက်ချင်းကြီး အမြန်ကိုယ်လက်သန့်စင်ချင်ရတာလဲ။
နောက်ဆုံးတော့ သွမ့်ပိုင်ယွဲ့လည်း မူမမှန်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
"ဘယ်လိုဖြစ်တာလဲ"
"အာ....မျက်နှာဖုံးက အရမ်းချွတ်ရခက်တယ်"
"ပေး...ကိုယ် ကူလုပ်ပေးမယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ်နားရွက်နောက်ကို ခပ်ဖွဖွစမ်းလိုက်ပြီး မျက်နှာဖုံးတစ်ခုလုံး ချွတ်ပေးလိုက်လေသည်။ချူယွမ်လည်း အရမ်းနာသွားသဖြင့် ညည်းညူသံသေးသေးလေးပင် လွတ်ထွက်သွား၏။ မျက်နှာဖုံးအောက်ကမျက်နှာပြင်တစ်ပြင်လုံး နီရဲကာ အင်ပျဥ်ထနေလျက်။
"အိုက်ယား!!!!!"
ရှစ်ဇီကုန်းကုန်း အင်မတန်ထိတ်လန့်သွား၏။အဘယ်ကြောင့် ဤသို့ဖြစ်ကုန်ရသနည်း။
"ဘာလို့ ကိုယ့်ကို အစောကြီးမပြောပြတာလဲဟမ် "
သွမ့်ပိုင်ယွဲ့လည်း ထိတ်လန့်တကြားဆိုကာ ချူယွမ်ကို ထိုင်ခုံပေါ်အမြန်ထိုင်စေပြီး မီးအိမ်တစ်ခုဖြင့် သေချာ အနားတိုးကာ စစ်ဆေးကြည့်ရှုပေးလေ၏။
မင်းရဲ့စောနပုံစံကိုက မသိရင် ဆယ်ရက်လောက် ငတ်ထားတဲ့ပုံကြီးလေ ၊ ထမင်းတစ်နပ် အားရပါးရစားသောက်နေတုန်း မနှောင့်ယှက်ကောင်းဘူး မဟုတ်လား။
ချူယွမ် စိတ်ထဲမှသာ ခံပြောနေလေသည်။
သွမ့်ပိုင်ယွဲ့နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲနေလျက်။ သို့နှင့် စိတ်ရှုပ်စွာပင် အ၀တ်သန့်သန့်ကို ရေနွေးစိမ်ပြီး သူကိုယ်တိုင်ပင် ချူယွမ်မျက်နှာအား နူးညံ့ညင်သာစွာ သန့်စင်ပေးကာ ဂရုတစိုက်
ဆေးလိမ်းပေးရှာသည်။
"နာနေသေးလား"
"ဟင့်အင်း ၊ နာတာကမနာဘူး။ ယားကျိကျိတော့ဖြစ်သေးတယ်"
"ကိုယ် တကယ် သတိမထားမိလိုက်လို့ ဖြစ်သွားတာ....တကယ်ပါပဲ"
ချူယွမ်၏ အိကျလာသော ဆံနွယ်များကို သွမ့်ပိုင်ယွဲ့ အသာသပ်တင်ပေးရင်း ဆို၏။ ဆူကျူးချိုး၏စာကြည့်ခန်းမှာကတည်းက ဖုန်မှုန့်လေးများထလာရုံနှင့်ပင် နှာချေနေသေးသောလူက အခုလို မျက်နှာဖုံးကပ်၊ ဆေးအမျိုးမျိုးနဲ့ လိမ်းကျံပြီး ရုပ်ဖျက်လိုက်မှတော့ ပိုဆိုးရောပေါ့။ နေ့တစ်၀က်မို့လို့သာ ဒီထက်မဆိုးခဲ့သည်ကိုပဲ သူ ကျေးဇူးတင်ရတော့မည်ပင်။
အရက်ဆိုင်ရောက်နေစဥ်တုန်းကလို ကိုယ်လက် ယားယံခြင်းမရှိတော့ဘဲ ချူယွမ်မျက်နှာမှာ ယခုတော့ ဆေးအရှိန်ကြောင့်အေးမြလို့နေကာ ဘာမှမခံစားရတော့။
အနားတိုးလာသော သွမ့်ပိုင်ယွဲ့၏ မျက်နှာကို သေချာငေးကြည့်ပြီးမှ တည်ငြိမ်သောလေသံဖြင့်သာ ချူယွမ်က လှမ်းစ၏။
"မင်းဖြစ်နေပုံကြည့်ရတာ... ငါ တကယ်ရုပ်ဆိုးသွားမှာလားဟင်"
"လျှောက်ပြောနေပြန်ပြီ.....အလွန်ဆုံးရှိ မနက်မိုးလင်းရင် ပျောက်ပြီ၊ စိုးရိမ်မနေနဲ့ ဟုတ်ပြီလား"
"အင်း"
သွမ့်ပိုင်ယွဲ့က သေချာအောင် တစ်ချက်
လိုက်ပြီး စစ်ကြည့်နေသေး၏။ တကယ်လည်း သက်သာသွားပါပြီလေ ။ ဆေးလိမ်းလိုက်တော့ နီရဲနေသောအင်ပျဥ်များလည်း အတော်ပါးချပ်သွားသဖြင့် ခုမှ စိတ်သက်သာရာရကာ သက်ပြင်းမောချနိုင်တော့သည်။
ချူယွမ်က သွမ့်ပိုင်ယွဲ့အဖြစ်ကိုကြည့်ပြီး ရယ်မောနေ၏။သွမ့်ပိုင်ယွဲ့က သူ့အနားထိုင်နေမြဲ။
"ရယ်နိုင်သေးတယ်နော် ....ခင်ဗျားက။
တော်ပြီ.....နောက်ဆို ဘယ်တော့မှ ဒီလိုမျိုး ပေးမဆော့တော့ဘူး "
"ဒါပေမယ့် မနက်ဖြန်ကျရင် ချိုးဖန်းရွာကနေ ပစ္စည်းသွားသယ်မယ့်ကိစ္စ လိုက်ကြည့်ရဦးမယ်လေ"
"ကိုယ်တစ်ယောက်တည်းဆိုရပြီ။
ဒီမှာပဲ စောင့်နေလိုက်တော့....."
"အရှင်မင်းမြတ်.....သမားတော်ပင့်ဖို့လိုသေးလားဘုရား"
ရှစ်ဇီက အပြင်ဘက်မှ စိုးရိမ်တကြီးလှမ်းပြောလာ၏။
"မလိုတော့ဘူး"
တကယ်မလိုတော့ဘူးလား။ သမားတော်ပင့်ပြီး နည်းနည်းလောက်စမ်းသပ်ခိုင်းကြည့်ရင် ပိုမကောင်းဘူးလားဘုရား။
သွမ့်ပိုင်ယွဲ့က တံခါးဖွင့်ပြီး ရှစ်ဇီအားကိုယ်တိုင်သွားပြောလေသည်။
"ကုန်းကုန်း စိတ်မပူပါနဲ့။ ဧကရာဇ်ချူကို ပန်၀မ်း သေချာဂရုစိုက်ပေးပါ့မယ်"
ရှစ်ဇီလည်း မတတ်သာတော့ဘဲ ငြိမ်နေလိုက်ရလေသည်။
အပြင်ဘက်ကလူတွေပြောသလောက်တော့ ရှီးနန်စံအိမ်က နေရာတိုင်းမှာ အဆိပ်ရှိတယ်တဲ့။ အခု တကယ်မှန်နေပုံရလေသည်။ သို့မဟုတ်ပါက ရုပ်ဖျက်လိုက်ရုံနှင့် ဧကရာဇ်လေးရဲ့ မျက်နှာတော်က ထိုမျှလောက်အဖြစ်ဆိုးသွားစရာလား။
*******
အခန်းထဲ၀ယ် သွမ့်ပိုင်ယွဲ့က ချူယွမ်အိပ်နေသည်ကို ထိုင်ပြီးစောင့်ကြည့်နေသည်။ ထို့နောက် သလွန်ဘေးနား ထိုင်လိုက်ကာ ဖယောင်းတိုင်တစ်ခုကို မီးငြိမ်းပေးလိုက်သည်။
"သွမ့်၀မ်....အခန်းမပြန်သေးဘူးလား"
ချူယွမ်မေးလာတော့ သွမ့်ပိုင်ယွဲ့က စောင်သေချာ ထပ်ခြုံပေးလိုက်ကာ -
"မပြန်သေးဘူး ...မင်းအခြေအနေကို စောင့်ကြည့်လိုက်ဦးမယ်။ အဆင်မပြေတာရှိတာနဲ့ ကိုယ့်ကိုချက်ချင်းပြောပြလို့ရတယ်...."
ချူယွမ်က ရယ်ချင်လာပြန်သည်။
"မင်းက ကိုယ်တော့်ကို အရမ်းချူချာတယ် အားနည်းတယ်လို့ ယူဆထားတာလား"
တကယ်လည်း ချူချာနေတာပဲဟာ။
သွမ့်ပိုင်ယွဲ့စိတ်ထဲတွင်သာ ထိုသို့ဖြေရဲသည်။ ထုတ်ပြောလို့လုံး၀မရမှန်း သိနေသည်မို့။
"အိပ်တော့"
ချူယွမ်က ထထိုင်မည်အပြု သွမ့်ပိုင်ယွဲ့က
သူ့အား မလှုပ်ယှက်နိုင်အောင် ပြန်ဖိပြီး လဲလျောင်းနေစေ၏။
"မျက်နှာပေါ်မှာ ဆေးတွေကျန်နေသေးတယ် ၊ လျှောက်လျှောက် မလှုပ်နဲ့။ ဒီတိုင်းလေးပဲအိပ်....."
ရှစ်ဇီလည်း အပြင်ဘက်မှစောင့်နေ၏။ ဆီမီးရောင် ငြိမ်းသွားပြီးတာတောင် ဘာလို့ ရှီးနန်၀မ် ထွက်မလာသေးတာလဲ။
သွမ့်ပိုင်ယွဲ့က သလွန်ဘေးနား မှီကာ ဘေးနားကလူသားလေးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ ကိုယ်တိုင်လည်း မျက်လွှာချကာ အနားယူ၏။ သို့သော် မကြာခဏ ထထပြီး ချူယွမ်အခြေအနေအား ကြည့်ကြည့်ပေး၏။ ဤသို့ အဖန်တလဲလဲ ထထကြည့်နေလိုက်သည်မှာ လုံး၀သက်သာပျောက်ကင်းသွားမှန်းသေချာသွားသည့်အထိပင်။ဤသည်ကိုပင် သူ့ခမျာ စိတ်မချနိုင်သေးဘဲ ချူယွမ်၏ သွေးခုန်နှုန်းများပါ သေချာစမ်းသပ်စစ်ဆေးကြည့်သေးသည်။ အခြားပြဿနာများလည်း ရှိမနေတော့ဟု သေချာတော့မှ မိမိဘေးခန်းသို့ ပြန်သွားလေ၏။
တံခါးကို ဂရုတစိုက် ခပ်ဖွဖွ ပိတ်သွားသောအသံကိုကြားပြီးတော့မှ ချူယွမ်လည်း မျက်လုံးဖွင့်လာပြီး အပေါ်မျက်နှာကျက်ကိုသာ ငေးမောနေလေ၏။ နှုတ်ခမ်းထက်တွင်လည်း......အပြုံးပန်းတစ်ပွင့် အကြောင်းရင်းမရှိ ပေါ်လာလျက်။ စောင်ကိုသေချာခြုံလိုက်ပြီးသည်တောင် အိပ်မပျော်တော့ဘဲ တစ်ညလုံး အတွေးရေယဥ်ကြောထဲ လွင့်မျောနေခဲ့လေသည်။
********
မိုးလင်းသည်နှင့် သွမ့်ပိုင်ယွဲ့လည်း ချိုးဖန်းရွာသို့ သွားရောက်စောင့်ကြည့်လေနေသည်။ မှန်းဆထားသည့်အတိုင်းပင် နေ့လယ်ခင်းတွင် ၀ူမျိုးရိုးမြင်းလှည်းဆိုင်မှ အစေခံများ ချိုးဖန်းရွာစပ်သို့ရောက်လာလေသည်။မနေ့က သူတို့တွေ့ဆုံခဲ့သော ယောကျ်ားပျိုလေးနှင့်အတူ ရယ်ရယ်မောမော ရင်းနှီးစွာ ပြောဆိုနှုတ်ဆက်နေကြပြီး စကားပြောလိုက် ၊အချောသတ်ပြီးသားပစ္စည်းအစိတ်အပိုင်းများ လှည်းပေါ်သယ်လိုက်နှင့် ။ ထို့နောက် ပစ္စည်း အရေအတွက်သေချာရေတွက်စစ်ဆေးလိုက်ပြီး ထိုနေရာ၌ချက်ချင်းပင်
ငွေပေးချေကာ နှစ်ဖက်လုံး ကိုယ်စီကိုယ်ငှ အလုပ်ကိစ္စပြီးမြောက်သွားလေသည်။
ငွေပမာဏက တကယ်ကို နည်းနည်းနောနောမဟုတ်ဘူးပဲ.....
သွမ့်ပိုင်ယွဲ့ အေ၀းမှ မှတ်ချက်ချနေမိသည်။ထိုဆိုင်အစေခံက တာ့ယဲန့်မြို့သို့ ပြန်လာကာ မတူညီသော ကုန်သိုလှောင်ရုံ၌ ပစ္စည်းအမျိုးအစားခွဲပြီး သိမ်းထားလေသည်။ နောက်ဆုံးကျန်ရှိသော သေတ္တာကြီးသုံးလုံးထဲတွင်တော့ မနေ့ကမြင်ခဲ့သော သေတ္တာငယ်များဖြစ်လိမ့်မည်။
သွမ့်ပိုင်ယွဲ့က ထိုအစေခံအား တောက်လျှောက် လိုက်ကြည့်နေခဲ့သည်။ ပထမတော့ ဆိုင်နောက်က လူကြီးမင်း၀ူ၏ကိုယ်ပိုင်နားနေအိမ်ဆိုသည့်နေရာကို ရောက်လာသည်၊ ထို့နောက် ထိုနေရာကိုကျော်လွန်ကာ အိုမင်းဆွေးမြည့်နေပြီဖြစ်သော ဧည့်ခန်းဆောင်ဖြစ်ဟန်ရှိသော အိမ်တစ်ခုရှေ့ ရောက်လာပြီး သော့တွဲတစ်ခုကိုယူကာ တံခါးဖွင့်လိုက်လေသည်။ ထိုသေတ္တာကြီးသုံးခုကို အထဲသို့ ရွှေ့ထားလိုက်ပြီးနောက် ပြန်ထွက်လာတော့လည်း ဘေးဘီ၀ဲယာကို သေချာအကဲခတ်ကာ လူမရှိမှန်းသေချာတော့မှ ဆိုင်ရှေ့သို့ ခပ်သွက်သွက်ပြန်လျှောက်လာလေ၏။
ထိုဧည့်ခန်းဆောင်အပျက်ကြီးမှာ လေတိုး၀င်နိုင်သော အပေါက်သေးသေးလေးဖြင့် ယိုယွင်းပျက်စီးနေလျက်ရှိရာ မည်သည့်အချိန်ကတည်းက ပြုပြင်ဖာထေးခြင်းမပြုဘဲ ပစ်ထားခဲ့မှန်း မပြောတတ်။ခေါင်မိုးများသည်ပင် နင်းလိုက်ရုံမျှဖြင့် အပေါက်ဖြစ်သွားတော့မတတ် ကျိုးကြေပျက်စီးနေလေသည်။သွမ့်ပိုင်ယွဲ့က ထိုနံရံရှိအပေါက်သေးသေးလေးများမှတစ်ဆင့်အထဲသို့ ကြည့်လိုက်တော့ အတော်အံ့သြသွားရသည် ။
အခန်းထဲတွင် ဘာဆိုဘာမှ ရှိမနေခြင်းကြောင့်ဖြစ်၏။ စောနက လာပို့ထားတဲ့ သေတ္တာသုံးလုံးကိုလည်း အရိပ်မျှပင်မတွေ့ရ။
လျှို့၀ှက်ဥမင်တစ်ခုရှိတယ်ပေါ့လေ.....
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ မြင်းတပ်စခန်းသို့ပြန်လာခဲ့တော့သည်။
*********
"လျှို့၀ှက်ဥမင်ဟုတ်လား?"
ချူယွမ်လည်း ထိုအကြောင်းကိုကြားတော့ အတော်အံ့သြသွားလေ၏။
"ဘယ်သူ့ကိုမှ ပေးတွေ့လို့မရတဲ့ကိစ္စမျိုးက လူမမြင်ကွယ်ရာမှာ မှောင်ရိပ်ရချိန်မှာပဲ လုပ်ကြလိမ့်မယ်။ ဒီနေ့ ဘာသဲလွန်စမှ မတွေ့ခဲ့ပေမယ့် နောက်နှစ်ခါသုံးခါလောက် စောင့်ကြည့်ခိုင်းထားရင် တွေ့မှာပါ ။ စိတ်မပူနဲ့.... "
"အန္တရာယ်ရှိမှာလား"
"ရှိမယ့်ပုံမပေါ်ပါဘူး၊ ဒါပေမယ့် မြွေကိုသွားမနှိုးမိအောင်တော့ သတိထားပြီး လှုပ်ရှားရမယ်....ဒါနဲ့မင်းဘက်ကရော ၊ ဆူကျူးချိုးနဲ့ ၀ူမျိုးရိုးမြင်းလှည်းဆိုင်ကြား အဆက်အသွယ်ရှိတဲ့ သဲလွန်စတစ်ခုခု တွေ့ပြီလား"
"သူတို့ လုပ်ကိုင်သွားလာတာတွေကအစ လျှို့၀ှက်နက်နဲတယ်။ ဒီဆိုင်ကလည်း တာ့ယန့်မြို့မှာ နာမည်အကြီးဆုံး အအောင်မြင်ဆုံးဆိုင်ဆိုတော့ မြို့စားမင်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာကလည်း ဘာမှထူးဆန်းနေတာမဟုတ်ဘူး"
"အင်း....ဒါပေမယ့် ဒီမြို့မှာ မြင်းလှည်းဆိုင်တွေအများကြီးရှိသေးတာပဲ ။ ဒီဆိုင်က ဘယ်တုန်းကမှ နာမည်ကြီးလာတာတဲ့လဲ"
"အရင်နှစ်နှစ်လောက်က"
"နောက်တစ်နည်းပြောရမယ်ဆို ဆူကျူးချိုး ဒီမြို့ရောက်မလာခင်တုန်းက ဒီဆိုင်ဟာ သာမန်ဆိုင်လောက်ပဲရှိသေးတယ်ဆိုတဲ့သဘောပေါ့။ ဒီနေ့လို အောင်မြင်လာတာ မြို့စားမင်းဆီက အထောက်အပံ့အများကြီးရခဲ့မှာ သေချာနေတာပဲ။ နောက်တစ်ခုရှိသေးတယ်.....ထင်းတွေလာပို့တဲ့ကောင်လေးအယောင်ဆောင်တဲ့ မိန်းမပျိုလေးကလည်း ဆူကျူးချိုးအိမ်ကနေထွက်လာတော့ ၀ူမျိုးရိုးမြင်းလှည်းဆိုင်ဆီကို တည့်တည့်မတ်မတ် ရောက်လာတယ်တဲ့...."
"ဒါဆို....ဘယ်လိုဆက်ပြီးစုံစမ်းရမှာလဲ"
"ငါးစာကြီးကြီးချိတ်ပြီး ငါးကြီးကြီးဖမ်းလိုက်ရင် မကောင်းဘူးလား။ မြင်းလှည်းဆိုင်ဘက်ကို ကိုယ်သွားစောင့်ကြည့်မယ်၊ သူတို့ ဘာတွေ ခိုးလုပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်"
"အင်း၊ ဒါဆို ကိုယ်တော်ဘက်ကလည်း ဆူကျူးချိုးကိုစောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်မယ်။ မင်းပြောတဲ့အတိုင်းဆိုရင် လန်ဂျီးက သူ့ကို ထွက်ပြေးပေါက်ပိတ်တဲ့အထိ အကြပ်ကိုင်မှာဆိုတော့ သိပ်မကြာခင်မှာပဲ သူ တစ်ခုခု ထလုပ်လောက်တယ်"
"အင်း၊ ကောင်းပြီ"
နှစ်ယောက်သား ဆွေးနွေးတိုင်ပင်နေကြရင်းနှင့်မှ ရုတ်တရက်ဆိုသလို သွမ့်ပိုင်ယွဲ့က
ချူယွမ်အနား တဖြည်းဖြည်း တိုးလာလေ၏။ ချူယွမ်လည်း အလိုလို နောက်ဆုတ်မိလျက်သား။
"သွမ့်၀မ်!!!!"
"ဘာကို တွေးကြောက်နေတာလဲ။ အလုပ်ကိစ္စပြောပြီးသွားတော့ မင်းမျက်နှာအခြေအနေကို သေချာကြည့်ပေးမလို့လေ....
ဘယ်လိုဖြစ်နေတာလဲ"
"ဘာမှမဖြစ်တော့ဘူး....မနက်စောစော ရှစ်ဇီက အတူခေါ်လာတဲ့တော်၀င်သမားတော်နဲ့ ပြပြီးသွားပြီ"
"ပြီးတော့ရော?"
သွမ့်ပိုင်ယွဲ့က ထိုင်ခုံတစ်လုံးဆွဲကာ ချူယွမ်ဘေးနား လာထိုင်လေသည်။
"ပြီးတော့ သမားတော်က ကိုယ်တော့်သွေးခုန်နှုန်းတွေ လာစမ်းပေးတယ်၊ ဘာဆိုဘာမှ ပုံမှန်မဟုတ်တာ မတွေ့သွားဘူး။ ဘာမှရှာမတွေ့ဘူးလို့ လျှောက်တင်ရမှာလည်း ကြောက်နေရှာလို့နဲ့တူတယ် ၊ ထိတ်လန့်နေတာ တုန်နေရော...."
သွမ့်ပိုင်ယွဲ့က ချူယွမ်ပြောသမျှ ပြုံးပြီးနားထောင်နေကာ -
"သူများတွေကိုကြောက်အောင် တမင်ခြောက်လှန့်နေတတ်တာကြီးက မင်းရဲ့နဂိုပုံစံနဲ့မတူလိုက်တာ"
ထိုစဥ် ရှစ်ဇီက အပြင်ဘက်မှ လျှောက်တင်လာ၏။
"အရှင်မင်းမြတ်!!!!! ညစာအတွက် ပွဲတော်ပြင်ဆင်ပြီးသွားပါပြီဘုရား"
"အထဲ ယူလာခဲ့လိုက်"
သွမ့်ပိုင်ယွဲ့ဦးနှောက်ထဲတွင် အရွက်ဟင်းများနှင့် တို့ဖူးများသာ မြင်ယောင်လာ၏။
မနေ့က အဆီများအသားများ သွားစားထားခဲ့တာ တော်ပါသေးရဲ့။
ရှစ်ဇီကုန်းကုန်းလည်း တံခါးဖွင့်ကာ စားသောက်ဖွယ်ရာများ တစ်ပွဲပြီးတစ်ပွဲ လာချထားလေသည်။ ပုံမှန်အားဖြင့် နှစ်ပွဲသုံးပွဲမျှသာ ရှိတတ်သော ထမင်း၀ိုင်းမှာ ခုတော့ အနည်းဆုံး ခုနစ်ပွဲရှစ်ပွဲမျှသာ ရှိနေ၏။အသားများအပြင် ငါးဟင်းပါ ပါလာသေးသည်၊ အကောင်ကလည်း အတော်လေး
ကြီးပေ၏။
သွမ့်ပိုင်ယွဲ့ - "......."
ချူယွမ်က ထမင်းပန်းကန်လုံးကို ယူလိုက်ရင်း မေးလာ၏။
"သွမ့်၀မ်က အဲ့လိုပဲ ထိုင်ငေးကြည့်တော့မလို့လား"
သွမ့်ပိုင်ယွဲ့မှာ မိမိဘက်က တစ်ခုခုရှင်းပြရန်လိုနေကြောင်း ခံစားလိုက်ရသည်။ တကယ်တမ်း သူက နေ့တိုင်းနေ့တိုင်း မနေ့ကလို အများကြီးစားတတ်တဲ့ အစားကြူးသူ
မဟုတ်ရပါလေ။ ဟင်းရွက်နှင့် တိုဖူးချည်းသာစားနေရသောကြောင့် ရက်အတော်ကြာကြာ အရသာအစုံအလင်လေးစားချင်ခဲ့ရုံမျှသာ။
သို့သော် ချူယွမ်က ၀က်နံရိုးတစ်ချောင်းကို ယူပြီး ခေါင်းလေးငုံ့ကာ စားနေသည်ကိုမြင်တော့ သွမ့်ပိုင်ယွဲ့ ဘာမှမပြောဖြစ်တော့။ ထိုလူသားလေး အသားဟင်းနှစ်တုံးသုံးတုံးမျှ ပိုစားဖြစ်မည်ဆိုလျှင် သူအထင်လွှဲခံရမည်ဆိုလည်း တန်နေပြီဖြစ်သည်။
တလှုပ်လှုပ်ကခုန်နေသော ဆီမီးေရာင်အောက်တွင် နှစ်ယောက်သား ထမင်းစားနေကြသောအသံများမှတစ်ပါး တိတ်ဆိတ်နေလျက်။
"ညဥ့်ပုလဲရှိနေတာလား?"
"ဟင်?"
ရုတ်ခြည်းဆိုသလိုမေးလာသောသွမ့်ပိုင်ယွဲ့စကားကို ချူယွမ်ချက်ချင်းနားမလည်။
"ညဥ့်ပုလဲဆိုတာ ဘာကြီးတုန်း"
သွမ့်ပိုင်ယွဲ့က ဗီရိုဘက်ကို လက်ညှိုးညွှန်ပြလိုက်ကာ -
"အဲ့ထဲမှာ လင်းနေတဲ့ဟာတစ်ခုခု ရှိနေတယ်"
"သြော်.....ဖန်ရှင်းပုလဲလုံးလေ"
သွမ့်ပိုင်ယွဲ့က ကျေနပ်စွာပြုံးမိသွားသည်။
"ကိုယ်နဲ့မကွာ သိမ်းထားတာလား"
"မသိမ်းထားရပါဘူး"
ချူယွမ်က ထမင်းကိုသာ ဆက်စားနေမြဲ။
သွမ့်ပိုင်ယွဲ့လည်း ဟင်းချိုပန်းကန်ထဲ ဟင်းချိုထပ်ဖြည့်နေလိုက်ရင်း တစ်ခုခုထူးဆန်းနေသည်ဟုခံစားရသောကြောင့် ဆက်မေး၏။
"တကယ်ကို ဖန်ရှင်းပုလဲလုံးပေါ့"
ချူယွမ် - "........"
ဒီလိုကိစ္စက လိမ်ပြောစရာရောလိုလို့လား။
"ဒီလိုရှိတယ်.....ချိုးရွှမ်ကျီးယန္တရားတိုက်ကနေ ကိုယ်ရလာတဲ့နေ့က ဒီလိုလင်းနေဖို့မပြောနဲ့၊ ကိုယ့်ရဲ့ညဥ့်ပုလဲနဲ့တောင် လာယှဥ်လို့မရဘူး"
ချူယွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဗီရိုဆီသို့ထသွားကာ ပုလဲလုံးတစ်လုံး ထုတ်ယူလာလေသည်။ ပြာလဲ့လဲ့အဆင်းရှိသော ပုလဲလုံးမှာ ကြောင်မျက်လုံးများသဖွယ် အရောင်လင်းလက်နေလျက်။
သွမ့်ပိုင်ယွဲ့ - "........"
"ဒီတစ်ခု......ဟုတ်တယ်မလား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ထံ ပြန်အပ်ပေးလိုက်၏။ လက်ထဲရောက်လာသော ထိုပုလဲလုံးမှာ ဖန်ရှင်းပုလဲလုံးမှန်နေသော်လည်း အဘယ်ကြောင့်များ .....အဘယ်ကြောင့်များ အခုမှ အရောင်လင်းလာရသနည်း။
"ဘာဖြစ်နေလို့လဲ... ပြောကြည့်လေ"
ချူယွမ်က နားမလည်နိုင်စွာပြောလာပြီးသွမ့်ပိုင်ယွဲ့လည်း ဖန်ရှင်းပုလဲလုံးကို ပြန်ပေးလိုက်ကာ
"ဘာမှမဟုတ်တော့ပါဘူး......လူတိုင်းလိုချင်နေတဲ့ပုလဲက တကယ်တမ်း မှော်အစွမ်းတွေ ကိန်းအောင်းနေခဲ့တာပဲ"
ချူယွမ်က လက်ထဲပြန်ရောက်လာသော ပုလဲလုံးကို ဆုပ်ကိုင်လိုက်ပြီး-
"ငါလဲ ဒီပုလဲလုံး ဘယ်လိုအစွမ်းတွေရှိမှန်းမသိဘူး၊ သူများတွေပြောကြတာကို ကြားဖူးနား၀ရှိရုံတင်"
တကယ်လည်း ကြားဖူးနား၀ရှိရုံမျှဖြင့်ပင် ဤပုလဲလုံးအကြောင်း သွမ့်ပိုင်ယွဲ့ထံ မရည်ရွယ်ဘဲ ဒီတိုင်း စကားစမိဖူးခဲ့သည်၊ ထိုစဥ်က သွမ့်ပိုင်ယွဲ့ရော ချူယွမ်ရော နှစ်ယောက်လုံး ငယ်ရွယ်လွန်းနေသေး၏။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ထိုသူက အတည်ကြီး ရှာဖွေပြီး လာပေးမည်မှန်း ချူယွမ်လုံး၀ထင်မှန်မထားခဲ့။
"ဘာအစွမ်းရှိရှိ မရှိရှိ၊ ကြိုက်ရင်သိမ်းထား။ ကြည့်နေရလို့ ပျော်နေရင် ပြီးတာပဲလေ။ နောက်ပိုင်း လိုချင်တာရှိ ရင်လည်း ကိုယ့်ကိုပြော.....အားမနာနဲ့....."
ချူယွမ်လည်း ထမင်းစားစားပွဲသို့ပြန်လာပြီး ဟင်းရည်ကုန်အောင်သောက်ပြီးသော် ဆက်ပြီး လက်ဖက်ရည် ငှဲ့သောက်နေလေသည်။
သွမ့်ပိုင်ယွဲ့ကမူ မိမိအတွင်းက ချီဓာတ် တစ်ဖန် ယိုယွင်းလာလေသလား အောက်မေ့ရသည်။ နှုတ်ခမ်းကို ပု၀ါဖြင့် သုတ်နေသည့် ချူယွမ်၏လှုပ်ရှားမှုများကအစ မျက်စိပသာဒရှိလှပေသည်၊ မိမိနှလုံးသားအတွက် အင်မတန် ကောင်းလှပါပေသည်။
"သွမ့်၀မ်လည်း ပြန်လို့ရပြီ...."
သွမ့်ပိုင်ယွဲ့ - "......."
ချူယွမ်မျက်၀န်းများ သူနှင့်အကြည့်ချင်းဆုံလာလေသည်။
"ဘေးခန်းမှာတောင် အိပ်လို့မရတော့ဘူးလား"
"မရဘူး....အဲ့လောက်မာတောင့်နေတဲ့ ကုတင်ကြီးက ဘယ်လိုလုပ် အိပ်ရတာ သက်တောင့်သက်သာရှိမှာလဲ"
အာ....ဒီက တချို့ကုတင်လည်း နူးညံ့အိစက်နေလောက်တာပဲကို....။
"သွမ့်၀မ်...."
သူ၏ အတွေးရေယာဥ်ကြောကို ချူယွမ်က ထပ်မံ ဖြတ်တောက်လိုက်ပြန်သည်။ မတတ်သာသည့်အဆုံး သွမ့်ပိုင်ယွဲ့လည်း သက်ပြင်းချလိုက်ကာ -
"အင်းပါ"
မည်သို့ပင်ဆိုစေ၊ ဒီနေ့က ဆယ့်ငါးရက်မြောက်နေ့ဆိုတော့ ဆေးသောက်ဖို့လိုနေပြီလေ။
*******
သွမ့်နေ့ကလည်း တည်းခိုဆောင်တွင် အသင့်စောင့်နေပြီးဖြစ်ကာ စားပွဲထက်တွင်လည်း နန်မော်ယဲ့ရေးထားသောစာလွှာတစ်စောင် တင်ထားလျက်ရှိသည်။
"ပန်၀မ်း မဖတ်လို့ရမလား"
သွမ့်နေ့မျက်နှာပျက်သွားလေကာ
"၀မ်ရယ် ခွင့်လွှတ်ပေးတော်မူပါ။ ၀မ်ရယ်သာမဖတ်ပေးရင်တော့ ဆရာကြီးနန်က ကျွန်တော်မျိုးကို ပိုးကောင်တွေ အတင်းကျွေးမယ်တဲ့"
သွမ့်ပိုင်ယွဲ့ခေါင်း ပေါက်ထွက်လုမတတ်ပင် ခံစားသွားရပြန်သည်။ အဆိုပါ စာအိတ်ထဲတွင် သိုင်းလောက၏ လျှို့၀ှက်စာရွက်တစ်ရွက်ပါလာ၏ ၊ တကယ်ပင် တစ်ရွက်တည်း။
စာလွှာထဲတွင် ကျင့်စဥ်ကိုအဆင့်ဆင့်ဖော်ပြထားသော ရုပ်ပုံရှစ်ပုံပါကာ သိဒ္ဓိစွမ်းအင်တိုးမြှင့်ရေးကျင့်စဥ်ပင်ဖြစ်သည်။ ခက်ခဲမည့်ပုံတော့မပေါ် ။ဆယ့်ငါးရက်ပြည့်တိုင်း ၀ါယောဓာတ်ကျင့်စဥ်ကို ကောင်းကင်ဘီးစကြာတစ်ပတ်ပြည့်အောင် ကျင့်ရမည်ဖြစ်ကြောင်းအတန်တန်သတိပေးထားသည်။
(ကောင်းကင်ဘီးစကြာ - တာအိုဘာသာ၀င်များ၏ ၀ါယောကသိုဏ်းကျင့်စဥ်ဖြစ်ကာ ခန္ဓာအနှံ့ သိဒ္ဓိစွမ်းအင်စုေ၀းရာနေရာတိုင်းနှံ့စပ်အောင် ကျင့်ကြံပေးရန်ဖြစ်သည်။)
သွမ့်ပိုင်ယွဲ့က စာလွှာကိုထပ်ခါကြည့်တော့ နောက်စာတစ်စောင် ထွက်ကျလာသည်။ စာထဲရှိ အကြောင်းအရာများမှာ ဂုဏ်ဆာ၀င့်ကြွားထားခြင်းမျှသာဖြစ်ပြီး ဒီကျင့်စဥ်အောင်မြင်လျှင် သိုင်းလောကတွင် အတော်ဆုံးကျငိ့ကြံသူဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ရောဂါဘယမျိုးစုံကို ကုသပျောက်ကင်းစေနိုင်ကြောင်း၊ ခေါင်းကိုက်ဖျားနာစသော အနာသေးသေးမှအစ ယောကျ်ားပုရိသတို့၏ မထောင်မတ်နိုင်သော ပြဿနာထိအဆုံး ၊ မိန်းမများ၏ ရာသီသွေးဆင်းလျှင် နာကျင်ကိုက်ခဲမှုများအပါအ၀င် မီးဖွားပြီးသွေးသွန်သည်အထိ အားလုံးအားလုံး......ကုသပေးနိုင်သည်တဲ့။
"၀မ်ရယ်.....ဒါကြီးကို တကယ်ကြီးကျင့်မှာလားဟင်"
"ဘာလို့ မကျင့်ရမှာတဲ့လဲ"
သွမ့်နေ့ ပြောမထွက်။ ဘာကို ဘာလို့မကျင့်ရမှာလဲတဲ့လား။ သိုင်းလောကမှ မည်သူမဆို ဤလျှို့၀ှက်ကျင့်စဥ်ဆိုသည့်ဟာကြီးရလာလျှင် ကျင့်ကြံချင်သူမရှိကြပေ။
သွမ့်ပိုင်ယွဲ့က စားပွဲပေါ်တင်ထားပေးသော ဆေးရည်ကို တစ်ခါတည်းအပြီးမော့သောက်လိုက်ပြီး အိပ်ခန်းထဲ၀င်သွားလေပြီ။ သွမ့်နေ့လည်း စိုးရိမ်စိတ်ကိုရင်၀ယ်ပိုက်ရင်း အပြင်မှသာ စောင့်ကြပါပေးနိုင်လေသည်။ မိမိ၀မ်ရယ်တစ်ယောက် ကျင့်စဥ်တွေကျင့်နေရင်း တစ်ခုခုဖြစ်သွားမည်စိုးရိမ်နေရသည်လေ။
မည်သို့ပင်ဆိုစေ၊ ဆရာကြီးနန်က သိပ်ပြီး ယုံစား၍ရသော လူစားမျိုးမဟုတ်။
******
ရှီးနန်စံအိမ်တော်တွင်လည်း ။
သွမ့်ယောင်က နန်မော်ယဲ့၏ ကျောပြင်ကို ဖက်ပြီး တွယ်ကပ်နေလျက် ကပ်ချွဲနေ၏။
"ရှစ်ဖူး!!!!!!"
"မရပါဘူးဆိုနေမှ"
နန်မော်ယဲ့ကချက်ချင်းငြင်း၏။သွမ့်ယောင်က နန်မော်ယဲ့ကျောပြင်ကို သူ့ပါးပြင်များဖြင့် ပွတ်လိုက်ချွဲလိုက် ဆက်လုပ်နေလေသည်။
"ကျွန်တော် အဲ့ဟာကို ကျင့်ချင်လို့မှမဟုတ်တာ...နည်းနည်းပေးကြည့်လို့တောင်မရဘူးလားလို့"
"မရဘူးလို့ပြောထားပြီးသားလေ....မရဘူးဆိုမရဘူးပဲ ...။ အဲ့တာ ဗောဓိစိတ္တကျင့်စဥ်မဟုတ်ဘူး၊ ယောင်အာလေး အမြင်မှားတာ....အမြင်မှားနေတာ ဟုတ်ပြီလား"
အား....အဲ့ကျင့်စဥ်မှန်းဟုတ်နေတာ အသိသာကြီးကို။ နည်းနည်းလောက်ကြည့်လို့တောင်မရဘူးတဲ့။
ရှစ်ဖူးကြီးက ကပ်စေးကုတ်လိုက်တာ။
********
Thz for reading.
2020.05.07.
T/N : ဇာတ်လမ်းက ဒီလိုလေးပဲ ငြိမ့်ငြိမ့်လေး သွားနေမှာပါ၊ သစ်ပင်လေးတစ်ပင် စိုက်ပြီး ပြုစုပျိုးထောင်ရသလိုပဲ စိတ်ရှည်မှ။ တစ်ချို့လူအတွက် ပျင်းကောင်းပျင်းနေလောက်မှာပါ၊ နန်းလည်း အဲ့ထဲပါပါတယ်၊ ခုတလော ရေးရမှာ Passionကုန်ပြီး ငြီးငွေ့လာပါပြီ။
ဒါပေမယ့် စိတ်ကူးပေါက်လို့ fangirlingလုပ်ချင်လာပြီဆိုရင် အားလုံးနဲ့မျှေ၀ဖို့ pageတစ်ခု ဖွင့်ထားပါတယ်။ Chitchat under Meihua Treeဆိုတဲ့နာမည်နဲ့ပါ။
Top-tierမဟုတ်တော့ Fanartတွေ Fansongတွေ မရှိသလောက်နည်းကြောင်း ကြိုပြီးပြောပြထားချင်ပါတယ် ။ ဒါကြောင့် ဇာတ်ကောင်တွေအကြောင်း၊ ဇာတ်လမ်းအကြောင်းနဲ့ Novelကနေ ဆင့်ပွားသွားတဲ့ linkတွေပဲ လိုက်ရှာပြီး မျှေ၀ပေးသွားမှာပါ။
ဟုတ်ပါပြီ......မေဟွားပင်အောက်က စကား၀ိုင်းလေးဆီ အပျင်းပြေ လာရောက်နားနေနိုင်ကြပါတယ်လို့ သတင်းပါးလိုက်ပါတယ်နော်။
********
အခန္း- ၂၂ (လ်ိႈ႔၀ွက္ဥမင္)
Zawgyi version
[ဒီပညာရပ္က ဘယ္ေရာဂါကိုမဆို ကုသေပးႏိုင္တယ္]
ဝူမ်ိဳးရိုး၏ ျမည္းလွည္းေရာင္းသည့္ဆိုင္တြင္ ကုန္ပစၥည္းလာေရာက္ေမးျမန္းၾကသူမ်ား ၊ေရာင္း၀ယ္ေဖာက္ကားေနၾကသူမ်ား စည္ကားသိုက္ၿမိဳက္ေနၾကေလရာ အျပင္ပန္းမွ ၾကည့္ရံုမ်ွႏွင့္ စီးပြားေရးလုပ္ငန္း လြန္စြာဖြံ႔ၿဖိဳးမွန္းသိႏိုင္ေပသည္။
ခ်ူယြမ္က ဆိုင္နာမည္ေရးထားေသာသစ္သားျပားကို အေဝးတစ္ေနရာမွ ၾကည့္ေနၿပီး၊ ထို႔ေနာက္ ဆိုင္ထဲသြားမည္အျပဳ သြမ့္ပိုင္ယြဲ႔က သူ႔အား ဆြဲေခၚထားေလသည္။
"ဘာလို႔တုန္း"
"ကုန္သည္အငယ္ေလးတစ္ေယာက္လို ရုပ္ဖ်က္ထားတာပဲ၊ ကိုယ္ဟန္အေနအထားအသြားအလာေတြက ရုပ္ဖ်က္ထားတာနဲ႔လိုက္ေအာင္ ေနရမွာေလ"
သြမ့္ပိုင္ယြဲ႔က ဆက္ၿပီးသတိေပးလာ၏။
"ဒီလိုမ်ိဳး ၀င့္ႂကြားထည္ဝါတဲ့ ဟိတ္ဟန္နဲ႔ေလ်ွာက္သြားေနပံုႀကီးက ခုရုပ္ရည္နဲ႔ လံုး၀
မလိုက္ဘူး"
"ဒါဆို ဘယ္လိုေလ်ွာက္ရမွာလဲ"
"ဒီမွာ သြားလာေနတဲ့ အရပ္သူအရပ္သားေတြနဲ႔ တူေအာင္ လိုက္လုပ္ရင္ရၿပီ"
ခ်ူယြမ္ - "......."
သူလမ္းေလ်ွာက္ပံုက တျခားလူေတြႏွင့္ မည္သို႔ ကြဲျပားေနမွန္း ခ်ူယြမ္ သတိမထားမိ။ သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ရင္း ေခါင္းခါလိုက္ကာ ခ်ူယြမ္၏ မတ္ေနေသာခါးကို အနည္းငယ္ကုန္းေနေအာင္ ျပဳျပင္ေပးလိုက္သည္။
"ဒီလိုမ်ိဳး....နည္းနည္း ကုပ္ကုပ္ေလးေနလိုက္ရင္ အဆင္ေျပတယ္"
"အဲ့ေလာက္လြယ္တယ္လား"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ျပလိုက္ကာ ႏွစ္ေယာက္သားအတူတကြ ဆိုင္ထဲ၀င္လာခဲ့ေလသည္။
ဆိုင္အကူ၀န္ထမ္းမွာ အင္မတန္အလုပ္မ်ားေနကာ အသစ္၀င္ေရာက္လာေသာ ဧည့္သည္ႏွစ္ၪီးကို လာၿပီးႏႈတ္ဆက္ဖို႔ရန္ အခ်ိန္ပင္မရ၊ အေဝးမွသာ လွမ္း၍ ႏႈတ္ဆက္ႏိုင္၏။
"လူႀကီးမင္းတို႔ စိတ္တိုင္းက် ကုန္ပစၥည္းေတြ ၾကည့္လွည့္ပါ။ ကြၽန္ေတာ္မ်ိဳးအားတာနဲ႔ ခ်က္ခ်င္း လာခဲ့ပါ့မယ္ခင္ဗ်ာ"
"ရပါတယ္၊ ေနာင္ေတာ္လည္း အလုပ္လုပ္ေနလိုက္ပါ။ ကြၽန္ေတာ္တို႔က အားေနလို႔ ဒီတိုင္း၀င္ၾကည့္ခ်င္ရံုတင္ပါ...."
ဆိုင္ေနာက္တြင္ ပံုစံအမ်ိဳးမ်ိဳး ျပဳလုပ္ထားေသာ ျမင္းလွည္းမ်ား စီရီခင္းက်င္းထားကာ ဆိုင္အတြင္းဘက္တြင္ေတာ့ အသစ္စက္စက္ ျပဳလုပ္ထားေသာ ထိုင္ခံုမ်ား၊စားပြဲမ်ားႏွင့္ အျခားပရိေဘာဂမ်ားကို စီရီထား၏။အိမ္အတြင္းဘက္သို႔ ဆက္၍၀င္ၾကည့္မည္လုပ္ေတာ့ ၀န္ထမ္းမ်ားက လိုက္လံတားဆီးၾကသည္။ လူႀကီးမင္းဝူ၏ ကိုယ္ပိုင္အနားယူရာေနရာျဖစ္ေသာေၾကာင့္ ေဖာက္သည္မ်ား ၀င္လို႔မရေၾကာင္းေျပာျပလာသည္။သြမ့္ပိုင္ယြဲ႔လည္း ေတာင္းပန္စကားဆိုလိုက္ကာ ဆိုင္ေရ႔ွကပစၥည္းမ်ားကိုတစ္ပတ္မ်ွလွည့္ၾကည့္ၿပီးေနာက္ ဆိုင္ထဲမွထြက္လာေလသည္။
ခ်ူယြမ္ - "ဘာေတြ့မိေသးလဲ"
သြမ့္ပိုင္ယြဲ႔ - "ဘာမွမေတြ့ဘူး"
မွန္သည္။ ဘာကိုမွမေတြ့မိသည္ကမွ တကယ္ ထူးဆန္းသည္။ ျမင္းလွည္းမ်ား၊ ပရိေဘာဂမ်ားကလြဲရင္ ဘာပစၥည္းမွေရာင္းသည္ကိုမေတြ့။ သူတို႔ေတြ့ခဲ့ေသာေသတၲာမ်ား အဘယ္မွာခ်ေရာင္းေနမွန္း လံုး၀မေတြ့ခဲ့ရ။ ထိုသို႔ဆိုလ်ွင္ ထိုေသတၲာမ်ား ဘယ္ေရာက္ကုန္သနည္း။
ခ်ူယြမ္က ထပ္ေျပာလာသည္။
"ခ်ိဳးဖန္းရြာသားေျပာပံုအရ မနက္ျဖန္က်ရင္ ဒီဆိုင္ကလူေတြ သူ႔ဆီပစၥည္းသြားယူဖို႔ရိွတယ္။ ဒီလိုဆိုရင္ေတာ့ အဲ့ဒီေသတၲာေတြ ေနာက္ဆံုးဘယ္ဆီေရာက္သြားလဲဆိုတာေတာ့ လိုက္စံုစမ္းလို႔ရတယ္"
"အင္း"
"ျပန္ရေအာင္.....ျမင္းတပ္စခန္းဆီ"
"ဟင့္အင္း။ ေန့ခင္းေၾကာင္ေတာင္ လူအရမ္းမ်ားတာကို ခုခ်ိန္ စခန္းျပန္သြားရင္ ေဘးလူေတြ ရိပ္မိၾကမွာေပါ့ .....မျပန္ေသးဘူး ၊ ေနေအးမျွပန္မယ္"
"ဒါဆို အခု ဘာလုပ္ၾကမွာလဲ"
"အျပင္ထြက္လာတာလည္းၾကာၿပီ ၊ ထမင္းတစ္နပ္မွလည္း မစားရေသးဘူးဆိုေတာ့ကာ...."
သြမ့္ပိုင္ယြဲ႔က လက္ၫွိုးတစ္ေခ်ာင္းေထာင္ျပရင္း ဆက္ေျပာ၏။
"ဒီနားမွာ ေသရည္ဆိုင္တစ္ဆိုင္ရိွတယ္...
အဲ့ဆိုင္မွာ အ၀စားေသာက္ၿပီးမွ ျပန္ၾကမယ္"
ခ်ူယြမ္ မ်က္ႏွာေလးရႈံ႔မဲ့သြားျပန္သည္။
"သြားၾကစို႔"
သြမ့္ပိုင္ယြဲ႔က ဘာမွ ဆက္ရွင္းျပမေနေတာ့ဘဲ ခ်ူယြမ္ကိုအပါဆြဲေခၚကာ ေသရည္ဆိုင္ထဲ ၀င္သြားေလသည္။ ဆိုင္၀န္ထမ္းေကာင္ေလးကလည္း သြမ့္ပိုင္ယြဲ႔အား ရင္းႏွီးစြာႏႈတ္ဆက္လာ၏။ ခ်ူယြမ္လည္း ဘာမွဆက္မေမးေတာ့ဘဲ အရြက္ဟင္းခ်ိဳႏွင့္ အသားသြတ္
တိုဖူးဟင္းသာ မွာလိုက္ေလသည္။ သြမ့္ပိုင္ယြဲ႔ကမူ-
"ရတနာရွစ္ပါး ဘဲသားဟင္း၊ အရက္စိမ္အမဲသားဟင္း ၊ ၀က္ေျခေထာက္စတူး ၊ ပင္လယ္ေမ်ွာ့အသားလံုး၊ သိုးေျခေထာက္စြပ္ျပဳတ္နီ ၊ ပူတို႔ငါးဟင္း "
စားပြဲထိုးေကာင္ေလးကလည္း သြမ့္ပိုင္ယြဲ႔ မွာသမ်ွလိုက္မွတ္ရင္း သတိေပးလာ၏။
"သခင္ေလးတို႔ ႏွစ္ေယာက္တည္းပဲဆိုေနာ့....မွာထားတာ အရမ္းမ်ားေနမွာ စိုးရတယ္ေနာ္"
အနီးအနားစားပြဲရိွ လူမ်ားကလည္း သြမ့္ပိုင္ယြဲ႔ႏွင့္ စားပြဲထိုးေကာင္ေလးတို႔ ေျပာဆိုေနသည္ကိုၾကားေတာ့ စူးစမ္းေသာအၾကည့္မ်ားျဖင့္ ဝိုင္းအံုၿပီးၾကည့္လာၾကသည္။ ခ်ူယြမ္ေတာ့ျဖင့္ ေျမလ်ိႈးၿပီး ေပ်ာက္သြားခ်င္ေလာက္ေအာင္ ရွက္ေနရသည္ ၊ သူတို႔ကို ဇူဇကာေတြလို႔ပဲ ထင္သြားၾကေလမလား။ခဏေနေတာ့ မ်က္ႏွာပါအဆင္မေျပျဖစ္ရံုတင္မက ၊ ခ်ူယြမ္တစ္ကိုယ္လံုး ဆူးျဖင့္အထိုးခံရသလို စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာ၏။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ ေသာက္စရာတစ္ခြက္ ငွဲ႔ေပးၿပီး ေျပာလာသည္။
"ဒါေလးက ဆန္ကေနခ်က္ထားတာ၊ လက္ဖက္မဟုတ္ေတာ့ အရသာတစ္မ်ိဳးေလး ဆန္းသစ္တယ္"
ခ်ူယြမ္ နည္းနည္းျမည္းၾကည့္လိုက္ေတာ့ ခပ္သင္းသင္း ေမႊးရနံ႔ပါ ရလိုက္သည္။
"ဘယ္လိုလဲ....ႀကိဳက္လား"
"အင္း....ခ်ိဳရဲေနတာပဲ"
"ကိုယ္ေျပာသားပဲ.....ျမင္းတပ္စခန္းက ထမင္းေတြခ်ည္း မစားပါနဲ႔လို႔။ ဧကရာဇ္ခ်ူ ၿခိဳးၿခံေခြၽတာတဲ့အက်င့္ရိွမွန္း တိုင္းျပည္တစ္ဝွမ္းလံုးသိၿပီးသား ။ ေဒသႏၲရ မွဴးမတ္အရာရိွေတြခမ်ာ ဧကရာဇ္ကို အသားဟင္းငါးဟင္း ခ်က္ၿပီး ေကြၽးေမြးဆက္သခ်င္တာေတာင္ သူတို႔ဇက္မ်ားျပဳတ္မလားလို႔ ေတြးပူေနရရွာတယ္"
"ဟုတ္ပါၿပီ။ ကိုယ္ေတာ့္ကို ဒီလို ဆက္ၿပီးခ်ီးက်ူးေနမယ္ဆိုရင္ေတာ့ ကိုယ္ေတာ္လည္း ေနာင္က်ရင္ ရိုးသားေျဖာင့္မတ္၊ ႀကိဳးစားတတ္ၿပီး ၿခိဳးၿခံတဲ့လူ မလုပ္ေတာ့ဘူး။ ပညာရိွၿပီးထက္ျမက္တဲ့လူပဲ လုပ္ေတာ့မယ္"
သြမ့္ပိုင္ယြဲ႔က သေဘာက်စြာ ဟက္ဟက္ပက္ပက္ရယ္ေမာၿပီးမွ
ခပ္တိုးတိုးသတိေပးလာ၏။
"အျပင္ေရာက္ေနတာေတာင္ ကိုယ့္ကိုယ္ကိုကိုယ္ေတာ္ျမတ္လို႔ပဲ သံုးႏႈန္းေနၪီးမွာလား"
ခ်ူယြမ္က အနည္းငယ္ တြန္႔ဆုတ္သြားၿပီးမွ တိုးတိုးေရရြတ္၏။
"ငါ...."
သြမ့္ပိုင္ယြဲ႔က ပို၍သေဘာက်စြာ ရယ္ေမာေနလ်က္။ စားပြဲထိုးလူငယ္ကို ေခၚလိုက္ကာ ပန္းပြင့္လႊာေသရည္ ထပ္ယူလာေစ၏။ အခြင့္ရတုန္း ထိုသူကို အရသာအသစ္အမ်ိဳးမ်ိဳး ျမည္းစမ္းခိုင္းရေပမည္။
မၾကာမီပင္ စားေသာက္ဖြယ္ရာမ်ား ေရာက္လာကာ စားပြဲအျပည့္ လွပစြာ ေနရာအျပည့္ ယူသြားေလသည္။ ခ်ူယြမ္လည္း သြမ့္ပိုင္ယြဲ႔ ၿမိန္ယွက္စြာ စားေသာက္ေနသည္ကိုျမင္ေတာ့ အေဆာတလ်င္ စားသံုးျခင္းမျပဳေတာ့။ ေဘးနားကဝိုင္းမွလူမ်ား မၾကာခဏ ၾကည့္လာတတ္ေသာ္လည္း ၾကည့္ပါမ်ားေတာ့ ခ်ူယြမ္ အသားက်သြားေလၿပီ။ ရုပ္ဖ်က္ထားေသာေၾကာင့္ ဇူဇကာဟုအထင္ခံရလည္း ဘာမွမနစ္နာေလာက္။
"ဘာလို႔ ဒီေန့ ထမင္းမစားခ်င္ျပန္တာတုန္း"
"ဟင္?"
"အဲ့ဘဲေျခေထာက္ကင္ကို ပန္းကန္ထဲထည့္ၿပီး ဟိုလွည့္ဒီလွည့္လုပ္ေနတာ ဆယ္ခါမကရိွေနၿပီ"
ခ်ူယြမ္ - "......."
သူ တကယ္ စားမွမစားႏိုင္တာကိုလို႔။
သံမ့္ပိုင္ယြဲ႔က သူ႔လက္ထဲမွ ဘဲကင္ကိုယူကာ သူ႔ပန္းကန္ထဲထည့္လိုက္ၿပီး မ်ွစ္ႏုမ်ားပါထည့္ထားေသာ မိႈဟင္းရည္ကို ခ်ူယြမ္ေရ႔ွခ်ေပးလာ၏။ ခ်ူယြမ္က တစ္ခုခုေျပာရန္ျပင္လိုက္ေသာ္လည္း ထုတ္မေျပာျဖစ္လိုက္။ ေစာနဘဲကင္က သူ တစ္ခါ ကိုက္ထားၿပီးသားျဖစ္သည့္အေၾကာင္း ေျပာျပမလို႔ပင္။
သြမ့္ပိုင္ယြဲ႔ကေတာ့ စိတ္ထဲ အမႈထားပံုပင္မေပၚ၊ ႏွစ္ကိုက္သံုးကိုက္ျဖင့္ပင္ ထိုဘဲေျခေထာက္ကင္မွာ ကုန္စင္သြားေလသည္။ ထို႔ေနာက္ အမဲသားတံုးအႀကီးႀကီးတစ္တံုး ခပ္ထည့္ၿပီး ဆက္၍စားေသာက္ေနေလသည္။
ခ်ူယြမ္ မေတြးဘဲမေနႏိုင္ေတာ့။ သြမ့္ပိုင္ယြဲ႔စားေသာက္ေနေသာ ထမင္းဟင္းပမာဏကို ေထာက္ဆၾကည့္လ်ွင္ ျမင္းတပ္စခန္းတြင္ ေနခဲ့သည့္ အရင္ရက္မ်ားအတြင္း တစ္နပ္တစ္ေလမွ သြမ့္ပိုင္ယြဲ႔ ထမင္း၀ေအာင္ မစားခဲ့ရသည့္ပံုပင္။
စားေသာက္ၿပီးသြားေတာ့ မိုးလည္းခ်ဳပ္သြားေခ်ၿပီ။ သြမ့္ပိုင္ယြဲ႔လည္း လက္ဖက္ရည္ခြက္ကို ေနာက္ဆံုးပိတ္ ေမာ့ေသာက္လိုက္ၿပီး ေက်နပ္စြာ သက္ျပင္းခ်လိုက္ေလသည္။
ဒါမ်ိဳးမွ ထမင္းစားသည္ဟု ေခၚေပသကိုး။ ျမင္းတပ္စခန္းတြင္စားခဲ့သမ်ွ အရသာေပါ့သည့္အျပင္ အဆာေျပရံုမ်ွသာ သူစား၀င္ခဲ့ေလသည္။
"ျပန္လို႔ရၿပီလား"
သြမ့္ပိုင္ယြဲ႔က အျပင္ဘက္သို႔ ေငးၾကည့္ေန၏။ ယြင္ေရႊျမစ္မွာ စိမ္းလဲ့ၾကည္လင္ေနကာ ျမစ္ႏွစ္ဖက္ကမ္းစလံုးရိွ ရႈခင္းမွာ လြန္စြာမွသာယာလွပလြန္းေလသည္။
သို႔ေသာ္ ခ်ူယြမ္ကမူ ေအာက္ထပ္သို႔ ဆင္းသြားႏွင့္ေလၿပီ။ သြမ့္ပိုင္ယြဲ႔လည္း ရႈခင္းအတူသြားၾကည့္ရန္ ႏွေျမာတသသျဖစ္ေနသည္ါစိတ္ ကို ခ်ိဳးႏိွမ္လိုက္ကာ ေနာင္က်မွ ေခၚသြားမည္ဟုသာ ေတးမွတ္ထားလိုက္ေလ၏။
ခ်ူယြမ္ကေတာ့ ဘာမွမေတြးအားေတာ့ဘဲ ျမင္းတပ္စခန္းသို႔ျပန္ေရာက္ရန္ ေျခလွမ္းအေသာ့ျမန္သထက္ျမန္ေအာင္လွမ္းလာခဲ့ၿပီး ေနာက္ ၊ ေရာက္သည္ႏွင့္ ရွစ္ဇီကို ေရႏြေးအျမန္ပို႔ရန္ မိန္႔ၾကားေလသည္။ ရွစ္ဇီလည္း ေအာက္ထပ္သို႔ အျမန္ၫႊန္ၾကားေစခိုင္းလိုက္ၿပီး သြမ့္ပိုင္ယြဲ႔ထံ ဘယ္လိုျဖစ္လာျပန္ၿပီလဲဟူေသာသေဘာျဖင့္ ၾကည့္ေန၏။ ဧကရာဇ္ပရွင္က ဘာလို႔ ခ်က္ခ်င္းႀကီး အျမန္ကိုယ္လက္သန္႔စင္ခ်င္ရတာလဲ။
ေနာက္ဆံုးေတာ့ သြမ့္ပိုင္ယြဲ႔လည္း မူမမွန္မႈတစ္ခုကို ခံစားလိုက္ရေလသည္။
"ဘယ္လိုျဖစ္တာလဲ"
"အာ....မ်က္ႏွာဖံုးက အရမ္းခြၽတ္ရခက္တယ္"
"ေပး...ကိုယ္ ကူလုပ္ေပးမယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္နားရြက္ေနာက္ကို ခပ္ဖြဖြစမ္းလိုက္ၿပီး မ်က္ႏွာဖံုးတစ္ခုလံုး ခြၽတ္ေပးလိုက္ေလသည္။ခ်ူယြမ္လည္း အရမ္းနာသြားသျဖင့္ ညည္းၫူသံေသးေသးေလးပင္ လြတ္ထြက္သြား၏။ မ်က္ႏွာဖံုးေအာက္ကမ်က္ႏွာျပင္တစ္ျပင္လံုး နီရဲကာ အင္ပ်ဥ္ထေနလ်က္။
"အိုက္ယား!!!!!"
ရွစ္ဇီကုန္းကုန္း အင္မတန္ထိတ္လန္႔သြား၏။အဘယ္ေၾကာင့္ ဤသို႔ျဖစ္ကုန္ရသနည္း။
"ဘာလို႔ ကိုယ့္ကို အေစာႀကီးမေျပာျပတာလဲဟမ္ "
သြမ့္ပိုင္ယြဲ႔လည္း ထိတ္လန္႔တၾကားဆိုကာ ခ်ူယြမ္ကို ထိုင္ခံုေပၚအျမန္ထိုင္ေစၿပီး မီးအိမ္တစ္ခုျဖင့္ ေသခ်ာ အနားတိုးကာ စစ္ေဆးၾကည့္ရႈေပးေလ၏။
မင္းရဲ့ေစာနပံုစံကိုက မသိရင္ ဆယ္ရက္ေလာက္ ငတ္ထားတဲ့ပံုႀကီးေလ ၊ ထမင္းတစ္နပ္ အားရပါးရစားေသာက္ေနတုန္း မေနွာင့္ယွက္ေကာင္းဘူး မဟုတ္လား။
ခ်ူယြမ္ စိတ္ထဲမွသာ ခံေျပာေနေလသည္။
သြမ့္ပိုင္ယြဲ႔ႏွလံုးသားတစ္ခုလံုး နာက်င္ကိုက္ခဲေနလ်က္။ သို႔ႏွင့္ စိတ္ရႈပ္စြာပင္ အ၀တ္သန္႔သန္႔ကို ေရႏြေးစိမ္ၿပီး သူကိုယ္တိုင္ပင္ ခ်ူယြမ္မ်က္ႏွာအား ႏူးညံ့ညင္သာစြာ သန္႔စင္ေပးကာ ဂရုတစိုက္
ေဆးလိမ္းေပးရွာသည္။
"နာေနေသးလား"
"ဟင့္အင္း ၊ နာတာကမနာဘူး။ ယားက်ိက်ိေတာ့ျဖစ္ေသးတယ္"
"ကိုယ္ တကယ္ သတိမထားမိလိုက္လို႔ ျဖစ္သြားတာ....တကယ္ပါပဲ"
ခ်ူယြမ္၏ အိက်လာေသာ ဆံႏြယ္မ်ားကို သြမ့္ပိုင္ယြဲ႔ အသာသပ္တင္ေပးရင္း ဆို၏။ ဆူက်ူးခ်ိဳး၏စာၾကည့္ခန္းမွာကတည္းက ဖုန္မႈန္႔ေလးမ်ားထလာရံုႏွင့္ပင္ ႏွာေခ်ေနေသးေသာလူက အခုလို မ်က္ႏွာဖံုးကပ္၊ ေဆးအမ်ိဳးမ်ိဳးနဲ႔ လိမ္းက်ံၿပီး ရုပ္ဖ်က္လိုက္မွေတာ့ ပိုဆိုးေရာေပါ့။ ေန့တစ္၀က္မို႔လို႔သာ ဒီထက္မဆိုးခဲ့သည္ကိုပဲ သူ ေက်းဇူးတင္ရေတာ့မည္ပင္။
အရက္ဆိုင္ေရာက္ေနစဥ္တုန္းကလို ကိုယ္လက္ ယားယံျခင္းမရိွေတာ့ဘဲ ခ်ူယြမ္မ်က္ႏွာမွာ ယခုေတာ့ ေဆးအရိွန္ေၾကာင့္ေအးျမလို႔ေနကာ ဘာမွမခံစားရေတာ့။
အနားတိုးလာေသာ သြမ့္ပိုင္ယြဲ႔၏ မ်က္ႏွာကို ေသခ်ာေငးၾကည့္ၿပီးမွ တည္ၿငိမ္ေသာေလသံျဖင့္သာ ခ်ူယြမ္က လွမ္းစ၏။
"မင္းျဖစ္ေနပံုၾကည့္ရတာ... ငါ တကယ္ရုပ္ဆိုးသြားမွာလားဟင္"
"ေလ်ွာက္ေျပာေနျပန္ၿပီ.....အလြန္ဆံုးရိွ မနက္မိုးလင္းရင္ ေပ်ာက္ၿပီ၊ စိုးရိမ္မေနနဲ႔ ဟုတ္ၿပီလား"
"အင္း"
သြမ့္ပိုင္ယြဲ႔က ေသခ်ာေအာင္ တစ္ခ်က္
လိုက္ၿပီး စစ္ၾကည့္ေနေသး၏။ တကယ္လည္း သက္သာသြားပါၿပီေလ ။ ေဆးလိမ္းလိုက္ေတာ့ နီရဲေနေသာအင္ပ်ဥ္မ်ားလည္း အေတာ္ပါးခ်ပ္သြားသျဖင့္ ခုမွ စိတ္သက္သာရာရကာ သက္ျပင္းေမာခ်ႏိုင္ေတာ့သည္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အျဖစ္ကိုၾကည့္ၿပီး ရယ္ေမာေန၏။သြမ့္ပိုင္ယြဲ႔က သူ႔အနားထိုင္ေနၿမဲ။
"ရယ္ႏိုင္ေသးတယ္ေနာ္ ....ခင္ဗ်ားက။
ေတာ္ၿပီ.....ေနာက္ဆို ဘယ္ေတာ့မွ ဒီလိုမ်ိဳး ေပးမေဆာ့ေတာ့ဘူး "
"ဒါေပမယ့္ မနက္ျဖန္က်ရင္ ခ်ိဳးဖန္းရြာကေန ပစၥည္းသြားသယ္မယ့္ကိစၥ လိုက္ၾကည့္ရၪီးမယ္ေလ"
"ကိုယ္တစ္ေယာက္တည္းဆိုရၿပီ။
ဒီမွာပဲ ေစာင့္ေနလိုက္ေတာ့....."
"အရွင္မင္းျမတ္.....သမားေတာ္ပင့္ဖို႔လိုေသးလားဘုရား"
ရွစ္ဇီက အျပင္ဘက္မွ စိုးရိမ္တႀကီးလွမ္းေျပာလာ၏။
"မလိုေတာ့ဘူး"
တကယ္မလိုေတာ့ဘူးလား။ သမားေတာ္ပင့္ၿပီး နည္းနည္းေလာက္စမ္းသပ္ခိုင္းၾကည့္ရင္ ပိုမေကာင္းဘူးလားဘုရား။
သြမ့္ပိုင္ယြဲ႔က တံခါးဖြင့္ၿပီး ရွစ္ဇီအားကိုယ္တိုင္သြားေျပာေလသည္။
"ကုန္းကုန္း စိတ္မပူပါနဲ႔။ ဧကရာဇ္ခ်ူကို ပန္၀မ္း ေသခ်ာဂရုစိုက္ေပးပါ့မယ္"
ရွစ္ဇီလည္း မတတ္သာေတာ့ဘဲ ၿငိမ္ေနလိုက္ရေလသည္။
အျပင္ဘက္ကလူေတြေျပာသေလာက္ေတာ့ ရွီးနန္စံအိမ္က ေနရာတိုင္းမွာ အဆိပ္ရိွတယ္တဲ့။ အခု တကယ္မွန္ေနပံုရေလသည္။ သို႔မဟုတ္ပါက ရုပ္ဖ်က္လိုက္ရံုႏွင့္ ဧကရာဇ္ေလးရဲ့ မ်က္ႏွာေတာ္က ထိုမ်ွေလာက္အျဖစ္ဆိုးသြားစရာလား။
*******
အခန္းထဲ၀ယ္ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အိပ္ေနသည္ကို ထိုင္ၿပီးေစာင့္ၾကည့္ေနသည္။ ထို႔ေနာက္ သလြန္ေဘးနား ထိုင္လိုက္ကာ ဖေယာင္းတိုင္တစ္ခုကို မီးၿငိမ္းေပးလိုက္သည္။
"သြမ့္၀မ္....အခန္းမျပန္ေသးဘူးလား"
ခ်ူယြမ္ေမးလာေတာ့ သြမ့္ပိုင္ယြဲ႔က ေစာင္ေသခ်ာ ထပ္ၿခံဳေပးလိုက္ကာ -
"မျပန္ေသးဘူး ...မင္းအေျခအေနကို ေစာင့္ၾကည့္လိုက္ၪီးမယ္။ အဆင္မေျပတာရိွတာနဲ႔ ကိုယ့္ကိုခ်က္ခ်င္းေျပာျပလို႔ရတယ္...."
ခ်ူယြမ္က ရယ္ခ်င္လာျပန္သည္။
"မင္းက ကိုယ္ေတာ့္ကို အရမ္းခ်ူခ်ာတယ္ အားနည္းတယ္လို႔ ယူဆထားတာလား"
တကယ္လည္း ခ်ူခ်ာေနတာပဲဟာ။
သြမ့္ပိုင္ယြဲ႔စိတ္ထဲတြင္သာ ထိုသို႔ေျဖရဲသည္။ ထုတ္ေျပာလို႔လံုး၀မရမွန္း သိေနသည္မို႔။
"အိပ္ေတာ့"
ခ်ူယြမ္က ထထိုင္မည္အျပဳ သြမ့္ပိုင္ယြဲ႔က
သူ႔အား မလႈပ္ယွက္ႏိုင္ေအာင္ ျပန္ဖိၿပီး လဲေလ်ာင္းေနေစ၏။
"မ်က္ႏွာေပၚမွာ ေဆးေတြက်န္ေနေသးတယ္ ၊ ေလ်ွာက္ေလ်ွာက္ မလႈပ္နဲ႔။ ဒီတိုင္းေလးပဲအိပ္....."
ရွစ္ဇီလည္း အျပင္ဘက္မွေစာင့္ေန၏။ ဆီမီးေရာင္ ၿငိမ္းသြားၿပီးတာေတာင္ ဘာလို႔ ရွီးနန္၀မ္ ထြက္မလာေသးတာလဲ။
သြမ့္ပိုင္ယြဲ႔က သလြန္ေဘးနား မွီကာ ေဘးနားကလူသားေလးကို တိတ္ဆိတ္စြာ ေစာင့္ၾကည့္ေန၏။ ကိုယ္တိုင္လည္း မ်က္လႊာခ်ကာ အနားယူ၏။ သို႔ေသာ္ မၾကာခဏ ထထၿပီး ခ်ူယြမ္အေျခအေနအား ၾကည့္ၾကည့္ေပး၏။ ဤသို႔ အဖန္တလဲလဲ ထထၾကည့္ေနလိုက္သည္မွာ လံုး၀သက္သာေပ်ာက္ကင္းသြားမွန္းေသခ်ာသြားသည့္အထိပင္။ဤသည္ကိုပင္ သူ႔ခမ်ာ စိတ္မခ်ႏိုင္ေသးဘဲ ခ်ူယြမ္၏ ေသြးခုန္ႏႈန္းမ်ားပါ ေသခ်ာစမ္းသပ္စစ္ေဆးၾကည့္ေသးသည္။ အျခားျပႆနာမ်ားလည္း ရိွမေနေတာ့ဟု ေသခ်ာေတာ့မွ မိမိေဘးခန္းသို႔ ျပန္သြားေလ၏။
တံခါးကို ဂရုတစိုက္ ခပ္ဖြဖြ ပိတ္သြားေသာအသံကိုၾကားၿပီးေတာ့မွ ခ်ူယြမ္လည္း မ်က္လံုးဖြင့္လာၿပီး အေပၚမ်က္ႏွာက်က္ကိုသာ ေငးေမာေနေလ၏။ ႏႈတ္ခမ္းထက္တြင္လည္း......အၿပံဳးပန္းတစ္ပြင့္ အေၾကာင္းရင္းမရိွ ေပၚလာလ်က္။ ေစာင္ကိုေသခ်ာၿခံဳလိုက္ၿပီးသည္ေတာင္ အိပ္မေပ်ာ္ေတာ့ဘဲ တစ္ညလံုး အေတြးေရယဥ္ေၾကာထဲ လြင့္ေမ်ာေနခဲ့ေလသည္။
********
မိုးလင္းသည္ႏွင့္ သြမ့္ပိုင္ယြဲ႔လည္း ခ်ိဳးဖန္းရြာသို႔ သြားေရာက္ေစာင့္ၾကည့္ေလေနသည္။ မွန္းဆထားသည့္အတိုင္းပင္ ေန့လယ္ခင္းတြင္ ဝူမ်ိဳးရိုးျမင္းလွည္းဆိုင္မွ အေစခံမ်ား ခ်ိဳးဖန္းရြာစပ္သို႔ေရာက္လာေလသည္။မေန့က သူတို႔ေတြ့ဆံုခဲ့ေသာ ေယာက်္ားပ်ိဳေလးႏွင့္အတူ ရယ္ရယ္ေမာေမာ ရင္းႏွီးစြာ ေျပာဆိုႏႈတ္ဆက္ေနၾကၿပီး စကားေျပာလိုက္ ၊အေခ်ာသတ္ၿပီးသားပစၥည္းအစိတ္အပိုင္းမ်ား လွည္းေပၚသယ္လိုက္ႏွင့္ ။ ထို႔ေနာက္ ပစၥည္း အေရအတြက္ေသခ်ာေရတြက္စစ္ေဆးလိုက္ၿပီး ထိုေနရာ၌ခ်က္ခ်င္းပင္
ေငြေပးေခ်ကာ ႏွစ္ဖက္လံုး ကိုယ္စီကိုယ္ငွ အလုပ္ကိစၥၿပီးေျမာက္သြားေလသည္။
ေငြပမာဏက တကယ္ကို နည္းနည္းေနာေနာမဟုတ္ဘူးပဲ.....
သြမ့္ပိုင္ယြဲ႔ အေဝးမွ မွတ္ခ်က္ခ်ေနမိသည္။ထိုဆိုင္အေစခံက တာ့ယဲန္႔ၿမိဳ႔သို႔ ျပန္လာကာ မတူညီေသာ ကုန္သိုေလွာင္ရံု၌ ပစၥည္းအမ်ိဳးအစားခြဲၿပီး သိမ္းထားေလသည္။ ေနာက္ဆံုးက်န္ရိွေသာ ေသတၲာႀကီးသံုးလံုးထဲတြင္ေတာ့ မေန့ကျမင္ခဲ့ေသာ ေသတၲာငယ္မ်ားျဖစ္လိမ့္မည္။
သြမ့္ပိုင္ယြဲ႔က ထိုအေစခံအား ေတာက္ေလ်ွာက္ လိုက္ၾကည့္ေနခဲ့သည္။ ပထမေတာ့ ဆိုင္ေနာက္က လူႀကီးမင္းဝူ၏ကိုယ္ပိုင္နားေနအိမ္ဆိုသည့္ေနရာကို ေရာက္လာသည္၊ ထို႔ေနာက္ ထိုေနရာကိုေက်ာ္လြန္ကာ အိုမင္းေဆြးျမည့္ေနၿပီျဖစ္ေသာ ဧည့္ခန္းေဆာင္ျဖစ္ဟန္ရိွေသာ အိမ္တစ္ခုေရ႔ွ ေရာက္လာၿပီး ေသာ့တြဲတစ္ခုကိုယူကာ တံခါးဖြင့္လိုက္ေလသည္။ ထိုေသတၲာႀကီးသံုးခုကို အထဲသို႔ ေရႊ့ထားလိုက္ၿပီးေနာက္ ျပန္ထြက္လာေတာ့လည္း ေဘးဘီဝဲယာကို ေသခ်ာအကဲခတ္ကာ လူမရိွမွန္းေသခ်ာေတာ့မွ ဆိုင္ေရ႔ွသို႔ ခပ္သြက္သြက္ျပန္ေလ်ွာက္လာေလ၏။
ထိုဧည့္ခန္းေဆာင္အပ်က္ႀကီးမွာ ေလတိုး၀င္ႏိုင္ေသာ အေပါက္ေသးေသးေလးျဖင့္ ယိုယြင္းပ်က္စီးေနလ်က္ရိွရာ မည္သည့္အခ်ိန္ကတည္းက ျပဳျပင္ဖာေထးျခင္းမျပဳဘဲ ပစ္ထားခဲ့မွန္း မေျပာတတ္။ေခါင္မိုးမ်ားသည္ပင္ နင္းလိုက္ရံုမ်ျွဖင့္ အေပါက္ျဖစ္သြားေတာ့မတတ္ က်ိဳးေၾကပ်က္စီးေနေလသည္။သြမ့္ပိုင္ယြဲ႔က ထိုနံရံရိွအေပါက္ေသးေသးေလးမ်ားမွတစ္ဆင့္အထဲသို႔ ၾကည့္လိုက္ေတာ့ အေတာ္အံ့ၾသသြားရသည္ ။
အခန္းထဲတြင္ ဘာဆိုဘာမွ ရိွမေနျခင္းေၾကာင့္ျဖစ္၏။ ေစာနက လာပို႔ထားတဲ့ ေသတၲာသံုးလံုးကိုလည္း အရိပ္မ်ွပင္မေတြ့ရ။
လ်ိႈ႔၀ွက္ဥမင္တစ္ခုရိွတယ္ေပါ့ေလ.....
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ ျမင္းတပ္စခန္းသို႔ျပန္လာခဲ့ေတာ့သည္။
*********
"လ်ိႈ႔၀ွက္ဥမင္ဟုတ္လား?"
ခ်ူယြမ္လည္း ထိုအေၾကာင္းကိုၾကားေတာ့ အေတာ္အံ့ၾသသြားေလ၏။
"ဘယ္သူ႔ကိုမွ ေပးေတြ့လို႔မရတဲ့ကိစၥမ်ိဳးက လူမျမင္ကြယ္ရာမွာ ေမွာင္ရိပ္ရခ်ိန္မွာပဲ လုပ္ၾကလိမ့္မယ္။ ဒီေန့ ဘာသဲလြန္စမွ မေတြ့ခဲ့ေပမယ့္ ေနာက္ႏွစ္ခါသံုးခါေလာက္ ေစာင့္ၾကည့္ခိုင္းထားရင္ ေတြ့မွာပါ ။ စိတ္မပူနဲ႔.... "
"အႏၲရာယ္ရိွမွာလား"
"ရိွမယ့္ပံုမေပၚပါဘူး၊ ဒါေပမယ့္ ေႁမြကိုသြားမႏိႈးမိေအာင္ေတာ့ သတိထားၿပီး လႈပ္ရွားရမယ္....ဒါနဲ႔မင္းဘက္ကေရာ ၊ ဆူက်ူးခ်ိဳးနဲ႔ ဝူမ်ိဳးရိုးျမင္းလွည္းဆိုင္ၾကား အဆက္အသြယ္ရိွတဲ့ သဲလြန္စတစ္ခုခု ေတြ့ၿပီလား"
"သူတို႔ လုပ္ကိုင္သြားလာတာေတြကအစ လ်ိႈ႔၀ွက္နက္နဲတယ္။ ဒီဆိုင္ကလည္း တာ့ယန္႔ၿမိဳ႔မွာ နာမည္အႀကီးဆံုး အေအာင္ျမင္ဆံုးဆိုင္ဆိုေတာ့ ၿမိဳ႔စားမင္းနဲ႔ အဆက္အသြယ္ရိွတယ္ဆိုတာကလည္း ဘာမွထူးဆန္းေနတာမဟုတ္ဘူး"
"အင္း....ဒါေပမယ့္ ဒီၿမိဳ႔မွာ ျမင္းလွည္းဆိုင္ေတြအမ်ားႀကီးရိွေသးတာပဲ ။ ဒီဆိုင္က ဘယ္တုန္းကမွ နာမည္ႀကီးလာတာတဲ့လဲ"
"အရင္ႏွစ္ႏွစ္ေလာက္က"
"ေနာက္တစ္နည္းေျပာရမယ္ဆို ဆူက်ူးခ်ိဳး ဒီၿမိဳ႔ေရာက္မလာခင္တုန္းက ဒီဆိုင္ဟာ သာမန္ဆိုင္ေလာက္ပဲရိွေသးတယ္ဆိုတဲ့သေဘာေပါ့။ ဒီေန့လို ေအာင္ျမင္လာတာ ၿမိဳ႔စားမင္းဆီက အေထာက္အပံ့အမ်ားႀကီးရခဲ့မွာ ေသခ်ာေနတာပဲ။ ေနာက္တစ္ခုရိွေသးတယ္.....ထင္းေတြလာပို႔တဲ့ေကာင္ေလးအေယာင္ေဆာင္တဲ့ မိန္းမပ်ိဳေလးကလည္း ဆူက်ူးခ်ိဳးအိမ္ကေနထြက္လာေတာ့ ဝူမ်ိဳးရိုးျမင္းလွည္းဆိုင္ဆီကို တည့္တည့္မတ္မတ္ ေရာက္လာတယ္တဲ့...."
"ဒါဆို....ဘယ္လိုဆက္ၿပီးစံုစမ္းရမွာလဲ"
"ငါးစာႀကီးႀကီးခ်ိတ္ၿပီး ငါးႀကီးႀကီးဖမ္းလိုက္ရင္ မေကာင္းဘူးလား။ ျမင္းလွည္းဆိုင္ဘက္ကို ကိုယ္သြားေစာင့္ၾကည့္မယ္၊ သူတို႔ ဘာေတြ ခိုးလုပ္ေနသလဲဆိုတာ ရွင္းရွင္းလင္းလင္းသိေအာင္လုပ္ရမယ္"
"အင္း၊ ဒါဆို ကိုယ္ေတာ္ဘက္ကလည္း ဆူက်ူးခ်ိဳးကိုေစာင့္ၾကည့္ဖို႔ လူလႊတ္ထားလိုက္မယ္။ မင္းေျပာတဲ့အတိုင္းဆိုရင္ လန္ဂ်ီးက သူ႔ကို ထြက္ေျပးေပါက္ပိတ္တဲ့အထိ အၾကပ္ကိုင္မွာဆိုေတာ့ သိပ္မၾကာခင္မွာပဲ သူ တစ္ခုခု ထလုပ္ေလာက္တယ္"
"အင္း၊ ေကာင္းၿပီ"
ႏွစ္ေယာက္သား ေဆြးေနြးတိုင္ပင္ေနၾကရင္းႏွင့္မွ ရုတ္တရက္ဆိုသလို သြမ့္ပိုင္ယြဲ႔က
ခ်ူယြမ္အနား တျဖည္းျဖည္း တိုးလာေလ၏။ ခ်ူယြမ္လည္း အလိုလို ေနာက္ဆုတ္မိလ်က္သား။
"သြမ့္၀မ္!!!!"
"ဘာကို ေတြးေၾကာက္ေနတာလဲ။ အလုပ္ကိစၥေျပာၿပီးသြားေတာ့ မင္းမ်က္ႏွာအေျခအေနကို ေသခ်ာၾကည့္ေပးမလို႔ေလ....
ဘယ္လိုျဖစ္ေနတာလဲ"
"ဘာမွမျဖစ္ေတာ့ဘူး....မနက္ေစာေစာ ရွစ္ဇီက အတူေခၚလာတဲ့ေတာ္၀င္သမားေတာ္နဲ႔ ျပၿပီးသြားၿပီ"
"ၿပီးေတာ့ေရာ?"
သြမ့္ပိုင္ယြဲ႔က ထိုင္ခံုတစ္လံုးဆြဲကာ ခ်ူယြမ္ေဘးနား လာထိုင္ေလသည္။
"ၿပီးေတာ့ သမားေတာ္က ကိုယ္ေတာ့္ေသြးခုန္ႏႈန္းေတြ လာစမ္းေပးတယ္၊ ဘာဆိုဘာမွ ပံုမွန္မဟုတ္တာ မေတြ့သြားဘူး။ ဘာမွရွာမေတြ့ဘူးလို႔ ေလ်ွာက္တင္ရမွာလည္း ေၾကာက္ေနရွာလို႔နဲ႔တူတယ္ ၊ ထိတ္လန္႔ေနတာ တုန္ေနေရာ...."
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ေျပာသမ်ွ ၿပံဳးၿပီးနားေထာင္ေနကာ -
"သူမ်ားေတြကိုေၾကာက္ေအာင္ တမင္ေျခာက္လွန္႔ေနတတ္တာႀကီးက မင္းရဲ့နဂိုပံုစံနဲ႔မတူလိုက္တာ"
ထိုစဥ္ ရွစ္ဇီက အျပင္ဘက္မွ ေလ်ွာက္တင္လာ၏။
"အရွင္မင္းျမတ္!!!!! ညစာအတြက္ ပြဲေတာ္ျပင္ဆင္ၿပီးသြားပါၿပီဘုရား"
"အထဲ ယူလာခဲ့လိုက္"
သြမ့္ပိုင္ယြဲ႔ၪီးေနွာက္ထဲတြင္ အရြက္ဟင္းမ်ားႏွင့္ တို႔ဖူးမ်ားသာ ျမင္ေယာင္လာ၏။
မေန့က အဆီမ်ားအသားမ်ား သြားစားထားခဲ့တာ ေတာ္ပါေသးရဲ့။
ရွစ္ဇီကုန္းကုန္းလည္း တံခါးဖြင့္ကာ စားေသာက္ဖြယ္ရာမ်ား တစ္ပြဲၿပီးတစ္ပြဲ လာခ်ထားေလသည္။ ပံုမွန္အားျဖင့္ ႏွစ္ပြဲသံုးပြဲမ်ွသာ ရိွတတ္ေသာ ထမင္းဝိုင္းမွာ ခုေတာ့ အနည္းဆံုး ခုနစ္ပြဲရွစ္ပြဲမ်ွသာ ရိွေန၏။အသားမ်ားအျပင္ ငါးဟင္းပါ ပါလာေသးသည္၊ အေကာင္ကလည္း အေတာ္ေလး
ႀကီးေပ၏။
သြမ့္ပိုင္ယြဲ႔ - "......."
ခ်ူယြမ္က ထမင္းပန္းကန္လံုးကို ယူလိုက္ရင္း ေမးလာ၏။
"သြမ့္၀မ္က အဲ့လိုပဲ ထိုင္ေငးၾကည့္ေတာ့မလို႔လား"
သြမ့္ပိုင္ယြဲ႔မွာ မိမိဘက္က တစ္ခုခုရွင္းျပရန္လိုေနေၾကာင္း ခံစားလိုက္ရသည္။ တကယ္တမ္း သူက ေန့တိုင္းေန့တိုင္း မေန့ကလို အမ်ားႀကီးစားတတ္တဲ့ အစားၾကဴးသူ
မဟုတ္ရပါေလ။ ဟင္းရြက္ႏွင့္ တိုဖူးခ်ည္းသာစားေနရေသာေၾကာင့္ ရက္အေတာ္ၾကာၾကာ အရသာအစံုအလင္ေလးစားခ်င္ခဲ့ရံုမ်ွသာ။
သို႔ေသာ္ ခ်ူယြမ္က ၀က္နံရိုးတစ္ေခ်ာင္းကို ယူၿပီး ေခါင္းေလးငံု႔ကာ စားေနသည္ကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔ ဘာမွမေျပာျဖစ္ေတာ့။ ထိုလူသားေလး အသားဟင္းႏွစ္တံုးသံုးတံုးမ်ွ ပိုစားျဖစ္မည္ဆိုလ်ွင္ သူအထင္လႊဲခံရမည္ဆိုလည္း တန္ေနၿပီျဖစ္သည္။
တလႈပ္လႈပ္ကခုန္ေနေသာ ဆီမီးေရာင္ေအာက္တြင္ ႏွစ္ေယာက္သား ထမင္းစားေနၾကေသာအသံမ်ားမွတစ္ပါး တိတ္ဆိတ္ေနလ်က္။
"ညဥ့္ပုလဲရိွေနတာလား?"
"ဟင္?"
ရုတ္ျခည္းဆိုသလိုေမးလာေသာသြမ့္ပိုင္ယြဲ႔စကားကို ခ်ူယြမ္ခ်က္ခ်င္းနားမလည္။
"ညဥ့္ပုလဲဆိုတာ ဘာႀကီးတုန္း"
သြမ့္ပိုင္ယြဲ႔က ဗီရိုဘက္ကို လက္ၫွိုးၫႊန္ျပလိုက္ကာ -
"အဲ့ထဲမွာ လင္းေနတဲ့ဟာတစ္ခုခု ရိွေနတယ္"
"ေၾသာ္.....ဖန္ရွင္းပုလဲလံုးေလ"
သြမ့္ပိုင္ယြဲ႔က ေက်နပ္စြာၿပံဳးမိသြားသည္။
"ကိုယ္နဲ႔မကြာ သိမ္းထားတာလား"
"မသိမ္းထားရပါဘူး"
ခ်ူယြမ္က ထမင္းကိုသာ ဆက္စားေနၿမဲ။
သြမ့္ပိုင္ယြဲ႔လည္း ဟင္းခ်ိဳပန္းကန္ထဲ ဟင္းခ်ိဳထပ္ျဖည့္ေနလိုက္ရင္း တစ္ခုခုထူးဆန္းေနသည္ဟုခံစားရေသာေၾကာင့္ ဆက္ေမး၏။
"တကယ္ကို ဖန္ရွင္းပုလဲလံုးေပါ့"
ခ်ူယြမ္ - "........"
ဒီလိုကိစၥက လိမ္ေျပာစရာေရာလိုလို႔လား။
"ဒီလိုရိွတယ္.....ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္ကေန ကိုယ္ရလာတဲ့ေန့က ဒီလိုလင္းေနဖို႔မေျပာနဲ႔၊ ကိုယ့္ရဲ့ညဥ့္ပုလဲနဲ႔ေတာင္ လာယွဥ္လို႔မရဘူး"
ခ်ူယြမ္ အနည္းငယ္ တံု႔ဆိုင္းသြားၿပီးေနာက္ ဗီရိုဆီသို႔ထသြားကာ ပုလဲလံုးတစ္လံုး ထုတ္ယူလာေလသည္။ ျပာလဲ့လဲ့အဆင္းရိွေသာ ပုလဲလံုးမွာ ေၾကာင္မ်က္လံုးမ်ားသဖြယ္ အေရာင္လင္းလက္ေနလ်က္။
သြမ့္ပိုင္ယြဲ႔ - "........"
"ဒီတစ္ခု......ဟုတ္တယ္မလား"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ထံ ျပန္အပ္ေပးလိုက္၏။ လက္ထဲေရာက္လာေသာ ထိုပုလဲလံုးမွာ ဖန္ရွင္းပုလဲလံုးမွန္ေနေသာ္လည္း အဘယ္ေၾကာင့္မ်ား .....အဘယ္ေၾကာင့္မ်ား အခုမွ အေရာင္လင္းလာရသနည္း။
"ဘာျဖစ္ေနလို႔လဲ... ေျပာၾကည့္ေလ"
ခ်ူယြမ္က နားမလည္ႏိုင္စြာေျပာလာၿပီးသြမ့္ပိုင္ယြဲ႔လည္း ဖန္ရွင္းပုလဲလံုးကို ျပန္ေပးလိုက္ကာ
"ဘာမွမဟုတ္ေတာ့ပါဘူး......လူတိုင္းလိုခ်င္ေနတဲ့ပုလဲက တကယ္တမ္း ေမွာ္အစြမ္းေတြ ကိန္းေအာင္းေနခဲ့တာပဲ"
ခ်ူယြမ္က လက္ထဲျပန္ေရာက္လာေသာ ပုလဲလံုးကို ဆုပ္ကိုင္လိုက္ၿပီး-
"ငါလဲ ဒီပုလဲလံုး ဘယ္လိုအစြမ္းေတြရိွမွန္းမသိဘူး၊ သူမ်ားေတြေျပာၾကတာကို ၾကားဖူးနား၀ရိွရံုတင္"
တကယ္လည္း ၾကားဖူးနား၀ရိွရံုမ်ွျဖင့္ပင္ ဤပုလဲလံုးအေၾကာင္း သြမ့္ပိုင္ယြဲ႔ထံ မရည္ရြယ္ဘဲ ဒီတိုင္း စကားစမိဖူးခဲ့သည္၊ ထိုစဥ္က သြမ့္ပိုင္ယြဲ႔ေရာ ခ်ူယြမ္ေရာ ႏွစ္ေယာက္လံုး ငယ္ရြယ္လြန္းေနေသး၏။ တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္မွာ ထိုသူက အတည္ႀကီး ရွာေဖြၿပီး လာေပးမည္မွန္း ခ်ူယြမ္လံုး၀ထင္မွန္မထားခဲ့။
"ဘာအစြမ္းရိွရိွ မရိွရိွ၊ ႀကိဳက္ရင္သိမ္းထား။ ၾကည့္ေနရလို႔ ေပ်ာ္ေနရင္ ၿပီးတာပဲေလ။ ေနာက္ပိုင္း လိုခ်င္တာရိွ ရင္လည္း ကိုယ့္ကိုေျပာ.....အားမနာနဲ႔....."
ခ်ူယြမ္လည္း ထမင္းစားစားပြဲသို႔ျပန္လာၿပီး ဟင္းရည္ကုန္ေအာင္ေသာက္ၿပီးေသာ္ ဆက္ၿပီး လက္ဖက္ရည္ ငွဲ႔ေသာက္ေနေလသည္။
သြမ့္ပိုင္ယြဲ႔ကမူ မိမိအတြင္းက ခ်ီဓာတ္ တစ္ဖန္ ယိုယြင္းလာေလသလား ေအာက္ေမ့ရသည္။ ႏႈတ္ခမ္းကို ပုဝါျဖင့္ သုတ္ေနသည့္ ခ်ူယြမ္၏လႈပ္ရွားမႈမ်ားကအစ မ်က္စိပသာဒရိွလွေပသည္၊ မိမိႏွလံုးသားအတြက္ အင္မတန္ ေကာင္းလွပါေပသည္။
"သြမ့္၀မ္လည္း ျပန္လို႔ရၿပီ...."
သြမ့္ပိုင္ယြဲ႔ - "......."
ခ်ူယြမ္မ်က္၀န္းမ်ား သူႏွင့္အၾကည့္ခ်င္းဆံုလာေလသည္။
"ေဘးခန္းမွာေတာင္ အိပ္လို႔မရေတာ့ဘူးလား"
"မရဘူး....အဲ့ေလာက္မာေတာင့္ေနတဲ့ ကုတင္ႀကီးက ဘယ္လိုလုပ္ အိပ္ရတာ သက္ေတာင့္သက္သာရိွမွာလဲ"
အာ....ဒီက တခ်ိဳ႕ကုတင္လည္း ႏူးညံ့အိစက္ေနေလာက္တာပဲကို....။
"သြမ့္၀မ္...."
သူ၏ အေတြးေရယာဥ္ေၾကာကို ခ်ူယြမ္က ထပ္မံ ျဖတ္ေတာက္လိုက္ျပန္သည္။ မတတ္သာသည့္အဆံုး သြမ့္ပိုင္ယြဲ႔လည္း သက္ျပင္းခ်လိုက္ကာ -
"အင္းပါ"
မည္သို႔ပင္ဆိုေစ၊ ဒီေန့က ဆယ့္ငါးရက္ေျမာက္ေန့ဆိုေတာ့ ေဆးေသာက္ဖို႔လိုေနၿပီေလ။
*******
သြမ့္ေန့ကလည္း တည္းခိုေဆာင္တြင္ အသင့္ေစာင့္ေနၿပီးျဖစ္ကာ စားပြဲထက္တြင္လည္း နန္ေမာ္ယဲ့ေရးထားေသာစာလႊာတစ္ေစာင္ တင္ထားလ်က္ရိွသည္။
"ပန္၀မ္း မဖတ္လို႔ရမလား"
သြမ့္ေန့မ်က္ႏွာပ်က္သြားေလကာ
"၀မ္ရယ္ ခြင့္လႊတ္ေပးေတာ္မူပါ။ ၀မ္ရယ္သာမဖတ္ေပးရင္ေတာ့ ဆရာႀကီးနန္က ကြၽန္ေတာ္မ်ိဳးကို ပိုးေကာင္ေတြ အတင္းေကြၽးမယ္တဲ့"
သြမ့္ပိုင္ယြဲ႔ေခါင္း ေပါက္ထြက္လုမတတ္ပင္ ခံစားသြားရျပန္သည္။ အဆိုပါ စာအိတ္ထဲတြင္ သိုင္းေလာက၏ လ်ိႈ႔၀ွက္စာရြက္တစ္ရြက္ပါလာ၏ ၊ တကယ္ပင္ တစ္ရြက္တည္း။
စာလႊာထဲတြင္ က်င့္စဥ္ကိုအဆင့္ဆင့္ေဖာ္ျပထားေသာ ရုပ္ပံုရွစ္ပံုပါကာ သိဒၶိစြမ္းအင္တိုးျမႇင့္ေရးက်င့္စဥ္ပင္ျဖစ္သည္။ ခက္ခဲမည့္ပံုေတာ့မေပၚ ။ဆယ့္ငါးရက္ျပည့္တိုင္း ဝါေယာဓာတ္က်င့္စဥ္ကို ေကာင္းကင္ဘီးစၾကာတစ္ပတ္ျပည့္ေအာင္ က်င့္ရမည္ျဖစ္ေၾကာင္းအတန္တန္သတိေပးထားသည္။
(ေကာင္းကင္ဘီးစၾကာ - တာအိုဘာသာ၀င္မ်ား၏ ဝါေယာကသိုဏ္းက်င့္စဥ္ျဖစ္ကာ ခႏၶာအႏွံ႔ သိဒၶိစြမ္းအင္စုေဝးရာေနရာတိုင္းႏွံ႔စပ္ေအာင္ က်င့္ႀကံေပးရန္ျဖစ္သည္။)
သြမ့္ပိုင္ယြဲ႔က စာလႊာကိုထပ္ခါၾကည့္ေတာ့ ေနာက္စာတစ္ေစာင္ ထြက္က်လာသည္။ စာထဲရိွ အေၾကာင္းအရာမ်ားမွာ ဂုဏ္ဆာ၀င့္ႂကြားထားျခင္းမ်ွသာျဖစ္ၿပီး ဒီက်င့္စဥ္ေအာင္ျမင္လ်ွင္ သိုင္းေလာကတြင္ အေတာ္ဆံုးက်ငိ့ႀကံသူျဖစ္လာမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ ေရာဂါဘယမ်ိဳးစံုကို ကုသေပ်ာက္ကင္းေစႏိုင္ေၾကာင္း၊ ေခါင္းကိုက္ဖ်ားနာစေသာ အနာေသးေသးမွအစ ေယာက်္ားပုရိသတို႔၏ မေထာင္မတ္ႏိုင္ေသာ ျပႆနာထိအဆံုး ၊ မိန္းမမ်ား၏ ရာသီေသြးဆင္းလ်ွင္ နာက်င္ကိုက္ခဲမႈမ်ားအပါအ၀င္ မီးဖြားၿပီးေသြးသြန္သည္အထိ အားလံုးအားလံုး......ကုသေပးႏိုင္သည္တဲ့။
"၀မ္ရယ္.....ဒါႀကီးကို တကယ္ႀကီးက်င့္မွာလားဟင္"
"ဘာလို႔ မက်င့္ရမွာတဲ့လဲ"
သြမ့္ေန့ ေျပာမထြက္။ ဘာကို ဘာလို႔မက်င့္ရမွာလဲတဲ့လား။ သိုင္းေလာကမွ မည္သူမဆို ဤလ်ိႈ႔၀ွက္က်င့္စဥ္ဆိုသည့္ဟာႀကီးရလာလ်ွင္ က်င့္ႀကံခ်င္သူမရိွၾကေပ။
သြမ့္ပိုင္ယြဲ႔က စားပြဲေပၚတင္ထားေပးေသာ ေဆးရည္ကို တစ္ခါတည္းအၿပီးေမာ့ေသာက္လိုက္ၿပီး အိပ္ခန္းထဲ၀င္သြားေလၿပီ။ သြမ့္ေန့လည္း စိုးရိမ္စိတ္ကိုရင္၀ယ္ပိုက္ရင္း အျပင္မွသာ ေစာင့္ၾကပါေပးႏိုင္ေလသည္။ မိမိ၀မ္ရယ္တစ္ေယာက္ က်င့္စဥ္ေတြက်င့္ေနရင္း တစ္ခုခုျဖစ္သြားမည္စိုးရိမ္ေနရသည္ေလ။
မည္သို႔ပင္ဆိုေစ၊ ဆရာႀကီးနန္က သိပ္ၿပီး ယံုစား၍ရေသာ လူစားမ်ိဳးမဟုတ္။
******
ရွီးနန္စံအိမ္ေတာ္တြင္လည္း ။
သြမ့္ေယာင္က နန္ေမာ္ယဲ့၏ ေက်ာျပင္ကို ဖက္ၿပီး တြယ္ကပ္ေနလ်က္ ကပ္ခြၽဲေန၏။
"ရွစ္ဖူး!!!!!!"
"မရပါဘူးဆိုေနမွ"
နန္ေမာ္ယဲ့ကခ်က္ခ်င္းျငင္း၏။သြမ့္ေယာင္က နန္ေမာ္ယဲ့ေက်ာျပင္ကို သူ႔ပါးျပင္မ်ားျဖင့္ ပြတ္လိုက္ခြၽဲလိုက္ ဆက္လုပ္ေနေလသည္။
"ကြၽန္ေတာ္ အဲ့ဟာကို က်င့္ခ်င္လို႔မွမဟုတ္တာ...နည္းနည္းေပးၾကည့္လို႔ေတာင္မရဘူးလားလို႔"
"မရဘူးလို႔ေျပာထားၿပီးသားေလ....မရဘူးဆိုမရဘူးပဲ ...။ အဲ့တာ ေဗာဓိစိတၲက်င့္စဥ္မဟုတ္ဘူး၊ ေယာင္အာေလး အျမင္မွားတာ....အျမင္မွားေနတာ ဟုတ္ၿပီလား"
အား....အဲ့က်င့္စဥ္မွန္းဟုတ္ေနတာ အသိသာႀကီးကို။ နည္းနည္းေလာက္ၾကည့္လို႔ေတာင္မရဘူးတဲ့။
ရွစ္ဖူးႀကီးက ကပ္ေစးကုတ္လိုက္တာ။
********
Thz for reading.
2020.05.07.
T/N : ဇာတ္လမ္းက ဒီလိုေလးပဲ ၿငိမ့္ၿငိမ့္ေလး သြားေနမွာပါ၊ သစ္ပင္ေလးတစ္ပင္ စိုက္ၿပီး ျပဳစုပ်ိဳးေထာင္ရသလိုပဲ စိတ္ရွည္မွ။ တစ္ခ်ိဳ႕လူအတြက္ ပ်င္းေကာင္းပ်င္းေနေလာက္မွာပါ၊ နန္းလည္း အဲ့ထဲပါပါတယ္၊ ခုတေလာ ေရးရမွာ Passionကုန္ၿပီး ၿငီးေငြ့လာပါၿပီ။
ဒါေပမယ့္ စိတ္ကူးေပါက္လို႔ fangirlingလုပ္ခ်င္လာၿပီဆိုရင္ အားလံုးနဲ႔မ်ွေဝဖို႔ pageတစ္ခု ဖြင့္ထားပါတယ္။ Chitchat under Meihua Treeဆိုတဲ့နာမည္နဲ႔ပါ။
Top-tierမဟုတ္ေတာ့ Fanartေတြ Fansongေတြ မရိွသေလာက္နည္းေၾကာင္း ႀကိဳၿပီးေျပာျပထားခ်င္ပါတယ္ ။ ဒါေၾကာင့္ ဇာတ္ေကာင္ေတြအေၾကာင္း၊ ဇာတ္လမ္းအေၾကာင္းနဲ႔ Novelကေန ဆင့္ပြားသြားတဲ့ linkေတြပဲ လိုက္ရွာၿပီး မ်ွေဝပေးသြားမွာပါ။
ဟုတ္ပါၿပီ......ေမဟြားပင္ေအာက္က စကားဝိုင္းေလးဆီ အပ်င္းေျပ လာေရာက္နားေနႏိုင္ၾကပါတယ္လို႔ သတင္းပါးလိုက္ပါတယ္ေနာ္။
********