Unicode version :
[ ဘာထိုင်လုပ်နေတာလဲ.... မြန်မြန်သွားပြီး
ခိုးတွေ့ကြတော့လေ ]
ဘိုးဘွားဗိမာန်ဂူထဲ သွမ့်ပိုင်ယွဲ့မှာ တစ်လကြာမျှ ဒဏ်ရာကုသမှုခံယူနေသော်လည်း သွမ့်ယောင်ရော ကျောက်ဝူရော ရှိနေသဖြင့် ရှီးနန်စံအိမ်တော်မှာ နဂိုအတိုင်း မပြောင်းမလဲ အခြေအနေတည်ငြိမ်နေခဲ့သည်။ တစ်ခါတစ်ရံ သွမ့်ယောင်လက်ဆော့ပြီး တွေ့ကရာလူကို အကောင်ဗလောင်များဖြင့် လိုက်လိုက်ပစ်ပေါက်တတ်သဖြင့် ထိုနောက်ဆက်တွဲပြဿနာများကို ကျောက်အူက လိုက်လံဖြေရှင်းပေးရရုံမျှသာ ။ ရှီးနန်၏ အခြားအမှုရေးရာများကိုတော့ သွမ့်ပိုင်ယွဲ့၏လူယုံတော်အရာရှိများက ကိုင်တွယ်ဖြေရှင်းပေးထားသဖြင့် အရာအားလုံးက စနစ်တကျ ငြိမ်းချမ်းစွာ လည်ပတ်စီးဆင်းနေခဲ့သည်။
ယနေ့မှာတော့ နန်မော်ယဲ့က စံအိမ်တော်သို့ပြန်လာပြီး အသားဟင်းငါးဟင်းလာစား၏။ ပြန်လာပြီး နာရီ၀က်ခန့်ပင်မကြာလိုက် ၊ နန်မော်ယဲ့က သွမ့်ယောင် မွေးမြူထားသော အနီရောင်မြွေအဆင်းရှိ အကောင်တစ်မျိုးကို မတော်တဆတက်နင်းမိပြီး ထိုအကောင်လေးမှာ အသက်ထွက်သွားရှာသည်။ ခဏတာမျှသာ လန့်ဖျတ်သွားပြီးနောက် အေးအေးလူလူပင် တောင်အနောက်ရှိဂူထဲသို့ပြန်သွားကာ မိမိမွှေးခဲ့သောမီးကိုမငြိမ်းဘဲ နောက်လူလက်ထဲ ပေးသွားလေသည်။
ကျောက်ဝူ - "........."
ဟွားထန်က အလိုက်တသိမေးလာ၏။
"ကျွန်မ တောထဲခဏသွားပြီး အစားထိုးပေးစရာ အကောင်လေးတွေ သွားရှာပေးလိုက်မယ်လေ။ နှင်းလည်းမကျ ရေလည်းမခဲသေးတာမို့ တစ်ကောင်တစ်လေတော့ တွေ့မှာပါ"
ကျောက်ဝူက မိမိလက်စွဲတော်ဓားကိုယူပြီး ဖြေလာသည်။
"ကိုယ်ပဲသွားလိုက်ပါ့မယ်။ တစ္ဆေငယ်လေး ပြန်လာလို့ စိတ်ကောက်နေရင် မင်းနဲ့ အရီးတော်ကျင်းနဲ့ကပဲ ချော့ပြောပေးနိုင်တာ"
( T/N : သွမ့်ယောင်ကို တစ္ဆေငယ်လေးလို့ပဲ
သွမ့်အိမ်တော်ကလူတွေ ချစ်စနိုးခေါ်တတ်ပါတယ် )
"ပိုးကောင်တွေကိုလေ .... အုံလိုက်ကျင်းလိုက်တွေ့ရရင် ၀၀ဖြိုးဖြိုးအကောင်လေးတွေရွေးပြီး ခပ်များများလေးယူလာပေးလိုက်နော်။ မဟုတ်ရင် စိတ်ကောက်မပြေမှာ စိုးရတယ် "
ရှီးနန်စံအိမ်တော်နှင့် မနီးမေ၀းတွင် တောနက်ကြီးတစ်ခုတည်ရှိသည်။ ထိုပိုးကောင်မျိုးမှာ ညအချိန် အစာထွက်ရှာလေ့ရှိသဖြင့် သွားရောက်ရှာဖွေကြည့်ရန် အချိန်သင့်အခါသင့်ပင် ဖြစ်နေသည်။ ကျောက်၀ူလည်း တောနက်ထဲသို့ ရောက်တော့ မီးအိမ်ကို သစ်ကိုင်းတစ်ခုထက်ချိတ်လိုက်ကာ ညလုံးပေါက် အေးဆေးလဲလျောင်းရင်း စောင့်ဖမ်းမည်ဟု ရည်ရွယ်ထားပေမင့် မအိပ်လိုက်ရခင်မှာပင် အကူအညီတောင်းသော အော်ဟစ်သံတစ်ခု အေ၀းမှ ပျံ့လွင့်လာ၏။ ကျားတစ်ကောင်၏ မာန်ဖီသံကပါ လိုက်ပါဟိန်းထွက်လာသည်။ကျောက်ဝူလည်း ချက်ချင်းပင်သစ်ပင်ပေါ်မှဆင်းကာ အသံလာရာသို့ ထွက်လာခဲ့သည်။
တောနက်တစ်နေရာတွင် မိန်းမပျိုတစ်ယောက် ၊ တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ သွေးများစိုရွှဲနေလျက်။ ရင်ခွင်ထဲတွင် ရင်သွေးငယ်ကို ပွေ့ပိုက်ထားကာ ဘယ်လက်က ဓားတစ်လက်ကိုကိုင်ဆောင်ထားပြီး ရှေ့မှောက်တွင် ကျားရိုင်းကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရ၏။ ကလေးငယ်မှာ လန့်ထိတ်နေလို့ထင် ၊ စူးစူး၀ါး၀ါး အော်ငိုနေသည်။ ထိုငိုသံကပင် ကျားကြီးအား ပို၍ ခုန်အုပ်လာစေချင်အောင် ညှို့ငင်ဖိတ်ခေါ်နေသည့်အလား။
မိန်းမပျိုလေးမှာ မျက်လုံးစုံမှိတ် ၊ အံကိုကြိတ်ကာ အင်အားအပြည့်ဖြင့် ခုန်အုပ်လာသောကျားကြီးအား ဓားဖြင့်ထိုးရန်လုပ်သည်။ လွတ်လမ်းမရှိတော့ဟုပင် သူမကိုယ်သူမ ယူဆထားပြီး မျှော်လင့်မထားတော့ခါမ လူတစ်ယောက်က သူမတို့အား ဘေးရှိ မြက်ခင်းပြင်သို့ တွန်းထုတ်လိုက်ကာ ကျားကြီးရန်မှ ကယ်ဆယ်လိုက်လေသည်။
ကျောက်ဝူက လက်သုံးတော်ဓားကို ပြန်သိမ်းလိုက်ကာ ကျားကြီးကို သတိလစ်သွားအောင် လက်ဗလာဖြင့်သာသုံးကာ ရိုက်ချလိုက်သည်။ ထို့နောက် သားအမိနှစ်ယောက်ကို ကူညီဖေးမလိုက်လေသည်။
"သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
ထိုမိန်းမပျိုမှာ ထမရပ်နိုင်တော့လောက်အောင် ဖျော့တော့အားနည်းနေသည်။ သူမ အခြေအနေသိပ်မကောင်းမှန်း သတိမူမိတော့ ကျောက်ဝူလည်း ထွေထွေထူးထူး ဆက်မမေးတော့ဘဲ ရှီးနန်စံအိမ်တော်သို့ ထမ်းယူခေါ်
ဆောင်လာတော့သည်။
*****
"ပြန်လာပြီ....ပြန်လာပြီ.....ဒုတိယသခင်လေး ပြန်လာပြီ"
အရီးတော်ကျင်းမှာ အိမ်တံခါး၀နား တမျှော်မျှော်လုပ်နေရင်း ကျောက်ဝူအရိပ်ကို အေ၀းမှမြင်သည်နှင့် ၀မ်းပန်းတသာကြိုဆို၏
။သူမစကားဆုံးသည်နှင့် အခန်းထဲမှ လူတစ်စု တစ်ဦးပြီးတစ်ဥိီး ကျောက်ဝူအား ထွက်လာကြိုကြလေသည်။
မျက်ရည်ဥများတွဲခိုနေသောသွမ့်ယောင်လည်းပါသည် ၊ သူ့အနား တစ်ချိန်လုံး ချော့မော့နှစ်သိမ့်ပေးနေရသော ဟွားထန်လည်းပါသည် ၊ မိမိလုပ်ရပ်ကို နောင်တရကာ တပည့်ဖြစ်သူထံ လာတောင်းပန်သော နန်မော်ယဲ့လည်းပါသည်၊ ပေါက်ကွဲလုမတတ် ခေါင်းကိုက်နေသော သွမ့်ပိုင်ယွဲ့လည်းပါသည်။ သွမ့်ယောင်ကို မျက်ရှုရတနာ ရင်နှစ်သည်းချာ သားအရင်းသဖွယ် ဖူးဖူးမှုတ်ချစ်မြတ်နိုးကြသော ရံရွှေတော် ပျိုပျိုအိုအိုမရွေး အကုန် ထွက်လာကြိုကြသည်။
"မြွေနီပိုးကောင်ရော"
အရီးတော်ကျင်းက ချက်ချင်းမေးလာခြင်းဖြစ်သည် ၊ ကျန်လူများကတော့ တိတ်ဆိတ်နေ၏။ ဤသို့သောအခြေအနေမျိုးတွင် ထိုအမျိုးသမီးက ဘယ်သူလဲဟုသာ အရင်ဦးစွာမေးသင့်သည်မဟုတ်လား။
"ဒီအစ်မကြီးက ဘယ်သူလဲဟင်"
သွမ့်ယောင်က အရှိန်မသတ်နိုင်သေးသည့်နှယ် တစ်ချက်ရှိုက်ငိုလိုက်ပြီးမှ မေးလာ၏။
"မသိဘူး....တောထဲမှာတွေ့လို့ ကယ်ထုတ်လာတာ...။ ဘယ်တောင်ပေါ်ကနေ ဆင်းလာမှန်းမသိတဲ့ ကျားရိုင်းတစ်ကောင်က သူတို့သားအမိကို သတ်စားတော့မလို့ ။ ဒါပေမယ့် နောင်တော်လက်ချက်နဲ့ ကျားကမေ့လဲသွားရှာပြီ။ အဲ့ကျားကြီးကို လူတစ်စုလောက်ခေါ်ပြီး တောနက်ထဲပြန်သွားလွှတ်ခိုင်းလိုက်၊မဟုတ်ရင် လူနေတဲ့နေရာတွေထိ လာပြီးရန်လာရှာမှာစိုးရတယ်"
ဟွားထန်ကလည်း ထိုအမျိုးသမီး၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်ကာ -
"ဘာမှတော့ စိုးရိမ်စရာမရှိဘူး၊ အရမ်းလန့်သွားတာရယ် ဒဏ်ရာအရှိန်နဲ့ရယ်ဆိုတော့ မေ့လဲသွားရုံပါ.....ဧည့်နားနေဆောင်ဘက် သွားပို့ထားရအောင်၊ ကျွန်မကိုယ်တိုင် ဒဏ်ရာတွေ ဆေးထည့်ပေးထားမယ်"
အရီးတော်ကျင်းလည်း ထိုမိန်းမပျိုနှင့်အတူပါလာသော လူမမယ်ကလေးငယ်လေးကို ပိုက်ချီထားကာ ချော့မြူနေသည်။ အခြားလူများလည်း မိမိတို့အလုပ်တာ၀န်များအတိုင်း ခွဲေ၀လုပ်ဆောင်ရန် ထွက်သွားကြသည်။ ယောင်အာလည်း ဘာပိုးကောင်မှ လိုချင်စိတ်မရှိတော့။ ထို့ကြောင့်လည်း အိမ်၀န်းထဲရှိ မြေအလွတ်တစ်နေရာကို တူးဆွကာ မိမိ၏ ချစ်လှစွာသော ပိုးကောင်လေးအား မြှုပ်နှံပေးရန်လုပ်နေသည်။ နန်မော်ယဲ့ကလည်း သွမ့်ယောင်ဘေးနား နောင်တကြီးစွာပိုက်ရင်း ထိုင်နေကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်များထွေပြားလို့နေရှာသည်။
ယောင်အာလေး....တကယ် စိတ်ဆိုးနေတာလား၊ ဆရာ့ကိုတောင် စကားတစ်ခွန်းမှ မပြောဘူး။
"ကျွန်တော် သူစိမ်းတစ်ယောက် ခေါ်လာမိပြီ... နောင်တော် အဆင်ပြေရဲ့လား"
ကျောက်ဝူက သွမ့်ပိုင်ယွဲ့အား အားနာစွာဆိုလာသည်။
"သွမ့်အိမ်တော်က မင်းအိမ်ပဲဟာ ၊သူစိမ်းခေါ်လာတာများ ဘာဖြစ်လို့လဲ.... တစ်အိမ်လုံးကို မင်းစိတ်ကြိုက် လိုက်ဖျက်ဆီးချင်ရင်တောင် ရသေး...."
စောနက စိုးရိမ်နေသည်များမှာ ရယ်စရာကောင်းသော ဟာသသာသာမျှသာဖြစ်သွားကြောင်း ကျောက်ဝူ နွေးထွေးစွာ ခံစားမိလိုက်ရသည်။
"ဒါဆိုလည်း နောင်တော် အနားယူပါတော့...ကျွန်တော်လည်း အခန်း ပြန်ပါတော့မယ်"
"ရှောင်ယွီ......"
သို့သော် သူ့နောက်မှ သွမ့်ပိုင်ယွဲ့က အော်ပြောလာ၏။
"နောက်လကျရင် မင်းရဲ့ထိမ်းမြားပွဲပါ တစ်ခါတည်းကျင်းပပေးလိုက်ရင် မကောင်းပေဘူးလား"
သတိမမူလိုက်ခင် အလစ်တိုက်ခိုက်ခံလိုက်ရသောကြောင့် ကျောက်ဝူတစ်ယောက် အတော်ပင် ရှက်သွားကာ ပါးပြင်များပင် နီရဲလာ၏။
"ဟားဟား .... မင်းနှယ်....ရိုးသားလွန်ရန်ကော ။ မင်းချစ်သူကောင်မလေး မင်းလိုလူရိုးကြီးကို အမြင်မကတ်တာ တော်တော်ကံကောင်းနေတာပဲ...."
ထို့နောက် သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"မင်းဘက်က တခြားထင်မြင်ချက်မပေးဘူးဆိုတော့ကာ ဒီစကားကို အတည်လို့ပဲ
ယူလိုက်ပြီနော်"
******
ဧည့်နားနေဆောင်တွင် ဟွားထန်လည်း ထိုမိန်းမပျိုအား ဆေးလိမ်းပေးပြီးနောက် သူမ၏ကလေးငယ်ကိုပါ ဆန်ပြုတ်ပျော့ပျော့လေးတိုက်ကာ သူမအနား သိပ်ထားပေးလိုက်ပြီးမှ အခန်းထဲကနေ ထွက်လာလေသည်။ အခန်းအပြင်ဘက် အိမ်ခြံ၀န်း၌ ကျောက်ဝူက ဟွားထန်အား ရပ်ပြီးစောင့်နေ၏။
"အခြေအနေဘယ်လိုလဲ"
"ဒဏ်ရာတွေကတော့ အပေါ်ယံရှပ်သွားကြတာလောက်ပဲ.... သွေးအထွက်များလို့သာ မူးလဲသွားတယ်၊ တစ်လလောက်နားလိုက်ရရင် သူ့ဘာသာသူ ပြန်ကောင်းသွားလိမ့်မယ်.....ကျွန်မ နည်းနည်းမေးကြည့်တော့ သူက သူ့ခင်ပွန်းသည်ဆုံးသွားတော့ မိဘနေရပ် ကျင့်တိဒေသမှာ ပြန်လာနေဖို့ ထွက်လာတာ.... ကျွန်းတစ်ခုကနေ ခြေဦးတည့်ရာ လာခဲ့တာပဲတဲ့"
"အင်း...ဒါဆို သူ နေကောင်းတဲ့အထိစောင့်ပြီးသွားရင် ကျင့်တိကိုသွားမယ့် ကုန်သည်အုပ်စုဖြစ်ဖြစ်၊ ဂိုဏ်းတစ်ခုပဲဖြစ်ဖြစ် သူ့ကိုပါ လမ်းကြုံလိုက်သွားခိုင်းလိုက်မယ်လေ"
ဟွားထန်က ကျောက်ဝူအား စေ့စေ့သေချာကြည့်ပြီးသော် နားမလည်နိုင်စွာ မေးလာ၏။
"ဒါနဲ့ ရှင် ဘာလို့ မျက်နှာတွေရဲနေတာလဲ"
ကျောက်ဝူ - "........"
ခေါင်မိုးထက်တွင် ထိုင်နေကြသော သွမ့်ယောင်နှင့် နန်မော်ယဲ့မှာ ထိုနှစ်ယောက်ကို ဇိမ်ကျကျ မေးထောက်ကြည့်နေရင်း သက်ပြင်းတူတူချမိသွားသည်။
ဤမျှရိုးသားလှသော ဖိုးသခွားလေးသည်ပင် ချောမောလှပသော ဇနီးမယားတစ်ယောက်အား ထိမ်းမြားပိုင်ဆိုင်ခွင့် ရပေသေးသည်။ သူနှင့်ယှဥ်လိုက်လျှင် နောင်တော်အကြီးဆုံးဖြစ်သောဟိုတစ်ယောက်ကတော့ အင်မတန်မှ အရှက်ရစရာပင်။
*******
ထိမ်းမြားမင်္ဂလာပွဲမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်မို့ အချိန်တိုတိုအတွင်း၌ပင် ရှီးနန်စံအိမ်တော်ကြီးမှာ မင်္ဂလာပွဲပြင်ဆင်ရေးအတွက်လွန်စွာ သက်၀င်လှုပ်ရှားနေပေသည်။
ထိုမိန်းမပျိုကလည်း ဒဏ်ရာအရှင်းပျောက်ပင်းသွားပြီးနောက်တွင် စံအိမ်တော်ရှိ အလုပ်တာ၀န်များကို ကူညီလုပ်ဆောင်ပေးတတ်သည်။စံအိမ်တော်အတွင်းရှိ အခြွေအရံများကလည်း သူမ၏ကြမ္မာဆိုးကို ကရုဏာသက်လို့မဆုံး၊ ဤနေရာ၌သာ အခြေချနေခဲ့ပါရန် ဖျောင်းဖျကြသော်လည်း သူမကမူ ထွက်သွားရန်ပင် အတည်ပြုခဲ့၏။ အင်မတန် ပြတ်သားသော စရိုက်ရှိသူပင်။
မင်္ဂလာပွဲနေ့တွင် ရှီးနန်စံအိမ်တော်တစ်၀င်းလုံး အနီရောင်မီးပုံးများဖြင့် လှပစွာ ဆင်ယင်ထားပေလေသည်။ နန်မော်ယဲ့ကတော့ မင်္ဂလာသေရည်ကို ပြုံးပြုံးကြီး ထိုင်သောက်နေလျက်။ ကျောက်ဝူကို သူ ကိုယ်တိုင်ကိုယ်ကျပညာသင်ပေးဖူးခြင်းမရှိသော်လည်း စံအိမ်တော်မှာတော့ မိမိက လူကြီးမိဘတစ်ဦးသဖွယ်ဖြစ်နေသည်ပေမို့ အခွင့်ရတုန်း သောက်စားပျော်ပါးနေရပေမည်။
"နောင်တော်......ကျေးဇူးအများကြီး
တင်ပါတယ်"
ကျောက်ဝူက ကျေးဇူးတင်စကားဆိုလာတော့ သွမ့်ပိုင်ယွဲ့က သူ့ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာ ပြော၏။
"လက်ထပ်ပြီးသွားပြီဆိုတော့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွား....ခမည်းတော်နဲ့ အရီးငယ်(၃)ကလည်း တမလွန်ကနေ မင်းရဲ့မင်္ဂလာသတင်းကြားသိရရင် အရမ်း၀မ်းသာနေမှာပဲ"
ဆိုးသွမ်းပေတေတာမျိုးလည်းမရှိ၊ အရမ်း ရိုးသားဖြောင့်မတ်ပြီး လက်ထပ်သင့်တဲ့အချိန်ရောက်တော့လည်း တစ်အိုးတစ်အိမ် ထောင်သွားတဲ့ ဒီလိုမျိုး သားရတနာမျိုးက ရှားတယ်လေ။
******
ကျောက်ဝူ၏ မင်္ဂလာပွဲကျင်းပပြီး မကြာမီတွင်ပင် မော့ပေဒေသရှိ မျိုးနွယ်စုများ ပုန်ကန်ထကြွလာသဖြင့် ရှီးပေစစ်ပွဲ တရား၀င် စတင်လာကာ ဧကရာဇ်ချူကိုယ်တော်တိုင် စစ်ချီကာ ဦးဆောင်တိုက်ခိုက်တော်မူသည့်အပြင် သိုင်းလောကမှ ဂိုဏ်းအသီးသီးလည်း ပါ၀င်တိုက်ခိုက်ကြသည်။ သို့သော် ထူးဆန်းစွာပင် ရှီးနန်ရှိ ရုတ်ရုတ်သဲသဲ အရေးအခင်းကိစ္စများမှာ ချက်ချင်း ငြိမ်သက်သွားလေ၏။ တောင်ပိုင်းရှိ ပြည်သူများကတော့ ထိုကိစ္စကို သိပ်နားမလည်။ လပေါင်းများစွာ အချင်းချင်း တိုက်မည်တကဲကဲ လုပ်နေသော ရှီးနန်နဲ့ချူတပ်မတော်နှစ်ဖက်လုံးက ဘာကြောင့် ချက်ချင်း ငြိမ်သက်သွားတာတဲ့လဲ၊ တမန်တော် လွှတ်ကာ စစ်ပြေငြိမ်းခိုင်းသည်ဟုလည်း မကြားမိ။ သို့သော် တစ်ချိန်တည်းမှာပင် စစ်မဖြစ်သောကြောင့် ၀မ်းသာပျော်ရွှင်ကြရပေသည်။ အိမ်ရှေ့ထိ စစ်မက်ခိုက်ရန်ဖြစ်ပွားနေသည်ကိုကြုံရမည့်အစား အိမ်ထဲ အေးဆေး စားနိုင်သောက်နိုင် အိပ်စက်နိုင်သည်က ပို၍သာလွန်ကောင်းမွန်သည်မဟုတ်လား။
ရှီးပေသို့ ချင်ရှောက်ယွီရောက်နေသည်
ကြားတော့ ကျောက်ဝူကလည်း သခင်ဖြစ်သူနောက်သို့ လိုက်သွားကာ ကူညီပေးချင်နေပြီ။
ဘိုးဘွားဗိမာန်ဂူတွင် နန်မော်ယဲ့က ပြောလာ၏။
"အများအမြင်မှာတော့ ချင်ရှောက်ယွီကိုကူညီဖို့လို့ ပြောပြီး တကယ်တမ်းက မင်းရဲ့ ချစ်ရသူကြီးကို ကူညီဖို့ ညီအလတ်ကို လွှတ်လိုက်လည်း အကျိုးမယုတ်ပါဘူး။ နောက်ကျရင် ဒီအခွင့်အရေးကနေ သေချာ အကျိုးအမြတ်ယူလို့ရတယ်"
သွမ့်ပိုင်ယွဲ့ - "......."
*********
ယနေ့ နေ့လယ်ခင်းတွင် အရီးတော်ကျင်းက စားဖိုဆောင်ထဲ ပျော်ရွှင်တက်ကြွစွာ ဆေးဖက်၀င်ဟင်းချို ချက်ပေးနေသည်။ အကြောင်းမှာ ဟွားထန်ထံတွင် ကျောက်ဝူ၏ရင်သွေး လွယ်ထားနေရပြီဖြစ်၏။
"သွားပြီ"
နန်မော်ယဲ့က ထို သတင်းကြားသက်ပြင်းအကြီးကြီးတစ်ခုချပြီး ဆို၏။
"ဒီအမြန်နှုန်းမျိုးနဲ့ဆိုရင်တော့ မင်းမှာ ဟိုယွင်ရှီး (သွမ့်ပိုင်ယွဲ့စီးတော်မြင်းနာမည်)ဆယ်ကောင်ရှိရင်တောင် သူ့ကို လိုက်မီမှာမဟုတ်တော့ဘူး"
ဘိုးဘွားဂူဗိမာန်ရှိ ရေခဲတိုက်ခန်းတွင် နေနေရသော်လည်း ချီဓာတ်ထပ်မံယိုယွင်းတော့မလို သွမ့်ပိုင်ယွဲ့ခံစားလိုက်ရသည်။
သူများဆရာတွေက ကိုယ့်တပည့် ၀ါယောကသိုဏ်းကျင့်ရင် အနှောင့်အယှက်ဖြစ်မှာတောင်စိုးတာ....မိမိဆရာမှာတော့ စကားများလိုက်တာမှ။
******
အနောက်မြောက် ရှီးပေရှိ စစ်ပွဲအခြေအနေမှာ လေအလျဥ်တစ်ခုနှယ် လျင်မြန်စွာ ပြောင်းလဲသွားလေ၏။ ဤစစ်ပွဲမှာ ချူယွမ်ကိုယ်တိုင် ပါ၀င်သော ပထမဆုံးစစ်ပွဲဖြစ်သည့်အလျောက် ထပ်မံသင်ယူလေ့လာစရာကိစ္စများက အများအပြားပင်။ အပါးတော်တွင် ကူညီပေးနိုင်သော အမှုထမ်းများစွာ ရှိနေ၍သာ ချူယွမ် လုံလောက်စွာအနားရလေသည်။ဤသည်ပင် အင်မတန်ကံကောင်းခြင်းတစ်မျိုးပင် မဟုတ်ပါလား။
ယနေ့ နေ့လယ်ခင်းတွင် ရာသီဥတု အထူးကြည်လင်သာယာနေပေသည်။ တာ့ချူးတပ်မတော်ထဲ၀ယ် အနီရောင်အဆင်းရှိ၀တ်ရုံ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဆေးပင်များကို နေလှန်းနေ၏။ အ၀တ်အစားရော အဆင်အယင်ပါ နီရဲသစ်လွင်နေသဖြင့် မျက်စိပသာဒထဲစွဲငြိကာ ငေးကြည့်ချင်စဖွယ်ပင်။ ကျုန်းယွမ်မှ မဟုတ်ဘဲ အခြားမျိုးနွယ်စုတစ်ခုမှ လာပုံရကာ ရှေ့တန်းတိုက်ပွဲ၀င်တပ်သားများအား ဆေးကုသမှု ပေးနေလျက်ရှိပေသည်။ချူယွမ်က ထိုမိန်းမပျိုဆီ လျှောက်လှမ်းသွားလေသည်။
"မိန်းကလေး ကျူးရှား"
ချူယွမ်၏ ခေါ်သံကြောင့် ထိုမိန်းမပျိုလေးလည်း ချူယွမ်ဘက်လှည့်လာလေသည်။
"သြော်....အရှင်မင်းမြတ်ပါလား"
"အင်း၊ မိန်းကလေးဆီက ကိုယ်တော်အကြံပြုချက်တစ်ချို့ လိုအပ်နေလို့ပါ ။ အချိန်ပေးနိုင်ပါရဲ့လား"
"ပေးနိုင်တာပေါ့ဘုရား"
ကျူးရှားက လက်ကိုသေချာဆေးကြောသန့်စင်ပြီး ချူယွမ်အား မိမိတဲစခန်းအတွင်း ခေါ်သွားလေသည်။
"အရှင်မင်းမြတ် ဘာအလိုရှိနေပါသလဲ"
"မိန်းကလေးက သဲကန္တာရထဲ လှည့်လည်ဆေးကုနေတဲ့ ၊ အဆိပ်တွေအကြောင်း ကျွမ်းကျင်နှံ့စပ်တဲ့ သမားတော်တစ်ဦးလို့ ကိုယ်တော် ကြားသိရပါတယ်။ ရွှေချည်ပိုးကောင်ဆိုတဲ့ ကူအဆိပ်ပိုးမျိုး အကြောင်းကို မိန်းကလေး ကြားဖူးလားဆိုတာ ကိုယ်တော်သိပါရစေ"
"မှန်လှပါ။ ကျွန်တော်မျိုးမ ကြားဖူးရုံသာကြားဖူးပေမယ့် ဒီပိုးကောင်ကိုတော့ မတွေ့မြင်ဖူးလို့ သေချာနှံ့စပ်စွာမသိရကြောင်းပါဘုရား"
"ကိစ္စမရှိဘူး....မိန်းကလေး ။ သိသလောက် အကုန်သာ ပြောပြပါ"
"ရွှေချည်ပိုးအဆိပ်ကောင်ဟာ မြောင်ကျင်းမျိုးနွယ်စုရဲ့ အသုံးများတဲ့ အဆိပ်ပိုးကောင်တစ်မျိုးဖြစ်ပါတယ်ဘုရား။ အင်မတန် အဆိပ်ပြင်းတာမို့ သွေးကြောထဲ ၀င်ရောက်သွားတာနဲ့ အပြင်ပြန်ထုတ်ဖို့ အင်မတန်ခဲယဥ်းပါတယ်။ တစ်နှစ်တစ်ခါ ထကြွလာတတ်ပြီး သွေးအ၀သောက်ပြီးမှ ပြန်အိပ်တတ်တယ်။ ဒါပေမယ့် သူ နိုးနေတဲ့တစ်ချိန်လုံး ခန္ဓာပိုင်ရှင်ကတော့ နှလုံးသည်းပွတ်မှာ ပိုးကောင်ထောင်သောင်းပေါင်းများစွာ ကိုက်ခဲ၀ါးမြိုခံနေရသလိုမျိုး သေလောက်အောင် ေ၀ဒနာခံစားရမှာပါဘုရား"
ထိုနေ့က သွမ့်ပိုင်ယွဲ့၏ ဖြူဆုတ်ဖျော့တော့နေသော မျက်နှာပြင်ကို ချူယွမ်ပြန်မြင်ယောင်မိတော့ လက်ကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလျက်သားဖြစ်သွား၏။
"ဒီပိုးကောင်က ကြီးထွားမှုနှုန်း အင်မတန်နှေးတာမို့ ပထမဆယ်နှစ်အတွင်းတော့ ဘာမှမဖြစ်ေသေးပေမယ့် ၊ လျစ်လျူရှုထားလို့ အကောင်ကြီးထးလာရင်တော့ အနှစ်နှစ်ဆယ်အတွင်း ခန္ဓာကိုယ်ပိုင်ရှင် အသက်မရှင်တော့မှာ စိုးရပါတယ် ။ အရှင်မင်းမြတ် ဘာလို့များ ဒီအကြောင်းကို သိလိုတော်မူပါသလဲဘုရား"
"ကုသနိုင်တဲ့ဆေးရော ..... ရှိလား"
ချူယွမ်အသံများ အက်ရှလျက်ရှိသည်။
"ဖြေဆေးကတော့ ထျဲန်းချန်ချားလို့တော့ ပြောကြပါတယ်ဘုရား။ ဒါပေမယ့် ရွှေပိုးချည်အဆိပ်ပိုးကောင်ကိုတောင် ကျွန်တော်မျိုးမ မမြင်ဖူးလေတော့ ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ထျဲန်းချန်ချားကို ပိုလို့တောင် မမြင်ဖူးပါ ။ အရှင်မင်းမြတ် ဒီထက် ဆက်သိချင်ရင် သမားတော်ယဲ့ကို မေးကြည့်စေလိုပါတယ်၊ သူတောင်မသိတော့ဘူးဆိုရင်တော့ အဆိပ်မျိုးစုံကို ပိုကျွမ်းကျင်တဲ့ ရှီးနန်စံအိမ်တော်ကို ဆက်မေးကြည့်ပါ။ ဘယ်လိုပဲပြောပြော တောင်ပိုင်းဒေသမှာပဲ ရှိနိုင်တဲ့ ပစ္စည်းမျိုးဖြစ်ပုံရပါတယ်ဘုရား"
"ရှီးနန်စံအိမ်တော်တောင် ရှာရခက်နေတယ်ဆိုရင်ကော......"
"ဒါဆို တောင်ဘက်ဒေသကို ဆက်ပြီး သွားရှာကြည့်ရပါမယ်။ ကျွန်တော်မျိုးမတို့ရဲ့ လူကြီးသူမတစ်ယောက်ဆီကကြားဖူးသလောက်ဆိုရင်ဖြင့် ချူပြည်ကြီးရဲ့တောင်ပိုင်းမှာ မှော်ဆရာတိုင်းပြည်လို့ ခေါ်ကြတဲ့ ဖေမျဲန်ပြည်ဆိုတဲ့ နယ်မြေရှိပါတယ်။ သူတို့တွေက ဒီလိုအဆိပ်မျိုးကို အထူးနှံ့စပ်ကျွမ်းကျင်တာမို့ အကူအညီဖြစ်လောက်ကြောင်းပါ....."
ဖေမျဲန်ပြည်။ ဟုတ်ပြီ။
"မိန်းကလေးကို အထူး ကျေးဇူးတင်ပါတယ်"
*******
"ရှစ်ဇီ......ဖေမျဲန်ပြည်ဆိုတာကို ကြားဖူးလား"
ချူယွမ် မိမိတဲစခန်းဆီ ပြန်ရောက်တော့ စာကြည့်စားပွဲကို သေချာစီရီပေးနေသော ရှစ်ဇီနှင့် ကြုံကြိုက်သဖြင့် ချက်ချင်းမေးကြည့်ပြန်လေသည်။
"ဖေမျဲန်ပြည်က အရမ်းလျှို့၀ှက်ဆန်းကြယ်ပြီး တောနက်ထဲမှာ ရှိတဲ့ တိုင်းပြည်မို့ ဘယ်သူမှ မမြင်ဖူးဘူးလို့ကြားမိပါတယ် ဘုရား"
ချူယွမ်က သဘောကျစွာရယ်လိုက်သည်။
"ဒီလိုတိုင်းပြည်မျိုးတကယ်ရှိနိုင်လို့လား။ အဲ့လောက်ခေါင်တဲ့နေရာမှာ လူတွေတကယ်နေရင် သုံးရက်အတွင်း တိုင်းပြည်ပျက်စီးသွားလောက်ပြီ"
"မှန်ပါ့ဘုရား ။ ဒါနဲ့ အရှင်မင်းမြတ် ဘာလို့ ချက်ချင်းကြီး ဒီကိစ္စ အမေးတော်ရှိလာတာလဲဘုရား"
"ဘာမှမဟုတ်ပါဘူး....သေရည်ကျန်သေးလား ရှစ်ဇီ"
ရှစ်ဇီက ချက်ချင်းပင် သေရည်အိုး သွားယူပြီးဆက်သပေး၏။
ဧကရာဇ်တစ်ပါးဖြစ်သော်ငြား ချူယွမ်မှာ ခြိုးခြံချွေတာစွာသာ ဘ၀ကိုဖြတ်သန်းတတ်သောကြောင့် စစ်တိုက်ထွက်ရာတွင်လည်း
မရှိမဖြစ်လိုအပ်သောပစ္စည်းများကိုသာ ယူဆောင်လာခဲ့သည်။ သူများနှင့်မတူ အနည်းငယ်ထူးခြားသည်မှာ သွမ့်ပိုင်ယွဲ့ပေးသော ဖေ့ရှားသေရည်ကို အပါယူဆောင်လာခဲ့ခြင်းပင်။ သူ၏ ချိုမြမြအရသာက အလွယ်တကူ နှစ်ခြိုက်စွာ အိပ်မောကျစေနိုင်သည်လေ။
ရှီးနန်စံအိမ်တော်တွင်လည်း လေသာပြတင်းပေါက်ဘောင်ကိုမှီရင်း တစ်စုံတစ်ယောက်သည်လည်း ဖေ့ရှားသေရည်ကို မော့သောက်နေခဲ့လေသည်။
*********
နောက်လပေါင်းများစွာကြာသော် ရှီးနန်စံအိမ်တော်သို့ အစီရင်ခံစာများ တဖွဲဖွဲရောက်ရှိလာသည်။
စစ်ချီရာလမ်းတစ်လျှောက်လုံး ချူတပ်မတော်မှာ ၀ါးရုံတောကြား ဖြတ်သန်းလာခဲ့သည့်အလား ရန်သူစစ်တပ်များကို လွယ်လင့်တကူ အနိုင်ရခဲ့လေသည်။ ခါးမော့မြစ်ကို သိမ်းပိုက်အပြီး ယွင်ဟန့်ကျိုးကို ဆက်လက်သိမ်းယူ၏။ ရန်သူစစ်တပ်တွင် မသင်္ကာစရာ မီးလောင်မှုကြီးတစ်ခု ဖြစ်သွားသေးသည်။ ထိုညက ပေါက်ကွဲသော အသံမှာ မိုးယံထိပင် ပဲ့တင်ထပ်စေခဲ့သည်။ ဧကရာဇ်၏ ထိုးစစ်များကြား ရန်သူတပ်များ ကစဥ့်ကလျားပြေးကာ အညံ့ခံအရှုံးပေးရတော့သည်.....စသောစသော အကြောင်းအရာများသာ။
ယခင် ဧကရာဇ်လက်ထက်ကတည်းက ဆူပူသောင်းကျန်းခဲ့သောရှီးပေအရေးအခင်းကို နောက်ဆုံးတော့ အပြီးသတ်အောင်မြင်နိုင်ခဲ့လေပြီ။ မော့ပေ၏ မျိုးနွယ်စုများကို နှင်ထုတ်နိုင်ခဲ့ပြီး ကွေ့ကောက်ရှည်လျားလှသော နယ်နိမိတ်ကို တာ့ချူပြည်သားထောင်သောင်းပေါင်းများစွာ၏ အသက်သွေးချွေးများဖြင့် စွမ်းစွမ်းတမံ ကာကွယ်ခုခံထားနိုင်ခဲ့လေသည်။
ချူတပ်မတော်လည်း အောင်ပွဲနှင့်အတူ ပြန်သွားကြကာ ရှီးနန်တပ်လည်း တစ်သုတ်ပြီးတစ်သုတ် ခွဲကာ လျှို့၀ှက်စွာ ပြန်သွားကြလေသည်။ လက်ရှိဧကရာဇ်မှာ ပထမဆုံးစစ်ပွဲ၌ပင် လှပစွာ အောင်မြင်မှုသရဖူဆောင်းနိုင်လောက်အောင် ဘုန်းတန်ခိုးကြီးမားကြောင်း တိုင်းသူပြည်သားများ ပြောစမှတ်ပြုကြလေသတည်း။
******
ဟွားထန်လည်း အမွှာပူးကလေးနှစ်ယောက်ကို ဘေးကင်းစွာ မီးဖွားသန့်စင်ပေးခဲ့လေသည်။ ကလေးများလည်း ၀ဖြိုးကျန်းမာကြလေ၏။ တစ်နေ့ပြီးတစ်နေ့ သွမ့်ယောင်က တူဖြစ်သောအမွှာပူးလေးကို ရှေ့ကပတ်ကြည့်လိုက်၊ နောက်ပတ်ကြည့်လိုက်နှင့် အူမြူးတက်ကြွနေ၏။
သွမ့်ယောင်ကိုကြည့်ပြီး အရီးတော်ကျင်း ကျိတ်၍ရင်လေးမိ၏။ တူတော်မောင်တွေပါးစပ်လေးထဲ ဘာကောင်မှ သွင်းမနေချင်လောက်ပါဘူးနော်။
သွမ့်ပိုင်ယွဲ့၏ေ၀ဒနာလည်း တဖြည်းဖြည်း သက်သာပျောက်ကင်းသွားလေသည်။ ပိုးကောင်ကို အပြင်ထုတ်ရာတွင် မအောင်မြင်ခဲ့သော်လည်း အိပ်ပျော်သွားအောင်လုပ်နိုင်ခဲ့သောကြောင့် အနည်းဆုံး နှစ်တစ်၀က်ခန့်တော့ ဘာပြဿနာမှ မပေးနိုင်တော့။
ယနေ့လည်း နန်းတွင်းမှ အစီရင်ခံစာရောက်လာပြန်သည်။ ဧကရာဇ်ချူက ဖေမျဲန်ပြည်သို့ သံတမန်စေလွှတ်သည်တဲ့။
"ဖေမျဲန်ပြည်.....။ သူ အဲ့ကို ဘာသွားလုပ်မလို့လဲ"
သွမ့်ပိုင်ယွဲ့ နားမလည်။
နန်မော်ယဲ့က မျက်စောင်းထိုးလာ၏။
"ဒါလေးကအစ ကြားထဲကနေ ပြောပြပေးရဦးမှာလားဟမ်"
"ရှစ်ဖူးသိတယ်လား....."
သွမ့်ပိုင်ယွဲ့ တကယ် နားမလည်သေးချေ။
"အိမ်း......ကြားဖူးသလောက်တော့ ဖေမျဲန်ပြည်ခေါင်းဆောင်က ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ထည်ကလည်း သန်မာထွားကြိုင်းတယ်တဲ့"
သွမ့်ပိုင်ယွဲ့ - "......."
"ဖန်အန်းလောက်တောင် ချောပါသတဲ့"
(အနောက်တိုင်းကျင့်မင်းဆက် ကဗျာနဲ့စာပေတွေအရ ဖန်အန်းဆိုတဲ့လုလင်ပျိုဟာ ရုပ်ရည်ချောမောလှပရာမှာ အင်မတန်ထင်ရှားကျော်ကြားပြီး သူ ဘယ်ပဲသွားသွား မိန်းမပျိုတွေက ချစ်ခင်စုံမင်ကြောင်း ပြတဲ့အနေနဲ့ သူ့မြင်းလှည်းထဲကို ပန်းမာလာတွေ သစ်သီး၀လံတွေ ပစ်ထည့်ပေးလေ့ရှိကြတယ်တဲ့ )
"အာ....ရှစ်ဖူးတောင် ဒီရက်ပိုင်း စာပေလေ့လာဖတ်ရှုမှု အားကောင်းနေတာပါ့လား"
ဖန်အန်းကိုတောင်သိတယ်ဆိုတော့။
"မင်း တကယ်ဘာမှမလုပ်တော့ဘူးလား"
"ကျွန်တော် ဘာလုပ်ရမလဲ"
သွမ့်ပိုင်ယွဲ့က လက်ထဲမှ လျှို့၀ှက်စာလွှာကို စားပွဲပေါ် အသာချလိုက်သည်။
"အနည်းဆုံးတော့ ၀တ်ကောင်းစားလှလေး၀တ်၊ ပန်းချီဆရာလေးတစ်ယောက်ငှားပြီး မင်းပုံတူဆွဲခိုင်း။ ပြီးရင် မြို့တော်ဆီပို့။ လှလှပပလေးဆွဲခိုင်း သိလား၊ မတူလည်း နေပလေ့စေ။ မတွေ့ရတာကြာပြီဆိုတေ့ မင်းမျက်နှာဘယ်လိုနေလဲဆိုတာ ဧကရာဇ်ချူ မေ့နေလောက်ပြီ"
သွမ့်ပိုင်ယွဲ့က သွမ့်နေ့ကို ခေါ်လိုက်ကာ နန်မော်ယဲ့အား ဆွဲထုတ်သွားစေ၏။
ဒီလောက်ပဲအဖြစ်ရှိမှတော့ ငါမသေခင် မင်္ဂလာသေရည်တောင် သောက်ရပါ့မလားဟ။
*******
ရင်သွေးနှစ်ယောက် အတော်အတန်ကြီးပြင်းလာတော့ ကျောက်ဝူက သွမ့်ပိုင်ယွဲ့ထံလာပြီး နှုတ်ဆက်စကားဆို၏။
"အင်း....မင်းကိုအတင်းနေခိုင်းဖို့ ဆက်ဆွဲထားလို့မရတော့ဘူးပဲ"
"ကျွန်တော့်နှလုံးသားက ဒီမှာမပျော်တာမို့ အတင်းဆွဲထားလည်း ဘာအကျိုးမှရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွေ့ယင်နန်းဆောင်နဲ့ ရှီးနန်စံအိမ်ကလည်း သိပ်မေ၀းတာမို့ အချိန်ရတာနဲ့ ဟွားထန်ရော ကလေးတွေကိုပါ ကျွန်တော် မကြာမကြာ အလည်ခေါ်လာပါ့မယ်"
သွမ့်ပိုင်ယွဲ့က သူ့ပခုံးအား ခပ်ဖွဖွ ပုတ်လိုက်ကာ -
"ကျေးဇူးပါ ....ငါ ဂူအောင်းပြီးတရားကျင့်ရတုန်းက မင်းရယ် ခယ်မလေးရယ်က ယောင်အာကို တော်တော်ကြည့်ပေးခဲ့ရတာ။ထားလိုက်ပါတော့......ခရီးလမ်းမှာ ဘေးကင်းပါစေ"
"ထျဲန်းချန်ချားကိစ္စ.....ကျွန်တော်လည်း ကူပြီးရှာပေးပါ့မယ်"
"အင်း.....ကျေးဇူး"
သွမ့်ပိုင်ယွဲ့ ပြုံးနေခဲ့လေသည်။
ကျောက်ဝူထွက်သွားတော့မည်ကြားတော့ သွမ့်ယောင်လည်း နှုတ်ဆက်စကားဆိုရန် ဖြေမဆည်နိုင်ဘဲဖြစ်ကာ တောင်အနောက်မှ ပိုးကောင်များများစားစား တူးပြီး ဟွားထန်အား လက်ဆောင်အဖြစ်ပေးလိုက်လေသည်။အရီးတော်ကျင်းကမူ နန်မော်ယဲ့အား မကျေမနပ် ကြည့်လာ၏။ ပေါက်တတ်ကရအတတ်ကောင်းတွေ လုပ်ပြနေတာနဲ့တင် ဟိုကလေးတောင် အတုမြင် အတတ်သင်နေတာ တွေ့လား။
*****
နောက်တစ်လအကြာတွင် နန်းတော်ထဲရှိ ရှီးနန်သူလျှိုတစ်ဦးထံမှ စာရောက်လာပြန်၏။
ဧကရာဇ်ချူက တာ့ယန့်မြို့သို့ သွားရောက်နေကြောင်းဖြစ်သည်။
"ဘာလုပ်နေတာလဲ....မြန်မြန် လိုက်သွားတော့လေ။ ယောင်အာကို ငါ ကြည့်ပေးထားမယ်"
စီးတော်မြင်း ဟိုယွင်ရှီးမှာ တကယ် လျင်မြန်ဖျတ်လတ်လွန်းသည်။ သာမန်အားဖြင့် ဆယ်ရက်မျှ ကြာမည်ဖြစ်သော ခရီးကို ငါးရက်အတွင်း တာ့ယန့်မြို့တံခါးအရောက် ခရီးနှင်လာနိုင်ခဲ့သည်။
ထိုညက နွေဦးရာသီ၏ မိုးများ သည်းထန်စွာရွာသွန်းနေသည်။ ချူယွမ်က ထိုင်ခုံနောက်အသာမှီကာ စာဖတ်နေစဥ် လေသာပြတင်းပေါက်မှ အသံတစ်သံ ဖျတ်ခနဲကြားလိုက်သည်။
သက်တော်စောင့်များလည်း ထိုအသံကိုကြားသော် ချက်ချင်းထလာကြပြီး ဘုရင့်စက်တော်ခေါ်ခန်းထဲ စစ်ဆေးပေးမည်အပြု တံခါး၀မှာပင် ရှစ်ဇီကုန်းကုန်းက ၀င်ခွင့်မပြု။ပြန်သွားတော့ဟု လက်အသာပြကာ နောက်ထပ်လာမရှုပ်ရန်ပင် ပြောလိုက်သေးသည်။
ချူယွမ်ကမူ စာဖတ်မြဲဖတ်နေဆဲပင်။
ထို့နောက် တစ်ချက်မျှမော့မကြည့်ဘဲ ပြောလာ၏။
"လက်စသတ်တော့ ရှီးနန်၀မ်က ပြတင်းပေါက်ကနေ ခုန်ပျံကျော်လွှားလာရတာမျိုးကို တော်တော်နှစ်ခြိုက်တတ်တာပဲ"
သွမ့်ပိုင်ယွဲ့က ပြတင်းပေါက်ဘောင်ကိုမှီကာ တစ်ဖက်သား၏ အရိပ်အား မြတ်နိုးစွာကြည့်ရင်း ပြုံးရွှင်နေခဲ့လေသည်။
**********
Note :
တောင်းပန်စရာကိစ္စတစ်ခုပါ။ အရင်အပိုင်းတွေတုန်းက သုံးပြီးသားနာမည်တစ်ချို့ကို ဒီအပိုင်းမှာ အသံထွက်ပြောင်းထားလို့ ဖတ်ရတာအဆင်မပြေဖြစ်သွားရင် ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။အနီးစပ်ဆုံးအသံထွက် လိုက်ရှာရင်း ကိုယ်ပြောပြထားတဲ့နာမည်တွေက အမှန်ဆုံးမဟုတ်သေးမှန်းသိလိုက်တော့ ၊မှားခဲ့တာတွေကို ဒီတိုင်းထားရမှာ စိတ်ထဲဘ၀င်မကျလို့ ပြင်လိုက်တာပါ ။ အစက Noteကိုထိပ်ဆုံးမှာ တင်ရေးမလို့ဟာ ၊ ဇာတ်လမ်းဖတ်ဖို့ရောက်လာတဲ့လူကို ရင်၀တည့်တည့် ဆီးပြီးဆောင့်ကန်သလို ဖီးလ်ပျက်မှာစိုးလို့ chapter ပြီးခါမှပဲတောင်းပန်လိုက်ပါတယ်။ ရှေ့အပိုင်းကဟာတွေပြန်ပြင်ပြီးရင် note ပြန်ဖျက်ပါမယ်။
တောင်းပန်စရာကိစ္စဖြစ်စေခဲ့တာမို့ လျော်ကြေးအနေနဲ့ spoilerနည်းနည်းပေးပါမယ်။
ရှီးပေစစ်ပွဲပြီးတော့ နောက်လာမှာက တာ့ယန့်မြို့က မှုခင်းကိစ္စပါ။ သူတို့နှစ်ယောက်ရဲ့ အနေနီးခွင့်ရတာ တစ်ခဏ၊ ေ၀းရတာက ခပ်များများဖြစ်ခဲ့တဲ့ အဖြစ်ကို အားမလိုအားမရဖြစ်ခဲ့ရင် ဒီနေရာမှာပဲ အဲ့နေ့ရက်တွေကို တာ့တာပြလိုက်ပါတော့။
Thz for reading.Have a nice day.
2020.04.25. / 2020.05.01.
*******
အခန္း - ၁၈ (ေဖမ်ဲန္ျပည္)
Zawgyi version :
[ ဘာထိုင္လုပ္ေနတာလဲ.... ျမန္ျမန္သြားၿပီး
ခိုးေတြ့ၾကေတာ့ေလ ]
ဘိုးဘြားဗိမာန္ဂူထဲ သြမ့္ပိုင္ယြဲ႔မွာ တစ္လၾကာမ်ွ ဒဏ္ရာကုသမႈခံယူေနေသာ္လည္း သြမ့္ေယာင္ေရာ ေက်ာက္ဝူေရာ ရိွေနသျဖင့္ ရွီးနန္စံအိမ္ေတာ္မွာ နဂိုအတိုင္း မေျပာင္းမလဲ အေျခအေနတည္ၿငိမ္ေနခဲ့သည္။ တစ္ခါတစ္ရံ သြမ့္ေယာင္လက္ေဆာ့ၿပီး ေတြ့ကရာလူကို အေကာင္ဗေလာင္မ်ားျဖင့္ လိုက္လိုက္ပစ္ေပါက္တတ္သျဖင့္ ထိုေနာက္ဆက္တြဲျပႆနာမ်ားကို ေက်ာက္အူက လိုက္လံေျဖရွင္းေပးရရံုမ်ွသာ ။ ရွီးနန္၏ အျခားအမႈေရးရာမ်ားကိုေတာ့ သြမ့္ပိုင္ယြဲ႔၏လူယံုေတာ္အရာရိွမ်ားက ကိုင္တြယ္ေျဖရွင္းေပးထားသျဖင့္ အရာအားလံုးက စနစ္တက် ၿငိမ္းခ်မ္းစြာ လည္ပတ္စီးဆင္းေနခဲ့သည္။
ယေန့မွာေတာ့ နန္ေမာ္ယဲ့က စံအိမ္ေတာ္သို႔ျပန္လာၿပီး အသားဟင္းငါးဟင္းလာစား၏။ ျပန္လာၿပီး နာရီ၀က္ခန္႔ပင္မၾကာလိုက္ ၊ နန္ေမာ္ယဲ့က သြမ့္ေယာင္ ေမြးျမဴထားေသာ အနီေရာင္ေႁမြအဆင္းရိွ အေကာင္တစ္မ်ိဳးကို မေတာ္တဆတက္နင္းမိၿပီး ထိုအေကာင္ေလးမွာ အသက္ထြက္သြားရွာသည္။ ခဏတာမ်ွသာ လန္႔ဖ်တ္သြားၿပီးေနာက္ ေအးေအးလူလူပင္ ေတာင္အေနာက္ရိွဂူထဲသို႔ျပန္သြားကာ မိမိေမႊးခဲ့ေသာမီးကိုမၿငိမ္းဘဲ ေနာက္လူလက္ထဲ ေပးသြားေလသည္။
ေက်ာက္ဝူ - "........."
ဟြားထန္က အလိုက္တသိေမးလာ၏။
"ကြၽန္မ ေတာထဲခဏသြားၿပီး အစားထိုးေပးစရာ အေကာင္ေလးေတြ သြားရွာေပးလိုက္မယ္ေလ။ ႏွင္းလည္းမက် ေရလည္းမခဲေသးတာမို႔ တစ္ေကာင္တစ္ေလေတာ့ ေတြ့မွာပါ"
ေက်ာက္ဝူက မိမိလက္စြဲေတာ္ဓားကိုယူၿပီး ေျဖလာသည္။
"ကိုယ္ပဲသြားလိုက္ပါ့မယ္။ တစၧေငယ္ေလး ျပန္လာလို႔ စိတ္ေကာက္ေနရင္ မင္းနဲ႔ အရီးေတာ္က်င္းနဲ႔ကပဲ ေခ်ာ့ေျပာေပးႏိုင္တာ"
( T/N : သြမ့္ေယာင္ကို တစၧေငယ္ေလးလို႔ပဲ
သြမ့္အိမ္ေတာ္ကလူေတြ ခ်စ္စႏိုးေခၚတတ္ပါတယ္ )
"ပိုးေကာင္ေတြကိုေလ .... အံုလိုက္က်င္းလိုက္ေတြ့ရရင္ ၀၀ၿဖိဳးၿဖိဳးအေကာင္ေလးေတြေရြးၿပီး ခပ္မ်ားမ်ားေလးယူလာေပးလိုက္ေနာ္။ မဟုတ္ရင္ စိတ္ေကာက္မေျပမွာ စိုးရတယ္ "
ရွီးနန္စံအိမ္ေတာ္ႏွင့္ မနီးမေဝးတြင္ ေတာနက္ႀကီးတစ္ခုတည္ရိွသည္။ ထိုပိုးေကာင္မ်ိဳးမွာ ညအခ်ိန္ အစာထြက္ရွာေလ့ရိွသျဖင့္ သြားေရာက္ရွာေဖြၾကည့္ရန္ အခ်ိန္သင့္အခါသင့္ပင္ ျဖစ္ေနသည္။ ေက်ာက္ဝူလည္း ေတာနက္ထဲသို႔ ေရာက္ေတာ့ မီးအိမ္ကို သစ္ကိုင္းတစ္ခုထက္ခ်ိတ္လိုက္ကာ ညလံုးေပါက္ ေအးေဆးလဲေလ်ာင္းရင္း ေစာင့္ဖမ္းမည္ဟု ရည္ရြယ္ထားေပမင့္ မအိပ္လိုက္ရခင္မွာပင္ အကူအညီေတာင္းေသာ ေအာ္ဟစ္သံတစ္ခု အေဝးမွ ပ်ံ့လြင့္လာ၏။ က်ားတစ္ေကာင္၏ မာန္ဖီသံကပါ လိုက္ပါဟိန္းထြက္လာသည္။ေက်ာက္ဝူလည္း ခ်က္ခ်င္းပင္သစ္ပင္ေပၚမွဆင္းကာ အသံလာရာသို႔ ထြက္လာခဲ့သည္။
ေတာနက္တစ္ေနရာတြင္ မိန္းမပ်ိဳတစ္ေယာက္ ၊ တစ္ကိုယ္လံုး ေသြးခ်င္းခ်င္းနီကာ ေသြးမ်ားစိုရႊဲေနလ်က္။ ရင္ခြင္ထဲတြင္ ရင္ေသြးငယ္ကို ေပြ့ပိုက္ထားကာ ဘယ္လက္က ဓားတစ္လက္ကိုကိုင္ေဆာင္ထားၿပီး ေရ႔ွေမွာက္တြင္ က်ားရိုင္းႀကီးတစ္ေကာင္ႏွင့္ ရင္ဆိုင္ေနရ၏။ ကေလးငယ္မွာ လန္႔ထိတ္ေနလို႔ထင္ ၊ စူးစူးဝါးဝါး ေအာ္ငိုေနသည္။ ထိုငိုသံကပင္ က်ားႀကီးအား ပို၍ ခုန္အုပ္လာေစခ်င္ေအာင္ ၫွို႔ငင္ဖိတ္ေခၚေနသည့္အလား။
မိန္းမပ်ိဳေလးမွာ မ်က္လံုးစံုမိွတ္ ၊ အံကိုႀကိတ္ကာ အင္အားအျပည့္ျဖင့္ ခုန္အုပ္လာေသာက်ားႀကီးအား ဓားျဖင့္ထိုးရန္လုပ္သည္။ လြတ္လမ္းမရိွေတာ့ဟုပင္ သူမကိုယ္သူမ ယူဆထားၿပီး ေမ်ွာ္လင့္မထားေတာ့ခါမ လူတစ္ေယာက္က သူမတို႔အား ေဘးရိွ ျမက္ခင္းျပင္သို႔ တြန္းထုတ္လိုက္ကာ က်ားႀကီးရန္မွ ကယ္ဆယ္လိုက္ေလသည္။
ေက်ာက္ဝူက လက္သံုးေတာ္ဓားကို ျပန္သိမ္းလိုက္ကာ က်ားႀကီးကို သတိလစ္သြားေအာင္ လက္ဗလာျဖင့္သာသံုးကာ ရိုက္ခ်လိုက္သည္။ ထို႔ေနာက္ သားအမိႏွစ္ေယာက္ကို ကူညီေဖးမလိုက္ေလသည္။
"သခင္ေလးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္"
ထိုမိန္းမပ်ိဳမွာ ထမရပ္ႏိုင္ေတာ့ေလာက္ေအာင္ ေဖ်ာ့ေတာ့အားနည္းေနသည္။ သူမ အေျခအေနသိပ္မေကာင္းမွန္း သတိမူမိေတာ့ ေက်ာက္ဝူလည္း ေထြေထြထူးထူး ဆက္မေမးေတာ့ဘဲ ရွီးနန္စံအိမ္ေတာ္သို႔ ထမ္းယူေခၚ
ေဆာင္လာေတာ့သည္။
*****
"ျပန္လာၿပီ....ျပန္လာၿပီ.....ဒုတိယသခင္ေလး ျပန္လာၿပီ"
အရီးေတာ္က်င္းမွာ အိမ္တံခါး၀နား တေမ်ွာ္ေမ်ွာ္လုပ္ေနရင္း ေက်ာက္ဝူအရိပ္ကို အေဝးမျွမင္သည္ႏွင့္ ၀မ္းပန္းတသာႀကိဳဆို၏
။သူမစကားဆံုးသည္ႏွင့္ အခန္းထဲမွ လူတစ္စု တစ္ၪီးၿပီးတစ္ဦး ေက်ာက္အူအား ထြက္လာႀကိဳၾကေလသည္။
မ်က္ရည္ဥမ်ားတြဲခိုေနေသာသြမ့္ေယာင္လည္းပါသည္ ၊ သူ႔အနား တစ္ခ်ိန္လံုး ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးေနရေသာ ဟြားထန္လည္းပါသည္ ၊ မိမိလုပ္ရပ္ကို ေနာင္တရကာ တပည့္ျဖစ္သူထံ လာေတာင္းပန္ေသာ နန္ေမာ္ယဲ့လည္းပါသည္၊ ေပါက္ကြဲလုမတတ္ ေခါင္းကိုက္ေနေသာ သြမ့္ပိုင္ယြဲ႔လည္းပါသည္။ သြမ့္ေယာင္ကို မ်က္ရႈရတနာ ရင္ႏွစ္သည္းခ်ာ သားအရင္းသဖြယ္ ဖူးဖူးမႈတ္ခ်စ္ျမတ္ႏိုးၾကေသာ ရံေရႊေတာ္ ပ်ိဳပ်ိဳအိုအိုမေရြး အကုန္ ထြက္လာႀကိဳၾကသည္။
"ေႁမြနီပိုးေကာင္ေရာ"
အရီးေတာ္က်င္းက ခ်က္ခ်င္းေမးလာျခင္းျဖစ္သည္ ၊ က်န္လူမ်ားကေတာ့ တိတ္ဆိတ္ေန၏။ ဤသို႔ေသာအေျခအေနမ်ိဳးတြင္ ထိုအမ်ိဳးသမီးက ဘယ္သူလဲဟုသာ အရင္ၪီးစြာေမးသင့္သည္မဟုတ္လား။
"ဒီအစ္မႀကီးက ဘယ္သူလဲဟင္"
သြမ့္ေယာင္က အရိွန္မသတ္ႏိုင္ေသးသည့္ႏွယ္ တစ္ခ်က္ရိႈက္ငိုလိုက္ၿပီးမွ ေမးလာ၏။
"မသိဘူး....ေတာထဲမွာေတြ့လို႔ ကယ္ထုတ္လာတာ...။ ဘယ္ေတာင္ေပၚကေန ဆင္းလာမွန္းမသိတဲ့ က်ားရိုင္းတစ္ေကာင္က သူတို႔သားအမိကို သတ္စားေတာ့မလို႔ ။ ဒါေပမယ့္ ေနာင္ေတာ္လက္ခ်က္နဲ႔ က်ားကေမ့လဲသြားရွာၿပီ။ အဲ့က်ားႀကီးကို လူတစ္စုေလာက္ေခၚၿပီး ေတာနက္ထဲျပန္သြားလႊတ္ခိုင္းလိုက္၊မဟုတ္ရင္ လူေနတဲ့ေနရာေတြထိ လာၿပီးရန္လာရွာမွာစိုးရတယ္"
ဟြားထန္ကလည္း ထိုအမ်ိဳးသမီး၏ ေသြးခုန္ႏႈန္းကို စစ္ေဆးၾကည့္လိုက္ကာ -
"ဘာမွေတာ့ စိုးရိမ္စရာမရိွဘူး၊ အရမ္းလန္႔သြားတာရယ္ ဒဏ္ရာအရိွန္နဲ႔ရယ္ဆိုေတာ့ ေမ့လဲသြားရံုပါ.....ဧည့္နားေနေဆာင္ဘက္ သြားပို႔ထားရေအာင္၊ ကြၽန္မကိုယ္တိုင္ ဒဏ္ရာေတြ ေဆးထည့္ေပးထားမယ္"
အရီးေတာ္က်င္းလည္း ထိုမိန္းမပ်ိဳႏွင့္အတူပါလာေသာ လူမမယ္ကေလးငယ္ေလးကို ပိုက္ခ်ီထားကာ ေခ်ာ့ျမဴေနသည္။ အျခားလူမ်ားလည္း မိမိတို႔အလုပ္တာ၀န္မ်ားအတိုင္း ခြဲေဝလုပ္ေဆာင္ရန္ ထြက္သြားၾကသည္။ ေယာင္အာလည္း ဘာပိုးေကာင္မွ လိုခ်င္စိတ္မရိွေတာ့။ ထို႔ေၾကာင့္လည္း အိမ္၀န္းထဲရိွ ေျမအလြတ္တစ္ေနရာကို တူးဆြကာ မိမိ၏ ခ်စ္လွစြာေသာ ပိုးေကာင္ေလးအား ျမႇဳပ္ႏွံေပးရန္လုပ္ေနသည္။ နန္ေမာ္ယဲ့ကလည္း သြမ့္ေယာင္ေဘးနား ေနာင္တႀကီးစြာပိုက္ရင္း ထိုင္ေနကာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ စိတ္မ်ားေထျြပားလို႔ေနရွာသည္။
ေယာင္အာေလး....တကယ္ စိတ္ဆိုးေနတာလား၊ ဆရာ့ကိုေတာင္ စကားတစ္ခြန္းမွ မေျပာဘူး။
"ကြၽန္ေတာ္ သူစိမ္းတစ္ေယာက္ ေခၚလာမိၿပီ... ေနာင္ေတာ္ အဆင္ေျပရဲ့လား"
ေက်ာက္ဝူက သြမ့္ပိုင္ယြဲ႔အား အားနာစြာဆိုလာသည္။
"သြမ့္အိမ္ေတာ္က မင္းအိမ္ပဲဟာ ၊သူစိမ္းေခၚလာတာမ်ား ဘာျဖစ္လို႔လဲ.... တစ္အိမ္လံုးကို မင္းစိတ္ႀကိဳက္ လိုက္ဖ်က္ဆီးခ်င္ရင္ေတာင္ ရေသး...."
ေစာနက စိုးရိမ္ေနသည္မ်ားမွာ ရယ္စရာေကာင္းေသာ ဟာသသာသာမ်ွသာျဖစ္သြားေၾကာင္း ေက်ာက္ဝူ ေနြးေထြးစြာ ခံစားမိလိုက္ရသည္။
"ဒါဆိုလည္း ေနာင္ေတာ္ အနားယူပါေတာ့...ကြၽန္ေတာ္လည္း အခန္း ျပန္ပါေတာ့မယ္"
"ေရွာင္ယြီ......"
သို႔ေသာ္ သူ႔ေနာက္မွ သြမ့္ပိုင္ယြဲ႔က ေအာ္ေျပာလာ၏။
"ေနာက္လက်ရင္ မင္းရဲ့ထိမ္းျမားပြဲပါ တစ္ခါတည္းက်င္းပေပးလိုက္ရင္ မေကာင္းေပဘူးလား"
သတိမမူလိုက္ခင္ အလစ္တိုက္ခိုက္ခံလိုက္ရေသာေၾကာင့္ ေက်ာက္ဝူတစ္ေယာက္ အေတာ္ပင္ ရွက္သြားကာ ပါးျပင္မ်ားပင္ နီရဲလာ၏။
"ဟားဟား .... မင္းႏွယ္....ရိုးသားလြန္ရန္ေကာ ။ မင္းခ်စ္သူေကာင္မေလး မင္းလိုလူရိုးႀကီးကို အျမင္မကတ္တာ ေတာ္ေတာ္ကံေကာင္းေနတာပဲ...."
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"မင္းဘက္က တျခားထင္ျမင္ခ်က္မေပးဘူးဆိုေတာ့ကာ ဒီစကားကို အတည္လို႔ပဲ
ယူလိုက္ၿပီေနာ္"
******
ဧည့္နားေနေဆာင္တြင္ ဟြားထန္လည္း ထိုမိန္းမပ်ိဳအား ေဆးလိမ္းေပးၿပီးေနာက္ သူမ၏ကေလးငယ္ကိုပါ ဆန္ျပဳတ္ေပ်ာ့ေပ်ာ့ေလးတိုက္ကာ သူမအနား သိပ္ထားေပးလိုက္ၿပီးမွ အခန္းထဲကေန ထြက္လာေလသည္။ အခန္းအျပင္ဘက္ အိမ္ၿခံ၀န္း၌ ေက်ာက္ဝူက ဟြားထန္အား ရပ္ၿပီးေစာင့္ေန၏။
"အေျခအေနဘယ္လိုလဲ"
"ဒဏ္ရာေတြကေတာ့ အေပၚယံရွပ္သြားၾကတာေလာက္ပဲ.... ေသြးအထြက္မ်ားလို႔သာ မူးလဲသြားတယ္၊ တစ္လေလာက္နားလိုက္ရရင္ သူ႔ဘာသာသူ ျပန္ေကာင္းသြားလိမ့္မယ္.....ကြၽန္မ နည္းနည္းေမးၾကည့္ေတာ့ သူက သူ႔ခင္ပြန္းသည္ဆံုးသြားေတာ့ မိဘေနရပ္ က်င့္တိေဒသမွာ ျပန္လာေနဖို႔ ထြက္လာတာ.... ကြၽန္းတစ္ခုကေန ေျခၪီးတည့္ရာ လာခဲ့တာပဲတဲ့"
"အင္း...ဒါဆို သူ ေနေကာင္းတဲ့အထိေစာင့္ၿပီးသြားရင္ က်င့္တိကိုသြားမယ့္ ကုန္သည္အုပ္စုျဖစ္ျဖစ္၊ ဂိုဏ္းတစ္ခုပဲျဖစ္ျဖစ္ သူ႔ကိုပါ လမ္းႀကံဳလိုက္သြားခိုင္းလိုက္မယ္ေလ"
ဟြားထန္က ေက်ာက္ဝူအား ေစ့ေစ့ေသခ်ာၾကည့္ၿပီးေသာ္ နားမလည္ႏိုင္စြာ ေမးလာ၏။
"ဒါနဲ႔ ရွင္ ဘာလို႔ မ်က္ႏွာေတြရဲေနတာလဲ"
ေက်ာက္ဝူ - "........"
ေခါင္မိုးထက္တြင္ ထိုင္ေနၾကေသာ သြမ့္ေယာင္ႏွင့္ နန္ေမာ္ယဲ့မွာ ထိုႏွစ္ေယာက္ကို ဇိမ္က်က် ေမးေထာက္ၾကည့္ေနရင္း သက္ျပင္းတူတူခ်မိသြားသည္။
ဤမ်ွရိုးသားလွေသာ ဖိုးသခြားေလးသည္ပင္ ေခ်ာေမာလွပေသာ ဇနီးမယားတစ္ေယာက္အား ထိမ္းျမားပိုင္ဆိုင္ခြင့္ ရေပေသးသည္။ သူႏွင့္ယွဥ္လိုက္လ်ွင္ ေနာင္ေတာ္အႀကီးဆံုးျဖစ္ေသာဟိုတစ္ေယာက္ကေတာ့ အင္မတန္မွ အရွက္ရစရာပင္။
*******
ထိမ္းျမားမဂၤလာပြဲမွာ ႀကီးက်ယ္ခမ္းနားစြာ က်င္းပမည္မို႔ အခ်ိန္တိုတိုအတြင္း၌ပင္ ရွီးနန္စံအိမ္ေတာ္ႀကီးမွာ မဂၤလာပြဲျပင္ဆင္ေရးအတြက္လြန္စြာ သက္၀င္လႈပ္ရွားေနေပသည္။
ထိုမိန္းမပ်ိဳကလည္း ဒဏ္ရာအရွင္းေပ်ာက္ပင္းသြားၿပီးေနာက္တြင္ စံအိမ္ေတာ္ရိွ အလုပ္တာ၀န္မ်ားကို ကူညီလုပ္ေဆာင္ေပးတတ္သည္။စံအိမ္ေတာ္အတြင္းရိွ အေႁခြအရံမ်ားကလည္း သူမ၏ၾကမၼာဆိုးကို ကရုဏာသက္လို႔မဆံုး၊ ဤေနရာ၌သာ အေျခခ်ေနခဲ့ပါရန္ ေဖ်ာင္းဖ်ၾကေသာ္လည္း သူမကမူ ထြက္သြားရန္ပင္ အတည္ျပဳခဲ့၏။ အင္မတန္ ျပတ္သားေသာ စရိုက္ရိွသူပင္။
မဂၤလာပြဲေန့တြင္ ရွီးနန္စံအိမ္ေတာ္တစ္၀င္းလံုး အနီေရာင္မီးပံုးမ်ားျဖင့္ လွပစြာ ဆင္ယင္ထားေပေလသည္။ နန္ေမာ္ယဲ့ကေတာ့ မဂၤလာေသရည္ကို ၿပံဳးၿပံဳးႀကီး ထိုင္ေသာက္ေနလ်က္။ ေက်ာက္ဝူကို သူ ကိုယ္တိုင္ကိုယ္က်ပညာသင္ေပးဖူးျခင္းမရိွေသာ္လည္း စံအိမ္ေတာ္မွာေတာ့ မိမိက လူႀကီးမိဘတစ္ၪီးသဖြယ္ျဖစ္ေနသည္ေပမို႔ အခြင့္ရတုန္း ေသာက္စားေပ်ာ္ပါးေနရေပမည္။
"ေနာင္ေတာ္......ေက်းဇူးအမ်ားႀကီး
တင္ပါတယ္"
ေက်ာက္ဝူက ေက်းဇူးတင္စကားဆိုလာေတာ့ သြမ့္ပိုင္ယြဲ႔က သူ႔ပခံုးကို ခပ္ဖြဖြ ပုတ္လိုက္ကာ ေျပာ၏။
"လက္ထပ္ၿပီးသြားၿပီဆိုေတာ့ ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းသြား....ခမည္းေတာ္နဲ႔ အရီးငယ္(၃)ကလည္း တမလြန္ကေန မင္းရဲ့မဂၤလာသတင္းၾကားသိရရင္ အရမ္း၀မ္းသာေနမွာပဲ"
ဆိုးသြမ္းေပေတတာမ်ိဳးလည္းမရိွ၊ အရမ္း ရိုးသားေျဖာင့္မတ္ၿပီး လက္ထပ္သင့္တဲ့အခ်ိန္ေရာက္ေတာ့လည္း တစ္အိုးတစ္အိမ္ ေထာင္သြားတဲ့ ဒီလိုမ်ိဳး သားရတနာမ်ိဳးက ရွားတယ္ေလ။
******
ေက်ာက္ဝူ၏ မဂၤလာပြဲက်င္းပၿပီး မၾကာမီတြင္ပင္ ေမာ့ေပေဒသရိွ မ်ိဳးႏြယ္စုမ်ား ပုန္ကန္ထႂကြလာသျဖင့္ ရွီးေပစစ္ပြဲ တရား၀င္ စတင္လာကာ ဧကရာဇ္ခ်ူကိုယ္ေတာ္တိုင္ စစ္ခ်ီကာ ၪီးေဆာင္တိုက္ခိုက္ေတာ္မူသည့္အျပင္ သိုင္းေလာကမွ ဂိုဏ္းအသီးသီးလည္း ပါ၀င္တိုက္ခိုက္ၾကသည္။ သို႔ေသာ္ ထူးဆန္းစြာပင္ ရွီးနန္ရိွ ရုတ္ရုတ္သဲသဲ အေရးအခင္းကိစၥမ်ားမွာ ခ်က္ခ်င္း ၿငိမ္သက္သြားေလ၏။ ေတာင္ပိုင္းရိွ ျပည္သူမ်ားကေတာ့ ထိုကိစၥကို သိပ္နားမလည္။ လေပါင္းမ်ားစြာ အခ်င္းခ်င္း တိုက္မည္တကဲကဲ လုပ္ေနေသာ ရွီးနန္နဲ႔ခ်ူတပ္မေတာ္ႏွစ္ဖက္လံုးက ဘာေၾကာင့္ ခ်က္ခ်င္း ၿငိမ္သက္သြားတာတဲ့လဲ၊ တမန္ေတာ္ လႊတ္ကာ စစ္ေျပၿငိမ္းခိုင္းသည္ဟုလည္း မၾကားမိ။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ စစ္မျဖစ္ေသာေၾကာင့္ ၀မ္းသာေပ်ာ္ရႊင္ၾကရေပသည္။ အိမ္ေရ႔ွထိ စစ္မက္ခိုက္ရန္ျဖစ္ပြားေနသည္ကိုႀကံဳရမည့္အစား အိမ္ထဲ ေအးေဆး စားႏိုင္ေသာက္ႏိုင္ အိပ္စက္ႏိုင္သည္က ပို၍သာလြန္ေကာင္းမြန္သည္မဟုတ္လား။
ရွီးေပသို႔ ခ်င္ေရွာက္ယြီေရာက္ေနသည္
ၾကားေတာ့ ေက်ာက္ဝူကလည္း သခင္ျဖစ္သူေနာက္သို႔ လိုက္သြားကာ ကူညီေပးခ်င္ေနၿပီ။
ဘိုးဘြားဗိမာန္ဂူတြင္ နန္ေမာ္ယဲ့က ေျပာလာ၏။
"အမ်ားအျမင္မွာေတာ့ ခ်င္ေရွာက္ယြီကိုကူညီဖို႔လို႔ ေျပာၿပီး တကယ္တမ္းက မင္းရဲ့ ခ်စ္ရသူႀကီးကို ကူညီဖို႔ ညီအလတ္ကို လႊတ္လိုက္လည္း အက်ိဳးမယုတ္ပါဘူး။ ေနာက္က်ရင္ ဒီအခြင့္အေရးကေန ေသခ်ာ အက်ိဳးအျမတ္ယူလို႔ရတယ္"
သြမ့္ပိုင္ယြဲ႔ - "......."
*********
ယေန့ ေန့လယ္ခင္းတြင္ အရီးေတာ္က်င္းက စားဖိုေဆာင္ထဲ ေပ်ာ္ရႊင္တက္ႂကြစြာ ေဆးဖက္၀င္ဟင္းခ်ိဳ ခ်က္ေပးေနသည္။ အေၾကာင္းမွာ ဟြားထန္ထံတြင္ ေက်ာက္ဝူ၏ရင္ေသြး လြယ္ထားေနရၿပီျဖစ္၏။
"သြားၿပီ"
နန္ေမာ္ယဲ့က ထို သတင္းၾကားသက္ျပင္းအႀကီးႀကီးတစ္ခုခ်ၿပီး ဆို၏။
"ဒီအျမန္ႏႈန္းမ်ိဳးနဲ႔ဆိုရင္ေတာ့ မင္းမွာ ဟိုယြင္ရွီး (သြမ့္ပိုင္ယြဲ႔စီးေတာ္ျမင္းနာမည္)ဆယ္ေကာင္ရိွရင္ေတာင္ သူ႔ကို လိုက္မီမွာမဟုတ္ေတာ့ဘူး"
ဘိုးဘြားဂူဗိမာန္ရိွ ေရခဲတိုက္ခန္းတြင္ ေနေနရေသာ္လည္း ခ်ီဓာတ္ထပ္မံယိုယြင္းေတာ့မလို သြမ့္ပိုင္ယြဲ႔ခံစားလိုက္ရသည္။
သူမ်ားဆရာေတြက ကိုယ့္တပည့္ ဝါေယာကသိုဏ္းက်င့္ရင္ အေနွာင့္အယွက္ျဖစ္မွာေတာင္စိုးတာ....မိမိဆရာမွာေတာ့ စကားမ်ားလိုက္တာမွ။
******
အေနာက္ေျမာက္ ရွီးေပရိွ စစ္ပြဲအေျခအေနမွာ ေလအလ်ဥ္တစ္ခုႏွယ္ လ်င္ျမန္စြာ ေျပာင္းလဲသြားေလ၏။ ဤစစ္ပြဲမွာ ခ်ူယြမ္ကိုယ္တိုင္ ပါ၀င္ေသာ ပထမဆံုးစစ္ပြဲျဖစ္သည့္အေလ်ာက္ ထပ္မံသင္ယူေလ့လာစရာကိစၥမ်ားက အမ်ားအျပားပင္။ အပါးေတာ္တြင္ ကူညီေပးႏိုင္ေသာ အမႈထမ္းမ်ားစြာ ရိွေန၍သာ ခ်ူယြမ္ လံုေလာက္စြာအနားရေလသည္။ဤသည္ပင္ အင္မတန္ကံေကာင္းျခင္းတစ္မ်ိဳးပင္ မဟုတ္ပါလား။
ယေန့ ေန့လယ္ခင္းတြင္ ရာသီဥတု အထူးၾကည္လင္သာယာေနေပသည္။ တာ့ခ်ူးတပ္မေတာ္ထဲ၀ယ္ အနီေရာင္အဆင္းရိွ၀တ္ရံု ၀တ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ၪီးက ေဆးပင္မ်ားကို ေနလွန္းေန၏။ အ၀တ္အစားေရာ အဆင္အယင္ပါ နီရဲသစ္လြင္ေနသျဖင့္ မ်က္စိပသာဒထဲစြဲၿငိကာ ေငးၾကည့္ခ်င္စဖြယ္ပင္။ က်ံဳးယြင္ေဒသမွ မဟုတ္ဘဲ အျခားမ်ိဳးႏြယ္စုတစ္ခုမွ လာပံုရကာ ေရ႔ွတန္းတိုက္ပြဲ၀င္တပ္သားမ်ားအား ေဆးကုသမႈ ေပးေနလ်က္ရိွေပသည္။ခ်ူယြမ္က ထိုမိန္းမပ်ိဳဆီ ေလ်ွာက္လွမ္းသြားေလသည္။
"မိန္းကေလး က်ူးရွား"
ခ်ူယြမ္၏ ေခၚသံေၾကာင့္ ထိုမိန္းမပ်ိဳေလးလည္း ခ်ူယြမ္ဘက္လွည့္လာေလသည္။
"ေၾသာ္....အရွင္မင္းျမတ္ပါလား"
"အင္း၊ မိန္းကေလးဆီက ကိုယ္ေတာ္အႀကံျပဳခ်က္တစ္ခ်ိဳ႕ လိုအပ္ေနလို႔ပါ ။ အခ်ိန္ေပးႏိုင္ပါရဲ့လား"
"ေပးႏိုင္တာေပါ့ဘုရား"
က်ူးရွားက လက္ကိုေသခ်ာေဆးေၾကာသန္႔စင္ၿပီး ခ်ူယြမ္အား မိမိတဲစခန္းအတြင္း ေခၚသြားေလသည္။
"အရွင္မင္းျမတ္ ဘာအလိုရိွေနပါသလဲ"
"မိန္းကေလးက သဲကႏၲာရထဲ လွည့္လည္ေဆးကုေနတဲ့ ၊ အဆိပ္ေတြအေၾကာင္း ကြၽမ္းက်င္ႏွံ႔စပ္တဲ့ သမားေတာ္တစ္ၪီးလို႔ ကိုယ္ေတာ္ ၾကားသိရပါတယ္။ ေရႊခ်ည္ပိုးေကာင္ဆိုတဲ့ ကူအဆိပ္ပိုးမ်ိဳး အေၾကာင္းကို မိန္းကေလး ၾကားဖူးလားဆိုတာ ကိုယ္ေတာ္သိပါရေစ"
"မွန္လွပါ။ ကြၽန္ေတာ္မ်ိဳးမ ၾကားဖူးရံုသာၾကားဖူးေပမယ့္ ဒီပိုးေကာင္ကိုေတာ့ မေတြ့ျမင္ဖူးလို႔ ေသခ်ာႏွံ႔စပ္စြာမသိရေၾကာင္းပါဘုရား"
"ကိစၥမရိွဘူး....မိန္းကေလး ။ သိသေလာက္ အကုန္သာ ေျပာျပပါ"
"ေရႊခ်ည္ပိုးအဆိပ္ေကာင္ဟာ ေျမာင္က်င္းမ်ိဳးႏြယ္စုရဲ့ အသံုးမ်ားတဲ့ အဆိပ္ပိုးေကာင္တစ္မ်ိဳးျဖစ္ပါတယ္ဘုရား။ အင္မတန္ အဆိပ္ျပင္းတာမို႔ ေသြးေၾကာထဲ ၀င္ေရာက္သြားတာနဲ႔ အျပင္ျပန္ထုတ္ဖို႔ အင္မတန္ခဲယဥ္းပါတယ္။ တစ္ႏွစ္တစ္ခါ ထႂကြလာတတ္ၿပီး ေသြးအ၀ေသာက္ၿပီးမွ ျပန္အိပ္တတ္တယ္။ ဒါေပမယ့္ သူ ႏိုးေနတဲ့တစ္ခ်ိန္လံုး ခႏၶာပိုင္ရွင္ကေတာ့ ႏွလံုးသည္းပြတ္မွာ ပိုးေကာင္ေထာင္ေသာင္းေပါင္းမ်ားစြာ ကိုက္ခဲဝါးၿမိဳခံေနရသလိုမ်ိဳး ေသေလာက္ေအာင္ ေဝဒနာခံစားရမွာပါဘုရား"
ထိုေန့က သြမ့္ပိုင္ယြဲ႔၏ ျဖဴဆုတ္ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာျပင္ကို ခ်ူယြမ္ျပန္ျမင္ေယာင္မိေတာ့ လက္ကိုပါ က်စ္က်စ္ပါေအာင္ ဆုပ္ထားမိလ်က္သားျဖစ္သြား၏။
"ဒီပိုးေကာင္က ႀကီးထြားမႈႏႈန္း အင္မတန္ေနွးတာမို႔ ပထမဆယ္ႏွစ္အတြင္းေတာ့ ဘာမွမျဖစ္ေသးေပမယ့္ ၊ လ်စ္လ်ူရႈထားလို႔ အေကာင္ႀကီးထးလာရင္ေတာ့ အႏွစ္ႏွစ္ဆယ္အတြင္း ခႏၶာကိုယ္ပိုင္ရွင္ အသက္မရွင္ေတာ့မွာ စိုးရပါတယ္ ။ အရွင္မင္းျမတ္ ဘာလို႔မ်ား ဒီအေၾကာင္းကို သိလိုေတာ္မူပါသလဲဘုရား"
"ကုသႏိုင္တဲ့ေဆးေရာ ..... ရိွလား"
ခ်ူယြမ္အသံမ်ား အက္ရွလ်က္ရိွသည္။
"ေျဖေဆးကေတာ့ ထ်ဲန္းခ်န္ခ်ားလို႔ေတာ့ ေျပာၾကပါတယ္ဘုရား။ ဒါေပမယ့္ ေရႊပိုးခ်ည္အဆိပ္ပိုးေကာင္ကိုေတာင္ ကြၽန္ေတာ္မ်ိဳးမ မျမင္ဖူးေလေတာ့ ဒ႑ာရီထဲမွာပဲရိွတဲ့ ထ်ဲန္းခ်န္ခ်ားကို ပိုလို႔ေတာင္ မျမင္ဖူးပါ ။ အရွင္မင္းျမတ္ ဒီထက္ ဆက္သိခ်င္ရင္ သမားေတာ္ယဲ့ကို ေမးၾကည့္ေစလိုပါတယ္၊ သူေတာင္မသိေတာ့ဘူးဆိုရင္ေတာ့ အဆိပ္မ်ိဳးစံုကို ပိုကြၽမ္းက်င္တဲ့ ရွီးနန္စံအိမ္ေတာ္ကို ဆက္ေမးၾကည့္ပါ။ ဘယ္လိုပဲေျပာေျပာ ေတာင္ပိုင္းေဒသမွာပဲ ရိွႏိုင္တဲ့ ပစၥည္းမ်ိဳးျဖစ္ပံုရပါတယ္ဘုရား"
"ရွီးနန္စံအိမ္ေတာ္ေတာင္ ရွာရခက္ေနတယ္ဆိုရင္ေကာ......"
"ဒါဆို ေတာင္ဘက္ေဒသကို ဆက္ၿပီး သြားရွာၾကည့္ရပါမယ္။ ကြၽန္ေတာ္မ်ိဳးမတို႔ရဲ့ လူႀကီးသူမတစ္ေယာက္ဆီကၾကားဖူးသေလာက္ဆိုရင္ျဖင့္ ခ်ူျပည္ႀကီးရဲ့ေတာင္ပိုင္းမွာ ေမွာ္ဆရာတိုင္းျပည္လို႔ ေခၚၾကတဲ့ ေဖမ်ဲန္ျပည္ဆိုတဲ့ နယ္ေျမရိွပါတယ္။ သူတို႔ေတြက ဒီလိုအဆိပ္မ်ိဳးကို အထူးႏွံ႔စပ္ကြၽမ္းက်င္တာမို႔ အကူအညီျဖစ္ေလာက္ေၾကာင္းပါ....."
ေဖမ်ဲန္ျပည္။ ဟုတ္ၿပီ။
"မိန္းကေလးကို အထူး ေက်းဇူးတင္ပါတယ္"
*******
"ရွစ္ဇီ......ေဖမ်ဲန္ျပည္ဆိုတာကို ၾကားဖူးလား"
ခ်ူယြမ္ မိမိတဲစခန္းဆီ ျပန္ေရာက္ေတာ့ စာၾကည့္စားပြဲကို ေသခ်ာစီရီေပးေနေသာ ရွစ္ဇီႏွင့္ ႀကံဳႀကိဳက္သျဖင့္ ခ်က္ခ်င္းေမးၾကည့္ျပန္ေလသည္။
"ေဖမ်ဲန္ျပည္က အရမ္းလ်ိႈ႔၀ွက္ဆန္းၾကယ္ၿပီး ေတာနက္ထဲမွာ ရိွတဲ့ တိုင္းျပည္မို႔ ဘယ္သူမွ မျမင္ဖူးဘူးလို႔ၾကားမိပါတယ္ ဘုရား"
ခ်ူယြမ္က သေဘာက်စြာရယ္လိုက္သည္။
"ဒီလိုတိုင္းျပည္မ်ိဳးတကယ္ရိွႏိုင္လို႔လား။ အဲ့ေလာက္ေခါင္တဲ့ေနရာမွာ လူေတြတကယ္ေနရင္ သံုးရက္အတြင္း တိုင္းျပည္ပ်က္စီးသြားေလာက္ၿပီ"
"မွန္ပါ့ဘုရား ။ ဒါနဲ႔ အရွင္မင္းျမတ္ ဘာလို႔ ခ်က္ခ်င္းႀကီး ဒီကိစၥ အေမးေတာ္ရိွလာတာလဲဘုရား"
"ဘာမွမဟုတ္ပါဘူး....ေသရည္က်န္ေသးလား ရွစ္ဇီ"
ရွစ္ဇီက ခ်က္ခ်င္းပင္ ေသရည္အိုး သြားယူၿပီးဆက္သေပး၏။
ဧကရာဇ္တစ္ပါးျဖစ္ေသာ္ျငား ခ်ူယြမ္မွာ ၿခိဳးၿခံေခြၽတာစြာသာ ဘ၀ကိုျဖတ္သန္းတတ္ေသာေၾကာင့္ စစ္တိုက္ထြက္ရာတြင္လည္း
မရိွမျဖစ္လိုအပ္ေသာပစၥည္းမ်ားကိုသာ ယူေဆာင္လာခဲ့သည္။ သူမ်ားႏွင့္မတူ အနည္းငယ္ထူးျခားသည္မွာ သြမ့္ပိုင္ယြဲ႔ေပးေသာ ေဖ့ရွားေသရည္ကို အပါယူေဆာင္လာခဲ့ျခင္းပင္။ သူ၏ ခ်ိဳျမျမအရသာက အလြယ္တကူ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေစႏိုင္သည္ေလ။
ရွီးနန္စံအိမ္ေတာ္တြင္လည္း ေလသာျပတင္းေပါက္ေဘာင္ကိုမွီရင္း တစ္စံုတစ္ေယာက္သည္လည္း ေဖ့ရွားေသရည္ကို ေမာ့ေသာက္ေနခဲ့ေလသည္။
*********
ေနာက္လေပါင္းမ်ားစြာၾကာေသာ္ ရွီးနန္စံအိမ္ေတာ္သို႔ အစီရင္ခံစာမ်ား တဖြဲဖြဲေရာက္ရိွလာသည္။
စစ္ခ်ီရာလမ္းတစ္ေလ်ွာက္လံုး ခ်ူတပ္မေတာ္မွာ ဝါးရံုေတာၾကား ျဖတ္သန္းလာခဲ့သည့္အလား ရန္သူစစ္တပ္မ်ားကို လြယ္လင့္တကူ အႏိုင္ရခဲ့ေလသည္။ ခါးေမာ့ျမစ္ကို သိမ္းပိုက္အၿပီး ယြင္ဟန္႔က်ိဳးကို ဆက္လက္သိမ္းယူ၏။ ရန္သူစစ္တပ္တြင္ မသကၤာစရာ မီးေလာင္မႈႀကီးတစ္ခု ျဖစ္သြားေသးသည္။ ထိုညက ေပါက္ကြဲေသာ အသံမွာ မိုးယံထိပင္ ပဲ့တင္ထပ္ေစခဲ့သည္။ ဧကရာဇ္၏ ထိုးစစ္မ်ားၾကား ရန္သူတပ္မ်ား ကစဥ့္ကလ်ားေျပးကာ အညံ့ခံအရႈံးေပးရေတာ့သည္.....စေသာစေသာ အေၾကာင္းအရာမ်ားသာ။
ယခင္ ဧကရာဇ္လက္ထက္ကတည္းက ဆူပူေသာင္းက်န္းခဲ့ေသာရွီးေပအေရးအခင္းကို ေနာက္ဆံုးေတာ့ အၿပီးသတ္ေအာင္ျမင္ႏိုင္ခဲ့ေလၿပီ။ ေမာ့ေပ၏ မ်ိဳးႏြယ္စုမ်ားကို ႏွင္ထုတ္ႏိုင္ခဲ့ၿပီး ေကြ့ေကာက္ရွည္လ်ားလွေသာ နယ္နိမိတ္ကို တာ့ခ်ူျပည္သားေထာင္ေသာင္းေပါင္းမ်ားစြာ၏ အသက္ေသြးေခြၽးမ်ားျဖင့္ စြမ္းစြမ္းတမံ ကာကြယ္ခုခံထားႏိုင္ခဲ့ေလသည္။
ခ်ူတပ္မေတာ္လည္း ေအာင္ပြဲႏွင့္အတူ ျပန္သြားၾကကာ ရွီးနန္တပ္လည္း တစ္သုတ္ၿပီးတစ္သုတ္ ခြဲကာ လ်ိႈ႔၀ွက္စြာ ျပန္သြားၾကေလသည္။ လက္ရိွဧကရာဇ္မွာ ပထမဆံုးစစ္ပြဲ၌ပင္ လွပစြာ ေအာင္ျမင္မႈသရဖူေဆာင္းႏိုင္ေလာက္ေအာင္ ဘုန္းတန္ခိုးႀကီးမားေၾကာင္း တိုင္းသူျပည္သားမ်ား ေျပာစမွတ္ျပဳၾကေလသတည္း။
******
ဟြားထန္လည္း အမႊာပူးကေလးႏွစ္ေယာက္ကို ေဘးကင္းစြာ မီးဖြားသန္႔စင္ေပးခဲ့ေလသည္။ ကေလးမ်ားလည္း ၀ၿဖိဳးက်န္းမာၾကေလ၏။ တစ္ေန့ၿပီးတစ္ေန့ သြမ့္ေယာင္က တူျဖစ္ေသာအမႊာပူးေလးကို ေရ႔ွကပတ္ၾကည့္လိုက္၊ ေနာက္ပတ္ၾကည့္လိုက္ႏွင့္ အူျမဴးတက္ႂကြေန၏။
သြမ့္ေယာင္ကိုၾကည့္ၿပီး အရီးေတာ္က်င္း က်ိတ္၍ရင္ေလးမိ၏။ တူေတာ္ေမာင္ေတြပါးစပ္ေလးထဲ ဘာေကာင္မွ သြင္းမေနခ်င္ေလာက္ပါဘူးေနာ္။
သြမ့္ပိုင္ယြဲ႔၏ေဝဒနာလည္း တျဖည္းျဖည္း သက္သာေပ်ာက္ကင္းသြားေလသည္။ ပိုးေကာင္ကို အျပင္ထုတ္ရာတြင္ မေအာင္ျမင္ခဲ့ေသာ္လည္း အိပ္ေပ်ာ္သြားေအာင္လုပ္ႏိုင္ခဲ့ေသာေၾကာင့္ အနည္းဆံုး ႏွစ္တစ္၀က္ခန္႔ေတာ့ ဘာျပႆနာမွ မေပးႏိုင္ေတာ့။
ယေန့လည္း နန္းတြင္းမွ အစီရင္ခံစာေရာက္လာျပန္သည္။ ဧကရာဇ္ခ်ူက ေဖမ်ဲန္ျပည္သို႔ သံတမန္ေစလႊတ္သည္တဲ့။
"ေဖမ်ဲန္ျပည္.....။ သူ အဲ့ကို ဘာသြားလုပ္မလို႔လဲ"
သြမ့္ပိုင္ယြဲ႔ နားမလည္။
နန္ေမာ္ယဲ့က မ်က္ေစာင္းထိုးလာ၏။
"ဒါေလးကအစ ၾကားထဲကေန ေျပာျပေပးရၪီးမွာလားဟမ္"
"ရွစ္ဖူးသိတယ္လား....."
သြမ့္ပိုင္ယြဲ႔ တကယ္ နားမလည္ေသးေခ်။
"အိမ္း......ၾကားဖူးသေလာက္ေတာ့ ေဖမ်ဲန္ျပည္ေခါင္းေဆာင္က ရုပ္ရည္ေခ်ာေမာၿပီး ကိုယ္လံုးကိုယ္ထည္ကလည္း သန္မာထြားႀကိဳင္းတယ္တဲ့"
သြမ့္ပိုင္ယြဲ႔ - "......."
"ဖန္အန္းေလာက္ေတာင္ ေခ်ာပါသတဲ့"
(အေနာက္တိုင္းက်င့္မင္းဆက္ ကဗ်ာနဲ႔စာေပေတြအရ ဖန္အန္းဆိုတဲ့လုလင္ပ်ိဳဟာ ရုပ္ရည္ေခ်ာေမာလွပရာမွာ အင္မတန္ထင္ရွားေက်ာ္ၾကားၿပီး သူ ဘယ္ပဲသြားသြား မိန္းမပ်ိဳေတြက ခ်စ္ခင္စံုမင္ေၾကာင္း ျပတဲ့အေနနဲ႔ သူ႔ျမင္းလွည္းထဲကို ပန္းမာလာေတြ သစ္သီး၀လံေတြ ပစ္ထည့္ေပးေလ့ရိွၾကတယ္တဲ့ )
"အာ....ရွစ္ဖူးေတာင္ ဒီရက္ပိုင္း စာေပေလ့လာဖတ္ရႈမႈ အားေကာင္းေနတာပါ့လား"
ဖန္အန္းကိုေတာင္သိတယ္ဆိုေတာ့။
"မင္း တကယ္ဘာမွမလုပ္ေတာ့ဘူးလား"
"ကြၽန္ေတာ္ ဘာလုပ္ရမလဲ"
သြမ့္ပိုင္ယြဲ႔က လက္ထဲမွ လ်ိႈ႔၀ွက္စာလႊာကို စားပြဲေပၚ အသာခ်လိုက္သည္။
"အနည္းဆံုးေတာ့ ၀တ္ေကာင္းစားလွေလး၀တ္၊ ပန္းခ်ီဆရာေလးတစ္ေယာက္ငွားၿပီး မင္းပံုတူဆြဲခိုင္း။ ၿပီးရင္ ၿမိဳ႔ေတာ္ဆီပို႔။ လွလွပပေလးဆြဲခိုင္း သိလား၊ မတူလည္း ေနပေလ့ေစ။ မေတြ့ရတာၾကာၿပီဆိုေတ့ မင္းမ်က္ႏွာဘယ္လိုေနလဲဆိုတာ ဧကရာဇ္ခ်ူ ေမ့ေနေလာက္ၿပီ"
သြမ့္ပိုင္ယြဲ႔က သြမ့္ေန့ကို ေခၚလိုက္ကာ နန္ေမာ္ယဲ့အား ဆြဲထုတ္သြားေစ၏။
ဒီေလာက္ပဲအျဖစ္ရိွမွေတာ့ ငါမေသခင္ မဂၤလာေသရည္ေတာင္ ေသာက္ရပါ့မလားဟ။
*******
ရင္ေသြးႏွစ္ေယာက္ အေတာ္အတန္ႀကီးျပင္းလာေတာ့ ေက်ာက္ဝူက သြမ့္ပိုင္ယြဲ႔ထံလာၿပီး ႏႈတ္ဆက္စကားဆို၏။
"အင္း....မင္းကိုအတင္းေနခိုင္းဖို႔ ဆက္ဆြဲထားလို႔မရေတာ့ဘူးပဲ"
"ကြၽန္ေတာ့္ႏွလံုးသားက ဒီမွာမေပ်ာ္တာမို႔ အတင္းဆြဲထားလည္း ဘာအက်ိဳးမွရိွလာမွာမဟုတ္ဘူး။ ဒါေပမယ့္ ေကြၽ့ယင္နန္းေဆာင္နဲ႔ ရွီးနန္စံအိမ္ကလည္း သိပ္မေဝးတာမို႔ အခ်ိန္ရတာနဲ႔ ဟြားထန္ေရာ ကေလးေတြကိုပါ ကြၽန္ေတာ္ မၾကာမၾကာ အလည္ေခၚလာပါ့မယ္"
သြမ့္ပိုင္ယြဲ႔က သူ႔ပခံုးအား ခပ္ဖြဖြ ပုတ္လိုက္ကာ -
"ေက်းဇူးပါ ....ငါ ဂူေအာင္းၿပီးတရားက်င့္ရတုန္းက မင္းရယ္ ေယာင္းမေလးရယ္က ေယာင္အာကို ေတာ္ေတာ္ၾကည့္ေပးခဲ့ရတာ။ထားလိုက္ပါေတာ့......ခရီးလမ္းမွာ ေဘးကင္းပါေစ"
"ထ်ဲန္းခ်န္ခ်ားကိစၥ.....ကြၽန္ေတာ္လည္း ကူၿပီးရွာေပးပါ့မယ္"
"အင္း.....ေက်းဇူး"
သြမ့္ပိုင္ယြဲ႔ ၿပံဳးေနခဲ့ေလသည္။
ေက်ာက္ဝူထြက္သြားေတာ့မည္ၾကားေတာ့ သြမ့္ေယာင္လည္း ႏႈတ္ဆက္စကားဆိုရန္ ေျဖမဆည္ႏိုင္ဘဲျဖစ္ကာ ေတာင္အေနာက္မွ ပိုးေကာင္မ်ားမ်ားစားစား တူးၿပီး ဟြားထန္အား လက္ေဆာင္အျဖစ္ေပးလိုက္ေလသည္။အရီးေတာ္က်င္းကမူ နန္ေမာ္ယဲ့အား မေက်မနပ္ ၾကည့္လာ၏။ ေပါက္တတ္ကရအတတ္ေကာင္းေတြ လုပ္ျပေနတာနဲ႔တင္ ဟိုကေလးေတာင္ အတုျမင္ အတတ္သင္ေနတာ ေတြ့လား။
*****
ေနာက္တစ္လအၾကာတြင္ နန္းေတာ္ထဲရိွ ရွီးနန္သူလ်ိႈတစ္ၪီးထံမွ စာေရာက္လာျပန္၏။
ဧကရာဇ္ခ်ူက တာ့ယဲ့ၿမိဳ႔သို႔ သြားေရာက္ေနေၾကာင္းျဖစ္သည္။
"ဘာလုပ္ေနတာလဲ....ျမန္ျမန္ လိုက္သြားေတာ့ေလ။ ေယာင္အာကို ငါ ၾကည့္ေပးထားမယ္"
စီးေတာ္ျမင္း ဟိုယြင္ရွီးမွာ တကယ္ လ်င္ျမန္ဖ်တ္လတ္လြန္းသည္။ သာမန္အားျဖင့္ ဆယ္ရက္မ်ွ ၾကာမည္ျဖစ္ေသာ ခရီးကို ငါးရက္အတြင္း တာ့ယဲ့ၿမိဳ႔တံခါးအေရာက္ ခရီးႏွင္လာႏိုင္ခဲ့သည္။
ထိုညက ေနြၪီးရာသီ၏ မိုးမ်ား သည္းထန္စြာရြာသြန္းေနသည္။ ခ်ူယြမ္က ထိုင္ခံုေနာက္အသာမွီကာ စာဖတ္ေနစဥ္ ေလသာျပတင္းေပါက္မွ အသံတစ္သံ ဖ်တ္ခနဲၾကားလိုက္သည္။
သက္ေတာ္ေစာင့္မ်ားလည္း ထိုအသံကိုၾကားေသာ္ ခ်က္ခ်င္းထလာၾကၿပီး ဘုရင့္စက္ေတာ္ေခၚခန္းထဲ စစ္ေဆးေပးမည္အျပဳ တံခါး၀မွာပင္ ရွစ္ဇီကုန္းကုန္းက ၀င္ခြင့္မျပဳ။
ျပန္သြားေတာ့ဟု လက္အသာျပကာ ေနာက္ထပ္လာမရႈပ္ရန္ပင္ ေျပာလိုက္ေသးသည္။
ခ်ူယြမ္ကမူ စာဖတ္ၿမဲဖတ္ေနဆဲပင္။
ထို႔ေနာက္ တစ္ခ်က္မ်ွေမာ့မၾကည့္ဘဲ ေျပာလာ၏။
"လက္စသတ္ေတာ့ ရွီးနန္၀မ္က ျပတင္းေပါက္ကေန ခုန္ပ်ံေက်ာ္လႊားလာရတာမ်ိဳးကို ေတာ္ေတာ္ႏွစ္ၿခိဳက္တတ္တာပဲ"
သြမ့္ပိုင္ယြဲ႔က ျပတင္းေပါက္ေဘာင္ကိုမွီကာ တစ္ဖက္သား၏ အရိပ္အား ျမတ္ႏိုးစြာၾကည့္ရင္း ၿပံဳးရႊင္ေနခဲ့ေလသည္။
**********
Note :
ေတာင္းပန္စရာကိစၥတစ္ခုပါ။ အရင္အပိုင္းေတြတုန္းက သံုးၿပီးသားနာမည္တစ္ခ်ိဳ႕ကို ဒီအပိုင္းမွာ အသံထြက္ေျပာင္းထားလို႔ ဖတ္ရတာအဆင္မေျပျဖစ္သြားရင္ ဒီကေနပဲ ေတာင္းပန္လိုက္ပါတယ္။အနီးစပ္ဆံုးအသံထြက္ လိုက္ရွာရင္း ကိုယ္ေျပာျပထားတဲ့နာမည္ေတြက အမွန္ဆံုးမဟုတ္ေသးမွန္းသိလိုက္ေတာ့ ၊မွားခဲ့တာေတြကို ဒီတိုင္းထားရမွာ စိတ္ထဲဘ၀င္မက်လို႔ ျပင္လိုက္တာပါ ။ အစက Noteကိုထိပ္ဆံုးမွာ တင္ေရးမလို႔ဟာ ၊ ဇာတ္လမ္းဖတ္ဖို႔ေရာက္လာတဲ့လူကို ရင္၀တည့္တည့္ ဆီးၿပီးေဆာင့္ကန္သလို ဖီးလ္ပ်က္မွာစိုးလို႔ chapter ၿပီးခါမွပဲေတာင္းပန္လိုက္ပါတယ္။ ေရ႔ွအပိုင္းကဟာေတျြပန္ျပင္ၿပီးရင္ note ျပန္ဖ်က္ပါမယ္။
ေတာင္းပန္စရာကိစၥျဖစ္ေစခဲ့တာမို႔ ေလ်ာ္ေၾကးအေနနဲ႔ spoilerနည္းနည္းေပးပါမယ္။
ရွီးေပစစ္ပြဲၿပီးေတာ့ ေနာက္လာမွာက တာ့ယန္႔ၿမိဳ႔က မႈခင္းကိစၥပါ။ သူတို႔ႏွစ္ေယာက္ရဲ့ အေနနီးခြင့္ရတာ တစ္ခဏ၊ ေဝးရတာက ခပ္မ်ားမ်ားျဖစ္ခဲ့တဲ့ အျဖစ္ကို အားမလိုအားမရျဖစ္ခဲ့ရင္ ဒီေနရာမွာပဲ အဲ့ေန့ရက္ေတြကို တာ့တာျပလိုက္ပါေတာ့။
Thz for reading.Have a nice day.
2020.04.25. / 2020.05.01.
**********