[တထစ်ချပြောလို့မရဘူး... တွေ့ရင်တွေ့နိုင်တာပဲ]
Unicode version:
ရှစ်ဇီကုန်းကုန်းမှာ ၀ဖြိုးကြီးမားသောကိုယ်လုံးကိုယ်ထည်ရှိသော်လည်း သိုင်းပညာကျင့်ကြံဖူးသူမဟုတ်သဖြင့် သွမ့်နေ့
ဆွဲခေါ်ရာနောက် လွယ်လင့်တကူပင် ပါလာခဲ့လေသည်။ထို့ကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်စွာသာ ကျန်ရစ်နေခဲ့သည်။
မျက်စိတစ်မှိတ်စာအတွင်းမှာပင် သွမ့်ပိုင်ယွဲ့ကို လျင်မြန်ဖျတ်လတ်စွာ အတောင်ချွတ်အမွေးနှုတ်သွားသော နန်မော်ယဲ့၏ လက်ရာကို ချူယွမ် ပေကလပ်ပေကလပ် ကြည့်နေ၏။ခန္ဓာကိုယ် အောက်ပိုင်းတစ်၀က်ကိုလွှမ်းထားသော အတွင်းခံဘောင်းဘီရှည်သာ ကျန်ရစ်ခဲ့၍ ကျစ်လျစ်တောင့်တင်းသော အပေါ်ပိုင်းခန္ဓာကိုမူ အထင်းသား မြင်နေရလေသည်။
"ကျွန်တော်မျိုးအစား သူ့ကိုခဏ ပွေ့ဖက်ပေးထားပါလားဘုရား"
နန်မော်ယဲ့က သေချာမှာတမ်းခြွေလိုက်သေး၏။ချူယွမ်မှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သွမ့်ပိုင်ယွဲ့ကို ထူမလိုက်ကာ မိမိရင်ခွင်ပေါ် မှီလှဲစေလိုက်သည်။
နန်မော်ယဲ့က အပ်တစ်ချောင်းထုတ်ယူလိုက်ပြီး အပ်စိုက်ကုစရာနေရာတစ်ခုသို့ စိုက်လိုက်သည်။ တကယ်တော့ မည်သည့်အာနိသင်မှတော့ရှိမနေ ၊ နာအောင်လုပ်ရုံသာဖြစ်သည်၊ ဟိုးရိုးတွင်းခြင်ဆီထိ နှလုံးသည်းပွတ်ထိ နာကျင်စေရန်သာဖြစ်သည်။ နန်မော်ယဲ့လက်ချက်ကြောင့် သတိလစ်မေ့မြောနေသော သွမ့်ပိုင်ယွဲ့သည်ပင် တစ်ချက်တစ်ချက် မျက်နှာပျက်သွားလေသည်။နန်မော်ယဲ့ကလည်း ချူယွမ်ကို ထပ်ခါတလဲလဲ သတိပေး၏။
"သူ့ကို မြဲမြဲဖက်ထားပေး၊ လွတ်မသွားစေနဲ့"
ချူယွမ် - "........"
နာရီ၀က်အတွင်းတွင် နန်မော်ယဲ့မှာ သွမ့်ပိုင်ယွဲ့၏ခန္ဓာကိုယ်ပေါ် ငွေအပ်ပေါင်း တစ်ရာကျော်မျှ စိုက်ပြီးသားဖြစ်လေသည်။
တစ်၀က်က ေ၀ဒနာသက်သာရန်ဖြစ်ပြီး တစ်၀က်က ကရုဏာသက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။
ချူယွမ်လည်း မိမိရင်ခွင်ထဲမှ လူသားမှာ ေ၀ဒနာအရှိန်ကြောင့် အစဥ်မပြတ် နာကျင်စွာ ခံစားညည်းညူနေရသည်ကို မြင်တော့ မသိလိုက်မသိဘာသာ ပို၍တင်းကျပ်စွာ ပွေ့ဖက်ထားမိရှာသည်။
နန်မော်ယဲ့လည်း အင်မတန်မှ နှစ်ထောင်းအားရရှိသွားပါပေ၏။
ဒီလိုလေး အသားကိုအသားချင်းထိကြတာမျိုးက များများပေးဖြစ်ခိုင်းလေ ကောင်းလေပဲ။
"သူ ဘာလို့ ချီဓာတ်ပြိုကွဲတဲ့အထိတောင် ဖြစ်သွားရတာလဲ"
ချူယွမ်က နန်မော်ယဲ့ ကုသမှုပြုလုပ်နေရင်း အားလပ်သွားသောအချိန်ကြား လု၍မေးရှာသည်။
"အခုမှ ထဖြစ်တာမဟုတ်ရကြောင်းပါဘုရား"
နန်မော်ယဲ့က အပ်များကို ပြန်ထုတ်ရင်း ပြန်ဖြေ၏။
"ပိုင်ယွဲ့က အရင်ကတည်းက အတွင်းဒဏ်ရာရဖူးပြီးသား၊ အခု ကြင်ဖက်ရွေးပွဲမှာ ပါ၀င်ယှဥ်ပြိုင်ရမှာဆိုတော့ ၀ါယောဓာတ်နဲ့ အတင်းဖိနှိပ်ထားလိုက်တာ ၊ အဲ့လိုဖိနှိပ်ထားတာက သူ ဒီလိုဒဏ်ရာမျိုး မလွှဲမရှောင်သာရစေခဲ့တာပါဘုရား "
ချူယွမ်မျက်မှောင်ကြုံ့သွား၏။
"အတွင်းဒဏ်ရာရထားတယ်ဆိုတာ.....
ဘယ်ကတည်းက ရထားတာတဲ့လဲ"
"ဒီကိစ္စက ပြောရမှာ ရှည်တော့ရှည်ပါတယ် ၊ အဟမ်း....."
နန်မော်ယဲ့က ဖြစ်ကြောင်းကုန်စင်ကို အစကတည်းက နိဒါန်းပျိုးပြောပြရန် လည်ချောင်းရှင်းနေစဥ်တွင်ပင် သွမ့်ပိုင်ယွဲ့ သတိပြန်လည်ရလာ၏။
"ရှစ်ဖူး!!!!"
"နိုးလာတော့လည်း ကောင်းပြီ။ နိုးလာမှပဲ ကိုယ်လက်ခန္ဓာ ချည့်နဲ့မနေမှာ ။ ဒွါရခုနစ်ပေါက်လုံး သွေးထွက်၊ အင့်ထန်နေရာ (မျက်ခုံးအဆုံးသတ်နေရာ)မှာလည်း အညိုအမည်းစွဲ၊ နှလုံးမှာလည်း ပိုးကောင်ပေါင်းသောင်းခြောက်ထောင် ကိုက်စားနေသလို နာကျင်နေရသေး။ ငါ့တပည့် ခံစားရတဲ့ေ၀ဒနာက သေရတာထက်တောင် ပိုဆိုးနေသေးတယ်...."
နန်မော်ယဲ့က စိတ်အေးသွားသည့်နှယ် သက်ပြင်းမောချလိုက်ပြီးနောက် ထိုင်ရာမှထ၊အကြောအခြင်ဆန့်လိုက်ကာ ဆက်ပြော၏။
"ဒါဆို ရေနွေးအဆင်သင့်ဖြစ်မဖြစ် ကျွန်တော်မျိုး စားဖိုဆောင်ဘက်သွားကြည့်လိုက်ပါဦးမယ်"
ထို့နောက် တံခါးနားအရောက် ထပ်မံမှာကြားသွားသေး၏။
"ဘာပြဿနာမှ ထပ်ပေါ်မလာအောင်လို့ ဧကရာဇ်ချူလည်း ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့တပည့်လေးကို ပိုပြီးမြဲမြဲလေး ဖက်ထားပေးလှည့်ပါနော့။ ဘယ်လိုဖြစ်ဖြစ် ကူအဆိပ်ပိုးကောင်က တခြားအဆိပ်နဲ့မှမတူတာ၊ သေသေချာချာလေး ကြိုတင်သတိထားဖို့ လိုတယ်...မြဲမြဲဖက်ထားပေး။ "
ချူယွမ် - ".........."
သွမ့်ပိုင်ယွဲ့ - "........."
နန်မော်ယဲ့ထွက်သွားတော့မှ ချူယွမ် ချက်ချင်းမေးလာသည်။
"မင်း ကူအဆိပ်မိထားတယ်လား"
"ရှီးနန်စံအိမ်တော်မှာ ကြီးလာတဲ့လူမှန်သမျှ ကူအဆိပ်ပိုး နှစ်ကောင်သုံးလောက်တော့ ခန္ဓာကိုယ်ထဲ ရှိနေတာချည်းပဲ....ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး..."
"ဒါဆို ဘာလို့ ရုတ်တရက်ကြီး ချီဓာတ်ဖောက်ပြန်ရတာလဲ"
"သိုင်းကျင့်စဥ်ကျင့်ရင်း မတော်တဆဖြစ်သွားရုံပါ"
ချူယွမ်က ခေါင်းအသာခါလိုက်ကာ ပြောလာ၏။
"ဒီလို အပြင်းအထန် ဒဏ်ရာရနေမှတော့ ရှီးနန်စံအိမ်တော်ကိုပဲပြန်ပြီး အနားယူလိုက်တော့၊ ဒီတစ်ခေါက် ရှီးပေစစ်ပွဲမှာ သွမ့်၀မ် လိုက်မသွားပါနဲ့တော့....."
"ကိုယ်မှ လိုက်မသွားရင် ဘယ်သူက မင်းကို ကူညီပေးမှာလဲ"
သွမ့်ပိုင်ယွဲ့က တဖြည်းဖြည်းချင်း ထထိုင်ရန်ပြင်၏။
"သိုင်းလောကရဲ့ခေါင်းဆောင် ရှန်ချန်းဖုန်းက ရှောင်ကျင့်ရဲ့ မိတ်ဆွေတစ်ယောက်ပဲ။ ကျွေ့ယင်နန်းသခင် ချင်ရှောက်ယွီလဲ ငါကိုယ်တော်နဲ့ ပူးပေါင်းဖို့ စေ့စပ်ညှိနှိုင်းပြီးသွားပြီ..."
"သြော်....ကူညီပေးမယ့်လူ တော်တော်များနေတဲ့ပုံပဲ"
သွမ့်ပိုင်ယွဲ့က ကုတင်ခေါင်းရင်းအား မှီ၍ ထိုင်လိုက်ကာ ဖျော့တော့စွာပြုံးရင်း ဆက်ဆိုလာ၏။
"နေပါစေတော့....ရှီးနန်ပဲပြန်လိုက်ပါ့မယ်"
ချူယွမ် ဘာမှပြန်မဖြေဖြစ် ၊ ပတ်၀န်းကျင်တစ်ခုလုံး တစ်ဖန် ငြိမ်သက်သွားပြန်သည်။ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက်၏ ထွက်သက်၀င်သက်ကို ကြားနေရသည့်အထိ တိတ်ဆိတ်သွားလေသည်။ တစ်အောင့်လောက်ကြာပြီးမှ ချူယွမ်စကားပြန်ဆို၏။
"အေးဆေးအနားယူလိုက်ဦး... ဒီမှာတော့ လာနှောင့်ယှက်မယ့်လူ မရှိဘူး..."
"ကောင်းပါပြီ..."
သွမ့်ပိုင်ယွဲ့လေသံမှာ ပုံမှန်ဖြစ်မနေ။
"ဘာဖြစ်တာလဲ"
နီရဲလာသော မျက်နှာပြင်ကိုမြင်တော့ ချူယွမ်လည်းစိုးရိမ်တကြီးနှင့် သွမ့်ပိုင်ယွဲ့သွေးခုန်နှုန်းကို ချက်ချင်းစမ်းသပ်ကြည့်၏။ ပုံမှန်ထက် မြန်နေသည်ပင်။
သွမ့်ပိုင်ယွဲ့မျက်၀န်းများသည်ပင် နီရဲလို့နေ၏။ချူယွမ်လည်း နန်မော်ယဲ့ကို ခေါ်ရန်သွားမည်အပြု သွမ့်ပိုင်ယွဲ့ ချက်ချင်းတားလိုက်သည်။ထို့နောက် တိုးလျဖျော့တော့နေသောအသံဖြင့်ပြောလာသည်။
"ဘာမှမဖြစ်ဘူး...ခဏနေကျ သူ့ဘာသာသူပျောက်သွားလိမ့်မယ်"
ချူယွမ်မျက်မှောင်ကြုတ်သွားသည်။ အစပထမတော့ နားမလည်၊ သို့သော် မျက်၀န်းတော်က သွမ့်ပိုင်ယွဲ့၏ ၀မ်းဗိုက်အောက် နေရာသို့ ရွေ့လျောကြည့်မိသွားသည်။ ပါးလှပ်သော အတွင်း၀တ်ရုံသာ ၀တ်ထားသဖြင့် မည်သို့သောပြောင်းလဲမှုမျိုးကိုမဆို အထင်းသားမြင်နေရသည်လေ။
......
......
......
သွမ့်ပိုင်ယွဲ့ ထွက်သက်၀င်သက်များ လွန်စွာပြင်းထန်နေလျက်။ ချူယွမ်လည်း ချက်ချင်းပင်အခန်းထဲမှ ထွက်သွားတော့သည်။
******
နန်မော်ယဲ့မှာ ခြံ၀န်းထဲတွင် သက်တောင့်သက်သာထိုင်ရင်း မြက်ခင်းပြင်ကြား ဟိုနှုတ်လိုက်ဒီနှုတ်လိုက် လုပ်နေသည်။ မိမိအင်မတန်အလုပ်ရှုပ်နေကြောင်း လုပ်ဇာတ်ခင်းနေခြင်းသာ။
ချူယွမ်တစ်ယောက် စားဖိုဆောင်တံခါး၀နား ရောက်လာပြီး ရပ်နေ၏။ မျက်နှာတစ်ခုလုံး လည်း နီမြန်းလို့။
ရှစ်ဇီက ချူယွမ်ဆီ အပြေးသွားကာ ဖေးမပေးရင်းမေး၏။
"အရှင်မင်းမြတ်၊ သွမ့်၀မ်ရော.... ဘယ်နားမှာ ဒဏ်ရာတွေရနေတာလဲဘုရား"
သွမ့်နေ့လည်း ထို့အတူ အပြေးရောက်လာချေ၏။ အခန်းတွင်း ဘာဖြစ်ခဲ့မှန်း တကယ်မသိခဲ့ပုံပင်။
"ဒီက လူကြီးမင်း....."
ဤကိစ္စမျိုးကို ထုတ်ဖော်ပြောပြဖို့ ချူယွမ် အခက်တွေ့နေသည်။ ပြောမည်ဆိုကာမှ ရပ်တန့်သွားပြန်၏။
"သြော်....ဟိုနေရာမှာ ပြောင်းလဲမှုနည်းနည်းလေးပေါ်လာလို့များလား"
နန်မော်ယဲ့က နားလည်သဘောပေါက်စွာ ပြောလာ၏။ ချူယွမ်မှာ မိုးကြိုးပစ်ချခံရသည့်အလား ၊ ပြီးတော့ အဆက်မပြတ် ခေါင်းညိတ်ပြရုံသာ။
ပြောင်းလဲမှုနည်းနည်းမဟုတ်ဘူး၊
အများကြီးမှ အများကြီး၊ ပြောင်းလဲသွားတာ။
"ကောင်းလေစွ... ကောင်းလေစွ"
နန်မော်ယဲ့က အားရကျေနပ်စွာ ပေါင်ကိုပုတ်ရင်း ဆိုလာ၏။
ချူယွမ် - "......."
ဒါမျိုးကို ကောင်းတယ်၊ ဟုတ်လား။
နန်မော်ယဲ့က သွမ့်နေ့ဘက် လှမ်းမှာလိုက်၏။
"သွမ့်နေ့.....မြို့ထဲ အမြန်သွားလိုက်။ ပြီးတော့ဆောင်ကြာမြိုင်ကနေ ချောပေ့လှပေ့ဆိုတဲ့ အချောဆုံးအပျော်မယ် မှန်သမျှ ရအောင်ခေါ်လာခဲ့။ များများစားစားမလိုဘူး ၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက်ဆို ရပြီ...အမြန်သွားတော့....."
"ဘာကြောင့်ခေါ်ရမှာလဲ....ဆရာကြီးနန်"
သွမ့်နေ့က အံ့သြတကြီးမေးလာ၏။ ရှစ်ဇီလည်း မိမိနားပင်မကောင်းတော့သလားဟု တွေးမိသွားသည်။ မယုံနိုင်စရာကောင်းသောစကားမျိုးကို ကြားလိုက်ရသလိုပင်။ ချူယွမ်လည်း ထိုနည်းတူမေးလာပြန်၏။
"အပျော်မယ်တွေကို ဘာလို့ခေါ်လာရမှာလဲ"
"သေချာပေါက် ...အတူတူပျော်ပါးဖို့အတွက်ပဲပေါ့....."
ချူယွမ် ဘာမှပြောမထွက်တော့။
ဒီလိုဖြေလို့လည်း ရတယ်လား။
နန်မော်ယဲ့က အေးဆေးတည်ငြိမ်စွာ ဆက်ပြော၏။
"ကူအဆိပ်ပိုး ဟေဟွမ်ဆိုတာမျိုးက ပိုင်ယွဲ့ထဲမှာရှိနေမှတော့ ဟိုအရည်မျိုးကိုအချိန်မီ မထုတ်လွှတ်ပေးရင် မဖြေလျှော့ပေးရင် သူ့ဘာသာသူ ပေါက်ကွဲထွက်လာမှာတောင် စိုးရိမ်ရသေးတယ်"
ချူယွမ် - "........"
ချူယွမ် - "........"
ချူယွမ် - "........"
ပေါက်ကွဲမယ်ဟုတ်လား....
နောက်ဆုံးတော့ သွမ့်နေ့လည်း မှင်သက်နေရာမှ ပြန်သတိ၀င်လာကာ ချက်ချင်း အပြေးထွက်သွားတော့သည်။
" ချက်ချင်းပြန်လာခဲ့စမ်း!!!!"
ချူယွမ် ဒေါသတကြီး အော်ပြောလာတော့ သွမ့်နေ့မှာ ချက်ချင်း တု့ံဆိုင်းသွားရလေသည်။
ဘာလို့ ပြန်သွားခိုင်းတာလဲ၊
နောက်ကျလို့မရဘူးလေ၊
၀မ်ရယ် ပေါက်ကွဲတော့မယ်တဲ့။
"ဟုတ်သားပဲ၊ ဒီနေရာက ဧကရာဇ်ချူ စံပယ်တဲ့နေရာဆိုတော့ အပြင်လူတွေ ပေးသိလို့မရပြန်ဘူး"
နန်မော်ယဲ့က ထလာလိုက်ကာ -
"ဒါဆို ပိုင်ယွဲ့ကိုပဲ ဆောင်ကြာမြိုင်ခေါ်သွားတော့မယ်၊ အလှမယ်တွေ များပါသဘိနဲ့ စိတ်ကြိုက်ရွေးလို့ရတော့ ပိုအဆင်ပြေတာေပါ့"
နန်မော်ယဲ့ပြောလို့မဆုံးခင်မှာပင် ချူယွမ်မှာ အခန်းတွင်း ပြန်လှည့်၀င်သွားတော့သည်။ နန်မော်ယဲ့လည်း ချက်ချင်းပင် အခန်းတံခါးနားကပ်ပြီး နားထောင်လိုက်သည်။
ရှစ်ဇီကုန်းကုန်း "........"
*******
သွမ့်ပိုင်ယွဲ့မှာ ပြင်းထန်သောေ၀ဒနာကြီးကြောင့် မျက်နှာရှုံ့တွနေလျက် ၊ တစ်ကိုယ်လုံးလည်း ချွေးစေးများဖြင့် စိုရွှဲလျက်။ချူယွမ်မှာ ကုတင်ဘေးနားရပ်လိုက်ကာ ဘာလုပ်ရမည်မှန်း မတွေးတတ်တော့။
အပြင်မှ နန်မော်ယဲ့ကလျှောက်တင်လာ
ပြန်၏။
"၀မ်ရယ်ကို ခေါ်သွားလို့ရပြီဆိုရင်လည်း ပြောပြပေးပါဦးဘုရား။ နှောင့်နှေးကြန့်ကြာနေလို့ လုံး၀မဖြစ်ကြောင်းပါ"
"မျက်လုံးမှိတ်ထား"
".....ဟင်?"
ခြောက်သွေ့အက်ကွဲသောအသံဖြင့် သွမ့်ပိုင်ယွဲ့ပြောလာတော့ ချူယွမ် ချက်ချင်း နားမလည်လိုက်။
သွမ့်ပိုင်ယွဲ့က ထိုအတွင်းခံကိုပင် ချွတ်ပစ်လိုက်လေပြီ။ ချူယွမ်လည်း ချက်ချင်းပင်
လသာဆောင်ဘက် ထွက်နေပေး၏။
သူ့မျက်နှာ ဖြူသလားနီသလားဆိုသည်ပင်
မသိနိုင်တော့။
အခန်းတွင်း၀ယ် သွမ့်ပိုင်ယွဲ့၏ အသက်ရှူသံခပ်ပြင်းပြင်းမှတစ်ပါး လုံး၀တိတ်ဆိတ်နေ၏။
ကျိုးစံအိမ်တော်သို့မလာမီ နန်မော်ယဲ့ သူ့ကိုကျွေးလိုက်သော ထိုဆေးလုံးမှာ အင်မတန်အံ့သြဖွယ်ကောင်းလောက်အောင် အာနိသင်ကြီးပါပေ၏။ ထို့ကြောင့် အတော်ပင် အချိန်ယူလိုက်ရသည်။သွမ့်ပိုင်ယွဲ့လည်း ချူယွမ်၏ အရိပ်လေးကို အမြဲမပြတ်ကြည့်နေခဲ့သည်။
ချူယွမ်သည်ပင် မိုးလင်းသည်ထိ ဤသို့သောအခြေအနေမှာ နေရမည်လားဟုပင် တွေးနေမိသည်။ ဤပြတင်းပေါက်မှပင် ပြန်ထွက်ရမလားတွေးနေစဥ် အခန်းထဲမှအသံက တစ်ဖန်ပြန်လည် ငြိမ်သက်သွားတော့သည်။
ချူယွမ်က ထိုသူ့အတွက် ပု၀ါအသစ်စက်စက် တစ်ထည် လှမ်းပစ်ပေးလိုက်သည်။ ရှီးနန်မှာ ကူအဆိပ်ပိုးကောင် အမျိုးအစားမြောက်မြားစွာရှိသည်မှာ ထူးဆန်းအ့ံသြဖွယ်မဟုတ်။ အခု ထိုသူက ဘယ်အဆိပ်ကိုမှမမိဘဲ ဟေဟွမ်ပိုးလို အောက်တန်းကျတဲ့အာနိသင်မျိုးပေးတဲ့ အဆိပ်မျိုးမှ လာသင့်သည်တဲ့လား။
အိပ်ယာထက်မှ မည်သည့်အသံမှဆက်မကြားရတော့သဖြင့် ချူယွမ် လှည့်ကြည့်လိုက်တော့ သွမ့်ပိုင်ယွဲ့တစ်ယောက် အိပ်မောကျနေရှာပြီဖြစ်သည်။
*********
ထိုညတွင်တော့ ချူယွမ်က စာကြည့်ခန်းထဲတွင်သာ အောင်းနေခဲ့ပြီး ရှစ်ဇီက လက်ဖက်ရည်လာဆက်သမည်ဆိုသည်ကိုပင် နှင်ထုတ်လွှတ်ခံရလေသည်။
မိုးစင်စင်လင်းတော့ လေးလံနေသောသွမ့်ပိုင်ယွဲ့မျက်လုံးများ ပွင့်လာပြီး နန်မော်ယဲ့ကို ဦးစွာမြင်ရလေသည်။ သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် မျက်လုံးပြန်မှိတ်ကာ ပြန်အိပ်နေလေ၏။
နန်မော်ယဲ့က သက်ပြင်းရှည်ကြီးချလိုက်ကာ-
"မင်းရှစ်ဖူးတော့ ဘယ်ချိန်ကျမှ မင်းတို့ရဲ့ မင်္ဂလာသေရည်သောက်ရမှာလဲကွာ"
"သူများဆရာတွေတော့ ဒဏ်ရာသက်သာရဲ့လားလို့ အရင်မေးကြည့်ကြမှာ"
"မသက်သာဘဲရှိမလား။ မင်းရဲ့ သွေးခုန်နှုန်းတွေပါ သေချာကိုင်ကြည့်ပြီးသားနော်။ ဟေဟွမ်ပိုးကောင်ကိုထည့်ပြီး မင်းရဲ့ရွှေချည်ပိုးကောင်ကို စားပစ်ခိုင်းလိုက်တော့ အချိန်ရောအင်အားရော အကုန်သက်သာတယ်လေ။ ခန္ဓာကိုယ်က တော်တော်အားနည်းသွားနိုင်တယ်ဆိုပေမယ့် တခြားဘာပြဿနာဆိုးဆိုးရွားရွားကြီး မရှိဘူး"
သွမ့်ပိုင်ယွဲ့ မည်သို့ပြောရမှန်းမသိတော့။ အမှန်အတိုင်းဆိုရလျှင် ရွှေချည်ပိုးကောင် (သွမ့်ပိုင်ယွဲ့ထဲမှာရှိတဲ့ ကူအဆိပ်ပိုးနာမည်) ကိုက်စား၀ါးမြိုသော ၊ နှလုံးသားမှ တဆစိဆစ်ကိုက်ခဲသည့်ေ၀ဒနာမျိုးနှင့် အရိုးတွင်းထဲ လှိုက်းားခံရသော ေ၀ဒနာမျိုးကိုသာ သူ ကျေကျေနပ်နပ်ခံယူချင်သည်။ မနေ့ညကလို ရှက်ဖို့ကောင်းသော အဖြစ်မျိုးတော့ သူ
လုံး၀မဖြစ်စေချင်ပါ။
"မင်း လက်ထပ်ပြီးခါမှ ဟေဟွမ်ပိုးရဲ့ အာနိသင်ကို အောက်မေ့တမ်းတရပါလိမ့်မယ်"
နန်မော်ယဲ့က ပြုံးစစနှင့် အတွေ့အကြုံရှိသူသဖွယ်ပြောလာ၏။ သွမ့်ပိုင်ယွဲ့တော့ ဆရာဖြစ်သူကို သင်္ချိုင်းသို့ အမြန်ပြန်ပို့ချင်နေပြီဖြစ်သည်။ ထို့နောက် နန်မော်ယဲ့က ဆက်ပြောလာ၏။
"ရွှေချည်ပိုးကောင်က တစ်ခါနိုးရင် အနည်းဆုံးသုံးရက်လောက်သောင်းကျန်းပြီးမှ ပြန်ငြိမ်သွားတာ။ ဆရာ့အမြင်မှာတော့ ဒုက္ခေ၀ဒနာခံနေမယ့်အစား ကာမဂုဏ်အရသာထဲ ပျော်မွေ့စံစားရင် ပိုမကောင်းဘူးလား"
သို့နှင့် သွမ့်ပိုင်ယွဲ့က သူ့အားချက်ချင်းနှင်ထုတ်လိုက်လေသည်။ အခန်းထဲမှထွက်လာရတော့ ခြံ၀န်းထဲတွင်ရပ်နေသည့် ချူယွမ်ကို နန်မော်ယဲ့တွေ့လိုက်ရတော့ သနားစဖွယ်လေသံဖြင့်အော်ပြောလာ၏။
"အရှင်မင်းမြတ်.....ကျွန်တော်မျိုးတို့ရဲ့၀မ်ရယ်တော့ အဆိပ်ဒဏ်ပြန်သင့်နေပါတယ်ဘုရား"
ချူယွမ်လည်း မိမိအခန်းသို့သာ ပြတ်သားစွာပင် ချာခနဲ ပြန်လှည့်သွားလေပြီ။နန်မော်ယဲ့လည်း ချူယွမ်ထွက်သွားသည်ကို ပေကလပ်ပေကလပ် ကြည့်နေရုံသာ။
မဟုတ်လျှင် စောန သူ သွမ့်ပိုင်ယွဲ့ကို သွေးအန်အောင် တစ်ချက်မျှ သွားဆော်ပြီးသည်နှင့် ထိုနှစ်ယောက်ကို ပစ်ထားကာ သွမ့်နေ့နှင့်အတူ ရှီးနန်ပြန်တော့မည်ဟုပင် ကြံစည်ပြီးနေပြီလေ။
အဲ့တော့မှ ကြည့်ကြသေးတာပေါ့၊ သူ့ကို မင်းသွားမတွေ့ဘဲနေဦးမလား ၊ သွားမကူညီဘဲ နေနိုင်ဦးမလားဆိုတာ။
*********
နောက်နှစ်ရက်အကြာ သွမ့်ပိုင်ယွဲ့ခန္ဓာထဲမှ အဆိပ်ပိုးကောင်မှာ ပြန်လည်နိုးထလှုပ်ရှားလာ၏။ဦးနှောက်မှသည် အရိုးအဆစ်ထိ ရွှေ့ပြောင်းသွားလာနေသဖြင့် ခြေပြတ်လက်ပြတ်ဒုက္ခိတဘ၀ရောက်တော့မတတ် အရိုးများထဲမှ နာကျင်စွာလှိုက်စားနေမှုကို အလူးအလိမ့် ခံနေရရှာသည်။ နောက်ဆုံးေ၀ဒနာလှိုင်းတစ်ခေါက် ပုတ်ခတ်ပြီးချိန်မှာတော့ သွမ့်ပိုင်ယွဲ့လည်း နောက်တစ်ကြိမ် သတိလစ်မေ့မြောသွားလေသည်။
သတိရတစ်ချက်မရတစ်ချက်နှင့် မိန်းမောနေစဥ်တွင် တစ်စုံတစ်ယောက်က သူ့နဖူးပြင်ထက် နွေးထွေးသောအ၀တ်စတစ်ခုဖြင့် နူးညံ့စွာ ယုယစွာ ဂရုတစိုက်သန့်စင်သုတ်သင်ပေးနေသလိုပင်။ ထိုအထိအတွေ့များနှင့်တင် သူ၏နာကျင်မှုများကို အတော်အတန်ပင်
လွင့်ပါးပျောက်ကွယ်သွားစေလေသည်။
ချူယွမ်က သွမ့်ပိုင်ယွဲ့အား စောင်သေချာခြုံပေးလိုက်ပြီး လက်နှစ်ဖက်ကိုပါ ဂရုတစ်ိုက်သိမ်းပြီး ခြုံလွှမ်းပေးထား၏။ ထို့နောက် အခန်းအပြင်ဘက်ထွက်သွားကာ မြို့ထဲရှိ အိမ်တစ်အိမ်သို့ ကြွသွားတော်မူသည်။
"ရွှေချည်ပိုးကောင်...ဟုတ်လား"
ယဲ့ကျင့်က ခေါင်းညိတ်ရင်းဆို၏။
"အင်း....သိတယ်လေ။ အဲ့ပိုးကောင်က မြောင်ကျင်းမျိုးနွယ်စုတွေကနေ ဆင်းသက်လာတဲ့ ၊ ရန်သူတွေကိုအန္တရာယ်ပြုတဲ့နေရာမှာ သုံးတဲ့ ကူအဆိပ်ပိုးတစ်မျိုးပဲ။ တော်တော်ကြီးကို ပြင်းထန်တဲ့အဆိပ်ထဲပါတယ်။ ခင်ဗျား ဘာစိတ်ကူးပေါက်ပြီး ဒီအကြောင်း လာမေးတာလဲ"
"ဖြေဆေးရှိလား"
"ခင်ဗျား အဆိပ်မိထားတာလား....!!!!! "
ယဲ့ကျင့်က လျင်မြန်စွာပင် ချူယွမ်လက်ကိုကိုင်ဆွဲကာ သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။
"ဘာမှမဖြစ်ဘူးပဲ ..... ။ အဲ့ပိုးကောင်အတွက် ဖြေဆေးရှာမယ်ဆိုရင် ထျဲန်းချန်ချားကို လိုက်ရှာရမယ်။ ဒါပေမယ့် ဒီဆေးက ရှေးဟောင်းဒဏ္ဍာရီထဲမှာပဲ ကြားဖူးနား၀ ပြောပြထားတာဆိုတော့ ခင်ဗျား ဧကရာဇ်တစ်ပါးဖြစ်နေတယ်ဆိုစေဦးတော့ ၊ ရှာရလွယ်မှာမဟုတ်ဘူး....."
"ရှာရတာမလွယ်ဘူးဆိုပေမယ့် ရှာလို့မတွေ့နိုင်ဘူးလို့ မပြောထားဘူးလေ"
ချူယွမ်က ဆိုလိုရင်းကိုသာ မြဲမြံစွာဆုပ်ကိုင်လေသည်။
"ဟုတ်ပြီ။ အခု ဘယ်သူက အဲ့အဆိပ်မိနေလို့လဲ။ ရှစ်ဇီလား....."
"ဘယ်နှယ့် ရှစ်ဇီဖြစ်ရမှာလဲ"
ချူယွမ် အတန်ငယ်လန့်ဖျတ်သွား၏။
"လျှောက်မှန်းကြည့်တာလေ......ရှစ်ဇီကလွဲရင် ခင်ဗျား ဘယ်သူ့ကို အရေးစိုက်တာကျလို့ "
ဒီလိုမျိုး ကိုယ်တိုင်ဖြေဆေးလိုက်ရှာပေးဖို့ဆိုတာ ေ၀းလာေ၀းပေါ့။
"မင်းကိုရော ကိုယ်တော် အလေးထားပါတယ်"
"မတူဘူးလေ"
ကျွန်တော်က နတ်ဆေးဆရာနော်။
ခင်ဗျားနဲ့ လုံး၀မရင်းနှီးဘူး။
*********
Thz for reading. Have a nice day.
2020.04.30.
ဒီအပိုင်းက Fontနှစ်မျိုးပေါင်းလိုက်ရင် စာလုံးရေအရမ်းများသွားလို့ ခွဲတင်လိုက်ပါတယ်နော့။
********
[တထစ္ခ်ေျပာလို႔မရဘူး... ေတြ့ရင္ေတြ့ႏိုင္တာပဲ]
Zawgyi version:
ရွစ္ဇီကုန္းကုန္းမွာ ၀ၿဖိဳးႀကီးမားေသာကိုယ္လံုးကိုယ္ထည္ရိွေသာ္လည္း သိုင္းပညာက်င့္ႀကံဖူးသူမဟုတ္သျဖင့္ သြမ့္ေန့
ဆြဲေခၚရာေနာက္ လြယ္လင့္တကူပင္ ပါလာခဲ့ေလသည္။ထို႔ေၾကာင့္ အခန္းတစ္ခုလံုး တိတ္ဆိတ္စြာသာ က်န္ရစ္ေနခဲ့သည္။
မ်က္စိတစ္မိွတ္စာအတြင္းမွာပင္ သြမ့္ပိုင္ယြဲ႔ကို လ်င္ျမန္ဖ်တ္လတ္စြာ အေတာင္ခြၽတ္အေမြးႏႈတ္သြားေသာ နန္ေမာ္ယဲ့၏ လက္ရာကို ခ်ူယြမ္ ေပကလပ္ေပကလပ္ ၾကည့္ေန၏။ခႏၶာကိုယ္ ေအာက္ပိုင္းတစ္၀က္ကိုလႊမ္းထားေသာ အတြင္းခံေဘာင္းဘီရွည္သာ က်န္ရစ္ခဲ့၍ က်စ္လ်စ္ေတာင့္တင္းေသာ အေပၚပိုင္းခႏၶာကိုမူ အထင္းသား ျမင္ေနရေလသည္။
"ကြၽန္ေတာ္မ်ိဳးအစား သူ႔ကိုခဏ ေပြ့ဖက္ေပးထားပါလားဘုရား"
နန္ေမာ္ယဲ့က ေသခ်ာမွာတမ္းေႁခြလိုက္ေသး၏။ခ်ူယြမ္မွာ ေခတၲမ်ွ တံု႔ဆိုင္းေနၿပီးေနာက္ သြမ့္ပိုင္ယြဲ႔ကို ထူမလိုက္ကာ မိမိရင္ခြင္ေပၚ မွီလွဲေစလိုက္သည္။
နန္ေမာ္ယဲ့က အပ္တစ္ေခ်ာင္းထုတ္ယူလိုက္ၿပီး အပ္စိုက္ကုစရာေနရာတစ္ခုသို႔ စိုက္လိုက္သည္။ တကယ္ေတာ့ မည္သည့္အာနိသင္မွေတာ့ရိွမေန ၊ နာေအာင္လုပ္ရံုသာျဖစ္သည္၊ ဟိုးရိုးတြင္းျခင္ဆီထိ ႏွလံုးသည္းပြတ္ထိ နာက်င္ေစရန္သာျဖစ္သည္။ နန္ေမာ္ယဲ့လက္ခ်က္ေၾကာင့္ သတိလစ္ေမ့ေျမာေနေသာ သြမ့္ပိုင္ယြဲ႔သည္ပင္ တစ္ခ်က္တစ္ခ်က္ မ်က္ႏွာပ်က္သြားေလသည္။နန္ေမာ္ယဲ့ကလည္း ခ်ူယြမ္ကို ထပ္ခါတလဲလဲ သတိေပး၏။
"သူ႔ကို ၿမဲျမဲဖက္ထားေပး၊ လြတ္မသြားေစနဲ႔"
ခ်ူယြမ္ - "........"
နာရီ၀က္အတြင္းတြင္ နန္ေမာ္ယဲ့မွာ သြမ့္ပိုင္ယြဲ႔၏ခႏၶာကိုယ္ေပၚ ေငြအပ္ေပါင္း တစ္ရာေက်ာ္မ်ွ စိုက္ၿပီးသားျဖစ္ေလသည္။
တစ္၀က္က ေဝဒနာသက္သာရန္ျဖစ္ၿပီး တစ္၀က္က ကရုဏာသက္ခ်င္စဖြယ္ျဖစ္ေအာင္ ဖန္တီးထားျခင္းျဖစ္သည္။
ခ်ူယြမ္လည္း မိမိရင္ခြင္ထဲမွ လူသားမွာ ေဝဒနာအရိွန္ေၾကာင့္ အစဥ္မျပတ္ နာက်င္စြာ ခံစားညည္းၫူေနရသည္ကို ျမင္ေတာ့ မသိလိုက္မသိဘာသာ ပို၍တင္းက်ပ္စြာ ေပြ့ဖက္ထားမိရွာသည္။
နန္ေမာ္ယဲ့လည္း အင္မတန္မွ ႏွစ္ေထာင္းအားရရိွသြားပါေပ၏။
ဒီလိုေလး အသားကိုအသားခ်င္းထိၾကတာမ်ိဳးက မ်ားမ်ားေပးျဖစ္ခိုင္းေလ ေကာင္းေလပဲ။
"သူ ဘာလို႔ ခ်ီဓာတ္ၿပိဳကြဲတဲ့အထိေတာင္ ျဖစ္သြားရတာလဲ"
ခ်ူယြမ္က နန္ေမာ္ယဲ့ ကုသမႈျပဳလုပ္ေနရင္း အားလပ္သြားေသာအခ်ိန္ၾကား လု၍ေမးရွာသည္။
"အခုမွ ထျဖစ္တာမဟုတ္ရေၾကာင္းပါဘုရား"
နန္ေမာ္ယဲ့က အပ္မ်ားကို ျပန္ထုတ္ရင္း ျပန္ေျဖ၏။
"ပိုင္ယြဲ႔က အရင္ကတည္းက အတြင္းဒဏ္ရာရဖူးၿပီးသား၊ အခု ၾကင္ဖက္ေရြးပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ရမွာဆိုေတာ့ ဝါေယာဓာတ္နဲ႔ အတင္းဖိႏိွပ္ထားလိုက္တာ ၊ အဲ့လိုဖိႏိွပ္ထားတာက သူ ဒီလိုဒဏ္ရာမ်ိဳး မလႊဲမေရွာင္သာရေစခဲ့တာပါဘုရား "
ခ်ူယြမ္မ်က္ေမွာင္ႀကံဳ႔သြား၏။
"အတြင္းဒဏ္ရာရထားတယ္ဆိုတာ.....
ဘယ္ကတည္းက ရထားတာတဲ့လဲ"
"ဒီကိစၥက ေျပာရမွာ ရွည္ေတာ့ရွည္ပါတယ္ ၊ အဟမ္း....."
နန္ေမာ္ယဲ့က ျဖစ္ေၾကာင္းကုန္စင္ကို အစကတည္းက နိဒါန္းပ်ိဳးေျပာျပရန္ လည္ေခ်ာင္းရွင္းေနစဥ္တြင္ပင္ သြမ့္ပိုင္ယြဲ႔ သတိျပန္လည္ရလာ၏။
"ရွစ္ဖူး!!!!"
"ႏိုးလာေတာ့လည္း ေကာင္းၿပီ။ ႏိုးလာမွပဲ ကိုယ္လက္ခႏၶာ ခ်ည့္နဲ႔မေနမွာ ။ ဒြါရခုနစ္ေပါက္လံုး ေသြးထြက္၊ အင့္ထန္ေနရာ (မ်က္ခံုးအဆံုးသတ္ေနရာ)မွာလည္း အညိုအမည္းစြဲ၊ ႏွလံုးမွာလည္း ပိုးေကာင္ေပါင္းေသာင္းေျခာက္ေထာင္ ကိုက္စားေနသလို နာက်င္ေနရေသး။ ငါ့တပည့္ ခံစားရတဲ့ေဝဒနာက ေသရတာထက္ေတာင္ ပိုဆိုးေနေသးတယ္...."
နန္ေမာ္ယဲ့က စိတ္ေအးသြားသည့္ႏွယ္ သက္ျပင္းေမာခ်လိုက္ၿပီးေနာက္ ထိုင္ရာမွထ၊အေၾကာအျခင္ဆန္႔လိုက္ကာ ဆက္ေျပာ၏။
"ဒါဆို ေရႏြေးအဆင္သင့္ျဖစ္မျဖစ္ ကြၽန္ေတာ္မ်ိဳး စားဖိုေဆာင္ဘက္သြားၾကည့္လိုက္ပါၪီးမယ္"
ထို႔ေနာက္ တံခါးနားအေရာက္ ထပ္မံမွာၾကားသြားေသး၏။
"ဘာျပႆနာမွ ထပ္ေပၚမလာေအာင္လို႔ ဧကရာဇ္ခ်ူလည္း ေက်းဇူးျပဳျပီး ကြၽန္ေတာ္မ်ိဳးရဲ့တပည့္ေလးကို ပိုၿပီးၿမဲျမဲေလး ဖက္ထားေပးလွည့္ပါေနာ့။ ဘယ္လိုျဖစ္ျဖစ္ ကူအဆိပ္ပိုးေကာင္က တျခားအဆိပ္နဲ႔မွမတူတာ၊ ေသေသခ်ာခ်ာေလး ႀကိဳတင္သတိထားဖို႔ လိုတယ္...ၿမဲျမဲဖက္ထားေပး။ "
ခ်ူယြမ္ - ".........."
သြမ့္ပိုင္ယြဲ႔ - "........."
နန္ေမာ္ယဲ့ထြက္သြားေတာ့မွ ခ်ူယြမ္ ခ်က္ခ်င္းေမးလာသည္။
"မင္း ကူအဆိပ္မိထားတယ္လား"
"ရွီးနန္စံအိမ္ေတာ္မွာ ႀကီးလာတဲ့လူမွန္သမ်ွ ကူအဆိပ္ပိုး ႏွစ္ေကာင္သံုးေလာက္ေတာ့ ခႏၶာကိုယ္ထဲ ရိွေနတာခ်ည္းပဲ....ကိစၥႀကီးႀကီးမားမား မဟုတ္ပါဘူး..."
"ဒါဆို ဘာလို႔ ရုတ္တရက္ႀကီး ခ်ီဓာတ္ေဖာက္ျပန္ရတာလဲ"
"သိုင္းက်င့္စဥ္က်င့္ရင္း မေတာ္တဆျဖစ္သြားရံုပါ"
ခ်ူယြမ္က ေခါင္းအသာခါလိုက္ကာ ေျပာလာ၏။
"ဒီလို အျပင္းအထန္ ဒဏ္ရာရေနမွေတာ့ ရွီးနန္စံအိမ္ေတာ္ကိုပဲျပန္ၿပီး အနားယူလိုက္ေတာ့၊ ဒီတစ္ေခါက္ ရွီးေပစစ္ပြဲမွာ သြမ့္၀မ္ လိုက္မသြားပါနဲ႔ေတာ့....."
"ကိုယ္မွ လိုက္မသြားရင္ ဘယ္သူက မင္းကို ကူညီေပးမွာလဲ"
သြမ့္ပိုင္ယြဲ႔က တျဖည္းျဖည္းခ်င္း ထထိုင္ရန္ျပင္၏။
"သိုင္းေလာကရဲ့ေခါင္းေဆာင္ ခ်န္ရွန္းဖုန္းက ေရွာင္က်င့္ရဲ့ မိတ္ေဆြတစ္ေယာက္ပဲ။ ကြၽီယင့္နန္းသခင္ ခ်င္ေဆာက္ယြီလဲ ငါကိုယ္ေတာ္နဲ႔ ပူးေပါင္းဖို႔ ေစ့စပ္ၫွိႏိႈင္းၿပီးသြားၿပီ..."
"ေၾသာ္....ကူညီေပးမယ့္လူ ေတာ္ေတာ္မ်ားေနတဲ့ပံုပဲ"
သြမ့္ပိုင္ယြဲ႔က ကုတင္ေခါင္းရင္းအား မွီ၍ ထိုင္လိုက္ကာ ေဖ်ာ့ေတာ့စြာၿပံဳးရင္း ဆက္ဆိုလာ၏။
"ေနပါေစေတာ့....ရွီးနန္ပဲျပန္လိုက္ပါ့မယ္"
ခ်ူယြမ္ ဘာမျွပန္မေျဖျဖစ္ ၊ ပတ္၀န္းက်င္တစ္ခုလံုး တစ္ဖန္ ၿငိမ္သက္သြားျပန္သည္။ အခ်င္းခ်င္း တစ္ေယာက္ႏွင့္တစ္ေယာက္၏ ထြက္သက္၀င္သက္ကို ၾကားေနရသည့္အထိ တိတ္ဆိတ္သြားေလသည္။ တစ္ေအာင့္ေလာက္ၾကာၿပီးမွ ခ်ူယြမ္စကားျပန္ဆို၏။
"ေအးေဆးအနားယူလိုက္ၪီး... ဒီမွာေတာ့ လာေနွာင့္ယွက္မယ့္လူ မရိွဘူး..."
"ေကာင္းပါၿပီ..."
သြမ့္ပိုင္ယြဲ႔ေလသံမွာ ပံုမွန္ျဖစ္မေန။
"ဘာျဖစ္တာလဲ"
နီရဲလာေသာ မ်က္ႏွာျပင္ကိုျမင္ေတာ့ ခ်ူယြမ္လည္းစိုးရိမ္တႀကီးႏွင့္ သြမ့္ပိုင္ယြဲ႔ေသြးခုန္ႏႈန္းကို ခ်က္ခ်င္းစမ္းသပ္ၾကည့္၏။ ပံုမွန္ထက္ ျမန္ေနသည္ပင္။
သြမ့္ပိုင္ယြဲ႔မ်က္၀န္းမ်ားသည္ပင္ နီရဲလို႔ေန၏။ခ်ူယြမ္လည္း နန္ေမာ္ယဲ့ကို ေခၚရန္သြားမည္အျပဳ သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းတားလိုက္သည္။ထို႔ေနာက္ တိုးလ်ေဖ်ာ့ေတာ့ေနေသာအသံျဖင့္ေျပာလာသည္။
"ဘာမွမျဖစ္ဘူး...ခဏေနက် သူ႔ဘာသာသူေပ်ာက္သြားလိမ့္မယ္"
ခ်ူယြမ္မ်က္ေမွာင္ၾကဳတ္သြားသည္။ အစပထမေတာ့ နားမလည္၊ သို႔ေသာ္ မ်က္၀န္းေတာ္က သြမ့္ပိုင္ယြဲ႔၏ ၀မ္းဗိုက္ေအာက္ ေနရာသို႔ ေရြ့ေလ်ာၾကည့္မိသြားသည္။ ပါးလွပ္ေသာ အတြင္း၀တ္ရံုသာ ၀တ္ထားသျဖင့္ မည္သို႔ေသာေျပာင္းလဲမႈမ်ိဳးကိုမဆို အထင္းသားျမင္ေနရသည္ေလ။
......
......
......
သြမ့္ပိုင္ယြဲ႔ ထြက္သက္၀င္သက္မ်ား လြန္စြာျပင္းထန္ေနလ်က္။ ခ်ူယြမ္လည္း ခ်က္ခ်င္းပင္အခန္းထဲမွ ထြက္သြားေတာ့သည္။
******
နန္ေမာ္ယဲ့မွာ ၿခံ၀န္းထဲတြင္ သက္ေတာင့္သက္သာထိုင္ရင္း ျမက္ခင္းျပင္ၾကား ဟိုႏႈတ္လိုက္ဒီႏႈတ္လိုက္ လုပ္ေနသည္။ မိမိအင္မတန္အလုပ္ရႈပ္ေနေၾကာင္း လုပ္ဇာတ္ခင္းေနျခင္းသာ။
ခ်ူယြမ္တစ္ေယာက္ စားဖိုေဆာင္တံခါး၀နား ေရာက္လာၿပီး ရပ္ေန၏။ မ်က္ႏွာတစ္ခုလံုး လည္း နီျမန္းလို႔။
ရွစ္ဇီက ခ်ူယြမ္ဆီ အေျပးသြားကာ ေဖးမေပးရင္းေမး၏။
"အရွင္မင္းျမတ္၊ သြမ့္၀မ္ေရာ.... ဘယ္နားမွာ ဒဏ္ရာေတြရေနတာလဲဘုရား"
သြမ့္ေန့လည္း ထို႔အတူ အေျပးေရာက္လာေခ်၏။ အခန္းတြင္း ဘာျဖစ္ခဲ့မွန္း တကယ္မသိခဲ့ပံုပင္။
"ဒီက လူႀကီးမင္း....."
ဤကိစၥမ်ိဳးကို ထုတ္ေဖာ္ေျပာျပဖို႔ ခ်ူယြမ္ အခက္ေတြ့ေနသည္။ ေျပာမည္ဆိုကာမွ ရပ္တန္႔သြားျပန္၏။
"ေၾသာ္....ဟိုေနရာမွာ ေျပာင္းလဲမႈနည္းနည္းေလးေပၚလာလို႔မ်ားလား"
နန္ေမာ္ယဲ့က နားလည္သေဘာေပါက္စြာ ေျပာလာ၏။ ခ်ူယြမ္မွာ မိုးႀကိဳးပစ္ခ်ခံရသည့္အလား ၊ ၿပီးေတာ့ အဆက္မျပတ္ ေခါင္းညိတ္ျပရံုသာ။
ေျပာင္းလဲမႈနည္းနည္းမဟုတ္ဘူး၊
အမ်ားႀကီးမွ အမ်ားႀကီး၊ ေျပာင္းလဲသြားတာ။
"ေကာင္းေလစြ... ေကာင္းေလစြ"
နန္ေမာ္ယဲ့က အားရေက်နပ္စြာ ေပါင္ကိုပုတ္ရင္း ဆိုလာ၏။
ခ်ူယြမ္ - "......."
ဒါမ်ိဳးကို ေကာင္းတယ္၊ ဟုတ္လား။
နန္ေမာ္ယဲ့က သြမ့္ေန့ဘက္ လွမ္းမွာလိုက္၏။
"သြမ့္ေန့.....ၿမိဳ႔ထဲ အျမန္သြားလိုက္။ ၿပီးေတာ့ေဆာင္ၾကာၿမိဳင္ကေန ေခ်ာေပ့လွေပ့ဆိုတဲ့ အေခ်ာဆံုးအေပ်ာ္မယ္ မွန္သမ်ွ ရေအာင္ေခၚလာခဲ့။ မ်ားမ်ားစားစားမလိုဘူး ၊ ဆယ္ေယာက္၊ အေယာက္ႏွစ္ဆယ္ေလာက္ဆို ရၿပီ...အျမန္သြားေတာ့....."
"ဘာေၾကာင့္ေခၚရမွာလဲ....ဆရာႀကီးနန္"
သြမ့္ေန့က အံ့ၾသတႀကီးေမးလာ၏။ ရွစ္ဇီလည္း မိမိနားပင္မေကာင္းေတာ့သလားဟု ေတြးမိသြားသည္။ မယံုႏိုင္စရာေကာင္းေသာစကားမ်ိဳးကို ၾကားလိုက္ရသလိုပင္။ ခ်ူယြမ္လည္း ထိုနည္းတူေမးလာျပန္၏။
"အေပ်ာ္မယ္ေတြကို ဘာလို႔ေခၚလာရမွာလဲ"
"ေသခ်ာေပါက္ ...အတူတူေပ်ာ္ပါးဖို႔အတြက္ပဲေပါ့....."
ခ်ူယြမ္ ဘာမွေျပာမထြက္ေတာ့။
ဒီလိုေျဖလို႔လည္း ရတယ္လား။
နန္ေမာ္ယဲ့က ေအးေဆးတည္ၿငိမ္စြာ ဆက္ေျပာ၏။
"ကူအဆိပ္ပိုး ေဟဟြမ္ဆိုတာမ်ိဳးက ပိုင္ယြဲ႔ထဲမွာရိွေနမွေတာ့ ဟိုအရည္မ်ိဳးကိုအခ်ိန္မီ မထုတ္လႊတ္ေပးရင္ မေျဖေလ်ွာ့ေပးရင္ သူ႔ဘာသာသူ ေပါက္ကြဲထြက္လာမွာေတာင္ စိုးရိမ္ရေသးတယ္"
ခ်ူယြမ္ - "........"
ခ်ူယြမ္ - "........"
ခ်ူယြမ္ - "........"
ေပါက္ကြဲမယ္ဟုတ္လား....
ေနာက္ဆံုးေတာ့ သြမ့္ေန့လည္း မွင္သက္ေနရာမွ ျပန္သတိ၀င္လာကာ ခ်က္ခ်င္း အေျပးထြက္သြားေတာ့သည္။
" ခ်က္ခ်င္းျပန္လာခဲ့စမ္း!!!!"
ခ်ူယြမ္ ေဒါသတႀကီး ေအာ္ေျပာလာေတာ့ သြမ့္ေန့မွာ ခ်က္ခ်င္း တု႔ံဆိုင္းသြားရေလသည္။
ဘာလို႔ ျပန္သြားခိုင္းတာလဲ၊
ေနာက္က်လို႔မရဘူးေလ၊
၀မ္ရယ္ ေပါက္ကြဲေတာ့မယ္တဲ့။
"ဟုတ္သားပဲ၊ ဒီေနရာက ဧကရာဇ္ခ်ူ စံပယ္တဲ့ေနရာဆိုေတာ့ အျပင္လူေတြ ေပးသိလို႔မရျပန္ဘူး"
နန္ေမာ္ယဲ့က ထလာလိုက္ကာ -
"ဒါဆို ပိုင္ယြဲ႔ကိုပဲ ေဆာင္ၾကာၿမိဳင္ေခၚသြားေတာ့မယ္၊ အလွမယ္ေတြ မ်ားပါသဘိနဲ႔ စိတ္ႀကိဳက္ေရြးလို႔ရေတာ့ ပိုအဆင္ေျပတာေပါ့"
နန္ေမာ္ယဲ့ေျပာလို႔မဆံုးခင္မွာပင္ ခ်ူယြမ္မွာ အခန္းတြင္း ျပန္လွည့္၀င္သြားေတာ့သည္။ နန္ေမာ္ယဲ့လည္း ခ်က္ခ်င္းပင္ အခန္းတံခါးနားကပ္ၿပီး နားေထာင္လိုက္သည္။
ရွစ္ဇီကုန္းကုန္း "........"
*******
သြမ့္ပိုင္ယြဲ႔မွာ ျပင္းထန္ေသာေဝဒနာႀကီးေၾကာင့္ မ်က္ႏွာရႈံ႔တြေနလ်က္ ၊ တစ္ကိုယ္လံုးလည္း ေခြၽးေစးမ်ားျဖင့္ စိုရႊဲလ်က္။ခ်ူယြမ္မွာ ကုတင္ေဘးနားရပ္လိုက္ကာ ဘာလုပ္ရမည္မွန္း မေတြးတတ္ေတာ့။
အျပင္မွ နန္ေမာ္ယဲ့ကေလ်ွာက္တင္လာ
ျပန္၏။
"၀မ္ရယ္ကို ေခၚသြားလို႔ရၿပီဆိုရင္လည္း ေျပာျပေပးပါၪီးဘုရား။ ေနွာင့္ေနွးၾကန္႔ၾကာေနလို႔ လံုး၀မျဖစ္ေၾကာင္းပါ"
"မ်က္လံုးမိွတ္ထား"
".....ဟင္?"
ေျခာက္ေသြ့အက္ကြဲေသာအသံျဖင့္ သြမ့္ပိုင္ယြဲ႔ေျပာလာေတာ့ ခ်ူယြမ္ ခ်က္ခ်င္း နားမလည္လိုက္။
သြမ့္ပိုင္ယြဲ႔က ထိုအတြင္းခံကိုပင္ ခြၽတ္ပစ္လိုက္ေလၿပီ။ ခ်ူယြမ္လည္း ခ်က္ခ်င္းပင္
လသာေဆာင္ဘက္ ထြက္ေနေပး၏။
သူ႔မ်က္ႏွာ ျဖဴသလားနီသလားဆိုသည္ပင္
မသိႏိုင္ေတာ့။
အခန္းတြင္း၀ယ္ သြမ့္ပိုင္ယြဲ႔၏ အသက္ရႉသံခပ္ျပင္းျပင္းမွတစ္ပါး လံုး၀တိတ္ဆိတ္ေန၏။
က်ိဳးစံအိမ္ေတာ္သို႔မလာမီ နန္ေမာ္ယဲ့ သူ႔ကိုေကြၽးလိုက္ေသာ ထိုေဆးလံုးမွာ အင္မတန္အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ အာနိသင္ႀကီးပါေပ၏။ ထို႔ေၾကာင့္ အေတာ္ပင္ အခ်ိန္ယူလိုက္ရသည္။သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္၏ အရိပ္ေလးကို အၿမဲမျပတ္ၾကည့္ေနခဲ့သည္။
ခ်ူယြမ္သည္ပင္ မိုးလင္းသည္ထိ ဤသို႔ေသာအေျခအေနမွာ ေနရမည္လားဟုပင္ ေတြးေနမိသည္။ ဤျပတင္းေပါက္မွပင္ ျပန္ထြက္ရမလားေတြးေနစဥ္ အခန္းထဲမွအသံက တစ္ဖန္ျပန္လည္ ၿငိမ္သက္သြားေတာ့သည္။
ခ်ူယြမ္က ထိုသူ႔အတြက္ ပုဝါအသစ္စက္စက္ တစ္ထည္ လွမ္းပစ္ေပးလိုက္သည္။ ရွီးနန္မွာ ကူအဆိပ္ပိုးေကာင္ အမ်ိဳးအစားေျမာက္ျမားစြာရိွသည္မွာ ထူးဆန္းအံ့ၾသဖြယ္မဟုတ္။ အခု ထိုသူက ဘယ္အဆိပ္ကိုမွမမိဘဲ ေဟဟြမ္ပိုးလို ေအာက္တန္းက်တဲ့အာနိသင္မ်ိဳးေပးတဲ့ အဆိပ္မ်ိဳးမွ လာသင့္သည္တဲ့လား။
အိပ္ယာထက္မွ မည္သည့္အသံမွဆက္မၾကားရေတာ့သျဖင့္ ခ်ူယြမ္ လွည့္ၾကည့္လိုက္ေတာ့ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ အိပ္ေမာက်ေနရွာၿပီျဖစ္သည္။
*********
ထိုညတြင္ေတာ့ ခ်ူယြမ္က စာၾကည့္ခန္းထဲတြင္သာ ေအာင္ူေနခဲ့ၿပီး ရွစ္ဇီက လက္ဖက္ရည္လာဆက္သမည္ဆိုသည္ကိုပင္ ႏွင္ထုတ္လႊတ္ခံရေလသည္။
မိုးစင္စင္လင္းေတာ့ ေလးလံေနေသာသြမ့္ပိုင္ယြဲ႔မ်က္လံုးမ်ား ပြင့္လာၿပီး နန္ေမာ္ယဲ့ကို ၪီးစြာျမင္ရေလသည္။ သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ မ်က္လံုးျပန္မိွတ္ကာ ျပန္အိပ္ေနေလ၏။
နန္ေမာ္ယဲ့က သက္ျပင္းရွည္ႀကီးခ်လိုက္ကာ-
"မင္းရွစ္ဖူးေတာ့ ဘယ္ခ်ိန္က်မွ မင္းတို႔ရဲ့ မဂၤလာေသရည္ေသာက္ရမွာလဲကြာ"
"သူမ်ားဆရာေတြေတာ့ ဒဏ္ရာသက္သာရဲ့လားလို႔ အရင္ေမးၾကည့္ၾကမွာ"
"မသက္သာဘဲရိွမလား။ မင္းရဲ့ ေသြးခုန္ႏႈန္းေတြပါ ေသခ်ာကိုင္ၾကည့္ၿပီးသားေနာ္။ ေဟဟြမ္ပိုးေကာင္ကိုထည့္ၿပီး မင္းရဲ့ေရႊခ်ည္ပိုးေကာင္ကို စားပစ္ခိုင္းလိုက္ေတာ့ အခ်ိန္ေရာအင္အားေရာ အကုန္သက္သာတယ္ေလ။ ခႏၶာကိုယ္က ေတာ္ေတာ္အားနည္းသြားႏိုင္တယ္ဆိုေပမယ့္ တျခားဘာျပႆနာဆိုးဆိုးရြားရြားႀကီး မရိွဘူး"
သြမ့္ပိုင္ယြဲ႔ မည္သို႔ေျပာရမွန္းမသိေတာ့။ အမွန္အတိုင္းဆိုရလ်ွင္ ေရႊခ်ည္ပိုးေကာင္ (သြမ့္ပိုင္ယြဲ႔ထဲမွာရိွတဲ့ ကူအဆိပ္ပိုးနာမည္) ကိုက္စားဝါးၿမိဳေသာ ၊ ႏွလံုးသားမွ တဆစိဆစ္ကိုက္ခဲသည့္ေဝဒနာမ်ိဳးႏွင့္ အရိုးတြင္းထဲ လိႈက္ားးခံရေသာ ေဝဒနာမ်ိဳးကိုသာ သူ ေက်ေက်နပ္နပ္ခံယူခ်င္သည္။ မေန့ညကလို ရွက္ဖို႔ေကာင္းေသာ အျဖစ္မ်ိဳးေတာ့ သူ
လံုး၀မျဖစ္ေစခ်င္ပါ။
"မင္း လက္ထပ္ၿပီးခါမွ ေဟဟြမ္ပိုးရဲ့ အာနိသင္ကို ေအာက္ေမ့တမ္းတရပါလိမ့္မယ္"
နန္ေမာ္ယဲ့က ၿပံဳးစစႏွင့္ အေတြ့အႀကံဳရိွသူသဖြယ္ေျပာလာ၏။ သြမ့္ပိုင္ယြဲ႔ေတာ့ ဆရာျဖစ္သူကို သခ်ၤိဳင္းသို႔ အျမန္ျပန္ပို႔ခ်င္ေနၿပီျဖစ္သည္။ ထို႔ေနာက္ နန္ေမာ္ယဲ့က ဆက္ေျပာလာ၏။
"ေရႊခ်ည္ပိုးေကာင္က တစ္ခါႏိုးရင္ အနည္းဆံုးသံုးရက္ေလာက္ေသာင္းက်န္းၿပီးမွ ျပန္ၿငိမ္သြားတာ။ ဆရာ့အျမင္မွာေတာ့ ဒုကၡေဝဒနာခံေနမယ့္အစား ကာမဂုဏ္အရသာထဲ ေပ်ာ္ေမြ့စံစားရင္ ပိုမေကာင္းဘူးလား"
သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔က သူ႔အားခ်က္ခ်င္းႏွင္ထုတ္လိုက္ေလသည္။ အခန္းထဲမွထြက္လာရေတာ့ ၿခံ၀န္းထဲတြင္ရပ္ေနသည့္ ခ်ူယြမ္ကို နန္ေမာ္ယဲ့ေတြ့လိုက္ရေတာ့ သနားစဖြယ္ေလသံျဖင့္ေအာ္ေျပာလာ၏။
"အရွင္မင္းျမတ္.....ကြၽန္ေတာ္မ်ိဳးတို႔ရဲ့၀မ္ရယ္ေတာ့ အဆိပ္ဒဏ္ျပန္သင့္ေနပါတယ္ဘုရား"
ခ်ူယြမ္လည္း မိမိအခန္းသို႔သာ ျပတ္သားစြာပင္ ခ်ာခနဲ ျပန္လွည့္သြားေလၿပီ။နန္ေမာ္ယဲ့လည္း ခ်ူယြမ္ထြက္သြားသည္ကို ေပကလပ္ေပကလပ္ ၾကည့္ေနရံုသာ။
မဟုတ္လ်ွင္ ေစာန သူ သြမ့္ပိုင္ယြဲ႔ကို ေသြးအန္ေအာင္ တစ္ခ်က္မ်ွ သြားေဆာ္ၿပီးသည္ႏွင့္ ထိုႏွစ္ေယာက္ကို ပစ္ထားကာ သြမ့္ေန့ႏွင့္အတူ ရွီးနန္ျပန္ေတာ့မည္ဟုပင္ ႀကံစည္ၿပီးေနၿပီေလ။
အဲ့ေတာ့မွ ၾကည့္ၾကေသးတာေပါ့၊ သူ႔ကို မင္းသြားမေတြ့ဘဲေနၪီးမလား ၊ သြားမကူညီဘဲ ေနႏိုင္ၪီးမလားဆိုတာ။
*********
ေနာက္ႏွစ္ရက္အၾကာ သြမ့္ပိုင္ယြဲ႔ခႏၶာထဲမွ အဆိပ္ပိုးေကာင္မွာ ျပန္လည္ႏိုးထလႈပ္ရွားလာ၏။ၪီးေနွာက္မွသည္ အရိုးအဆစ္ထိ ေရႊ့ေျပာင္းသြားလာေနသျဖင့္ ေျချပတ္လက္ျပတ္ဒုကၡိတဘ၀ေရာက္ေတာ့မတတ္ အရိုးမ်ားထဲမွ နာက်င္စြာလိႈက္စားေနမႈကို အလူးအလိမ့္ ခံေနရရွာသည္။ ေနာက္ဆံုးေဝဒနာလိႈင္းတစ္ေခါက္ ပုတ္ခတ္ၿပီးခ်ိန္မွာေတာ့ သြမ့္ပိုင္ယြဲ႔လည္း ေနာက္တစ္ႀကိမ္ သတိလစ္ေမ့ေျမာသြားေလသည္။
သတိရတစ္ခ်က္မရတစ္ခ်က္ႏွင့္ မိန္းေမာေနစဥ္တြင္ တစ္စံုတစ္ေယာက္က သူ႔နဖူးျပင္ထက္ ေနြးေထြးေသာအ၀တ္စတစ္ခုျဖင့္ ႏူးညံ့စြာ ယုယစြာ ဂရုတစိုက္သန္႔စင္သုတ္သင္ေပးေနသလိုပင္။ ထိုအထိအေတြ့မ်ားႏွင့္တင္ သူ၏နာက်င္မႈမ်ားကို အေတာ္အတန္ပင္
လြင့္ပါးေပ်ာက္ကြယ္သြားေစေလသည္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား ေစာင္ေသခ်ာၿခံဳေပးလိုက္ၿပီး လက္ႏွစ္ဖက္ကိုပါ ဂရုတစ္ိုက္သိမ္းၿပီး ၿခံဳလႊမ္းေပးထား၏။ ထို႔ေနာက္ အခန္းအျပင္ဘက္ထြက္သြားကာ ၿမိဳ႔ထဲရိွ အိမ္တစ္အိမ္သို႔ ႂကြသြားေတာ္မူသည္။
"ေရႊခ်ည္ပိုးေကာင္...ဟုတ္လား"
ယဲ့က်င့္က ေခါင္းညိတ္ရင္းဆို၏။
"အင္း....သိတယ္ေလ။ အဲ့ပိုးေကာင္က ေျမာင္က်င္းမ်ိဳးႏြယ္စုေတြကေန ဆင္းသက္လာတဲ့ ၊ ရန္သူေတြကိုအႏၲရာယ္ျပဳတဲ့ေနရာမွာ သံုးတဲ့ ကူအဆိပ္ပိုးတစ္မ်ိဳးပဲ။ ေတာ္ေတာ္ႀကီးကို ျပင္းထန္တဲ့အဆိပ္ထဲပါတယ္။ ခင္ဗ်ား ဘာစိတ္ကူးေပါက္ၿပီး ဒီအေၾကာင္း လာေမးတာလဲ"
"ေျဖေဆးရိွလား"
"ခင္ဗ်ား အဆိပ္မိထားတာလား....!!!!! "
ယဲ့က်င့္က လ်င္ျမန္စြာပင္ ခ်ူယြမ္လက္ကိုကိုင္ဆြဲကာ ေသြးခုန္ႏႈန္း စမ္းၾကည့္လိုက္သည္။
"ဘာမွမျဖစ္ဘူးပဲ ..... ။ အဲ့ပိုးေကာင္အတြက္ ေျဖေဆးရွာမယ္ဆိုရင္ ထ်ဲန္းခ်န္ခ်ားကို လိုက္ရွာရမယ္။ ဒါေပမယ့္ ဒီေဆးက ေရွးေဟာင္းဒ႑ာရီထဲမွာပဲ ၾကားဖူးနား၀ ေျပာျပထားတာဆိုေတာ့ ခင္ဗ်ား ဧကရာဇ္တစ္ပါးျဖစ္ေနတယ္ဆိုေစၪီးေတာ့ ၊ ရွာရလြယ္မွာမဟုတ္ဘူး....."
"ရွာရတာမလြယ္ဘူးဆိုေပမယ့္ ရွာလို႔မေတြ့ႏိုင္ဘူးလို႔ မေျပာထားဘူးေလ"
ခ်ူယြမ္က ဆိုလိုရင္းကိုသာ ၿမဲျမံစြာဆုပ္ကိုင္ေလသည္။
"ဟုတ္ၿပီ။ အခု ဘယ္သူက အဲ့အဆိပ္မိေနလို႔လဲ။ ရွစ္ဇီလား....."
"ဘယ္ႏွယ့္ ရွစ္ဇီျဖစ္ရမွာလဲ"
ခ်ူယြမ္ အတန္ငယ္လန္႔ဖ်တ္သြား၏။
"ေလ်ွာက္မွန္းၾကည့္တာေလ......ရွစ္ဇီကလြဲရင္ ခင္ဗ်ား ဘယ္သူ႔ကို အေရးစိုက္တာက်လို႔ "
ဒီလိုမ်ိဳး ကိုယ္တိုင္ေျဖေဆးလိုက္ရွာေပးဖို႔ဆိုတာ ေဝးလာေဝးေပါ့။
"မင္းကိုေရာ ကိုယ္ေတာ္ အေလးထားပါတယ္"
"မတူဘူးေလ"
ကြၽန္ေတာ္က နတ္ေဆးဆရာေနာ္။
ခင္ဗ်ားနဲ႔ လံုး၀မရင္းႏွီးဘူး။
*********
Thz for reading. Have a nice day.
2020.04.30.
ဒီအပိုင္းက Fontႏွစ္မ်ိဳးေပါင္းလိုက္ရင္ စာလံုးေရအရမ္းမ်ားသြားလို႔ ခြဲတင္လိုက္ပါတယ္ေနာ့။
********