[ပန်၀မ် ရှီးနန်ကိုပြန်မယ်လို့ ဘယ်သူပြောလဲ]
ညကောင်းကင်ယံမှာ ရေပြင်ထုနှယ် ငြိမ်သက်နေ၏။ အေ၀းမှ လာနေသော မြင်းခွာသံများကြောင့် ငိုက်မြည်းနေသော မြို့စောင့်တပ်သားများ နိုးကြားလာကြသည်။ အနားနီးလာတော့မှ စစ်သူကြီး ရှန်ချန်းဖန်းမှန်း သေချာမြင်ရလေသည်။
ေဩာ်.....ဘယ်သူများလဲလို့။
မြို့စောင့်တပ်သားများက သက်ပြင်းချလိုက်ပြီးနောက် မြင်းကို ကူညီဆွဲပေးလာသည်။
"စစ်သူကြီးမင်းရှန် ၊ ဘာလို့ဒီလိုအချိန်ကျမှ ရောက်လာတာလဲ ခင်ဗျာ့"
"ဒီမတိုင်ခင် နန်းတွင်းထဲ ၀င်လာတဲ့လူရှိလား"
"မရှိပါဘူးခင်ဗျာ။ ငြိမ်သက်အေးချမ်းနေပါတယ် "
ရှန်ချန်းဖန်းမှာ အကြောင်းစုံရှင်းပြနေစရာအချိန်မရှိ၊ ခေါင်းသာငြိမ့်ပြလိုက်ကာ မြင်းဇက်ကြိုးကို ဆွဲပြီး နန်းတွင်းရှိ တပ်သားများစုေ၀းရာစခန်းသို့ အသော့နှင်သွားလေ၏။
မကြာမီမှာပင် မြင်းစီးတပ်သား အုပ်စုကြီးတစ်ခု နန်းတော်ဘက် ချီတက်လာသည်ကို အစောင့်တပ်သားများ တွေ့လိုက်ရ၏။ မီးတုတ်ကြီးများ ကိုင်ဆောင်လာသဖြင့်
ထိန်လင်းနေလျက်။ လျိုကုန်းဖြစ်နေမှန်းမမြင်မိလျှင် ပုန်ကန်ထကြွသူများဟုပင် ထင်မိမည်ဖြစ်သည်။
"အမတ်မင်းလျို....."
စကားပင်မဆုံးလိုက်ခင် ၀ုန်းခနဲအရှိန်နှင့်အတိုက်ခံလိုက်ရသောကြောင့် တပ်သားများမှာ ဘေးသို့ လဲကျသွားကြသည်။ထို့နောက် နန်းတွင်းထဲ တ၀ုန်း၀ုန်း၀င်သွားသောတပ်စုအား ပေကလပ်ပေကလပ်လေး ကြည့်မိကြလေသည်။
ဤအကြိမ်တွင်တော့ မည်မျှပင်ထုံအနေသူဖြစ်စေကာမူ မူမမှန်မှုတစ်ခုခုရှိမှန်း သတိထားမိမည်မှာအမှန်ပင်။ ရာထူးမှအနားယူသွားပြီဖြစ်သောလျိုကုန်းမှာ နန်းတော်သို့ ဤကဲ့သို့ အချိန်မတော်အခစား၀င်လာစရာအကြောင်းမရှိ။
ထို့ကြောင့် အစောင့်တပ်သားများလည်း အထက်အရာရှိများကို အမြန်ပင် အကြောင်းကြားရန် အပြေးလိုက်သွားတော့လေသည်။
ချူတပ်မတော်၏ ဒုတပ်မှူးမှာ ချောင်ချီဟု အမည်တွင်၏။ သာမန်အချိန်များတွင် ခပ်အေးအေးသာ နေတတ်သော်လည်း ရှန်ချန်းဖန်းအနားရှိသောအချိန်တွင်မူ လုံး၀ပြောင်းလဲသွားပေ၏။
"သူ့ကို ဖမ်းချုပ်ကြ!!!!"
လျိုကုန်းက အေ၀းကနေပင် ချန်းဖန်းအား ဖမ်းချုပ်ရန် အမိန့်ပေးအော်ဟစ်လာ၏။
ချူတပ်သားများမှာ နှစ်စု ခွဲလိုက်ကာ တစ်ဖွဲ့ကို ရှန်ချန်းဖန်းဦးဆောင်ကာ ပို၍များပြားသောတပ်သားအဖွဲ့ကို ချောင်ချီဘက်သို့ အားဖြည့်ပေး၏။ရှန်ချန်းဖန်းက ဓားအိမ်ထဲမှ လက်စွဲတော်ဓားကို ထုတ်လိုက်ကာ အမိန့်ပေးလေ၏။
"ဧကရာဇ်ရဲ့ အမိန့်တော်အရ ပုန်ကန်လာတဲ့လျိုမျိုးရိုးကို ဖမ်းချုပ်ကြ ၊ ဖမ်းချုပ်ခံဖို့ငြင်းဆန်တဲ့လူတွေကို အသေစီရင်ပစ်ကြ!!!!"
"အမိန့်အတိုင်းပါ စစ်သူကြီးမင်း!!!!"
ညီညာစွာ ဟစ်ကြွေးလာသော တပ်သားများ၏အသံမှာ မိုးယံထိတိုင် ပဲ့တင်ထပ်လျက်။
*******
ကျင့်၀မ်လမ်းမကြီးပေါ်ရှိ ကျယ်၀န်းသော
စံအိမ်တော်ကြီးတစ်ခုအတွင်း၀ယ် စံအိမ်ပိုင်ရှင်ဖြစ်သူ ယခုလက်ရှိ ဧကရာဇ်၏ ဆရာ ပုရောဟိတ်အမတ်ကြီး ထောင်လျန်တာမှာ နှစ်ခြိုက်စွာ အိပ်ပျော်သည်။ ထိုစဥ် အပြင်မှ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေသံများကို ခပ်သဲ့သဲ့ကြားရသည်။
"စံအိမ်၀န်းထဲ လူသတ်သမားတွေ ရောက်နေပါတယ်!!!! သခင်ကြီး အမြန်ရှောင်တိမ်းသွားလှည့်ပါ!!!!!"
ထိုအော်သံကြောင့် ဘေး၌လဲလျောင်းအိပ်စက်နေသော ထောင်လျန်တာ၏ဇနီးငယ်သည်ပင် ဖျတ်ကနဲ လူးလွန့် နိုးထလာသည်-
"အပြင်မှာ ဘာများဖြစ်လို့ပါလဲ အရှင်"
အပြင်ဘက်တွင် နားမခံသာလောက်
အောင် ဆူညံနေသော လက်နက်ချင်းထိခတ်တိုက်ခိုက်နေကြသော အသံများကို အတွင်းထဲထိ ကြားလာရသည်။ထောင်လျန်တာမှာ အသက်ခြောက်ဆယ်စွန်းမျှ ရောက်နေပြီဖြစ်သော်လည်း မှူးကြီးမတ်ကြီးတစ်ဦးပီပီ နန်းတွင်းထဲ၌မငြိမ်မသက်ဖြစ်နေမှုများရှိနေမှန်းသိရှိပြီးဖြစ်သည်။ စိတ်ကိုလည်း ပြင်ဆင်ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့် မိမ်ိအသက်ကိုပင် နှမြောဖို့ ကြောက်နေဖို့အချိန်မရှိ။ ဖိနပ်ကိုသေချာစီး ၊ ကုတင်ဘေးနားရှိ လက်စွဲတော်ဓားကို ယူလိုက်ကာ ဇနီးဖြစ်သူနှင့်အတူ အပြင်ကလူစုကို ဖြိုခွဲပြီး မည်သို့ထွက်သွားရမည်မှန်း ကြံစည်နေစဥ် နောက်ဘက်မှ ရယ်သွမ်းသွေးသံသဲ့သဲ့ကို ဖျတ်ကနဲ ကြားလိုက်ရသည်။
"အမတ်မင်းထောင် .....အပြင်မှာအေးတယ်နော့ ၊ အပေါ်၀တ်လေးတစ်ထည်လောက်တော့ ခြုံသွားသင့်တယ်...."
"အားးးးး!!!!!!"
ဒီအခန်းထဲ ဘယ်ကတည်းက အပြင်လူတစ်ယောက် ရောက်နေတာလဲဟ။
".......ရှီးနန်၀မ် ?"
ထောင်လျန်တာက အံ့အားသင့်စွာ ဆိုလာတော့ သွမ့်ပိုင်ယွဲ့က ပြန်ဖြေ၏။
"အပြင်ကလူတွေက တကယ်ကျွမ်းကျင်တဲ့ လူသတ်သမားတွေ။ အမတ်မင်းထောင်
ဒီအခန်းထဲမှာပဲ အေးဆေး နေနေရင် ပိုကောင်းမယ် ....."
"မင်း......ပုန်ကန်မှုကျူးလွန်တဲ့အထိ
အတင့်ရဲလွန်းလှချည်လား!!!!! "
အမတ်မင်းကတော်က မိမိခင်ပွန်းသည်ရှေ့ ကာကွယ်ပေးရင်း သွမ့်ပိုင်ယွဲ့အား ရန်တွေ့လာ၏။
ငါ့မိန်းမက အာဂသတ္တိခဲပဲဟ။
"အမတ်မင်းကတော် အထင်လွဲနေပါပြီ။ ပန်၀မ်က အမတ်မင်းတို့ဇနီးမောင်နှံကို ကာကွယ်စောင့်ရှောက်ပေးဖို့ ရောက်လာတာပါ။
အပြင်ဘက်ကလူတွေက ဘယ်သူ့လူတွေလဲဆိုတာ အမတ်မင်းလည်းသိပြီးသားဖြစ်ပါလိမ့်မယ်"
"ဧကရာဇ်အရှင်ရော ဘေးကင်းရဲ့လား။ နန်းတော်တွင်းအခြေအနေရော ဘယ်လိုရှိလဲ။"
ထောင်လျန်တာက စိုးရိမ်တကြီးမေးမြန်းလာ၏။
"ဧကရာဇ်က ခုထက်ထိ ကျင်းနန်မှာပါပဲ အမတ်မင်း ။ စစ်သူကြီးရှန်တော့ မြို့တော်ကို ပြန်ရောက်နေပါပြီ။ အပြင်ကလူတွေကို ရှင်းပြီးလို့ အချိန်ရရင် စစ်သူကြီးရှန်ဘက်ကို ပန်၀မ် အင်အားသွားဖြည့်ပေးပါ့မယ်။"
*******
သွမ့်ယောင်က အိတ်ထဲမှ အဆိပ်ရှိအကောင်ဗလောင်ပေါင်းများစွာကိုထုတ်ကာ မိမိရှေ့ရှိ ပုန်ကန်သူတပ်သားတိုင်း၏ ပါးစပ်ထဲ ပစ်သွင်းလိုက် ထိုးသိပ်ပေးလိုက်လုပ်နေ၏။
ညဥ့်နက်သန်းခေါင် ရုတ်တရက်ကြီး စစ်တိုက်ရန် အခေါ်ခံခဲ့ရသည်မို့ မိမိဘက်မှ အမြတ်တစ်စုံတစ်ရာ မုချမသွေရရန်လိုသည်မဟုတ်လား။
********
သွမ့်နေ့၏ဓားချက်ကြောင့် လျိုဖူးတာမှာ ရင်ဘတ်ပေါ်ဒဏ်ရာအကြီးအကျယ်ရသွားကာ သွေးဆုံးရှုံးလိုက်သဖြင့် ရပ်ပင် မရပ်နိုင်တော့။
သူပုန်တပ်သားမှာ ပမာဏအားဖြင့် တစ်ရာမျှသာရှိသော်လည်း အားလုံးမှာ အသေခံတပ်သားများဖြစ်ကြသည်။ ယခု ထောင်လျန်တာကို သတ်ရန်အတွက် စီစဥ်ယူဆောင်လာသော ပမာဏသာဖြစ်သောကြောင့် အမတ်မင်းစံအိမ်တော်၌ ယခုသွမ့်ပိုင်ယွဲ့၏တပ်ဖွဲ့ ဘွားကနဲရောက်ချလာခြင်းသည် လျိုမျိုးရိုး၏ အကြံအစည်များအား သဲထဲရေသွန် ဖြစ်စေကုန်၏။
ထောင်လျန်တာက စိုးရိမ်ပူပန်စွာ
ထပ်မေးလာ၏။
"ရှီးနန်၀မ် ၊ တခြား မှူးမတ်တွေလည်း
ကျန်...."
"သြော်....အဲ့ကိစ္စကိုတော့ မစိုးရိမ်လေနဲ့။ ဧကရာဇ်က သူတို့ကိုကာကွယ်ဖို့ တိတ်တဆိတ် လူလွှတ်ထားတာကြာပါပြီ"
" ဒါဆို တော်ပါသေးရဲ့"
"ကျွန်တော် ပြန်သွားအိပ်လို့ရပြီလား နောင်တော်"
သွမ့်ယောင်မှရောက်လာပြီး တ၀ါး၀ါးသမ်းနေရင်း နောင်တော်ဖြစ်သူအား မေးလာ၏။
"မရသေးဘူး"
သွမ့်ပိုင်ယွဲ့က တပ်သားများဘက်လှည့်ကာ အမိန့်ထုတ်၏။
"ရဲမက်တို့........ပန်၀မ်နဲ့အတူ နန်းတော်ထဲ ၀င်ကြမယ်!!!!!!"
သွမ့်ယောင်လေးမှာတော့ အစ်ကိုဖြစ်သူနောက် မျက်ရည်တစမ်းစမ်းနှင့်ထပ်မံလိုက်သွားရပြန်လေပြီ။
တစ်နေရာတည်း လာသောင်းကျန်းခိုင်းတာ မဟုတ်ဘူးပဲ။
********
နန်းတွင်းထဲ၀ယ် တိုက်ခိုက်နေကြသံများမှာ မိုးထိတိုင် ပျံ့လွင့်နေလျက်။ ကုန်းကုန်းများနှင့် ရံရွှေတော်မိန်းမပျိုများလည်း အော်ဟစ်ပြေးလွှားကာ အသက်လုရှောင်တိမ်းနေရလျက်။ တိုင်းပြည်အခြေအနေမှာတစ်မျိုးတစ်ဖုံ ပြောင်းသွားမည်ဟုပင် ထင်နေကြရသည့် အခြေအနေပင်။ ဤနှစ်များအတွင်း လျိုကုန်းမှာ ချူယွမ်၏အခြွေအရံများနှင့် စစ်တပ်ထဲတွင် မိမိလူများအား လျှို့၀ှက်ထည့်ထားနိုင်ရန် အလွန်အမင်း ကြိုးပမ်းခဲ့သည်မှာ မနည်းမနော။ ထိုသို့ဆောင်ရွက်ခဲ့သမျှသည်လည်း ယနေ့လိုနေ့မျိုးတွင် မိမိအကြံအစည်အောင်မြင်စေရန်ပင်ဖြစ်သည်။ ယခုအချိန်မှာတော့နောက်ဆုတ်၍လည်းမရသည့်နည်းတူ လမ်းတွင်တားဆီးလာသူမှန်သမျှ အဆုံးစီရင်ရမည်ဖြစ်သည်၊ သွေးဖြင့်ဆေးခဲ့ရမည်ဖြစ်သည်။
လျိုကုန်း၏အကြံအစည်မှာ ပထမဦးစွာ
ချူယွမ်၏လူယုံတော်များကို သတ်ပစ်မည်။ထို့နောက်မှ ဧကရာဇ်ချူသည်လည်း ကျင်းနန်နယ်၌ပင် လုပ်ကြံခံရသဖြင့် နတ်ရွာစံတော်မူသွားကြောင်း ကြေညာမည်။သို့မှသာ
ထုံးတမ်းစဥ်လာနှင့်အညီဖြစ်ကာ ကောင်ပြည်နယ်ဘုရင် ချူရှိန့်အား ရုပ်သေးရုပ်တစ်ရုပ်နှယ် ကြိုးဆွဲကာ သူ့စိတ်တိုင်းကျအသုံးချသွားမည်ဖြစ်၏။
လူအမြောက်အများအား တိုက်ခိုက်ထားသောကြောင့် ရှန်ချန်းဖန်းတစ်ကိုယ်လုံး
သွေးများဖြင့် စိုရွှဲနေလျက်။ မျက်လုံးများသည်ပင် သတ်ဖြတ်လိုသော အရိပ်အသက်မက်များဖြင့် အနီရောင်သမ်းနေပေသည်။
"စစ်သူကြီးရှန် .....အညံ့ခံလိုက်ရင် ပိုကောင်းပါမယ်"
အချင်းချင်းတိုက်ခိုက်နေသော လူအုပ်ကြီး၏ အပြင်ဘက်ရှိ လျိုကုန်းက အပူအပင်ကင်းစွာ ဆိုလာ၏။
"ဒီနန်းတော်တစ်၀န်းလုံးမှာလည်း ကျုပ်ရဲ့လူတွေချည်းပဲဆိုတာ တွေ့ပြီမလား"
ရှန်ချန်းဖန်းမှာ လက်သုံးတော်ဓားကိုသာ မြဲမြံစွာဆုပ်ကိုင်နေ၏။
နန်းတွင်းထဲ၌သာ ဆူညံပွက်လောရိုက်နေသည်မဟုတ်၊ ရွှေမြို့တော်တစ်ခွင်လည်း ကမ္ဘာပျက်နေသဖွယ်ပင်။ အဘယ်ကြောင့်ဆိုသော် ညတွင်းချင်းကြီး မည်သည့်အရပ်မှရောက်လာမှန်းမသိရသော ပုန်ကန်သူတပ်သားများက လျိုမျိုးရိုးနှင့်အတိုက်အခံလုပ်ထားသော မှူးကြီးမတ်ရာများအား ဖမ်းဆီးရန် ကြံစည်ထားပေ၏။ သို့သော် ဧကရာဇ်ချူ ကြိုတင်ပြင်ဆင်ပေးထားသော ကိုယ်ရံတော်တပ်သားများနှင့် ပက်ပင်းတိုးကာ တိုက်ပွဲဖြစ်ကြပြန်သဖြင့် အရပ်ရှစ်မျက်နှာတစ်ခွင် လက်နက်ချင်းထိခိုက်သံ တို့ဖြင့် ဆူညံနေလျက်။
အနည်းငယ် သတ္တိရှိသော တိုင်းသူပြည်သားအချို့က တံခါးအသာလှပ်ကာ အပြင်ဘက်အခြေအနေအား ချောင်းကြည့်ကြသေးသည်။သို့သော် အိမ်သူသက်ထား မမများက နားရွက်များလိမ်ဆွဲကာ အိမ်ထဲသို့ ပြန်ဆွဲခေါ်သွားကြသည်။ ဤကိစ္စမျိုးက ၀င်မရှုပ်လေကောင်းလေ မဟုတ်လား။
မာန်တင်းထားနိုင်သော်လည်း အားမသန်နိုင်တော့သော ရှန်ချန်းဖန်း၏အဖြစ်အား လျိုကုန်းက အေးစက်စွာ လှောင်ရယ်လိုက်ပြီး ဧကရာဇ်၏ စာကြည့်ဆောင်ဘက် သွားမည်အပြု -
၎င်း၏ရှေ့အား မြင်းဖြင့် ကာဆီးထားရင်း သွမ့်ပိုင်ယွဲ့က မျက်မှောင်ကြုံ့ကာ မေးလာ၏။
"အမတ်မင်းလျို ၊ ဒါက ဘယ်သွားမလို့ပါလဲ"
"ရှီးနန်၀မ်?"
ရှီးနန်၀မ်က အဘယ်ကြောင့် ဤနေရာရောက်နေသည်ကို လျိုကုန်း မတွေးတတ်။ ရန်သူအနေနှင့် ရောက်နေသည်လား ၊ မိတ်ဆွေအနေနှင့်ရောက်လာသည်လား ။ ချူယွမ်ကို လာကူရန်လား၊ မိမိထံမှ အကျိုးအမြတ်အချို့ ေ၀မျှယူချင်လို့လေလား ၊ လျိုကုန်း တကယ် ေ၀ခွဲမရတော့။
ထိုစဥ် သွမ့်ပိုင်ယွဲ့က ပြုံးရင်းဆိုလာ၏။
"ဒီမှာ ပျော်ပွဲရွှင်ပွဲရှိတယ်ကြားလို့ ပန်၀မ်လာခဲ့တာ ၊ တကယ်လည်း လာရကျိုးနပ်သားပဲ"
"ရှီးနန်၀မ် ညှိနှိုင်းတောင်းဆိုချင်တဲ့အချက်ရှိရင် ခုချက်ချင်း တည့်တည့် ပြောလို့ရပါတယ်"
"ဘာပဲတောင်းဆိုပါစေ ပေးပါ့မယ်လို့ အမတ်မင်းလျို အာမခံနိုင်ပါသလား"
"ဒီနေ့အရေးအခင်းမှာ သွမ့်၀မ်သာ ကျုပ်တို့ကို ကူညီရင် ယူနန်နယ်အပြင် ကွေ့ကျိုးနယ်တစ်ခုလုံး အပိုင်စားပေးမယ် "
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ
"ပန်၀မ်လိုချင်တာ အဲ့လောက်တည်း မကပေဘူး"
တစ်ဖက်သားက ဤမျှအလိုလောဘကြီးမည်ဟု လျိုကုန်း မှန်းမထားမိခဲ့ချေ။
"ရှီးနန်၀မ်.....သေချာစဥ်စားကြည့်ပါလေ။ ကျုပ်ပေးတဲ့ ကမ်းလှမ်းချက်မျိုး ဘယ်သူမှ သင့်ကို ပေးတော့မှာမဟုတ်ဘူး။ ချူမျိုးရိုးသာဆို သင့်ရဲ့ ရှီးနန်ဆယ်ခရိုင်တောင် ပြန်လုယူသွားလောက်မယ်"
"ဟားဟား ၊ အပြောမကြီးစမ်းပါနဲ့ ။ ဧကရာဇ်ချူ ပေးနိုင်တာမျိုးကမှ သူမတူတဲ့ ပေးခြင်းလို့ခေါ်နိုင်တယ်"
"ချူယွမ်က အသင့်ကို ဘာပေးမယ်ပြောထားလို့လဲ။ ပြောကြည့်စမ်းပါ....ကျုပ်လဲ သင့်ကိုပေးနိုင်ပါတယ် "
"ဟင့်အင်း..... ဧကရာဇ်ချူပေးနိုင်တဲ့အရာကို အသင် ဘယ်တော့မှ ပေးနိုင်မှာ မဟုတ်ဘူး အမတ်မင်း"
သွမ့်ပိုင်ယွဲ့က ဓားအိမ်မှ ဓားကို ဆွဲထုတ်လာလေပြိ။
"အခုတော့ သင့်အသက်ကိုသာ ကြည်ကြည်ဖြူဖြူ ပေးလိုက်ပါ ။ ဒါဆိုရင် လူတစ်ယောက်ကတော့ စိတ်နည်းနည်းကြည်လာကောင်းပါရဲ့"
"တယ်!!!!!အတင့်ရဲလိုက်လေခြင်း!!!
ရဲမက်တို့.......သူ့ကို သတ်ကြ....."
ကြေးစားလူသတ်သမားများက လေးဖက်လေးတန်လုံးမှ သွမ့်ပိုင်ယွဲ့ကို ပြိုင်တူ တိုက်ခိုက်လာသည်။ သွမ့်ပိုင်ယွဲ့က အေးစက်စက် ဟက်ကနဲသာရယ်လိုက်ပြီး ပြန်လည် ခုခံတိုက်ခိုက်၏။ သတ္တုချင်း ထိခိုက်သံတို့ဖြင့် ဆူညံနေလျက် ၊ ချွင်ခနဲမြည်သံတိုင်းတွင် မီးပွားတလက်လက် ထတောက်တော့မတတ်။
တစ်ဖက်တွင်လည်း သွမ့်ယောင်မှာအိပ်ချင်မူးတူးဖြစ်နေသဖြင့် ရန်သူများအား ခါတိုင်းထက်ပို၍ မညှာမတာ နှိပ်စက်ဖြစ်၏။သွမ့်ယောင်က ရှန်ချန်းဖန်းအား ဘေးကင်းရာဘက် ရွှေ့ထိုင်ခိုင်းစေပြီးနောက် အဆိပ်အကောင်ငယ်များအား သူပုန်တပ်ဘက် ေ၀ါကနဲ ပစ်ပစ်ပေါက်ပေးနေလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူအမြောက်အများအား အတုံးအရုံးလဲကျစေခဲ့သည်ဟူသတတ်။
ရှန်ချန်းဖန်း "........."
*****
တစ်ဖက်နှင့်တစ်ဖက် အသေအကြေ တိုက်ခိုက်နေကြသော စစ်ပွဲမှာ မိုးသောက်ချိန်ရောက်မှ အဆုံးသတ်နိုင်ခဲ့ကာ တာ့ချူတပ်မတော်ဘက်မှ အပြတ်အသတ်အောင်ပွဲခံနိုင်ခဲ့သည်။ လျိုကုန်းတို့သားအဖလည်း ဧကရာဇ်အားပုန်ကန်မှုဖြင့် အချုပ်ခန်းထဲ ချုပ်နှောင်ဖမ်းဆီးခံထားရလေသည်။ သူပုန်တပ်သားဘက်ကလည်း အများအပြားပင် သေကြေပျက်စီးကြလေသည်။ လျိုမျိုးရိုးအား အားပေးအားမြှောက်ပြုသော မှူးကြီးမတ်ရာများအားလုံးကိုလည်း ဖမ်းဆီးထားလေသည်။ ကျန်ရစ်သော အရာရှိများကမူ နိစ္စဓူ၀အတိုင်း ညီလာခံသို့ လာရောက်တက်ကြမြဲ၊ ထိုအခါတွင်မှ တက်ရောက်နေကျလူထဲမှ တစ်၀က်ခန့်ပင်ပျောက်နေကြောင်း သိကြရပေသည်။
"ပုရောဟိတ်ကြီးခင်ဗျာ...ကျွန်တော်တို့ရဲ့ စစ်သူကြီးရှန်တော့ ဘေးကင်းလောက်ပါရဲ့နော်"
လျိုတာ့ကျုံ့က စိုးရိမ်တကြီးမေးလာ၏။
ဤအရေးအခင်းအပြီး၌ လျိုမျိုးရိုးထဲမှ အသက်ရှင်ကျန်ရစ်သူဟူ၍ သူအပါအ၀င် အနည်းအကျဥ်းသာကျန်ခဲ့သည်လေ။
"အမတ်မင်းလျို စိတ်ချနေစမ်းပါ ။ ခင်ဗျားတူမရဲ့ မင်္ဂလာပွဲ လုံး၀ မနှောင့်နှေးစေရပါဘူး ၊ ဟုတ်ပြီလား "
အမတ်မင်းလျို၏ အောင်သွယ်ရေးရာ ၀ါသနာအလွန်ကြီးပုံကို အရာရှိအချင်းချင်းသာမက အရပ်သားများပင် သိကြသဖြင့်ပုရောဟိတ်အမတ်ကြီး ထိုသို့ပြန်ပြောသည်ကို ကြားရသော် ညီလာခံတစ်ခုလုံး ရယ်သံများ သောသောညံသွားလေသည်။ ထိုအချိန်တွင်မှ ယမန်နေ့ညအရေးအတွက် လျိုတာ့ကျုံ့ စိုးရိမ်ပူပန်နေရသည်များ အနည်းငယ် ပေါ့လျော့သွားသယောင်။
ပုရောဟိတ်အမတ်ကြီးမှာ တရားမျှတခြင်း၊ ပညာပါရမီပြည့်၀ခြင်းစသော အရည်အချင်းများဖြင့် ပြည့်စုံထင်ရှားပေသည်။ ထို့ကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤသို့သောအဖြစ်မျိုး ဖြစ်လာမည်မှန်း ချူယွမ်လည်း ရိပ်မိနေကြောင်း သူမှန်းဆနိုင်ပေသည်။ မိမိတို့အတွက်ပင် လျှို့၀ှက်သက်တော်စောင့်များ ထားရှိပေးခဲ့သည်လေ။ ထိုသို့တွေးမိသော် မိမိတပည့်ဖြစ်သူအတွက် ဂုဏ်ယူ၍မဆုံးတော့။
အမှားအယွင်းမရှိလေအောင် အမြဲစနစ်တကျ လုပ်ဆောင်တတ်ပါပေတယ်။
******
ရှန်ချန်းဖန်းမှာလည်း ဒဏ်ရာရခဲ့သည်ဆိုပေမင့် အသက်အန္တရာယ်ဖြစ်စေလောက်သည့်အထိ မဟုတ်ခဲ့။ ရက်အနည်းငယ်မျှ ကုလိုက်ရုံနှင့် ဒဏ်ရာပျောက်ကင်းကုန်လေပြီ။
နေ့ခင်းပိုင်းရောက်သော် သွမ့်ပိုင်ယွဲ့လည်း ရှီးနန်သို့ပြန်တော့မည်ဖြစ်ကြောင်း ရှန်ချန်းဖန်းအား နှုတ်ဆက်စကား လာဆို၏။
"ရှားဒါကိစ္စကို သွမ့်၀မ် ဘယ်လိုထင်မြင်ပါသလဲ"
"လျိုမျိုးရိုးလည်း ကျဆုံးသွားပြီဆိုတော့ သူ့ကို သွားပတ်သက်စရာအကြောင်း မရှိတော့ဘူးလေ"
ရှန်ချန်းဖန်း၏အမေးစကားကို သွမ့်ပိုင်ယွဲ့က ဆက်လက်ဖြေဆို၏။
"လျိုကုန်းက သူ့ကို မြို့တော်မှာ ခေါ်ထားတဲ့အကြောင်းရင်းရော ၊ လမ်းဘေးမှာ ကူလိ အသတ်ခံရတဲ့အကြောင်းရော ၊ ဒါတွေက ပန်၀မ်တို့ ရှီးနန်နဲ့ လုံး၀ မပတ်သက်ရိုးအမှန်ပါ။ဒါကြောင့် ဒီကိစ္စကို စစ်သူကြီးရှန်သာ ဆက်လက်စုံစမ်းလိုက်ပါတော့"
ရှန်ချန်းဖန်းက သက်ပြင်းမောတစ်ခု ရှိုက်ထုတ်လိုက်သည်။
"ရှီးနန်၀မ်ပြောသလိုပဲ ရှီးပေဘက်မှာ အရေးအခင်းထပ်ဖြစ်လာမယ်ထင်ပါရဲ့"
သွမ့်ပိုင်ယွဲ့က ပြုံးပြီးနှုတ်ဆက်လာကာ မြို့တော်မှသည် ရှီးနန်သို့ ခရီးပြန်နှင်လာခဲ့တော့သည်။
*****
ဆယ်ရက်တင်းတင်းပြည့်ပြီးခါမှ သွမ့်ယောင် တစ်စုံတစ်ခုကို သတိထားမိသည်။
"နောင်တော် ၊ ဒါ ရှီးနန်အပြန်လမ်းရော
ဟုတ်လို့လား"
"သေချာပေါက်... မဟုတ်ဘူးပေါ့"
ဘာကို သေချာပေါက် မဟုတ်ရတာတုန်း ၊ ဟမ်။
သွမ့်ပိုင်ယွဲ့က ပြန်၍မေးလာ၏။
" ရှီးနန်ပြန်မယ်လို့ ဘယ်သူက ပြောလို့လဲ"
"နောင်တော်ပဲ ပြောခဲ့တာလေ!!!!!"
အရင်ရက်တုန်းက သူပဲပြောခဲ့ပြီးတော့။
သွမ့်ပိုင်ယွဲ့က သူမဟုတ်သလိုပင် တုံဏှိဘာေ၀ နေနေ၏။
"ဒို့တွေ ကျန်းနန်နယ်ဘက် သွားကြမှာ"
သွမ့်ယောင်မှာ အင်မတန်မှပင် စိတ်ပျက်လွန်းနေပြီ။
"ဘာလဲ ၊ နောင်တော့်ရဲ့ သည်းသက်ညှာလေး နဲ့ သွားတွေ့ဖို့ပဲလား "
သွမ့်ပိုင်ယွဲ့က မည်သို့မျှမဆိုဘဲ လမ်းတစ်လျှောက်လုံး မြင်းကိုသာ ဒုန်းစိုင်းနှင်လာခဲ့၏။
တွေ့ချင်သပဆိုလည်း နောင်တော်တို့အချင်းချင်း ချိန်းတွေ့ကြလေ။ ဘာလို့ ကျွန်တော့်ကို အိမ်အရင်ပေးမပြန်တာလဲလို့။
********
ချုန်းဟွားတောင်။
ချူယွမ်မှာ အိပ်ယာထက် စာဖတ်နေစဥ်
ယဲ့ကျင်က ဆေးပင်များသယ်ပြီး အိမ်ထဲသို့ ၀င်လာ၏။ချူယွမ်ကိုမြင်သော် အပြင်ဘက် ချက်ချင်း ထွက်သွားမည်ပြုသော် ချူယွမ်က လှမ်းခေါ်လိုက်လေ၏။
"ရှောင်ကျင်"
"ဘာရှောင်ကျင်လဲ ။ ရှောင်ကျင်လို့ခေါ်လို့ရတာ ဆရာအရှင်ပဲရှိတယ်"
ယဲ့ကျင်က ခါးထောက်ကာ ဆက်ဆိုလာ၏။
"သမားတော်ယဲ့လို့ ခေါ်ပါဆိုနေ"
"ဟုတ်ပါပြီ....သမားတော် ယဲ့ "
ချူယွမ်က ညီဖြစ်သူအား ပြုံးပြရင်းဆိုလာ၏။
"ကိုယ်တော်နဲ့ စကားပြောဖော်
လုပ်ပေးပါလား"
"ပြုံးနိုင်သေးတယ်နော်"
ယဲ့ကျင်က ဆူဆူအောင့်အောင့်ပြောရင်း ဘေးနားထိုင်ချလာ၏။
"ဧကရာဇ်တစ်ပါးတောင်ဖြစ်နေပြီးတော့ ဒီလိုစပ်ဖြဲဖြဲရုပ်မျိုး လုပ်နေစရာလား"
"ရွှေနဂါးပလ္လင်ပေါ် မှာ နေရာမြဲချင်ရင် အနည်းနဲ့အများ လဲလှယ်လိုက်တာ အဆုံးရှုံးခံရတာ ရှိတာပဲ ။ ဒါလောက်ပြုံးပြတာလေးကို အောက်ကျို့နောက်ကျို့ဖြစ်တယ်လို့ ကိုယ်တော် မယူဆပါဘူး"
ဒါဆို ဘယ်လို ယူဆထားတုန်း။
လူတစ်ပြုံတစ်ခေါင်းကြီး ခေါ်လာပြီး ကျွန်တော့် အိမ်ပေါ် အလကား တင်ကျွေးထားရတယ်။ အခကြေးငွေ တစ်ပြားမှတောင် မရဘူး။ ထမင်းတစ်နပ်တိုင်းမှာလည်း အသားကမပါမဖြစ် ပါပေးရတာနဲ့။
တကယ် စိတ်ညစ်နေရတာက ကျွန်တော်
ပါနော်။
ထိုစဥ် ချူယွမ်ဘက်မှ ထပ်မေးလာ၏။
"မနက်ဖြန် ဧည့်သည်လာမလို့ဆို။ သက်တော်စောင့် တစ်ယောက်ဆီကနေ ကိုယ်တော် သတင်း ကြားထားတယ်။"
"အင်း ။ ကျွေ့ယင် ဂိုဏ်းချုပ်က ဒီဘက်တစ်ဝိုက် လာရင်း လမ်းကြုံ၀င်လာမလို့တဲ့"
"ချင်ရှောက်ယွီလား"
"ခင်ဗျားက သိုင်းလောကကလူတွေကိုလည်း သိတာပဲလား"
ဒီတစ်ခေါက်တော့ ယဲ့ကျင်တကယ်အံ့အားသင့်ပါ၏။
"လူချင်းတော့မသိဘူး၊ ချန်းဖန်း ခဏခဏပြောဖူးလို့ သိနေတာ ။ ကျွေ့ယင်ဂိုဏ်းချုပ်ကသူမတူအောင် သိုင်းပညာတတ်ကျွမ်းပြီး တရားမျှတမှုကို မြတ်နိုးတယ်လို့ကြားဖူးတယ်။ ကြီးမားတဲ့ အမှုကိစ္စတွေကိုတောင် လုပ်ဆောင်နိုင်လောက်မယ့်လူမျိုးပဲ "
"ခင်ဗျား သူ့ကို အမှုတော်ထမ်းခိုင်းဖို့ ကြံနေတာလား။ မရလောက်ဘူး ၊ သူလက်မခံလောက်ဘူး"
"ဟုတ်လား"
ချူယွမ်က မျှော်လင့်ချက်မဲ့သွားသော အသံဖြင့် ဆက်၍ပြောလာ၏။
"အခုချိန် ရှီးပေနယ်စပ်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်နေလို့ လူအင်အား ထပ်လိုနေတယ် ။ သိုင်းလောကမှာလည်း လက်ရုံးရည်ပြည့်စုံသူတွေရှိနေမှတော့ - "
"တခြားလူတော့မသိဘူး။ ချင်ရှောက်ယွီတော့ လက်မခံမှာသေချာတယ်"
ယဲ့ကျင်က နောက်တစ်ဖန် စကားစဖြတ်လိုက်ပြန်တော့ ချူယွမ်လည်း သက်ပြင်းချရုံမှတစ်ပါး။
"ထီးနန်းကို အသေအကြေလုနေကြတာမြင်တော့ ဘာများမက်စရာရှိလို့လဲလို့ တွေးမိဖူးသေးတယ် ၊ နောက်ဆုံးတော့ အရမ်းပင်ပန်းနေရတာပဲ အဖတ်တင်တယ်မလား"
ယဲ့ကျင် တကယ် နားမလည်နိုင်ခဲ့ပေ။
ချူယွမ်က လက်လှမ်းလိုက်ကာ ညီဖြစ်သူ၏ အင်္ကျီအား သေသေသပ်သပ်ဖြစ်အောင် သေချာညှိပေးလိုက်၏။
ဟေး၊ ပွတ်သီးပွတ်သပ်တွေ လာမလုပ်နဲ့။အရမ်း ရင်းနှီးကြတာလည်းဘဲ ထိကပါးရိကပါးတွေ လာမလုပ်နဲ့လို့။
အတန်ကြာတော့မှ ယဲ့ကျင့်က ပြန်မေးလာ၏။
"ခင်ဗျားကို လာကြိုမယ့်လူရှိပြီလား ။ ဒါမှမဟုတ် ခင်ဗျားကိုလာကြိုဖို့ ကျွန်တော်စာလွှာသွားပို့ပေးရမလား"
"ကိုယ်တော့်ရဲ့လူတွေကို မြို့တော်ဘက် လွှတ်လိုက်ပြီးပြီ၊ နောက်ရက်တွေဆို ရောက်လာကောင်းပါရဲ့"
မြို့တော်......
ယဲ့ကျင်မှာ ကောင်းကင်ယံဘက်မော့ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။
ဒါဆိုရင် အကြာကြီးဆက်မနေတော့ဘူးဆိုတဲ့သဘောပေါ့။
******
သွမ့်ပိုင်ယွဲ့သည် လမ်းတစ်လျှောက်လုံး နေ့မနားညမနား ခရီးနှင်လာခဲ့ရာ သူ၏စီးတော်မြင်းသာ မျိုးကောင်းမျိုးသန့်မဟုတ်ခဲ့လျှင် လမ်းခုလတ်တွင် မြင်းဘယ်နှစ်ကောင်ပင် အမောဆို့သေနေလောက်ပြီမသိ။
သွမ့်ယောင်မှ မကျေမနပ်ဆိုလာ၏။
"ထိမ်းမြားပွဲကျင်းပဖို့ သတို့သမီးသွားတင်တောင်းမလို့လားဟင်"
"နောက်သုံးနာရီနေရင် ခရီးဆက်ကြမယ်"
သွမ့်ပိုင်ယွဲ့က ထိုမျှသာ ပြန်ပြောလေ၏။ သုံးနာရီမျှသာ ၊ ဒီထက်ပိုပြီး တရေးတမော အိပ်ခွင့်မရှိ။ သွမ့်ယောင်လည်း သစ်ပင်ခြေရင်းအောက် လဲလျောင်းကာ မှေးစက်လိုက်လေသည်။
သေသွားတာကမှ ကောင်းဦးမယ်။
နောက်ဘ၀ကျရင် အစ်ကိုတွေနောင်တော်တွေမရှိတဲ့ မိသားစုမှာပဲ သွားပြီး၀င်စားတော့မယ်။
ဤတောအုပ်ကြီးမှာ အလွန် တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ရှီးနန်လူစုမှာ နေ့ရက်ကြာရှည်စွာ ခရီးနှင်လာသဖြင့် အနားယူချိန်တွင် အမြန်အဆန်ပင် နှစ်ခြိုက်စွာအိပ်မောကျကုန်၏။သို့သော် လေထုအား ခွင်းလာသောအသံတစ်ခုကိုကြားသည်နှင့် နှစ်ရှည်လများ လေ့ကျင့်ခဲ့သော သိုင်းသမားများဖြစ်သည်နှင့်အညီလူတိုင်း နိုးပြီးသားဖြစ်လေပြီ။
ရှေ့မှောက်တွင် ဓားပျံအစင်းတစ်ရာခန့်မျှ ဦးတည်၀ဲပျံလာကြပြီး မြေပြင်ပေါ်ရော သစ်ပင်များပေါ်ပါ စိုက်ကာ ငွေရောင်တလက်လက် ရောင်ပြန်လို့နေသည်။ ထို့နောက် ရွှေချည်ဖြင့်ယက်ထားသောပိုက်ကွန်များပါ ညီအစ်ကိုနှစ်ယောက်ထံ ကျလာ၏။၎င်းထက်၀ယ် အဆိပ်လူးထားသော ဆူးချွန်သေးသေးများနှင့် စီရင်ရက်လုပ်ထားသော ပိုက်ကွန်များဖြစ်သည်။ထိုပိုက်ကွန်များကို သွမ့်ပိုင်ယွဲ့က ဓားတစ်ချက်အေ၀ှ့နှင့်ပင် ဖက်ဆီးလိုက်ကာ သွမ့်ယောင်အား ဘေးကင်းရာသို့ ခေါ်ဆောင်သွား၏။
"ရှီးနန်၀မ်!!!!"
ချိုလွင်သာယာသော အသံတစ်ခုက တောနက်ထဲ မြည်ဟိန်းသွား၏။ ထိုအသံနှင့်အတူ ပန်းပွင့်ဖတ်များနှင့်အတူ သင်းပျံ့သောရနံ့တစ်ခုက ၀န်းကျင်အနှံ့ ထုံလွှမ်းသွား၏။
"နောင်တော့်ရဲ့ အဆက်ဟောင်းလားဟင်"
ပန်းနံ့လေးက ချိုမွှေးနေတာပဲ။
ဘာလုပ်နေတာလဲ ၊ သွားတော့လေ ။
အဆက်ဟောင်းကြီးကို ၀မ်းပန်းတသာ သွားကြိုလေ။
"မင်းထင်တာ လွဲသွားပြီ ။ သူလာရှာတဲ့လူက ငါမဟုတ်မှာတောင် စိုးရိမ်ရတယ်"
"ဒါဆို ကျွန်တော့်ကိုလား"
"ယောင်အာကို ကျွန်မဆီ ဘယ်တော့ လာအပ်မှာလဲဆိုတာ ရှီးနန်၀မ်သေချာစဥ်းစားကြည့်ပြီးပြီလား "
ကောင်းကင်ယံထက်မှ ေ၀ါယာဥ်တစ်စီး သက်ဆင်းလာကာ ထိုအထဲမှ လှပသော မိန်းမပျိုတစ်ဦး ထွက်လာလေ၏။
သွမ့်ယောင် - ".........."
အဒေါ်ကြီး ......
စောန ဘာပြောလိုက်တယ်!!!
နောက်တစ်ခေါက် ထပ်ပြောလိုက်စမ်း !!!!
"ဗောဓိစိတ္တကျင့်စဥ်ကို ယောင်အာ မကျင့်ဖူးပါဘူးလို့ အဲ့နေ့ကတည်းက ပန်၀မ် ပြောပြပြီးပါ ။ လန်ဂိုဏ်းချုပ် လူမှားနေပါပြီ "
"သူ ဘာသိုင်းတွေကျင့်ခဲ့မှန်း ကျွန်မ ကောင်းကောင်းသိတာပေါ့ရှင်"
မိန်းမပျိုလေးက ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း ဆက်ဆို၏။
"သူ့ကို ကျွန်မနဲ့ ထည့် ပေးလိုက်ပါ ၊ ဒါမှ ရှီးနန်၀မ်အတွက် ပြေးစရာလမ်းလေး ချန်ပေးနိုင်မှာလေ "
သွမ့်ပိုင်ယွဲ့တော့ သွမ့်ယောင်ရှေ့မှ မလှုပ်မယှက် မားမားမတ်မတ် ရပ်နေသည်။ သူ့မျက်၀န်းထဲတွင်လည်း တစ်ဖက်ရန်သူအားအမှုန့်ကြိတ်ချေမှုန်းပစ်လိုသော စိတ်ရိုင်းများ တရိပ်ရိပ် ထင်ဟပ်ပြေးလွှားနေလျက်။
********
Thz for reading.
2020.04.19.
*******
Zawgyi version :
[ပန္၀မ္း ရွီးနန္ကိုျပန္မယ္လို႔ ဘယ္သူေျပာလဲ]
ညေကာင္းကင္ယံမွာ ေရျပင္ထုႏွယ္ ၿငိမ္သက္ေန၏။ အေဝးမွ လာေနေသာ ျမင္းခြာသံမ်ားေၾကာင့္ ငိုက္ျမည္းေနေသာ ၿမိဳ႔ေစာင့္တပ္သားမ်ား ႏိုးၾကားလာၾကသည္။ အနားနီးလာေတာ့မွ စစ္သူႀကီး
ရွန္ခ်န္းဖန္းမွန္း ေသခ်ာျမင္ရေလသည္။
ေၾသာ္.....ဘယ္သူမ်ားလဲလို႔။
ၿမိဳ႔ေစာင့္တပ္သားမ်ားက သက္ျပင္းခ်လိုက္ၿပီးေနာက္ ျမင္းကို ကူညီဆြဲေပးလာသည္။
"စစ္သူႀကီးမင္းရွန္ ၊ ဘာလို႔ဒီလိုအခ်ိန္က်မွ ေရာက္လာတာလဲ ခင္ဗ်ာ့"
"ဒီမတိုင္ခင္ နန္းတြင္းထဲ ၀င္လာတဲ့လူရိွလား"
"မရိွပါဘူးခင္ဗ်ာ။ ၿငိမ္သက္ေအးခ်မ္းေနပါတယ္ "
ရွန္ခ်န္းဖန္းမွာ အေၾကာင္းစံုရွင္းျပေနစရာအခ်ိန္မရိွ၊ ေခါင္းသာၿငိမ့္ျပလိုက္ကာ ျမင္းဇက္ႀကိဳးကို ဆြဲၿပီး နန္းတြင္းရိွ တပ္သားမ်ားစုေဝးရာစခန္းသို႔ အေသာ့ႏွင္သြားေလ၏။
မၾကာမီမွာပင္ ျမင္းစီးတပ္သား အုပ္စုႀကီးတစ္ခု နန္းေတာ္ဘက္ ခ်ီတက္လာသည္ကို အေစာင့္တပ္သားမ်ား ေတြ့လိုက္ရ၏။ မီးတုတ္ႀကီးမ်ား ကိုင္ေဆာင္လာသျဖင့္
ထိန္လင္းေနလ်က္။ လ်ိဳကုန္းျဖစ္ေနမွန္းမျမင္မိလ်ွင္ ပုန္ကန္ထႂကြသူမ်ားဟုပင္ ထင္မိမည္ျဖစ္သည္။
"အမတ္မင္းလ်ိဳ....."
စကားပင္မဆံုးလိုက္ခင္ ဝုန္းခနဲအရိွန္ႏွင့္အတိုက္ခံလိုက္ရေသာေၾကာင့္ တပ္သားမ်ားမွာ ေဘးသို႔ လဲက်သြားၾကသည္။ထို႔ေနာက္ နန္းတြင္းထဲ တဝုန္းဝုန္း၀င္သြားေသာတပ္စုအား ေပကလပ္ေပကလပ္ေလး ၾကည့္မိၾကေလသည္။
ဤအႀကိမ္တြင္ေတာ့ မည္မ်ွပင္ထံုအေနသူျဖစ္ေစကာမူ မူမမွန္မႈတစ္ခုခုရိွမွန္း သတိထားမိမည္မွာအမွန္ပင္။ ရာထူးမွအနားယူသြားၿပီျဖစ္ေသာလ်ိဳကုန္းမွာ နန္းေတာ္သို႔ ဤကဲ့သို႔ အခ်ိန္မေတာ္အခစား၀င္လာစရာအေၾကာင္းမရိွ။ ထို႔ေၾကာင့္ အေစာင့္တပ္သားမ်ားလည္း အထက္အရာရိွမ်ားကို အျမန္ပင္ အေၾကာင္းၾကားရန္ အေျပးလိုက္သြားေတာ့ေလသည္။
ခ်ူတပ္မေတာ္၏ ဒုတပ္မွဴးမွာ ေခ်ာင္ခ်ီဟု အမည္တြင္၏။ သာမန္အခ်ိန္မ်ားတြင္ ခပ္ေအးေအးသာ ေနတတ္ေသာ္လည္း ရွန္ခ်န္းဖန္းအနားရိွေသာအခ်ိန္တြင္မူ လံုး၀ေျပာင္းလဲသြားေပ၏။
"သူ႔ကို ဖမ္းခ်ဳပ္ၾက!!!!"
လ်ိဳကုန္းက အေဝးကေနပင္ ခ်န္းဖန္းအား ဖမ္းခ်ဳပ္ရန္ အမိန္႔ေပးေအာ္ဟစ္လာ၏။
ခ်ူတပ္သားမ်ားမွာ ႏွစ္စု ခြဲလိုက္ကာ တစ္ဖြဲ႔ကို ရွန္ခ်န္းဖန္းၪီးေဆာင္ကာ ပို၍မ်ားျပားေသာတပ္သားအဖြဲ႔ကို ေခ်ာင္ခ်ီဘက္သို႔ အားျဖည့္ေပး၏။ရွန္ခ်န္းဖန္းက ဓားအိမ္ထဲမွ လက္စြဲေတာ္ဓားကို ထုတ္လိုက္ကာ အမိန္႔ေပးေလ၏။
"ဧကရာဇ္ရဲ့ အမိန္႔ေတာ္အရ ပုန္ကန္လာတဲ့လ်ိဳမ်ိဳးရိုးကို ဖမ္းခ်ဳပ္ၾက ၊ ဖမ္းခ်ဳပ္ခံဖို႔ျငင္းဆန္တဲ့လူေတြကို အေသစီရင္ပစ္ၾက!!!!"
"အမိန္႔အတိုင္းပါ စစ္သူႀကီးမင္း!!!!"
ညီညာစြာ ဟစ္ေႂကြးလာေသာ တပ္သားမ်ား၏အသံမွာ မိုးယံထိတိုင္ ပဲ့တင္ထပ္လ်က္။
*******
က်င့္၀မ္လမ္းမႀကီးေပၚရိွ က်ယ္၀န္းေသာ
စံအိမ္ေတာ္ႀကီးတစ္ခုအတြင္း၀ယ္ စံအိမ္ပိုင္ရွင္ျဖစ္သူ ယခုလက္ရိွ ဧကရာဇ္၏ ဆရာ ပုေရာဟိတ္အမတ္ႀကီး ေထာင္လ်န္တာမွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သည္။ ထိုစဥ္ အျပင္မွ ေအာ္ဟစ္သံမ်ား ဆူညံပြက္ေလာရိုက္ေနသံမ်ားကို ခပ္သဲ့သဲ့ၾကားရသည္။
"စံအိမ္၀န္းထဲ လူသတ္သမားေတြ ေရာက္ေနပါတယ္!!!! သခင္ႀကီး အျမန္ေရွာင္တိမ္းသြားလွည့္ပါ!!!!!"
ထိုေအာ္သံေၾကာင့္ ေဘး၌လဲေလ်ာင္းအိပ္စက္ေနေသာ ေထာင္လ်န္တာ၏ဇနီးငယ္သည္ပင္ ဖ်တ္ကနဲ လူးလြန္႔ ႏိုးထလာသည္-
"အျပင္မွာ ဘာမ်ားျဖစ္လို႔ပါလဲ အရွင္"
အျပင္ဘက္တြင္ နားမခံသာေလာက္
ေအာင္ ဆူညံေနေသာ လက္နက္ခ်င္းထိခတ္တိုက္ခိုက္ေနၾကေသာ အသံမ်ားကို အတြင္းထဲထိ ၾကားလာရသည္။ေထာင္လ်န္တာမွာ အသက္ေျခာက္ဆယ္စြန္းမ်ွ ေရာက္ေနၿပီျဖစ္ေသာ္လည္း မွဴးႀကီးမတ္ႀကီးတစ္ၪီးပီပီ နန္းတြင္းထဲ၌မၿငိမ္မသက္ျဖစ္ေနမႈမ်ားရိွေနမွန္းသိရိွၿပီးျဖစ္သည္။ စိတ္ကိုလည္း ျပင္ဆင္ဆံုးျဖတ္ထားၿပီးသားျဖစ္ေသာေၾကာင့္ မိမ္ိအသက္ကိုပင္ ႏွေျမာဖို႔ ေၾကာက္ေနဖို႔အခ်ိန္မရိွ။ ဖိနပ္ကိုေသခ်ာစီး ၊ ကုတင္ေဘးနားရိွ လက္စြဲေတာ္ဓားကို ယူလိုက္ကာ ဇနီးျဖစ္သူႏွင့္အတူ အျပင္ကလူစုကို ၿဖိဳခြဲၿပီး မည္သို႔ထြက္သြားရမည္မွန္း ႀကံစည္ေနစဥ္ ေနာက္ဘက္မွ ရယ္သြမ္းေသြးသံသဲ့သဲ့ကို ဖ်တ္ကနဲ ၾကားလိုက္ရသည္။
"အမတ္မင္းေထာင္ .....အျပင္မွာေအးတယ္ေနာ့ ၊ အေပၚ၀တ္ေလးတစ္ထည္ေလာက္ေတာ့ ၿခံဳသြားသင့္တယ္...."
"အားးးးး!!!!!!"
ဒီအခန္းထဲ ဘယ္ကတည္းက အျပင္လူတစ္ေယာက္ ေရာက္ေနတာလဲဟ။
".......ရွီးနန္၀မ္ ?"
ေထာင္လ်န္တာက အံ့အားသင့္စြာ ဆိုလာေတာ့ သြမ့္ပိုင္ယြဲ႔က ျပန္ေျဖ၏။
"အျပင္ကလူေတြက တကယ္ကြၽမ္းက်င္တဲ့ လူသတ္သမားေတြ။ အမတ္မင္းေထာင္
ဒီအခန္းထဲမွာပဲ ေအးေဆး ေနေနရင္ ပိုေကာင္းမယ္ ....."
"မင္း......ပုန္ကန္မႈက်ူးလြန္တဲ့အထိ
အတင့္ရဲလြန္းလွခ်ည္လား!!!!! "
အမတ္မင္းကေတာ္က မိမိခင္ပြန္းသည္ေရ႔ွ ကာကြယ္ေပးရင္း သြမ့္ပိုင္ယြဲ႔အား ရန္ေတြ့လာ၏။
ငါ့မိန္းမက အာဂသတၲိခဲပဲဟ။
"အမတ္မင္းကေတာ္ အထင္လြဲေနပါၿပီ။ ပန္၀မ္က အမတ္မင္းတို႔ဇနီးေမာင္ႏွံကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ ေရာက္လာတာပါ။
အျပင္ဘက္ကလူေတြက ဘယ္သူ႔လူေတြလဲဆိုတာ အမတ္မင္းလည္းသိၿပီးသားျဖစ္ပါလိမ့္မယ္"
"ဧကရာဇ္အရွင္ေရာ ေဘးကင္းရဲ့လား။ နန္းေတာ္တြင္းအေျခအေနေရာ ဘယ္လိုရိွလဲ။"
ေထာင္လ်န္တာက စိုးရိမ္တႀကီးေမးျမန္းလာ၏။
"ဧကရာဇ္က ခုထက္ထိ က်င္းနန္မွာပါပဲ အမတ္မင္း ။ စစ္သူႀကီးရွန္ေတာ့ ၿမိဳ႔ေတာ္ကို ျပန္ေရာက္ေနပါၿပီ။ အျပင္ကလူေတြကို ရွင္းၿပီးလို႔ အခ်ိန္ရရင္ စစ္သူႀကီးရွန္ဘက္ကို ပန္၀မ္း အင္အားသြားျဖည့္ေပးပါ့မယ္။"
*******
သြမ့္ေယာင္က အိတ္ထဲမွ အဆိပ္ရိွအေကာင္ဗေလာင္ေပါင္းမ်ားစြာကိုထုတ္ကာ မိမိေရ႔ွရိွ ပုန္ကန္သူတပ္သားတိုင္း၏ ပါးစပ္ထဲ ပစ္သြင္းလိုက္ ထိုးသိပ္ေပးလိုက္လုပ္ေန၏။
ညဥ့္နက္သန္းေခါင္ ရုတ္တရက္ႀကီး စစ္တိုက္ရန္ အေခၚခံခဲ့ရသည္မို႔ မိမိဘက္မွ အျမတ္တစ္စံုတစ္ရာ မုခ်မေသြရရန္လိုသည္မဟုတ္လား။
********
သြမ့္ေန့၏ဓားခ်က္ေၾကာင့္ လ်ိဳဖူးတာမွာ ရင္ဘတ္ေပၚဒဏ္ရာအႀကီးအက်ယ္ရသြားကာ ေသြးဆံုးရႈံးလိုက္သျဖင့္ ရပ္ပင္ မရပ္ႏိုင္ေတာ့။
သူပုန္တပ္သားမွာ ပမာဏအားျဖင့္ တစ္ရာမ်ွသာရိွေသာ္လည္း အားလံုးမွာ အေသခံတပ္သားမ်ားျဖစ္ၾကသည္။ ယခု ေထာင္လ်န္တာကို သတ္ရန္အတြက္ စီစဥ္ယူေဆာင္လာေသာ ပမာဏသာျဖစ္ေသာေၾကာင့္ အမတ္မင္းစံအိမ္ေတာ္၌ ယခုသြမ့္ပိုင္ယြဲ႔၏တပ္ဖြဲ႔ ဘြားကနဲေရာက္ခ်လာျခင္းသည္ လ်ိဳမ်ိဳးရိုး၏ အႀကံအစည္မ်ားအား သဲထဲေရသြန္ ျဖစ္ေစကုန္၏။
ေထာင္လ်န္တာက စိုးရိမ္ပူပန္စြာ
ထပ္ေမးလာ၏။
"ရွီးနန္၀မ္ ၊ တျခား မွဴးမတ္ေတြလည္း
က်န္...."
"ေၾသာ္....အဲ့ကိစၥကိုေတာ့ မစိုးရိမ္ေလနဲ႔။ ဧကရာဇ္က သူတို႔ကိုကာကြယ္ဖို႔ တိတ္တဆိတ္ လူလႊတ္ထားတာၾကာပါၿပီ"
" ဒါဆို ေတာ္ပါေသးရဲ့"
"ကြၽန္ေတာ္ ျပန္သြားအိပ္လို႔ရၿပီလား ေနာင္ေတာ္"
သြမ့္ေယာင္မွေရာက္လာၿပီး တဝါးဝါးသမ္းေနရင္း ေနာင္ေတာ္ျဖစ္သူအား
ေမးလာ၏။
"မရေသးဘူး"
သြမ့္ပိုင္ယြဲ႔က တပ္သားမ်ားဘက္လွည့္ကာ အမိန္႔ထုတ္၏။
"ရဲမက္တို႔........ပန္၀မ္နဲ႔အတူ
နန္းေတာ္ထဲ ၀င္ၾကမယ္!!!!!!"
သြမ့္ေယာင္ေလးမွာေတာ့ အစ္ကိုျဖစ္သူေနာက္ မ်က္ရည္တစမ္းစမ္းႏွင့္ထပ္မံလိုက္သြားရျပန္ေလၿပီ။
တစ္ေနရာတည္း လာေသာင္းက်န္းခိုင္းတာ မဟုတ္ဘူးပဲ။
********
နန္းတြင္းထဲ၀ယ္ တိုက္ခိုက္ေနၾကသံမ်ားမွာ မိုးထိတိုင္ ပ်ံ့လြင့္ေနလ်က္။ ကုန္းကုန္းမ်ားႏွင့္ ရံေရႊေတာ္မိန္းမပ်ိဳမ်ားလည္း ေအာ္ဟစ္ေျပးလႊားကာ အသက္လုေရွာင္တိမ္းေနရလ်က္။ တိုင္းျပည္အေျခအေနမွာ တစ္မ်ိဳးတစ္ဖံု ေျပာင္းသြားမည္ဟုပင္
ထင္ေနၾကရသည့္ အေျခအေနပင္။
ဤႏွစ္မ်ားအတြင္း လ်ိဳကုန္းမွာ ခ်ူယြမ္၏အေႁခြအရံမ်ားႏွင့္ စစ္တပ္ထဲတြင္
မိမိလူမ်ားအား လ်ိႈ႔၀ွက္ထည့္ထားႏိုင္ရန္ အလြန္အမင္း ႀကိဳးပမ္းခဲ့သည္မွာ မနည္းမေနာ။ ထိုသို႔ေဆာင္ရြက္ခဲ့သမ်ွသည္လည္း ယေန့လိုေန့မ်ိဳးတြင္ မိမိအႀကံအစည္ေအာင္ျမင္ေစရန္ပင္ျဖစ္သည္။ ယခုအခ်ိန္မွာေတာ့ ေနာက္ဆုတ္၍လည္းမရသည့္နည္းတူ လမ္းတြင္တားဆီးလာသူမွန္သမ်ွ အဆံုးစီရင္ရမည္ျဖစ္သည္၊ ေသြးျဖင့္ေဆးခဲ့ရမည္ျဖစ္သည္။
လ်ိဳကုန္း၏အႀကံအစည္မွာ ပထမၪီးစြာ
ခ်ူယြမ္၏လူယံုေတာ္မ်ားကို သတ္ပစ္မည္။ထို႔ေနာက္မွ ဧကရာဇ္ခ်ူသည္လည္း က်င္းနန္နယ္၌ပင္ လုပ္ႀကံခံရသျဖင့္ နတ္ရြာစံေတာ္မူသြားေၾကာင္း ေၾကညာမည္။သို႔မွသာ
ထံုးတမ္းစဥ္လာႏွင့္အညီျဖစ္ကာ ေကာင္ျပည္နယ္ဘုရင္ ခ်ူရွန္႔အား ရုပ္ေသးရုပ္တစ္ရုပ္ႏွယ္ ႀကိဳးဆြဲကာ သူ႔စိတ္တိုင္းက်အသံုးခ်သြားမည္ျဖစ္၏။
လူအေျမာက္အမ်ားအား တိုက္ခိုက္ထားေသာေၾကာင့္ ရွန္ခ်န္းဖန္းတစ္ကိုယ္လံုး
ေသြးမ်ားျဖင့္ စိုရႊဲေနလ်က္။ မ်က္လံုးမ်ားသည္ပင္ သတ္ျဖတ္လိုေသာ အရိပ္အသက္မက္မ်ားျဖင့္ အနီေရာင္သမ္းေနေပသည္။
"စစ္သူႀကီးရွန္ .....အညံ့ခံလိုက္ရင္ ပိုေကာင္းပါမယ္"
အခ်င္းခ်င္းတိုက္ခိုက္ေနေသာ လူအုပ္ႀကီး၏ အျပင္ဘက္ရိွ လ်ိဳကုန္းက အပူအပင္ကင္းစြာ ဆိုလာ၏။
"ဒီနန္းေတာ္တစ္၀န္းလံုးမွာလည္း
က်ဳပ္ရဲ့လူေတြခ်ည္းပဲဆိုတာ ေတြ့ၿပီမလား"
ရွန္ခ်န္းဖန္းမွာ လက္သံုးေတာ္ဓားကိုသာ ၿမဲျမံစြာဆုပ္ကိုင္ေန၏။
နန္းတြင္းထဲ၌သာ ဆူညံပြက္ေလာရိုက္ေနသည္မဟုတ္၊ ေရႊၿမိဳ႔ေတာ္တစ္ခြင္လည္း ကမ႓ာပ်က္ေနသဖြယ္ပင္။ အဘယ္ေၾကာင့္ဆိုေသာ္ ညတြင္းခ်င္းႀကီး မည္သည့္အရပ္မွေရာက္လာမွန္းမသိရေသာ ပုန္ကန္သူတပ္သားမ်ားက လ်ိဳမ်ိဳးရိုးႏွင့္အတိုက္အခံလုပ္ထားေသာ မွဴးႀကီးမတ္ရာမ်ားအား ဖမ္းဆီးရန္ ႀကံစည္ထားေပ၏။ သို႔ေသာ္ ဧကရာဇ္ခ်ူ ႀကိဳတင္ျပင္ဆင္ေပးထားေသာ ကိုယ္ရံေတာ္တပ္သားမ်ားႏွင့္ ပက္ပင္းတိုးကာ တိုက္ပြဲျဖစ္ၾကျပန္သျဖင့္ အရပ္ရွစ္မ်က္ႏွာတစ္ခြင္ လက္နက္ခ်င္းထိခိုက္သံ တို႔ျဖင့္ ဆူညံေနလ်က္။
အနည္းငယ္ သတၲိရိွေသာ တိုင္းသူျပည္သားအခ်ိဳ႕က တံခါးအသာလွပ္ကာ အျပင္ဘက္အေျခအေနအား ေခ်ာင္းၾကည့္ၾကေသးသည္။သို႔ေသာ္ အိမ္သူသက္ထား မမမ်ားက နားရြက္မ်ားလိမ္ဆြဲကာ အိမ္ထဲသို႔ ျပန္ဆြဲေခၚသြားၾကသည္။ ဤကိစၥမ်ိဳးက ၀င္မရႈပ္ေလေကာင္းေလ မဟုတ္လား။
မာန္တင္းထားႏိုင္ေသာ္လည္း အားမသန္ႏိုင္ေတာ့ေသာ ရွန္ခ်န္းဖန္း၏အျဖစ္အား လ်ိဳကုန္းက ေအးစက္စြာ ေလွာင္ရယ္လိုက္ၿပီး ဧကရာဇ္၏ စာၾကည့္ေဆာင္ဘက္ သြားမည္အျပဳ -
၄၏ေရ႔ွအား ျမင္းျဖင့္ ကာဆီးထားရင္း သြမ့္ပိုင္ယြဲ႔က မ်က္ေမွာင္ႀကံဳ႔ကာ ေမးလာ၏။
"အမတ္မင္းလ်ိဳ ၊ ဒါက ဘယ္သြားမလို႔ပါလဲ"
"ရွီးနန္၀မ္?"
ရွီးနန္၀မ္က အဘယ္ေၾကာင့္ ဤေနရာေရာက္ေနသည္ကို လ်ိဳကုန္း မေတြးတတ္။ ရန္သူအေနႏွင့္ ေရာက္ေနသည္လား ၊ မိတ္ေဆြအေနႏွင့္ေရာက္လာသည္လား ။ ခ်ူယြမ္ကို လာကူရန္လား၊ မိမိထံမွ အက်ိဳးအျမတ္အခ်ိဳ႕ ေဝမ်ွယူခ်င္လို႔ေလလား။ လ်ိဳကုန္း တကယ္ ေဝခြဲမရေတာ့။
ထိုစဥ္ သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္းဆိုလာ၏။
"ဒီမွာ ေပ်ာ္ပြဲရႊင္ပြဲရိွတယ္ၾကားလို႔ ပန္၀မ္လာခဲ့တာ ၊ တကယ္လည္း လာရက်ိဳးနပ္သားပဲ"
"ရွီးနန္၀မ္ ၫွိႏိႈင္းေတာင္းဆိုခ်င္တဲ့အခ်က္ရိွရင္ ခုခ်က္ခ်င္း တည့္တည့္ ေျပာလို႔ရပါတယ္"
"ဘာပဲေတာင္းဆိုပါေစ ေပးပါ့မယ္လို႔ အမတ္မင္းလ်ိဳ အာမခံႏိုင္ပါသလား"
"ဒီေန့အေရးအခင္းမွာ သြမ့္၀မ္သာ က်ဳပ္တို႔ကို ကူညီရင္ ယူနန္နယ္အျပင္ ေကြ့က်ိဳးနယ္တစ္ခုလံုး အပိုင္စားေပးမယ္ "
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ
"ပန္၀မ္လိုခ်င္တာ အဲ့ေလာက္တည္း မကေပဘူး"
တစ္ဖက္သားက ဤမ်ွအလိုေလာဘႀကီးမည္ဟု လ်ိဳကုန္း မွန္းမထားမိခဲ့ေခ်။
"ရွီးနန္၀မ္.....ေသခ်ာစဥ္စားၾကည့္ပါေလ။ က်ဳပ္ေပးတဲ့ ကမ္းလွမ္းခ်က္မ်ိဳး ဘယ္သူမွ သင့္ကို ေပးေတာ့မွာမဟုတ္ဘူး။ ခ်ူမ်ိဳးရိုးသာဆို သင့္ရဲ့ ရွီးနန္ဆယ္ခရိုင္ေတာင္ ျပန္လုယူသြားေလာက္မယ္"
"ဟားဟား ၊ အေျပာမႀကီးစမ္းပါနဲ႔ ။ ဧကရာဇ္ခ်ူ ေပးႏိုင္တာမ်ိဳးကမွ သူမတူတဲ့ ေပးျခင္းလို႔ေခၚႏိုင္တယ္"
"ခ်ူယြမ္က အသင့္ကို ဘာေပးမယ္ေျပာထားလို႔လဲ။ ေျပာၾကည့္စမ္းပါ....က်ဳပ္လဲ သင့္ကိုေပးႏိုင္ပါတယ္ "
"ဟင့္အင္း..... ဧကရာဇ္ခ်ူေပးႏိုင္တဲ့အရာကို အသင္ ဘယ္ေတာ့မွ ေပးႏိုင္မွာ မဟုတ္ဘူး အမတ္မင္း"
သြမ့္ပိုင္ယြဲ႔က ဓားအိမ္မွ ဓားကို ဆြဲထုတ္လာေလၿပိ။
"အခုေတာ့ သင့္အသက္ကိုသာ ၾကည္ၾကည္ျဖဴျဖဴ ေပးလိုက္ပါ ။ ဒါဆိုရင္ လူတစ္ေယာက္ကေတာ့ စိတ္နည္းနည္းၾကည္လာေကာင္းပါရဲ့"
"တယ္!!!!!အတင့္ရဲလိုက္ေလျခင္း!!!
ရဲမက္တို႔.......သူ႔ကို သတ္ၾက....."
ေၾကးစားလူသတ္သမားမ်ားက ေလးဖက္ေလးတန္လံုးမွ သြမ့္ပိုင္ယြဲ႔ကို ၿပိဳင္တူ တိုက္ခိုက္လာသည္။ သြမ့္ပိုင္ယြဲ႔က ေအးစက္စက္ ဟက္ကနဲသာရယ္လိုက္ၿပီး ျပန္လည္ ခုခံတိုက္ခိုက္၏။ သတၲုခ်င္း ထိခိုက္သံတို႔ျဖင့္ ဆူညံေနလ်က္ ၊ ခြၽင္ခနဲျမည္သံတိုင္းတြင္ မီးပြားတလက္လက္ ထေတာက္ေတာ့မတတ္။
တစ္ဖက္တြင္လည္း သြမ့္ေယာင္မွာ အိပ္ခ်င္မူးတူးျဖစ္ေနသျဖင့္ ရန္သူမ်ားအား ခါတိုင္းထက္ပို၍ မၫွာမတာ ႏိွပ္စက္ျဖစ္၏။သြမ့္ေယာင္က ရွန္ခ်န္းဖန္းအား ေဘးကင္းရာဘက္ ေရႊ့ထိုင္ခိုင္းေစၿပီးေနာက္ အဆိပ္အေကာင္ငယ္မ်ားအား သူပုန္တပ္ဘက္ ေဝါကနဲ ပစ္ပစ္ေပါက္ေပးေနလိုက္ကာ မ်က္စိတစ္မိွတ္အတြင္းမွာပင္ ရန္သူအေျမာက္အမ်ားအား အတံုးအရံုးလဲက်ေစခဲ့သည္ဟူသတတ္။
ရွန္ခ်န္းဖန္း "........."
*****
တစ္ဖက္ႏွင့္တစ္ဖက္ အေသအေၾက တိုက္ခိုက္ေနၾကေသာ စစ္ပြဲမွာ မိုးေသာက္ခ်ိန္ေရာက္မွ အဆံုးသတ္ႏိုင္ခဲ့ကာ
ခ်ူတပ္မေတာ္ဘက္မွ အျပတ္အသတ္ ေအာင္ပြဲခံႏိုင္ခဲ့သည္။လ်ိဳကုန္းတို႔သားအဖလည္း ဧကရာဇ္အားပုန္ကန္မႈျဖင့္ အခ်ဳပ္ခန္းထဲ ခ်ဳပ္ေနွာင္ဖမ္းဆီးခံထားရေလသည္။သူပုန္တပ္သားဘက္ကလည္း အမ်ားအျပားပင္ ေသေၾကပ်က္စီးၾကေလသည္။ လ်ိဳမ်ိဳးရိုးအား အားေပးအားေျမႇာက္ျပဳေသာ မွဴးႀကီးမတ္ရာမ်ားအားလံုးကိုလည္း ဖမ္းဆီးထားေလသည္။ က်န္ရစ္ေသာ အရာရိွမ်ားကမူ နိစၥဓူ၀အတိုင္း ညီလာခံသို႔ လာေရာက္တက္ၾကၿမဲ၊ ထိုအခါတြင္မွ တက္ေရာက္ေနက်လူထဲမွ တစ္၀က္ခန္႔ပင္ေပ်ာက္ေနေၾကာင္း သိၾကရေပသည္။
"ပုေရာဟိတ္ႀကီးခင္ဗ်ာ...ကြၽန္ေတာ္တို႔ရဲ့ စစ္သူႀကီးရွန္ေတာ့ ေဘးကင္းေလာက္ပါရဲ့ေနာ္"
လ်ိဳတာ့က်ံဳ႔က စိုးရိမ္တႀကီးေမးလာ၏။
ဤအေရးအခင္းအၿပီး၌ လ်ိဳမ်ိဳးရိုးထဲမွ အသက္ရွင္က်န္ရစ္သူဟူ၍ သူအပါအ၀င္ အနည္းအက်ဥ္းသာက်န္ခဲ့သည္ေလ။
"အမတ္မင္းလ်ိဳ စိတ္ခ်ေနစမ္းပါ ။ ခင္ဗ်ားတူမရဲ့ မဂၤလာပြဲ လံုး၀ မေနွာင့္ေနွးေစရပါဘူး ၊ ဟုတ္ၿပီလား "
အမတ္မင္းလ်ိဳ၏ ေအာင္သြယ္ေရးရာ ဝါသနာအလြန္ႀကီးပံုကို အရာရိွအခ်င္းခ်င္းသာမက အရပ္သားမ်ားပင္ သိၾကသျဖင့္
ပုေရာဟိတ္အမတ္ႀကီး ထိုသို႔ျပန္ေျပာသည္ကို ၾကားရေသာ္ ညီလာခံတစ္ခုလံုး ရယ္သံမ်ားေသာေသာညံသြားေလသည္။ ထိုအခ်ိန္တြင္မွ ယမန္ေန့ညအေရးအတြက္ လ်ိဳတာ့က်ံဳ႔ စိုးရိမ္ပူပန္ေနရသည္မ်ား အနည္းငယ္ ေပါ့ေလ်ာ့သြားသေယာင္။
ပုေရာဟိတ္အမတ္ႀကီးမွာ တရားမ်ွတျခင္း၊ ပညာပါရမီျပည့္၀ျခင္းစေသာ အရည္အခ်င္းမ်ားျဖင့္ ျပည့္စံုထင္ရွားေပသည္။ ထို႔ေၾကာင့္ တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္တြင္ ဤသို႔ေသာအျဖစ္မ်ိဳး ျဖစ္လာမည္မွန္း ခ်ူယြမ္လည္း ရိပ္မိေနေၾကာင္း သူမွန္းဆႏိုင္ေပသည္။ မိမိတို႔အတြက္ပင္ လ်ိႈ႔၀ွက္သက္ေတာ္ေစာင့္မ်ား ထားရိွေပးခဲ့သည္ေလ။ ထိုသို႔ေတြးမိေသာ္ မိမိတပည့္ျဖစ္သူအတြက္ ဂုဏ္ယူ၍မဆံုးေတာ့။
အမွားအယြင္းမရိွေလေအာင္ အၿမဲစနစ္တက် လုပ္ေဆာင္တတ္ပါေပတယ္။
******
ရွန္ခ်န္းဖန္းမွာလည္း ဒဏ္ရာရခဲ့သည္ဆိုေပမင့္ အသက္အႏၲရာယ္ျဖစ္ေစေလာက္သည့္အထိ မဟုတ္ခဲ့။ ရက္အနည္းငယ္မ်ွ ကုလိုက္ရံုႏွင့္ ဒဏ္ရာေပ်ာက္ကင္းကုန္ေလၿပီ။
ေန့ခင္းပိုင္းေရာက္ေသာ္ သြမ့္ပိုင္ယြဲ႔လည္း ရွီးနန္သို႔ျပန္ေတာ့မည္ျဖစ္ေၾကာင္း ရွန္ခ်န္းဖန္းအား ႏႈတ္ဆက္စကား လာဆို၏။
"ရွားဒါကိစၥကို သြမ့္၀မ္ ဘယ္လိုထင္ျမင္ပါသလဲ"
"လ်ိဳမ်ိဳးရိုးလည္း က်ဆံုးသြားၿပီဆိုေတာ့ သူ႔ကို သြားပတ္သက္စရာအေၾကာင္း မရိွေတာ့ဘူးေလ"
ရွန္ခ်န္းဖန္း၏အေမးစကားကို သြမ့္ပိုင္ယြဲ႔က ဆက္လက္ေျဖဆို၏။
"လ်ိဳကုန္းက သူ႔ကို ၿမိဳ႔ေတာ္မွာ ေခၚထားတဲ့အေၾကာင္းရင္းေရာ ၊ လမ္းေဘးမွာ ကူလိ အသတ္ခံရတဲ့အေၾကာင္းေရာ ၊ ဒါေတြက ပန္၀မ္းတို႔ ရွီးနန္နဲ႔ လံုး၀ မပတ္သက္ရိုးအမွန္ပါ။ဒါေၾကာင့္ ဒီကိစၥကို စစ္သူႀကီးရွန္သာ ဆက္လက္စံုစမ္းလိုက္ပါေတာ့"
ရွန္ခ်န္းဖန္းက သက္ျပင္းေမာတစ္ခု ရိႈက္ထုတ္လိုက္သည္။
"ရွီးနန္၀မ္ေျပာသလိုပဲ ရွီးေပဘက္မွာ အေရးအခင္းထပ္ျဖစ္လာမယ္ထင္ပါရဲ့"
သြမ့္ပိုင္ယြဲ႔က ၿပံဳးၿပီးႏႈတ္ဆက္လာကာ ၿမိဳ႔ေတာ္မွသည္ ရွီးနန္သို႔ ခရီးျပန္ႏွင္လာခဲ့ေတာ့သည္။
*****
ဆယ္ရက္တင္းတင္းျပည့္ၿပီးခါမွ သြမ့္ေယာင္ တစ္စံုတစ္ခုကို သတိထားမိသည္။
"ေနာင္ေတာ္ ၊ ဒါ ရွီးနန္အျပန္လမ္းေရာ
ဟုတ္လို႔လား"
"ေသခ်ာေပါက္... မဟုတ္ဘူးေပါ့"
ဘာကို ေသခ်ာေပါက္ မဟုတ္ရတာတုန္း ၊ ဟမ္။
သြမ့္ပိုင္ယြဲ႔က ျပန္၍ေမးလာ၏။
" ရွီးနန္ျပန္မယ္လို႔ ဘယ္သူက ေျပာလို႔လဲ"
"ေနာင္ေတာ္ပဲ ေျပာခဲ့တာေလ!!!!!"
အရင္ရက္တုန္းက သူပဲေျပာခဲ့ၿပီးေတာ့။
သြမ့္ပိုင္ယြဲ႔က သူမဟုတ္သလိုပင္ တံုဏိွဘာေဝ ေနေန၏။
"ဒို႔ေတြ က်င္းနန္နယ္ဘက္ သြားၾကမွာ"
သြမ့္ေယာင္မွာ အင္မတန္မွပင္ စိတ္ပ်က္လြန္းေနၿပီ။
"ဘာလဲ ၊ ေနာင္ေတာ့္ရဲ့ သည္းသက္ၫွာေလး နဲ႔ သြားေတြ့ဖို႔ပဲလား "
သြမ့္ပိုင္ယြဲ႔က မည္သို႔မ်ွမဆိုဘဲ
လမ္းတစ္ေလ်ွာက္လံုး ျမင္းကိုသာ
ဒုန္းစိုင္းႏွင္လာခဲ့၏။
ေတြ့ခ်င္သပဆိုလည္း ေနာင္ေတာ္တို႔ အခ်င္းခ်င္း ခ်ိန္းေတြ့ၾကေလ။
ဘာလို႔ ကြၽန္ေတာ့္ကို အိမ္အရင္
ေပးမျပန္တာလဲလို႔။
********
ခ်ဳန္းဟြားေတာင္။
ခ်ူယြမ္မွာ အိပ္ယာထက္ စာဖတ္ေနစဥ္
ယဲ့က်င္က ေဆးပင္မ်ားသယ္ၿပီး အိမ္ထဲသို႔ ၀င္လာ၏။ခ်ူယြမ္ကိုျမင္ေသာ္ အျပင္ဘက္ ခ်က္ခ်င္း ထြက္သြားမည္ျပဳေသာ္ ခ်ူယြမ္က လွမ္းေခၚလိုက္ေလ၏။
"ေရွာင္က်င္"
"ဘာေရွာင္က်င္လဲ ။ ေရွာင္က်င္လို႔ေခၚလို႔ရတာ ဆရာအရွင္ပဲရိွတယ္"
ယဲ့က်င့္က ခါးေထာက္ကာ ဆက္ဆိုလာ၏။
"သမားေတာ္ယဲ့လို႔ ေခၚပါဆိုေန"
"ဟုတ္ပါၿပီ....သမားေတာ္ ယဲ့ "
ခ်ူယြမ္က ညီျဖစ္သူအား ၿပံဳးျပရင္းဆိုလာ၏။
"ကိုယ္ေတာ္နဲ႔ စကားေျပာေဖာ္
လုပ္ေပးပါလား"
"ၿပံဳးႏိုင္ေသးတယ္ေနာ္"
ယဲ့က်င္က ဆူဆူေအာင့္ေအာင့္ေျပာရင္း ေဘးနားထိုင္ခ်လာ၏။
"ဧကရာဇ္တစ္ပါးေတာင္ျဖစ္ေနၿပီးေတာ့ ဒီလိုစပ္ၿဖဲျဖဲရုပ္မ်ိဳး လုပ္ေနစရာလား"
"ေရႊနဂါးပလႅင္ေပၚ မွာ ေနရာၿမဲခ်င္ရင္ အနည္းနဲ႔အမ်ား လဲလွယ္လိုက္တာ အဆံုးရႈံးခံရတာ ရိွတာပဲ ။ ဒါေလာက္ၿပံဳးျပတာေလးကို ေအာက္က်ိဳ႕ေနာက္က်ိဳ႕ျဖစ္တယ္လို႔ ကိုယ္ေတာ္ မယူဆပါဘူး"
ဒါဆို ဘယ္လို ယူဆထားတုန္း။
လူတစ္ၿပံဳတစ္ေခါင္းႀကီး ေခၚလာၿပီး ကြၽန္ေတာ့္ အိမ္ေပၚ အလကား တင္ေကြၽးထားရတယ္။ အခေၾကးေငြ တစ္ျပားမွေတာင္ မရဘူး။ ထမင္းတစ္နပ္တိုင္းမွာလည္း အသားကမပါမျဖစ္ ပါေပးရတာနဲ႔။
တကယ္ စိတ္ညစ္ေနရတာက ကြၽန္ေတာ္
ပါေနာ္။
ထိုစဥ္ ခ်ူယြမ္ဘက္မွ ထပ္ေမးလာ၏။
"မနက္ျဖန္ ဧည့္သည္လာမလို႔ဆို။ သက္ေတာ္ေစာင့္ တစ္ေယာက္ဆီကေန ကိုယ္ေတာ္ သတင္း ၾကားထားတယ္။"
"အင္း ။ ကျွေ့ယင် ဂိုဏ္းခ်ဳပ္က ဒီဘက္တစ္ဝိုက္ လာရင္း လမ္းႀကံဳ၀င္လာမလို႔တဲ့"
"ခ်င္ေရှာက္ယြီလား"
"ခင္ဗ်ားက သိုင္းေလာကကလူေတြကိုလည္း သိတာပဲလား"
ဒီတစ္ေခါက္ေတာ့ ယဲ့က်င္ တကယ္အံ့အားသင့္ပါ၏။
"လူခ်င္းေတာ့မသိဘူး၊ ခ်န္းဖန္း ခဏခဏေျပာဖူးလို႔ သိေနတာ ။ ကျွေ့ယင်ဂိုဏ္းခ်ဳပ္ကသူမတူေအာင္ သိုင္းပညာတတ္ကြၽမ္းၿပီး တရားမ်ွတမႈကို ျမတ္ႏိုးတယ္လို႔ၾကားဖူးတယ္။ ႀကီးမားတဲ့ အမႈကိစၥေတြကိုေတာင္ လုပ္ေဆာင္ႏိုင္ေလာက္မယ့္လူမ်ိဳးပဲ "
"ခင္ဗ်ား သူ႔ကို အမႈေတာ္ထမ္းခိုင္းဖို႔ ႀကံေနတာလား။ မရေလာက္ဘူး ၊ သူလက္မခံေလာက္ဘူး"
"ဟုတ္လား"
ခ်ူယြမ္က ေမ်ွာ္လင့္ခ်က္မဲ့သြားေသာ အသံျဖင့္ ဆက္၍ေျပာလာ၏။
"အခုခ်ိန္ ရွီးေပနယ္စပ္မွာ တိုက္ပြဲေတြ ခဏခဏျဖစ္ေနလို႔ လူအင္အား ထပ္လိုေနတယ္ ။ သိုင္းေလာကမွာလည္း လက္ရံုးရည္ျပည့္စံုသူေတြရိွေနမွေတာ့ - "
"တျခားသူေတာ့မသိဘူး။ ခ်င္ေရှာက္ယြီေတာ့ လက္မခံမွာေသခ်ာတယ္"
ယဲ့က်င္က ေနာက္တစ္ဖန္ စကားစျဖတ္လိုက္ျပန္ေတာ့ ခ်ူယြမ္လည္း သက္ျပင္းခ်ရံုမွတစ္ပါး။
"ထီးနန္းကို အေသအေၾကလုေနၾကတာျမင္ေတာ့ ဘာမ်ားမက္စရာရိွလို႔လဲလို႔ ေတြးမိဖူးေသးတယ္ ၊ ေနာက္ဆံုးေတာ့ အရမ္းပင္ပန္းေနရတာပဲ အဖတ္တင္တယ္မလား"
ယဲ့က်င္ တကယ္ နားမလည္ႏိုင္ခဲ့ေပ။
ခ်ူယြမ္က လက္လွမ္းလိုက္ကာ ညီျဖစ္သူ၏ အက်ႌအား ေသေသသပ္သပ္ျဖစ္ေအာင္ ေသခ်ာၫွိေပးလိုက္၏။
ေဟး၊ ပြတ္သီးပြတ္သပ္ေတြ လာမလုပ္နဲ႔။အရမ္း ရင္းႏွီးၾကတာလည္းဘဲ ထိကပါးရိကပါးေတြ လာမလုပ္နဲ႔လို႔။
အတန္ၾကာေတာ့မွ ယဲ့က်င္က ျပန္ေမးလာ၏။
"ခင္ဗ်ားကို လာႀကိဳမယ့္လူရိွၿပီလား ။
ဒါမွမဟုတ္ ခင်ဗျားကို ကိဳဖို႔ ကျွန်တော်
စာလႊာသြားပို႔ေပးရမလား"
"ကိုယ္ေတာ့္ရဲ့လူေတြကို ၿမိဳ႔ေတာ္ဘက္ လႊတ္လိုက္ၿပီးၿပီ၊ ေနာက္ရက္ေတြဆို ေရာက္လာေကာင္းပါရဲ့"
ၿမိဳ႔ေတာ္......ယဲ့က်င္မွာ ေကာင္းကင္ယံဘက္ေမာ့ၾကည့္ရင္း သက္ျပင္းခ်လိုက္မိ၏။
ဒါဆိုရင္ အၾကာႀကီးဆက္မေနေတာ့ဘူးဆိုတဲ့သေဘာေပါ့။
******
သြမ့္ပိုင္ယြဲ႔သည္ လမ္းတစ္ေလ်ွာက္လံုး ေန့မနားညမနား ခရီးႏွင္လာခဲ့ရာ သူ၏စီးေတာ္ျမင္းသာ မ်ိဳးေကာင္းမ်ိဳးသန္႔မဟုတ္ခဲ့လ်ွင္ လမ္းခုလတ္တြင္ ျမင္းဘယ္ႏွစ္ေကာင္ပင္ အေမာဆို႔ေသေနေလာက္ၿပီမသိ။
သြမ့္ေယာင္မွ မေက်မနပ္ဆိုလာ၏။
"ထိမ္းျမားပြဲက်င္းပဖို႔ သတို႔သမီးသြားတင္ေတာင္းမလို႔လားဟင္"
"ေနာက္သံုးနာရီေနရင္ ခရီးဆက္ၾကမယ္"
သြမ့္ပိုင္ယြဲ႔က ထိုမ်ွသာ ျပန္ေျပာေလ၏။ သံုးနာရီမ်ွသာ ၊ ဒီထက္ပိုၿပီး တေရးတေမာ အိပ္ခြင့္မရိွ။ သြမ့္ေယာင္လည္း သစ္ပင္ေျခရင္းေအာက္ လဲေလ်ာင္းကာ ေမွးစက္လိုက္ေလသည္။
ေသသြားတာကမွ ေကာင္းၪီးမယ္။
ေနာက္ဘ၀က်ရင္ အစ္ကိုေတြေနာင္ေတာ္ေတြမရိွတဲ့ မိသားစုမွာပဲ သြားၿပီး၀င္စားေတာ့မယ္။
ဤေတာအုပ္ႀကီးမွာ အလြန္ တိတ္ဆိတ္ၿငိမ္သက္ေနေပသည္။ ရွီးနန္လူစုမွာ ေန့ရက္ၾကာရွည္စြာ ခရီးႏွင္လာသျဖင့္ အနားယူခ်ိန္တြင္ အျမန္အဆန္ပင္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ကုန္၏။သို႔ေသာ္ ေလထုအား ခြင္းလာေသာအသံတစ္ခုကိုၾကားသည္ႏွင့္ ႏွစ္ရွည္လမ်ား ေလ့က်င့္ခဲ့ေသာ သိုင္းသမားမ်ားျဖစ္သည္ႏွင့္အညီလူတိုင္း ႏိုးၿပီးသားျဖစ္ေလၿပီ။
ေရ႔ွေမွာက္တြင္ ဓားပ်ံအစင္းတစ္ရာခန္႔မ်ွ ၪီးတည္ဝဲပ်ံလာၾကၿပီး ေျမျပင္ေပၚေရာ သစ္ပင္မ်ားေပၚပါ စိုက္ကာ ေငြေရာင္တလက္လက္ ေရာင္ျပန္လို႔ေနသည္။ ထို႔ေနာက္ ေရႊခ်ည္ျဖင့္ယက္ထားေသာပိုက္ကြန္မ်ားပါ ညီအစ္ကိုႏွစ္ေယာက္ထံ က်လာ၏။၄ထက္၀ယ္ အဆိပ္လူးထားေသာ ဆူးခြၽန္ေသးေသးမ်ားႏွင့္ စီရင္ရက္လုပ္ထားေသာ ပိုက္ကြန္မ်ားျဖစ္သည္။ထိုပိုက္ကြန္မ်ားကို သြမ့္ပိုင္ယြဲ႔က ဓားတစ္ခ်က္အေဝွ့ႏွင့္ပင္ ဖက္ဆီးလိုက္ကာ သြမ့္ေယာင္အား ေဘးကင္းရာသို႔ ေခၚေဆာင္သြား၏။
"ရွီးနန္၀မ္!!!!"
ခ်ိဳလြင္သာယာေသာ အသံတစ္ခုက ေတာနက္ထဲ ျမည္ဟိန္းသြား၏။ ထိုအသံႏွင့္အတူ ပန္းပြင့္ဖတ္မ်ားႏွင့္အတူ သင္းပ်ံ့ေသာရနံ႔တစ္ခုက ၀န္းက်င္အႏွံ႔ ထံုလႊမ္းသြား၏။
"ေနာင္ေတာ့္ရဲ့ အဆက္ေဟာင္းလားဟင္"
ပန္းနံ႔ေလးက ခ်ိဳေမႊးေနတာပဲ။
ဘာလုပ္ေနတာလဲ ၊ သြားေတာ့ေလ ။
အဆက္ေဟာင္းႀကီးကို ၀မ္းပန္းတသာ သြားႀကိဳေလ။
"မင္းထင္တာ လြဲသြားၿပီ ။ သူလာရွာတဲ့လူက ငါမဟုတ္မွာေတာင္ စိုးရိမ္ရတယ္"
"ဒါဆို ကြၽန္ေတာ့္ကိုလား"
"ေယာင္အာကို ကြၽန္မဆီ ဘယ္ေတာ့ လာအပ္မွာလဲဆိုတာ ရွီးနန္၀မ္ေသခ်ာစဥ္းစားၾကည့္ၿပီးၿပီလား "
ေကာင္းကင္ယံထက္မွ ေဝါယာဥ္တစ္စီး သက္ဆင္းလာကာ ထိုအထဲမွ လွပေသာ မိန္းမပ်ိဳတစ္ၪီး ထြက္လာေလ၏။
သြမ့္ေယာင္ - ".........."
အေဒၚႀကီး ......
ေစာန ဘာေျပာလိုက္တယ္!!!
ေနာက္တစ္ေခါက္ ထပ္ေျပာလိုက္စမ္း !!!!
"ေဗာဓိစိတၲက်င့္စဥ္ကို ေယာင္အာ မက်င့္ဖူးပါဘူးလို႔ အဲ့ေန့ကတည္းက ပန္၀မ္ ေျပာျပၿပီးပါ ။ လန္ဂိုဏ္းခ်ဳပ္ လူမွားေနပါၿပီ "
"သူ ဘာသိုင္းေတြက်င့္ခဲ့မွန္း ကြၽန္မ ေကာင္းေကာင္းသိတာေပါ့ရွင္"
မိန္းမပ်ိဳေလးက ေရ႔ွသို႔ တစ္လွမ္းခ်င္း ေလ်ွာက္လွမ္းလာရင္း ဆက္ဆို၏။
"သူ႔ကို ကြၽန္မနဲ႔ ထည့္ ေပးလိုက္ပါ ၊ ဒါမွ ရွီးနန္၀မ္အတြက္ ေျပးစရာလမ္းေလး ခ်န္ေပးႏိုင္မွာေလ "
သြမ့္ပိုင္ယြဲ႔ေတာ့ သြမ့္ေယာင္ေရ႔ွမွ မလႈပ္မယွက္ မားမားမတ္မတ္ ရပ္ေနသည္။ သူ႔မ်က္၀န္းထဲတြင္လည္း တစ္ဖက္ရန္သူအားအမႈန္႔ႀကိတ္ေခ်မႈန္းပစ္လိုေသာ စိတ္ရိုင္းမ်ား တရိပ္ရိပ္ ထင္ဟပ္ေျပးလႊားေနလ်က္။
********
Thz for reading.
2020.04.19.