[ချိုချိုသာသာတွေ လာမခေါ်စမ်းနဲ့ ]
အိမ်၀န်းသေးသေးလေး၏ အတွင်းဘက်တွင်ရော အပြင်ဘက်တွင်ပါ တပ်သားအမြောက်အများ စောင့်ကြပ်နေသည်။ ရှစ်ဇီကုန်းကုန်းလည်း ထိုသူနှစ်ယောက်ထွက်သွားတော့မှ ချူယွမ်အား အိမ်ထဲ အသာခေါ်ဆောင်လာခဲ့သည်။ ရှစ်ဇီ ဒေါသထွက်နေသည်ကိုကြည့်ပြီး ချူယွမ်က သဘောကျစွာရယ်မောလိုက်ကာ-
"ရှစ်ဇီ......ဒေါသထွက်လွန်းလို့ နေမကောင်းဖြစ်သွားဦးမယ် ။ တစ်ခုခုဖြစ်သွားရင် ဒီမှာ ကုပေးဖို့ ဘာဆေးမှ မရှိဘူးနော်"
"ဒီသူပုန်တွေတော့ တော်တော်အတင့်ရဲလွန်းနေပြီဘုရား "
ရှစ်ဇီက သက်ပြင်းချကာ ဆက်ဆို၏။
"စစ်သူကြီးရှန် ရှိနေရင်ကောင်းမှာပဲဘုရား။ ဒါဆို သူတို့ ဒီလောက်ထိ ထင်ရာစိုင်းရဲမှာမဟုတ်ဘူး"
"အင်း ။ ဒါပေမယ့် ကိုယ်တော့်အကြံအစည်က ဒီထက် သေသပ်ပိရိနေခဲ့ဦးတော့ ၊ တပ်မှူးချန်တစ်ယောက် လျိုကုန်းတို့ဘက်ပါသွားမယ်လို့ လုံး၀ထင်မှတ်မထားခဲ့တာဘူး ။ တစ်ရာကိုသတိထားခဲ့ပေမယ့် တစ်ခုကို သတိလက်လွတ်မထားကောင်းဘူးဆိုတဲ့စကားက သင်ခန်းစာတကယ်ပေးခဲ့တာပ "
"ဘယ်လိုဆက်လုပ်ကြမလဲ အရှင်မင်းမြတ်။
ဒီလိုစားဖိုမှူးအဆင့်လေးကတောင် သစ္စာဖောက်ရဲတာဆိုတော့ နောက်ကွယ်ကကြိုးကိုင်သူအကြီးကြီးတစ်ယောက် သေချာပေါက် ရှိနေမှာပဲ ။ အခု မြို့တော်မှာရော အခြေအနေ ဘယ်လိုဖြစ်နေမလဲ။"
"မြို့တော်ဘက်တော့ ကနဦးကတည်းကကိုယ်တော် ပြင်ဆင်ထားပြီးသားမို့ စိတ်မပူပါနဲ့ ရှစ်ဇီ။ ရှီးနန်၀မ် သွမ့်ပိုင်ယွဲ့လည်း မြို့တော်မှာ ရောက်နေတာပဲဆိုတော့ လျိုမျိုးရိုး ထင်ရာစိုင်းနေတာကို သူ အေးဆေး ထိုင်ကြည့်နေမှာမဟုတ်ဘူး ။ အလွန်ဆုံး ဒီညသန်းခေါင်မတိုင်ခင် ဒို့တွေကို လာကယ်မယ့်လူ သေချာပေါက်ပေါ်လာလိမ့်မယ် "
"မှန်လှပါ "
အစတော့ ရှစ်ဇီက ခေါင်းတညိတ်ညိတ်နှင့်၊ ထို့နောက် ငိုယိုပြီး ကြမ်းပြင်ပေါ်ထိုင်ချကာ-
"ဒီနေ့ကစပြီးတော့ အရှင့်ကို အလုပ်အကျွေးမပြုရတော့မှာ စိုးရွံ့မိတယ် အရှင်"
"ဟင် ၊ ဘာလို့တုန်း"
ချူယွမ်က ပြုံးလိုက်ကာ ရှစ်ဇီကို ဆက်ဆို၏။
"လျိုမျိုးရိုးနဲ့ နေခဲ့ချင်တာတော့ မဟုတ်လောက်ပါဘူးနော်"
တအင့်အင့် ငိုကြွေးနေသော ရှစ်ဇီမှာ ဤစကားကို ကြားတော့ ထိတ်လန့်တကြားဖြစ်သွားပြီး
"အရှင်မင်းမြတ်ဘုရား~ "
"ကိုယ်တော် သိပါတယ် ၊ ဘယ်သူက ရှစ်ဇီကို ထားခဲ့မယ်ပြောနေလို့တုန်း ။ "
ချူယွမ်က ကြားဖြတ်ပြောရင်း ရှစ်ဇီအား
လက်တွဲပြီး ထူမလိုက်ကာ -
"ကိုယ်တော် ငယ်ငယ်ကတည်းက ကံကောင်းထောက်မလို့ ၊ ရှစ်ဇီရှိနေလို့သာ အဆင်ပြေခဲ့တာ။ ရန်သူတွေလက်ထဲကနေ ဒို့တွေ ဘယ်နှစ်ခါတောင် အတူတူ ရုန်းထွက်ပြီးပြီလဲ ။ အခု ဧကရာဇ်ဖြစ်တဲ့ ကိုယ်တော့်ကို လာကယ်ကြမယ်ဆိုရင်တောင် ရှစ်ဇီကိုပါ အပါခေါ်သွားခိုင်းမှာ ၊ စိတ်ချ"
"ဒါပေမယ့် ......"
ရှစ်ဇီမှာ မိမိ၏ ဆူဖြိုးသောခန္ဓာကိုယ်ကို ကြည့်ကာ စိတ်လေးလံသွားရသည်။ မည်သို့ကြည့်ကြည့် မိမိက အနှောင့်အယှက်တစ်ခုကဲ့သို့ပင် မဟုတ်လား။
ဒီလိုမှန်းသိ ထမင်းတစ်ခါစားတိုင်း သုံးလေးပန်းကန်လောက် အစားလျော့စားခဲ့ရမှာ။
*******
အိမ်၀န်းအပြင်ဘက်တွင်တော့ ယဲ့ကျင့်က ဟင်းရွက်တောင်းကို ပိုက်ရင်း ဟိိုဟုဒီဒီပတ်လျှောက်နေ၏။ အဝေးမှ ကြည့်လျှင် သံမဏိတံတိုင်းအလား ထင်မှတ်မှားစဖွယ်ခက်ထန်ကြမ်းကြုတ်ဟန်ရှိသည့် လက်နက်ကိုင်အစောင့်တစ်ဦးက ယဲ့ကျင့်အားအော်ဟစ်ပြောဆိုလာ၏။
"ဒီလမ်းကို ဘယ်သူမှ ဖြတ်သွားလို့မရဘူး ။ ထွက်သွားစမ်း !!! "
အနီးအနားပင်မရောက်လိုက်သေး ၊ ယဲ့ကျင့်တစ်ယောက် အနှင်ခံရလေပြီ။ ခါတိုင်းဆိုလျှင် ဆေးတစ်မျိုးမျိုးဖြင့် ၎င်း၏မျက်နှာကို ဖျန်းပက်ပစ်လိုက်မည်မှန်သော်လည်း ယခုမူ အိမ်တွင်း၌ တစ်စုံတစ်ယောက်ကို ပိတ်လှောင်ထားသည်မဟုတ်လား၊ ထိုသူကို ရအောင် တွေ့ရအောင် တစ်နည်းနည်း ကြံစည်ရဦးမည်လေ။
အိမ်၀န်းကိုတစ်ပတ်မျှပတ်ကြည့်ပြီးသော်လည်း ခိုး၀င်စရာ မလွယ်ပေါက်တစ်ပေါက်မျှပင်မရှိသောကြောင့် ယဲ့ကျင့် အမျက်ချောင်းချောင်းထွက်လေပြီ။ကြံရာမရသည့်အဆုံး ထိုလမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်သောက်နေရင်း အခြေအနေ ထိုင်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ရေနောက်တုန်း ငါးတစ်ကောင်တစ်လေ ဖမ်းမိနိုင်မည့် အခွင့်အရေးကို စောင့်လိုက်ဦးမည်လေ။
(လူအများ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း အခွင့်ကောင်းယူမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပွဲလန့်တုန်းဖျာခင်းနဲ့ အတော်လေး ဆင်တူမယ်ထင်ပါတယ်)
အချိန်လင့်လာတော့ ဆိုင်ပိတ်ချိန်ရောက်လေပြီ။ သန်းခေါင်ထိစောင့်ရသဖြင့် ယဲ့ကျင့်လည်း အိပ်ချင်မူးတူး သမ်းနေလေပြီ။ ထို့နောက် ခေါင်မိုးတစ်ခုပေါ် ခုန်တက်ပြီး မှောင်ရိပ်ခိုကာ လှမ်းကြည့်လိုက်တော့ အစောင့်တပ်သားများ တာ၀န်လဲလှယ်နေကြသည်ကိုတွေ့ရ၏။ ထိုစဥ် ဘယ်အရပ်ကရောက်လာမှန်းမသိသော အနက်ရောင်၀တ်စုံ၀တ်ထားသော လူတစ်သိုက် ခုန်လွှားရောက်ချလာကာ ထိုအစောင့်များကို တစ်ခဏတွင်းချင်း သတ်ပစ်လိုက်ကြလေ၏။
အော်ဟစ်သတိပေးကြသံများကြောင့် မီးများထိန်လင်းလာကာ လက်နက်ချင်းထိခိုက်ကြ ၊ သတ်ဖြတ်တိုက်ခိုက်ကြသောအသံများ ၀န်းကျင်တစ်ခွင် ပျံ့နှံ့လွှမ်းခြုံသွားလေ၏။
အနီးအနားရှိ အိမ်များလည်း ထိုအသံများကြောင့်ပင် လန့်နိုးလာကြကုန်သည် ၊ သို့သော် မိမိတို့အိမ်ထဲ၌ပင် ပုန်းနေကြကာ အပြင်သို့ ထွက်မလာရဲကြ။ အပြင်ဘက်တွင် ဘာဖြစ်နေမှန်းမသိရ ၊ အခြေအနေအမြန်ငြိမ်သက်ရန်သာ ဆုတောင်းနေကြရ၏။
"သွားတော့!!!"
ထိုအနက်ရောင်၀တ်စုံ၀တ် လူများက ၀န်းရံကာကွယ်ပေးထားကြသည့် လုံခြုံမှုကြား
ချူယွမ်က ရှစ်ဇီအား မြင်းပေါ်အတူ ခေါ်တင်ပြီးသည်နှင့် တိုက်ပွဲကြားမှ ခွဲထွက်ကာ
လျိုအိမ်တော်မှ ထွက်လာလိုက်၏။
"ရဲမက်တို့ ၊ သူတို့နောက် လိုက်သွားကြ!!!!!"
ချူယွမ်တို့ထွက်သွားသည်ကိုမြင်တော့ လျိုမာန်မှာ စိုးရိမ်တကြီး ဟစ်အော်နေ၏။
ဤအခြေအနေရောက်နေမှတော့ ချူယွမ်အား မြို့တော်သို့ ပြန်ခွင့်ပေးလိုက်လျှင် မိမိကံကြမ္မာ မည်သို့အဆုံးသတ်မည်မှန်း လူတိုင်းနားလည်သည်။ တပ်မှူးချင် လည်း တပ်သားများနှင့်အတူ ချက်ချင်း လိုက်သွားကြလေ၏ ၊ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ခက်ထန်ကြမ်းကြုတ်နေလျက်။
ချူယွမ်ကို လာကယ်ထုတ်သွားသော အနက်ရောင်၀တ်စုံ၀တ်အဖွဲ့မှာ နန်းတော်ထဲမှ လျှို့၀ှက်သက်တော်စောင့်တပ်သားများဖြစ်လေသည်။သူတို့ တစ်ဦးချင်းစီကို ချန်းဖန်းကိုယ်တိုင် စိစစ်ရွေးချယ်ကာ သူရိယစန္ဒာတောင်စခန်း၌ စနစ်တကျ လျှို့၀ှက်စွာလေ့ကျင့်သင်ကြားထားပြီးသားဖြစ်သည်။ သာမန်အချိန်များ၌ ကိုယ်ထင်ပြခြင်းမရှိ ၊ အခက်အခဲ အကျပ်အတည်းများရှိသည်နှင့် ချက်ချင်း လှုပ်ရှားကြရသော တပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင့်လည်း သူပုန်အင်အား မည်မျှပင်များပြားနေပါစေ ၊ လာသမျှလူ အကုန်ရှင်းလင်းပစ်ရုံသာ ။
"မြားပစ်!!!!"
တပ်မှူးချန်က မိမိလူများကို မြင့်ရာနေရာသို့ ခေါ်ဆောင်ကာ အမြင့်မှသည် တောင်ခြေ
ချိုင့်၀ှမ်းရှိ ချူယွမ်တို့အား မြားဖြင့်ပစ်ခွင်းစေ၏။ စူးရှသော မြားဦးက လေထုကို ခွင်းလာသည်နှင့် ချူယွမ်လည်း ဓားအသင့်ဆွဲထုတ်ပြီးသားပင်။
"ဧကရာဇ်ကို ကာကွယ်ကြ!!!!!!!"
တစ်ယောက်သော အရိပ်တပ်သားက မြားဒဏ်ထိသွားလေပြီ။ ရန်သူဘက်က နောက်ထပ် မြားထပ်ပစ်ရန် ချိန်ရွယ်နေပြီမို့ ဧကရာဇ်အနွက် မိမိခန္ဓာကိုယ်ဖြင့် ဒိုင်းသဖွယ် ကာကွယ်ရုံမှတစ်ပါး မတတ်နိုင်တော့
။ ချူယွမ် ဘေးကင်းစွာ ရှောင်တိမ်းနိုင်ရန် အချိန်ဆိုင်းပေးရပေမည်။
မြားမိုး ထပ်ရွာလာချိန်တွင်တော့ ချူယွမ်၏စီးတော်မြင်းသည်ပင် ဘယ်ဘက်မျက်လုံး၌ ထိခိုက်သွားချေ၏။ ထို့ကြောင့် ၎င်းပေါ်ရှိ လူများကို အတင်းခါထုတ်လာသဖြင့် ရှစ်ဇီမှာ အောက်သို့ ပြုတ်ကျကျန်ရစ်ခဲ့လေ၏။
"အရှင်မင်းကြီးသာ သွားနှင့်ပါ ။ ကျွန်တော်မျိုးကို ငဲ့မနေပါနဲ့တော့"
ချူယွမ်က မိမိရှေ့မှ မြားများကို ဓားဖြင့် ရှင်းပစ်ပြီး ရှစ်ဇီအားဆွဲထူကာ သက်တော်စောင့်များ ခြံရံပေးထားသော အ၀ိုင်းမှ ဖောက်ထွက်သွားလေသည်။ ထိုသို့မြင်ရသော် တပ်မှူးချန်က ရွံရှာစွာ ထွီခနဲ တံတွေးထွေးပစ်ပြီး ဘေးနားကတပ်သားတစ်ယောက်ထံမှ လေးနှင့်မြားကိုယူကာ သူကိုယ်တိုင်ပင် ချူယွမ်အား အသေသတ်ပစ်ရန် ချိန်တော့၏။
"အရှင်မင်းကြီး ~ သတိထား!!!!!!"
ထိုအခြင်းအရာကို မြင်လိုက်သော လျှို့၀ှက်သက်တော်စောင့်တစ်ဦးက ချူယွမ်အား လှမ်း၍သတိပေးအော်ပြောလာ၏။ ချူယွမ်လည်း လေမှခွင်းလာသောအသံကို ကြားလိုက်သည်နှင့် ရှစ်ဇီအား တွန်းထုတ်လိုက်ချိန်သာ ရလိုက်ကာ ၊ ထို့နောက် မိမိကျောပြင်မှ စူးကနဲ နာကျင်သွားသည်သာ
သိလိုက်ရ၏။
"အရှင်မင်းကြီး!!!!!"
ရှစ်ဇီမှာ အလန့်တကြားဖြစ်ကာ ချူယွမ်အား အမြန် ဆွဲထူလိုက်သည်။
"သူ့ကို သတ်ကြ!!!!!"
ရန်သူကိုအသေသတ်ရန် ဟစ်ကြွေးပြီး တောင်အောက်ဘက် ဆင်းလာစဥ် ရုတ်ခြည်းဆိုသလို မိမိတို့ရှေ့ အမည်မသိအမှုန့်များ ပျံ့လွင့်ကာ မျက်နှာအနှံ့ပေကျံကုန်၏။ ထို့နောက် ခြင်အကောင်တစ်ရာမျှ ၀ိုင်း၀န်းကိုက်နေသလိုပင် ယားယံလာကြ၏။
ရောက်လာသည်နှင့် ယဲ့ကျင့်လည်း ချူယွမ်မြားပစ်ခံရပြီဖြစ်မှန်းတွေ့ရတော့ အပြေးပင် အနားရောက်လာ၏။
"သေတော့မသေသေးဘူးမလား"
"ဟုတ်။ အရှင်မင်းကြီးကို ကယ်ပေးပါဦး ၊ အရှင်မင်းကြီးကို ကယ်ပေးပါဦး ဆရာကြီးခင်ဗျာ"
ရှစ်ဇီကုန်းကုန်းအတွက်တော့ အရုဏ်ဦးနေရောင်ကို မြင်တွေ့လိုက်ရသည့်အလား။
ယဲ့ကျင့်မှာ ဆရာကြီးဟုအခေါ်ခံလိုက်ရသောကြောင့် ရယ်ရခက် ငိုရခက်။
ကျုပ် တတ်ထားတဲ့သိုင်းပညာက မတောက်တခေါက်လေးပဲရှိတာကို ဆရာကြီးလို့လာခေါ်နေသေး။ နှစ်ဘယ်လောက်ကြာသွားကြသွား၊ အသင့်အမြင်က ေ၀၀ါးနေတုန်းပဲလား။
ချူယွမ် သတိမေ့သွားသည်ကိုတွေ့ရတော့ ယဲ့ကျင့်လည်း အခြားမည်သည့်ကိစ္စမှ အလေးမထားအားတော့ဘဲ အ၀တ်စများဖြတ်တောက်ကာ ဒဏ်ရာအား စည်းနှောင်ပေးလိုက်၏။ သက်တော်စောင့်များကလည်း ရန်သူများနှင့် တိုက်ခိုက်နေရဆဲပင်။ သို့သော် လှိုင်းလုံးများသဖွယ် တရိပ်ရိပ်တိုးလာသော ရန်သူ့အင်အားကြောင့် အရိပ်တပ်သားများမှာ စိတ်စွမ်းသော်လည်း ကိုယ်မလိုက်နိုင်ကြတော့ဘဲ အားအင်ချည့်နဲ့လာကြသည်။
"ပိုင်လိုင်ချိုင်!!!!!"
ယဲ့ကျင့်က အသံကုန် အော်ခေါ်လိုက်လေသည်။ အသံမှာကျယ်လွန်းသဖြင့် သတိလစ်နေသောချူယွမ်ပင် တွန့်ကနဲ ဖြစ်သွားသေးသည်။
ပိုင်လိုင်ချိုင်ဟူသော အဖိုးအိုလည်း သစ်ပင်ထက်မှာ အမြန်ဆင်းလာပြီး မြေပြင်ပေါ် လိမ့်သွားသည်မှာ ဒဏ္ဍာရီထဲမှ ထူလင်ချွန်းအမည်ရှိ နတ်ပုလေးသဖွယ်ပင် ၊ ထို့နောက် သူပုန်တပ်သားများဘက် တည့်တည့် ၀င်သွားတော့သည်။ မည်သည့်လက်နက်မှ ယူမသွားသော်လည်း ၎င်းရောက်ရာနေရာတိုင်း နာကျင်စွာ အော်ညည်းသံများကြားရကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူဘက်က တစ်၀က်ခန့်မျှ လက်မောင်းရိုးကျိုးကြကုန်သတတ်။
"ဆရာကြီးခင်ဗျာ ၊ ဧကရာဇ်အခြေအနေက ဘယ်လိုနေလဲဟင်"
"မသိဘူး။သူသေမယ်ဆိုလည်း ပေးသေလိုက်တော့မယ်"
ထိုအဖြေကိုကြားရတော့ ရှစ်ဇီမှာ အရုပ်ကြိုးပြတ် လဲတော့မတတ်ပင်။
"တော်ပြီ ၊ ဆက်မတိုက်နဲ့တော့ "
အနာကို သေချာစည်းပေးပြီးနောက် ယဲ့ကျင့်လည်း အလောတကြီးနှင့် အော်ပြောတော့ ပိုင်လိုင်ချိုင်လည်း နောက်ဆုံးလက်ကျန် တပ်သားများကို အားကုန် ဆော်ထည့်ပြီး ထွက်လာ၏။ သစ်သီးတစ်လုံးကို ကိုက်၀ါးနေရင်းဖြင့် ဘယ်ကရလာမှန်းမသိသော မြင်းလှည်းကို ယူလာပေးသည်။
မြို့ထဲတွင် ရန်သူမည်မျှရှိနေမည်ကို မှန်းဆမရသောကြောင့် ဘေးကင်းရာနေရာတစ်ခုခုသို့ အရင်ရှောင်တိမ်းရပေမည်။ ယဲ့ကျင့်လည်း အမြန်ပင် ဆုံးဖြတ်ချက်ချလိုက်ပြီး
ချူယွမ်နှင့် သက်တော်စောင့်များကို
တောင်၏အနောက်ဘက်သ်ု့ ခေါ်သွားလေသည်။ ထိုနေရာ၌ သစ်သားဖြင့်ဆောက်ထားသော တဲအိမ်ငယ်တစ်လုံးရှိလေရာ မိမိ ဆေးလာရှာတိုင်း မိုးခိုရာနေရာအဖြစ်သာ ဆောက်ထားသော်လည်း ယခုအခြေအနေအတွက် အသုံးချရန် အလွန်တရာသင့်လျော်နေပေသည်။
"အရှင်မင်းကြီး ဘာမှမဖြစ်လောက်ဘူးမလား ဆရာကြီး"
ရှစ်ဇီမှာ ဤစကားကို ခုနစ်ခါရှစ်ခါထက်မနည်း မေးနေခဲ့သည်။
ငယ်ငယ်တုန်းက ရှစ်ဇီသာ ကျွန်တော့်ကိုပွေ့ချီခဲ့တာမျိုး၊ ကုန်းပိုးပေးခဲ့တာမျိုး မရှိခဲ့ရင် သတိလစ်အောင် ရိုက်ပစ်ပြီးလောက်ပြီ သိလား။
ချူယွမ်မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်ကာ လက်ချောင်းများပင် အေးစက်နေလျက်။ ၀တ်လဲတော်တစ်၀က်ခန့်မျှ သွေးများ စိုစွတ်နေလျက်ရှိသည်။
ကံကောင်းသည်မှာ တဲအိမ်ငယ်အတွင်း ဆေးပင်များ ရှိနေခြင်းပင်။ယဲ့ကျင့်လည်း ရေနွေးတည်ကာ အနာကို သေချာဆေးကြောသန့်စင်ပေးပြီး ဆေးသေချာထည့်ပေး၏။ အယောက်တိုင်းကို ဆေးထည့်ပေး အနာစည်းပေးလိုက်သည်ပင် အချိန်တော်တော်ကြာသွားလေပြီ ။ ပိုင်လိုင်ချိုင်ကမူ မြို့ထဲ၀င်ကာ စားနပ်ရိက္ခာနှင့် အ၀တ်အထည်များ ပြန်သွားယူပေးလေသည်။
ယဲ့ကျင့်က ချူယွမ်အနားမှာပင်ရှိနေကာ အခြေအနေကို အရိပ်တကြည့်ကြည့် ထိုင်ကြည့်လိုက် ၊ သွေးခုန်နှုန်းစမ်းလိုက် လုပ်နေကာ အခြေအနေစိတ်ချသွားတော့မှ သက်ပြင်းမောချနိုင်တော့၏။
"ဒီက ဆရာကြီးရဲ့ ....."
"သူ မသေသေးပါဘူး "
ယဲ့ကျင့်မှာ ကိုယ်ရောစိတ်ပါ ပင်ပန်းနေပြီဖြစ်၏။ ဒေါသပင်မထွက်အားတော့။
"မဟုတ်ရပါခင်ဗျာ၊ မဟုတ်ရကြောင်းပါ။ ဆရာကြီး အထင်လွဲနေပါပြီ။ ဒီတစ်ခေါက်တော့ ဆရာကြီးရဲ့ နာမည်ကို မေးကြည့်ချင်လို့ပါခင်ဗျာ"
ရှစ်ဇီမှာ အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်ကြောင်း အရိုအသေပြုလို့မဆုံး။
"၀င်ရောက်ကူညီပေးတဲ့ ဆရာအရှင်နှစ်ယောက်လုံးကို လွန်စွာမှ ကျေးဇူးတင်မိကြောင်းပါ"
"အသေးအမွှားလေးပါ။ ကျွန်တော်လည်း အားနေတာနဲ့ အကိုက်ပဲ"
ရှစ်ဇီ - ".........."
"ကျွန်တော် တောင်ပေါ်သွားပြီး ဆေးတစ်မျိုးသွားရှာဦးမယ် ။ သူက နာလန်ထခါစလူတွေအတွက် အင်အားဖြစ်စေတယ် ။ ကုန်းကုန်းလည်း ပင်ပန်းနေရင် ခဏလောက်အနားယူလိုက်ပါလား ၊ ဒီအတောအတွင်း သူ ဘာမှ မဖြစ်ပါဘူး စိတ်ချ"
"ဟုတ်ကဲ့ပါ ။ ဆရာကြီးကို အရမ်းပင်ပန်းစေမိပါပြီ ။ ဒါပေမယ့်..... အပြင်မှာ မိုးကြီးလေကြီးရွာတော့မယ်နဲ့တူပါတယ်"
ရှစ်ဇီက စိုးရိမ်တကြီးပြောလာသည်။ တောနက်ကြီးထဲ မိုးခိုစရာနေရာ ရှားသည့်အပြင် လမ်းများလည်း ချော်နေတတ်သည်မဟုတ်လား။ သတိထားမိသလောက်ဆိုလျှင် မနေ့ညက တိုက်ခိုက်တုန်းကလည်း ဒီလူငယ်လေး၏သိုင်းပညာအဆင့်မှာ မြင့်မားလှသည့်ပုံမပေါ်ချေ။
သို့သော် ယဲ့ကျင့်တော့ ခြင်းတောင်းကိုလွယ်ကာ ထွက်သွားလေပြီ။ အဖိုးအို ပိုင်လိုင်ချိုင်လည်း ဘယ်ရောက်နေမှန်းမသိရသောကြောင့် ဒဏ်ရာမရခဲ့သော တပ်သားနှစ်ယောက်အား ယဲ့ကျင့်ကို လိုက်လံစောင့်ရှောက်ရန် ရှစ်ဇီက စေလွှတ်လိုက်လေသည်။
မှန်းဆထားသည့်အတိုင်းပင် ယဲ့ကျင့်ထွက်သွားပြီးမကြာမီ မိုးကြီးလေကြီးတိုက်ခတ်လာကာ လျှပ်စီးမိုးကြိုးများပင် ပစ်ခတ်မြည်ဟီး၍နေသည်မှာ စိုးရိမ်စဖွယ်ပင်။ ရှစ်ဇီမှာ သုံးလေးခေါက်မျှ တံခါး၀နားသွားကာ အပြန်လမ်းကို မျှော်နေ၏။ ကောင်းကင်တစ်ခုလုံး မိုးသားတိမ်တိုက်တို့ဖြင့် မည်းမှောင်သွားပြီး မကြာမီပင် ထိုတပ်သားနှစ်ယောက်မှာ ကြွက်စုတ်ရေနစ်ဖြစ်နေသော ယဲ့ကျင့်ကို သယ်လာကြလေသည်။ ဆေးပင်သွားရှာရင်း တောင်ပေါ်မှ လှိမ့်ကျတော့မတတ် ဖြစ်ခဲ့သည်ဟုပင် ဆိုကြ၏။
ရှစ်ဇီမှာ အလန့်တကြားဖြစ်ကာ ရေနွေးအမြန်တည်ပြီး ယဲ့ကျင့်အား အချမ်းဒဏ်သက်သာစေရန် ကိုယ်လက်သန့်စင်ပေးလေ၏။ ယဲ့ကျင့်မှာ ကံဆိုးလွန်းနေသော မိမိအဖြစ်ကို ဒေါသထွက်၍မဆုံး ။ ဆရာဖြစ်သူ၏ အရိုးပြာကို ဘုန်းတော်ကြီးကျောင်းသို့ လာရောက်အပ်နှင်းပြီးသည်နှင့် တစ်ခါတည်းချုန်းဟွားတောင်သို့ ပြန်လိုက်ရမည်ကို ဘာကြောင့်များ ဤမြို့သို့ လာခဲ့လေသလဲ။ ယခုတော့ ခါထုတ်၍မရသော အရှုပ်ထုတ်များ တစ်ခုပြီးတစ်ခု ရောက်လာနေခဲ့ပြီလေ။
******
ချူယွမ်မှာ နှစ်ရက်မျှ မေ့မြောနေခဲ့သည်။
ယနေ့ နေ့ခင်းတွင်မှ ယဲ့ကျင့်လည်း သူလုပ်နေကျ ပတ်တီးကိုဖြည်ကာ အနာကြည့်နေစဥ်
ရှစ်ဇီက ဘေးမှ-
"ဆရာကြီးခင်ဗျာ ။ ဧကရာဇ်ရဲ့ ရွှေနဂါးခန္ဓာတော်ဖြစ်နေတာမို့ ဖြည်းဖြည်းသာသာလေး လုပ်ပေးပါလား.....နော့ "
အကြမ်းပတမ်း မလုပ်လိုက်နဲ့လေ။
ယဲ့ကျင့်လည်း ဟွန့်ခနဲ နှာမှုတ်ကာ ဆေးဆက်ထည့်ပေး ပတ်တီးစည်းပေးနေလေသည်
ထိုစဥ် သတိမေ့နေသော ချူယွမ်မှ ညည်းသံပြုလာပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ အမြင်အာရုံမှာ ေ၀၀ါးနေပြီး တစ်အောင့်ကြာမှ ရင်းနှီးကျွမ်း၀င်သော မျက်နှာကို မြင်လိုက်ရ၏။
"ရှစ်ဇီ"
"နောက်ဆုံးတော့ အရှင်မင်းမြတ် နိုးလာတော်မူပြီပဲ"
ရှစ်ဇီမှာ ၀မ်းသာလွန်း၍ မျက်ရည်ကျတော့မတတ်ပင်။ သို့ပေမင့် စောနက ချူယွမ်ဘေးနား ထိုင်နေသော ဆရာသခင်လေးမှာ
အဘယ်ကြောင့် ရုတ်ချည်း ပြေးထွက်သွားမှန်းတော့ ရှစ်ဇီ စဥ်းစားမရ။ ပြေးထွက်သွားသည်မှာ အလွန်မြန်လှပေသည်။
ချူယွမ်က မျက်လုံးများကို ပြန်မှေးမှိတ်လိုက်ပြီး ခေတ္တမျှ စဥ်းစားကြည့်ပြီးသော်
မေးလာ၏။
"ဒါ ဘယ်နေရာလဲ"
"မြို့ပြင်ဘက်က တောင်နောက်မှာပါ အရှင်"
ထို့နောက် ရှစ်ဇီက ဖြစ်ကြောင်းကုန်စင်ကို အကြမ်းဖျင်း တစ်ခေါက်မျှ သံတော်ဦးတင်ပြလေသည်။ ရှစ်ဇီက သက်ပြင်းချလိုက်ကာ
"လာကူညီတဲ့ ဆရာသခင်နှစ်ယောက်လုံးရဲ့ ကျေးဇူးက အင်မတန် ကြီးမားလှပါပေတယ်ဘုရား"
အကျင့်စရိုက်လေး နည်းနည်းဆန်းနေသည်မှလွဲရင်ပေါ့။ တစ်ဦးက ဆူဆူအောင့်အောင့်နှင့် ဟွန့်ခနဲ ဟွန့်ခနဲ ခဏခဏ စိတ်ကောက်လွယ်သည်။ တစ်ဦးကတော့ အရိပ်ပင်မတွေ့လိုက်ရအောင် ပျောက်ချက်သားကောင်းနေသည်။
"သူတို့ရော ဘယ်မှာလဲ။ ကိုယ်တော်မြတ် ကိုယ်တိုင် ကျေးဇူးတင်စကားဆိုချင်သေးတယ်"
ချူယွမ်နှုတ်ခမ်းများ ခြောက်သွေ့လို့ပင်နေသည်။
ယဲ့ကျင့် နှုတ်ခမ်းကြီးစူကာ အပြင်ဘက်စောင့်နေရင်းတွေးမိသည်။
ဘယ်သူကများ ခင်ဗျားဆီက ကျေးဇူးအတင်ခံချင်တယ်လို့ တောင်းဆိုနေလို့လဲ။
"ဆရာကြီး ခင်ဗျာ။ ဧကရာဇ်က အသင်နှင့်တွေ့ဆုံဖို့ ဖိတ်ခေါ်နေတာမို့ အထဲကို ကြွသွားပေးလိုက်ပါဦးနော်"
"ကျွန်တော် မသွားဘူး"
ယဲ့ကျင့်က ချက်ချင်းထရပ်ကာ မြင်းလှည်းပေါ်သို့ တက်သွားလေပြီ။
ရှစ်ဇီကုန်းကုန်း "........."
"အခုသွားမတွေ့ရင်တောင် သွေးခုန်နှုန်းတွေစမ်းသပ်ကိုင်တွယ်ဖို့ သွားရဦးမှာပဲမလား။
မထူးပါဘူးလေ "ဟုဆိုပြီး တစ်အောင့်လောက်အကြာ ယဲ့ကျင့် ပြန်ဆင်းလာ၏။
ထိုစဥ် တပ်သားတစ်ယောက်ဖြတ်အသွားနှင့်ကြုံ၍ ယဲ့ကျင့်ကို ဆတ်ကနဲ လန့်ဖျတ်သွား၏။
"ဘာကြည့်နေတာလဲ!!!!!!"
"မဟုတ်ရပါ.... မကြည့်ရပါခင်ဗျာ"
ထို့နောက် ယဲ့ကျင့်လည်း အ၀တ်စဖြင့် မျက်နှာကို အပြည့်ဖုံးလိုက်လေသည်။
မျက်စိနှစ်လုံး ပေါ်ရုံမျှသာ ကျန်၏။
ချူယွမ် "........."
ရှစ်ဇီလည်း နားမလည်နိုင်စွာ မေးလာ၏။
"ဆရာအရှင်...ဘယ်လိုဖြစ်လာတာလဲခင်ဗျာ"
"အအေးမိနေလို့"
ချူယွမ်က ယဲ့ကျင့်၏မျက်လုံးများကို တောက်လျှောက် စူးစိုက် ကြည့်နေ၏။
ယဲ့ကျင့်က ကုတင်နား ထိုင်လိုက်ကာ ချူယွမ်လက်မှသွေးခုန်နှုန်းကို သေချာစစ်ဆေးပေးနေ၏။
"အားနာပေမယ့် ကိုယ်တော့်ကို မေးခွင့်ပြုပါဦး။ ဒီက သခင်လေးရဲ့ အမည်နာမကို ကိုယ်တော် သိခွင့်ရနိုင်မလား။"
"ကျွန်တော့် နာမည် ဘယ်လိုခေါ်ခေါ် ခင်ဗျားအပူပါလား "
ယဲ့ကျင့်က ချူယွမ်၏လက်ကိုလွှတ်လိုက်ပြီး ဆေးမြစ်ပြုတ်ပေးရန် ထွက်သွားရန်ပြုသည်။
"ထျဲန်းအာ"
ချူယွမ်မှာ မိမိထင်မြင်ချက်ကို ဆက်ထိန်းမထားနိုင်တော့ဘဲ ခေါ်ကြည့်လိုက်၏။
"အော့အန်ချင်စရာ ချိုချိုသာသာ နာမည်ကြီးတွေ လာမခေါ်စမ်းနဲ့ "
"တကယ်ပဲ ......မင်းဖြစ်နေတာကိုး"
.......
.......
......
"ဘယ်က မင်းလဲ !!!!! "
ယဲ့ကျင့်က ဒေါသတကြီး အော်ဟစ်လာ၏။
"မင်းသား (၉) ?"
ယခုမှ ရှစ်ဇီကုန်းကုန်းပင် သတိပြုရကောင်းမှန်း အမှတ်ရမိ၏။
အာ..... ဒါကြောင့်လည်း ဒီမျက်နှာကို ရင်းနှီးနေပါတယ်လို့လေ။
"အဟမ်း အဟမ်း။ မင်းသား ( ၉ )ဆိုတာ ဘယ်သူလဲ "
"ဟုတ်ပ.....တကယ် မင်းသား(၉)ပါလား"
ရှစ်ဇီက မျက်ရည်ကျတော့မတတ် ၀မ်းသာရပြန်လေသည်။ ချူယွမ်က ထထိုင်လိုက်ပြီး ကုတင်ခေါင်းရင်းအား မှီလိုက်ကာ ယဲ့ကျင့်လက်အား လှမ်းကိုင်မည်အပြု လှမ်းလိုက်သောလက်မှာ ဖြန်းခနဲ ပုတ်လွှတ်ခံရလေ၏။
"ဟွန့်"
ယဲ့ကျင့်က ချက်ချင်းပင် လှည့်ထွက်သွားကာ အပြင်ဘက် ချောက်ကမ်းပါးစွန်း၌ ခြေဆင်းထိုင်နေကာ ညဥ့်နက်သည့်အထိ တဲအိမ်ငယ်သို့ပြန်မလာ။ ပိုင်လိုင်ချိုင် သွားခေါ်တော့မှ ပါလာတော့သည်။
ချူယွမ်မှာ ကုတင်ထက်မှာပင် ဆန်ပြုတ်စားနေသည်။ ယဲ့ကျင့်က တံခါး၀အနား ရပ်နေ၏။ မျက်၀န်းထဲတွင် ငြူစူမှုအပြည့်။
တကယ်တော့ ငါ ကယ်ချင်လို့ကယ်ခဲ့တာမှမဟုတ်တာ ၊ ဘာကိစ္စ ကျေးဇူးတွေ ဇွတ်တင်နေရတာလဲ ။ ခုလဲ မခွဲနိုင်မခွာတမ်းတွေ ဖြစ်ပြီး အကြည့်အောက်ကနေ ငါ့ကို အပျောက်မခံတော့ဘူး။
ဘယ်လိုဖြစ်ဖြစ် ဒို့နှစ်ယောက်က အရမ်းရင်းနှီးနေကြတာမှမဟုတ်တာ။
ချူယွမ်က ရုတ်တရက်ကြီး ကုတင်ပေါ်မှ ဆင်းလာမည်ပြုတော့ ယဲ့ကျင့် အလန့်တကြားဖြစ်သွားကာ-
"ဟေး.... ချက်ချင်း ပြန်လှဲနေစမ်း"
"ထျဲန်း......"
"ဘာထျဲန်းလဲ...ခင်ဗျားအိမ်က ထျဲန်းလား...."
"ဒါဆိုလည်း မင်းကို ဘယ်လို ခေါ်ရမလဲဆိုတာ ကိုယ်တော့်ကို ပြောပြပေးလေ"
ချူယွမ် စိတ်ထဲမှ အလွန် ရယ်ချင်နေသည်။ နွေးထွေးသည်ဟုလည်း ခံစားရသည်။
မိမိ မင်းညီမင်းသားဘ၀တုန်းကညီအစ်ကိုမောင်နှမများစွာရှိသည်
ဆိုပေမင့် တစ်ဥိီးအပေါ်တစ်ဦး လျှို့၀ှက်ထားသောအကြံဆိုးများ ရှိနေတတ်သည်လေ။ မိမိအသက်နှင့်ရင်း၍ ချူယွမ်ကို အသက်ဘေးမှ လာကယ်ပေးသည်မှာ
ဤ ညီဖြစ်သူတစ်ယောက်သာရှိချေ၏။
"သမားတော်ယဲ့ လို့ ခေါ် "
ယဲ့ကျင့် အတန်ငယ်စဥ်းစားပြီးဖြေလိုက်တော့ ချူယွမ်က အလိုမကျသည့်ဟန်။
"အဲ့လိုခေါ်ရတာ အရမ်း စိမ်းကားမနေဘူးလား"
"ဒို့တွေက အစကတည်းက အနေေ၀းကြတာပဲလေ"
ယဲ့ကျင့်က ကုတင်ဘေးနား ထိုင်လိုက်ကာ ဆက်ဆိုလာ၏။
"မနေ့က မြို့စားမင်းအိမ်ကလူတွေ ဒီတောင်ပေါ် ထိ လာရှာကြသေးတယ်။ ဒီတဲကို တွေ့မသွားတာကံကောင်းတယ်ဆိုပေမယ့် ဒီမှာအကြာကြီးနေဖို့က ဘေးမကင်းလောက်ဘူး။ ခင်ဗျား ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ"
"ကိုယ်တော့်အတွက် သွားစရာ နေရာမရှိဘူး"
"......."
ဟေး.....တကယ်ကိုပဲ ကျုပ်ဆီမှာပဲ တစ်သက်လုံး ကပ်စားနေတော့မှာလား။ ဧကရာဇ်တစ်ယောက်လုံး ဖြစ်နေပြီး သိက္ခာလေးဘာလေး ဆည်ပါဦး။
ချူယွမ်က ခေါင်းခါရင်း-
"ကိုယ်တော် ယုံကြည်စိတ်ချခဲ့ရတဲ့ ချန်ရွှမ်းလိုလူတောင်မှ သစ္စာဖောက်ရဲတယ်ဆိုတော့ ဒီမြို့အနီးအနားမှာ ဘယ်သူ့ကို ကိုယ်တော် ယုံကြည်အားထားလို့ရမယ်မှန်း မသိတော့ဘူး"
"တကယ်ကိုပဲ အသိမိတ်ဆွေတစ်ယောက်မှ မရှိတာလား"
"ဒီတစ်ခေါက် တကယ်တမ်းက
ရှန်းယဲ့မြို့ထိသွားမလို့ စီစဥ်ထားတာလေ "
"ကျွန်တော် ရှန်းယဲ့ဘက်တော့ မသွားဘူးနော်!!!!"
ထိတ်လန့်စွာဆိုလာသောယဲ့ကျင့်၏ တုံ့ပြန်မှုကြောင့် ချူယွမ်ခေတ္တမျှ အံ့အားသင့်သွားရ၏။
ရှန်းယဲ့မြို့မှာ ဒီကလေး ရန်ငြိုးရန်စ ရှိခဲ့တာများလား။
"ရှန်းယဲ့မြို့ပဲ သွားစရာရှိတာလား"
ယဲ့ကျင့်က မသွားလိုသောကြောင့် နောက်တစ်ကြိမ် ပြန်မေးလာ၏။ချူယွမ်လည်း ခေါင်းညိတ်ပြလိုက်ကာ
"ရှန်းယဲ့မြို့ရဲ့ သူရိယစန္ဒာတောင်စခန်းက
ချန်းဖန်းရဲ့အိမ်လေ။ ဒီကျင်းနန်တစ်၀ိုက်မှာ ကိုယ်တော် စိတ်ချယုံကြည်လို့ရတာဆိုလို့ သူပဲရှိတယ်"
"သူရိယစန္ဒာတောင်စခန်း အကြောင်း စကားမဟနဲ့လို့ ကျုပ်သတိပေးထားတယ်နော်"
ယဲ့ကျင့်က ဟိုနားဒီနား နှစ်ပတ်မျှ လျှောက်နေပြီးမှ ပြန်ထိုင်လိုက်ကာ
"နေပါစေတော့။ အခုတော့ ခင်ဗျားကို ချုန်းဟွားတောင်ဆီ အရင်ခေါ်သွားမယ် ၊ ဒီကနေ သိပ်တော့မေ၀းဘူး။ ဒဏ်ရာတွေကိုလည်း အမြန်ကုပေးဖို့ ပိုအဆင်ပြေတယ်။ ရှန်းယဲ့ကဒီကနေ အေ၀းကြီးသွားရဦးမှာဆိုတော့ လမ်းမှာ ဘာတွေဖြစ်လာမလဲ မသိရဘူး "
"အင်း။ တောင်သခင်ယဲ့ရော နေကောင်းရဲ့လား " ဟု ချူယွမ်ကမေးလာသည်။
ယဲ့ကျင့် - "ပြီးခဲ့တဲ့သုံးလကမှ ဆုံးပါးသွားပြီ"
ချူယွမ် ".........."
"ဘာမှ ၀မ်းနည်းပူဆွေးပြစရာမလိုဘူး။ ဆရာအရှင်က အသက်တစ်ရာကျော်တောင် နေသွားခဲ့တာ ၊ သူ့အချိန်ရောက်လာလို့
သွားရတာပဲဟာကို"
ချူယွမ် ငြိမ်ကျသွားသည်ကိုမြင်တော့ ယဲ့ကျင့် ဆူပူလိုက်သည်။သို့သော် သူ့မျက်လုံးများလည်း နီရောင်သမ်းနေလျက်။
ထိုအခြင်းအရာကို ချူယွမ်မြင်သော် နှစ်သိမ့်ပေးရန်အလို့ငှာ လက်လှမ်းလိုက်သော်လည်း ဖျတ်ကနဲ ပုတ်ထုတ်ခံလိုက်ရသည်။
ဘယ်လိုတောင် ရက်စက်လိုက်တာလဲ။
*****
ဧကရာဇ်နန်းတော်တွင်းတွင်ဖြစ်သည်။
သွမ့်ပိုင်ယွဲ့က မေဟွားပင်အား ကျောမှီနေရင်း မျောလွင့်နေသော တိမ်စများအား ငေးမောနေလျက်ရှိသည်။
စင်စစ်မှာ ဤနေရာသည် အပယ်ခံနန်းဆောင်ဖြစ်သဖြင့် လူအသွားအလာ သိပ်မရှိတတ်ချေ။ အဆောင်၀န်းထဲရှိမြေမှာ မြေဆီမြေနှစ်အတော်ပြည့်၀ကြောင်း ရှစ်ဇီကုန်းကုန်းက သတိထားမိကတည်းက ဧကရာဇ်အမျက်တော်ရှတိုင်း ထိုမေဟွားပင်ကြီးကို ဤနေရာ၌ ခေတ္တမျှရွှေ့ပြောင်းစိုက်စေ၏။
မိုးချုပ်ပြီးတော့မှ သွမ့်ပိုင်ယွဲ့က အထည်ဆိုင်သို့ ပြန်လာလေ၏။သွမ့်ယောင်ကမူ အဆိပ်ပင်တစ်ချို့ကို ကလိနေ၏။
သူ့ကိုမြင်သော် မျက်မှောင်ကြုတ်ကာ နှာခေါင်းတရှုံ့ရှုံ့လာလုပ်ရင်း-
"နောင်တော် ......အရက်သွားသောက်ထားသလား"
"သုံးခွက်တည်းပါကွာ"
"ကျွန်တော့်ကိုကျ လျိုအိမ်တော်အကြောင်း နေ့တိုင်းစုံစမ်းနေခိုင်းပြီးတော့ နောင်တော်ကျ အရက်သွားသောက်နေသတဲ့လား...ဟမ်"
သွမ့်ယောင် လုံး၀မကျေနပ်ချေ။
"ဘာသတင်းထူးများရှိလဲ"
"ဟင့်အင်း.... မရှိဘူး"
သွမ့်ပိုင်ယွဲ့က ခေါင်းတခါခါလုပ်ကာ
"ဒါဆို ငါ အရက်ဆက်သောက်ဖို့ သွားလိုက်ဦးမယ်"
သွမ့်ယောင်မှာ ချစ်ခင်လေးစားလှစွာသော နောင်တော်ဖြစ်သူ၏ ပါးစပ်ထဲ အဆိပ်ပင်များ သွတ်သွင်းကျွေးမွေးပေးချင်လှပြီဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ဆိုလာ၏။
"တကယ်တော့ မင်းကိုခိုင်းလိုက်တာက ဘာသတင်းမှ သွားစုံစမ်းဖို့ မရည်ရွယ်ဘူး။လျိုမျိုးရိုးက ဒီမြို့တော်ထဲမှာ နှစ်အကြာကြီး သြဇာသက်ရောက်မှုက ရှိလာပြီးသား။ မင်း ဒီရက်ပိုင်းလေးလောက်နဲ့ သူတို့အကြံအစည်တွေကို ဘယ်လိုမှန်းလို့ရမတဲ့လဲ။ ဒါပေမယ့် အခု ဧကရာဇ်ချူက ဒီမှာရှိမနေတော့ သူတို့လှုပ်ရှားမှု ပုံမှန်မဟုတ်တာနဲ့ သိဖို့ ကြည့်ခိုင်းရုံပါပဲ"
"ဘာလဲ ။ ပုံမှန်မဟုတ်တာရှိလာရင် နောင်တော် ၀င်ရှုပ်လို့ကော ရလို့လား "
"ဘာလို့ ၀င်ရှုပ်လို့မရမှာလဲ"
သွမ့်ပိုင်ယွဲ့က ပြန်မေးတော့ သွမ့်ယောင် မျက်နှာ ရှုံ့မဲ့သွားကာ
"ဒီကိစ္စက ဒို့တွေနဲ့မှ မဆိုင်တာကို ဘာကိစ္စ နောင်တော် ၀င်ရှုပ်မှာလဲ"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ
"ဒီနန်းတော်မှာ ဘယ်သူပဲ နန်းတက်တက်၊
ဒို့တွေရဲ့ ရှီးနန်ပြည် နဲ့က အမြဲ အဆက်အသွယ်မပြတ်ခဲ့ဖူးဘူး"
သွမ့်ယောင်က စားပွဲပေါ် ပုံချလှဲလိုက်ပြီး တ၀ါး၀ါးသမ်းပြနေသည်။ လုံး၀စိတ်မ၀င်စားသည့် သဘော။
"၀မ်ရယ်!!!"
သွမ့်နေ့က အခန်းအပြင်ဘက်မှ လျှောက်တင်လာ၏။
"စစ်သူကြီးရှန် မြို့တော်ကို ပြန်ရောက်လာပြီလို့ သတင်းရပါတယ် ၀မ်ရယ်"
"ဟုတ်လား။ သူ အခု ဘယ်မှာလဲ"
သွမ့်ပိုင်ယွဲ့က လုံး၀ အံ့သြမနေ။
"သူရိယစန္ဒာငွေလဲဆိုင်မှာပါ။ စံအိမ်ကိုပြန်မသွားဘူးတဲ့ ၊ ၀မ်ရယ် သွားတွေ့ဥိီးမလား
ခင်ဗျာ့"
သွမ့်ပိုင်ယွဲ့က မိမိလက်သုံးတော်ဓားကို ယူဆောင်ကာ အပြင်သို့ ထွက်သွားတော့သည်။
******
သူရိယစန္ဒာငွေလဲဆိုင်။
ရှန်ချန်းဖန်းနဖူးထက်၀ယ် ချွေးစေးများ ပြန်နေလျက်။ အစေခံတစ်ဦးအား အနာစည်းပေးခိုင်းနေသည်။အခုတ်ခံရသော ဓားဒဏ်ရာမှာ ရင်အုပ်ကျယ်မှသည် ၀မ်းဗိုက်ထိ ရှည်လျားသည့်အပြင် သွေးများစိမ့်ထွက်နေလျက်။ မြင်ရသူအား စိုးရိမ်ရစေလောက်သည်။
အိမ်တော်၀န်းအတွင်း အသံရုတ်ရုတ်သဲသဲကြားလိုက်သဖြင့် ချန်းဖန်းဆီမှ ဓားအိမ်ကနေ ဓားဆွဲထုတ်လိုက်သံပါ တစ်ဆက်တည်း လိုက်လာ၏။
"ဘယ်သူလဲ!!!!"
"စစ်သူကြီးရှန်"
သွမ့်ပိုင်ယွဲ့က အိမ်တော်၀န်းအလယ် ထီးထီးကြီး ရပ်နေ၏။
မှန်းဆထားသည့်အတိုင်းပင် ။
ရှန်ချန်းဖန်းက ၀တ်ရုံရှည်တစ်ခု လွှမ်းခြုံလိုက်ပြီးနောက် သူ့အား အထဲ၀င်လာရန် ဖိတ်ခေါ်၏။
"စစ်သူကြီးရှန် ဒဏ်ရာရလာတာလား"
သွမ့်ပိုင်ယွဲ့က မသင်္ကာစွာ မေးလာ၏။
"ဟုတ်ကဲ့။ မြို့တော်အနား အလစ်လုပ်ကြံခံရတာပါ ။ ရန်သူဘက်က အယောက်သုံးဆယ်လောက်ရှိမယ် ၊ခုတော့ အားလုံးသေကုန်ပါပြီ။"
"လျိုမျိုးရိုးရဲ့ လူတွေလား? "
"ဒါနဲ့ ရှီးနန်၀မ်တောင် ခိုင်လုံတဲ့အကြောင်းပြချက် မည်မည်ရရ မရှိဘဲ ဘာလို့ မြို့တော်ကို ရောက်နေတာတုန်းဆိုတာ ကျွန်တော့်ကိုမပြောရသေးဘူး"
"သြော် ၊ ဧကရာဇ်ချူက စစ်သူကြီးမင်းကို
ဘာမှ ပြောပြမထားပေဘူးလား"
ရှန်ချန်းဖန်းက ခေါင်းခါပြ၏။
"ဒါဆို ပန်၀မ်လည်း မပြောပြတော့ဘူး"
ရှန်ချန်းဖန်း "......."
"စစ်သူကြီးရှန် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲဆိုတာ ပန်၀မ်မသိပေမယ့် ကြိုပြောပြဖို့လိုတဲ့ အကြောင်းတစ်ခုတော့ရှိတယ်။ မြောက်ပိုင်း ရှီးပေနယ်မှာ ဆူပူထကြွမှုတစ်ခု ပြန်ဖြစ်နေပြီထင်ရဲ့"
ရှန်ချန်းဖန်းက ထိုစကားကိုကြားတော့ မျက်မှောင်ကြုံ့သွားသည်။
"အရင်တစ်ခေါက်တုန်းက လျိုမျိုးရိုးရဲ့အာဏာကို ဖိနှိပ်ထားဖို့ ၊ အရှေ့တုန်းပေနယ်က စစ်အင်အားကိုပြန်ယူဖို့ အရင်ဧကရာဇ်က နှစ် ၂၀ ကြာအောင် ကြိုးစားခဲ့ရတယ်။ဒါပေမယ့် ဧကရာဇ်အရှင် သတိမထားမိလိုက်တာကတော့ လျိုကုန်းတစ်ယောက် ရှီးပေနယ်အရေးကိစ္စမှာ ကြိုးကိုင်လှုပ်ရှားနေတယ်ဆိုတဲ့ အချက်ပဲ"
"သွမ့်၀မ် ရည်ညွှန်းတာက ချူတိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ကိုလား"
"တာ့ချူတပ်မတော်မဟုတ်ပေဘူး။ တခြားမျိုးနွယ်စုတစ်ခုကို ဆိုလိုချင်တာ ။ အားနူပြည်ရဲ့ ရှားဒါဆိုတာ လျိုကုန်းရဲ့ ရုပ်သေးရုပ်သာသာမျှပဲ ၊ သူပုန်တပ်တွေကို နှိမ်နင်းခဲ့တဲ့ ၊ ရဲရင့်ပြောင်မြောက်လှပါတယ်ဆိုတဲ့ တပ်မှူးဆိုတာဟာ လျိုအိမ်တော်ကလူပဲ"
ရှန်ချန်းဖန်း မျက်နှာ အရောင်အသွေးပင် ပြောင်းသွား၏။သွမ့်ပိုင်ယွဲ့က ဆက်၍ဆို၏။
"အခု ရှားဒါက မြို့တော်ထဲမှာ ရောက်နေပြီ။ ပန်၀မ်ရဲ့လူတွေကို စောင့်ကြည့်ခိုင်းထားတယ်။ အခု ဧကရာဇ်ချူ မြို့တော်ထဲရှိမနေတော့ ကူလိသေတဲ့အမှုကို ခုတုံးလုပ်ပြီး စိတ်ရှုပ်ထွေးစရာဖြစ်အောင် ဖန်တီးလာကြမှာပဲ"
"ကျွန်တော်တို့လမ်းခုလတ်မှာ အလစ်တိုက်ခံရတယ်ဆိုတော့ လျိုကုန်းဘက်က တစ်ခုခုကို ရိပ်မိနေလောက်ပြီ။ သတိမပြတ်ထားဖို့ အခြေအနေရောက်နေပြီ။"
ချန်းဖန်း ထိုသို့ဆိုလာတော့ သွမ့်ပိုင်ယွဲ့က ထပ်မေးလာ၏။
"ပန်၀မ်ဆီက အကူအညီတောင်းဖို့ ဆန္ဒရှိလား"
"ဧကရာဇ်ချူက အမှာစကားမိန့်ကြားလိုက်ပါတယ်။သွမ့်၀မ် ဘာမှလုပ်စရာမရှိရင်လဲ အိမ်မှာ အေးဆေးနေနေပါ၊ အပြင်ဘက် လမ်းသလားမနေပါနဲ့တဲ့"
"သြော်....မကူညီပါနဲ့လို့တော့
ပြောမထားဘူးပဲ"
ရှန်ချန်းဖန်းလည်း ဘာမှ ဆက်မဆိုတော့ဘဲစီးတော်မြင်းထက် တက်ကာ နန်းတော်ဘက် ထွက်ရန်ပြင်ဆင်တော့၏။
*****
တည်းခိုဆောင်တွင် သွမ့်ယောင်တစ်ယောက် အိပ်ပျော်လုဆဲဆဲ ငိုက်မြည်းနေတုန်း တစ်စုံတစ်ယောက်မှ မိမိအား အိပ်ရာပေါ်က ဆွဲချလာ၏။ စိတ်တိုလွန်း၍ အော်ငိုချင်နေပြီဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ညီဖြစ်သူ၏ ပါးပြင်အား ခပ်ဖွဖွပုတ်နှိုးလိုက်ကာ-
"နေ့ခင်းတုန်းက ကူအဆိပ်ကိုစမ်းသပ်ခံဖို့လူလိုချင်နေတယ်ဆို။ ထတော့ ထတော့ ၊ အခု လူအရှင် နှစ်ယောက်သုံးယောက်လောက် သွားဖမ်းဖို့ လာခေါ်တာ။ သွားကြစို့ "
သွမ့်ယောင် "........"
****
လျိုအိမ်တော်တွင်လည်း လျိုဖူးတာက အလောတကြီးဆိုနေ၏။
"ရှန်ချန်းဖန်း ချက်ချင်း ပြန်လာတာက ကျွန်တော်တို့ဆီကို တိုက်ရိုက်ရန်လာရှာမယ့်ပုံပဲ ။ အဖေ ဘာအကြံအစည်များ ရှိထားလဲဟင်"
လျိုကုန်းက ကုလားထိုင်ပေါ်ထိုင်နေလျက်။စကားတစ်ခွန်းမှတော့ ဟမလာသေး။
လျိုဖူးတာမှာတော့ နေမထိထိုင်မသာဖြစ်နေချေပြီ။
"အဖေ......ဒီကိစ္စက ကျွန်တော်တို့ ပုန်ကန်တာတောင်မဟုတ်တော့ဘူး ။ ဧကရာဇ်ကိုယ်တိုင်ကိုက စပြီး ကျွန်တော်တို့ကို အမြစ်ပြတ်သုတ်သင်ဖို့ အကွက်ချခဲ့တာပဲ "
လျိုကုန်းက မတ်တ်ထရပ်လိုက်ကာ
"မင်း ဘာတွေအစိုးရိမ်လွန်နေတာလဲ။ သွား ၊ မင်း ဦးရီးတော် (၃ ) ကို အခုချက်ချင်းသွားခေါ်ချေ"
"ဟုတ်"
လျိုဖူးတာမှာ ထိုစကားကိုကြားသော် လွန်စွာ၀မ်းမြောက်ကာ အလျင်အမြန် ထွက်သွားလိုက်သည်။ အိမ်တော်ထိန်းနှင့် တိုက်မိလုမတတ်ပင်။အိမ်တော်ထိန်းက ပျာပျာသလဲတောင်းပန်လိုက်ကာ သူ့အား သ၀ဏ်လွှာကို အမြန်ဆက်သလာသည်။
"သခင်လေး သခင်လေး ။ဒါ ယွင်ရွှီမြို့ဘက်က သ၀ဏ်လွှာပါ။ ဟိုဘက်မှာ ပြဿနာတစ်ခုခုတက်နေပြီပုံပေါ်ပါတယ် သခင်လေး"
လျိုကုန်းကပါ ထိုစာလွှာကိုအမြန် ခပ်သော့သော့ဖတ်လိုက်ပြီးနောက် မျက်နှာမှာ ရုတ်ချည်း အရောင်ပြောင်းသွား၏။ထို့နောက် စားပွဲအား ဒုန်းခနဲ ထုလိုက်ကာ အမိန့်ပေးတော့၏။
"ရဲမက်တို့!!!!! ငါနဲ့အတူ နန်းတော်ဘက် လိုက်ခဲ့ကြ!!!!!! "
************
Thz for reading
2020.04.15.
*************
Zawgyi Version
အခန္း -၉ (ေတာင္ေနာက္ကတဲအိမ္ငယ္)
[ခ်ိဳခ်ိဳသာသာေတြ လာမေခၚစမ္းနဲ႔ ]
အိမ္၀န္းေသးေသးေလး၏ အတြင္းဘက္တြင္ေရာ အျပင္ဘက္တြင္ပါ တပ္သားအေျမာက္အမ်ား ေစာင့္ၾကပ္ေနသည္။ ရွစ္ဇီကုန္းကုန္းလည္း ထိုသူႏွစ္ေယာက္ထြက္သြားေတာ့မွ ခ်ူယြမ္အား အိမ္ထဲ အသာေခၚေဆာင္လာခဲ့သည္။ ရွစ္ဇီ ေဒါသထြက္ေနသည္ကိုၾကည့္ၿပီး ခ်ူယြမ္က သေဘာက်စြာရယ္ေမာလိုက္ကာ-
"ရွစ္ဇီ......ေဒါသထြက္လြန္းလို႔ ေနမေကာင္းျဖစ္သြားၪီးမယ္ ။ တစ္ခုခုျဖစ္သြားရင္ ဒီမွာ ကုေပးဖို႔ ဘာေဆးမွ မရိွဘူးေနာ္"
"ဒီသူပုန္ေတြေတာ့ ေတာ္ေတာ္အတင့္ရဲလြန္းေနၿပီဘုရား "
ရွစ္ဇီက သက္ျပင္းခ်ကာ ဆက္ဆို၏။
"စစ္သူႀကီးရွန္ ရိွေနရင္ေကာင္းမွာပဲဘုရား။ ဒါဆို သူတို႔ ဒီေလာက္ထိ ထင္ရာစိုင္းရဲမွာမဟုတ္ဘူး"
"အင္း ။ ဒါေပမယ့္ ကိုယ္ေတာ့္အႀကံအစည္က ဒီထက္ ေသသပ္ပိရိေနခဲ့ၪီးေတာ့ ၊ တပ္မွဴးခ်န္တစ္ေယာက္ လ်ိဳကုန္းတို႔ဘက္ပါသြားမယ္လို႔ လံုး၀ထင္မွတ္မထားခဲ့တာဘူး ။ တစ္ရာကိုသတိထားခဲ့ေပမယ့္ တစ္ခုကို သတိလက္လြတ္မထားေကာင္းဘူးဆိုတဲ့စကားက သင္ခန္းစာတကယ္ေပးခဲ့တာပ "
"ဘယ္လိုဆက္လုပ္ၾကမလဲ အရွင္မင္းျမတ္။
ဒီလိုစားဖိုမွဴးအဆင့္ေလးကေတာင္ သစၥာေဖာက္ရဲတာဆိုေတာ့ ေနာက္ကြယ္ကႀကိဳးကိုင္သူအႀကီးႀကီးတစ္ေယာက္ ေသခ်ာေပါက္ ရိွေနမွာပဲ ။ အခု ၿမိဳ႔ေတာ္မွာေရာ အေျခအေန ဘယ္လိုျဖစ္ေနမလဲ။"
"ၿမိဳ႔ေတာ္ဘက္ေတာ့ ကနၪီးကတည္းကကိုယ္ေတာ္ ျပင္ဆင္ထားၿပီးသားမို႔ စိတ္မပူပါနဲ႔ ရွစ္ဇီ။ ရွီးနန္၀မ္ သြမ့္ပိုင္ယြဲ႔လည္း ၿမိဳ႔ေတာ္မွာ ေရာက္ေနတာပဲဆိုေတာ့ လ်ိဳမ်ိဳးရိုး ထင္ရာစိုင္းေနတာကို သူ ေအးေဆး ထိုင္ၾကည့္ေနမွာမဟုတ္ဘူး ။ အလြန္ဆံုး ဒီညသန္းေခါင္မတိုင္ခင္ ဒို႔ေတြကို လာကယ္မယ့္လူ ေသခ်ာေပါက္ေပၚလာလိမ့္မယ္ "
"မွန္လွပါ "
အစေတာ့ ရွစ္ဇီက ေခါင္းတညိတ္ညိတ္ႏွင့္၊ ထို႔ေနာက္ ငိုယိုၿပီး ၾကမ္းျပင္ေပၚထိုင္ခ်ကာ-
"ဒီေန့ကစၿပီးေတာ့ အရွင့္ကို အလုပ္အေကြၽးမျပဳရေတာ့မွာ စိုးရြံ႔မိတယ္ အရွင္"
"ဟင္ ၊ ဘာလို႔တုန္း"
ခ်ူယြမ္က ၿပံဳးလိုက္ကာ ရွစ္ဇီကို ဆက္ဆို၏။
"လ်ိဳမ်ိဳးရိုးနဲ႔ ေနခဲ့ခ်င္တာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"
တအင့္အင့္ ငိုေႂကြးေနေသာ ရွစ္ဇီမွာ ဤစကားကို ၾကားေတာ့ ထိတ္လန္႔တၾကားျဖစ္သြားၿပီး
"အရွင္မင္းျမတ္ဘုရား~ "
"ကိုယ္ေနာ္ သိပါတယ္ ၊ ဘယ္သူက ရွစ္ဇီကို ထားခဲ့မယ္ေျပာေနလို႔တုန္း ။ "
ခ်ူယြမ္က ၾကားျဖတ္ေျပာရင္း ရွစ္ဇီအား
လက္တြဲၿပီး ထူမလိုက္ကာ
"ကိုယ္ေတာ္ ငယ္ငယ္ကတည္းက ကံေကာင္းေထာက္မလို႔ ၊ ရွစ္ဇီရိွေနလို႔သာ အဆင္ေျပခဲ့တာ။ ရန္သူေတြလက္ထဲကေန ဒို႔ေတြ ဘယ္ႏွစ္ခါေတာင္ အတူတူ ရုန္းထြက္ၿပီးၿပီလဲ ။ အခု ဧကရာဇ္ျဖစ္တဲ့ ကိုယ္ေတာ့္ကို လာကယ္ၾကမယ္ဆိုရင္ေတာင္ ရွစ္ဇီကိုပါ အပါေခၚသြားခိုင္းမွာ ၊ စိတ္ခ်"
"ဒါေပမယ့္ ......"
ရွစ္ဇီမွာ မိမိ၏ ဆူၿဖိဳးေသာခႏၶာကိုယ္ကို ၾကည့္ကာ စိတ္ေလးလံသြားရသည္။ မည္သို႔ၾကည့္ၾကည့္ မိမိက အေနွာင့္အယွက္တစ္ခုကဲ့သို႔ပင္ မဟုတ္လား။
ဒီလိုမွန္းသိ ထမင္းတစ္ခါစားတိုင္း သံုးေလးပန္းကန္ေလာက္ အစားေလ်ာ့စားခဲ့ရမွာ။
*******
အိမ္၀န္းအျပင္ဘက္တြင္ေတာ့ ယဲ့က်င့္က ဟင္းရြက္ေတာင္းကို ပိုက္ရင္း ဟိုဟုဒီဒီပတ္ေလ်ွာက္ေန၏။ အေဝးမွ ၾကည့္လ်ွင္ သံမဏိတံတိုင္းအလား ထင္မွတ္မွားစဖြယ္ခက္ထန္ၾကမ္းၾကဳတ္ဟန္ရိွသည့္ လက္နက္ကိုင္အေစာင့္တစ္ၪီးက ယဲ့က်င့္အားေအာ္ဟစ္ေျပာဆိုလာ၏။
"ဒီလမ္းကို ဘယ္သူမွ ျဖတ္သြားလို႔မရဘူး ။ ထြက္သြားစမ္း "
အနီးအနားပင္မေရာက္လိုက္ေသး ၊ ယဲ့က်င့္တစ္ေယာက္ အႏွင္ခံရေလၿပီ။ ခါတိုင္းဆိုလ်ွင္ ေဆးတစ္မ်ိဳးမ်ိဳးျဖင့္ ၄၏မ်က္ႏွာကို ဖ်န္းပက္ပစ္လိုက္မည္မွန္ေသာ္လည္း ယခုမူ အိမ္တြင္း၌ တစ္စံုတစ္ေယာက္ကို ပိတ္ေလွာင္ထားသည္မဟုတ္လား၊ ထိုသူကို ရေအာင္ ေတြ့ရေအာင္ တစ္နည္းနည္း ႀကံစည္ရၪီးမည္ေလ။
အိမ္၀န္းကိုတစ္ပတ္မ်ွပတ္ၾကည့္ၿပီးေသာ္လည္း ခိုး၀င္စရာ မလြယ္ေပါက္တစ္ေပါက္မ်ွပင္မရိွေသာေၾကာင့္ ယဲ့က်င့္ အမ်က္ေခ်ာင္းေခ်ာင္းထြက္ေလၿပီ။ႀကံရာမရသည့္အဆံုး ထိုလမ္းထိပ္ရိွ လက္ဖက္ရည္ဆိုင္တြင္ ထိုင္ေသာက္ေနရင္း အေျခအေန ထိုင္ၾကည့္ရန္ ဆံုးျဖတ္လိုက္၏။ ေရေနာက္တုန္း ငါးတစ္ေကာင္တစ္ေလ ဖမ္းမိႏိုင္မည့္ အခြင့္အေရးကို ေစာင့္လိုက္ၪီးမည္ေလ။
(လူအမ်ား ရုတ္ရုတ္သဲသဲျဖစ္ေနတုန္း အခြင့္ေကာင္းယူမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ပြဲလန္႔တုန္းဖ်ာခင္းနဲ႔ အေတာ္ေလး ဆင္တူမယ္ထင္ပါတယ္)
အခ်ိန္လင့္လာေတာ့ ဆိုင္ပိတ္ခ်ိန္ေရာက္ေလၿပီ။ သန္းေခါင္ထိေစာင့္ရသျဖင့္ ယဲ့က်င့္လည္း အိပ္ခ်င္မူးတူး သမ္းေနေလၿပီ။ ထို႔ေနာက္ ေခါင္မိုးတစ္ခုေပၚ ခုန္တက္ၿပီး ေမွာင္ရိပ္ခိုကာ လွမ္းၾကည့္လိုက္ေတာ့ အေစာင့္တပ္သားမ်ား တာ၀န္လဲလွယ္ေနၾကသည္ကိုေတြ့ရ၏။ ထိုစဥ္ ဘယ္အရပ္ကေရာက္လာမွန္းမသိေသာ အနက္ေရာင္၀တ္စံု၀တ္ထားေသာ လူတစ္သိုက္ ခုန္လႊားေရာက္ခ်လာကာ ထိုအေစာင့္မ်ားကို တစ္ခဏတြင္းခ်င္း သတ္ပစ္လိုက္ၾကေလ၏။
ေအာ္ဟစ္သတိေပးၾကသံမ်ားေၾကာင့္ မီးမ်ားထိန္လင္းလာကာ လက္နက္ခ်င္းထိခိုက္ၾက ၊ သတ္ျဖတ္တိုက္ခိုက္ၾကေသာအသံမ်ား ၀န္းက်င္တစ္ခြင္ ပ်ံ့ႏွံ႔လႊမ္းၿခံဳသြားေလ၏။
အနီးအနားရိွ အိမ္မ်ားလည္း ထိုအသံမ်ားေၾကာင့္ပင္ လန္႔ႏိုးလာၾကကုန္သည္ ၊ သို႔ေသာ္ မိမိတို႔အိမ္ထဲ၌ပင္ ပုန္းေနၾကကာ အျပင္သို႔ ထြက္မလာရဲၾက။ အျပင္ဘက္တြင္ ဘာျဖစ္ေနမွန္းမသိရ ၊ အေျခအေနအျမန္ၿငိမ္သက္ရန္သာ ဆုေတာင္းေနၾကရ၏။
"သြားေတာ့!!!"
ထိုအနက္ေရာင္၀တ္စံု၀တ္ လူမ်ားက ၀န္းရံကာကြယ္ေပးထားၾကသည့္ လံုၿခံဳမႈၾကား
ခ်ူယြမ္က ရွစ္ဇီအား ျမင္းေပၚအတူ ေခၚတင္ၿပီးသည္ႏွင့္ တိုက္ပြဲၾကားမွ ခြဲထြက္ကာ
လ်ိဳအိမ္ေတာ္မွ ထြက္လာလိုက္၏။
"ရဲမက္တို႔ ၊ သူတို႔ေနာက္ လိုက္သြားၾက!!!!!"
ခ်ူယြမ္တို႔ထြက္သြားသည္ကိုျမင္ေတာ့ လ်ိဳမာန္မွာ စိုးရိမ္တႀကီး ဟစ္ေအာ္ေန၏။
ဤအေျခအေနေရာက္ေနမွေတာ့ ခ်ူယြမ္အား ၿမိဳ႔ေတာ္သို႔ ျပန္ခြင့္ေပးလိုက္လ်ွင္ မိမိကံၾကမၼာ မည္သို႔အဆံုးသတ္မည္မွန္း လူတိုင္းနားလည္သည္။ တပ္မွဴးခ်င္ လည္း တပ္သားမ်ားႏွင့္အတူ ခ်က္ခ်င္း လိုက္သြားၾကေလ၏ ၊ မ်က္လံုးထဲတြင္ သတ္ျဖတ္လိုျခင္းအေငြ့အသက္မ်ားျဖင့္ ခက္ထန္ၾကမ္းၾကဳတ္ေနလ်က္။
ခ်ူယြမ္ကို လာကယ္ထုတ္သြားေသာ အနက္ေရာင္၀တ္စံု၀တ္အဖြဲ႔မွာ နန္းေတာ္ထဲမွ လ်ိႈ႔၀ွက္သက္ေတာ္ေစာင့္တပ္သားမ်ားျဖစ္ေလသည္။သူတို႔ တစ္ၪီးခ်င္းစီကို ခ်န္းဖန္းကိုယ္တိုင္ စိစစ္ေရြးခ်ယ္ကာ သူရိယစႏၵာေတာင္စခန္း၌ စနစ္တက် လ်ိႈ႔၀ွက္စြာေလ့က်င့္သင္ၾကားထားၿပီးသားျဖစ္သည္။ သာမန္အခ်ိန္မ်ား၌ ကိုယ္ထင္ျပျခင္းမရိွ ၊ အခက္အခဲ အက်ပ္အတည္းမ်ားရိွသည္ႏွင့္ ခ်က္ခ်င္း လႈပ္ရွားၾကရေသာ တပ္ဖြဲ႔ျဖစ္သည္။ ထို႔ေၾကာင့္လည္း သူပုန္အင္အား မည္မ်ွပင္မ်ားျပားေနပါေစ ၊ လာသမ်ွလူ အကုန္ရွင္းလင္းပစ္ရံုသာ ။
"ျမားပစ္!!!!"
တပ္မွဴးခ်န္က မိမိလူမ်ားကို ျမင့္ရာေနရာသို႔ ေခၚေဆာင္ကာ အျမင့္မွသည္ ေတာင္ေျခ
ခ်ိဳင့္ဝွမ္းရိွ ခ်ူယြမ္တို႔အား ျမားျဖင့္ပစ္ခြင္းေစ၏။ စူးရွေသာ ျမားၪီးက ေလထုကို ခြင္းလာသည္ႏွင့္ ခ်ူယြမ္လည္း ဓားအသင့္ဆြဲထုတ္ၿပီးသားပင္။
"ဧကရာဇ္ကို ကာကြယ္ၾက!!!!!!!"
တစ္ေယာက္ေသာ အရိပ္တပ္သားက ျမားဒဏ္ထိသြားေလၿပီ။ ရန္သူဘက္က ေနာက္ထပ္ ျမားထပ္ပစ္ရန္ ခ်ိန္ရြယ္ေနၿပီမို႔ ဧကရာဇ္အႏြက္ မိမိခႏၶာကိုယ္ျဖင့္ ဒိုင္းသဖြယ္ ကာကြယ္ရံုမွတစ္ပါး မတတ္ႏိုင္ေတာ့
။ ခ်ူယြမ္ ေဘးကင္းစြာ ေရွာင္တိမ္းႏိုင္ရန္ အခ်ိန္ဆိုင္းေပးရေပမည္။
ျမားမိုး ထပ္ရြာလာခ်ိန္တြင္ေတာ့ ခ်ူယြမ္၏စီးေတာ္ျမင္းသည္ပင္ ဘယ္ဘက္မ်က္လံုး၌ ထိခိုက္သြားေခ်၏။ ထို႔ေၾကာင့္ ၄ေပၚရိွ လူမ်ားကို အတင္းခါထုတ္လာသျဖင့္ ရွစ္ဇီမွာ ေအာက္သို႔ ျပဳတ္က်က်န္ရစ္ခဲ့ေလ၏။
"အရွင္မင္းႀကီးသာ သြားႏွင့္ပါ ။ ကြၽန္ေတာ္မ်ိဳးကို ငဲ့မေနပါနဲ႔ေတာ့"
ခ်ူယြမ္က မိမိေရ႔ွမွ ျမားမ်ားကို ဓားျဖင့္ ရွင္းပစ္ၿပီး ရွစ္ဇီအားဆြဲထူကာ သက္ေတာ္ေစာင့္မ်ား ၿခံရံေပးထားေသာ အဝိုင္းမွ ေဖာက္ထြက္သြားေလသည္။ ထိုသို႔ျမင္ရေသာ္ တပ္မွဴးခ်န္က ရြံရွာစြာ ထြီခနဲ တံေတြးေထြးပစ္ၿပီး ေဘးနားကတပ္သားတစ္ေယာက္ထံမွ ေလးႏွင့္ျမားကိုယူကာ သူကိုယ္တိုင္ပင္ ခ်ူယြမ္အား အေသသတ္ပစ္ရန္ ခ်ိန္ေတာ့၏။
"အရွင္မင္းႀကီး ~ သတိထား!!!!!!"
ထိုအျခင္းအရာကို ျမင္လိုက္ေသာ လ်ိႈ႔၀ွက္သက္ေတာ္ေစာင့္တစ္ၪီးက ခ်ူယြမ္အား လွမ္း၍သတိေပးေအာ္ေျပာလာ၏။ ခ်ူယြမ္လည္း ေလမွခြင္းလာေသာအသံကို ၾကားလိုက္သည္ႏွင့္ ရွစ္ဇီအား တြန္းထုတ္လိုက္ခ်ိန္သာ ရလိုက္ကာ ၊ ထို႔ေနာက္ မိမိေက်ာျပင္မွ စူးကနဲ နာက်င္သြားသည္သာ
သိလိုက္ရ၏။
"အရွင္မင္းႀကီး!!!!!"
ရွစ္ဇီမွာ အလန္႔တၾကားျဖစ္ကာ ခ်ူယြမ္အား အျမန္ ဆြဲထူလိုက္သည္။
"သူ႔ကို သတ္ၾက!!!!!"
ရန္သူကိုအေသသတ္ရန္ ဟစ္ေႂကြးၿပီး ေတာင္ေအာက္ဘက္ ဆင္းလာစဥ္ ရုတ္ျခည္းဆိုသလို မိမိတို႔ေရ႔ွ အမည္မသိအမႈန္႔မ်ား ပ်ံ့လြင့္ကာ မ်က္ႏွာအႏွံ႔ေပက်ံကုန္၏။ ထို႔ေနာက္ ျခင္အေကာင္တစ္ရာမ်ွ ဝိုင္း၀န္းကိုက္ေနသလိုပင္ ယားယံလာၾက၏။
ေရာက္လာသည္ႏွင့္ ယဲ့က်င့္လည္း ခ်ူယြမ္ျမားပစ္ခံရၿပီျဖစ္မွန္းေတြ့ရေတာ့ အေျပးပင္ အနားေရာက္လာ၏။
"ေသေတာ့မေသေသးဘူးမလား"
"ဟုတ္။ အရွင္မင္းႀကီးကို ကယ္ေပးပါၪီး ၊ အရွင္မင္းႀကီးကို ကယ္ေပးပါၪီး ဆရာႀကီးခင္ဗ်ာ"
ရွစ္ဇီကုန္းကုန္းအတြက္ေတာ့ အရုဏ္ၪီးေနေရာင္ကို ျမင္ေတြ့လိုက္ရသည့္အလား။
ယဲ့က်င့္မွာ ဆရာႀကီးဟုအေခၚခံလိုက္ရေသာေၾကာင့္ ရယ္ရခက္ ငိုရခက္။
က်ဳပ္ တတ္ထားတဲ့သိုင္းပညာက မေတာက္တေခါက္ေလးပဲရိွတာကို ဆရာႀကီးလို႔လာေခၚေနေသး။ ႏွစ္ဘယ္ေလာက္ၾကာသြားၾကသြား၊ အသင့္အျမင္က ေ၀၀ါးေနတုန္းပဲလား။
ခ်ူယြမ္ သတိေမ့သြားသည္ကိုေတြ့ရေတာ့ ယဲ့က်င့္လည္း အျခားမည္သည့္ကိစၥမွ အေလးမထားအားေတာ့ဘဲ အ၀တ္စမ်ားျဖတ္ေတာက္ကာ ဒဏ္ရာအား စည္းေနွာင္ေပးလိုက္၏။ သက္ေတာ္ေစာင့္မ်ားကလည္း ရန္သူမ်ားႏွင့္ တိုက္ခိုက္ေနရဆဲပင္။ သို႔ေသာ္ လိႈင္းလံုးမ်ားသဖြယ္ တရိပ္ရိပ္တိုးလာေသာ ရန္သူ႔အင္အားေၾကာင့္ အရိပ္တပ္သားမ်ားမွာ စိတ္စြမ္းေသာ္လည္း ကိုယ္မလိုက္ႏိုင္ၾကေတာ့ဘဲ အားအင္ခ်ည့္နဲ႔လာၾကသည္။
"ပိုင္လိုင္ခ်ိဳင္!!!!!"
ယဲ့က်င့္က အသံကုန္ ေအာ္ေခၚလိုက္ေလသည္။ အသံမွာက်ယ္လြန္းသျဖင့္ သတိလစ္ေနေသာခ်ူယြမ္ပင္ တြန္႔ကနဲ ျဖစ္သြားေသးသည္။
ပိုင္လိုင္ခ်ိဳင္ဟူေသာ အဖိုးအိုလည္း သစ္ပင္ထက္မွာ အျမန္ဆင္းလာၿပီး ေျမျပင္ေပၚ လိမ့္သြားသည္မွာ ဒ႑ာရီထဲမွ ထူလင္ခြၽန္းအမည္ရိွ နတ္ပုေလးသဖြယ္ပင္ ၊ ထို႔ေနာက္ သူပုန္တပ္သားမ်ားဘက္ တည့္တည့္ ၀င္သြားေတာ့သည္။ မည္သည့္လက္နက္မွ ယူမသြားေသာ္လည္း ၄ေရာက္ရာေနရာတိုင္း နာက်င္စြာ ေအာ္ညည္းသံမ်ားၾကားရကာ မ်က္စိတစ္မိွတ္အတြင္းမွာပင္ ရန္သူဘက္က တစ္၀က္ခန္႔မ်ွ လက္ေမာင္းရိုးက်ိဳးၾကကုန္သတတ္။
"ဆရာႀကီးခင္ဗ်ာ ၊ ဧကရာဇ္အေျခအေနက ဘယ္လိုေနလဲဟင္"
"မသိဘူး။သူေသမယ္ဆိုလည္း ေပးေသလိုက္ေတာ့မယ္"
ထိုအေျဖကိုၾကားရေတာ့ ရွစ္ဇီမွာ အရုပ္ႀကိဳးျပတ္ လဲေတာ့မတတ္ပင္။
"ေတာ္ၿပီ ၊ ဆက္မတိုက္နဲ႔ေတာ့ "
အနာကို ေသခ်ာစည္းေပးၿပီးေနာက္ ယဲ့က်င့္လည္း အေလာတႀကီးႏွင့္ ေအာ္ေျပာေတာ့ ပိုင္လိုင္ခ်ိဳင္လည္း ေနာက္ဆံုးလက္က်န္ တပ္သားမ်ားကို အားကုန္ ေဆာ္ထည့္ၿပီး ထြက္လာ၏။ သစ္သီးတစ္လံုးကို ကိုက္ဝါးေနရင္းျဖင့္ ဘယ္ကရလာမွန္းမသိေသာ ျမင္းလွည္းကို ယူလာေပးသည္။
ၿမိဳ႔ထဲတြင္ ရန္သူမည္မ်ွရိွေနမည္ကို မွန္းဆမရေသာေၾကာင့္ ေဘးကင္းရာေနရာတစ္ခုခုသို႔ အရင္ေရွာင္တိမ္းရေပမည္။ ယဲ့က်င့္လည္း အျမန္ပင္ ဆံုးျဖတ္ခ်က္ခ်လိုက္ၿပီး
ခ်ူယြမ္ႏွင့္ သက္ေတာ္ေစာင့္မ်ားကို
ေတာင္၏အေနာက္ဘက္သ္ု႔ ေခၚသြားေလသည္။ ထိုေနရာ၌ သစ္သားျဖင့္ေဆာက္ထားေသာ တဲအိမ္ငယ္တစ္လံုးရိွေလရာ မိမိ ေဆးလာရွာတိုင္း မိုးခိုရာေနရာအျဖစ္သာ ေဆာက္ထားေသာ္လည္း ယခုအေျခအေနအတြက္ အသံုးခ်ရန္ အလြန္တရာသင့္ေလ်ာ္ေနေပသည္။
"အရွင္မင္းႀကီး ဘာမွမျဖစ္ေလာက္ဘူးမလား ဆရာႀကီး"
ရွစ္ဇီမွာ ဤစကားကို ခုနစ္ခါရွစ္ခါထက္မနည္း ေမးေနခဲ့သည္။
ငယ္ငယ္တုန္းက ရွစ္ဇီသာ ကြၽန္ေတာ့္ကိုေပြ့ခ်ီခဲ့တာမ်ိဳး၊ ကုန္းပိုးေပးခဲ့တာမ်ိဳး မရိွခဲ့ရင္ သတိလစ္ေအာင္ ရိုက္ပစ္ၿပီးေလာက္ၿပီ သိလား။
ခ်ူယြမ္မ်က္ႏွာမွာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ကာ လက္ေခ်ာင္းမ်ားပင္ ေအးစက္ေနလ်က္။ ၀တ္လဲေတာ္တစ္၀က္ခန္႔မ်ွ ေသြးမ်ား စိုစြတ္ေနလ်က္ရိွသည္။
ကံေကာင္းသည္မွာ တဲအိမ္ငယ္အတြင္း ေဆးပင္မ်ား ရိွေနျခင္းပင္။ယဲ့က်င့္လည္း ေရႏြေးတည္ကာ အနာကို ေသခ်ာေဆးေၾကာသန္႔စင္ေပးၿပီး ေဆးေသခ်ာထည့္ေပး၏။ အေယာက္တိုင္းကို ေဆးထည့္ေပး အနာစည္းေပးလိုက္သည္ပင္ အခ်ိန္ေတာ္ေတာ္ၾကာသြားေလၿပီ ။ ပိုင္လိုင္ခ်ိဳင္ကမူ ၿမိဳ႔ထဲ၀င္ကာ စားနပ္ရိကၡာႏွင့္ အ၀တ္အထည္မ်ား ျပန္သြားယူေပးေလသည္။
ယဲ့က်င့္က ခ်ူယြမ္အနားမွာပင္ရိွေနကာ အေျခအေနကို အရိပ္တၾကည့္ၾကည့္ ထိုင္ၾကည့္လိုက္ ၊ ေသြးခုန္ႏႈန္းစမ္းလိုက္ လုပ္ေနကာ အေျခအေနစိတ္ခ်သြားေတာ့မွ သက္ျပင္းေမာခ်ႏိုင္ေတာ့၏။
"ဒီက ဆရာႀကီးရဲ့ ....."
"သူ မေသေသးပါဘူး "
ယဲ့က်င့္မွာ ကိုယ္ေရာစိတ္ပါ ပင္ပန္းေနၿပီျဖစ္၏။ ေဒါသပင္မထြက္အားေတာ့။
"မဟုတ္ရပါခင္ဗ်ာ၊ မဟုတ္ရေၾကာင္းပါ။ ဆရာႀကီး အထင္လြဲေနပါၿပီ။ ဒီတစ္ေခါက္ေတာ့ ဆရာႀကီးရဲ့ နာမည္ကို ေမးၾကည့္ခ်င္လို႔ပါခင္ဗ်ာ"
ရွစ္ဇီမွာ အႀကိမ္ႀကိမ္အခါခါ ေက်းဇူးတင္ေၾကာင္း အရိုအေသျပဳလို႔မဆံုး။
"၀င္ေရာက္ကူညီေပးတဲ့ ဆရာအရွင္ႏွစ္ေယာက္လံုးကို လြန္စြာမွ ေက်းဇူးတင္မိေၾကာင္းပါ"
"အေသးအမႊားေလးပါ။ ကြၽန္ေတာ္လည္း အားေနတာနဲ႔ အကိုက္ပဲ"
ရွစ္ဇီ - ".........."
"ကြၽန္ေတာ္ ေတာင္ေပၚသြားၿပီး ေဆးတစ္မ်ိဳးသြားရွာၪီးမယ္ ။ သူက နာလန္ထခါစလူေတြအတြက္ အင္အားျဖစ္ေစတယ္ ။ ကုန္းကုန္းလည္း ပင္ပန္းေနရင္ ခဏေလာက္အနားယူလိုက္ပါလား ၊ ဒီအေတာအတြင္း သူ ဘာမွ မျဖစ္ပါဘူး စိတ္ခ်"
"ဟုတ္ကဲ့ပါ ။ ဆရာႀကီးကို အရမ္းပင္ပန္းေစမိပါၿပီ ။ ဒါေပမယ့္..... အျပင္မွာ မိုးႀကီးေလႀကီးရြာေတာ့မယ္နဲ႔တူပါတယ္"
ရွစ္ဇီက စိုးရိမ္တႀကီးေျပာလာသည္။ ေတာနက္ႀကီးထဲ မိုးခိုစရာေနရာ ရွားသည့္အျပင္ လမ္းမ်ားလည္း ေခ်ာ္ေနတတ္သည္မဟုတ္လား။ သတိထားမိသေလာက္ဆိုလ်ွင္ မေန့ညက တိုက္ခိုက္တုန္းကလည္း ဒီလူငယ္ေလး၏သိုင္းပညာအဆင့္မွာ ျမင့္မားလွသည့္ပံုမေပၚေခ်။
သို႔ေသာ္ ယဲ့က်င့္ေတာ့ ျခင္းေတာင္းကိုလြယ္ကာ ထြက္သြားေလၿပီ။ အဖိုးအို ပိုင္လိုင္ခ်ိဳင္လည္း ဘယ္ေရာက္ေနမွန္းမသိရေသာေၾကာင့္ ဒဏ္ရာမရခဲ့ေသာ တပ္သားႏွစ္ေယာက္အား ယဲ့က်င့္ကို လိုက္လံေစာင့္ေရွာက္ရန္ ရွစ္ဇီက ေစလႊတ္လိုက္ေလသည္။
မွန္းဆထားသည့္အတိုင္းပင္ ယဲ့က်င့္ထြက္သြားၿပီးမၾကာမီ မိုးႀကီးေလႀကီးတိုက္ခတ္လာကာ လ်ွပ္စီးမိုးႀကိဳးမ်ားပင္ ပစ္ခတ္ျမည္ဟီး၍ေနသည္မွာ စိုးရိမ္စဖြယ္ပင္။ ရွစ္ဇီမွာ သံုးေလးေခါက္မ်ွ တံခါး၀နားသြားကာ အျပန္လမ္းကို ေမ်ွာ္ေန၏။ ေကာင္းကင္တစ္ခုလံုး မိုးသားတိမ္တိုက္တို႔ျဖင့္ မည္းေမွာင္သြားၿပီး မၾကာမီပင္ ထိုတပ္သားႏွစ္ေယာက္မွာ ႂကြက္စုတ္ေရနစ္ျဖစ္ေနေသာ ယဲ့က်င့္ကို သယ္လာၾကေလသည္။ ေဆးပင္သြားရွာရင္း ေတာင္ေပၚမွ လိွမ့္က်ေတာ့မတတ္ ျဖစ္ခဲ့သည္ဟုပင္ ဆိုၾက၏။
ရွစ္ဇီမွာ အလန္႔တၾကားျဖစ္ကာ ေရႏြေးအျမန္တည္ၿပီး ယဲ့က်င့္အား အခ်မ္းဒဏ္သက္သာေစရန္ ကိုယ္လက္သန္႔စင္ေပးေလ၏။ ယဲ့က်င့္မွာ ကံဆိုးလြန္းေနေသာ မိမိအျဖစ္ကို ေဒါသထြက္၍မဆံုး ။ ဆရာျဖစ္သူ၏ အရိုးျပာကို ဘုန္းေတာ္ႀကီးေက်ာင္းသို႔ လာေရာက္အပ္ႏွင္းၿပီးသည္ႏွင့္ တစ္ခါတည္းခ်ဳန္းဟြားေတာင္သို႔ ျပန္လိုက္ရမည္ကို ဘာေၾကာင့္မ်ား ဤၿမိဳ႔သို႔ လာခဲ့ေလသလဲ။ ယခုေတာ့ ခါထုတ္၍မရေသာ အရႈပ္ထုတ္မ်ား တစ္ခုၿပီးတစ္ခု ေရာက္လာေနခဲ့ၿပီေလ။
******
ခ်ူယြမ္မွာ ႏွစ္ရက္မ်ွ ေမ့ေျမာေနခဲ့သည္။
ယေန့ ေန့ခင္းတြင္မွ ယဲ့က်င့္လည္း သူလုပ္ေနက် ပတ္တီးကိုျဖည္ကာ အနာၾကည့္ေနစဥ္
ရွစ္ဇီက ေဘးမွ-
"ဆရာႀကီးခင္ဗ်ာ ။ ဧကရာဇ္ရဲ့ ေရႊနဂါးခႏၶာေတာ္ျဖစ္ေနတာမို႔ ျဖည္းျဖည္းသာသာေလး လုပ္ေပးပါလား.....ေနာ့ "
အၾကမ္းပတမ္း မလုပ္လိုက္နဲ႔ေလ။
ယဲ့က်င့္လည္း ဟြန္႔ခနဲ ႏွာမႈတ္ကာ ေဆးဆက္ထည့္ေပး ပတ္တီးစည္းေပးေနေလသည္
ထိုစဥ္ သတိေမ့ေနေသာ ခ်ူယြမ္မွ ညည္းသံျပဳလာၿပီး ျဖည္းျဖည္းခ်င္း မ်က္လံုးဖြင့္လာ၏။ အျမင္အာရံုမွာ ေ၀၀ါးေနၿပီး တစ္ေအာင့္ၾကာမွ ရင္းႏွီးကြၽမ္း၀င္ေသာ မ်က္ႏွာကို ျမင္လိုက္ရ၏။
"ရွစ္ဇီ"
"ေနာက္ဆံုးေတာ့ အရွင္မင္းျမတ္ ႏိုးလာေတာ္မူၿပီပဲ"
ရွစ္ဇီမွာ ၀မ္းသာလြန္း၍ မ်က္ရည္က်ေတာ့မတတ္ပင္။ သို႔ေပမင့္ ေစာနက ခ်ူယြမ္ေဘးနား ထိုင္ေနေသာ ဆရာသခင္ေလးမွာ
အဘယ္ေၾကာင့္ ရုတ္ခ်ည္း ေျပးထြက္သြားမွန္းေတာ့ ရွစ္ဇီ စဥ္းစားမရ။ ေျပးထြက္သြားသည္မွာ အလြန္ျမန္လွေပသည္။
ခ်ူယြမ္က မ်က္လံုးမ်ားကို ျပန္ေမွးမိွတ္လိုက္ၿပီး ေခတၲမ်ွ စဥ္းစားၾကည့္ၿပီးေသာ္
ေမးလာ၏။
"ဒါ ဘယ္ေနရာလဲ"
"ၿမိဳ႔ျပင္ဘက္က ေတာင္ေနာက္မွာပါ အရွင္"
ထို႔ေနာက္ ရွစ္ဇီက ျဖစ္ေၾကာင္းကုန္စင္ကို အၾကမ္းဖ်င္း တစ္ေခါက္မ်ွ သံေတာ္ၪီးတင္ျပေလသည္။ ရွစ္ဇီက သက္ျပင္းခ်လိုက္ကာ
"လာကူညီတဲ့ ဆရာသခင္ႏွစ္ေယာက္လံုးရဲ့ ေက်းဇူးက အင္မတန္ ႀကီးမားလွပါေပတယ္ဘုရား"
အက်င့္စရိုက္ေလး နည္းနည္းဆန္းေနသည္မွလြဲရင္ေပါ့။ တစ္ၪီးက ဆူဆူေအာင့္ေအာင့္ႏွင့္ ဟြန္႔ခနဲ ဟြန္႔ခနဲ ခဏခဏ စိတ္ေကာက္လြယ္သည္။ တစ္ၪီးကေတာ့ အရိပ္ပင္မေတြ့လိုက္ရေအာင္ ေပ်ာက္ခ်က္သားေကာင္းေနသည္။
"သူတို႔ေရာ ဘယ္မွာလဲ။ ကိုယ္ေတာ္ျမတ္ ကိုယ္တိုင္ ေက်းဇူးတင္စကားဆိုခ်င္ေသးတယ္"
ခ်ူယြမ္ႏႈတ္ခမ္းမ်ား ေျခာက္ေသြ့လို႔ပင္ေနသည္။
ယဲ့က်င့္ ႏႈတ္ခမ္းႀကီးစူကာ အျပင္ဘက္ေစာင့္ေနရင္းေတြးမိသည္။
ဘယ္သူကမ်ား ခင္ဗ်ားဆီက ေက်းဇူးအတင္ခံခ်င္တယ္လို႔ ေတာင္းဆိုေနလို႔လဲ။
"ဆရာႀကီး ခင္ဗ်ာ။ ဧကရာဇ္က အသင္ႏွင့္ေတြ့ဆံုဖို႔ ဖိတ္ေခၚေနတာမို႔ အထဲကို ႂကြသြားေပးလိုက္ပါၪီးေနာ္"
"ကြၽန္ေတာ္ မသြားဘူး"
ယဲ့က်င့္က ခ်က္ခ်င္းထရပ္ကာ ျမင္းလွည္းေပၚသို႔ တက္သြားေလၿပီ။
ရွစ္ဇီကုန္းကုန္း "........."
"အခုသြားမေတြ့ရင္ေတာင္ ေသြးခုန္ႏႈန္းေတြစမ္းသပ္ကိုင္တြယ္ဖို႔ သြားရၪီးမွာပဲမလား။
မထူးပါဘူးေလ "ဟုဆိုၿပီး တစ္ေအာင့္ေလာက္အၾကာ ယဲ့က်င့္ ျပန္ဆင္းလာ၏။
ထိုစဥ္ တပ္သားတစ္ေယာက္ျဖတ္အသြားႏွင့္ႀကံဳ၍ ယဲ့က်င့္ကို ဆတ္ကနဲ လန္႔ဖ်တ္သြား၏။
"ဘာၾကည့္ေနတာလဲ!!!!!!"
"မဟုတ္ရပါ.... မၾကည့္ရပါခင္ဗ်ာ"
ထို႔ေနာက္ ယဲ့က်င့္လည္း အ၀တ္စျဖင့္ မ်က္ႏွာကို အျပည့္ဖံုးလိုက္ေလသည္။
မ်က္စိႏွစ္လံုး ေပၚရံုမ်ွသာ က်န္၏။
ခ်ူယြမ္ "........."
ရွစ္ဇီလည္း နားမလည္ႏိုင္စြာ ေမးလာ၏။
"ဆရာအရွင္...ဘယ္လိုျဖစ္လာတာလဲခင္ဗ်ာ"
"အေအးမိေနလို႔"
ခ်ူယြမ္က ယဲ့က်င့္၏မ်က္လံုးမ်ားကို ေတာက္ေလ်ွာက္ စူးစိုက္ ၾကည့္ေန၏။
ယဲ့က်င့္က ကုတင္နား ထိုင္လိုက္ကာ ခ်ူယြမ္လက္မွေသြးခုန္ႏႈန္းကို ေသခ်ာစစ္ေဆးေပးေန၏။
"အားနာေပမယ့္ ကိုယ္ေတာ့္ကို ေမးခြင့္ျပဳပါၪီး။ ဒီက သခင္ေလးရဲ့ အမည္နာမကို ကိုယ္ေတာ္ သိခြင့္ရႏိုင္မလား။"
"ကြၽန္ေတာ့္ နာမည္ ဘယ္လိုေခၚေခၚ ခင္ဗ်ားအပူပါလား "
ယဲ့က်င့္က ခ်ူယြမ္၏လက္ကိုလႊတ္လိုက္ၿပီး ေဆးျမစ္ျပဳတ္ေပးရန္ ထြက္သြားရန္ျပဳသည္။
"ထ်ဲန္းအာ"
ခ်ူယြမ္မွာ မိမိထင္ျမင္ခ်က္ကို ဆက္ထိန္းမထားႏိုင္ေတာ့ဘဲ ေခၚၾကည့္လိုက္၏။
"ေအာ့အန္ခ်င္စရာ ခ်ိဳခ်ိဳသာသာ နာမည္ႀကီးေတြ လာမေခၚစမ္းနဲ႔ "
"တကယ္ပဲ ......မင္းျဖစ္ေနတာကိုး"
.......
.......
......
"ဘယ္က မင္းလဲ !!!!! "
ယဲ့က်င့္က ေဒါသတႀကီး ေအာ္ဟစ္လာ၏။
"မင္းသား (၉) ?"
ယခုမွ ရွစ္ဇီကုန္းကုန္းပင္ သတိျပဳရေကာင္းမွန္း အမွတ္ရမိ၏။
အာ..... ဒါေၾကာင့္လည္း ဒီမ်က္ႏွာကို ရင္းႏွီးေနပါတယ္လို႔ေလ။
"အဟမ္း အဟမ္း။ မင္းသား ( ၉ )ဆိုတာ ဘယ္သူလဲ "
"ဟုတ္ပ.....တကယ္ မင္းသား(၉)ပါလား"
ရွစ္ဇီက မ်က္ရည္က်ေတာ့မတတ္ ၀မ္းသာရျပန္ေလသည္။ ခ်ူယြမ္က ထထိုင္လိုက္ၿပီး ကုတင္ေခါင္းရင္းအား မွီလိုက္ကာ ယဲ့က်င့္လက္အား လွမ္းကိုင္မည္အျပဳ လွမ္းလိုက္ေသာလက္မွာ ျဖန္းခနဲ ပုတ္လႊတ္ခံရေလ၏။
"ဟြန္႔"
ယဲ့က်င့္က ခ်က္ခ်င္းပင္ လွည့္ထြက္သြားကာ အျပင္ဘက္ ေခ်ာက္ကမ္းပါးစြန္း၌ ေျခဆင္းထိုင္ေနကာ ညဥ့္နက္သည့္အထိ တဲအိမ္ငယ္သို႔ျပန္မလာ။ ပိုင္လိုင္ခ်ိဳင္ သြားေခၚေတာ့မွ ပါလာေတာ့သည္။
ခ်ူယြမ္မွာ ကုတင္ထက္မွာပင္ ဆန္ျပဳတ္စားေနသည္။ ယဲ့က်င့္က တံခါး၀အနား ရပ္ေန၏။ မ်က္၀န္းထဲတြင္ ျငဴစူမႈအျပည့္။
တကယ္ေတာ့ ငါ ကယ္ခ်င္လို႔ကယ္ခဲ့တာမွမဟုတ္တာ ၊ ဘာကိစၥ ေက်းဇူးေတြ ဇြတ္တင္ေနရတာလဲ ။ ခုလဲ မခြဲႏိုင္မခြာတမ္းေတြ ျဖစ္ၿပီး အၾကည့္ေအာက္ကေန ငါ့ကို အေပ်ာက္မခံေတာ့ဘူး။
ဘယ္လိုျဖစ္ျဖစ္ ဒို႔ႏွစ္ေယာက္က အရမ္းရင္းႏွီးေနၾကတာမွမဟုတ္တာ။
ခ်ူယြမ္က ရုတ္တရက္ႀကီး ကုတင္ေပၚမွ ဆင္းလာမည္ျပဳေတာ့ ယဲ့က်င့္ အလန္႔တၾကားျဖစ္သြားကာ-
"ေဟး.... ခ်က္ခ်င္း ျပန္လွဲေနစမ္း"
"ထ်ဲန္း......"
"ဘာထ်ဲန္းလဲ...ခင္ဗ်ားအိမ္က ထ်ဲန္းလား...."
"ဒါဆိုလည္း မင္းကို ဘယ္လို ေခၚရမလဲဆိုတာ ကိုယ္ေတာ့္ကို ေျပာျပေပးေလ"
ခ်ူယြမ္ စိတ္ထဲမွ အလြန္ ရယ္ခ်င္ေနသည္။ ေနြးေထြးသည္ဟုလည္း ခံစားရသည္။
မိမိ မင္းညီမင္းသားဘ၀တုန္းကညီအစ္ကိုေမာင္ႏွမမ်ားစြာရိွသည္
ဆိုေပမင့္ တစ္ဦးအေပၚတစ္ၪီး လ်ိႈ႔၀ွက္ထားေသာအႀကံဆိုးမ်ား ရိွေနတတ္သည္ေလ။ မိမိအသက္ႏွင့္ရင္း၍ ခ်ူယြမ္ကို အသက္ေဘးမွ လာကယ္ေပးသည္မွာ
ဤ ညီျဖစ္သူတစ္ေယာက္သာရိွေခ်၏။
"သမားေတာ္ယဲ့ လို႔ ေခၚ "
ယဲ့က်င့္ အတန္ငယ္စဥ္းစားၿပီးေျဖလိုက္ေတာ့ ခ်ူယြမ္က အလိုမက်သည့္ဟန္။
"အဲ့လိုေခၚရတာ အရမ္း စိမ္းကားမေနဘူးလား"
"ဒို႔ေတြက အစကတည္းက အေနေဝးၾကတာပဲေလ"
ယဲ့က်င့္က ကုတင္ေဘးနား ထိုင္လိုက္ကာ ဆက္ဆိုလာ၏။
"မေန့က ၿမိဳ႔စားမင္းအိမ္ကလူေတြ ဒီေတာင္ေပၚ ထိ လာရွာၾကေသးတယ္။ ဒီတဲကို ေတြ့မသြားတာကံေကာင္းတယ္ဆိုေပမယ့္ ဒီမွာအၾကာႀကီးေနဖို႔က ေဘးမကင္းေလာက္ဘူး။ ခင္ဗ်ား ဘယ္လိုလုပ္ဖို႔စိတ္ကူးထားလဲ"
"ကိုယ္ေတာ့္အတြက္ သြားစရာ ေနရာမရိွဘူး"
"......."
ေဟး.....တကယ္ကိုပဲ က်ဳပ္ဆီမွာပဲ တစ္သက္လံုး ကပ္စားေနေတာ့မွာလား။ ဧကရာဇ္တစ္ေယာက္လံုး ျဖစ္ေနၿပီး သိကၡာေလးဘာေလး ဆည္ပါၪီး။
ခ်ူယြမ္က ေခါင္းခါရင္း-
"ကိုယ္ေတာ္ ယံုၾကည္စိတ္ခ်ခဲ့ရတဲ့ ခ်န္ရႊမ္းလိုလူေတာင္မွ သစၥာေဖာက္ရဲတယ္ဆိုေတာ့ ဒီၿမိဳ႔အနီးအနားမွာ ဘယ္သူ႔ကို ကိုယ္ေတာ္ ယံုၾကည္အားထားလို႔ရမယ္မွန္း မသိေတာ့ဘူး"
"တကယ္ကိုပဲ အသိမိတ္ေဆြတစ္ေယာက္မွ မရိွတာလား"
"ဒီတစ္ေခါက္ တကယ္တမ္းက
ရွန္းယဲ့ၿမိဳ႔ထိသြားမလို႔ စီစဥ္ထားတာေလ "
"ကြၽန္ေတာ္ ရွန္းယဲ့ဘက္ေတာ့ မသြားဘူးေနာ္!!!!"
ထိတ္လန္႔စြာဆိုလာေသာယဲ့က်င့္၏ တံု႔ျပန္မႈေၾကာင့္ ခ်ူယြမ္ေခတၲမ်ွ အံ့အားသင့္သြားရ၏။
ရွန္းယဲ့ၿမိဳ႔မွာ ဒီကေလး ရန္ၿငိဳးရန္စ ရိွခဲ့တာမ်ားလား။
"ရွန္းယဲ့ၿမိဳ႔ပဲ သြားစရာရိွတာလား"
ယဲ့က်င့္က မသြားလိုေသာေၾကာင့္ ေနာက္တစ္ႀကိမ္ ျပန္ေမးလာ၏။ခ်ူယြမ္လည္း ေခါင္းညိတ္ျပလိုက္ကာ
"ရွန္းယဲ့ၿမိဳ႔ရဲ့ သူရိယစႏၵာေတာင္စခန္းက
ခ်န္းဖန္းရဲ့အိမ္ေလ။ ဒီက်င္းနန္တစ္ဝိုက္မွာ ကိုယ္ေတာ္ စိတ္ခ်ယံုၾကည္လို႔ရတာဆိုလို႔ သူပဲရိွတယ္"
"သူရိယစႏၵာေတာင္စခန္း အေၾကာင္း စကားမဟနဲ႔လို႔ က်ဳပ္သတိေပးထားတယ္ေနာ္"
ယဲ့က်င့္က ဟိုနားဒီနား ႏွစ္ပတ္မ်ွ ေလ်ွာက္ေနၿပီးမွ ျပန္ထိုင္လိုက္ကာ
"ေနပါေစေတာ့။ အခုေတာ့ ခင္ဗ်ားကို ခ်ဳန္းဟြားေတာင္ဆီ အရင္ေခၚသြားမယ္ ၊ ဒီကေန သိပ္ေတာ့မေဝးဘူး။ ဒဏ္ရာေတြကိုလည္း အျမန္ကုေပးဖို႔ ပိုအဆင္ေျပတယ္။ ရွန္းယဲ့ကဒီကေန အေဝးႀကီးသြားရၪီးမွာဆိုေတာ့ လမ္းမွာ ဘာေတျြဖစ္လာမလဲ မသိရဘူး "
"အင္း။ ေတာင္သခင္ယဲ့ေရာ ေနေကာင္းရဲ့လား " ဟု ခ်ူယြမ္ကေမးလာသည္။
ယဲ့က်င့္ - "ၿပီးခဲ့တဲ့သံုးလကမွ ဆံုးပါးသြားၿပီ"
ခ်ူယြမ္ ".........."
"ဘာမွ ၀မ္းနည္းပူေဆြးျပစရာမလိုဘူး။ ဆရာအရွင္က အသက္တစ္ရာေက်ာ္ေတာင္ ေနသြားခဲ့တာ ၊ သူ႔အခ်ိန္ေရာက္လာလို႔
သြားရတာပဲဟာကို"
ခ်ူယြမ္ ၿငိမ္က်သြားသည္ကိုျမင္ေတာ့ ယဲ့က်င့္ ဆူပူလိုက္သည္။သို႔ေသာ္ သူ႔မ်က္လံုးမ်ားလည္း နီေရာင္သမ္းေနလ်က္။
ထိုအျခင္းအရာကို ခ်ူယြမ္ျမင္ေသာ္ ႏွစ္သိမ့္ေပးရန္အလို႔ငွာ လက္လွမ္းလိုက္ေသာ္လည္း ဖ်တ္ကနဲ ပုတ္ထုတ္ခံလိုက္ရသည္။
ဘယ္လိုေတာင္ ရက္စက္လိုက္တာလဲ။
*****
ဧကရာဇ္နန္းေတာ္တြင္းတြင္ျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ေမဟြားပင္အား ေက်ာမွီေနရင္း ေမ်ာလြင့္ေနေသာ တိမ္စမ်ားအား ေငးေမာေနလ်က္ရိွသည္။
စင္စစ္မွာ ဤေနရာသည္ အပယ္ခံနန္းေဆာင္ျဖစ္သျဖင့္ လူအသြားအလာ သိပ္မရိွတတ္ေခ်။ အေဆာင္၀န္းထဲရိွေျမမွာ ေျမဆီေျမႏွစ္အေတာ္ျပည့္၀ေၾကာင္း ရွစ္ဇီကုန္းကုန္းက သတိထားမိကတည္းက ဧကရာဇ္အမ်က္ေတာ္ရွတိုင္း ထိုေမဟြားပင္ႀကီးကို ဤေနရာ၌ ေခတၲမ်ွေရႊ့ေျပာင္းစိုက္ေစ၏။
မိုးခ်ဳပ္ၿပီးေတာ့မွ သြမ့္ပိုင္ယြဲ႔က အထည္ဆိုင္သို႔ ျပန္လာေလ၏။သြမ့္ေယာင္ကမူ အဆိပ္ပင္တစ္ခ်ိဳ႕ကို ကလိေန၏။
သူ႔ကိုျမင္ေသာ္ မ်က္ေမွာင္ၾကဳတ္ကာ ႏွာေခါင္းတရႈံ႔ရႈံ႔လာလုပ္ရင္း-
"ေနာင္ေတာ္ ......အရက္သြားေသာက္ထားသလား"
"သံုးခြက္တည္းပါကြာ"
"ကြၽန္ေတာ့္ကိုက် လ်ိဳအိမ္ေတာ္အေၾကာင္း ေန့တိုင္းစံုစမ္းေနခိုင္းၿပီးေတာ့ ေနာင္ေတာ္က် အရက္သြားေသာက္ေနသတဲ့လား...ဟမ္"
သြမ့္ေယာင္ လံုး၀မေက်နပ္ေခ်။
"ဘာသတင္းထူးမ်ားရိွလဲ"
"ဟင့္အင္း.... မရိွဘူး"
သြမ့္ပိုင္ယြဲ႔က ေခါင္းတခါခါလုပ္ကာ
"ဒါဆို ငါ အရက္ဆက္ေသာက္ဖို႔ သြားလိုက္ၪီးမယ္"
သြမ့္ေယာင္မွာ ခ်စ္ခင္ေလးစားလွစြာေသာ ေနာင္ေတာ္ျဖစ္သူ၏ ပါးစပ္ထဲ အဆိပ္ပင္မ်ား သြတ္သြင္းေကြၽးေမြးေပးခ်င္လွၿပီျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ဆိုလာ၏။
"တကယ္ေတာ့ မင္းကိုခိုင္းလိုက္တာက ဘာသတင္းမွ သြားစံုစမ္းဖို႔ မရည္ရြယ္ဘူး။လ်ိဳမ်ိဳးရိုးက ဒီၿမိဳ႔ေတာ္ထဲမွာ ႏွစ္အၾကာႀကီး ၾသဇာသက္ေရာက္မႈက ရိွလာၿပီးသား။ မင္း ဒီရက္ပိုင္းေလးေလာက္နဲ႔ သူတို႔အႀကံအစည္ေတြကို ဘယ္လိုမွန္းလို႔ရမတဲ့လဲ။ ဒါေပမယ့္ အခု ဧကရာဇ္ခ်ူက ဒီမွာရိွမေနေတာ့ သူတို႔လႈပ္ရွားမႈ ပံုမွန္မဟုတ္တာနဲ႔ သိဖို႔ ၾကည့္ခိုင္းရံုပါပဲ"
"ဘာလဲ ။ ပံုမွန္မဟုတ္တာရိွလာရင္ ေနာင္ေတာ္ ၀င္ရႈပ္လို႔ေကာ ရလို႔လား "
"ဘာလို႔ ၀င္ရႈပ္လို႔မရမွာလဲ"
သြမ့္ပိုင္ယြဲ႔က ျပန္ေမးေတာ့ သြမ့္ေယာင္ မ်က္ႏွာ ရႈံ႔မဲ့သြားကာ
"ဒီကိစၥက ဒို႔ေတြနဲ႔မွ မဆိုင္တာကို ဘာကိစၥ ေနာင္ေတာ္ ၀င္ရႈပ္မွာလဲ"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ
"ဒီနန္းေတာ္မွာ ဘယ္သူပဲ နန္းတက္တက္၊
ဒို႔ေတြရဲ့ ရွီးနန္ျပည္ နဲ႔က အၿမဲ အဆက္အသြယ္မျပတ္ခဲ့ဖူးဘူး"
သြမ့္ေယာင္က စားပြဲေပၚ ပံုခ်လွဲလိုက္ၿပီး တဝါးဝါးသမ္းျပေနသည္။ လံုး၀စိတ္မ၀င္စားသည့္ သေဘာ။
"၀မ္ရယ္!!!"
သြမ့္ေန့က အခန္းအျပင္ဘက္မွ ေလ်ွာက္တင္လာ၏။
"စစ္သူႀကီးရွန္ ၿမိဳ႔ေတာ္ကို ျပန္ေရာက္လာၿပီလို႔ သတင္းရပါတယ္ ၀မ္ရယ္"
"ဟုတ္လား။ သူ အခု ဘယ္မွာလဲ"
သြမ့္ပိုင္ယြဲ႔က လံုး၀ အံ့ၾသမေန။
"သူရိယစႏၵာေငြလဲဆိုင္မွာပါ။ စံအိမ္ကိုျပန္မသြားဘူးတဲ့ ၊ ၀မ္ရယ္ သြားေတြ့ဦးမလား
ခင္ဗ်ာ့"
သြမ့္ပိုင္ယြဲ႔က မိမိလက္သံုးေတာ္ဓားကို ယူေဆာင္ကာ အျပင္သို႔ ထြက္သြားေတာ့သည္။
******
သူရိယစႏၵာေငြလဲဆိုင္။
ရွန္ခ်န္းဖန္းနဖူးထက္၀ယ္ ေခြၽးေစးမ်ား ျပန္ေနလ်က္။ အေစခံတစ္ၪီးအား အနာစည္းေပးခိုင္းေနသည္။အခုတ္ခံရေသာ ဓားဒဏ္ရာမွာ ရင္အုပ္က်ယ္မွသည္ ၀မ္းဗိုက္ထိ ရွည္လ်ားသည့္အျပင္ ေသြးမ်ားစိမ့္ထြက္ေနလ်က္။ ျမင္ရသူအား စိုးရိမ္ရေစေလာက္သည္။
အိမ္ေတာ္၀န္းအတြင္း အသံရုတ္ရုတ္သဲသဲၾကားလိုက္သျဖင့္ ခ်န္းဖန္းဆီမွ ဓားအိမ္ကေန ဓားဆြဲထုတ္လိုက္သံပါ တစ္ဆက္တည္း လိုက္လာ၏။
"ဘယ္သူလဲ!!!!"
"စစ္သူႀကီးရွန္"
သြမ့္ပိုင္ယြဲ႔က အိမ္ေတာ္၀န္းအလယ္ ထီးထီးႀကီး ရပ္ေန၏။
မွန္းဆထားသည့္အတိုင္းပင္ ။
ရွန္ခ်န္းဖန္းက ၀တ္ရံုရွည္တစ္ခု လႊမ္းၿခံဳလိုက္ၿပီးေနာက္ သူ႔အား အထဲ၀င္လာရန္ ဖိတ္ေခၚ၏။
"စစ္သူႀကီးရွန္ ဒဏ္ရာရလာတာလား"
သြမ့္ပိုင္ယြဲ႔က မသကၤာစြာ ေမးလာ၏။
"ဟုတ္ကဲ့။ ၿမိဳ႔ေတာ္အနား အလစ္လုပ္ႀကံခံရတာပါ ။ ရန္သူဘက္က အေယာက္သံုးဆယ္ေလာက္ရိွမယ္ ၊ခုေတာ့ အားလံုးေသကုန္ပါၿပီ။"
"လ်ိဳမ်ိဳးရိုးရဲ့ လူေတြလား? "
"ဒါနဲ႔ ရွီးနန္၀မ္ေတာင္ ခိုင္လံုတဲ့အေၾကာင္းျပခ်က္ မည္မည္ရရ မရိွဘဲ ဘာလို႔ ၿမိဳ႔ေတာ္ကို ေရာက္ေနတာတုန္းဆိုတာ ကြၽန္ေတာ့္ကိုမေျပာရေသးဘူး"
"ေၾသာ္ ၊ ဧကရာဇ္ခ်ူက စစ္သူႀကီးမင္းကို
ဘာမွ ေျပာျပမထားေပဘူးလား"
ရွန္ခ်န္းဖန္းက ေခါင္းခါျပ၏။
"ဒါဆို ပန္၀မ္လည္း မေျပာျပေတာ့ဘူး"
ရွန္ခ်န္းဖန္း "......."
"စစ္သူႀကီးရွန္ ဘာဆက္လုပ္ဖို႔ စိတ္ကူးထားလဲဆိုတာ ပန္၀မ္မသိေပမယ့္ ႀကိဳေျပာျပဖို႔လိုတဲ့ အေၾကာင္းတစ္ခုေတာ့ရိွတယ္။ ေျမာက္ပိုင္း ရွီးေပနယ္မွာ ဆူပူထႂကြမႈတစ္ခု ျပန္ျဖစ္ေနၿပီထင္ရဲ့"
ရွန္ခ်န္းဖန္းက ထိုစကားကိုၾကားေတာ့ မ်က္ေမွာင္ႀကံဳ႔သြားသည္။
"အရင္တစ္ေခါက္တုန္းက လ်ိဳမ်ိဳးရိုးရဲ့အာဏာကို ဖိႏိွပ္ထားဖို႔ ၊ အေရ႔ွတုန္းေပနယ္က စစ္အင္အားကိုျပန္ယူဖို႔ အရင္ဧကရာဇ္က ႏွစ္ ၂၀ ၾကာေအာင္ ႀကိဳးစားခဲ့ရတယ္။ဒါေပမယ့္ ဧကရာဇ္အရွင္ သတိမထားမိလိုက္တာကေတာ့ လ်ိဳကုန္းတစ္ေယာက္ ရွီးေပနယ္အေရးကိစၥမွာ ႀကိဳးကိုင္လႈပ္ရွားေနတယ္ဆိုတဲ့ အခ်က္ပဲ"
"သြမ့္၀မ္ ရည္ၫႊန္းတာက ခ်ူတိုင္းျပည္ရဲ့ ကာကြယ္ေရးတပ္ဖြဲ႔ကိုလား"
"တာ့ခ်ူတပ္မေတာ္မဟုတ္ေပဘူး။ တျခားမ်ိဳးႏြယ္စုတစ္ခုကို ဆိုလိုခ်င္တာ ။ အားႏူျပည္ရဲ့ ရွားဒါဆိုတာ လ်ိဳကုန္းရဲ့ ရုပ္ေသးရုပ္သာသာမ်ွပဲ ၊ သူပုန္တပ္ေတြကို ႏိွမ္နင္းခဲ့တဲ့ ၊ ရဲရင့္ေျပာင္ေျမာက္လွပါတယ္ဆိုတဲ့ တပ္မွဴးဆိုတာဟာ လ်ိဳအိမ္ေတာ္ကလူပဲ"
ရွန္ခ်န္းဖန္း မ်က္ႏွာ အေရာင္အေသြးပင္ ေျပာင္းသြား၏။သြမ့္ပိုင္ယြဲ႔က ဆက္၍ဆို၏။
"အခု ရွားဒါက ၿမိဳ႔ေတာ္ထဲမွာ ေရာက္ေနၿပီ။ ပန္၀မ္ရဲ့လူေတြကို ေစာင့္ၾကည့္ခိုင္းထားတယ္။ အခု ဧကရာဇ္ခ်ူ ၿမိဳ႔ေတာ္ထဲရိွမေနေတာ့ ကူလိေသတဲ့အမႈကို ခုတံုးလုပ္ၿပီး စိတ္ရႈပ္ေထြးစရာျဖစ္ေအာင္ ဖန္တီးလာၾကမွာပဲ"
"ကြၽန္ေတာ္တို႔လမ္းခုလတ္မွာ အလစ္တိုက္ခံရတယ္ဆိုေတာ့ လ်ိဳကုန္းဘက္က တစ္ခုခုကို ရိပ္မိေနေလာက္ၿပီ။ သတိမျပတ္ထားဖို႔ အေျခအေနေရာက္ေနၿပီ။"
ခ်န္းဖန္း ထိုသို႔ဆိုလာေတာ့ သြမ့္ပိုင္ယြဲ႔က ထပ္ေမးလာ၏။
"ပန္၀မ္ဆီက အကူအညီေတာင္းဖို႔ ဆႏၵရိွလား"
"ဧကရာဇ္ခ်ူက အမွာစကားမိန္႔ၾကားလိုက္ပါတယ္။သြမ့္၀မ္ ဘာမွလုပ္စရာမရိွရင္လဲ အိမ္မွာ ေအးေဆးေနေနပါ၊ အျပင္ဘက္ လမ္းသလားမေနပါနဲ႔တဲ့"
"ေၾသာ္....မကူညီပါနဲ႔လို႔ေတာ့
ေျပာမထားဘူးပဲ"
ရွန္ခ်န္းဖန္းလည္း ဘာမွ ဆက္မဆိုေတာ့ဘဲစီးေတာ္ျမင္းထက္ တက္ကာ နန္းေတာ္ဘက္ ထြက္ရန္ျပင္ဆင္ေတာ့၏။
*****
တည္းခိုေဆာင္တြင္ သြမ့္ေယာင္တစ္ေယာက္ အိပ္ေပ်ာ္လုဆဲဆဲ ငိုက္ျမည္းေနတုန္း တစ္စံုတစ္ေယာက္မွ မိမိအား အိပ္ရာေပၚက ဆြဲခ်လာ၏။ စိတ္တိုလြန္း၍ ေအာ္ငိုခ်င္ေနၿပီျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ညီျဖစ္သူ၏ ပါးျပင္အား ခပ္ဖြဖြပုတ္ႏိႈးလိုက္ကာ-
"ေန့ခင္းတုန္းက ကူအဆိပ္ကိုစမ္းသပ္ခံဖို႔လူလိုခ်င္ေနတယ္ဆို။ ထေတာ့ ထေတာ့ ၊ အခု လူအရွင္ ႏွစ္ေယာက္သံုးေယာက္ေလာက္ သြားဖမ္းဖို႔ လာေခၚတာ။ သြားၾကစို႔ "
သြမ့္ေယာင္ "........"
****
လ်ိဳအိမ္ေတာ္တြင္လည္း လ်ိဳဖူးတာက အေလာတႀကီးဆိုေန၏။
"ရွန္ခ်န္းဖန္း ခ်က္ခ်င္း ျပန္လာတာက ကြၽန္ေတာ္တို႔ဆီကို တိုက္ရိုက္ရန္လာရွာမယ့္ပံုပဲ ။ အေဖ ဘာအႀကံအစည္မ်ား ရိွထားလဲဟင္"
လ်ိဳကုန္းက ကုလားထိုင္ေပၚထိုင္ေနလ်က္။စကားတစ္ခြန္းမွေတာ့ ဟမလာေသး။
လ်ိဳဖူးတာမွာေတာ့ ေနမထိထိုင္မသာျဖစ္ေနေခ်ၿပီ။
"အေဖ......ဒီကိစၥက ကြၽန္ေတာ္တို႔ ပုန္ကန္တာေတာင္မဟုတ္ေတာ့ဘူး ။ ဧကရာဇ္ကိုယ္တိုင္ကိုက စၿပီး ကြၽန္ေတာ္တို႔ကို အျမစ္ျပတ္သုတ္သင္ဖို႔ အကြက္ခ်ခဲ့တာပဲ "
လ်ိဳကုန္းက မတ္တ္ထရပ္လိုက္ကာ
"မင္း ဘာေတြအစိုးရိမ္လြန္ေနတာလဲ။ သြား ၊ မင္း ၪီးရီးေတာ္ (၃ ) ကို အခုခ်က္ခ်င္းသြားေခၚေခ်"
"ဟုတ္"
လ်ိဳဖူးတာမွာ ထိုစကားကိုၾကားေသာ္ လြန္စြာ၀မ္းေျမာက္ကာ အလ်င္အျမန္ ထြက္သြားလိုက္သည္။ အိမ္ေတာ္ထိန္းႏွင့္ တိုက္မိလုမတတ္ပင္။အိမ္ေတာ္ထိန္းက ပ်ာပ်ာသလဲေတာင္းပန္လိုက္ကာ သူ႔အား သ၀ဏ္လႊာကို အျမန္ဆက္သလာသည္။
"သခင္ေလး သခင္ေလး ။ဒါ ယြင္ရႊီၿမိဳ႔ဘက္က သ၀ဏ္လႊာပါ။ ဟိုဘက္မွာ ျပႆနာတစ္ခုခုတက္ေနၿပီပံုေပၚပါတယ္ သခင္ေလး"
လ်ိဳကုန္းကပါ ထိုစာလႊာကိုအျမန္ ခပ္ေသာ့ေသာ့ဖတ္လိုက္ၿပီးေနာက္ မ်က္ႏွာမွာ ရုတ္ခ်ည္း အေရာင္ေျပာင္းသြား၏။ထို႔ေနာက္ စားပြဲအား ဒုန္းခနဲ ထုလိုက္ကာ အမိန္႔ေပးေတာ့၏။
"ရဲမက္တို႔!!!!! ငါနဲ႔အတူ နန္းေတာ္ဘက္ လိုက္ခဲ့ၾက!!!!!! "
************
Thz for reading
2020.04.15.