[ လူတိုင်းမှာ ဝှက်ဖဲကိုယ်စီနှင့် ]
အတန်ကြာပြီးနောက် သွမ့်ပိုင်ယွဲ့ထံမှအေးစက်စက်လေသံဖြင့် "ထွက်သွားတော့!!!"ဟု နှင်ထုတ်လိုက်လေသည်။
ဘယ်ကိုထွက်သွားရမှာလဲ?
သွမ့်ယောင်မှာ စောနကိစ္စကို အံ့အားသင့်၍မဆုံး ၊ ယခုထက်ထိ ဝေခွဲမရဖြစ်နေဆဲ။
၀မ်းသာပီတိဖြာလွန်းပြီး တလက်လက် ရွှန်းလဲ့တောက်ပနေသော ညီဖြစ်သူ၏မျက်၀န်းများကို သွမ့်ပိုင်ယွဲ့ မခံရပ်တော့သည်အဆုံး သူကိုယ်တိုင်ပင် အရင် ထွက်သွာတော့သည်။
သို့သော် သွမ့်ယောင်က သူ့သဘောအတိုင်းထွက်သွားခွင့်မပြု ၊ နောက်ဘက်မှ အတင်းဆွဲလိုက်သဖြင့် သွမ့်ပိုင်ယွဲ့တစ်ယောက် ပို၍ အနေခက်လာသည်။ သူ့နဖူးပြင်ပေါ်ရှိ သွေးကြောများပင် ထင်းလို့။
"ဘယ်သူလဲ? "
သွမ့်ယောင် လက်မလျှော့နိုင်ပါ။
သွမ့်ပိုင်ယွဲ့လည်း ခေါင်းပို၍ကိုက်လာသည်။
အဘယ်ကြောင့် သတိလွတ်၍ လွှတ်ခနဲ ပြောမိမှန်း မိမိကိုယ်တိုင်လည်း မသိတော့။အင်မတန်မှ ရူးမိုက်လိုက်လေခြင်း။
"ဘာလို့များ နောင်တော်က နန်းတော်ထဲဖြစ်ပျက်သမျှကိစ္စတွေကို မျက်ခြည်မပြတ်စုံစမ်းခိုင်းနေတာလဲလို့ ကျွန်တော် အမြဲ သိချင်နေခဲ့တာ"
ယနေ့တော့ သွမ့်ယောင် နားလည်သွား
လေပြီ။
ငယ်စဥ်ကဆိုလျှင် မိမိ၏နောင်တော်မှာ ဧကရာဇ်ဖြစ်ချင်သောကြောင့်ဟုသာ ထင်မြင်ယူဆဖူးသည်။ ယခု အရွယ်ရောက်လာတော့ အခြားအကြောင်းအရာတစ်ခုခု ရှိနေဦးမည်ဟု ရိပ်မိတတ်လာ၏။
အတန်ငယ်တွေးကြည့်ပြီးနောက် သွမ့်ယောင်က ဆက်ပြောလာသည်။
"နောင်တော်ရဲ့အကျင့်နဲ့ဆို ဘယ်သူ့ကိုရည်ရွယ်တာပဲဖြစ်ဖြစ် အရယူလို့ရနေတာပဲမဟုတ်လား ။အဲ့ဒီလူ နန်းတော်ထဲမှာနေတာမကလို့ ဘယ်မှာပဲနေနေ နောင်တော်က ဒီလောက်အခက်အခဲကို အရေးစိုက်နေမယ့်လူမှမဟုတ်ဘဲ ။ ဘာလို့ ဒီကိစ္စကျမှ သည်းခံချုပ်ထိန်းနေရတာလဲ? "
သွမ့်ပိုင်ယွဲ့ ထံမှ မည်သည့်စကားမျှ ထွက်မလာ။ ရှင်းပြလိုစိတ် အလျဥ်းပင် ရှိမနေ။
"မဟုတ်မှလွဲရော .....ဧကရီဘုရင်မကိုမှ နောင်တော် ရည်ရွယ်နေတာများလား? "
သွမ့်ပိုင်ယွဲ့ - "........"
"မဟုတ်သေးပါဘူး။ ဧကရာဇ်ချူဆီမှာ ဧကရီတွေ မိဖုရားတွေ ရှိတယ်လို့ မကြားဖူးပြန်ဘူး"
သွမ့်ပိုင်ယွဲ့တစ်ယောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်နေရချေပြီ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်တော် ဆက်မမေးတော့ပါဘူး.... ဟီးဟီး"
သွမ့်ယောင်လည်း အသိပြန်လည်လာသည်နှင့် လန့်ဖျတ်ကာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီးသား။သွမ့်ပိုင်ယွဲ့လည်း စိတ်မကြည်စွာ ထွက်သွားနှင့်ချေပြီ။
လက်စသတ်တော့ ဒီလိုကိုး။ ဒါကြောင့်လည်း ဧကရာဇ်ချူ မြို့တော်ကနေ ထွက်သွားတယ်လို့ သတင်းကြားလိုက်ကတည်းက စိတ်တွေညစ်နေရှာတာ။ သူ့ နှလုံးသားလေးပါ ပါသွားလို့နေမယ်။
ဖြစ်သင့်ပါတယ်လေ။ မိုင်ပေါင်းထောင်ချီပြီး ခရီးနှင်လာတာ အခုမျက်နှာလေးတောင်
မမြင်ရသေးတာဆိုတော့ စိတ်ဓာတ်ကျနေတာ မဆန်းပါဘူး။
******
နောင်နှစ်ရက်သုံးရက်ကြာသောအခါ ။
အဘယ်ကြောင့်များ ၀မ်ရယ်နှင့်ရှောင်၀မ်ရယ်တို့ နှစ်ယောက်အတူတူ ထမင်းလက်ဆုံမစားဘဲ သက်သက်စီစားနေကြမှန်း သွမ့်နေ့ပင် နားမလည်နိုင်ခဲ့။ အရာရာတိုင်း အဆင်ပြေချောမွေ့နေခဲ့သည်မဟုတ်လား၊ ညီအစ်ကိုနှစ်ယောက် စကားများကြသည်ဟုလည်း သူ မကြားမိချေ။
*******
ကျန်းနန်၏ လေးလမြောက်ရာသီ။
မိုးဖွဲဖွဲ ရွာသွန်းထားသဖြင့် တောတောင်ရေမြေအသွယ်သွယ်မှာ စိမ်းလန်းစိုပြည်ကာ မျက်စိပသာဒ ရှိလှပေသည် ။သို့သော် မိုးရွာပြီးနောက် ရွှံ့ညွန်ထူထပ်နေသည်မှာမူ အတော်ပင် အဆင်မပြေလှ။
တောင်တန်းများကြားရှိ တောနက်အလယ်တစ်နေရာတွင် လူငယ်တစ်ယောက် နှင့် သူ၏ ဘေးတွင် ခြင်းတစ်ခြင်း။ ထိုလူငယ်လေးမှာ မိုးတိတ်မည်ကို စောင့်နေရင်း တဝါးဝါးသမ်းကာ ပျင်းရိငြီးငွေ့ဟန်ပေါက်နေသည်။ မိုးတိတ်ပြီးမှ ဆေးဘက်၀င်ပင်များကို သွားခူး၍ရမည်မဟုတ်လား။
ထိုလူငယ်မှာ ရှင်းသန့်ချောမောသော အသွင်အပြင်ရှိကာ ပါးပြင်နှစ်ဖက်လည်း ဖြူ၀င်းနုအိနေပေသည် ၊ အပြင်ပန်းမျှအကဲခတ်လျှင်ပင် ဂုဏ်သရေရှိ ပညာတတ်လူငယ်တစ်ဦးဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
"အားးး!!!!!!"
တောနက်ကြီး၏ စိတ်ခြောက်ခြားချင်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖြိုခွင်းကာ ဟိန်းထွက်လာသော အသံတစ်ခု။
ထိုအသံကြောင့် ထိုလူငယ်မှာ ထခုန်မိတော့မတတ် လန့်ဖျတ်သွားရသည်။ အသံလာရာကြည့်လိုက်တော့ မည်သည့်အချိန်ကတည်း ရောက်လာမှန်းမသိသော အဘိုးအိုကြီးတစ်ယောက်။ ၀တ်စားထားသည်မှာလည်း သူတောင်းစားများလို စုတ်ပြတ်ပေရေလျက်။
"အမလေး အမလေး.....နာလိုက်တာ....
ကယ်တော်မူကြပါဦး ......"
သူလှည့်ကြည့်လိုက်တော့မှ ပိုနာပြနေသယောင်။ လူမှန်းသရဲမှန်းလည်း သေချာမသိရ။ထိုလူငယ်ကလည်း အင်္ကျီထဲမှ ခွေး၏သွေးဖြင့်သုတ်ထားသော ဇီးကိုင်းတစ်ခက်ကိုထုတ်ကာ ထိုအဘိုးကို တို့ကြည့်လိုက်သည်။ (T/N : ခွေးရဲ့သွေးနဲ့သုတ်ထားတဲ့ ဇီးကိုင်းနဲ့ဆိုရင် သရဲကို နှင်လွှတ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်တဲ့)
အဘိုးအို - "........"
အင်း၊ အသွင်တော့ပြောင်းမသွားဘူးပဲ။
ထို့နောက် လူငယ်က ထိုသစ်ကိုင်းကို ပြန်သိမ်းလိုက်ကာ အဖိုးအို၏တစ်ကိုယ်လုံးအနှံ့ သေချာစမ်းသပ်ကိုင်တွယ်ကြည့်သည်။ ထိခိုက်ဒဏ်ရာမရှိမှန်း သေချာတော့ မိမိမိုးခိုနေသောနေရာသို့ ဆွဲခေါ်လာလိုက်သည်။
"ဒီက သခင်လေးက သမားတော်တစ်ယောက်လားခင်ဗျာ"
"အင်း"
ယဲ့ကျင့်က မိမိခူးလာသော ဆေးရွက်များကို ထုချေနေသည်။ အဖိုးအိုကလည်း အလိုက်သင့်ပင် ၎င်း၏လက်ကို ကမ်းပေးလာ၏။ ယဲ့ကျင့်ကမူ သူကိုယ်တိုင်၏လက်ကိုသာ လိမ်းလိုက်သည်။
ဟမ် ၊ ကျုပ်ကို ဆေးကုပေးမလို့မဟုတ်ဘူးလား။
"ဒီပန်းက အဆိပ်ရှိလို့ ကျုပ်ကိုယ်တိုင် အရင် စမ်းလိမ်းကြည့်တာ"
ထို့နောက်တွင်မှ ယဲ့ကျင့်က သူ၏အင်္ကျီအတွင်းမှ ဆေးပုလင်းတစ်ခု ထုတ်ယူလာသည်။ ဤတစ်ကြိမ်တော့ အဘိုးအိုအား သေချာ ဆေးလိမ်းပေးလေသည်။
"အဖိုး ဒီထိ ဘယ်လိုရောက်လာတာလဲ ။
ဘေးတစ်ခုခုကနေ ရှောင်တိမ်းလာတာလား"
"ဟုတ်ပဗျာ ဟုတ်ပ။ သခင်လေးက တကယ် စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပဲ"
ယဲ့ကျင့်လည်း ဆေးထည့်ပေးပြီးနောက် ပတ်တီးပါစည်းပေးလေသည်။ အဘိုးအိုမှာ နာလွန်းသဖြင့် အသက်ပင်မနည်း ရှိုက်ရှူနေရကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ပြောလာ၏။
"ဒါပေမယ့် ဆေးကုတဲ့နေရာမှာတော့ အတွေ့အကြုံနုနယ်နေသေးတယ်"
ကြည့်လေ၊ အကိုင်အတွယ်ကြမ်းပုံက
ကျုပ်လက်ကြီး ကျိုးတော့မယ်ဗျ။
"ခင်ဗျားကများ ရာရာစစ ကျုပ်ကို အတွေ့အကြုံမရှိဘူးလေး ဘာလေး
ပြောရဲတယ်ပေါ့!!!!!!"
ယဲ့ကျင့်မှာ ဒေါသလည်းထွက် ၊ အံ့သြ၍လည်းမဆုံး။ အဘိုးအိုမှာ အအော်ခံလိုက်တော့မှ -
"မဟုတ်ရပါဘူး။ ဆေးပညာစွမ်းထက်ပုံကတော့ နတ်ဆေးဆရာ ဟွာ့ထို လူပြန်၀င်စားလာတဲ့အတိုင်းပါပဲ ၊ ဟဲဟဲ"
ယဲ့ကျင့်လည်း မကျေမနပ် နှာတစ်ချက်မှုတ်ပြီး အဆာပြေမုန့်တစ်ခု ထုတ်ကျွေးသည်။
"ရော့ ၊ ဒါလေး အဆာပြေစားထား။ ကျုပ် ဆေးပင်သွားခူးပြီး မြို့ထဲပြန်ရောက်မှ စားသောက်ဆိုင်တစ်ခုခုမှာ ၀ယ်ကျွေးမယ်"
အဘ်ိုးအိုမှာ နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ကျင့်က မတ်တတ်ရပ်ကာ ဖုန်များသဲများကို ခါထုတ်နေသည်။ ယဲ့ကျင့်၏ခါးစည်းတွင် အစိမ်းရင့်ရောင် မေပယ်လ်ရွက်ပုံစံ ထွင်းထားသောကျောက်စိမ်းပြားကို ချိတ်ဆွဲထားသည်။ကျောက်စိမ်းထက်၀ယ် ' ကျင့် ' ဟူသော အမည်ကို ထွင်းထား၏။
သိုင်းလောကတစ်ခွင် ဂုဏ်အင်ကျော်စောလှတဲ့ နတ်ဆေးဆရာ ပီသပါပေတယ်။
အဘိုးအိုမှာ ထွက်သွားသော ယဲ့ကျင့်၏နောက်ပြင်ကို စိတ်၀င်တစားငေးကြည့်နေလေသည်။
*******
ချောက်ကမ်းပါးနံရံတစ်ခုတွင် အနီရင့်ရောင်အဆင်းရှိ ပန်းငယ်လေးများ အစုလိုက်အအုံလိုက် ပေါက်ရောက်နေသည်။ ယဲ့ကျင့်မှာ သုံးလေးခါမျှ ကြိုးစားပြီး ဆင်းခူးကြည့်သော်လည်း မအောင်မြင်။ သိုင်းပညာရော ကိုယ်ဖော့ပညာရပ်ပါ အတန်အသင့် တတ်မြောက်ထားသော်လည်း မိုးရွာပြီးစ ချောက်ကမ်းပါးနံရံမှာ ခါတိုင်းထက်ချောမွတ်နေသဖြင့် အန္တရာယ်များလွန်းသည်။ လက်မလျှော့ချင်သော်လည်း နောက်ဆုံးတော့ နှမြောတသစွာ လက်လျှော့လိုက်ရကာ ယခင်မိုးခိုရာသို့ ပြန်လာ၍ အဘိုးအိုကိုခေါ်ကာ တောင်အောက်သို့ဆင်းသွားလေသည်။
တောင်ခြေရှိ မြို့မှာ အင်မတန် ကျယ်၀န်းကာ စည်ကားသိုက်မြိုက်သဖြင့် လူအိုရုံ (ဘိုးဘွားရိပ်သာ)သုံးလေးခုပင်ရှိလေသည်။ သားသမီးများ၏ စွန့်ပစ်ခြင်းကို ခံထားရသည့်အပြင် ကုရခက်သော အရေပြားရောဂါများပင် စွဲကပ်ပါလာကြသော သက်ကြီးရွယ်အိုများကို နေရာပေးစောင့်ရှောက်ထားသောနေရာများဖြစ်သည်။ ဤမြို့သို့ သမားတော်ယဲ့ကျင့်ရောက်လာပြီးကတည်းက ဆေးလာကုပေးတတ်လေ့ရှိသောကြောင့် ယဲ့ကျင့်မှာ ဆိုင်ရှင်တို့၏ ရိုသေလေးစားမှုကို ရရှိထားပေသည်။ ယခု ယဲ့ကျင့်နှင့်အတူ အဘိုးအိုတစ်ယောက် ပါလာသည်ကိုတွေ့တော့ အတွန့်တက်ခြင်းမရှိ ၊ ချက်ချင်းပင် နေရာထိုင်ခင်းပေးကာ "အာဟာရဖြစ်စေသောငှာ သုံးဆောင်ပါ" ဟုဆိုကာ ဆိတ်သားစွပ်ပြုတ်ပူပူတစ်ပွဲပါ ကျွေးမွေးဧည့်ခံလာ၏။
ယဲ့ကျင့်လည်း ထိုအဘိုးအိုအား လိုက်ပို့ပြီးသည်နှင့် ဘာကိုမျှထွေထွေထူးထူး
တွေးမနေတော့ဘဲ ပြန်သွားလေသည်။
အနည်းဆုံး လေးငါးလလောက် ဤမြို့ထဲ သူ ဆက်နေဖြစ်ပေမည်။ဆေးဖက်၀င်အပင်များ လှိုင်လှိုင်ပေါက်ရောက်ပြီး အတော်အသင့်စုမိဆောင်းမိရှိပြီးခါမှ " နတ်ဆေးဆရာတို့ မွေ့လျော်ရာ တောင်ကြား"ဟု ခေါ်ဆိုကြသော ချုန်းဟွားတောင်ကြားသို့ ပြန်သွားမည်ဖြစ်သည်။
******
"နောင်တော်"
သွမ့်ယောင်က သတိကြီးစွာထားပြီး
စာကြည့်ခန်းတံခါးကို ခေါက်ကြည့်သည်။
"ဘာကိစ္စရှိလို့လဲ"
"ကျွန်တော် နန်းတွင်းကကိစ္စကို ထပ်မမေးတော့ပါဘူးလို့ အာမခံပါတယ် "
အထဲ၀င်သွားလျှင် အနှင်ထုတ်ခံရမည်စိုး၍
အပြင်ဘက်ကတည်းက အရင်အော်ပြောပြီးမှ တံခါးဖွင့်ကာ အထဲ၀င်သွားလေသည်။
"သတင်းထူးနှစ်ခုရှိတယ် ။ ပြောပြီးတာနဲ့ ပြန်မှာ။ ပထမတစ်ခုက ရှစ်ဖူး ပြန်ရှင်လာပြီတဲ့"
သွမ့်ပိုင်ယွဲ့ မျက်မှောင်ကြုံ့သွားသည်။
"ဒီတစ်ခေါက်တော့ စံအိမ်ကို ပြန်မသွားဘဲ ဘယ်တွေရောက်နေမှန်း မသိရသေးဘူးတဲ့။ အရီးတော်လည်း လူလွှတ်ပြီးရှာခိုင်းထားတယ်။ ကျွန်တော်တို့ဘက်ကလည်း သေချာ စောင့်ကြည့်နေပါတဲ့ "
"ဒုတိယတစ်ခုကရော"
"နောင်တော် ကျွန်တော့်ကို စောင့်ကြည့်ခိုင်းထားတဲ့ လျိုမျိုးရိုးစံအိမ်တော်မှာ ဒီရက်ပိုင်းအတွင်း မီးပုံးအနီတွေ အထည်စတွေနဲ့ အိမ်အလှဆင်နေကြတယ်။ လျိုကုန်းရဲ့မွေးနေ့ ကျင်းပမလို့တဲ့ ။ လူတွေ စုဝေးနေကြတာအများကြီးပဲ ၊ သူ့စာကြည့်ခန်းမှာလည်း အမြဲ လူ၀င်လူထွက် ပြတ်မနေဘူး ၊ သူ့အကြံ
အစည်တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မှန်းရခက်တယ်"
"မွေးနေ့ပွဲကျင်းပရုံသက်သက်ပဲဆိုတာ သေချာရဲ့လား"
"ပြောမရဘူး နောင်တော်။ အဘိုးကြီးက တကယ့် မြေခွေးအိုကြီးလိုပဲ ဉာဏ်များတယ်။ တခါတလေ ပြဇာတ်ရုံသွားတာတောင် သူ့ဘေးနား လူတွေအများကြီး ဝိုင်းအုံနေလို့ အပြင်ကနေနားထောင်ရင် ဘာမှသဲသဲကွဲကွဲ မကြားရဘူး"
သွမ့်ယောင်မှာ ဤကိစ္စကို မကျေမချမ်းဖြစ်နေပုံပင်။
"ဒီလောက်မှ ဉာဏ်နီဉာဏ်နက်မများဘဲနဲ့တော့ ထီးနန်းလုဖို့ ကြံရဲမှာ မဟုတ်ဘူးလေ"
သွမ့်ပိုင်ယွဲ့ ပြုံးစစနှင့် ညီဖြစ်သူအား ခြေဆုံး ခေါင်းဆုံး စူးစိုက်ကြည့်ကာ ဆိုလာ၏။
"ဘာမှမကြားခဲ့ရတာ သေချာလား"
"နောင်တော်......ခင်ဗျားနော်.....
ဘာလုပ်ဖို့ ကြံနေပြန်ပြီတုန်း!!!!"
"မြို့တော်အလယ်မှာ ရန်ယွဲ့လို့ခေါ်တဲ့ ပြဇာတ်ရုံရှိတယ်။ ပိုင်ရှင်နာမည်က ကုယွင်ရွှမ်းတဲ့"
ဘာလဲ ....နောင်တော့်ချစ်သူ နောက်တစ်ယောက်လား ။
"လျိုကုန်းမှာ လျိုဖူးတာလို့ခေါ်တဲ့ သားရှိတယ်။ အဲ့ဒီလူက ရန်ယွဲ့ပြဇာတ်ရုံရဲ့ ဖောက်သည်ပဲ ။ အင်း.....မင်းရဲ့ရုပ်ရည်နဲ့ဆို နည်းနည်းလေး ပြင်လိုက်ရုံနဲ့ သုံးစားလို့ရပြီ"
"နောင်တော် ကျွန်တော့်ကို ဧည့်သည်တွေသွားပြုစုခိုင်းမလို့တော့ မဟုတ်ပါဘူးနော်"
သွမ့်ယောင် ဘုရားတမိလေပြီ။
နောင်တော်နော် .....ခမည်းတော်နဲ့မယ်တော်နှစ်ယောက်လုံး တမလွန်ကနေကိုပြန်ရှင်လာပြီး ခင်ဗျားနဲ့ စာရင်းလာရှင်းတော့မှာ ။ ကြပ်ကြပ်သတိထားနေတော့။
"အထက်တန်းစားနေရာတစ်ခုပါ ၊ ဘာမှ ပြုစုတာမပါဘူး။ အလွန်ဆုံးရှိ မင်းကိုသီချင်းတစ်ပုဒ်စနှစ်ပုဒ်စ ဆိုခိုင်းရုံလောက်ပဲ ၊ ဆုငွေပါ ရနိုင်သေးတယ် "
ပြောပုံကိုကြည့်ပါဦး။
ဘာမှမနစ်နာတဲ့အပြင် အမြတ်ရဦးမယ်တောင် ပြောနေတယ်ဗျို့။
သွမ့်ယောင်တစ်ယောက် မိမိနောင်တော်အရင်း၏ ခေါင်းကို အဆိပ်ငါးဖြာအိုးထဲ နှစ်ပစ်လိုက်ချင်နေပြီဖြစ်သည်။
"ဟုတ်ပြီ ။ ဒီအကြံအတိုင်း
ဆက်လုပ်ကြတာပေါ့ "
သွမ့်ယောင် - "........"
"ဘာပြောစရာရှိသေးလို့လဲ"
"ရှိတယ်"
သွမ့်ယောင်လည်း အခွင့်အရေးရတုန်း
နောင်တော်ဖြစ်သူ၏ရှေ့ရှိ ကုလားထိုင်ပေါ် သေချာထိုင်ကာ မေးလာ၏။
"လျိုမျိုးရိုးဘက်က ယုတ်မာတဲ့အကြံအစည်ရှိတယ်ဆိုစေဦးတော့ ၊ သူတို့ရဲ့ပစ်မှတ်က ဧကရာဇ်ချူလေ။ ကျွန်တော်တို့ ရှီးနန်နဲ့ တစ်စက်မှ မဆိုင်တဲ့ကိစ္စကို နောင်တော် ဘာကြောင့် ၀င်ရှုပ်နေတာလဲ"
"အင်း ။ ဘာလို့လဲဆိုတော့ ပန်၀မ်းက သူများကိစ္စ ၀င်ရှုပ်ရတာ ဝါသနာပါလို့လေ"
ဘာ!!!!
ဒီလိုဖြေလို့ ရတယ်လား ။
"ဒီကိစ္စပြီးတာနဲ့ မင်းကိုဆုပေးမယ် စိတ်ချ"
"ဘယ်လိုဆုတုန်း"
ငါးစာပြလိုက်သည်နှင့် ငါးက ချက်ချင်းလာဟပ်၏။ ဖြူစင်ရိုးသားလွန်းသော ညီဖြစ်သူ၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် သွမ့်ပိုင်ယွဲ့က -
"မင်းကို ဗောဓိစိတ္တသိုင်းကျင့်စဥ် သင်ပေးမယ် ။ ဟုတ်ပြီလား "
"ဟွန့်......ထင်တော့ထင်သား။ရှစ်ဖူးက နောင်တော့်ကို သင်ပေးထားပြီးသားဆိုတာ"
ဘာလို့ မျက်နှာအရမ်းလိုက်ရတာလဲ။
ရှစ်ဖူ ပြန်ရှင်လာတိုင်း မြေကြီးတွေ ပြန်ပြန်တူးထုတ်ပေးတာ ကျွန်တော်လေဗျာ ၊ ဟွန့်။
********
"ဗောဓိစိတ္တသိုင်းကျင့်စဥ် ၊ ဟုတ်လား။ "
ကျန်းနန်ရှိ မြို့တစ်မြို့တွင်ဖြစ်သည်။
ယဲ့ကျင့်က ဆေးပင်များကို နေလှန်းနေရင်းမှ
အဖိုးအိုထံမှ ကမ်းလှမ်းချက်ကို ငြင်းဆိုနေသည်။
"ဟင့်အင်း ။ ကျွန်တော် မသင်ချင်ပေါင်"
"သခင်လေး အခုနေ ငြင်းလိုက်ရင် နောင်ကျ နောင်တရလိမ့်မယ်နော"
အဘိုးအိုက လက်မလျှော့သေးချေ။ သူ့ကိုယ်သူ ခြေဦးတည့်ရာ လျှောက်သွားနေသော လေလွင့်သိုင်းဝိဇ္ဇာဟုဆိုကာ သူ့ထံတွင် လူတိုင်း လိုချင်တောင့်တနေသော လျှို့ဝှက်ထိပ်တန်း သိုင်းကျမ်းတစ်အုပ်ရှိကြောင်း ပြောပြနေ၏။ ထိုအဘိုးအိုမှာ နေကောင်းကျန်းမာပြီးကတည်းက ယဲ့ကျင့်၏ အိမ်ခြံ၀န်းထဲ မကြာခဏ အပျင်းပြေ လာနေလေ့ရှိတတ်သည်။
"ကျွန်တော်က သိုင်းကျင့်ရတာကို စိတ်မ၀င်စားဘူး " ဟု ယဲ့ကျင့်က လက်ဖက်ရည်သောက်ရင်း ဆိုလာသည်။
"ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာတတ်မထားရင် တစ်နေ့နေ့ကျ ကိုယ်ချစ်တဲ့သူကို ဘယ်လို ကာကွယ်ပေးနိုင်မှာလဲ"
အဘိုးအိုက ကောင်းမွန်သောစေတနာဖြင့် အကြံပြုလာသည်။ယဲ့ကျင့်ကလည်း ဤသို့သော အရှုပ်ထုပ်ကို မိမိ အဘယ်ကြောင့် ကယ်မိခဲ့မှန်း မသိတော့။တစ်ဖက်သားက ဆံဖြူသက်ကြားအို အဘိုးကြီးတစ်ယောက်သာ ဖြစ်မနေခဲ့လျှင် တံမြက်စည်းရိုးကိုင်ပြီး ခြိမ်းခြောက်နှင်ထုတ်ပစ်လိုက်ပြီဖြစ်မည်။ အသက်ခုနစ်ဆယ်ခန့်မျှရှိနေလောက်ပြီဖြစ်သောလူအိုတစ်ယောက်အပေါ် တစ်ခုခု လုပ်ပစ်ချင်သော်လည်း ဆေးပညာရပ်ဆိုင်ရာ
ကျင့်၀တ်များကို ထောက်ထားရသေးသဖြင့် အင်မတန် စိတ်ညစ်ညူးနေသည့်ကြားမှ နားထိုင်းချင်ယောင်ဆောင်ကာ သည်းခံထားရသည်။
မိမိအား ငြင်းဆိုနေမြဲဖြစ်သည်ကိုမြင်ရတော့ အဘိုးအိုမှာ ညစ်နွမ်းနေသောစာအုပ်အစုတ်ကြီးကိုပိုက်ကာ တရှုံ့ရှုံ့ငိုပြလေ၏။ ယဲ့ကျင့်လည်း ဆက်၍ စိတ်တင်းမထားနိုင်တော့။
"အင်းပါ။ ကျွန်တော် သင်ပါ့မယ် ၊ ရပြီလား"
အဘိုးအိုမှာ သိသိသာသာ ၀မ်းသာရွှင်ပျသွားဟန်ရကာ ထိုစာအုပ်အစုတ်ကို ယဲ့ကျင့်လက်ထဲထည့်ပေးလိုက်သည်။ထို့နောက် မုန့်တစ်ခု ကောက်ယူစားကာ စားသောက်ဆိုင်ဘက် ပြန်ထွက်သွားတော့သည်။
စာအုပ်မှာ ဟောင်းနွမ်းလွန်းနေသည့်အပြင် ဂျီးနံ့ချွေးနံ့တို့ဖြင့် ချဥ်စုတ်နံစော်နေသေး၏။ ယဲ့ကျင့်လည်း စက္ကူအလွတ်တစ်ခု ယူလိုက်ကာ ပထမစာမျက်နှာမှ စတင်ဖတ်ကြည့်လေသည်။ ဤကျင့်စဥ်မှာ ကျင့်ကြံသူကို အတွင်းစွမ်းအား အဆုံးမရှိ တိုးပွားခိုင်မာစေသည်ဟု ဆိုသည်။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ-
ယဲ့ကျင့်မှာ ထိုစာအုပ်ကို ဝုန်းခနဲ ပြန်ပိတ်ကာ ချောင်ထိုးထားလိုက်သည်။ ဘယ်သောအခါမှလည်း ထပ်မံဖတ်ရှုမည်မဟုတ်။
ဤကျင့်စဥ်သည် အတွင်းစွမ်းအားကို များပြားစေသည်မှန်သော်လည်း ယန်စွမ်းအား၊ တစ်နည်းအားဖြင့် အဖိုစွမ်းအားကို ဆုံးရှုံးကာ သုက်လွှတ်နိုင်ခြင်းရှိတော့မည်မဟုတ်။
ဒါ ဘယ်လို ကျင့်ကြံခြင်းနည်းလမ်းတဲ့လဲ။
ဖတ်ကြည့်မိရုံနဲ့ရော အကျိုးသက်ရောက်မှုဖြစ်စေမလား။
ဒီလိုဖြစ်မယ်မှန်းသိ ၊ ရွှိကျီရွက်ကို ကိုယ်နှင့်မကွာ ဆောင်ထားမိလေရဲ့ ။
( ရွှိကျီရွက်ကိုဆောင်ထားလျှင် ကံဆိုးကံညံ့များမှ ကင်းဝေးစေသည်ဟုဆိုကြသည် )
********
ညချမ်းချိန်ခါရောက်သော် မြစ်ကမ်းနှစ်ဖက်လုံးဘက်ရှိ အိမ်ခြေများမှ ထွန်းလင်းနေသော မီးရောင်ငယ်များကို မြင်နေရပြီဖြစ်သည်။ ဘုရင့်လှေတော်၏ အပေါ်ထပ်အဆောင်တွင် ချူယွမ် ထိုင်နေလျက်ရှိပြီး အဝေးတစ်နေရာသို့ ငေးမောနေလျက်ရှိ၏။
"အရှင်မင်းမြတ်"
ရှစ်ဇီက ချူယွမ်အနားသို့ ထပ်မံတိုးကပ်လာပြီး သံတော်ဦးတင်လာသည်။
"နန်းတွင်းက အကြောင်းကြားစာအရ အခုမြို့တော်ထဲကို ရှီးနန်၀မ် ရောက်ရှိနေကြောင်းပါ ၊ အထည်ဆိုင်တစ်ခုမှာ နားနေတယ်လို့ သိရပါတယ်ဘုရား"
ချူယွမ်က အသာအယာပင် ခေါင်းညိတ်ပြ၏။မိမိ မှန်းဆထားသည့်အတိုင်းပင် ဟူသော သဘောဖြင့် ဘာမှမအံ့သြ။ ရှစ်ဇီကုန်းကုန်းကမူ စိုးရိမ်စိတ်ဖြင့် လေးဖင့်စွာ ဆိုလာသည်။
"တကယ်ပဲ ဒီလိုပဲ သူထင်ရာစိုင်းပြီး လုပ်ချင်တိုင်းလုပ်နေတာကို လွှတ်ပေးထားမှာလား ဘုရား"
ချူယွမ်က သဘောကျစွာ ရယ်လိုက်ပြီးမှ -
"ဘယ်လိုလုပ်ပြီး လွှတ်ထားတယ်ခေါ်ရမလဲ ။ ငါကိုယ်တော် လွှတ်ထားချင်ခဲ့ရင် သူ့လူတွေ နန်းတော်ထဲ၀င်ထွက်နေတာကို အစကတည်းက တားပြီးလောက်ရောပေါ့"
"ဒါပေမယ့် ဒီတစ်ခေါက်က လျိုမျိုးရိုးပါ
ပါ ၀င်ပတ်သက်လာတာမို့ အင်မတန်ရှုပ်ထွေးတဲ့ ပြဿနာမဟုတ်ပါလား ၊အရှင်မင်းမြတ်"
စစ်သူကြီး ရှန်ချန်းဖန်းသည်ပင် ၀င်ရောက်ပြောဆိုလာလေသည်။
"တကယ်လို့များ တစ်ခုခုချွတ်ချော်သွားတာနဲ့ အကြံအစည်ပျက်သွားရင် တစ်ဖက်ရန်သူကို နှိုးလိုက်သလို ဖြစ်သွားပါမယ်ဘုရား"
နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲ ကြိုးစားကြံစည်ထားသော အစီအစဥ် ၊ လျိုမျိုးရိုးကို အမြစ်ပြတ်ရှင်းလင်းသုတ်သင်မည့် အစီအစဥ်။ ဤမျှထိ ကြီးမားသော တာ၀န်ကို ရှီးနန်၀မ်အား အမှန်ပင် လွှဲအပ်ထမ်းဆောင်စေမည်တဲ့လား။
"ဘာလုပ်ရမယ်မှန်း ငါကိုယ်တော်မြတ် သိပြီးသားမို့ စစ်သူကြီးရှန် စိုးရိမ်မနေပါနဲ့"
ချန်းဖန်း၏ပခုံးကို ခပ်ဖွဖွပုတ်ပေးရင်း ချူယွမ် ထပ်မိန့်လာလေသည်။
"သူ ဆောင်ရွက်ခဲ့လို့ ရှုံးနိမ့်နေချိန်ကျမှ
ဒို့လူတွေ ၀င်တိုက်ရင်လည်း မနောက်ကျသေးဘူးမဟုတ်လား "
********
Thz for reading
2020.04.13 / 2:40am
*********
[ လူတိုင္းမွာ ဝွက္ဖဲကိုယ္စီႏွင့္ ]
အတန္ၾကာၿပီးေနာက္ သြမ့္ပိုင္ယြဲ႔ထံမွ ေအးစက္စက္ေလသံျဖင့္ "ထြက္သြားေတာ့!!!"ဟု ႏွင္ထုတ္လိုက္ေလသည္။
ဘယ္ကိုထြက္သြားရမွာလဲ?
သြမ့္ေယာင္မွာ ေစာနကိစၥကို အံ့အားသင့္၍မဆံုး ၊ ယခုထက္ထိ ေဝခြဲမရျဖစ္ေနဆဲ။
၀မ္းသာပီတိျဖာလြန္းၿပီး တလက္လက္ ရႊန္းလဲ့ေတာက္ပေနေသာ ညီျဖစ္သူ၏မ်က္၀န္းမ်ားကို သြမ့္ပိုင္ယြဲ႔ မခံရပ္ေတာ့သည္အဆံုး သူကိုယ္တိုင္ပင္ အရင္ ထြက္သြာေတာ့သည္။
သို႔ေသာ္ သြမ့္ေယာင္က သူ႔သေဘာအတိုင္းထြက္သြားခြင့္မျပဳ ၊ ေနာက္ဘက္မွ အတင္းဆြဲလိုက္သျဖင့္ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ပို၍ အေနခက္လာသည္။ သူ႔နဖူးျပင္ေပၚရိွ ေသြးေၾကာမ်ားပင္ ထင္းလို႔။
"ဘယ္သူလဲ? "
သြမ့္ေယာင္ လက္မေလ်ွာ့ႏိုင္ပါ။
သြမ့္ပိုင္ယြဲ႔လည္း ေခါင္းပို၍ကိုက္လာသည္။
အဘယ္ေၾကာင့္ သတိလြတ္၍ လႊတ္ခနဲ ေျပာမိမွန္း မိမိကိုယ္တိုင္လည္း မသိေတာ့။အင္မတန္မွ ရူးမိုက္လိုက္ေလျခင္း။
"ဘာလို႔မ်ား ေနာင္ေတာ္က နန္းေတာ္ထဲျဖစ္ပ်က္သမ်ွကိစၥေတြကို မ်က္ျခည္မျပတ္စံုစမ္းခိုင္းေနတာလဲလို႔ ကြၽန္ေတာ္ အၿမဲ သိခ်င္ေနခဲ့တာ"
ယေန့ေတာ့ သြမ့္ေယာင္ နားလည္သြား
ေလၿပီ။
ငယ္စဥ္ကဆိုလ်ွင္ မိမိ၏ေနာင္ေတာ္မွာ ဧကရာဇ္ျဖစ္ခ်င္ေသာေၾကာင့္ဟုသာ ထင္ျမင္ယူဆဖူးသည္။ ယခု အရြယ္ေရာက္လာေတာ့ အျခားအေၾကာင္းအရာတစ္ခုခု ရိွေနၪီးမည္ဟု ရိပ္မိတတ္လာ၏။
အတန္ငယ္ေတြးၾကည့္ၿပီးေနာက္ သြမ့္ေယာင္က ဆက္ေျပာလာသည္။
"ေနာင္ေတာ္ရဲ့အက်င့္နဲ႔ဆို ဘယ္သူ႔ကိုရည္ရြယ္တာပဲျဖစ္ျဖစ္ အရယူလို႔ရေနတာပဲမဟုတ္လား ။အဲ့ဒီလူ နန္းေတာ္ထဲမွာေနတာမကလို႔ ဘယ္မွာပဲေနေန ေနာင္ေတာ္က ဒီေလာက္အခက္အခဲကို အေရးစိုက္ေနမယ့္လူမွမဟုတ္ဘဲ ။ ဘာလို႔ ဒီကိစၥက်မွ သည္းခံခ်ဳပ္ထိန္းေနရတာလဲ? "
သြမ့္ပိုင္ယြဲ႔ ထံမွ မည္သည့္စကားမ်ွ ထြက္မလာ။ ရွင္းျပလိုစိတ္ အလ်ဥ္းပင္ ရိွမေန။
"မဟုတ္မွလြဲေရာ .....ဧကရီဘုရင္မကိုမွ ေနာင္ေတာ္ ရည္ရြယ္ေနတာမ်ားလား? "
သြမ့္ပိုင္ယြဲ႔ - "........"
"မဟုတ္ေသးပါဘူး။ ဧကရာဇ္ခ်ူဆီမွာ ဧကရီေတြ မိဖုရားေတြ ရိွတယ္လို႔ မၾကားဖူးျပန္ဘူး"
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ေနရေခ်ၿပီ။
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ။ ကြၽန္ေတာ္ ဆက္မေမးေတာ့ပါဘူး.... ဟီးဟီး"
သြမ့္ေယာင္လည္း အသိျပန္လည္လာသည္ႏွင့္ လန္႔ဖ်တ္ကာ ေျခႏွစ္လွမ္း ေနာက္ဆုတ္ၿပီးသား။သြမ့္ပိုင္ယြဲ႔လည္း စိတ္မၾကည္စြာ ထြက္သြားႏွင့္ေခ်ၿပီ။
လက္စသတ္ေတာ့ ဒီလိုကိုး။ ဒါေၾကာင့္လည္း ဧကရာဇ္ခ်ူ ၿမိဳ႔ေတာ္ကေန ထြက္သြားတယ္လို႔ သတင္းၾကားလိုက္ကတည္းက စိတ္ေတြညစ္ေနရွာတာ။ သူ႔ ႏွလံုးသားေလးပါ ပါသြားလို႔ေနမယ္။
ျဖစ္သင့္ပါတယ္ေလ။ မိုင္ေပါင္းေထာင္ခ်ီၿပီး ခရီးႏွင္လာတာ အခုမ်က္ႏွာေလးေတာင္
မျမင္ရေသးတာဆိုေတာ့ စိတ္ဓာတ္က်ေနတာ မဆန္းပါဘူး။
******
ေနာင္ႏွစ္ရက္သံုးရက္ၾကာေသာအခါ ။
အဘယ္ေၾကာင့္မ်ား ၀မ္ရယ္ႏွင့္ေရွာင္၀မ္ရယ္တို႔ ႏွစ္ေယာက္အတူတူ ထမင္းလက္ဆံုမစားဘဲ သက္သက္စီစားေနၾကမွန္း သြမ့္ေန့ပင္ နားမလည္ႏိုင္ခဲ့။ အရာရာတိုင္း အဆင္ေျပေခ်ာေမြ့ေနခဲ့သည္မဟုတ္လား၊ ညီအစ္ကိုႏွစ္ေယာက္ စကားမ်ားၾကသည္ဟုလည္း သူ မၾကားမိေခ်။
*******
က်န္းနန္၏ ေလးလေျမာက္ရာသီ။
မိုးဖြဲဖြဲ ရြာသြန္းထားသျဖင့္ ေတာေတာင္ေရေျမအသြယ္သြယ္မွာ စိမ္းလန္းစိုျပည္ကာ မ်က္စိပသာဒ ရိွလွေပသည္ ။သို႔ေသာ္ မိုးရြာၿပီးေနာက္ ရႊံ႔ၫြန္ထူထပ္ေနသည္မွာမူ အေတာ္ပင္ အဆင္မေျပလွ။
ေတာင္တန္းမ်ားၾကားရိွ ေတာနက္အလယ္တစ္ေနရာတြင္ လူငယ္တစ္ေယာက္ ႏွင့္ သူ၏ ေဘးတြင္ ျခင္းတစ္ျခင္း။ ထိုလူငဟ္ေလးမွာ မိုးတ္ိတ္မည္ကို ေစာင့္ေနရင္း တဝါးဝါးသမ္းကာ ပ်င္းရိၿငီးေငြ့ဟန္ေပါက္ေနသည္။ မိုးတိတ္ၿပီးမွ ေဆးဘက္၀င္ပင္မ်ားကို သြားခူး၍ရမည္မဟုတ္လား။
ထိုလူငယ္မွာ ရွင္းသန္႔ေခ်ာေမာေသာ အသြင္အျပင္ရိွကာ ပါးျပင္ႏွစ္ဖက္လည္း ျဖဴ၀င္းႏုအိေနေပသည္ ၊ အျပင္ပန္းမ်ွအကဲခတ္လ်ွင္ပင္ ဂုဏ္သေရရိွ ပညာတတ္လူငယ္တစ္ၪီးျဖစ္ေၾကာင္း မွန္းဆႏိုင္ေပသည္။
"အားးး!!!!!!"
ေတာနက္ႀကီး၏ စိတ္ေျခာက္ျခားခ်င္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနမႈကို ၿဖိဳခြင္းကာ ဟိန္းထြက္လာေသာ အသံတစ္ခု။
ထိုအသံေၾကာင့္ ထိုလူငယ္မွာ ထခုန္မိေတာ့မတတ္ လန္႔ဖ်တ္သြားရသည္။ အသံလာရာၾကည့္လိုက္ေတာ့ မည္သည့္အခ်ိန္ကတည္း ေရာက္လာမွန္းမသိေသာ အဘိုးအိုႀကီးတစ္ေယာက္။ ၀တ္စားထားသည္မွာလည္း သူေတာင္းစားမ်ားလို စုတ္ျပတ္ေပေရလ်က္။
"အမေလး အမေလး.....နာလိုက္တာ....
ကယ္ေတာ္မူၾကပါၪီး ......"
သူလွည့္ၾကည့္လိုက္ေတာ့မွ ပိုနာျပေနသေယာင္။ လူမွန္းသရဲမွန္းလည္း ေသခ်ာမသိရ။ထိုလူငယ္ကလည္း အက်ႌထဲမွ ေခြး၏ေသြးျဖင့္သုတ္ထားေသာ ဇီးကိုင္းတစ္ခက္ကိုထုတ္ကာ ထိုအဘိုးကို တို႔ၾကည့္လိုက္သည္။ (T/N : ေခြးရဲ့ေသြးနဲ႔သုတ္ထားတဲ့ ဇီးကိုင္းနဲ႔ဆိုရင္ သရဲကို ႏွင္လႊတ္ႏိုင္တယ္လို႔ ယံုၾကည္ၾကပါတယ္တဲ့)
အဘိုးအို - "........"
အင္း၊ အသြင္ေတာ့ေျပာင္းမသြားဘူးပဲ။
ထို႔ေနာက္ လူငယ္က ထိုသစ္ကိုင္းကို ျပန္သိမ္းလိုက္ကာ အဖိုးအို၏တစ္ကိုယ္လံုးအႏွံ႔ ေသခ်ာစမ္းသပ္ကိုင္တြယ္ၾကည့္သည္။ ထိခိုက္ဒဏ္ရာမရိွမွန္း ေသခ်ာေတာ့ မိမိမိုးခိုေနေသာေနရာသို႔ ဆြဲေခၚလာလိုက္သည္။
"ဒီက သခင္ေလးက သမားေတာ္တစ္ေယာက္လားခင္ဗ်ာ"
"အင္း"
ယဲ့က်င့္က မိမိခူးလာေသာ ေဆးရြက္မ်ားကို ထုေခ်ေနသည္။ အဖိုးအိုကလည္း အလိုက္သင့္ပင္ ၄၏လက္ကို ကမ္းေပးလာ၏။ ယဲ့က်င့္ကမူ သူကိုယ္တိုင္၏လက္ကိုသာ လိမ္းလိုက္သည္။
ဟမ္ ၊ က်ဳပ္ကို ေဆးကုေပးမလို႔မဟုတ္ဘူးလား။
"ဒီပန္းက အဆိပ္ရိွလို႔ က်ဳပ္ကိုယ္တိုင္ အရင္ စမ္းလိမ္းၾကည့္တာ"
ထို႔ေနာက္တြင္မွ ယဲ့က်င့္က သူ၏အက်ႌအတြင္းမွ ေဆးပုလင္းတစ္ခု ထုတ္ယူလာသည္။ ဤတစ္ႀကိမ္ေတာ့ အဘိုးအိုအား ေသခ်ာ ေဆးလိမ္းေပးေလသည္။
"အဖိုး ဒီထိ ဘယ္လိုေရာက္လာတာလဲ ။
ေဘးတစ္ခုခုကေန ေရွာင္တိမ္းလာတာလား"
"ဟုတ္ပဗ်ာ ဟုတ္ပ။ သခင္ေလးက တကယ္ စိတ္ထားေကာင္းတဲ့ လူတစ္ေယာက္ပဲ"
ယဲ့က်င့္လည္း ေဆးထည့္ေပးၿပီးေနာက္ ပတ္တီးပါစည္းေပးေလသည္။ အဘိုးအိုမွာ နာလြန္းသျဖင့္ အသက္ပင္မနည္း ရိႈက္ရႉေနရကာ မ်က္ႏွာတစ္ခုလံုး ရႈံ႔မဲ့လ်က္ ေျပာလာ၏။
"ဒါေပမယ့္ ေဆးကုတဲ့ေနရာမွာေတာ့ အေတြ့အႀကံဳႏုနယ္ေနေသးတယ္"
ၾကည့္ေလ၊ အကိုင္အတြယ္ၾကမ္းပံုက
က်ဳပ္လက္ႀကီး က်ိဳးေတာ့မယ္ဗ်။
"ခင္ဗ်ားကမ်ား ရာရာစစ က်ဳပ္ကို အေတြ့အႀကံဳမရိွဘူးေလး ဘာေလး
ေျပာရဲတယ္ေပါ့!!!!!!"
ယဲ့က်င့္မွာ ေဒါသလည္းထြက္ ၊ အံ့ၾသ၍လည္းမဆံုး။ အဘိုးအိုမွာ အေအာ္ခံလိုက္ေတာ့မွ -
"မဟုတ္ရပါဘူး။ ေဆးပညာစြမ္းထက္ပံုကေတာ့ နတ္ေဆးဆရာ ဟြာ့ထို လူျပန္၀င္စားလာတဲ့အတိုင္းပါပဲ ၊ ဟဲဟဲ"
ယဲ့က်င့္လည္း မေက်မနပ္ ႏွာတစ္ခ်က္မႈတ္ၿပီး အဆာေျပမုန္႔တစ္ခု ထုတ္ေကြၽးသည္။
"ေရာ့ ၊ ဒါေလး အဆာေျပစားထား။ က်ဳပ္ ေဆးပင္သြားခူးၿပီး ၿမိဳ႔ထဲျပန္ေရာက္မွ စားေသာက္ဆိုင္တစ္ခုခုမွာ ၀ယ္ေကြၽးမယ္"
အဘ္ိုးအိုမွာ နားလည္ၿပီျဖစ္ေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ ယဲ့က်င့္က မတ္တတ္ရပ္ကာ ဖုန္မ်ားသဲမ်ားကို ခါထုတ္ေနသည္။ ယဲ့က်င့္၏ခါးစည္းတြင္ အစိမ္းရင့္ေရာင္ ေမပယ္လ္ရြက္ပံုစံ ထြင္းထားေသာေက်ာက္စိမ္းျပားကို ခ်ိတ္ဆြဲထားသည္။ေက်ာက္စိမ္းထက္၀ယ္ ' က်င့္ ' ဟူေသာ အမည္ကို ထြင္းထား၏။
သိုင္းေလာကတစ္ခြင္ ဂုဏ္အင္ေက်ာ္ေစာလွတဲ့ နတ္ေဆးဆရာ ပီသပါေပတယ္။
အဘိုးအိုမွာ ထြက္သြားေသာ ယဲ့က်င့္၏ေနာက္ျပင္ကို စိတ္၀င္တစားေငးၾကည့္ေနေလသည္။
*******
ေခ်ာက္ကမ္းပါးနံရံတစ္ခုတြင္ အနီရင့္ေရာင္အဆင္းရိွ ပန္းငယ္ေလးမ်ား အစုလိုက္အအံုလိုက္ ေပါက္ေရာက္ေနသည္။ ယဲ့က်င့္မွာ သံုးေလးခါမ်ွ ႀကိဳးစားၿပီး ဆင္းခူးၾကည့္ေသာ္လည္း မေအာင္ျမင္။ သိုင္းပညာေရာ ကိုယ္ေဖာ့ပညာရပ္ပါ အတန္အသင့္ တတ္ေျမာက္ထားေသာ္လည္း မိုးရြာၿပီးစ ေခ်ာက္ကမ္းပါးနံရံမွာ ခါတိုင္းထက္ေခ်ာမြတ္ေနသျဖင့္ အႏၲရာယ္မ်ားလြန္းသည္။ လက္မေလ်ွာ့ခ်င္ေသာ္လည္း ေနာက္ဆံုးေတာ့ ႏွေျမာတသစြာ လက္ေလ်ွာ့လိုက္ရကာ ယခင္မိုးခိုရာသို႔ ျပန္လာ၍ အဘိုးအိုကိုေခၚကာ ေတာင္ေအာက္သို႔ဆင္းသြားေလသည္။
ေတာင္ေျခရိွ ၿမိဳ႔မွာ အင္မတန္ က်ယ္၀န္းကာ စည္ကားသိုက္ၿမိဳက္သျဖင့္ လူအိုရံု (ဘိုးဘြားရိပ္သာ)သံုးေလးခုပင္ရိွေလသည္။ သားသမီးမ်ား၏ စြန္႔ပစ္ျခင္းကို ခံထားရသည့္အျပင္ ကုရခက္ေသာ အေရျပားေရာဂါမ်ားပင္ စြဲကပ္ပါလာၾကေသာ သက္ႀကီးရြယ္အိုမ်ားကို ေနရာေပးေစာင့္ေရွာက္ထားေသာေနရာမ်ားျဖစ္သည္။ ဤၿမိဳ႔သို႔ သမားေတာ္ယဲ့က်င့္ေရာက္လာၿပီးကတည္းက ေဆးလာကုေပးတတ္ေလ့ရိွေသာေၾကာင့္ ယဲ့က်င့္မွာ ဆိုင္ရွင္တို႔၏ ရိုေသေလးစားမႈကို ရရိွထားေပသည္။ ယခု ယဲ့က်င့္ႏွင့္အတူ အဘိုးအိုတစ္ေယာက္ ပါလာသည္ကိုေတြ့ေတာ့ အတြန္႔တက္ျခင္းမရိွ ၊ ခ်က္ခ်င္းပင္ ေနရာထိုင္ခင္းေပးကာ "အာဟာရျဖစ္ေစေသာငွာ သံုးေဆာင္ပါ" ဟုဆိုကာ ဆိတ္သားစြပ္ျပဳတ္ပူပူတစ္ပြဲပါ ေကြၽးေမြးဧည့္ခံလာ၏။
ယဲ့က်င့္လည္း ထိုအဘိုးအိုအား လိုက္ပို႔ၿပီးသည္ႏွင့္ ဘာကိုမ်ွေထြေထြထူးထူး
ေတြးမေနေတာ့ဘဲ ျပန္သြားေလသည္။
အနည္းဆံုး ေလးငါးလေလာက္ ဤၿမိဳ႔ထဲ သူ ဆက္ေနျဖစ္ေပမည္။ေဆးဖက္၀င္အပင္မ်ား လိႈင္လိႈင္ေပါက္ေရာက္ၿပီး အေတာ္အသင့္စုမိေဆာင္းမိရိွၿပီးခါမွ " နတ္ေဆးဆရာတို႔ ေမြ့ေလ်ာ္ရာ ေတာင္ၾကား"ဟု ေခၚဆိုၾကေသာ ခ်ဳန္းဟြားေတာင္ၾကားသို႔ ျပန္သြားမည္ျဖစ္သည္။
******
"ေနာင္ေတာ္"
သြမ့္ေယာင္က သတိႀကီးစြာထားၿပီး
စာၾကည့္ခန္းတံခါးကို ေခါက္ၾကည့္သည္။
"ဘာကိစၥရိွလို႔လဲ"
"ကြၽန္ေတာ္ နန္းတြင္းကကိစၥကို ထပ္မေမးေတာ့ပါဘူးလို႔ အာမခံပါတယ္ "
အထဲ၀င္သြားလ်ွင္ အႏွင္ထုတ္ခံရမည္စိုး၍
အျပင္ဘက္ကတည္းက အရင္ေအာ္ေျပာၿပီးမွ တံခါးဖြင့္ကာ အထဲ၀င္သြားေလသည္။
"သတင္းထူးႏွစ္ခုရိွတယ္ ။ ေျပာၿပီးတာနဲ႔ ျပန္မွာ။ ပထမတစ္ခုက ရွစ္ဖူး ျပန္ရွင္လာၿပီတဲ့"
သြမ့္ပိုင္ယြဲ႔ မ်က္ေမွာင္ႀကံဳ႔သြားသည္။
"ဒီတစ္ေခါက္ေတာ့ စံအိမ္ကို ျပန္မသြားဘဲ ဘယ္ေတြေရာက္ေနမွန္း မသိရေသးဘူးတဲ့။ အရီးေတာ္လည္း လူလႊတ္ၿပီးရွာခိုင္းထားတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ေသခ်ာ ေစာင့္ၾကည့္ေနပါတဲ့ "
"ဒုတိယတစ္ခုကေရာ"
"ေနာင္ေတာ္ ကြၽန္ေတာ့္ကို ေစာင့္ၾကည့္ခိုင္းထားတဲ့ လ်ိဳမ်ိဳးရိုးစံအိမ္ေတာ္မွာ ဒီရက္ပိုင္းအတြင္း မီးပံုးအနီေတြ အထည္စေတြနဲ႔ အိမ္အလွဆင္ေနၾကတယ္။ လ်ိဳကုန္းရဲ့ေမြးေန့ က်င္းပမလို႔တဲ့ ။ လူေတြ စုေဝးေနၾကတာအမ်ားႀကီးပဲ ၊ သူ႔စာၾကည့္ခန္းမွာလည္း အၿမဲ လူ၀င္လူထြက္ ျပတ္မေနဘူး ၊ သူ႔အႀကံ
အစည္ေတြကို ဘယ္လိုတံု႔ျပန္ရမလဲဆိုတာ မွန္းရခက္တယ္"
"ေမြးေန့ပြဲက်င္းပရံုသက္သက္ပဲဆိုတာ ေသခ်ာရဲ့လား"
"ေျပာမရဘူး ေနာင္ေတာ္။ အဘိုးႀကီးက တကယ့္ ေျမေခြးအိုႀကီးလိုပဲ ဉာဏ္မ်ားတယ္။ တခါတေလ ျပဇာတ္ရံုသြားတာေတာင္ သူ႔ေဘးနား လူေတြအမ်ားႀကီး ဝိုင္းအံုေနလို႔ အျပင္ကေနနားေထာင္ရင္ ဘာမွသဲသဲကြဲကြဲ မၾကားရဘူး"
သြမ့္ေယာင္မွာ ဤကိစၥကို မေက်မခ်မ္းျဖစ္ေနပံုပင္။
"ဒီေလာက္မွ ဉာဏ္နီဉာဏ္နက္မမ်ားဘဲနဲ႔ေတာ့ ထီးနန္းလုဖို႔ ႀကံရဲမွာ မဟုတ္ဘူးေလ"
သြမ့္ပိုင္ယြဲ႔ ၿပံဳးစစႏွင့္ ညီျဖစ္သူအား ေျခဆံုး ေခါင္းဆံုး စူးစိုက္ၾကည့္ကာ ဆိုလာ၏။
"ဘာမွမၾကားခဲ့ရတာ ေသခ်ာလား"
"ေနာင္ေတာ္......ခင္ဗ်ားေနာ္.....
ဘာလုပ္ဖို႔ ႀကံေနျပန္ၿပီတုန္း!!!!"
"ၿမိဳ႔ေတာ္အလယ္မွာ ရန္ယြဲ႔လို႔ေခၚတဲ့ ျပဇာတ္ရံုရိွတယ္။ ပိုင္ရွင္နာမည္က ကုယြင္ရႊမ္းတဲ့"
ဘာလဲ ....ေနာင္ေတာ့္ခ်စ္သူ ေနာက္တစ္ေယာက္လား ။
"လ်ိဳကုန္းမွာ လ်ိဳဖူးတာလို႔ေခၚတဲ့ သားရိွတယ္။ အဲ့ဒီလူက ရန္ယြဲ႔ျပဇာတ္ရံုရဲ့ ေဖာက္သည္ပဲ ။ အင္း.....မင္းရဲ့ရုပ္ရည္နဲ႔ဆို နည္းနည္းေလး ျပင္လိုက္ရံုနဲ႔ သံုးစားလို႔ရၿပီ"
"ေနာင္ေတာ္ ကြၽန္ေတာ့္ကို ဧည့္သည္ေတြသြားျပဳစုခိုင္းမလို႔ေတာ့ မဟုတ္ပါဘူးေနာ္"
သြမ့္ေယာင္ ဘုရားတမိေလၿပီ။
ေနာင္ေတာ္ေနာ္ .....ခမည္းေတာ္နဲ႔မယ္ေတာ္ႏွစ္ေယာက္လံုး တမလြန္ကေနကိုျပန္ရွင္လာၿပီး ခင္ဗ်ားနဲ႔ စာရင္းလာရွင္းေတာ့မွာ ။ ၾကပ္ၾကပ္သတိထားေနေတာ့။
"အထက္တန္းစားေနရာတစ္ခုပါ ၊ ဘာမွ ျပဳစုတာမပါဘူး။ အလြန္ဆံုးရိွ မင္းကိုသီခ်င္းတစ္ပုဒ္စႏွစ္ပုဒ္စ ဆိုခိုင္းရံုေလာက္ပဲ ၊ ဆုေငြပါ ရႏိုင္ေသးတယ္ "
ေျပာပံုကိုၾကည့္ပါၪီး။
ဘာမွမနစ္နာတဲ့အျပင္ အျမတ္ရၪီးမယ္ေတာင္ ေျပာေနတယ္ဗ်ိဳ႕။
သြမ့္ေယာင္တစ္ေယာက္ မိမိေနာင္ေတာ္အရင္း၏ ေခါင္းကို အဆိပ္ငါးျဖာအိုးထဲ ႏွစ္ပစ္လိုက္ခ်င္ေနၿပီျဖစ္သည္။
"ဟုတ္ၿပီ ။ ဒီအႀကံအတိုင္း
ဆက္လုပ္ၾကတာေပါ့ "
သြမ့္ေယာင္ - "........"
"ဘာေျပာစရာရိွေသးလို႔လဲ"
"ရိွတယ္"
သြမ့္ေယာင္လည္း အခြင့္အေရးရတုန္း
ေနာင္ေတာ္ျဖစ္သူ၏ေရ႔ွရိွ ကုလားထိုင္ေပၚ ေသခ်ာထိုင္ကာ ေမးလာ၏။
"လ်ိဳမ်ိဳးရိုးဘက္က ယုတ္မာတဲ့အႀကံအစည္ရိွတယ္ဆိုေစၪီးေတာ့ ၊ သူတို႔ရဲ့ပစ္မွတ္က ဧကရာဇ္ခ်ူေလ။ ကြၽန္ေတာ္တို႔ ရွီးနန္နဲ႔ တစ္စက္မွ မဆိုင္တဲ့ကိစၥကို ေနာင္ေတာ္ ဘာေၾကာင့္ ၀င္ရႈပ္ေနတာလဲ"
"အင္း ။ ဘာလို႔လဲဆိုေတာ့ ပန္၀မ္းက သူမ်ားကိစၥ ၀င္ရႈပ္ရတာ ဝါသနာပါလို႔ေလ"
ဘာ!!!!
ဒီလိုေျဖလို႔ ရတယ္လား ။
"ဒီကိစၥၿပီးတာနဲ႔ မင္းကိုဆုေပးမယ္ စိတ္ခ်"
"ဘယ္လိုဆုတုန္း"
ငါးစာျပလိုက္သည္ႏွင့္ ငါးက ခ်က္ခ်င္းလာဟပ္၏။ ျဖဴစင္ရိုးသားလြန္းေသာ ညီျဖစ္သူ၏ ေခါင္းကို ခပ္ဖြဖြပုတ္လိုက္ၿပီးေနာက္ သြမ့္ပိုင္ယြဲ႔က -
"မင္းကို ေဗာဓိစိတၲသိုင္းက်င့္စဥ္ သင္ေပးမယ္ ။ ဟုတ္ၿပီလား "
"ဟြန္႔......ထင္ေတာ့ထင္သား။ရွစ္ဖူက ေနာင္ေတာ့္ကို သင္ေပးထားၿပီးသားဆိုတာ"
ဘာလို႔ မ်က္ႏွာအရမ္းလိုက္ရတာလဲ။
ရွစ္ဖူ ျပန္ရွင္လာတိုင္း ေျမၾကီးေတြ ျပန္ျပန္တူးထုတ္ေပးတာ ကြၽန္ေတာ္ေလဗ်ာ ၊ ဟြန္႔။
********
"ေဗာဓိစိတၲသိုင္းက်င့္စဥ္ ၊ ဟုတ္လား။ "
က်န္းနန္ျပည္နယ္ရိွ ၿမိဳ႔တစ္ၿမိဳ႔တြင္ျဖစ္သည္။
ယဲ့က်င့္က ေဆးပင္မ်ားကို ေနလွန္းေနရင္းမွ
အဖိုးအိုထံမွ ကမ္းလွမ္းခ်က္ကို ျငင္းဆိုေနသည္။
"ဟင့္အင္း ။ ကြၽန္ေတာ္ မသင္ခ်င္ေပါင္"
"သခင္ေလး အခုေန ျငင္းလိုက္ရင္ ေနာင္က် ေနာင္တရလိမ့္မယ္ေနာ"
အဘိုးအိုက လက္မေလ်ွာ့ေသးေခ်။ သူ႔ကိုယ္သူ ေျခၪီးတည့္ရာ ေလ်ွာက္သြားေနေသာ ေလလြင့္သိုင္းဝိဇၨာဟုဆိုကာ သူ႔ထံတြင္ လူတိုင္း လိုခ်င္ေတာင့္တေနေသာ လ်ိႈ႔ဝွက္ထိပ္တန္း သိုင္းက်မ္းတစ္အုပ္ရိွေၾကာင္း ေျပာျပေန၏။ ထိုအဘိုးအိုမွာ ေနေကာင္းက်န္းမာၿပီးကတည္းက ယဲ့က်င့္၏ အိမ္ၿခံ၀န္းထဲ မၾကာခဏ အပ်င္းေျပ လာေနေလ့ရိွတတ္သည္။
"ကြၽန္ေတာ္က သိုင္းက်င့္ရတာကို စိတ္မ၀င္စားဘူး " ဟု ယဲ့က်င့္က လက္ဖက္ရည္ေသာက္ရင္း ဆိုလာသည္။
"ေယာက်္ားေကာင္းတစ္ေယာက္ျဖစ္ၿပီး ကိုယ္ခံပညာတတ္မထားရင္ တစ္ေန့ေန့က် ကိုယ္ခ်စ္တဲ့သူကို ဘယ္လို ကာကြယ္ေပးႏိုင္မွာလဲ"
အဘိုးအိုက ေကာင္းမြန္ေသာေစတနာျဖင့္ အႀကံျပဳလာသည္။ယဲ့က်င့္ကလည္း ဤသို႔ေသာ အရႈပ္ထုတ္ကို မိမိ အဘယ္ေၾကာင့္ ကယ္မိခဲ့မွန္း မသိေတာ့။တစ္ဖက္သားက ဆံျဖဴသက္ၾကားအို အဘိုးႀကီးတစ္ေယာက္သာ ျဖစ္မေနခဲ့လ်ွင္ တံျမက္စည္းရိုးကိုင္ၿပီး ၿခိမ္းေျခာက္ႏွင္ထုတ္ပစ္လိုက္ၿပီျဖစ္မည္။ အသက္ခုနစ္ဆယ္ခန္႔မ်ွရိွေနေလာက္ၿပီျဖစ္ေသာလူအိုတစ္ေယာက္အေပၚ တစ္ခုခု လုပ္ပစ္ခ်င္ေသာ္လည္း ေဆးပညာရပ္ဆိုင္ရာ
က်င့္၀တ္မ်ားကို ေထာက္ထားရေသးသျဖင့္ အင္မတန္ စိတ္ညစ္ၫူးေနသည့္ၾကားမွ နားထိုင္းခ်င္ေယာင္ေဆာင္ကာ သည္းခံထားရသည္။
မိမိအား ျငင္းဆိုေနၿမဲျဖစ္သည္ကိုျမင္ရေတာ့ အဘိုးအိုမွာ ညစ္ႏြမ္းေနေသာစာအုပ္အစုတ္ႀကီးကိုပိုက္ကာ တရႈံ႔ရႈံ႔ငိုျပေလ၏။ ယဲ့က်င့္လည္း ဆက္၍ စိတ္တင္းမထားႏိုင္ေတာ့။
"အင္းပါ။ ကြၽန္ေတာ္ သင္ပါ့မယ္ ၊ ရၿပီလား"
အဘိုးအိုမွာ သိသိသာသာ ၀မ္းသာရႊင္ပ်သြားဟန္ရကာ ထိုစာအုပ္အစုတ္ကို ယဲ့က်င့္လက္ထဲထည့္ေပးလိုက္သည္။ထို႔ေနာက္ မုန္႔တစ္ခု ေကာက္ယူစားကာ စားေသာက္ဆိုင္ဘက္ ျပန္ထြက္သြားေတာ့သည္။
စာအုပ္မွာ ေဟာင္းႏြမ္းလြန္းေနသည့္အျပင္ ဂ်ီးနံ႔ေခြၽးနံ႔တို႔ျဖင့္ ခ်ဥ္စုတ္နံေစာ္ေနေသး၏။ ယဲ့က်င့္လည္း စကၠူအလြတ္တစ္ခု ယူလိုက္ကာ ပထမစာမ်က္ႏွာမွ စတင္ဖတ္ၾကည့္ေလသည္။ ဤက်င့္စဥ္မွာ က်င့္ႀကံသူကို အတြင္းစြမ္းအား အဆံုးမရိွ တိုးပြားခိုင္မာေစသည္ဟု ဆိုသည္။ တစ္ခုတည္းေသာ ေဘးထြက္ဆိုးက်ိဳးမွာ-
ယဲ့က်င့္မွာ ထိုစာအုပ္ကို ဝုန္းခနဲ ျပန္ပိတ္ကာ ေခ်ာင္ထိုးထားလိုက္သည္။ ဘယ္ေသာအခါမွလည္း ထပ္မံဖတ္ရႈမည္မဟုတ္။
ဤက်င့္စဥ္သည္ အတြင္းစြမ္းအားကို မ်ားျပားေစသည္မွန္ေသာ္လည္း ယန္စြမ္းအား၊ တစ္နည္းအားျဖင့္ အဖိုစြမ္းအားကို ဆံုးရႈံးကာ သုက္လႊတ္ႏိုင္ျခင္းရိွေတာ့မည္မဟုတ္။
ဒါ ဘယ္လို က်င့္ႀကံျခင္းနည္းလမ္းတဲ့လဲ။
ဖတ္ၾကည့္မိရံုနဲ႔ေရာ အက်ိဳးသက္ေရာက္မႈျဖစ္ေစမလား။
ဒီလိုျဖစ္မယ္မွန္းသိ ၊ ရႊိက်ီရြက္ကို ကိုယ္ႏွင့္မကြာ ေဆာင္ထားမိေလရဲ့ ။
( ရႊိက်ီရြက္ကိုေဆာင္ထားလ်ွင္ ကံဆိုးကံညံ့မ်ားမွ ကင္းေဝးေစသည္ဟုဆိုၾကသည္ )
********
ညခ်မ္းခ်ိန္ခါေရာက္ေသာ္ ျမစ္ကမ္းႏွစ္ဖက္လံုးဘက္ရိွ အိမ္ေျခမ်ားမွ ထြန္းလင္းေနေသာ မီးေရာင္ငယ္မ်ားကို ျမင္ေနရၿပီျဖစ္သည္။ ဘုရင့္ေလွေတာ္၏ အေပၚထပ္အေဆာင္တြင္ ခ်ူယြမ္ ထိုင္ေနလ်က္ရိွၿပီး အေဝးတစ္ေနရာသို႔ ေငးေမာေနလ်က္ရိွ၏။
"အရွင္မင္းျမတ္"
ရွစ္ဇီက ခ်ူယြမ္အနားသို႔ ထပ္မံတိုးကပ္လာၿပီး သံေတာ္ၪီးတင္လာသည္။
"နန္းတြင္းက အေၾကာင္းၾကားစာအရ အခုၿမိဳ႔ေတာ္ထဲကို ရွီးနန္၀မ္ ေရာက္ရိွေနေၾကာင္းပါ ၊ အထည္ဆိုင္တစ္ခုမွာ နားေနတယ္လို႔ သိရပါတယ္ဘုရား"
ခ်ူယြမ္က အသာအယာပင္ ေခါင္းညိတ္ျပ၏။မိမိ မွန္းဆထားသည့္အတိုင္းပင္ ဟူေသာ သေဘာျဖင့္ ဘာမွမအံ့ၾသ။ ရွစ္ဇီကုန္းကုန္းကမူ စိုးရိမ္စိတ္ျဖင့္ ေလးဖင့္စြာ ဆိုလာသည္။
"တကယ္ပဲ ဒီလိုပဲ သူထင္ရာစိုင္းၿပီး လုပ္ခ်င္တိုင္းလုပ္ေနတာကို လႊတ္ေပးထားမွာလား ဘုရား"
ခ်ူယြမ္က သေဘာက်စြာ ရယ္လိုက္ၿပီးမွ -
"ဘယ္လိုလုပ္ၿပီး လႊတ္ထားတယ္ေခၚရမလဲ ။ ငါကိုယ္ေတာ္ လႊတ္ထားခ်င္ခဲ့ရင္ သူ႔လူေတြ နန္းေတာ္ထဲ၀င္ထြက္ေနတာကို အစကတည္းက တားၿပီးေလာက္ေရာေပါ့"
"ဒါေပမယ့္ ဒီတစ္ေခါက္က လ်ိဳမ်ိဳးရိုးပါ
ပါ ၀င္ပတ္သက္လာတာမို႔ အင္မတန္ရႈပ္ေထြးတဲ့ ျပႆနာမဟုတ္ပါလား ၊အရွင္မင္းျမတ္"
စစ္သူႀကီး ရွန္ခ်န္းဖန္းသည္ပင္ ၀င္ေရာက္ေျပာဆိုလာေလသည္။
"တကယ္လို႔မ်ား တစ္ခုခုခြၽတ္ေခ်ာ္သြားတာနဲ႔ အႀကံအစည္ပ်က္သြားရင္ တစ္ဖက္ရန္သူကို ႏိႈးလိုက္သလို ျဖစ္သြားပါမယ္ဘုရား"
ႏွစ္ေပါင္းမ်ားစြာ က်ားကုတ္က်ားခဲ ႀကိဳးစားႀကံစည္ထားေသာ အစီအစဥ္ ၊ လ်ိဳမ်ိဳးရိုးကို အျမစ္ျပတ္ရွင္းလင္းသုတ္သင္မည့္ အစီအစဥ္။ ဤမ်ွထိ ႀကီးမားေသာ တာ၀န္ကို ရွီးနန္၀မ္အား အမွန္ပင္ လႊဲအပ္ထမ္းေဆာင္ေစမည္တဲ့လား။
"ဘာလုပ္ရမယ္မွန္း ငါကိုယ္ေတာ္ျမတ္ သိၿပီးသားမို႔ စစ္သူႀကီးရွန္ စိုးရိမ္မေနပါနဲ႔"
ခ်န္းဖန္း၏ပခံုးကို ခပ္ဖြဖြပုတ္ေပးရင္း ခ်ူယြမ္ ထပ္မိန္႔လာေလသည္။
"သူ ေဆာင္ရြက္ခဲ့လို႔ ရႈံးနိမ့္ေနခ်ိန္က်မွ
ဒို႔လူေတြ ၀င္တိုက္ရင္လည္း မေနာက္က်ေသးဘူးမဟုတ္လား "
********
Thz for reading
2020.04.13 / 2:40am
*********