ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

Por ArtemisJT21

2.1M 367K 54.7K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan Mais

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)

21.1K 3.4K 564
Por ArtemisJT21

[ လွန်စွာရှုပ်ထွေးသော လျိုမျိုးရိုးမိသားစု]

နာရီ၀က်လောက်ကြာပြီးနောက် အမတ်မင်းလျိုလည်း ဧကရာဇ်၏စာကြည့်ဆောင်မှ နားမလည်နိုင်စွာ ထွက်လာ၏။ လက်ထဲတွင်လည်း ပုံတူပန်းချီကို ပိုက်လျက်။စံအိမ်ပြန်ရောက်လာတော့ အမတ်ကတော်ခမျာ ခင်ပွန်းဖြစ်သူ၏ ကြောင်တောင်တောင်မျက်နှာထား​ကို တွေ့သော် စိုးရိမ်တကြီးမေးလာ၏။

"ဧကရာဇ်က အောင်သွယ်ရေးကိစ္စမှာ မကူညီဘူးတဲ့လား အရှင်"

အမတ်မင်းလျိုက ခေါင်းခါလိုက်ကာ-

"မဟုတ်ဘူး ။ ဧကရာဇ်က လက်ခံတော်မူတယ်။ ပြီးတော့ ​မိန့်တော်မူသေးတယ် ၊ ဒီပုံတူက အရမ်းကို အညတရဆန်လွန်းတယ်ဆိုပြီး တော်၀င်ပန်းချီဆရာကို ခေါ်ပြီးတော့ ချက်ချင်းပိုလှအောင် ပြန်ပြင်ပြီး ရေးဆွဲတော်မူစေတယ်"

"ရှင်က မျက်မှောင်ကြီးကြုံ့ပြီး တွေ​ေ၀နေတဲ့ပုံပေါက်တော့ ကျွန်မဖြင့် စိတ်ပူလိုက်ရတာ။ ရှင့်ရဲ့ဆွေမျိုးတွေနဲ့ အဆင်မပြေတာတွေပါရောပြီး ဧကရာဇ်က ရှင့်အပေါ် အပြစ်ပုံချလိုက်သလားလို့ "

အမတ်ကတော်မှာ ခုမှ သက်ပြင်းချနိုင်တော့သည်။

"ရှင်မက မိန်းမသားနော်၊ ဒီလိုကိစ္စတွေကို ယောင်လို့တောင် ထုတ်မပြောကောင်းဘူး။ သွား ၊ လက်သမားတစ်ယောက် အမြန်ခေါ်လာပေးဖို့ သားတော်(၃)ကို အခေါ်လွှတ်ချေ။ ကျုပ် ဒီစာလိပ်ကို ဧည့်ခန်းမှာ ချိတ်ထားရမယ်"

သခင်မလျိုမှာ အံ့သြတကြီးဖြစ်သွားကာ အဖျားတက်လာသယောင်ပင် ခံစားလိုက်ရသည်။

"ကောင်လိမင်းသမီးရဲ့ပုံတူကို ရှင်က ဘာကိစ္စ ဧည့်ခန်းမှာ ချိတ်ထားမလို့လဲ"

"အဲ့ပုံတူကို နန်းတော်မှာကတည်းက ငါ ထားခဲ့ပြီးသားပါကွာ ။ ဒါက ဧကရာဇ်ကိုယ်တော်တိုင် လက်ရေးနဲ့ သေချာရေးတော်မူပြီး ငါ့ကို ဘွဲ့အမည် အပ်နှင်းလိုက်တာ၊  ရှင်မရဲ့"

အမတ်မင်းလျိုက ပြောရင်းဆိုရင်း စာလိပ်ကိုချည်ထားသောကြိုးကို သတိကြီးစွာ ဖြေနေ၏။

"ဘွဲ့အမည်ပါ အပ်နှင်းလိုက်တယ်တဲ့လား အရှင် "

အမတ်ကတော် သခင်မလျိုမှာ အင်မတန်မှ ၀မ်းသာပီတိဖြာရလေ၏။ သေချာကြည့်လိုက်တော့ ချွင်းကျီနယ်ထွက်အရည်အသွေးမြင့်စက္ကူပေါ်တွင် ဘုရင့်တံဆိပ်တော်နှင့်၊ လှပသေသပ်စွာ ရေးထားသော စာလုံးအချို့။

"တာ့ချူ၏ အတော်ဆုံး အောင်သွယ်တော်ကြီး"

အမှန်ဆိုရလျှင် အမတ်မင်းလျိုလည်း အတော်လေး တွေဝေနေဆဲ ။

ပျော်တော့ပျော်ရပေမင့် ဒီစာလုံးတွေလောက်နှင့် လူသိရှင်ကြား ထုတ်ကြွားဖို့ကလည်း သိပ်မဟုတ်သေးပြန် ။ သူကိုယ်တိုင်က မင်းညီလာခံတွင် ရာထူးကြီးမှူးမတ်တစ်ဦးမဟုတ်လား ၊ အရပ်ထဲ စျေးလည်ရောင်းနေသော တခြားအောင်သွယ်တော်မိန်းမတွေနှင့် လားလားမှမတူသည်ကို။

********

ဧကရာဇ်၏ စာကြည့်ဆောင်တွင်ဖြစ်သည်။

တော်၀င်ပန်းချီဆရာက ပုံတူပန်းချီကို သေချာကြည့်ပြီးသော် -

"ကျွန်တော်မျိုး ဘယ်နေရာကို ပြုပြင်ရေးဆွဲရမလဲဆိုတာ အမိန့်ရှိတော်မူပါ အရှင်မင်းမြတ်"

"လှနိုင်သမျှ လှအောင်ဆွဲလိုက် ။ နဂိုရုပ်က ဘယ်လိုဆိုတာ တွေးမနေနဲ့တော့"

ပန်းချီဆရာလည်း ဘုရင့်အမိန့်ကို နာခံပြီးနောက် စာကြည့်ဆောင်မှ ထွက်သွားလေပြီ။ ထိုအခါမှ ရှန်ချန်းဖန်းက အပြင်ဘက် ထွက်လာပြီး နားမလည်စွာဖြင့် မေး၏။

"တကယ်ကိုပဲ ဒီကိစ္စကို ၀င်ကူမလို့လားဘုရား"

"အင်း။ အသေးအဖွဲကိစ္စလေးပဲဟာ"

ချူယွမ်က လက်ဖက်ရည်ခွက်အား အသာချကာ အရေးမထားဟန် ခပ်ပေါ့ပေါ့ ဆိုပြန်၏။

"ဒီအရွယ်တောင်ရောက်နေမှတော့ လက်ထပ်သင့်ပြီမဟုတ်လား"

ရှန်ချန်းဖန်း -  "......."

ဒီလိုကိစ္စလည်း ၀င်ရှုပ်ရမှာပဲလားဘုရား။

"လျိုမျိုးရိုးတစ်ခုလုံးထဲမှာမှ
သူတစ်ယောက်တည်းကပဲ ဒို့အပေါ် သစ္စာစောင့်သိတဲ့လူဖြစ်မှာ စိုးမိတယ်"

"အရှင့်ရဲ့ မဟာသေနာပတိကရော"

"လျိုယိရွှီလား ? သူကကျ ငါးရှဥ့်လိုလူပဲ ။ ပုန်ကန်မယ့်သူလို့ ယူဆလို့မရသလို သစ္စာစောင့်သိတဲ့အထဲ ထည့်တွက်လို့မရပြန်ဘူး"

ရှန်ချန်းဖန်းလည်း ခေါင်းညိတ်ထောက်ခံလိုက်ကာ -

"ဒီတစ်ခေါက် လျိုမျိုးရိုးကို အမြတ်ပြတ်သုတ်သင်ပြီးရင် နန်းတွင်းထဲက ၀န်ကြီးအတော်များများ ပါသွားလောက်တယ် ၊ အဲ့အချိန်ကျ ၀န်ကြီးအချင်းချင်းကြား ဆူပူမှုဖြစ်ဦးမှာဆိုတော့ အမတ်မင်းလျိုကို ကြားထဲကနေ ၀င်ပြီးဖျန်ဖြေခိုင်းရင် အဆင်ပြေပါမယ်ဘုရား"

ချူယွမ်တစ်ယောက် သက်ပြင်းရှည်ချလိုက်သည်။ထို့နောက်မျက်လွှာတဖြည်းဖြည်း ချရင်း ရွှေနဂါးပလ္လင်တော်အား မှီနေလိုက်လေသည်။

***********

လျိုမျိုးရိုးမှာ ချူယွမ်၏အဘွား ၊ ထိုအဖွား၏ အမေဖြစ်သူဘက်မှတစ်ဆင့် တော်စပ်သော ခပ်ဝေးဝေးမှ ဆွေတော်မျိုးတော်ဖြစ်သည်။ တော်၀င်မိသားစုနှင့် တိုက်ရိုက်ဆက်စပ်မရှိသော  ဆွေမျိုးများနှင့် ဆက်ဆံရေး ရှုပ်ထွေးသည်မှာလည်း ဓမ္မတာပင်။ လျိုမျိုးရိုးမှာ ဧကရာဇ်၏ တော်၀င်နန်းဆောင်နှင့်မခြား ခမ်းနားကြီးကျယ်စွာ နေထိုင်ကြကြောင်း တိုင်းသူပြည်သားများ၏ နှုတ်ဖျားထက် ပြောစမှတ်ပြုကြသည်။

လျိုမျိုးရိုး၏ လက်ရှိအကြီးအကဲမှာ လျိုကုန်းဟု အမည်ရ၏။ ယခင်က တုန်းပေနယ်(အရှေ့အရပ်)တစ်ခွင်ရှိ စစ်သည်အင်အားကို ၎င်း၏လက်၀ယ်ပိုင်ဆိုင်ထား၏။ ထိုစစ်သည်အင်အားကို သူ့လက်ထဲမှ ပြန်လည်ရယူနိုင်ရန် အရင်ဧကရာဇ်သည်ပင် ဆယ်စုနှစ်တစ်ခုစာမျှ ကြိုးပမ်းတော်မူခဲ့ရသည်ဟုဆို၏။ နတ်ရွာမစံမီအချိန်တွင်ပင် မှူးမတ်၀န်ကြီးများကိုလည်းကောင်း ၊ စစ်တပ်ရေးရာ အကြီးအကဲများကိုလည်းကောင်း ဆင့်ခေါ်ကာ အရင်အိမ်ရှေ့စံအစား ချူယွမ်အား အိမ်ရှေ့စံ လွှဲပြောင်းပေးအပ်ခဲ့လေသည်။

ထို့နောက် ချူယွမ်နန်းတက်လာသောအခါ ပထမဆုံးလုပ်သောအလုပ်မှာ ဖအေတူမအေကွဲ နောင်တော်အား သာမန်ပြည်သူအဆင့်ထိသို့ လျှော့ချကာ ရှီးနန်ပိုင်နက်ပင်လယ်ပြင်ရှိ ကျွန်းငယ်တစ်ကျွန်းသို့ သွားရောက်နေထိုင်ရန် ပြည်နှင်ဒဏ်ပေးတော်မူလေသည်။ အရင်အိမ်ရှေ့စံနှင့်အတူ ပါသွားသူမှာ လျိုကျင့်တာ အမည်ရှိသော လျိုကျိုးနယ်စား၊ တစ်နည်းအားဖြင့် လျိုကုန်း၏ သားတစ်ယောက်ပင်ဖြစ်လေသည်။

ဤအကြောင်းကြောင့်ပင် ချူယွမ်နှင့် လျိုမျိုးရိုးကြား မည်သို့သောဆက်ဆံရေးမျိုး ရှိလိမ့်မည်ဆိုသည်ကို တကူးတက ရှင်းပြနေစရာမလိုတော့ပေ။ သို့သော် ဘယ်ဘက်ကမှ မိုက်ရူးဆန်နေသည်မဟုတ်သောကြောင့် စိတ်ထဲတွင် မည်မျှနက်ရှိုင်းသော အငြိုးအာဃာတပင်ရှိရှိ အပြင်ပန်းတွင်တော့ ပကတိအတိုင်းပင် ပြုံးပြနှုတ်ဆက်ကြသည်ပင်။ နန်းတက်ပြီး တစ်နှစ်ကြာပြီးမှ လျိုကုန်းက မူလရာထူးမှ နှုတ်ထွက်ကာ ဇာတိမြေသို့ ပြန်သွားလိုက်လေသည်။ ကျန်ရှိသော ဘ၀ကို မိသားစုနှင့်သာ ကုန်ဆုံးလိုသည်ဟူသော အကြောင်းပြချက်ဖြင့်ဖြစ်သည်။

တိုင်းသူပြည်သားများကမူ ထိုလုပ်ရပ်အား ပျော့ညံ့ခြင်းဟု သမုတ်ကြသည်။သို့သော်လည်း မြို့တော်တွင်ရှိနေသည်ဖြစ်စေ ၊ တုန်းပေနယ်သို့ ပြန်သည်ဖြစ်စေ ၊ လျိုမျိုးရိုးအပေါ် ဩဇာအလွှမ်းမိုးနိုင်ဆုံးသူမှာ လျိုကုန်းပင်ဖြစ်ကြောင်း ချူယွမ် သေချာ နားလည်ထားပေသည်။ နန်းတွင်းရှိ ရာထူးကြီးငယ်မဟူ လျိုမျိုးရိုးနှင့် ပတ်သက်ဖူးသူတိုင်း ထိုသူ့စကားကို လိုက်နာကြသည်ပင်။

ခြွင်းချက်ဟူ၍ လူနှစ်ယောက်သာ ရှိသည်။

တစ်ယောက်မှာ  စောနကမှ အောင်သွယ်ရေးလာလုပ်သွားသော လျိုတာ့ကျုံ့ ။အရင်ကတည်းကပင် လျိုမျိုးရိုးက သူနှင့်ရင်းနှီးသော ဆက်ဆံရေးမျိုးမရှိ။ အကြောင်းမှာလည်း အင်မတန်ရိုးသားနုံချာသည့်အပြင် အလိုလောဘကြီးမားခြင်းမရှိ ၊ ဘဏ္ဍာရေးရာအလုပ်တာ၀န်များကို အေးဆေးသက်သာစွာ သူ့အလုပ်သူ ပုံမှန်ပတိုင်း ကြိုးစားလုပ်ကိုင်နေခဲ့သဖြင့် နှစ်ပေါင်းများစွာကြာသည့်တိုင် လျိုမိသားစုနှင့် မည်သို့မျှ ပါ၀င်ပတ်သက်ခြင်းမရှိ။

နောက်တစ်ယောက်မှာ လျိုယိရွှီ ၊ ညာလက်ရုံးတော် မဟာသေနာပတိ ။ ထိုသူမှာမူ လျိုကုန်းနှင့် မွေးရပ်ဇာတိသာတူပြီး ပညာသင်ကြားတုန်းကလည်း ဆရာပင် တူခဲ့ခြင်းမရှိ ။ သို့သော် ပရိယာယ်မာယာများတတ်သဖြင့် ၎င်း၏ပင်ကိုစရိုက်အစစ်အမှန်ကို မှန်းဆ၍မရ ၊ မည်သို့သော အတွေးမျိုးတွေးနေမည်ဟူ၍ မဆိုတတ်။

"ဧကရာဇ်အရှင် ၊ စစ်သူကြီးရှန် ။ ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ကြောင်းပါဘုရား"

"အချိန်တော်တော်လင့်သွားပြီပဲ"

အပြင်မှ ရှစ်ဇီအသံကြားမှ ချူယွမ်အတွေးစတို့ ပြတ်တောက်သွားသည်။ မိမိကိုယ်တိုင်က စားချင်စိတ်မရှိသော်လည်း အ​ေ၀းမှ ခရီးပန်းလာသော ချန်းဖန်းတော့ ဆာလောင်နေလောက်ပြီမို့ ညစာပြင်ထားစေခဲ့ခြင်းဖြစ်သည်။ နှစ်ဦးသား သေရည်အတူသောက်နေခဲ့ကာ အပြင်ဘက်တွင် မှောင်အတိကျတော့မှ ချန်းဖန်းကို ရှစ်ဇီအား လိုက်ပို့ခိုင်းလိုက်လေသည်။

"အုပ်ချုပ်ရေးဘက်က မှူးမတ်၀န်ကြီးဆိုရင် လိုက်ပို့သင့်ပေမယ့် ကျွန်တော်မျိုးလို သာမန်စစ်သားကို ကုန်းကုန်း လိုက်မပို့ပါနဲ့တော့ ။ ကုန်းကုန်း ပြန်နှင့်လိုက်ပါခင်ဗျာ"

ချုန်းတာတံခါး၀ရောက်တော့ ချန်းဖန်းက ရယ်မောရင်း ဆိုလာသည်။  ရှစ်ဇီလည်း သဘောကျစွာ ရယ်မောရင်း -

"ဒါဆို စစ်သူကြီးရှန်လည်း အမြန်ပြန်ပြီး အနားယူလိုက်ပါတော့နော့ ။ ကျွန်တော်မျိုးလည်း ဧကရာဇ်အရှင့်ကို ဆေးသောက်ဖို့
သွားရောက် ဆက်သပေးမယ့် အလုပ် ရှိသေးတယ်"

ရှန်ချန်းဖန်းလည်း ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်အပြင်ဘက် ထွက်လာလေရာ လမ်းခုလတ်မှာတင် လူတစ်ယောက်က
မိမိသွားရာလမ်းကို လာပိတ်လေသည်။

"ပန်းချီဆရာ ကျန်း?"

မည်သူမှန်းသေချာမြင်ရတော့မှ ရှန်ချန်းဖန်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

အသံမပေးဘာမပေးနဲ့ ၊ နောက်တစ်ခေါက် အောင်သွယ်ဖို့ပြန်လာတဲ့ အမတ်မင်းလျိုများလားလို့

"စစ်သူကြီးရှန်က ဧကရာဇ်နဲ့အတူ ညစာစားမယ်ဆိုတာ ရှောင်ဖူဆီက ကြားလိုက်ရတာမို့ ကျွန်တော် ဒီမှာ ထိုင်စောင့်နေတာပါ"

ပန်းချီဆရာ ကျန်းမှာ အရင်ကတည်းကစစ်သူကြီးရှန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိထားသဖြင့် ဤကဲ့သို့ပင် မကြောက်မဝံ့အေးအေးဆေးဆေး စကားဆိုရဲခြင်းဖြစ်သည်။

" ကျွန်တော့်ကို ဘာလို့ စောင့်နေတာတဲ့တုန်း"

"စစ်သူကြီးရှန်ဆီက အကူအညီနည်းနည်းလေးတောင်းချင်လို့ပေါ့ဗျာ ။ ဒီနေ့ ဧကရာဇ်က ကျွန်တော့်ကို အခစား၀င်ခိုင်းတယ်။ ကောင်လိမင်းသမီးပုံတူကိုပြပြီး အညတရဆန်လွန်းတယ်ဆိုပြီး ပိုလှအောင် ထပ်ဆွဲခိုင်းတော်မူတယ်"

"ဒါဆိုလည်း ခင်ဗျား အသစ်ပြန်ဆွဲလိုက်ရင် ပြီးတာပဲကို ။ ဒါမှမဟုတ် ကျွန်တော် ဆွဲပေးရမလား "

ချန်းဖန်းက ရယ်သံနှောရင်း ဆိုလာ၏။

"ကျွန်တော် ပြန်ပြင်ပြီးသွားပြီ ။ ဒါပေမယ့် မင်းသမီးက သာမန်အလှကနေ တက်မလာဘူးဗျ။ စဥ်းစားကြည့်တော့ မူရင်းဆွဲပေးတဲ့ ပန်းချီဆရာလည်း တော်တော်လေး ပိုလှအောင် ဆွဲပေးမှာ သေချာတယ်။ ကျွန်တော် ပြင်လေလေ သူ့နဂိုရုပ်မကျန်တော့လေလေဖြစ်မှာ ။ စစ်သူကြီးမင်းရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများကြားမိသေးလဲ။ ဒီပန်းချီကို ဘာလုပ်ဖို့ ရည်ရွယ်ထားမှန်းသိတော့မှ ဘယ်လိုပြင်ရမလဲဆိုတာ သေချာသိမှာ ။ အခုတော့ ကျွန်တော် ဆွဲရမှာတောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မရှိတော့တာ"

ပန်းချီဆရာလေးမှာ အသက်ပင်မရှူအားဘဲ တရစပ် ပြောလာသဖြင့် ရှန်ချန်းဖန်းဘက်က မနည်း စိတ်လျှော့ရန် နှစ်သိမ့်ရသေး၏။

"အမတ်မင်းလျို ယူလာပေးတာ"

"သြော် ၊ အောင်သွယ်ပေးဖို့ကိုး"

ပန်းချီဆရာလည်း ချက်ချင်းသဘောပေါက်သွားသည်။ ရှန်ချန်းဖန်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းကာ ဆက်ပြော၏။

" ဆွဲတတ်သလိုသာ ဆွဲလိုက်ပါ။မတူလည်း ပြဿနာမရှိဘူး ၊ စိတ်ချ။ ဧကရာဇ်အရှင်လည်း မိဖုရားတင်မြောက်မှာမဟုတ်ဘူး ။ ပိုဆိုးတာက ရှီးနန်၀မ်ဆိုရင်လည်း ရုပ်ဆိုးနေသည်ဖြစ်စေ ၊ ချောမောလှပနေသည်ဖြစ်စေ ဒီလက်ထက်ပွဲကို လက်ခံမှာမဟုတ်တာ သေချာတယ်။ အလွန်ဆုံး သူ တစ်ချက် ထသောင်းကျန်းပြရုံလောက်ပဲ ။ ခင်ဗျားသာ အဆင်ပြေသလို ဟိုဟိုဒီဒီ ခြစ်လိုက်ပေရော့ "

"ဟုတ်ပနော် ဟုတ်ပ ။ ဒီလိုပုံလည်းအဆင်ပြေသားပဲဆိုတော့ အခုပဲ ဧကရာဇ်ဆီ အခစား၀င်ပြီး ဆက်သလိုက်တော့မယ်။"

ပန်းချီဆရာလေးမှာ အင်မတန်ပျော်သွားသည့်ဟန် ။ စကားအမျှင်လည်း မပြတ်နိုင်ရှာသေး။

"ကျွန်တော် ဒီနေ့ဆွဲထားတဲ့ပုံက တော်တော်အဆင်ပြေတာဗျ သိလား။ သိုင်းလောကရဲ့ အချောဆုံးအလှဆုံးလူရဲ့ပုံအတိုင်း ဆွဲထားပေးလိုက်တာနော်"

လှလွန်းလို့ ဘယ်လိုလှမှန်း ပြောမတတ်အောင် ဖြစ်သွားမယ်။ အောင်သွယ်ဖို့သုံးရင် အဆင်ပြေစေရမယ် စိတ်ချ။

ရှန်ချန်းဖန်းလည်း သူ့ပခုံးကို အသာပုတ်ပေးပြီးနောက် စစ်သူကြီးစံအိမ်တော်သို့ ပြန်လာလိုက်လေတော့သည်။

***********

ဖူတာရပ်ကွက်တစ်နေရာတွင်ဖြစ်သည်။

တည်းခိုဆောင်အတွင်း၀ယ် သွမ့်ယောင်တစ်ယောက် ပိုးကောင်ငယ်များကိုတို့ကနန်းဆိတ်ကနန်း လိုက်ကလိနေစဥ် ပြတင်းပေါက်မှတစ်ဆင့် လူလေးငါးယောက် ဝုန်းကနဲ ခုန်၀င်လာသည်ကို တွေ့လိုက်ရသည်။ လက်ကနေတော့ ဓားပျံတစ်စင်း 
ပစ်ခွင်းမိပြီးသား။

"ကျွန်တော်မျိုးပါ ။ ရှောင်၀မ်ရယ်"

၀င်လာသူမှာ အမြန်ရှောင်တိမ်းနိုင်လိုက်ပေမင့် ထိတ်လန့်နေဆဲပုံ ရသည်။

"မင်းတို့လား?"

ဘာလို့များ ရှီးနန်စံအိမ်တော်ရဲ့ လျှို့ဝှက်ကိုယ်ရံတော်တပ်ဖွဲ့က ဒီရောက်လာတာလဲ။

"ရှီးနန်စံအိမ်တော်မှာ ပြဿနာတက်နေလို့ပါ အရှင်"

ထိုအထဲတွင်မှ သွမ့်ပိုင်ယွဲ့၏အရင်းနှီးဆုံးသော လူယုံတော်ဖြစ်သူ သွမ့်နေ့မှ ဆိုလာသည်။

"ရှစ်ဖူး ပြန်ရှင်လာပြီလား!!!!!"

"တကယ်ပြန်ရှင်လာရင် သူက မင်းဆီ အရင်ဆုံးလာပြီး စာရင်းရှင်းမှာ "

သွမ့်ပိုင်ယွဲ့က တံခါးဖွင့်ပြီး ၀က်ရောက်လာသည်။

သွမ့်ယောင်  - "........."

"ဆို....ဘာကိစ္စရှိလို့လဲ"

သွမ့်ပိုင်ယွဲ့မေးလာတော့ သွမ့်နေ့မှ ​ဖြေလာ၏။

"အရင်တုန်းက မှန်းဆထားတဲ့အတိုင်းပါ ။ ၀မ်ရယ် ထွက်လာပြီး မကြာခင်မှာပဲ ကျင်းပေါ်စေတီထဲ၀င်ပြီး ပစ္စည်းခိုးသွားတဲ့လူ ရှိလာပါတယ်"

သွမ့်ပိုင်ယွဲ့က ပြုံးရင်း -

"ရေးထားတဲ့ စာအတုတွေရော ပါသွားရဲ့လား"

"ဟုတ်ကဲ့ "

"ကောင်းပြီ ။ မင်းတို့လည်း ဒီထိရောက်လာမှတော့ မြို့တော်ဆီ အတူတူသွားကြတာပေါ့ ။ ဒါပေမယ့် အမြဲမှတ်ထား ။ ဘယ်နေရာမှ
ခြေရာလက်ရာ မချန်မိစေနဲ့ ၊ ဟုတ်ပြီလား"

သွမ့်ယောင်၏ အတွေးထဲတွင်တော့

သေချာတာပေါ့ ။ သူကိုယ်တိုင်တောင် ခိုးကြောင်ခိုးဝှက် သွားနေရတာ ။ တပည့်ငယ်သားတွေဆို ပိုဆိုးရောပေါ့။

ဒါနဲ့ ဘယ်တော့မှ ရှီးနန် ပြန်ကြမှာတဲ့လဲ။

နွေဦးရာသီနှင့်မတူ ၊ ဥတုရာသီက ပို၍ပို၍ အေးစိမ့်လာသည်။ အရင်ရက်တုန်းကလို သာယာနေမညိ့ အရိပ်အယောင် မတွေ့ရ။
သွမ့်ယောင်မှာ စောင်အထပ်ထပ်ကြားကွေးနေသည်မှာ ပေါက်စီတစ်လုံးပုံပင် ပေါက်နေပြီ။ တစ်နေ့လုံး မြင်းလှည်းပေါ်၌သာ နေကာလုံး၀ အပြင်ထွက်မလာချေ။

သို့သော် သွမ့်ပိုင်ယွဲ့ကမူ အပူအပင်ကင်းဟလွန်းနေသည့်အပြင် အင်မတန်မှ စိတ်လက်ကြည်လင်နေပုံပင် ရကာ အပေါင်ဆိုင်မှာ တေးသံစဥ် သွားနားဆင်နေသည်ဟုပင်ဆို၏။

သွမ့်ယောင် - "........."

ရက်ပေါင်းနှစ်ဆယ် ကျော်လွန်သွားပြီးနောက်တွင်တော့ သွမ့်ယောင်တစ်ယောက် မြင်းလှည်းပေါ်မှ ဆွဲထုတ်ခေါ်ယူခြင်းခံရလေပြီ။ နားနေဆောင် မြင်းတပ်စခန်းရှိ ဘုရင့်အမိန့်တော်စာတမ်းကို သွားယူခိုင်းခြင်းဖြစ်သည်။

"နောက်ဆုံးကျ ရှီးနန်ကို ပို့လာမှာပဲဟာ  "

အဲ့ဒါကြောင့် သွားခိုးလာတာလို့ မမည်ဘူး။

သွမ့်ပိုင်ယွဲ့က အမိန့်စာကို ဖြန့်ကာ ဖတ်နေသည်။ သွမ့်ယောင်ပါ ၀င်ဖတ်အပြီးမှာတော့

"ဧကရာဇ်ချူက အစ်ကိုကြီးလက်ထပ်မယ့်ကိစ္စထိတောင် ၀င်လာရှုပ်တယ်ပေါ့? "

ကရာဇ်ချူက မထင်ရဘူး။
အရီးတော်နဲ့ ဝါသနာတူနေတာပဲ။

ထို့နောက် သွမ့်ပိုင်ယွဲ့က ပုံတူပန်းချီကားကိုပါ ဖြန့်ကြည့်လိုက်သည်။ သွမ့်ယောင်တော့ မျက်စိအပြူးသားနှင့်

"ဧကရာဇ်ချူက ဝူရွှယ့်ဂိုဏ်းချုပ်ကြီးနဲ့ နောင်တော်နဲ့ကို ပေးစားမလို့ပေါ့ ဟုတ်လား"

"ဘယ်က ဝူရွှယ့်ဂိုဏ်းတုန်း ။ ကောင်လိမင်းသမီးတဲ့"

ပြောပြောဆိုဆို သွမ့်ယောင်မှာ ခေါင်းတစ်ချက်အခေါက်ခံလိုက်ရသေးသည်။ ဆီမီးရောင်အလင်းနှင့် နှစ်ခါသုံးခါ သေချာကြည့်လိုက်ကာ

"ဒါဆိုသူတို့နှစ်ယောက်က မောင်နှမတွေလား ။ ဘယ်လိုကြည့်ကြည့် ဝူရွှယ့်ဂိုဏ်းချုပ်ရဲ့ ပုံကြီးပါ"

သိုင်းလောကရဲ့ အလှဆုံး လူသား ပီသပါပေတယ် ၊ ချောမောရက်လွန်းလေခြင်း။

သွမ့်ပိုင်ယွဲ့ကမူ ပြုံးလိုက်ရင်း အမိန့်စာကိုရော ပုံတူပန်းချီကိုပါ အနားရှိမီးဖိုထဲ ပစ်ထည့်လိုက်ပြီး သွမ့်နေ့အား ခေါ်လိုက်ကာ-

"ဘာအကြောင်းထူးသေးလဲ"

"တစ်ခုရှိပါတယ် အရှင် ။ ဒါပေမယ့် ၊ ဒါပေမယ့် ကျွန်တော်မျိုး အချက်အလက်ပြည့်စုံအောင် သေချာမစုံစမ်းရသေးပါ"

"အင်း ။ ပြောပြကြည့်ပါဦး"

"အားနူနယ်ခေါင်းဆောင် ရှားဒါဆိုတဲ့လူက မြို့တော်ထဲ ရောက်ရှိနေကြောင်းပါအရှင်"

"သူကလား?"

ဘာများ ဆန်းနေလို့လဲ။ အစ်ကိုကြီးလည်း ခိုးကြောင်ခိုး၀ှက်ရောက်နေတာပဲမဟုတ်လား။သူတော့ လာလို့ရပြီး တခြားလူကျ မရဘူးပေါ့လေ ။

"သူမှန်း သေချာပါတယ် ၀မ်ရယ်။အပေါင်ဆိုင်တစ်ခုမှာ သူ ခဏနားနေပုံရတယ်။ ကျွန်တော်မျိုးတို့ရဲ့လူတွေနဲ့ အမှတ်မထင် ဆုံမိသွားတာပါ "

သွမ့်နေ့မှ ဆက်ဆိုသည်။

"သူ့ညီဖြစ်တဲ့ ကူလိကလည်း မြို့တော်တွင်း လမ်းလယ်ခေါင်မှာတင် အသတ်ခံလိုက်ရပါတယ်တဲ့  ။ ဧကရာဇ်ချူလည်း စုံစမ်းပြီးပြီ ၊ ဒါပေမယ့် အကြောင်းမထူးဘဲ လက်လျှော့ထားတော်မူတယ်လို့ သိရပါတယ် ၀မ်ရယ်"

သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်ပြီးသည်နှင့် ဆတ်ခနဲ ထရပ်ကာ

"သွားကြစို့"

"ဘယ်သွားမလို့တုန်း"

သွမ့်ယောင် မလန့်ဘဲမနေနိုင်တော့။

ညဥ့်နက်သန်းခေါင်ကြီးနော်။

"ရွှေမြို့တော်"

သွမ့်ပိုင်ယွဲ့က ခြေလှမ်းကျဲကြီးများဖြင့် အမြန် ထွက်လားလေပြီ။ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနှင့် ကျန်ခဲ့သူမှာ သွမ့်ယောင်။

ဘယ်သူကများ ဒီအချိန် မြို့တော်ကို ၀င်မလို့တုန်း။

သွမ့်နေ့လည်း တော်တော် အံ့သြသွားသည်။
ဤမျှထိ အလေးထားသည်တဲ့လား။

"အဲ့ဒီရှားဒါကို ကြိုက်နေတာနေမယ်"

သွမ့်ယောင်က သူ၏အကောင်ဗလောင်များကို အိတ်ထဲပြန်ထည့်ရင်း မကျေမနပ်ဆိုလာသည်။

"အဲ့တာကြောင့်မို့လည်း ဟိုက မြို့တော်ထဲ ရောက်နေပြီကြားတာနဲ့ အရမ်းတွေ  နေမထိထိုင်မသာဖြစ် ၊ စားမ၀င်အိပ်မပျော် ၊ ခိုးတွေ့ဖို့အရေး စိတ်တွေကိုလောလို့ ။ ဟွန့်"

*************

Thz for reading .

2020.04.11

T/N : ကောင်လိပြည်ဆိုတာ အရင်ခေတ် ကိုရီးယားပြည်ကို ခေါ်တာပါတဲ့။

************

[ လြန္စြာရႈပ္ေထြးေသာ လ်ိဳမ်ိဳးရိုးမိသားစု]

နာရီ၀က္ေလာက္ၾကာၿပီးေနာက္ အမတ္မင္းလ်ိဳလည္း ဧကရာဇ္၏စာၾကည့္ေဆာင္မွ နားမလည္ႏိုင္စြာ ထြက္လာ၏။ လက္ထဲတြင္လည္း ပံုတူပန္းခ်ီကို ပိုက္လ်က္။စံအိမ္ျပန္ေရာက္လာေတာ့ အမတ္ကေတာ္ခမ်ာ ခင္ပြန္းျဖစ္သူ၏ ေၾကာင္ေတာင္ေတာင္မ်က္ႏွာထား​ကို ေတြ့ေသာ္ စိုးရိမ္တႀကီးေမးလာ၏။

"ဧကရာဇ္က ေအာင္သြယ္ေရးကိစၥမွာ မကူညီဘူးတဲ့လား အရွင္"

အမတ္မင္းလ်ိဳက ေခါင္းခါလိုက္ကာ-

"မဟုတ္ဘူး ။ ဧကရာဇ္က လက္ခံေတာ္မူတယ္။ ၿပီးေတာ့ ​မိန္႔ေတာ္မူေသးတယ္ ၊ ဒီပံုတူက အရမ္းကို အညတရဆန္လြန္းတယ္ဆိုၿပီး ေတာ္၀င္ပန္းခ်ီဆရာကို ေခၚၿပီးေတာ့ ခ်က္ခ်င္းပိုလွေအာင္ ျပန္ျပင္ၿပီး ေရးဆြဲေတာ္မူေစတယ္"

"ရွင္က မ်က္ေမွာင္ႀကီးႀကံဳ႔ၿပီး ေတြ​ေဝနေတဲ့ပံုေပါက္ေတာ့ ကြၽန္မျဖင့္ စိတ္ပူလိုက္ရတာ။ ရွင့္ရဲ့ေဆြမ်ိဳးေတြနဲ႔ အဆင္မေျပတာေတြပါေရာၿပီး ဧကရာဇ္က ရွင့္အေပၚ အျပစ္ပံုခ်လိုက္သလားလို႔ "

အမတ္ကေတာ္မွာ ခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။

"ရွင္မက မိန္းမသားေနာ္၊ ဒီလိုကိစၥေတြကို ေယာင္လို႔ေတာင္ ထုတ္မေျပာေကာင္းဘူး။ သြား ၊ လက္သမားတစ္ေယာက္ အျမန္ေခၚလာေပးဖို႔ သားေတာ္(၃)ကို အေခၚလႊတ္ေခ်။ က်ဳပ္ ဒီစာလိပ္ကို ဧည့္ခန္းမွာ ခ်ိတ္ထားရမယ္"

သခင္မလ်ိဳမွာ အံ့ၾသတႀကီးျဖစ္သြားကာ အဖ်ားတက္လာသေယာင္ပင္ ခံစားလိုက္ရသည္။

"ေကာင္လိမင္းသမီးရဲ့ပံုတူကို ရွင္က ဘာကိစၥ ဧည့္ခန္းမွာ ခ်ိတ္ထားမလို႔လဲ"

"အဲ့ပံုတူကို နန္းေတာ္မွာကတည္းက ငါ ထားခဲ့ၿပီးသားပါကြာ ။ ဒါက ဧကရာဇ္ကိုယ္ေတာ္တိုင္ လက္ေရးနဲ႔ ေသခ်ာေရးေတာ္မူၿပီး ငါ့ကို ဘြဲ႔အမည္ အပ္ႏွင္းလိုက္တာ၊  ရွင္မရဲ့"

အမတ္မင္းလ်ိဳက ေျပာရင္းဆိုရင္း စာလိပ္ကိုခ်ည္ထားေသာႀကိဳးကို သတိႀကီးစြာ ေျဖေန၏။

"ဘြဲ႔အမည္ပါ အပ္ႏွင္းလိုက္တယ္တဲ့လား အရွင္ "

အမတ္ကေတာ္ သခင္မလ်ိဳမွာ အင္မတန္မွ ၀မ္းသာပီတိျဖာရေလ၏။ ေသခ်ာၾကည့္လိုက္ေတာ့ ခြၽင္းက်ီနယ္ထြက္အရည္အေသြးျမင့္စကၠူေပၚတြင္ ဘုရင့္တံဆိပ္ေတာ္ႏွင့္၊ လွပေသသပ္စြာ ေရးထားေသာ စာလံုးအခ်ိဳ႕။

"တာ့ခ်ူ၏ အေတာ္ဆံုး ေအာင္သြယ္ေတာ္ႀကီး"

အမွန္ဆိုရလ်ွင္ အမတ္မင္းလ်ိဳလည္း အေတာ္ေလး ေတြေဝေနဆဲ ။

ေပ်ာ္ေတာ့ေပ်ာ္ရေပမင့္ ဒီစာလံုးေတြေလာက္ႏွင့္ လူသိရွင္ၾကား ထုတ္ႂကြားဖို႔ကလည္း သိပ္မဟုတ္ေသးျပန္ ။ သူကိုယ္တိုင္က မင္းညီလာခံတြင္ ရာထူးႀကီးမွဴးမတ္တစ္ၪီးမဟုတ္လား ၊ အရပ္ထဲ ေစ်းလည္ေရာင္းေနေသာ တျခားေအာင္သြယ္ေတာ္မိန္းမေတြႏွင့္ လားလားမွမတူသည္ကို။

************

ဧကရာဇ္၏ စာၾကည့္ေဆာင္တြင္ျဖစ္သည္။

ေတာ္၀င္ပန္းခ်ီဆရာက ပံုတူပန္းခ်ီကို ေသခ်ာၾကည့္ၿပီးေသာ္ -

"ကြၽန္ေတာ္မ်ိဳး ဘယ္ေနရာကို ျပဳျပင္ေရးဆြဲရမလဲဆိုတာ အမိန္႔ရိွေတာ္မူပါ အရွင္မင္းျမတ္"

"လွႏိုင္သမ်ွ လွေအာင္ဆြဲလိုက္ ။ နဂိုရုပ္က ဘယ္လိုဆိုတာ ေတြးမေနနဲ႔ေတာ့"

ပန္းခ်ီဆရာလည္း ဘုရင့္အမိန္႔ကို နာခံၿပီးေနာက္ စာၾကည့္ေဆာင္မွ ထြက္သြားေလၿပီ။ ထိုအခါမွ ရွန္ခ်န္းဖန္းက အျပင္ဘက္ ထြက္လာၿပီး နားမလည္စြာျဖင့္ ေမး၏။

"တကယ္ကိုပဲ ဒီကိစၥကို ၀င္ကူမလို႔လားဘုရား"

"အင္း။ အေသးအဖြဲကိစၥေလးပဲဟာ"

ခ်ူယြမ္က လက္ဖက္ရည္ခြက္အား အသာခ်ကာ အေရးမထားဟန္ ခပ္ေပါ့ေပါ့ ဆိုျပန္၏။

"ဒီအရြယ္ေတာင္ေရာက္ေနမွေတာ့ လက္ထပ္သင့္ၿပီမဟုတ္လား"

ရွန္ခ်န္းဖန္း -  "......."

ဒီလိုကိစၥလည္း ၀င္ရႈပ္ရမွာပဲလားဘုရား။

"လ်ိဳမ်ိဳးရိုးတစ္ခုလံုးထဲမွာမွ
သူတစ္ေယာက္တည္းကပဲ ဒို႔အေပၚ သစၥာေစာင့္သိတဲ့လူျဖစ္မွာ စိုးမိတယ္"

"အရွင့္ရဲ့ မဟာေသနာပတိကေရာ"

"လ်ိဳယိရႊီလား ? သူကက် ငါးရွဥ့္လိုလူပဲ ။ ပုန္ကန္မယ့္သူလို႔ ယူဆလို႔မရသလို သစၥာေစာင့္သိတဲ့အထဲ ထည့္တြက္လို႔မရျပန္ဘူး"

ရွန္ခ်န္းဖန္းလည္း ေခါင္းညိတ္ေထာက္ခံလိုက္ကာ -

"ဒီတစ္ေခါက္ လ်ိဳမ်ိဳးရိုးကို အျမတ္ျပတ္သုတ္သင္ၿပီးရင္ နန္းတြင္းထဲက ၀န္ႀကီးအေတာ္မ်ားမ်ား ပါသြားေလာက္တယ္ ၊ အဲ့အခ်ိန္က် ၀န္ႀကီးအခ်င္းခ်င္းၾကား ဆူပူမႈျဖစ္ၪီးမွာဆိုေတာ့ အမတ္မင္းလ်ိဳကို ၾကားထဲကေန ၀င္ၿပီးဖ်န္ေျဖခိုင္းရင္ အဆင္ေျပပါမယ္ဘုရား"

ခ်ူယြမ္တစ္ေယာက္ သက္ျပင္းရွည္ခ်လိုက္သည္။ထို႔ေနာက္မ်က္လႊာတျဖည္းျဖည္း ခ်ရင္း ေရႊနဂါးပလႅင္ေတာ္အား မွီေနလိုက္ေလသည္။

***********

လ်ိဳမ်ိဳးရိုးမွာ ခ်ူယြမ္၏အဘြား ၊ ထိုအဖြား၏ အေမျဖစ္သူဘက္မွတစ္ဆင့္ ေတာ္စပ္ေသာ ခပ္ေဝးေဝးမွ ေဆြေတာ္မ်ိဳးေတာ္ျဖစ္သည္။ ေတာ္၀င္မိသားစုႏွင့္ တိုက္ရိုက္ဆက္စပ္မရိွေသာ  ေဆြမ်ိဳးမ်ားႏွင့္ ဆက္ဆံေရး ရႈပ္ေထြးသည္မွာလည္း ဓမၼတာပင္။ လ်ိဳမ်ိဳးရိုးမွာ ဧကရာဇ္၏ ေတာ္၀င္နန္းေဆာင္ႏွင့္မျခား ခမ္းနားႀကီးက်ယ္စြာ ေနထိုင္ၾကေၾကာင္း တိုင္းသူျပည္သားမ်ား၏ ႏႈတ္ဖ်ားထက္ ေျပာစမွတ္ျပဳၾကသည္။

လ်ိဳမ်ိဳးရိုး၏ လက္ရိွအႀကီးအကဲမွာ လ်ိဳကုန္းဟု အမည္ရ၏။ ယခင္က တုန္းေပနယ္(အေရ႔ွအရပ္)တစ္ခြင္ရိွ စစ္သည္အင္အားကို ၄၏လက္၀ယ္ပိုင္ဆိုင္ထား၏။ ထိုစစ္သည္အင္အားကို သူ႔လက္ထဲမွ ျပန္လည္ရယူႏိုင္ရန္ အရင္ဧကရာဇ္သည္ပင္ ဆယ္စုႏွစ္တစ္ခုစာမ်ွ ႀကိဳးပမ္းေတာ္မူခဲ့ရသည္ဟုဆို၏။ နတ္ရြာမစံမီအခ်ိန္တြင္ပင္ မွဴးမတ္၀န္ႀကီးမ်ားကိုလည္းေကာင္း ၊ စစ္တပ္ေရးရာ အႀကီးအကဲမ်ားကိုလည္းေကာင္း ဆင့္ေခၚကာ အရင္အိမ္ေရ႔ွစံအစား ခ်ူယြမ္အား အိမ္ေရ႔ွစံ လႊဲေျပာင္းေပးအပ္ခဲ့ေလသည္။

ထို႔ေနာက္ ခ်ူယြမ္နန္းတက္လာေသာအခါ ပထမဆံုးလုပ္ေသာအလုပ္မွာ ဖေအတူမေအကြဲ ေနာင္ေတာ္အား သာမန္ျပည္သူအဆင့္ထိသို႔ ေလ်ွာ့ခ်ကာ ရွီးနန္ပိုင္နက္ပင္လယ္ျပင္ရိွ ကြၽန္းငယ္တစ္ကြၽန္းသို႔ သြားေရာက္ေနထိုင္ရန္ ျပည္ႏွင္ဒဏ္ေပးေတာ္မူေလသည္။ အရင္အိမ္ေရ႔ွစံႏွင့္အတူ ပါသြားသူမွာ လ်ိဳက်င့္တာ အမည္ရိွေသာ လ်ိဳက်ိဳးနယ္စား၊ တစ္နည္းအားျဖင့္ လ်ိဳကုန္း၏ သားတစ္ေယာက္ပင္ျဖစ္ေလသည္။

ဤအေၾကာင္းေၾကာင့္ပင္ ခ်ူယြမ္ႏွင့္ လ်ိဳမ်ိဳးရိုးၾကား မည္သို႔ေသာဆက္ဆံေရးမ်ိဳး ရိွလိမ့္မည္ဆိုသည္ကို တကူးတက ရွင္းျပေနစရာမလိုေတာ့ေပ။ သို႔ေသာ္ ဘယ္ဘက္ကမွ မိုက္ရူးဆန္ေနသည္မဟုတ္ေသာေၾကာင့္ စိတ္ထဲတြင္ မည္မ်ွနက္ရိႈင္းေသာ အၿငိဳးအာဃာတပင္ရိွရိွ အျပင္ပန္းတြင္ေတာ့ ပကတိအတိုင္းပင္ ၿပံဳးျပႏႈတ္ဆက္ၾကသည္ပင္။ နန္းတက္ၿပီး တစ္ႏွစ္ၾကာၿပီးမွ လ်ိဳကုန္းက မူလရာထူးမွ ႏႈတ္ထြက္ကာ ဇာတိေျမသို႔ ျပန္သြားလိုက္ေလသည္။ က်န္ရိွေသာ ဘ၀ကို မိသားစုႏွင့္သာ ကုန္ဆံုးလိုသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ျဖစ္သည္။

တိုင္းသူျပည္သားမ်ားကမူ ထိုလုပ္ရပ္အား ေပ်ာ့ညံ့ျခင္းဟု သမုတ္ၾကသည္။သို႔ေသာ္လည္း ၿမိဳ႔ေတာ္တြင္ရိွေနသည္ျဖစ္ေစ ၊ တုန္းေပနယ္သို႔ ျပန္သည္ျဖစ္ေစ ၊ လ်ိဳမ်ိဳးရိုးအေပၚ ၾသဇာအလႊမ္းမိုးႏိုင္ဆံုးသူမွာ လ်ိဳကုန္းပင္ျဖစ္ေၾကာင္း ခ်ူယြမ္ ေသခ်ာ နားလည္ထားေပသည္။ နန္းတြင္းရိွ ရာထူးႀကီးငယ္မဟူ လ်ိဳမ်ိဳးရိုးႏွင့္ ပတ္သက္ဖူးသူတိုင္း ထိုသူ႔စကားကို လိုက္နာၾကသည္ပင္။

ႁခြင္းခ်က္ဟူ၍ လူႏွစ္ေယာက္သာ ရိွသည္။

တစ္ေယာက္မွာ  ေစာနကမွ ေအာင္သြယ္ေရးလာလုပ္သြားေသာ လ်ိဳတာ့က်ံဳ႔ ။အရင္ကတည္းကပင္ လ်ိဳမ်ိဳးရိုးက သူႏွင့္ရင္းႏွီးေသာ ဆက္ဆံေရးမ်ိဳးမရိွ။ အေၾကာင္းမွာလည္း အင္မတန္ရိုးသားႏံုခ်ာသည့္အျပင္ အလိုေလာဘႀကီးမားျခင္းမရိွ ၊ ဘ႑ာေရးရာအလုပ္တာ၀န္မ်ားကို ေအးေဆးသက္သာစြာ သူ႔အလုပ္သူ ပံုမွန္ပတိုင္း ႀကိဳးစားလုပ္ကိုင္ေနခဲ့သျဖင့္ ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ လ်ိဳမိသားစုႏွင့္ မည္သို႔မ်ွ ပါ၀င္ပတ္သက္ျခင္းမရိွ။

ေနာက္တစ္ေယာက္မွာ လ်ိဳယိရႊီ ၊ ညာလက္ရံုးေတာ္ မဟာေသနာပတိ ။ ထိုသူမွာမူ လ်ိဳကုန္းႏွင့္ ေမြးရပ္ဇာတိသာတူၿပီး ပညာသင္ၾကားတုန္းကလည္း ဆရာပင္ တူခဲ့ျခင္းမရိွ ။ သို႔ေသာ္ ပရိယာယ္မာယာမ်ားတတ္သျဖင့္ ၄၏ပင္ကိုစရိုက္အစစ္အမွန္ကို မွန္းဆ၍မရ ၊ မည္သို႔ေသာ အေတြးမ်ိဳးေတြးေနမည္ဟူ၍ မဆိုတတ္။

"ဧကရာဇ္အရွင္ ၊ စစ္သူႀကီးရွန္ ။ ညစာသံုးေဆာင္ဖို႔ အသင့္ျဖစ္ေၾကာင္းပါဘုရား"

"အခ်ိန္ေတာ္ေတာ္လင့္သြားၿပီပဲ"

အျပင္မွ ရွစ္ဇီအသံၾကားမွ ခ်ူယြမ္အေတြးစတို႔ ျပတ္ေတာက္သြားသည္။ မိမိကိုယ္တိုင္က စားခ်င္စိတ္မရိွေသာ္လည္း အ​ေဝးမွ ခရီးပန္းလာေသာ ခ်န္းဖန္းေတာ့ ဆာေလာင္ေနေလာက္ၿပီမို႔ ညစာျပင္ထားေစခဲ့ျခင္းျဖစ္သည္။ ႏွစ္ၪီးသား ေသရည္အတူေသာက္ေနခဲ့ကာ အျပင္ဘက္တြင္ ေမွာင္အတိက်ေတာ့မွ ခ်န္းဖန္းကို ရွစ္ဇီအား လိုက္ပို႔ခိုင္းလိုက္ေလသည္။

"အုပ္ခ်ဳပ္ေရးဘက္က မွဴးမတ္၀န္ႀကီးဆိုရင္ လိုက္ပို႔သင့္ေပမယ့္ ကြၽန္ေတာ္မ်ိဳးလို သာမန္စစ္သားကို ကုန္းကုန္း လိုက္မပို႔ပါနဲ႔ေတာ့ ။ ကုန္းကုန္း ျပန္ႏွင့္လိုက္ပါခင္ဗ်ာ"

ခ်ဳန္းတာတံခါး၀ေရာက္ေတာ့ ခ်န္းဖန္းက ရယ္ေမာရင္း ဆိုလာသည္။  ရွစ္ဇီလည္း သေဘာက်စြာ ရယ္ေမာရင္း -

"ဒါဆို စစ္သူႀကီးရွန္လည္း အျမန္ျပန္ၿပီး အနားယူလိုက္ပါေတာ့ေနာ့ ။ ကြၽန္ေတာ္မ်ိဳးလည္း ဧကရာဇ္အရွင့္ကို ေဆးေသာက္ဖို႔
သြားေရာက္ ဆက္သေပးမယ့္ အလုပ္ ရိွေသးတယ္"

ရွန္ခ်န္းဖန္းလည္း ေခါင္းညိတ္ျပလိုက္ၿပီး နန္းေတာ္အျပင္ဘက္ ထြက္လာေလရာ လမ္းခုလတ္မွာတင္ လူတစ္ေယာက္က
မိမိသြားရာလမ္းကို လာပိတ္ေလသည္။

"ပန္းခ်ီဆရာ က်န္း?"

မည္သူမွန္းေသခ်ာျမင္ရေတာ့မွ ရွန္ခ်န္းဖန္းတစ္ေယာက္ သက္ျပင္းခ်ႏိုင္ေတာ့သည္။

အသံမေပးဘာမေပးနဲ႔ ၊ ေနာက္တစ္ေခါက္ ေအာင္သြယ္ဖို႔ျပန္လာတဲ့ အမတ္မင္းလ်ိဳမ်ားလားလို႔ ။

"စစ္သူႀကီးရွန္က ဧကရာဇ္နဲ႔အတူ ညစာစားမယ္ဆိုတာ ေရွာင္ဖူဆီက ၾကားလိုက္ရတာမို႔ ကြၽန္ေတာ္ ဒီမွာ ထိုင္ေစာင့္ေနတာပါ"

ပန္းခ်ီဆရာ က်န္းမွာ အရင္ကတည္းကစစ္သူႀကီးရွန္ႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရးရိွထားသျဖင့္ ဤကဲ့သို႔ပင္ မေၾကာက္မဝံ့ေအးေအးေဆးေဆး စကားဆိုရဲျခင္းျဖစ္သည္။

" ကြၽန္ေတာ့္ကို ဘာလို႔ ေစာင့္ေနတာတဲ့တုန္း"

"စစ္သူႀကီးရွန္ဆီက အကူအညီနည္းနည္းေလးေတာင္းခ်င္လို႔ေပါ့ဗ်ာ ။ ဒီေန့ ဧကရာဇ္က ကြၽန္ေတာ့္ကို အခစား၀င္ခိုင္းတယ္။ ေကာင္လိမင္းသမီးပံုတူကိုျပၿပီး အညတရဆန္လြန္းတယ္ဆိုၿပီး ပိုလွေအာင္ ထပ္ဆြဲခိုင္းေတာ္မူတယ္"

"ဒါဆိုလည္း ခင္ဗ်ား အသစ္ျပန္ဆြဲလိုက္ရင္ ၿပီးတာပဲကို ။ ဒါမွမဟုတ္ ကြၽန္ေတာ္ ဆြဲေပးရမလား "

ခ်န္းဖန္းက ရယ္သံေနွာရင္း ဆိုလာ၏။

"ကြၽန္ေတာ္ ျပန္ျပင္ၿပီးသြားၿပီ ။ ဒါေပမယ့္ မင္းသမီးက သာမန္အလွကေန တက္မလာဘူးဗ်။ စဥ္းစားၾကည့္ေတာ့ မူရင္းဆြဲေပးတဲ့ ပန္းခ်ီဆရာလည္း ေတာ္ေတာ္ေလး ပိုလွေအာင္ ဆြဲေပးမွာ ေသခ်ာတယ္။ ကြၽန္ေတာ္ ျပင္ေလေလ သူ႔နဂိုရုပ္မက်န္ေတာ့ေလေလျဖစ္မွာ ။ စစ္သူႀကီးမင္းေရာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမ်ားၾကားမိေသးလဲ။ ဒီပန္းခ်ီကို ဘာလုပ္ဖို႔ ရည္ရြယ္ထားမွန္းသိေတာ့မွ ဘယ္လိုျပင္ရမလဲဆိုတာ ေသခ်ာသိမွာ ။ အခုေတာ့ ကြၽန္ေတာ္ ဆြဲရမွာေတာင္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈကို မရိွေတာ့တာ"

ပန္းခ်ီဆရာေလးမွာ အသက္ပင္မရႉအားဘဲ တရစပ္ ေျပာလာသျဖင့္ ရွန္ခ်န္းဖန္းဘက္က မနည္း စိတ္ေလ်ွာ့ရန္ ႏွစ္သိမ့္ရေသး၏။

"အမတ္မင္းလ်ိဳ ယူလာေပးတာ"

"ေၾသာ္ ၊ ေအာင္သြယ္ေပးဖို႔ကိုး"

ပန္းခ်ီဆရာလည္း ခ်က္ခ်င္းသေဘာေပါက္သြားသည္။ ရွန္ခ်န္းဖန္းမွာ ရယ္ခ်င္စိတ္ကို မနည္းထိန္းကာ ဆက္ေျပာ၏။

" ဆြဲတတ္သလိုသာ ဆြဲလိုက္ပါ။မတူလည္း ျပႆနာမရိွဘူး ၊ စိတ္ခ်။ ဧကရာဇ္အရွင္လည္း မိဖုရားတင္ေျမာက္မွာမဟုတ္ဘူး ။ ပိုဆိုးတာက ရွီးနန္၀မ္ဆိုရင္လည္း ရုပ္ဆိုးေနသည္ျဖစ္ေစ ၊ ေခ်ာေမာလွပေနသည္ျဖစ္ေစ ဒီလက္ထက္ပြဲကို လက္ခံမွာမဟုတ္တာ ေသခ်ာတယ္။ အလြန္ဆံုး သူ တစ္ခ်က္ ထေသာင္းက်န္းျပရံုေလာက္ပဲ ။ ခင္ဗ်ားသာ အဆင္ေျပသလို ဟိုဟိုဒီဒီ ျခစ္လိုက္ေပေရာ့ "

"ဟုတ္ပေနာ္ ဟုတ္ပ ။ ဒီလိုပံုလည္းအဆင္ေျပသားပဲဆိုေတာ့ အခုပဲ ဧကရာဇ္ဆီ အခစား၀င္ၿပီး ဆက္သလိုက္ေတာ့မယ္။"

ပန္းခ်ီဆရာေလးမွာ အင္မတန္ေပ်ာ္သြားသည့္ဟန္ ။ စကားအမ်ွင္လည္း မျပတ္ႏိုင္ရွာေသး။

"ကြၽန္ေတာ္ ဒီေန့ဆြဲထားတဲ့ပံုက ေတာ္ေတာ္အဆင္ေျပတာဗ် သိလား။ သိုင္းေလာကရဲ့ အေခ်ာဆံုးအလွဆံုးလူရဲ့ပံုအတိုင္း ဆြဲထားေပးလိုက္တာေနာ္"

လွလြန္းလို႔ ဘယ္လိုလွမွန္း ေျပာမတတ္ေအာင္ ျဖစ္သြားမယ္။ ေအာင္သြယ္ဖို႔သံုးရင္ အဆင္ေျပေစရမယ္ စိတ္ခ်။

ရွန္ခ်န္းဖန္းလည္း သူ႔ပခံုးကို အသာပုတ္ေပးၿပီးေနာက္ စစ္သူႀကီးစံအိမ္ေတာ္သို႔ ျပန္လာလိုက္ေလေတာ့သည္။

***********

ဖူတာရပ္ကြက္တစ္ေနရာတြင္ျဖစ္သည္။

တည္းခိုေဆာင္အတြင္း၀ယ္ သြမ့္ေယာင္တစ္ေယာက္ ပိုးေကာင္ငယ္မ်ားကိုတို႔ကနန္းဆိတ္ကနန္း လိုက္ကလိေနစဥ္ ျပတင္းေပါက္မွတစ္ဆင့္ လူေလးငါးေယာက္ ဝုန္းကနဲ ခုန္၀င္လာသည္ကို ေတြ့လိုက္ရသည္။ လက္ကေနေတာ့ ဓားပ်ံတစ္စင္း 
ပစ္ခြင္းမိၿပီးသား။

"ကြၽန္ေတာ္မ်ိဳးပါ ။ ေရွာင္၀မ္ရယ္"

၀င္လာသူမွာ အျမန္ေရွာင္တိမ္းႏိုင္လိုက္ေပမင့္ ထိတ္လန္႔ေနဆဲပံု ရသည္။

"မင္းတို႔လား?"

ဘာလို႔မ်ား ရွီးနန္စံအိမ္ေတာ္ရဲ့ လ်ိႈ႔ဝွက္ကိုယ္ရံေတာ္တပ္ဖြဲ႔က ဒီေရာက္လာတာလဲ။

"ရွီးနန္စံအိမ္ေတာ္မွာ ျပႆနာတက္ေနလို႔ပါ အရွင္"

ထိုအထဲတြင္မွ သြမ့္ပိုင္ယြဲ႔၏အရင္းႏွီးဆံုးေသာ လူယံုေတာ္ျဖစ္သူ သြမ့္ေန့မွ ဆိုလာသည္။

"ရွစ္ဖူး ျပန္ရွင္လာၿပီလား!!!!!"

"တကယ္ျပန္ရွင္လာရင္ သူက မင္းဆီ အရင္ဆံုးလာၿပီး စာရင္းရွင္းမွာ "

သြမ့္ပိုင္ယြဲ႔က တံခါးဖြင့္ၿပီး ၀က္ေရာက္လာသည္။

သြမ့္ေယာင္  - "........."

"ဆို....ဘာကိစၥရိွလို႔လဲ"

သြမ့္ပိုင္ယြဲ႔ေမးလာေတာ့ သြမ့္ေန့မွ ​ေျဖလာ၏။

"အရင္တုန္းက မွန္းဆထားတဲ့အတိုင္းပါ ။ ၀မ္ရယ္ ထြက္လာၿပီး မၾကာခင္မွာပဲ က်င္းေပၚေစတီထဲ၀င္ၿပီး ပစၥည္းခိုးသြားတဲ့လူ ရိွလာပါတယ္"

သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္း -

"ေရးထားတဲ့ စာအတုေတြေရာ ပါသြားရဲ့လား"

"ဟုတ္ကဲ့ "

"ေကာင္းၿပီ ။ မင္းတို႔လည္း ဒီထိေရာက္လာမွေတာ့ ၿမိဳ႔ေတာ္ဆီ အတူတူသြားၾကတာေပါ့ ။ ဒါေပမယ့္ အၿမဲမွတ္ထား ။ ဘယ္ေနရာမွ
ေျခရာလက္ရာ မခ်န္မိေစနဲ႔ ၊ ဟုတ္ၿပီလား"

သြမ့္ေယာင္၏ အေတြးထဲတြင္ေတာ့

ေသခ်ာတာေပါ့ ။ သူကိုယ္တိုင္ေတာင္ ခိုးေၾကာင္ခိုးဝွက္ သြားေနရတာ ။ တပည့္ငယ္သားေတြဆို ပိုဆိုးေရာေပါ့။

ဒါနဲ႔ ဘယ္ေတာ့မွ ရွီးနန္ ျပန္ၾကမွာတဲ့လဲ။

ေနြၪီးရာသီႏွင့္မတူ ၊ ဥတုရာသီက ပို၍ပို၍ ေအးစိမ့္လာသည္။ အရင္ရက္တုန္းကလို သာယာေနမညိ့ အရိပ္အေယာင္ မေတြ့ရ။
သြမ့္ေယာင္မွာ ေစာင္အထပ္ထပ္ၾကားေကြးေနသည္မွာ ေပါက္စီတစ္လံုးပံုပင္ ေပါက္ေနၿပီ။ တစ္ေန့လံုး ျမင္းလွည္းေပၚ၌သာ ေနကာလံုး၀ အျပင္ထြက္မလာေခ်။

သို႔ေသာ္ သြမ့္ပိုင္ယြဲ႔ကမူ အပူအပင္ကင္းဟလြန္းေနသည့္အျပင္ အင္မတန္မွ စိတ္လက္ၾကည္လင္ေနပံုပင္ ရကာ အေပါင္ဆိုင္မွာ ေတးသံစဥ္ သြားနားဆင္ေနသည္ဟုပင္ဆို၏။

သြမ့္ေယာင္ - "........."

ရက္ေပါင္းႏွစ္ဆယ္ ေက်ာ္လြန္သြားၿပီးေနာက္တြင္ေတာ့ သြမ့္ေယာင္တစ္ေယာက္ ျမင္းလွည္းေပၚမွ ဆြဲထုတ္ေခၚယူျခင္းခံရေလၿပီ။ နားေနေဆာင္ ျမင္းတပ္စခန္းရိွ ဘုရင့္အမိန္႔ေတာ္စာတမ္းကို သြားယူခိုင္းျခင္းျဖစ္သည္။

"ေနာက္ဆံုးက် ရွီးနန္ကို ပို႔လာမွာပဲဟာ  "

​အဲ့ဒါေၾကာင့္ သြားခိုးလာတာလို႔ မမည္ဘူး။

သြမ့္ပိုင္ယြဲ႔က အမိန္႔စာကို ျဖန္႔ကာ ဖတ္ေနသည္။ သြမ့္ေယာင္ပါ ၀င္ဖတ္အၿပီးမွာေတာ့

"ဧကရာဇ္ခ်ူက အစ္ကိုႀကီးလက္ထပ္မယ့္ကိစၥထိေတာင္ ၀င္လာရႈပ္တယ္ေပါ့? "

ဧကရာဇ္ခ်ူက မထင္ရဘူး။
အရီးေတာ္နဲ႔ ဝါသနာတူေနတာပဲ။

ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က ပံုတူပန္းခ်ီကားကိုပါ ျဖန္႔ၾကည့္လိုက္သည္။ သြမ့္ေယာင္ေတာ့ မ်က္စိအျပဴးသားႏွင့္

"ဧကရာဇ္ခ်ူက ဝူရႊယ့္ဂိုဏ္းခ်ဳပ္ႀကီးနဲ႔ ေနာင္ေတာ္နဲ႔ကို ေပးစားမလို႔ေပါ့ ဟုတ္လား"

"ဘယ္က ဝူရႊယ့္ဂိုဏ္းတုန္း ။ ေကာင္လိမင္းသမီးတဲ့"

ေျပာေျပာဆိုဆို သြမ့္ေယာင္မွာ ေခါင္းတစ္ခ်က္အေခါက္ခံလိုက္ရေသးသည္။ ဆီမီးေရာင္အလင္းႏွင့္ ႏွစ္ခါသံုးခါ ေသခ်ာၾကည့္လိုက္ကာ

"ဒါဆိုသူတို႔ႏွစ္ေယာက္က ေမာင္ႏွမေတြလား ။ ဘယ္လိုၾကည့္ၾကည့္ ဝူရႊယ့္ဂိုဏ္းခ်ဳပ္ရဲ့ ပံုႀကီးပါ"

သိုင္းေလာကရဲ့ အလွဆံုး လူသား ပီသပါေပတယ္ ၊ ေခ်ာေမာရက္လြန္းေလျခင္း။

သြမ့္ပိုင္ယြဲ႔ကမူ ၿပံဳးလိုက္ရင္း အမိန္႔စာကိုေရာ ပံုတူပန္းခ်ီကိုပါ အနားရိွမီးဖိုထဲ ပစ္ထည့္လိုက္ၿပီး သြမ့္ေန့အား ေခၚလိုက္ကာ-

"ဘာအေၾကာင္းထူးေသးလဲ"

"တစ္ခုရိွပါတယ္ အရွင္ ။ ဒါေပမယ့္ ၊ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳး အခ်က္အလက္ျပည့္စံုေအာင္ ေသခ်ာမစံုစမ္းရေသးပါ"

"အင္း ။ ေျပာျပၾကည့္ပါၪီး"

"အားႏူနယ္ေခါင္းေဆာင္ ရွားဒါဆိုတဲ့လူက ၿမိဳ႔ေတာ္ထဲ ေရာက္ရိွေနေၾကာင္းပါအရွင္"

"သူကလား?"

ဘာမ်ား ဆန္းေနလို႔လဲ။ အစ္ကိုႀကီးလည္း ခိုးေၾကာင္ခိုးဝွက္ေရာက္ေနတာပဲမဟုတ္လား။သူေတာ့ လာလို႔ရၿပီး တျခားလူက် မရဘူးေပါ့ေလ ။

"သူမွန္း ေသခ်ာပါတယ္ ၀မ္ရယ္။အေပါင္ဆိုင္တစ္ခုမွာ သူ ခဏနားေနပံုရတယ္။ ကြၽန္ေတာ္မ်ိဳးတို႔ရဲ့လူေတြနဲ႔ အမွတ္မထင္ ဆံုမိသြားတာပါ "

သြမ့္ေန့မွ ဆက္ဆိုသည္။

"သူ႔ညီျဖစ္တဲ့ ကူလိကလည္း ၿမိဳ႔ေတာ္တြင္း လမ္းလယ္ေခါင္မွာတင္ အသတ္ခံလိုက္ရပါတယ္တဲ့  ။ ဧကရာဇ္ခ်ူလည္း စံုစမ္းၿပီးၿပီ ၊ ဒါေပမယ့္ အေၾကာင္းမထူးဘဲ လက္ေလ်ွာ့ထားေတာ္မူတယ္လို႔ သိရပါတယ္ ၀မ္ရယ္"

သြမ့္ပိုင္ယြဲ႔ ေခါင္းညိတ္ၿပီးသည္ႏွင့္ ဆတ္ခနဲ ထရပ္ကာ

"သြားၾကစို႔"

"ဘယ္သြားမလို႔တုန္း"

သြမ့္ေယာင္ မလန္႔ဘဲမေနႏိုင္ေတာ့။

ညဥ့္နက္သန္းေခါင္ႀကီးေနာ္။

"ေရႊၿမိဳ႔ေတာ္"

သြမ့္ပိုင္ယြဲ႔က ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ အျမန္ ထြက္လားေလၿပီ။ပါးစပ္အေဟာင္းသား မ်က္လံုးအျပဴးသားႏွင့္ က်န္ခဲ့သူမွာ သြမ့္ေယာင္။

ဘယ္သူကမ်ား ဒီအခ်ိန္ ၿမိဳ႔ေတာ္ကို ၀င္မလို႔တုန္း။

သြမ့္ေန့လည္း ေတာ္ေတာ္ အံ့ၾသသြားသည္။
ဤမ်ွထိ အေလးထားသည္တဲ့လား။

"အဲ့ဒီရွားဒါကို ႀကိဳက္ေနတာေနမယ္"

သြမ့္ေယာင္က သူ၏အေကာင္ဗေလာင္မ်ားကို အိတ္ထဲျပန္ထည့္ရင္း မေက်မနပ္ဆိုလာသည္။

"အဲ့တာေၾကာင့္မို႔လည္း ဟိုက ၿမိဳ႔ေတာ္ထဲ ေရာက္ေနၿပီၾကားတာနဲ႔ အရမ္းေတြ  ေနမထိထိုင္မသာျဖစ္ ၊ စားမ၀င္အိပ္မေပ်ာ္ ၊ ခိုးေတြ့ဖို႔အေရး စိတ္ေတြကိုေလာလို႔ ။ ဟြန္႔။"

*************

Thz for reading .

2020.04.11

T/N : ေကာင္လိျပည္ဆိုတာ အရင္ေခတ္ ကိုရီးယားျပည္ကို ေခၚတာပါတဲ့။

************

Continuar a ler

Também vai Gostar

1.3M 46.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
450K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
2.1K 176 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
262K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...