ဝေါယာဥ်ပေါ်မှ ဆင်းပြီးသည်နှင့် ၀မ်တာ့ပေါ်သည်လည်း အိမ်တော်ထိန်း၏ လမ်းပြမှုနောက်မှလိုက်ကာ စံအိမ်တော်၀န်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။စံအိမ်တော်၏ ဗိသုကာလက်ရာမှာ တာ့လီမြို့ရှိ အခြားအဆောက်အဦး ဗိသုကာလက်ရာများနှင့်မတူဘဲ နန်းတော်ထဲရှိ ဧကရာဇ်စံမြန်းရာ ရွှေနန်းဆောင်နှင့် သွား၍ ဆင်တူပေ၏။ ဤအချက်များနှင့်ပင် ရှီးနန်၀မ်သည် ဧကရာဇ်အပေါ် သစ္စာစောင့်သိလွန်းသဖြင့် ပုန်ကန်လိုစိတ်အလျဥ်းမရှိပေဟု ပြောလာလျှင်တောင် ဘယ်လူပြိန်းကမှ ယုံကြည်ပေးလိမ့်မည်မဟုတ်ချေ။
ရှေ့မလှမ်းမကမ်းရှိ ပန်းဥယျာဥ်အတွင်းတွင်
အဖြူရောင်၀တ်ရုံ ဆင်မြန်းထားသော မိန်းမပျိုတစ်ဦးက ကျောက်သားစားပွဲနားထိုင်ကာ အဝေးသို့ ငေးမောနေလျက်ရှိသည်။
ထိုသူသည် စံအိမ်တော်၏အရှင်သခင်ဖြစ်ကြောင်း ၊ ခပ်ကြာကြာ စူးစိုက်မကြည့်ကောင်းကြောင်း အိမ်တော်ထိန်းမှ သူ့အား ခပ်တိုးတိုး သတိပေးလာသဖြင့် ၀မ်တာ့ပေါ်မှာ ခေါင်းပြန်ငုံ့ထားရလေသည်။
" ဪ ၊ ဧည့်သည်ရောက်နေတာလား "
သို့သော် ထိုမိန်းကလေးက သူတို့နှစ်ယောက်အား မြင်သွားကာ ရွှင်လန်းတက်ကြွစွာ စကားစမြည် ပြောလာ၏။
"ဟုတ်ကဲ့ ၊ ၀မ်ရယ်ကို ဂါရ၀ပြုဖို့ ရောက်လာတဲ့ ဧည့်သည်ပါ "
ထို့နောက် အနှီမိန်းမပျိုလေးက သူ့အား စေ့စေ့စပ်စပ် အကဲခတ်လာလေသည်။ အတန်ကြာ အကဲခတ်၍မပြီးသောကြောင့် အနေရခက်လာသဖြင့် သူ့ဘက်မှ စကားစဆိုကြည့်လိုက်သည်။
" ဒီက သခင်မလေးက ကျောက်စိမ်းဖြူလေးလို ၊ ပန်းမာလာတွေလို လှပလွန်းလိုက်တာ ။ ရုပ်ဆင်းအင်္ဂါ အချိုးကျပြေပြစ်နေပုံကလည်း နတ်သမီးလေးတစ်ပါး အလားပါပဲ "
"ဘာ!!!!! ခင်ဗျား အဲ့ဒီစကား နောက်တစ်ခေါက်ထပ်ပြောလိုက်စမ်း!!!!! "
သူ့ချီးမွမ်းစကား မဆုံးခင်မှာပင် အိမ်တော်ထိန်း၏မျက်နှာမှာ လုံး၀ဖြူဆုတ်သွားလေသည်။ ထိုမိန်းမပျိုလေးကလည်း သူ့အား ဒေါသတကြီး အော်ပြောလာသဖြင့် ၀မ်တာ့ပေါ်လည်း လန့်ဖျတ်သွားရချေ၏။
အဘယ်ကြောင့်နည်း။
သူ ချီးမွမ်းလိုက်သောစကားက
ကြမ်းထော်နေလို့များလား။
ဒီထက်ပို၍ နူးညံ့လှပသော ခမ်းနားကြီးကျယ်သော ဥပမာများ အလင်္ကာများ လိုအပ်နေသေးလို့လား ။
မြတ်စွာဘုရား ၊ကယ်တော်မူပါ ။ သူ့မှာ လူပေလူတေ ဓားပြဗိုလ်အဆင့်လောက်ပဲရှိတာမို့ စာတွေကဗျာတွေ မဖွဲ့တတ်ရိုးအမှန်ပါလေ။
"ရှောင်၀မ်ရယ်ခင်ဗျာ ။ ဒီလူက လူသူကင်းဝေးတဲ့ ဟိုး တောကြိုအုံကြားကနေ လာတဲ့ အမိုက်အမဲမို့လို့ စိတ်ထဲမထားလိုက်ပါနဲ့နော် "
"ရှောင်... ၀မ် ....ရယ်... ??"
"ဟွန်း"
(T/N : မင်းညီမင်းသားတွေ ၊ ဒါမှမဟုတ် အခုကိစ္စမှာဆို ရှီးနန်မှာ သွမ့်ပိုင်ယွဲ့က သူကိုယ်တိုင် ဘုရင်ဖြစ်နေတာမို့ တခြားသူတွေက သူ့ကို "Wangye " ၀မ်ရယ်လို့ ခေါ်ပြီး သူ့ကိုယ်သူကို "Ben Wang" ပန်၀မ်လို့ သုံးနှုန်းပါတယ်။ Xiao (ရှောင်)ကတော့ အများသိပြီးတဲ့အတိုင်း အငယ်ဆိုတဲ့သဘောပါပဲ)
ထို့နောက်တွင် မိန်းမပျိုလေး ၊ အတိအကျဆိုရလျှင် ထိုလုလင်ပျိုလေးက မကျေမနပ်
ဆောင့်ဆောင့်အောင့်အောင့် လှည့်ထွက်သွားကာ အိမ်တော်ထဲ ၀င်သွားလေ၏။
"မင်းအပြောအဆိုတွေ သေချာ ဆင်ခြင်စမ်း"
အိမ်တော်ထိန်းမှလည်း သူ့အား
ကြိမ်းမောင်းလာသည်။
"ကံကောင်းပေလို့ ရှောင်၀မ်ရယ်က မင်းကို အရေးမယူတာ ။ ခဏနေ ၀မ်ရယ်နဲ့ တွေ့ရတော့လည်း ခုလို အရိပ်အကဲနားမလည်သေးရင် မင်းရဲ့ခေါင်းတော့ ဇက်ကနေ ပြုတ်ပြီသာမှတ်"
၀မ်တာ့ပေါ်ရင်ထဲ ခါးသက်သက်ကြီး မွန်းကျပ်လို့နေသည်။ ရှီးနန်စံအိမ်တော်အတွင်း ရှောင်၀မ်ရယ်တစ်ဦးရှိကြောင်း ကြားဖူးနား၀ရှိပါရဲ့ ။ ညီအစ်ကိုနှစ်ယောက်လုံး
အကျင့်စရိုက်ချင်း တစ်ထေရာတည်း တူသည်ဟုလည်း ကြားဖူးပါရဲ့ ။
ဘယ်သူကများ ဒီပုံစံနဲ့ ဗြုန်းစားကြီး တွေ့ရမယ်လို့ ထင်ထားမှာတဲ့လဲ။ ရှီးနန်၀မ်လည်း ဒီလို ၀တ်စုံအဖြူဖားယားဖားယားကြီးနဲ့ တစ်အိမ်လုံးလျှောက်ပတ်သွားတတ်တယ်လို့တော့ ငါ့လာမပြောနဲ့နော်။
၀မ်တာ့ပေါ်လည်း စိတ်မသက်မသာဖြစ်ရင်းအိမ်တော်ထိန်း၏လမ်းပြမှုနောက်ကိုဆက်လက်လိုက်ပါလာလေသည်။
ဧည့်ခန်းဆောင်သို့အရောက်တွင်လည်း လက်ဖက်ရည်သောက်နေရင်း ခေတ္တ ထိုင်စောင့်နေရပေသည်။
အမွှေးတိုင်တစ်တိုင်စာ အချိန် ကုန်လွန်သွားတော့မှ အပြင်ဘက်က တဖြည်းဖြည်းနီးကပ်လာသော ခြေသံများကို ကြားရလာချေပြီ။
ထို့နောက် "၀မ်ရယ်ကို ဂါရ၀ပြုပါတယ်"ဟု အစောင့်ရဲမက်များ၏ ညီညီညာညာ သောင်းသောင်းဖျဖျ နှုတ်ဆက်သံကိုပါ ကြားလိုက်ရလေသည်။ ၀မ်တာ့ပေါ်လည်း ထိုင်ရာမှ ကမန်းကတမ်းထကာ အရိုအသေပြု နှုတ်ဆက်လိုက်လေသည်။
"၀မ်ရယ်ကို ကျွန်တော်မျိုး ဂါရ၀ပြုပါတယ်"
သွမ့်ပိုင်ယွဲ့က ၎င်း၏ထိုင်နေကျထိုင်ခုံပေါ် နေရာယူရင်း လာရင်းကိစ္စကို မေးလာသည်။
"ရတနာကို တူးဖော်ရှာတွေ့ခဲ့တဲ့တစ်ယောက်ဆိုတာ မင်းလား"
"ဟုတ်ပါတယ် ၊ ကျွန်တော်မျိုးပါပဲ"
၀မ်တာ့ပေါ်တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် ဣန္ဒြေပင် မဆည်နိုင်တော့။ လက်ဆောင်ပဏ္ဏာဘူးကို ဆက်သလိုက်ရင်း နာမည်ကျော်ကြားလှသော ရှီးနန်၀မ်အား မသိမသာ ချောင်းကြည့်လိုက်သည်။
ချောမောပြေပြစ်သော မျက်နှာသွင်ပြင် ၊
မြင့်မားသော အရပ်အမောင်း ၊
ကျစ်လျစ်ကြံ့ခိုင်သော ကိုယ်ခန္ဓာ၊
ခမ်းနားထည်ဝါလွန်းသော ခရမ်းရောင်အဆင်း ၀တ်ရုံ။
အမှန်ပင် အညတရလူတို့ထက် သာလွန်သော ဘုန်းအရှိန်အဝါကို ထိတွေ့ခံစား၍ရနေပေသည်။ မြင်လိုက်ရုံနှင့် မိမိအတွက် အမှီကောင်းတစ်ယောက် ဖြစ်လာမည်မှာမလွဲပေ။
သွမ့်ပိုင်ယွဲ့က ဘူးကိုဖွင့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလာသည်။
"ကျောက်တုံး?"
"ကျောက်တုံးဆိုပေမယ့် သာမန်ကျောက်တုံး မဟုတ်ရပါ အရှင်"
၀မ်တာ့ပေါ်က လျို့ဝှက်သောအကြောင်းခြင်းရာကို ပြောဆိုတော့မည့်နှယ် ရှေ့တစ်လှမ်းတိုးလာကာ ထိုကျောက်တုံးပေါ်ရှိ တစ်စုံတစ်ခုအား လက်ညှိုးညွှန်ပြလာ၏။
၎င်းမှာ ခက်ထန်ကြမ်းကြုတ်သည့်အသွင်ရှိသော ရှီးနန်ကျားရိုင်းတစ်ကောင်က ရွှေရောင်နဂါးကို ၎င်း၏ခြေဖြင့် ဖိနှိပ်နင်းခြေထားသည့်ပုံကို ထွင်းထုထားသည်။ ဆိုလိုရင်းကို ထပ်၍ရှင်းပြစရာမလိုလောက်အောင် ရှင်းလင်းနေသော နားလည်လွယ်နေသည်။
ရှီးနန်၀မ်ဘက်တော့ မည်သည့်စကားမျှမဆို။
၀မ်တာ့ပေါ်ဘက်ကတော့ မျှော်လင့်ချက်များ တရိပ်ရိပ် တက်လာနေပြီ။
"ကောင်းပြီ"
တစ်အောင့်လောက်ကြာတော့မှ ရှီးနန်၀မ် စကားဆိုလာ၏။ စိတ်လှုပ်ရှားရလွန်း၍ နှလုံးခုန်ရပ်မတတ်ဖြစ်နေသော ၀မ်တာ့ပေါ်မှာ ယခုမှ ရင်ထဲပေါ့ပါးသွားရလေသည်။ ငွေကြေးဓန လာဘ်လာဘနှင့်ပြည့်စုံသော အနာဂတ်တစ်ခုကို စပြီး မြင်လာသယောင်ယောင်။
"ဒီနောက်ပိုင်း မင်း ဘာဆက်လုပ်ဖို့ ကြံစည်ထားတာရှိသေးလဲ"
သွမ့်ပိုင်ယွဲ့က ထပ်မံမေးမြန်းလာ၏။
"ကံစီမံရာအတိုင်းပါ အရှင်"
၀မ်တာ့ပေါ်မှာ ရှေ့တစ်လှမ်းထပ်တိုးကာ
ဆိုလာ၏ ။
"တကယ်လို့ တိုင်းသူပြည်သားတွေသာ ဒီကျောက်တုံးကို မြင်ကြရရင်တော့ ၀မ်ရယ့်အတွက် အင်မတန်မှ အကျိုးကျေးဇူးများမယ်လို့ ထင်ပါတယ်"
သွမ့်ပိုင်ယွဲ့ဘက်ကတော့ တုံ့ပြန်မှု အရပ်အယောင်တစ်စက်မျှ မပြဘဲ ငြိမ်သက်စွာသာ ဆက်လက်နားထောင်နေသည်။ ၀မ်တာ့ပေါ်လည်းတစ်လှမ်းချင်းတိုးပြီး တဖြည်းဖြည်း နီးကပ်လာသည်မှာ လူချင်းပူးကပ်လုနီးပါးပင်။
"၀မ်ရယ်ရော ဘယ်လိုမြင်ပါသလဲ"
"မဆိုးဘူး ။ ချူမြို့တော်ဘက်က တကူးတကလာခဲ့တဲ့ ဧည့်သည်တော်
ပီသပါပေတယ်။"
သွမ့်ပိုင်ယွဲ့က ခေါင်းတညိတ်ညိတ်နှင့်
ဆက်ဆိုလာ၏။
"မင်း အခုကစပြီးတော့ ရှီးနန်စံအိမ်အတွင်းမှာပဲ လာနေလိုက်ပါ"
"တကယ်ကြီးလား ၀မ်ရယ်!!!!"
လက်ဆောင်ပဏ္ဏာလာဆက်သရုံမျှနှင့် ဤမျှအလွယ်တကူပင် စံအိမ်တော်အတွင်းနေ အရေးကြီးပုဂ္ဂိုလ်အဖြစ် အရေးပေးခံရမည်ဟု သူ အိပ်မက်ပင်မမက်စဖူး။ ပီတိဖြာရလွန်း၍ မူးမေ့လဲချင်ချင်ပင် ခံစားရလာသည်။
"အမှန်ပေါ့"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ထောက်ခံပြလိုက်ပြီး အပြင်ဘက်သို့ လှည့်ကာ
" ယောင်အာ"
"ပြော ... ဘာကိစ္စ"
စောနက ဥယျာဥ်တွင်းတွေ့လိုက်သော လူငယ်လေးပင်။
"ဧည့်သည်ကို ဧည့်နားနေဆောင်ကို လိုက်ပို့လိုက် ၊ ပန်၀မ်ခွင့်ပြုချက်မရမချင်း ဘယ်မှထွက်မသွားစေနဲ့ "
"ဟုတ်ပြီ။ ကဲ....သွားကြစို့"
ထိုလူငယ်က သူ့အားတစ်ချက်မှစောင်းငဲ့မကြည့်ဘဲ ဆိုလာ၏။
"မြန်မြန်လာ.....ခဏနေ ကျုပ်သွားလုပ်စရာ ကိစ္စတွေ တစ်ပုံကြီးကျန်သေးတယ် "
"ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ ၀မ်ရယ်ကို ကျေးဇူးအထူးတင်ပါတယ် ၊ ရှောင်၀မ်ရယ်ကိုလည်း ကျေးဇူးတင်ပါတယ်"
၀မ်တာ့ပေါ်မှာ "ပန်၀မ် ခွင့်ပြုချက်မရမချင်း ဘယ်မှထွက်မသွားစေနဲ့" ဟူသောစကားကို
တွေးတောချိန်ပင်မရလိုက်ဘဲ အပြင်ဘက်သို့ ဒရောသောပါး လိုက်လာခဲ့ရလေသည်။
ထိုလူငယ်လေးမှာ ပိန်သွယ်သော ခန္ဓာကိုယ်ရှိလင့်ကစား လမ်းလျှောက်သောအခါ သွက်လက်မြန်ဆန်လွန်းသည်။အစပိုင်းက ခပ်သော့သော့ အမြန်လျှောက်လျှင် မီသော်လည်း နောက်ပိုင်းကျ အပြေးလိုက်ရလေသည် ၊ ဟောဟဲလိုက်ကာ အသက်ရှူခက်သည့်အထိ ၊ မူးမေ့လဲချင်ချင်ဖြစ်သည့်အထိပင်။
"ရောက်ပြီ၊ ၀င်သွားတော့။ "
လူငယ်လေးက ခြေလှမ်းကိုတုံ့ဆိုင်းလိုက်ကာ စိတ်မရှည်စွာ ဆိုလာသည်။
၀မ်တာ့ပေါ်မှာ မိမိရှေ့မှောက်ရှိ မည်းမှောင်နေသော အချုပ်ခန်းကိုမြင်သော် တစ်ကိုယ်လုံး တောင့်သွားရ၏။ ထို့နောက် ကြိုးစား၍ပြုံးကာ ချိုသာစွာဖြင့် မေးကြည့်လိုက်သည်။
"တစ်ခုခု နားလည်မှု လွဲနေတာများလား အရှင်"
သူမှတ်မိသလောက်ကတော့ ဧည့်နားနေဆောင်ဟု ရှီးနန်၀မ်ပြောလိုက်သည်မဟုတ်လား။
"လွဲစရာမရှိပါဘူး ။ ရှီးနန်စံအိမ်တော်ရဲ့ ဧည့်နားနေဆောင်ကတော့ ဒီလိုပုံစံပဲ ။ ယုံချင်ယုံ မယုံချင်နေ ၊ ခင်ဗျားသဘော။ ကြိုက်သလိုနေ ၊ငတ်ပြီး မသေဘူးလို့တော့ အာမခံတယ်"
လူငယ်လေးက အင်္ကျီလက်စကို ခါလိုက်ကာ
လာရာလမ်းဘက် ပြန်လှည့်သွားလေပြီ။
"ရှောင်၀မ်ရယ်....."
၀မ်တာ့ပေါ်က ရှင်းပြချက်အနည်းငယ်ထပ်မံကြားလို၍ ထိုလူငယ်အား ဆွဲထားမည်အပြု
အစောင့်တပ်သား နှစ်ယောက်သုံးယောက်က
သူ့အား ဝိုင်း၀န်း ဖမ်းချုပ်ကာ အချုပ်ခန်းထဲ ထည့်သွင်းပိတ်လှောင်ထားလိုက်လေပြီ။
"၀မ်ရယ် .......မြို့တော်ကနေ သ၀ဏ်လွှာ ရောက်ရှိလာကြောင်းပါ "
အိမ်တော်ထိန်းက ဂါရ၀ပြုရင်း အကြောင်းကြားလာ၏။
"အင်း"
ရှီးနန်၀မ်တစ်ယောက် အင်မတန်၀မ်းသာရွှင်ပျဟန် ရသွားကာ ထိုကျောက်တုံးကိုချပြီး
စာကြည့်ခန်းဘက်သို့ ဦးတည်ထွက်သွားလေသည်။
*******
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းထောင်ချီကွာဝေးသော ဒေသ၌ - လက်ရှိ တိုင်းပြည်သခင်ဖြစ်သူ ဧကရာဇ်ချူယွမ်ကမူ ရွှေစိတ်တော် ညစ်ညူးနေရရှာသည်။
"အရှင်မင်းမြတ် ၊ ပွဲတော်တည်ဖို့ အချိန်လင့်နေပြီဖြစ်ကြောင်းပါ အရှင်"
ရှစ်ဇီကုန်းကုန်း - သို့မဟုတ် လက်ရှိဧကရာဇ်၏ အရင်းနှီးဆုံး အပါးတော်မြဲမှ
ခပ်တိုးတိုး လျှောက်တင်လာ၏။
"ကိုယ်တော် မစားချင်သေးဘူး ။စားဖိုဆောင်ကအမှုထမ်းတွေ လာသိမ်းခိုင်းလှည့် "
ချူယွမ်တစ်ယောက် လက်ထဲမှ လက်ဖက်ရည်ခွက်အား ဘေးသို့အသာချထားလိုက်၏။ အနည်းငယ်စိတ်အနှောက်အယှက် ထပ်ဖြစ်သွားသည့်နှယ်။
ရှစ်ဇီကုန်းကုန်းလည်း ဧကရာဇ်အား အရိုအသေပြုလိုက်ကာ ရွှေနန်းဆောင် တံခါးကိုပါ အသာအယာ ပိတ်ပေးပြီး ထွက်သွား၏။ ထို့နောက်တွင် သက်ပြင်းဖွဖွ ခိုးချရုံမှတစ်ပါးဘာမျှ မတတ်နိုင်တော့။
နန်းတက်ပြီးသည်မှာ နှစ်နှစ်ပင် ကျော်ခဲ့လေပြီ။ဤကာလတစ်လျှောက်လုံး ဧကရာဇ်အရှင်ကမူ အမြဲတစေ စိတ်ဖိစီးမှုပေါင်းများစွာနှင့်။
အမွှေးတိုင်တစ်တိုင်စာ အချိန် (နာရီ၀က်ခန့်)ကုန်လွန်သော် ချူယွမ်က လက်ထဲမှ စာလွှာကိုအောက်ချပြီး အပြင်မှ အစောင့်ရဲမက်များအား ခေါ်ကာဒေါသတကြီး အမိန့်ပေးလာသည်။ စက်တော်ခေါ်ရာ အိပ်ခန်းဆောင်၏ ပုရဝုဏ်အတွင်းရှိ မေဟွားပင်ကို အမြစ်မှလှန်ကာ တူးထုတ်ဖယ်ရှားပစ်ခိုင်းသည့် အမိန့်ဖြစ်သည်။ ဝေးနိုင်သမျှ အဝေးဆုံးသို့ သွားရောက်စွန့်ပစ်စေဟူ၍လည်း မိန့်ဆိုလာပေ၏။
အမိန့်တော်ကိုလက်ခံရပြီးသည်နှင့် လူတိုင်းက စည်းစနစ်ကျစွာ ကိုယ်စီကိုယ်ငှ တာ၀န်ကိုယ်စီ တိတိကျကျ ခွဲဝေကာ လုပ်ကိုင်ကြပေသည်။ ဤကိစ္စမှာ မြန်ဆန်သွက်လက်စွာ လုပ်ဆောင်ရမည့်အပြင် ထိုသို့ တူးထုတ်ရာတွင်လည်း မြေဆီမြေနှစ်များကိုပါ များများစားစား တူးထုတ်လာရသည် ၊ အရေးအကြီးဆုံးကား အမြစ်များကို မထိခိုက်စေရန် သတိကြီးစွာထား၍ ဖယ်ထုတ်ရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အလွန်ဆုံး နောက်သုံးရက်အတွင်း ဤမေဟွားပင်ကို နဂိုနေရာသို့ ပြန်လာစိုက်စေဟု ဧကရာဇ်အရှင်ထံမှ အမိန့်စကားတစ်ခု မြေကြီးလက်ခတ်မလွဲ ရောက်လာဦးမည်လေ။
အေးစက်နေသော ဆောင်းဥတုတွင်ပင် ထိုအပင်ကို ပန်းပွင့်စေချင်သည့် ဆန္ဒ ရှိလိုလည်းရှိနေတော်မူတတ်သည်။
ဤခုနစ်နှစ်အတွင်း ဤအပင်ကြီးကို နှုတ်လိုက်ပြန်စိုက်လိုက် ၊ ပြန်နှုတ်လိုက်ပြန်စိုက်လိုက်နှင့် မရပ်မနား လုပ်နေခဲ့သည်။ အခြားအပင်သာဆိုလျှင် ခြောက်သွေ့နွမ်းရော်ကာ သေဆုံးသွားလောက်ပေပြီ။ သို့သော် ဤအပင်ကြီးကမူ တစ်နှစ်ထက်တစ်နှစ် လှသထက်လှအောင် ဖူးပွင့်လာသတတ်။
အင်မတန်မှ ထူးဆန်းသော ဖြစ်ရပ်တစ်ခုပါပေ။
ယခုညမှာ ဆောင်းချိန်ခါမဟုတ်တော့သော်ငြား မြို့တော်တစ်ခွင်မှာ အအေးဓာတ်လွန်ကဲနေလျက်ပင်ရှိသေးသည်။ အိမ်တိုင်းအိမ်တိုင်းမှာ တံခါးများကိုအလုံပိတ်ကာ ညဦးပိုင်းကတည်းက စောင်ပုံကြားတိုး၀င်ကာအိပ်ရာ၀င်ကြချေပြီ။ ညသန်းခေါင်ယံရောက်ခါနီးအချိန်တွင်မူ ရုတ်တရက်ဆိုသလို အော်သံစူးစူးတစ်ခု လွင့်ပျံ့၍လာသည်။
လွန်စွာ ကြောက်လန့်တုန်လှုပ်နေသော ကင်းလှည့်သမားထံမှ အာခေါင်ခြစ်အော်ဟစ်သံဖြစ်၏။
"ကယ်ကြပါဦး....လူတစ်ယောက် သေနေလို့"
မကြာမီအချိန်အတွင်းတွင် အခင်းဖြစ်ရာနေရာသို့ ကင်းလှည့်တပ်သားများ ရောက်ရှိလာသည်။ အခင်းဖြစ်ပွားရာ လမ်းကျဥ်းလေးထဲတွင် သွေးဖြင့် နီစွေးနေလျက် ။ မြင်ရသူအပေါင်းအတွက် အနိဋ္ဌာရုံဖြစ်စေလျက်။ အိပ်ရာ၀င်၀တ်စုံ ၀တ်ဆင်ထားနေသော အမျိုးသားတစ်ယောက် လဲကျနေလျက် ၊ ၎င်း၏ကျောပြင်တွင် ဓားတစ်ချောင်း စိုက်၀င်နေ၏။ အသက်ဆုံးရှုံးနေသည်မှာ အတန်ငယ်ကြာခဲ့ပုံရသည်။
ကင်းလှည့်တပ်သားတစ်ယောက်က ထိုအလောင်းအား လှန်ကြည့်လိုက်သာ်။ သေဆုံးသူ၏ မျက်နှာကို မြင်ရသော် အင်မတန်မှ ထိတ်လန့်သွားရလေ။ နောက်တစ်ကြိမ် ထပ်မံ သေချာစေ့စပ်စွာ ထပ်စစ်ဆေးပြီး သေချာတော့မှ ဆိုလာသည်။
"တပ်မှူးအား အစီရင်ခံပါတယ်။ သေဆုံးသူက အားနူနယ်ရဲ့ရှောင်၀မ်ရယ်နဲ့ အတော်ဆင်တူနေကြောင်းပါ "
********
T/N : မေဟွားပင် ( Mei hua ) = ဇီးပန်းပင်လို့လည်း ပြောကြသလို မက်မန်းပင်လို့ ဘာသာပြန်ကြတဲ့သူတွေလည်း ရှိပါတယ်။ Eng transမှာတော့ Plum treeပါ။ ဇီးပန်းပင်ဘက် အားသာနေပေမယ့် ခေါ်ရတာသိပ်သဘောမကျတာမို့ မေဟွားပင်လို့ပဲ ဆက်လက်သုံးနှုန်းသွားပါ့မယ်။
အေးစက်နေတဲ့ ဟေမန်ဆောင်းရဲ့ နှင်းထုကြားမှာတောင် ပွင့်ဖူးလာနိုင်တဲ့ပန်းမို့ အခက်အခဲကြား၊ ဒုက္ခတွေကြားထဲ
ကြံ့ကြံ့ခိုင်ရပ်တည်နိုင်ခြင်း ၊ မဆုတ်မနစ်သော လုံ့လ၀ီရိယဖြင့် အားထုတ်တတ်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် တင်စားကြတဲ့ပန်းပါ။
ဒီဇာတ်လမ်းထဲက တစ်ယောက်သောသူရဲ့ စိတ်နေသဘောထားနဲ့ တော်တော်လေး ဆင်တူနေလေရဲ့။
Chapter 1 ends.
********
{ အခန်း - ၁ - အဆက် }
ေဝါယာဥ္ေပၚမွ ဆင္းၿပီးသည္ႏွင့္ ၀မ္တာ့ေပၚသည္လည္း အိမ္ေတာ္ထိန္း၏ လမ္းျပမႈေနာက္မွလိုက္ကာ စံအိမ္ေတာ္၀န္းအတြင္းသို႔ ၀င္ေရာက္လာခဲ့သည္။စံအိမ္ေတာ္၏ ဗိသုကာလက္ရာမွာ တာ့လီၿမိဳ႔ရိွ အျခားအေဆာက္အၪီး ဗိသုကာလက္ရာမ်ားႏွင့္မတူဘဲ နန္းေတာ္ထဲရိွ ဧကရာဇ္စံျမန္းရာ ေရႊနန္းေဆာင္ႏွင့္ သြား၍ ဆင္တူေပ၏။ ဤအခ်က္မ်ားႏွင့္ပင္ ရွီးနန္၀မ္သည္ ဧကရာဇ္အေပၚ သစၥာေစာင့္သိလြန္းသျဖင့္ ပုန္ကန္လိုစိတ္အလ်ဥ္းမရိွေပဟု ေျပာလာလ်ွင္ေတာင္ ဘယ္လူၿပိန္းကမွ ယံုၾကည္ေပးလိမ့္မည္မဟုတ္ေခ်။
ေရ႔ွမလွမ္းမကမ္းရိွ ပန္းဥယ်ာဥ္အတြင္းတြင္
အျဖဴေရာင္၀တ္ရံု ဆင္ျမန္းထားေသာ မိန္းမပ်ိဳတစ္ၪီးက ေက်ာက္သားစားပြဲနားထိုင္ကာ အေဝးသို႔ ေငးေမာေနလ်က္ရိွသည္။
ထိုသူသည္ စံအိမ္ေတာ္၏အရွင္သခင္ျဖစ္ေၾကာင္း ၊ ခပ္ၾကာၾကာ စူးစိုက္မၾကည့္ေကာင္းေၾကာင္း အိမ္ေတာ္ထိန္းမွ သူ႔အား ခပ္တိုးတိုး သတိေပးလာသျဖင့္ ၀မ္တာ့ေပၚမွာ ေခါင္းျပန္ငံု႔ထားရေလသည္။
" ဪ ၊ ဧည့္သည္ေရာက္ေနတာလား "
သို႔ေသာ္ ထိုမိန္းကေလးက သူတို႔ႏွစ္ေယာက္အား ျမင္သြားကာ ရႊင္လန္းတက္ႂကြစြာ စကားစျမည္ ေျပာလာ၏။
"ဟုတ္ကဲ့ ၊ ၀မ္ရယ္ကို ဂါရ၀ျပဳဖို႔ ေရာက္လာတဲ့ ဧည့္သည္ပါ "
ထို႔ေနာက္ အႏွီမိန္းမပ်ိဳေလးက သူ႔အား ေစ့ေစ့စပ္စပ္ အကဲခတ္လာေလသည္။ အတန္ၾကာ အကဲခတ္၍မၿပီးေသာေၾကာင့္ အေနရခက္လာသျဖင့္ သူ႔ဘက္မွ စကားစဆိုၾကည့္လိုက္သည္။
" ဒီက သခင္မေလးက ေက်ာက္စိမ္းျဖဴေလးလို ၊ ပန္းမာလာေတြလို လွပလြန္းလိုက္တာ ။ ရုပ္ဆင္းအဂၤါ အခ်ိဳးက်ေျပျပစ္ေနပံုကလည္း နတ္သမီးေလးတစ္ပါး အလားပါပဲ "
"ဘာ!!!!! ခင္ဗ်ား အဲ့ဒီစကား ေနာက္တစ္ေခါက္ထပ္ေျပာလိုက္စမ္း!!!!! "
သူ႔ခ်ီးမြမ္းစကား မဆံုးခင္မွာပင္ အိမ္ေတာ္ထိန္း၏မ်က္ႏွာမွာ လံုး၀ျဖဴဆုတ္သြားေလသည္။ ထိုမိန္းမပ်ိဳေလးကလည္း သူ႔အား ေဒါသတႀကီး ေအာ္ေျပာလာသျဖင့္ ၀မ္တာ့ေပၚလည္း လန္႔ဖ်တ္သြားရေခ်၏။
အဘယ္ေၾကာင့္နည္း။
သူ ခ်ီးမြမ္းလိုက္ေသာစကားက
ၾကမ္းေထာ္ေနလို႔မ်ားလား။
ဒီထက္ပို၍ ႏူးညံ့လွပေသာ ခမ္းနားႀကီးက်ယ္ေသာ ဥပမာမ်ား အလကၤာမ်ား လိုအပ္ေနေသးလို႔လား ။
ျမတ္စြာဘုရား ၊ကယ္ေတာ္မူပါ ။ သူ႔မွာ လူေပလူေတ ဓားျပဗိုလ္အဆင့္ေလာက္ပဲရိွတာမို႔ စာေတြကဗ်ာေတြ မဖြဲ႔တတ္ရိုးအမွန္ပါေလ။
"ေရွာင္၀မ္ရယ္ခင္ဗ်ာ ။ ဒီလူက လူသူကင္းေဝးတဲ့ ဟိုး ေတာႀကိဳအံုၾကားကေန လာတဲ့ အမိုက္အမဲမို႔လို႔ စိတ္ထဲမထားလိုက္ပါနဲ႔ေနာ္ "
"ေရွာင္... ၀မ္ ....ရယ္... ??"
"ဟြန္း"
(T/N : မင္းညီမင္းသားေတြ ၊ ဒါမွမဟုတ္ အခုကိစၥမွာဆို ရွီးနန္မွာ သြမ့္ပိုင္ယြဲ႔က သူကိုယ္တိုင္ ဘုရင္ျဖစ္ေနတာမို႔ တျခားသူေတြက သူ႔ကို "Wangye " ၀မ္ရယ္လို႔ ေခၚၿပီး သူ႔ကိုယ္သူကို "Ben Wang" ပန္၀မ္လို႔ သံုးႏႈန္းပါတယ္။ Xiao (ေရွာင္)ကေတာ့ အမ်ားသိၿပီးတဲ့အတိုင္း အငယ္ဆိုတဲ့သေဘာပါပဲ)
ထို႔ေနာက္တြင္ မိန္းမပ်ိဳေလး ၊ အတိအက်ဆိုရလ်ွင္ ထိုလုလင္ပ်ိဳေလးက မေက်မနပ္
ေဆာင့္ေဆာင့္ေအာင့္ေအာင့္ လွည့္ထြက္သြားကာ အိမ္ေတာ္ထဲ ၀င္သြားေလ၏။
"မင္းအေျပာအဆိုေတြ ေသခ်ာ ဆင္ျခင္စမ္း"
အိမ္ေတာ္ထိန္းမွလည္း သူ႔အား
ႀကိမ္းေမာင္းလာသည္။
"ကံေကာင္းေပလို႔ ေရွာင္၀မ္ရယ္က မင္းကို အေရးမယူတာ ။ ခဏေန ၀မ္ရယ္နဲ႔ ေတြ့ရေတာ့လည္း ခုလို အရိပ္အကဲနားမလည္ေသးရင္ မင္းရဲ့ေခါင္းေတာ့ ဇက္ကေန ျပဳတ္ၿပီသာမွတ္"
၀မ္တာ့ေပၚရင္ထဲ ခါးသက္သက္ႀကီး မြန္းက်ပ္လို႔ေနသည္။ ရွီးနန္စံအိမ္ေတာ္အတြင္း ေရွာင္၀မ္ရယ္တစ္ၪီးရိွေၾကာင္း ၾကားဖူးနား၀ရိွပါရဲ့ ။ ညီအစ္ကိုႏွစ္ေယာက္လံုး
အက်င့္စရိုက္ခ်င္း တစ္ေထရာတည္း တူသည္ဟုလည္း ၾကားဖူးပါရဲ့ ။
ဘယ္သူကမ်ား ဒီပံုစံနဲ႔ ျဗဳန္းစားႀကီး ေတြ့ရမယ္လို႔ ထင္ထားမွာတဲ့လဲ။ ရွီးနန္၀မ္လည္း ဒီလို ၀တ္စံုအျဖဴဖားယားဖားယားႀကီးနဲ႔ တစ္အိမ္လံုးေလ်ွာက္ပတ္သြားတတ္တယ္လို႔ေတာ့ ငါ့လာမေျပာနဲ႔ေနာ္။
၀မ္တာ့ေပၚလည္း စိတ္မသက္မသာျဖစ္ရင္းအိမ္ေတာ္ထိန္း၏လမ္းျပမႈေနာက္ကိုဆက္လက္လိုက္ပါလာေလသည္။
ဧည့္ခန္းေဆာင္သို႔အေရာက္တြင္လည္း လက္ဖက္ရည္ေသာက္ေနရင္း ေခတၲ ထိုင္ေစာင့္ေနရေပသည္။
အေမႊးတိုင္တစ္တိုင္စာ အခ်ိန္ ကုန္လြန္သြားေတာ့မွ အျပင္ဘက္က တျဖည္းျဖည္းနီးကပ္လာေသာ ေျခသံမ်ားကို ၾကားရလာေခ်ၿပီ။
ထို႔ေနာက္ "၀မ္ရယ္ကို ဂါရ၀ျပဳပါတယ္"ဟု အေစာင့္ရဲမက္မ်ား၏ ညီညီညာညာ ေသာင္းေသာင္းဖ်ဖ် ႏႈတ္ဆက္သံကိုပါ ၾကားလိုက္ရေလသည္။ ၀မ္တာ့ေပၚလည္း ထိုင္ရာမွ ကမန္းကတမ္းထကာ အရိုအေသျပဳ ႏႈတ္ဆက္လိုက္ေလသည္။
"၀မ္ရယ္ကို ကြၽန္ေတာ္မ်ိဳး ဂါရ၀ျပဳပါတယ္"
သြမ့္ပိုင္ယြဲ႔က ၄၏ထိုင္ေနက်ထိုင္ခံုေပၚ ေနရာယူရင္း လာရင္းကိစၥကို ေမးလာသည္။
"ရတနာကို တူးေဖာ္ရွာေတြ့ခဲ့တဲ့တစ္ေယာက္ဆိုတာ မင္းလား"
"ဟုတ္ပါတယ္ ၊ ကြၽန္ေတာ္မ်ိဳးပါပဲ"
၀မ္တာ့ေပၚတစ္ေယာက္ စိတ္လႈပ္ရွားလြန္းသျဖင့္ ဣႁႏၵေပင္ မဆည္ႏိုင္ေတာ့။ လက္ေဆာင္ပဏၰာဘူးကို ဆက္သလိုက္ရင္း နာမည္ေက်ာ္ၾကားလွေသာ ရွီးနန္၀မ္အား မသိမသာ ေခ်ာင္းၾကည့္လိုက္သည္။
ေခ်ာေမာေျပျပစ္ေသာ မ်က္ႏွာသြင္ျပင္ ၊
ျမင့္မားေသာ အရပ္အေမာင္း ၊
က်စ္လ်စ္ႀကံ့ခိုင္ေသာ ကိုယ္ခႏၶာ၊
ခမ္းနားထည္ဝါလြန္းေသာ ခရမ္းေရာင္အဆင္း ၀တ္ရံု။
အမွန္ပင္ အညတရလူတို႔ထက္ သာလြန္ေသာ ဘုန္းအရိွန္အဝါကို ထိေတြ့ခံစား၍ရေနေပသည္။ ျမင္လိုက္ရံုႏွင့္ မိမိအတြက္ အမွီေကာင္းတစ္ေယာက္ ျဖစ္လာမည္မွာမလြဲေပ။
သြမ့္ပိုင္ယြဲ႔က ဘူးကိုဖြင့္လိုက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္ကာ ဆိုလာသည္။
"ေက်ာက္တံုး?"
"ေက်ာက္တံုးဆိုေပမယ့္ သာမန္ေက်ာက္တံုး မဟုတ္ရပါ အရွင္"
၀မ္တာ့ေပၚက လ်ိဳ႕ဝွက္ေသာအေၾကာင္းျခင္းရာကို ေျပာဆိုေတာ့မည့္ႏွယ္ ေရ႔ွတစ္လွမ္းတိုးလာကာ ထိုေက်ာက္တံုးေပၚရိွ တစ္စံုတစ္ခုအား လက္ၫွိုးၫႊန္ျပလာ၏။
၄မွာ ခက္ထန္ၾကမ္းၾကဳတ္သည့္အသြင္ရိွေသာ ရွီးနန္က်ားရိုင္းတစ္ေကာင္က ေရႊေရာင္နဂါးကို ၄၏ေျချဖင့္ ဖိႏိွပ္နင္းေျခထားသည့္ပံုကို ထြင္းထုထားသည္။ ဆိုလိုရင္းကို ထပ္၍ရွင္းျပစရာမလိုေလာက္ေအာင္ ရွင္းလင္းေနေသာ နားလည္လြယ္ေနသည္။
ရွီးနန္၀မ္ဘက္ေတာ့ မည္သည့္စကားမ်ွမဆို။
၀မ္တာ့ေပၚဘက္ကေတာ့ ေမ်ွာ္လင့္ခ်က္မ်ား တရိပ္ရိပ္ တက္လာေနၿပီ။
"ေကာင္းၿပီ"
တစ္ေအာင့္ေလာက္ၾကာေတာ့မွ ရွီးနန္၀မ္ စကားဆိုလာ၏။ စိတ္လႈပ္ရွားရလြန္း၍ ႏွလံုးခုန္ရပ္မတတ္ျဖစ္ေနေသာ ၀မ္တာ့ေပၚမွာ ယခုမွ ရင္ထဲေပါ့ပါးသြားရေလသည္။ ေငြေၾကးဓန လာဘ္လာဘႏွင့္ျပည့္စံုေသာ အနာဂတ္တစ္ခုကို စၿပီး ျမင္လာသေယာင္ေယာင္။
"ဒီေနာက္ပိုင္း မင္း ဘာဆက္လုပ္ဖို႔ ႀကံစည္ထားတာရိွေသးလဲ"
သြမ့္ပိုင္ယြဲ႔က ထပ္မံေမးျမန္းလာ၏။
"ကံစီမံရာအတိုင္းပါ အရွင္"
၀မ္တာ့ေပၚမွာ ေရ႔ွတစ္လွမ္းထပ္တိုးကာ
ဆိုလာ၏ ။
"တကယ္လို႔ တိုင္းသူျပည္သားေတြသာ ဒီေက်ာက္တံုးကို ျမင္ၾကရရင္ေတာ့ ၀မ္ရယ့္အတြက္ အင္မတန္မွ အက်ိဳးေက်းဇူးမ်ားမယ္လို႔ ထင္ပါတယ္"
သြမ့္ပိုင္ယြဲ႔ဘက္ကေတာ့ တံု႔ျပန္မႈ အရပ္အေယာင္တစ္စက္မ်ွ မျပဘဲ ၿငိမ္သက္စြာသာ ဆက္လက္နားေထာင္ေနသည္။ ၀မ္တာ့ေပၚလည္းတစ္လွမ္းခ်င္းတိုးၿပီး တျဖည္းျဖည္း နီးကပ္လာသည္မွာ လူခ်င္းပူးကပ္လုနီးပါးပင္။
"၀မ္ရယ္ေရာ ဘယ္လိုျမင္ပါသလဲ"
"မဆိုးဘူး ။ ခ်ူၿမိဳ႔ေတာ္ဘက္က တကူးတကလာခဲ့တဲ့ ဧည့္သည္ေတာ္
ပီသပါေပတယ္။"
သြမ့္ပိုင္ယြဲ႔က ေခါင္းတညိတ္ညိတ္ႏွင့္
ဆက္ဆိုလာ၏။
"မင္း အခုကစၿပီးေတာ့ ရွီးနန္စံအိမ္အတြင္းမွာပဲ လာေနလိုက္ပါ"
"တကယ္ႀကီးလား ၀မ္ရယ္!!!!"
လက္ေဆာင္ပဏၰာလာဆက္သရံုမ်ွႏွင့္ ဤမ်ွအလြယ္တကူပင္ စံအိမ္ေတာ္အတြင္းေန အေရးႀကီးပုဂၢိုလ္အျဖစ္ အေရးေပးခံရမည္ဟု သူ အိပ္မက္ပင္မမက္စဖူး။ ပီတိျဖာရလြန္း၍ မူးေမ့လဲခ်င္ခ်င္ပင္ ခံစားရလာသည္။
"အမွန္ေပါ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ေထာက္ခံျပလိုက္ၿပီး အျပင္ဘက္သို႔ လွည့္ကာ
" ေယာင္အာ"
"ေျပာ ... ဘာကိစၥ"
ေစာနက ဥယ်ာဥ္တြင္းေတြ့လိုက္ေသာ လူငယ္ေလးပင္။
"ဧည့္သည္ကို ဧည့္နားေနေဆာင္ကို လိုက္ပို႔လိုက္ ၊ ပန္၀မ္ခြင့္ျပဳခ်က္မရမခ်င္း ဘယ္မွထြက္မသြားေစနဲ႔ "
"ဟုတ္ၿပီ။ ကဲ....သြားၾကစို႔"
ထိုလူငယ္က သူ႔အားတစ္ခ်က္မွေစာင္းငဲ့မၾကည့္ဘဲ ဆိုလာ၏။
"ျမန္ျမန္လာ.....ခဏေန က်ဳပ္သြားလုပ္စရာ ကိစၥေတြ တစ္ပံုႀကီးက်န္ေသးတယ္ "
"ဟုတ္ကဲ့ ဟုတ္ကဲ့ ၊ ၀မ္ရယ္ကို ေက်းဇူးအထူးတင္ပါတယ္ ၊ ေရွာင္၀မ္ရယ္ကိုလည္း ေက်းဇူးတင္ပါတယ္"
၀မ္တာ့ေပၚမွာ "ပန္၀မ္ ခြင့္ျပဳခ်က္မရမခ်င္း ဘယ္မွထြက္မသြားေစနဲ႔" ဟူေသာစကားကို
ေတြးေတာခ်ိန္ပင္မရလိုက္ဘဲ အျပင္ဘက္သို႔ ဒေရာေသာပါး လိုက္လာခဲ့ရေလသည္။
ထိုလူငယ္ေလးမွာ ပိန္သြယ္ေသာ ခႏၶာကိုယ္ရိွလင့္ကစား လမ္းေလ်ွာက္ေသာအခါ သြက္လက္ျမန္ဆန္လြန္းသည္။အစပိုင္းက ခပ္ေသာ့ေသာ့ အျမန္ေလ်ွာက္လ်ွင္ မီေသာ္လည္း ေနာက္ပိုင္းက် အေျပးလိုက္ရေလသည္ ၊ ေဟာဟဲလိုက္ကာ အသက္ရႉခက္သည့္အထိ ၊ မူးေမ့လဲခ်င္ခ်င္ျဖစ္သည့္အထိပင္။
"ေရာက္ၿပီ၊ ၀င္သြားေတာ့။ "
လူငယ္ေလးက ေျခလွမ္းကိုတံု႔ဆိုင္းလိုက္ကာ စိတ္မရွည္စြာ ဆိုလာသည္။
၀မ္တာ့ေပၚမွာ မိမိေရ႔ွေမွာက္ရိွ မည္းေမွာင္ေနေသာ အခ်ဳပ္ခန္းကိုျမင္ေသာ္ တစ္ကိုယ္လံုး ေတာင့္သြားရ၏။ ထို႔ေနာက္ ႀကိဳးစား၍ၿပံဳးကာ ခ်ိဳသာစြာျဖင့္ ေမးၾကည့္လိုက္သည္။
"တစ္ခုခု နားလည္မႈ လြဲေနတာမ်ားလား အရွင္"
သူမွတ္မိသေလာက္ကေတာ့ ဧည့္နားေနေဆာင္ဟု ရွီးနန္၀မ္ေျပာလိုက္သည္မဟုတ္လား။
"လြဲစရာမရိွပါဘူး ။ ရွီးနန္စံအိမ္ေတာ္ရဲ့ ဧည့္နားေနေဆာင္ကေတာ့ ဒီလိုပံုစံပဲ ။ ယံုခ်င္ယံု မယံုခ်င္ေန ၊ ခင္ဗ်ားသေဘာ။ ႀကိဳက္သလိုေန ၊ငတ္ၿပီး မေသဘူးလို႔ေတာ့ အာမခံတယ္"
လူငယ္ေလးက အက်ႌလက္စကို ခါလိုက္ကာ
လာရာလမ္းဘက္ ျပန္လွည့္သြားေလၿပီ။
"ေရွာင္၀မ္ရယ္....."
၀မ္တာ့ေပၚက ရွင္းျပခ်က္အနည္းငယ္ထပ္မံၾကားလို၍ ထိုလူငယ္အား ဆြဲထားမည္အျပဳ
အေစာင့္တပ္သား ႏွစ္ေယာက္သံုးေယာက္က
သူ႔အား ဝိုင္း၀န္း ဖမ္းခ်ဳပ္ကာ အခ်ဳပ္ခန္းထဲ ထည့္သြင္းပိတ္ေလွာင္ထားလိုက္ေလၿပီ။
"၀မ္ရယ္ .......ၿမိဳ႔ေတာ္ကေန သ၀ဏ္လႊာ ေရာက္ရိွလာေၾကာင္းပါ "
အိမ္ေတာ္ထိန္းက ဂါရ၀ျပဳရင္း အေၾကာင္းၾကားလာ၏။
"အင္း"
ရွီးနန္၀မ္တစ္ေယာက္ အင္မတန္၀မ္းသာရႊင္ပ်ဟန္ ရသြားကာ ထိုေက်ာက္တံုးကိုခ်ၿပီး
စာၾကည့္ခန္းဘက္သို႔ ၪီးတည္ထြက္သြားေလသည္။
*******
တစ္ခ်ိန္တည္းမွာပင္ မိုင္ေပါင္းေထာင္ခ်ီကြာေဝးေသာ ေဒသ၌ - လက္ရိွ တိုင္းျပည္သခင္ျဖစ္သူ ဧကရာဇ္ခ်ူယြမ္ကမူ ေရႊစိတ္ေတာ္ ညစ္ၫူးေနရရွာသည္။
"အရွင္မင္းျမတ္ ၊ ပြဲေတာ္တည္ဖို႔ အခ်ိန္လင့္ေနၿပီျဖစ္ေၾကာင္းပါ အရွင္"
ရွစ္ဇီကုန္းကုန္း - သို႔မဟုတ္ လက္ရိွဧကရာဇ္၏ အရင္းႏွီးဆံုး အပါးေတာ္ၿမဲမွ
ခပ္တိုးတိုး ေလ်ွာက္တင္လာ၏။
"ကိုယ္ေတာ္ မစားခ်င္ေသးဘူး ။စားဖိုေဆာင္ကအမႈထမ္းေတြ လာသိမ္းခိုင္းလွည့္ "
ခ်ူယြမ္တစ္ေယာက္ လက္ထဲမွ လက္ဖက္ရည္ခြက္အား ေဘးသို႔အသာခ်ထားလိုက္၏။ အနည္းငယ္စိတ္အေနွာက္အယွက္ ထပ္ျဖစ္သြားသည့္ႏွယ္။
ရွစ္ဇီကုန္းကုန္းလည္း ဧကရာဇ္အား အရိုအေသျပဳလိုက္ကာ ေရႊနန္းေဆာင္ တံခါးကိုပါ အသာအယာ ပိတ္ေပးၿပီး ထြက္သြား၏။ ထို႔ေနာက္တြင္ သက္ျပင္းဖြဖြ ခိုးခ်ရံုမွတစ္ပါးဘာမ်ွ မတတ္ႏိုင္ေတာ့။
နန္းတက္ၿပီးသည္မွာ ႏွစ္ႏွစ္ပင္ ေက်ာ္ခဲ့ေလၿပီ။ဤကာလတစ္ေလ်ွာက္လံုး ဧကရာဇ္အရွင္ကမူ အၿမဲတေစ စိတ္ဖိစီးမႈေပါင္းမ်ားစြာႏွင့္။
အေမႊးတိုင္တစ္တိုင္စာ အခ်ိန္ (နာရီ၀က္ခန္႔)ကုန္လြန္ေသာ္ ခ်ူယြမ္က လက္ထဲမွ စာလႊာကိုေအာက္ခ်ၿပီး အျပင္မွ အေစာင့္ရဲမက္မ်ားအား ေခၚကာေဒါသတႀကီး အမိန္႔ေပးလာသည္။ စက္ေတာ္ေခၚရာ အိပ္ခန္းေဆာင္၏ ပုရဝုဏ္အတြင္းရိွ ေမဟြားပင္ကို အျမစ္မွလွန္ကာ တူးထုတ္ဖယ္ရွားပစ္ခိုင္းသည့္ အမိန္႔ျဖစ္သည္။ ေဝးႏိုင္သမ်ွ အေဝးဆံုးသို႔ သြားေရာက္စြန္႔ပစ္ေစဟူ၍လည္း မိန္႔ဆိုလာေပ၏။
အမိန္႔ေတာ္ကိုလက္ခံရၿပီးသည္ႏွင့္ လူတိုင္းက စည္းစနစ္က်စြာ ကိုယ္စီကိုယ္ငွ တာ၀န္ကိုယ္စီ တိတိက်က် ခြဲေဝကာ လုပ္ကိုင္ၾကေပသည္။ ဤကိစၥမွာ ျမန္ဆန္သြက္လက္စြာ လုပ္ေဆာင္ရမည့္အျပင္ ထိုသို႔ တူးထုတ္ရာတြင္လည္း ေျမဆီေျမႏွစ္မ်ားကိုပါ မ်ားမ်ားစားစား တူးထုတ္လာရသည္ ၊ အေရးအႀကီးဆံုးကား အျမစ္မ်ားကို မထိခိုက္ေစရန္ သတိႀကီးစြာထား၍ ဖယ္ထုတ္ရမည္ျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ အလြန္ဆံုး ေနာက္သံုးရက္အတြင္း ဤေမဟြားပင္ကို နဂိုေနရာသို႔ ျပန္လာစိုက္ေစဟု ဧကရာဇ္အရွင္ထံမွ အမိန္႔စကားတစ္ခု ေျမၾကီးလက္ခတ္မလြဲ ေရာက္လာၪီးမည္ေလ။
ေအးစက္ေနေသာ ေဆာင္းဥတုတြင္ပင္ ထိုအပင္ကို ပန္းပြင့္ေစခ်င္သည့္ ဆႏၵ ရိွလိုလည္းရိွေနေတာ္မူတတ္သည္။
ဤခုနစ္ႏွစ္အတြင္း ဤအပင္ႀကီးကို ႏႈတ္လိုက္ျပန္စိုက္လိုက္ ၊ ျပန္ႏႈတ္လိုက္ျပန္စိုက္လိုက္ႏွင့္ မရပ္မနား လုပ္ေနခဲ့သည္။ အျခားအပင္သာဆိုလ်ွင္ ေျခာက္ေသြ့ႏြမ္းေရာ္ကာ ေသဆံုးသြားေလာက္ေပၿပီ။ သို႔ေသာ္ ဤအပင္ႀကီးကမူ တစ္ႏွစ္ထက္တစ္ႏွစ္ လွသထက္လွေအာင္ ဖူးပြင့္လာသတတ္။
အင္မတန္မွ ထူးဆန္းေသာ ျဖစ္ရပ္တစ္ခုပါေပ။
ယခုညမွာ ေဆာင္းခ်ိန္ခါမဟုတ္ေတာ့ေသာ္ျငား ၿမိဳ႔ေတာ္တစ္ခြင္မွာ အေအးဓာတ္လြန္ကဲေနလ်က္ပင္ရိွေသးသည္။ အိမ္တိုင္းအိမ္တိုင္းမွာ တံခါးမ်ားကိုအလံုပိတ္ကာ ညၪီးပိုင္းကတည္းက ေစာင္ပံုၾကားတိုး၀င္ကာအိပ္ရာ၀င္ၾကေခ်ၿပီ။ ညသန္းေခါင္ယံေရာက္ခါနီးအခ်ိန္တြင္မူ ရုတ္တရက္ဆိုသလို ေအာ္သံစူးစူးတစ္ခု လြင့္ပ်ံ့၍လာသည္။
လြန္စြာ ေၾကာက္လန္႔တုန္လႈပ္ေနေသာ ကင္းလွည့္သမားထံမွ အာေခါင္ျခစ္ေအာ္ဟစ္သံျဖစ္၏။
"ကယ္ၾကပါၪီး....လူတစ္ေယာက္ ေသေနလို႔"
မၾကာမီအခ်ိန္အတြင္းတြင္ အခင္းျဖစ္ရာေနရာသို႔ ကင္းလွည့္တပ္သားမ်ား ေရာက္ရိွလာသည္။ အခင္းျဖစ္ပြားရာ လမ္းက်ဥ္းေလးထဲတြင္ ေသြးျဖင့္ နီေစြးေနလ်က္ ။ ျမင္ရသူအေပါင္းအတြက္ အနိ႒ာရံုျဖစ္ေစလ်က္။ အိပ္ရာ၀င္၀တ္စံု ၀တ္ဆင္ထားေနေသာ အမ်ိဳးသားတစ္ေယာက္ လဲက်ေနလ်က္ ၊ ၄၏ေက်ာျပင္တြင္ ဓားတစ္ေခ်ာင္း စိုက္၀င္ေန၏။ အသက္ဆံုးရႈံးေနသည္မွာ အတန္ငယ္ၾကာခဲ့ပံုရသည္။
ကင္းလွည့္တပ္သားတစ္ေယာက္က ထိုအေလာင္းအား လွန္ၾကည့္လိုက္သာ္။ ေသဆံုးသူ၏ မ်က္ႏွာကို ျမင္ရေသာ္ အင္မတန္မွ ထိတ္လန္႔သြားရေလ။ ေနာက္တစ္ႀကိမ္ ထပ္မံ ေသခ်ာေစ့စပ္စြာ ထပ္စစ္ေဆးၿပီး ေသခ်ာေတာ့မွ ဆိုလာသည္။
"တပ္မွဴးအား အစီရင္ခံပါတယ္။ ေသဆံုးသူက အားႏူနယ္ရဲ့ေရွာင္၀မ္ရယ္နဲ႔ အေတာ္ဆင္တူေနေၾကာင္းပါ "
********
T/N : ေမဟြားပင္ ( Mei hua ) = ဇီးပန္းပင္လို႔လည္း ေျပာၾကသလို မက္မန္းပင္လို႔ ဘာသာျပန္ၾကတဲ့သူေတြလည္း ရိွပါတယ္။ Eng transမွာေတာ့ Plum treeပါ။ ဇီးပန္းပင္ဘက္ အားသာေနေပမယ့္ ေခၚရတာသိပ္သေဘာမက်တာမို႔ ေမဟြားပင္လို႔ပဲ ဆက္လက္သံုးႏႈန္းသြားပါ့မယ္။
ေအးစက္ေနတဲ့ ေဟမန္ေဆာင္းရဲ့ ႏွင္းထုၾကားမွာေတာင္ ပြင့္ဖူးလာႏိုင္တဲ့ပန္းမို႔ အခက္အခဲၾကား၊ ဒုကၡေတြၾကားထဲ
ႀကံ့ႀကံ့ခိုင္ရပ္တည္ႏိုင္ျခင္း ၊ မဆုတ္မနစ္ေသာ လံု႔လဝီရိယျဖင့္ အားထုတ္တတ္ျခင္းတို႔ရဲ့ သေကၤတအျဖစ္ တင္စားၾကတဲ့ပန္းပါ။
ဒီဇာတ္လမ္းထဲက တစ္ေယာက္ေသာသူရဲ့ စိတ္ေနသေဘာထားနဲ႔ ေတာ္ေတာ္ေလး ဆင္တူေနေလရဲ့။
Chapter 1 - End.
2020.03.11
Thanks for reading.
********