ချစ်ခြင်းတစ်ခု ဖန်တီးမယ် (ခစြ...
By Cosmos_LoV
395K 37.7K 741
Zawgyi ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။ Unicode ငါ့အမှားတွေ ပ... More
Chapter -1,အပါယ်ခံဘဝနဲ့ရှောင်းကျန့် (အပါယ်ခံဘဝနဲ့ရှောင်းကျန့်)
Chapter -2,ပြန်လည်မွေးဖွားခြင်း (ပြန်လည်မွေးဖွားခြင်း)
Chapter-3,လူလည္ေလးရိေပၚ(လူလည်လေးရိပေါ်)
Chapter -4,အဖိုးတန် ခြေသလုံးလေး(အဖိုးတနျ ခွသေလုံးလေး)
Chapter - 5,ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ (ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ)
Chapter -6,မဆုံချင်တဲ့ရေစက် (မဆုံခငျြတဲ့ရစေကျ)
Chapter -7,လွမ်းတယ် ge (လွမ်းတယ် ge)
သန္မာတဲ့ ဝမ္ေလး (သန်မာတဲ့ ဝမ်လေး)
gege က ကေလးလုပ္ ( gege က ကလေးလုပ်)
တစ္ခုတည္းလား ( တစ်ခုတည်းလား)
အိမ္မက္ဆိုး (အိမၼကၦိုး )
မလိုခ်င္တဲ့ အနမ္း ( မလိုချင်တဲ့ အနမ်း)
အခန္းထဲက ခ်စ္ရည္လူးသံ (အခန်းထဲက ချစ်ရည်လူးသံ )
အခ်စ္ရဲ႕ အတၱ ( အချစ်ရဲ့ အတ္တ)
အမွန္တရားကိုသိခ်ိန္ (အမှန်တရားကိုသိချိန်)
အဆံုးသတ္ရဲ႕အစ( အဆုံးသတ်ရဲ့အစ)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် (ဆုံးရှုံးခဲ့ရတဲ့ အတိတ်)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် 2(ဆုံးရှုံးခဲ့ရတဲ့ အတိတျ 2)
အရမ်းကြောက်နေခဲ့တာ ( အရမျးကွောကျနခေဲ့တာ)
မြတ်နိုးရပါတယ် ( မွတျနိုးရပါတယျ )
အရူးတစ်ပိုင်းအချစ် ( အရူးတစ်ပိုင်းအချစ် )
ပြင်းထန်တဲ့စွပ်စွဲချက် ( ပွငျးထနျတဲ့စှပျစှဲခကျြ)
Final - ပိုင္ဆိုင္ခြင့္ ( ပိုင်ဆိုင်ခွင့် )
Extra - 1
Extra - 2
Extra - 3
အတၱႀကီးလိုက္ခ်င္ပါရဲ႕ ( အတ္တကြီးလိုက်ချင်ပါရဲ့ )
12.7K 1.3K 4
By Cosmos_LoV
💬 ge...
💬ge...
" ge ''
" အင်း..ဝမ်လေး ''
" ကျတော် တွေ့ချင်တယ် ''
" ge လဲအတူပဲ ''
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
" ငါ့သားက မသေသေးဘူးတဲ့ ''
ညက...။
လင်းချန်မင်...!!! မင်းကွာ...။
မင်းစောင့်ကြည့်နေ...။
" ယိုဟန်...!! "
" အ့..ချန် မင် ''
" လွှတ်ပေး..နာ တယ် အ့ ''
ယိုဟန်ကို ရင်ခွင်ထဲ အတင်းအကြပ် ထည့်ရင်း ငိုကြွေးလိုက်မိတယ်..၊၊ ဒီလူသားနဲ့ပတ်သတ်ရင် သူ့မှာ ဆင်ခြင်ဥာဏ်မရှိတော့တာ သူကိုယ်တိုင်ပဲသိတယ်...။
" ကိုယ်တောင်းပန်ပါတယ် ယိုဟန်..၊ မုန်းမသွားဖို့တောင်းပန်ပါတယ် ၊ မင်းနဲ့ပတ်သတ်ရင်ကို ဒီကောင်ကြီးက စဉ်စားဥာဏ်ပျက်သုန်းလွယ်လွန်းလို့ပါ..''
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
" ယွဲ့ယွဲ့ လား ''
" ကျတော်တို့..''
"........''
"........''
ဝမ်လေးအတွက်ပဲကို ကွာ...။
" အင်း ဝမ်လေး ''
" လိမ်ဖို့မကြံနဲ့နော် ge ဘာလုပ်လုပ် ကျတော်အကုန်သိတယ် ''
ဒီကလေးက ဇွတ်ပဲ....။
" ကျောင်းကရော..''
ခုလဲ ge နဲ့တွေ့ချင်လွန်းလို့ ge ကိုလွမ်းလွန်းလို့ အကြောင်းရှာပြီး ပြန်ဖို့ဆုံးဖြတ်လိုက်တာ...။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
Unicode
ညက ရှောင်းကျန့် ရှယ်ယာ ကစားရင်း မျက်လုံးညောင်းပြီး အိပ်ပျော်သွားမိတယ် ၊၊ ဝမ်လေးနဲ့ ဖုန်းမပြောခင် မျက်လုံးခနနားမယ် စိတ်ကူးထားပေမယ့် မျက်လုံးပြန်ဖွင့်တော့မိုးက လင်းနေပြီ...၊ အလန့်တကြား ဖုန်းယူကြည့်မိတော့ အချိန်က ၈ နာရီထိုးတော့မယ်..ပြီးတော့ ဝမ်လေးက ဖုန်းဆက်တိုက်ခေါ်ထားတာ 99+ ..၊ ဘုရားရေ ဒီကလေး စိတ်ဆိုးနေတော့မယ်..
မိမိအနားမှာသာရှိရင် နှုတ်ခမ်းဆူပြီး စိတ်ဆိုးနေတော့မယ့် ဝမ်လေးအကြောင်းတွေးတော့ လူက စိတ်လိုလက်ရ ပြုံးလိုက်မိတယ်..။
ဘယ်လောက်များချစ်စရာ ကောင်းလိုက်မလဲ....။
Message တွေကလဲတန်းဆီနေရော..
💬 ge ကျနော် ဖုန်းခေါ်နေတယ်လေ..
💬ဘယ်ရောက်နေလို့လဲ ပြီတော့ဘာလုပ်နေတာလဲ
💬ကျတော့်ကိုမလွမ်ဘူးလားလို့..
💬နေမကောင်းလို့များလား..၊ ဖုန်းကိုင်ပါ ge ရာ
💬 ကျတော်တကယ်စိတ်ပူနေပြီ..
💬 ge...
💬ge...
ရိပေါ် ပို့ထားတဲ့စာတွေက အများကြီး ၊ ဖုန်းကို Silent လုပ်ထားမိတာ ရှောင်းကျန့်ရဲ့မဟာအမှားကြီး..၊ ဒီကလေး ကို ရှောင်းကျန့် စိတ်ပူအောင်လုပ်မိသွားတာပဲ..။
ဒီကလေး မိမိ ကို တကယ်စိတ်ဆိုးနေရော့မယ်...။
ဆက်တွေးမနေတော့ပဲ ဝမ်လေး ဖုန်းနံပါတ်ကို နှိပ်လိုက်တော့ဒူ..ဆိုတဲ့ ဖုန်းဝင်သံကို နှစ်ခါမကြားရ....
" ge ညက ကျတော်ဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲ ၊ ဘာလုပ်နေလို့လဲ ၊ ကျတော် ဖုန်းခေါ်ရင် ကိုင်ရမယ်လို့ပြောထားတာကို..၊ နေမကောင်းလို့များလားဆိုပြီး ကျတော် ဘလောက်စိတ်ပူသွားလဲ ge သိလား ၊ ကျတော့ကို ဖုန်းလြဲပန်မဆက်ဘူး ၊ စာလဲမပြန်ဘူး..၊ နေနိုင်လိုက်တာ ge က ''
နောက်ဆုံးမှာ တိမ်ဝင်သွားတဲ့အသံအနေအထားအရ ဒီကလေး ဘလောက်စိတ်ပူသွားလဲ ရှောင်းကျန့် ရိပ်မိတယ်..။
ဝမ်လေးက မိမိနဲ့ပတ်သတ်ရင် တဖြည်းဖြည်း ထိခိုက်လွယ်လာတယ်..၊ ကြာတော့ ဒီကလေးအားနည်းချက်က မိမိ များလားဆိုတဲ့ သံသယ ဝင်မိတယ်..၊ ဂုဏ်ယူစွာတော့ ရှောင်းကျန့် မတွေးမိ..၊ ကလေးငယ်မှာ အားနည်းချက်ရှိကောင်းရှိနိုင်ပေမယ့် မိမိတော့မဖြစ်ချင်..၊ ဒီကလေးက ဘာအားနည်းချက်မှမရှိသင့်ဘူး...။
" တောင်းပန်ပါတယ် ဝမ်လေးရယ် ge ပင်ပန်းပြီး အစောကြီးအိပ်ပျော်သွားမိတယ်..၊ ဖုန်းကိုလဲ Silent ပြန်မဖြေမိလိုက်ဘူး..၊ ဝမ်လေးကို စိတ်ပူစေဖို့ ge မရည်ရွယ်ပါဘူးကွာ.. စိတ်မဆိုးနဲ့နော် ကလေးလေး..။''
" ge ကမရည်ရွယ်ပေမယ့် ကျတော် တကယ်စိတ်ပူသွားတာ ''
" နောက်တစ်ခါမဖြစ်စေရဘူးနော် ဝမ်လေး.. ''
" နောက်တစ်ခါလဲမဖြစ်ရပါဘူး ''
ဖုန်းတစ်ဖက်က အော်ပြောတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် အသံထွက်ပြီးရယ်လိုက်မယ်...။
" ဟုတ်ပါပြီ နောက်တစ်ခါ ဆိုတာမရှိဘူး ဟုတ်ပြီလား ''
" ge ''
" အင်း..ဝမ်လေး ''
" ကျတော် တွေ့ချင်တယ် ''
ရိပေါ်ကအသံတိုးတိုးလေးပြောပေမယ့်ရှောင်းကျန့်သေချာကြားနေရတယ်...။
" ge လဲအတူပဲ ''
နှစ်ယောက်သား စကားတွေအများကြီး ပြောဖြစ်ကြတယ်။ တစ်ညလေးအဆက်သွယ်ပျက်ရုံလေးနဲ့ ကမ္ဘာပျက်မတတ်လွမ်အလွမ်းသယ်နေကြတဲ့ ဒီနှစ်ယောက် ဖုန်းလေးသာ စကားပြောတတ်ရင်..'' ငါဖင်ပူနေပြီဟဲ့ '' ဆိုပြီးဆဲလောက်မယ်ထင်တယ်...။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ယိုဟန် တစ်ယောက်တည်း အပြင်ရောက်နေတာ..။ လင်းချန်မင် သိရင်ဘယ်လောက်များစိတ်ဆိုးလိမ့်ဦးမလဲ..၊ အစေခံတွေကိုလဲ မိမိ အပြင်ထွက်တာ မသိရော့လားဆိုပြီး အလုပ်လိမ့်ဦးမှာ မြင်ယောင်ပါရဲ့..၊ ချန်မင်က မိမိကိုလိုတာထက်ပိုဂရုစိုက်ပေမယ့် ဒီလို ချုပ်လှောင်ခံထားရတဲ့ဘဝကြီးကို ယိုဟန်မပျော်ဘူး..။
မျက်နှာပြင်ကို တိုးဝှေ့ကာတိုက်ခတ်လာတဲ့ လေပြေကို မျက်လုံးမှိတ်ပြီး အပြည့်အဝ ခံစားလိုက်တယ် ၊ ပြီးတော့ သက်ပြင်း တစ်ရှိုက် ချရင်း...
" ငါ့သားက မသေသေးဘူးတဲ့ ''
ဒီစကားကို လင်းချန်မင်နဲ့ သူ့ရဲ့သူငယ်ချင်းပြောနေတာကို ယိုဟန်ကြားခဲ့တာ....
ညက...။
ယိုဟန် အိပ်မပျော်သဖြင့် အောက်ထပ်ဆင်းတော့ လင်းချန်မင်နဲ့ သူရဲ့ သူငယ်ချင်း ၊ အလုပ်အကြောင်းဆွေးနွေးနေတာနေမှာပါလို့ထင်ခဲ့ပေမယ်....
" သူသာ သိရင် မင်းကိုခွင့်လွှတ်နိုင်မယ်ထင်လား ''
လင်းချန်မင်ရဲ့သူငယ်ချင်းဖြစ်သူရဲ့စကားကြောင့် ယိုဟန်နားစွင့်မိတယ်..။
" သူသိလို့မဖြစ်ဘူး မဟုတ်ရင် ယိုဟန်က ငါ့ကို ပိုမုန်းသွားလိမ့်မယ်..၊ ဒီအခြေအနေလေးအတိုင်းပဲ ငါကျေနပ်တယ် ၊ မတရားဘူးဆိုတာ သိပေမယ့် သူ့ကို ငါလက်လွှတ်လို့မဖြစ်ဘူးလေကွာ...''
လင်းချန်မင်ရဲ့ စကားသံက ကြေကွဲဝမ်းနည်းမှုတွေထင်းနေတယ် ၊ ပြီးတော့ ကြောက်ရွံမှု..။
ဒါပေမယ့် ယိုဟန် ပိုစိတ်ဝင်စားတာက သူတို့ ဘာတွေပြောနေတာလဲဆိုတာပဲ...။
" သူသား မသေသေးဘူးဆိုတာ သူ့ကို မင်းပြောပြလိုက်သင့်ပြီလို့ငါထင်တယ် ချန်မင် ''
" မဖြစ်နိုင်ဘူး..ငါက ဘာလို့အဲ့လိုလုပ်ရမှာလဲ..၊ ငါသာ အဲ့လိုလုပ်ရင် ယိုဟန်က သူ့သားကိုရှာတော့မှာ ပြီးရင် ငါ့ဆီက ထွက်မသွားပါဘူးလို့မင်းပြောနိုင်လား...''
ဒီစကားကိုကြားတော့ ယိုဟန် အံ့အားသင့်လွန်းလို့ အသံမထွက်အောင် ပါးစပ်ပိတ်ထားလိုက်မိတယ်..။
ဘုရားရေ..ယိုဟန်သားက အသက်ရှင်နေသေးတယ်တဲ့ အားကျန့်လေးက မသေသေးဘူးတဲ့..။ ဒီအကြောင်းကို ယိုဟန် ကိုယ့်ဘာသာ မသိရင် ချန်မင် က တစ်သက်လုံးဖုံးထားဖို့ရည်ရွယ်ထားတယ်ထင်တယ် ၊၊
လင်းချန်မင်...!!! မင်းကွာ...။
ရှိုက်ငိုမိတော့မှာမလို့ မိမိ လက်ကို အားကုန်ကိုက်ထားမိတယ်..။ ပါးစပ်ထဲ သွေးညှိနံရတဲ့အထိ ကိုက်ထားတဲ့လက်ကိုမလွှတ်သေး..ထို့နောက်တော့ အပေါ်ပဲပြေးတက်ခဲ့ရတယ်..။
အားကျန့်လေးက အသက်ရှိနေသေးတယ်တဲ့..။
မိမိ သားလေးက မသေသေးဘူးတဲ့...၊၊
ရိဖန် ကိုယ်တို့သားလေးက အသက်ရှင်နေသေးတယ်တဲ့..။
Ha Haa....မိမိဘလောက်ပျော်နေလဲ မိမိကိုယ်တိုင်သာသိတယ်..။ လောကကြီးက မိမိအပေါ် ထင်သလောက်မရက်သေးဘူးပဲ....။
ယိုဟန် အတွေးတွေ ရပ်လိုက်ပြီး ကျလာတဲ့ မျက်ရေတွေကို ဖိသုတ်လိုက်တယ်..။ ငါ့သားကိုတွေ့အောင်ရှာပြမယ် ချန်မင်
မင်းစောင့်ကြည့်နေ...။
" ယိုဟန်...!! "
အနောက်ကခေါ်သံ လှည့်ကြည့်စရာပင် မလိုလောက်အောင်
ဘသူမှန်းသိပြီးပြီ ၊ ဒီလူကလွဲပြီး ဘသူရှိဦးမှာ မလို့လဲ..
" ငါ ခနလေး မျက်ခြေပျက်တာနဲ့ မင်းက လုပ်ချင်သလိုလုပ်နေတာပေါ့လေ ယိုဟန်..hak မင်းက ငါ့လက်ထဲကနေထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား ''
ယိုဟန် လည်ပင်ကို သူ့ရဲ့သန်မာတဲ့လက်တွေနဲ့ညှစ်ရင်းချန်မင်ကဆိုတယ်...၊ သူ့မျက်လုံးတွေက မဲမှောင်နေတယ်..ချန်မင် ဒီလိုဖြစ်နေတာတစ်ခါမှမမြင်ဖူး ၊ ဒေါသထွက်လွန်းလို့နေမယ် လည်ပင်းသွေးကြောတွေကပါ ထောင်နေတယ်..၊၊
" အ့..ချန် မင် ''
လင်းချန်မင်က အသိစိတ်မကပ်တဲ့ လူလိုပဲ
" လွှတ်ပေး..နာ တယ် အ့ ''
ယိုဟန် လည်ပင်းပေါ်က ချန်ပင်လက်ကို ကိုင်ရင်း နာလွန်းလို့ ငိုမိပြီထင်တယ် ။ချန်မင်က ရက်စက်တတ်တဲ့လူမျိုးဆိုတာ သိပေမယ်..ယိုဟန်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ ဒါပထမဆုံး...။
ယိုဟန်ရဲ့ မျက်ရေတွေကို မြင်မှ ချန်မင် အသိစိတ်ပြန်ကပ်ပြီး လွှတ်လိုက်တယ်..။
ဘုရားရေ ငါ ဘာတွေလုပ်နေတာလဲ....။
ယိုဟန်ကို နာကျင်အောင်လုပ်မိနေတာပဲ..၊ အစကတည်းက မိမိကို မချစ်တဲ့ ဒီလူသားက မုန်းပါမုန်းသွားတော့မှာလား..
" ယို ယိုဟန် ၊ ငါတောင်းပန်ပါတယ်ကွာ ငါဘာတွေလုပ်နေမိတာလဲမသိတော့ဘူး..၊ ငါက မင်းထွက်ပြေးသွားပြီထင်လို့ မင်းကိုရှာမတွေ့တော့ဘူး ထင်လို့ ငါကြောက်လို့ မှားမိတာပါယိုဟန်ရာ...''
ခုတော့လင်းချန်မင်က ခုနက သူမဟုတ်သလို ယိုဟန်တစ်ကိုယ်လုံးကို အနာတရ ရသွားလား စစ်ဆေးနေလေရဲ့..။
ဖြူဥနေတဲ့ မျက်နှာလေးပေါ်မှာ မျက်ရေစက်တွေက မလိုက်ဖက်စွာ....၊ဒီကောင်က ရူးနေတာလား...။
ယိုဟန်ကိုယ့်လည်ပင်းကိုယ်ပွတ်သတ်ရင်း ချန်မင်ကို မုန်းတီးစွာကြည့်လိုက်မိတော့တယ်...။
လင်းချန်မင် ကတော့ရူးသွားခမန်း..။
ယိုဟန်ကို ရင်ခွင်ထဲ အတင်းအကြပ် ထည့်ရင်း ငိုကြွေးလိုက်မိတယ်..၊၊ ဒီလူသားနဲ့ပတ်သတ်ရင် သူ့မှာ ဆင်ခြင်ဉာဏ်မရှိတော့တာ သူကိုယ်တိုင်ပဲသိတယ်...။
" ကိုယ်တောင်းပန်ပါတယ် ယိုဟန်..၊ မုန်းမသွားဖို့တောင်းပန်ပါတယ် ၊ မင်းနဲ့ပတ်သတ်ရင်ကို ဒီကောင်ကြီးက စဉ်စားဉာဏ်ပျက်သုန်းလွယ်လွန်းလို့ပါ..''
လေပြေလေညင်းလေးက နူးနူးညံ့ညံ့လေး တိုက်ခတ်နေပေမယ့် ချန်မင် ရင်ခွင်ထဲက ယိုဟန်ဟာ အမုန်းတွေထပ်ပျိူးနေဆဲ ပဲ...။ သူတကယ် ချန်မင် ကိုမုန်းလိုက်တာ....
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
လူသွားလူလာနည်းတဲ့ လမ်းမပေါ်က ကော်ဖီဆိုင်လေးဟာ
အေးအေးဆေးဆေးနေတတ်တဲ့သူမအတွက် အဆင်အပြေဆုံး.၊ စာကြည့်တိုက်နဲ့ပါ တွဲဖွင့်ထားတာဖြစ်တဲ့အတွက် သူမသိချင်တဲ့ အရာတွေကိုလဲ စာအုပ်တွေထဲက အလွယ်တကူရှာနိုင်တယ်လေ..။ ပြီးတော့ သူမရဲ့ စိတ်ကူးယဉ်မင်းသားလေး ပုံကိုလဲ ဒီဆိုင်မှာလဲအမြဲ လာဆွဲလေ့ရှိတယ် ၊၊
စိတ်ကူးယဉ်မင်းသားလေး....၊
သူက သူမငယ်ငယ်ကတည်းက ခုချိန်ထိကို သဘောကျရတဲ့ ကောင်လေး ၊ အမြဲတမ်း သီးသန့်နေတတ်နေတတ်တဲ့ ကောင်လေးပေါ့ ၊ ဘယ်သူတစ်ဦးတစ်ယောက်ကို မှ သူ့အပြုံးသေးသေးလေးတစ်ခုတောင်မစွန့်ကြဲတတ်ဘူး ၊ သူက သူမကိုတောင် ရှိမှန်း သိမှာမဟုတ်လောက်ဘူး ၊သူမကတော့ သူ့ကိုအမြဲတမ်း တိတ်တိတ်လေး သာ လိုက်ကြည့်ခွင့်ရှိတာ ။
သူကမပြုံးတတ်ဘူးထင်ထားပေမယ်...။
သူ့ရဲ့ အကိုအကြောင်းပြောရင်တော့ အမြဲတမ်းပျော်တတ်တယ် ၊ သူ့ပြုံးနေတာကိုမမြင်ဖူးတဲ့သူမအတွက် ဒီအရာ ကအရမ်းထူးဆန်းတယ်...။ ငယ်စဉ်ကတည်းက ခုချိန်ထိ သူ့အနားကို ဘလိုမျိုး သွားရမလဲ ၊ သူနဲ့ ရင်းနှီးအောင် ဘလိုလုပ်ရမလဲ ၁၂ နှစ်အရွယ် ကတည်းက ချစ်ခဲ့ရတဲ့သူ့ကို ပိုင်ဆိုင်ချင်စိတ်က သူမ စိတ်ကို အခက်အခဲဖြစ်စေတယ် ၊ အမြဲတမ်း ခိုးချစ်နေရတဲ့ ဘဝကြီးကိုသူမမုန်းလာတယ် ။
ကံကြမ္မာကြီးက သူမကို ဒီအတိုင်းပြစ်မထားဘူးပဲ ။
သူမ အမေက သူမကို လူတစ်ယောက်နဲ့စေ့စပ်ထားချင်တယ်တဲ့ ၊ အစပိုင်းသူမ ငြင်းခဲ့ပေမယ့် အဲ့ဒိလူဟာ ချစ်တဲ့ကောင်လေးရဲ့အကို ဖြစ်နေခဲ့တယ်.....။
" ယွဲ့ယွဲ့ လား ''
လူတစ်ယောက်ရဲ့ကြည်လင်တဲ့အသံဟာ သူမအတွေးတွေကိုရပ်တန့်စေခဲ့တယ် ။
" ကျတော် ရှောင်းကျန့်ပါ ဒီက ညီမ နဲ့ ချိန်းထားတဲ့သူလေး ''
" အာ ဟုတ် ရှောင်းကျန့်ကော ''
ဒိလူ့အကြောင်းပြောရင် သူမချစ်တဲ့ကောင်လေးဟာ အမြဲပျော်တတ်တယ် ၊ တစ်ခါတစ်လေ တကယ်မနာလိုဖြစ်မိတာတော့အမှန်ပဲ ၊ ဒီလူက သူမကောင်လေးရဲ့ အချစ်တွေအကုန်ရထားတဲ့လူလေ ။
" ကျတော်တို့..''
" ကျမ ge နဲ့စေ့စပ်ပွဲကိုလက်ခံခဲ့တာ ရိပေါ်ကြောင့်ပါ ''
"........''
" ရိပေါ်ကို ကျမချစ်တယ် ဟိုးငယ်ငယ်ကလေးထဲက ''
"........''
" ge က ရိပေါ်အကို ဆိုတော့ ကျမကို ကူညီပေးဖို့တောင်းဆိုပါတယ် ၊ ge ကိုလဲ အကိုရင်း တစ်ယောက်လို ယွဲ့ယွဲ့ ခင်ရပါတယ် ဒီစေ့စပ်ပွဲကို ယွဲ့ယွဲ့ အမေက အရမ်းဖြစ်စေချင်ပေမယ့် ယွဲ့ယွဲ့ ရိပေါ်နဲ့ နီးချင်လို့ ge ကိုလက်ခံခဲ့တာပါ ''
မိမိရှေ့မှာ လက်ဖဝါး နှစ်ဖက်ကို ပွတ်သတ်ပြီး ပြောနေတဲ့ ဖြူဥဥ ကလေးမလေးက ဝမ်လေးကို ချစ်တယ်တဲ့ ငယ်ငယ်လေးကတည်းကဆိုပဲ ၊ ယွဲ့ယွဲ့ ဆိုတဲ့ကောင်မလေးက ပွင့်လင်းလိုက်တာ ၊ အရုပ်ကလေးနဲ့မှားလောက်အောင်ကို တကယ်ချစ်စရာလေးပါ ၊ အပြာနုရောင် ဂါဝန်လေးနဲ့သူကမ ဒီဆိုင်ထဲမှာ အလင်းလက်ဆုံးလှနေတာ...၊ ပြီးတော့ ဝမ်လေးမြင်ရင်ရော ချစ်လောက်မှာလား ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ဒီကလေးမလေး က ရှက်လို့ထင်တယ် ပါးဖောင်းဖောင်းလေးက ပန်းရောင်သန်းနေရှာတယ်...၊ ပန်နုရောင်သန်းနေတဲ့ သူမရဲ့ အောက်နှုတ်ခမ်းပါးကို ဖိကိုက်ရင်း ဆက်ပြောတယ်..
" ရိပေါ်က သူ့အကိုကို သိပ်ချစ်တယ်ထင်တယ် သူက ge အကြောင်းပြောရင် အမြဲတမ်းပြုံးနေတတ်တယ် ၊ ပြီးတော့ သူ ဘယ်လောက်တောင်ပျော်နေလဲဆိုတာကို သူ့မျက်နှာမပေါ်မှာ တွေ့နိုင်တယ် ၊ ယွဲ့ယွဲ့ ge ကို တကယ်အားကျတယ် ''
ယွဲ့ယွဲ့ ဆိုတဲ့ ကောင်မကေ ဝမ်လေးအကြောင်းပြောရင်း ဖြူဖြူစင်စင်ပြုံးနေတယ် ၊ ဒီကလေးမလေးက ဝမ်လေးကိုတကယ်ချစ်တာပဲ ၊၊ ခုချိန်ထိ ရှောင်းကျန့် စကားတစ်ခွန်းမပြောရသေးပေမယ့် ဒီကောင်မလေးက ဝမ်လေးကို ဘလောက်ချစ်ကြောင်း ပြောနေတာ မမောဘူးပဲ...။
ရှောင်းကျန့် သေချာစဉ်းစားကြည့်တော့ ဒီကလေးမလေးက ဝမ်လေးနဲ့အသင့်တော်ဆုံးပဲ ၊ ယွဲ့ယွဲ့နဲ့ ဝမ်လေးသာ မိသားစုဘဝလေးတည်ထောင်ဖြစ်ရင် ဘယ်လောက်ပျော်စရာကောင်းလိမ့်မလဲ ၊ ဒါပေမယ့် ရှောင်းကျန့် ဝမ်လေးကို လက်မလွှတ်နိုင်ပါ့မလား...၊ ရှောင်းကျန့်ဘဝမှာ ဒီကောင်လေးမရှိတော့ရင် ရှောင်းကျန့်တို့နှစ်ယောက်စလုံးပျော်ရပါ့မလား ။ တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ်ပဲ အတ္တကြီးချင်မိပေမယ့် ဝမ်လေးရဲ့ဘဝကို နွံထဲဆွဲမချရက်ပြန်ဘူး...။
" ge ဝမ်လေး နဲ့ ယွဲ့ယွဲ့ကို ပေးတွေ့မယ် ၊ ဝမ်လေး စိတ်ကို ရနိုင်ဖို့ကတော့ ge မကူညီနိုင်ဘူး၊ယွဲ့ယွဲ့ဘာသာကြိုးစားပေါ့ ''
" ရှင်!!! ge တကယ်ပြောတာလား ၊ ဟုတ် ဟုတ်ကဲ့ ge ယွဲ့ယွဲ့ ကြိုးစားပါ့မယ် ge ကသာ ရိပေါ်နဲ့ ယွဲ့ယွဲ့ ကို အနီးစပ်ဆုံးနေရာထိပဲ ပို့ပေးပါ ''
ပျော်သွားတဲ့ကလေးမလေးက အပြစ်ကင်းပေမယ့် ၊ ရှောင်းကျန့်ကတော့ အတ္တကြီးချင်ပြန်တယ်...။
သူတကယ် ဝမ်လေးကို သူများဆီပေးဖို့အဆင်သင့်မဖြစ်သေးဘူး.....။
" ဟုတ်ပြီ.. ဒါဆိုလဲ ge ပြန်တော့မယ် ''
နှုတ်ဆက်တော့ ခေါင်းတစ်ဆက်ဆက်ငြိမ်ပြနေတဲ့သူမ ။
ရှောင်းကျန့်ဆိုင်အတွင်းမှ လှည့်ထွက်ခဲ့တယ် ၊ ရင်ဘတ်ကနာကျင်နေတာကို မသိချင်ယောင်ဆောင်ရင်း....။
ယွဲ့ယွဲ့ ကဝမ်လေးနဲ့ လိုက်ဖက်တဲ့မိန်းကလေးပါ ရှောင်းကျန့်ရဲ့ ဘာမှတွေးမနေပဲ လက်ခံလိုက်စမ်းပါ...။
ဝမ်လေးအတွက်ပဲကို ကွာ...။
စိတ်နှစ်ခုက ဒွိဟဖြစ်နေတယ် ။ တကယ်ပဲ ဘလိုဆုံးဖြတ်ရမလဲ...။
ထိုစဉ် မြည်လာတဲ့ ဖုန်းသံ...။
Contact name က '' ဝမ်လေး 💚 '' တဲ့...
အချိန်မဆွဲပဲ ဖုန်းကိုင်လိုက်တယ် ာယ မဟုတ်ရင် ဒီကလေးက ဖုန်းကိုင်တာ ကြာတယ်ဆိုပြီး စိတ်ဆိုးနေမှာ...။
" အင်း ဝမ်လေး ''
" ge အဲ့ ကောင်မလေးက ဘယ်သူလဲ ''
ဘုရားရေ ဝမ်လေးက သိနေပြန်တာလား။
" ဝမ်လေး ဘယ်လိုသိလဲ ge အခု ကောင်မလေးနဲ့တွေ့နေတယ်ဆိုတာ ''
" လိမ်ဖိူ့မကြံနဲ့နော် ge ဘာလုပ်လုပ် ကျတော်အကုန်သိတယ် ''
ဖုန်းတစ်ဖက်က မကြေမနပ်အသံထွက်ပေါ်လာပြန်တယ်
" ကျတော် ပြန်လာခဲ့တော့မယ် ge က ကျတော်မရှိဘူးဆိုတာနဲ့ လွှတ်လပ်နေလိုက်တာ..''
" အာ..အဲ့လောက်မလိုဘူးလေဝမ်လေးရဲ့ ကျောင်းပိတ်မှ ပြန်လာခဲ့ပါ ၊ အဲ့ကောင်မလေးနဲ့ ge ကဘာမှမဟုတ်ပါဘူး ''
သူက ဝမ်လေး ကောင်မလေးဖြစ်လာမယ့်သူလေ...
" နောက်ကျသွားပြီ ge ၊ ကျတော် လေယျာဉ် လက်မှတ်တောင်ဝယ်ပြီးပြီ ဒီညအရောက် ပြန်လာမယ် ge သာအိမ်မှာစောင့်နေ...''
ဒီကလေးက ဇွတ်ပဲ....။
" ကျောင်းကရော..''
" ge လောက်အရေးမကြီးဘူး ဘာမှမမေးနဲ့ ကျတော် လာနေပြီ...ဒါပဲ ''
ပြောချင်တာ ပြောပြီး ဖုန်းချသွားတဲ့ အဆိုးလေး ။
ရှောင်းကျန့် ကိုယ့်ခံစားချက်ကို လိမ်ပြောချင်ပေမယ့် ဝမ်အဆိုးလေးကြောင့် တကယ်ပျော်တယ် ၊ မိမိကို ဝမ်လေးက သိပ်ကိုတွယ်တာရှာတာ ။ ဒီကလေးလေးသာ ရှောင်းကျန့်ကို ဖွင့်ပြောရင် ရှောင်းကျန့် တကယ်ကို အတ္တကြီးပြစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ....။
ဝမ်လေးကို ရှောင်းကျန့်ကသိပ်ချစ်တာ....။
လေယျာဉ် ပေါ်က ဝမ်ရိပေါ်က တော့ သူ့ ge အကြောင်းတွေးပြီး အလိုလို နေရင်းပြုံးနေပြန်သတဲ့..။
တကယ်တော့ ဓာတ်ပုံထဲက ge နဲ့အတူတွေ့ခဲ့တဲ့ ကောင်မလေး ကို ရိပေါ်သိတယ် ၊ ပြီးတော့ ရိပေါ် အပေါ်မရိုးသားတဲ့သူဆိုတာလား ရိပေါ် ကျောင်းကတည်းက သိတယ် ။
ချစ်စရာကောင်းတဲ့ မိန်းကလေးဆိုပေမယ့် ရိပေါ် ရဲ့နှလုံးသားတစ်ခုလုံးက ge ကိုပေးပြီးသားဖြစ်နေတယ်......။
ရိပေါ် ge ကလွဲပြီးတခြားဘယ်သူ့ကိုမှချစ်မရတော့တာ..။
ခုလဲ ge နဲ့တွေ့ချင်လွန်းလို့ ge ကိူလွမ်းလွန်းလို့ အကြောင်းရှာပြီး ပြန်ဖို့ဆုံးဖြတ်လိုက်တာ...။
တစ်လတောင်မပြည့်သေးပေမယ့် ရိပေါ်ကတော့ ရူးတော့မယ်...။ ge ကြောင့် ပေါ့..,..
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
နောက်ပိုင်းတွေ ro ပေးမယ်နော်...။
ခုအပိုင်းတွေကို သည်းခံဖတ်ပေးပါဦး..။
Continue Reading
You'll Also Like
17.4K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
23.8K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
237K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...