ချစ်ခြင်းတစ်ခု ဖန်တီးမယ် (ခစြ...
Da Cosmos_LoV
395K 37.7K 741
Zawgyi ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။ Unicode ငါ့အမှားတွေ ပ... Altro
Chapter -1,အပါယ်ခံဘဝနဲ့ရှောင်းကျန့် (အပါယ်ခံဘဝနဲ့ရှောင်းကျန့်)
Chapter -2,ပြန်လည်မွေးဖွားခြင်း (ပြန်လည်မွေးဖွားခြင်း)
Chapter-3,လူလည္ေလးရိေပၚ(လူလည်လေးရိပေါ်)
Chapter -4,အဖိုးတန် ခြေသလုံးလေး(အဖိုးတနျ ခွသေလုံးလေး)
Chapter - 5,ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ (ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ)
Chapter -6,မဆုံချင်တဲ့ရေစက် (မဆုံခငျြတဲ့ရစေကျ)
Chapter -7,လွမ်းတယ် ge (လွမ်းတယ် ge)
သန္မာတဲ့ ဝမ္ေလး (သန်မာတဲ့ ဝမ်လေး)
gege က ကေလးလုပ္ ( gege က ကလေးလုပ်)
အတၱႀကီးလိုက္ခ်င္ပါရဲ႕ ( အတ္တကြီးလိုက်ချင်ပါရဲ့ )
အိမ္မက္ဆိုး (အိမၼကၦိုး )
မလိုခ်င္တဲ့ အနမ္း ( မလိုချင်တဲ့ အနမ်း)
အခန္းထဲက ခ်စ္ရည္လူးသံ (အခန်းထဲက ချစ်ရည်လူးသံ )
အခ်စ္ရဲ႕ အတၱ ( အချစ်ရဲ့ အတ္တ)
အမွန္တရားကိုသိခ်ိန္ (အမှန်တရားကိုသိချိန်)
အဆံုးသတ္ရဲ႕အစ( အဆုံးသတ်ရဲ့အစ)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် (ဆုံးရှုံးခဲ့ရတဲ့ အတိတ်)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် 2(ဆုံးရှုံးခဲ့ရတဲ့ အတိတျ 2)
အရမ်းကြောက်နေခဲ့တာ ( အရမျးကွောကျနခေဲ့တာ)
မြတ်နိုးရပါတယ် ( မွတျနိုးရပါတယျ )
အရူးတစ်ပိုင်းအချစ် ( အရူးတစ်ပိုင်းအချစ် )
ပြင်းထန်တဲ့စွပ်စွဲချက် ( ပွငျးထနျတဲ့စှပျစှဲခကျြ)
Final - ပိုင္ဆိုင္ခြင့္ ( ပိုင်ဆိုင်ခွင့် )
Extra - 1
Extra - 2
Extra - 3
တစ္ခုတည္းလား ( တစ်ခုတည်းလား)
13.5K 1.4K 5
Da Cosmos_LoV
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
" နိုးနေရင်လဲ ထတော့ ''
" ဝမ် ဝမ်လေး ''
" ဘလိုမှမပတ်သတ်ဘူးး ''
" ဝမ်လေး ge နာတယ်..လွှတ် ''
" ဝမ်ရိပေါ်..!!! "
"ဝမ် ဝမ်လေး ဘာလို့...''
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
" ရပါတယ် ငါ့တူရဲ့ ''
တော်သေးတာက ဒီဦးလေးက လွဲပြ်ီး အနားမှာ ဘသူမှမရှိလို့သာ..မဟုတ်ရင် ရှက်စရာကြီး..
ထိုစဉ်
'' ge''
'' ယိုဟန် ''
" ဦးလေး လင်း? ''
" သွားရအောင် ယိုဟန် ''
ဘာသဘောပါလိမ့်?။
" အွန်းး..ge လဲမသိဘူးလေး ''
" ပြန်ရအောင်ဝမ်လေး..''
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
Unicode
ရိပေါ် ကိုယ်ရံတော်တစ်ယောက် ကို ge အားစောင့်ကြည့်စေခဲ့တာ လွန်ခဲ့တဲ့ 3 နှစ်လောက်ကတည်းက ၊ ge ဘာလုပ်လုပ် ရိပေါ် အကုန်သိတယ် ၊ ge လိမ်နေရင်တောင် သိတယ်။
ရင်ခွင်ထဲက အမူးသမား ငတုံးလေး ge ပဲမသိတာ..။
ge အိမ်တော်ကနေ ကားမယူပဲ ထွက်သွားပြီဖြစ်ကြောင်း မိမိဆီ Message ရောက်လာတာကြောင့် ရိပေါ် ကုမ္ပဏီ အစည်းအဝေး တက်တာတောင် စိတ်မပါတော့ ။
ပါးပါး ခရီးသွားတါကြေါင့်ရိပေါ် ပါး ကိုယ်စား ကုမ္ပဏီ အစည်းအဝေးတက်ပေးနေရတာ ၊ ge နဲ့ တစ်နေကုန် ရှိနေချင်ပေမယ့် ကုမ္ပဏီ ကိုလဲပစ်ထားလို့မရတာကြောင့် ။
geကအိမ်ပြန်ရောက်တာတောင်မကြာသေးဘူးဘယ်သူနဲ့သွားတွေ့တာလဲ ၊၊ ပင်းယောင်လား..?? တွေးမိသည်နှင့်တပြိုက်နက် ရိပေါ် အစည်းအဝေးအခန်းက အလျှင့်အမြန်ထွက်ခွာသွားပြီ ။
အစည်းအဝေး ခန်းထဲမှာရှိတဲ့ လုပ်ငန်းရှင်အချို့ကတော့ ဝမ်သခင်လေးက ရိုင်းလိုက်တာ ၊ သူ့ကောင်မလေးကြောင့် ထွက်သွားတာလား ၊ ဒီပုံစံနဲ့ ဝမ်ကုမ္ပဏီ ကို ဘလိုထိန်းချုပ်မလဲ
စသဖြင့် ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
ရိပေါ်ကတော့ တစ်ခုခုကို စိုးရိမ်နေတယ် ။ မိမိထင်သလိုဖြစ်လာရင် ဘလိုလုပ်မလဲ ကားကို အရှိန်တင်လိုက်ရင်း ကိုယ်ရံတော် light ပြောတဲ့ ဆိုင်ထိမောင်းလာခဲ့တယ်။
ge ရှိနေတဲ့ဆိုင်ရောက်တော့ ge က သီးသန့်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့တွေ့နေတယ်ဆိုပဲ။ စောင့်ကြည့်ကင်မရာကို ge အခန်းထဲထိ waiter ကိုပို့ခိုင်းလိုက်ပြီး အပြင်ကပဲ အခြေအနေကို ရိပေါ်ကြည့်နေတယ်.။ ဘာမှတော့မထူးဘူး ၊ ge က ဝိုင်လေးသောက်ပြီး မူးနေတာပဲထူးတာ ၊ ဒီ ge က မသောက်နိုင်ပဲနဲ့ ပြီးတော့ သူသူငယ်ချင်းတွေပြောသမျှကို ခေါင်းလေးတငြိမ့်ငြိမ့် နဲ့နားထောင်နေတယ် ။ ge ရဲ့ ချစ်စရာ အမူအရာလေးတွေကို ရိပေါ် မျက်တောင်မခတ် အပြင်ကကြည့်နေတာ ။ ge ဘေးနားရောက်လာတဲ့ ပင်းယောင်ကြောင့် ရိပေါ်  အပြုံးတွေ တိခနဲ့ ပြတ်ကျသွားတယ်..၊ ge ကိုကြည့်နေတဲ့ ပင်းယောင် အကြည့်တွေရဲ့ အဓိပ္ပါယ်ကို ရိပေါ်သိတယ်။
Ge ထံကိုတဖြည်းဖြည်းခေါင်းငုံလာတဲ့ ပင်းယောင်ကြောင့် ခန္ဓာကိုယ်က မတ်ခနဲ ။ ထိုင်နေရာမှ အလျှင်အမြန်ထပြီး တံခါးကို ခြေနဲ့ကန်ဖွင့်လိုက်တယ် ၊ ပင်းယောင် လက်ထဲက ge ကို ဆွဲယူရင်း ထိုလူရဲ့ ဝမ်းဗိုက်ကို အားပါပါနဲ့ စောင့်ကန်လိုက်မိတယ်..။
" ge နားမှာ ခဗျားကို နောက်ထပ်မမြင်ချင်ဘူး ''
ခဗျားလို လူက ge ကိုပြစ်မှားရဲတယ်ပေါ့..။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ရှောင်းကျန့်တစ်ယောက် အိပ်ယာနိုးလာခဲ့တယ်။
လူက အရမ်းကို နုံးချိနေတာပဲ ၊ အိမ်ကိုဘလိုရောက်လာမှန်းမသိတော့..၊ ကျိုးချန်တို့တဲ့သွားတွေ့တယ် ပြီးတော့ ဝိုင်သောက်တယ်..ဟမ်!!! ငါဝိုင်လေးသောက်ပြီး မူးသွားတာလား
ရှက်ဖို့ကောင်းလိုက်တာကွာ...T - T
" နိုးနေရင်လဲ ထတော့ ''
အသံကြားလို့ ကုန်းရုန်းထမိတော့ ကုတင်ခြေရင်းမှာ ခြေချိတ် လက်ပိုက် ထိုင်ပြီး မိမိကို နက်ရှိုင်းစွာ စိုက်ကြည့်နေတဲ့ ဝမ်လေး ။ရှောင်းကျန့်မှာအနည်းငယ်ထိတ်လန့်သလိုပင်ခံစားနေရတယ်။ မိမိသာ ပိတ်ဖြူ လေးဆိုရင် ဝမ်လေးအကြည့်က ဓားသွားတွေပဲ ၊ ပေါက်ထွက်ခမန်းတွေကြည့်နေတော့တာပဲ ငါဘာအမှားလုပ်မိလို့ပါလိမ့် ..
" ဝမ် ဝမ်လေး ''
" ge ကို ဘသူက အပြင်ထွက်ခိုင်းလို့လဲ !! အိမ်မှာပဲ အေးဆေးနေလို့မရဘူးလား ၊ ပြီးတော့ အပြင်ထွက်ချင်တယ်ဆိုရင်လဲ ကျတော့်ကို သွားလို့မရဘူးလား ၊ ကျတော်ပြောမယ် ge ဒီနေ့က စပြီး ge အိမ်ကနေထွက်ချင်တိုင်း မထွက်ရဘူး သွားမယ်ဆိုရင်ကျတော့်ကိုပြောသွားရမယ် အရှင်းဆုံးပြောရရင် ကျတော်ပါမှ ge သွားရမယ် ''
ဝမ်လေးက ကြောက်စရာကောင်းစွာ မိမိကို ဒေါသထွက်နေတယ် ။ မျက်လုံးထဲမှာ ပေါ်နေတဲ့ သွေးကျောနီနီတွေက ဝမ်လေးဒေါသအမှတ်ဘယ်လောက်ရှိလဲသိစေတယ် ။
ဒီကလေးဘာကို ဒေါသထွက်နေလဲမသိပေမယ့် မိမိကို သူ့စိတ်တိုင်းကျနေရမယ်ဆိုတဲ့ ပုံစံမျိုးပြောနေတာကို ရှောင်းကျန့်မကြိုက် ရိပေါ်လေးကို ချစ်ပေမယ့် မိမိကိုယ်တိုင်လဲ ဒီဘဝမှလွတ်လွတ်လပ်လပ်နေချင်တယ် ။ ပြန်မွေးဖွားလာကတည်းက မိမိဘဝကို ဘယ်သူ့ကိုမှ ချုပ်ကိုင်ခွင့် မပေးဘူးလို့ ရှောင်းကျန့်ကြွေးကြော်ခဲ့တာ ။ ရိပေါ် ဖြစ်နေလို့ လဲရှောင်းကျန့်အလျှော့မပေးနိုင်ပါ..။
" ဘာသဘောလဲ ဝမ်လေး ge ကို ဒီအိမ်မှာပဲ ပိတ်ထားချင်တဲ့သဘောလား ''
" ပင်းယောင်ဆိုတဲ့ကောင်နဲ့ ge နဲ့က ဘာလဲ.။ ge တို့က ဘလိုပတ်သတ်နေတာလဲ လို့!!! "
ရိပေါ့်စိတ်တွေ ထိန်းမရတော့ဘူး ညက အဖြစ်အပျက်ကို ပြန်မြင်မိတိုင်း ge ကိုရှုံးဆုံးရတော့မလိုပဲ ။ မိမိသာ ခြေတစ်လှမ်းနောက်ကျခဲ့ရင် ယွဲ့ပင်းယောင် ဆိုတဲ့ ကောင်က ge ကို ဘယ်အခြေနေထိ... ကျွတ် ရိပေါ်ရူးတော့မှာပဲ တွေးတောင်မတွေးရဲဘူး...။
" ဘလိုမှမပတ်သတ်ဘူးး ''
ဟက်..ဘလိုမှမပတ်သတ်ဘူးတဲ့..
" aww ဟုတ်လား မသတ်သတ်တဲ့လူကို အိမ်မက်ထဲထိမက်ပြီး သူ့နာမည်ကို ယောင်တယ်ပေါ့ ၊ ပြီးတော့ သူ့ အနမ်းခံဖို့ ပြင်တယ်ပေါ့ ဟုတ်လား ge ဖြေလေ..!!!''
ရှောင်းကျန့်လက်မောင်းကို ရိပေါ်လက်တွေက လာဖျစ်တယ်
Ahh..ဒီကလေးက အားသန်လိုက်တာ ။
" ဝမ်လေး ge နာတယ်..လွှတ် ''
" ge အ့ကောင်ကို ကြိုက်နေတယ်မလား ဟမ် ''
ရိပေါ်က တကယ်ဘာဖြစ်ချင်နေတာလဲ ။
" သူဘာလုပ်လုပ် ge ခံနေမှာလား!!! "
" ဝမ်ရိပေါ်..!!! "
ရိပေါ် စကားတွေက ရှောင်းကျန့်ကို စော်ကားနေသလိုပဲ ။
အရင်ဘဝက အချိုးတွေပြန်ပေါ်လာပြီပဲ...
" ဟုတ်တယ် ဟုတ်တယ်လို့ သူ့ကိုကြိုက်တယ် သူဘာလုပ်လုပ် ခံမယ်ကွာ..မင်းဒီလိုကြားချင်တာမလား ။ အေး အဲ့ဒိအတိုင်းပဲမလို့ ငါ့ကိုလွှတ်တော့ ''
ရှောင်းကျန့်ပြောနေပေမယ့် ရိပေါ်ကမလွှတ်တဲ့ အပြင်ပိုတောင်တင်းကြပ်လာသေးတယ်..။ ရိပေါ်လက်ကောက်ဝတ်ကို ကိုင်ပြီး လွှတ်ရာလွှတ်ကြောင်း ရုန်းကန်ပေမယ့် မိမိလက်ခုံပေါ် ဆက်တက်ကျလာတဲ့ ရေစက်ကလေးတွေ ၊ အလန့်တကြား မော့ကြည့်မိတော့ ဝမ်လေးက ငိုနေတယ်..။
"ဝမ် ဝမ်လေး ဘာလို့...''
စကားမဆုံးသေး ရှောင်းကျန့် ကိုယ်ကို ဆွဲဖတ်လိုက်တဲ့ ရိပေါ်။ ပြီးတော့ ရှိုက်ကြီးတငင်ငိုနေတဲ့ ကောင်လေး ။
" ကျတော် စိတ်တို လွန်းလို့ ပြောမိတဲ့ စကားတွေကို   ပြန်မပေးပါနဲ့ ge ရာ ၊ တခြာဒီလိုအဖြေမျိုးပြန်မပေးပါနဲ့။သူနဲ့ ge ချစ်သွားမယ်လို့ကို ကျတော်မတွေးရဲဘူး ၊ ကျတော် တကယ်ကို ရူးသွားလိမ့်မယ် ၊ ကျတော်မှာ ge ပဲရှိတာပါ ''
ပုခုံးပေါ် မျက်နှာအပ်ရင်း ငိုနေတဲ့ကလေးလေး ။ မိမိလဲ စိတ်ဆိုးလို့ ပြောချင်တာ ပြောခဲ့ရုံ ရိပေါ်လေးကို ငိုစေဖို့မရည်ရွယ်ခဲ့ ။ ဒီကလေး မိမိ အပေါ် တွယ်ညှိနေတဲ့ သံယောဇဉ် က အဆုံးသတ်ရှိပါ့မလား ။ တစ်ခါတစ်လေ ရှောင်းကျန့် မျက်လုံးစုံမှိတ်ပြီး ကလေးငယ်နဲ့ ချစ်ပြစ်လိုက်ချင်တယ် ။ ဒါပေမယ့် အသိစိတ်က လက်မခံသေး..။
" ge အမှားပါရိပေါ်ရယ် ၊ ge လဲစိတ်ဆိုးလို့ ပြောလိုက်တာ ၊ ge ညီလေးကို ဒီလိုမပြောသင့်ဘူး ''
ge က ရိပေါ်ကို ညီလေးတစ်ယောက်လိုပဲလား..။
" အင်း ge နောက်တစ်ခါစိတ်ဆိုးတာနဲ့အ့လိုတွေမပြောပါနဲ့ ''
" အင်း ဝမ်လေးလဲမပြောရဘူး ''
နှစ်ယောက်သား တစ်ယောက်ကျော တစ်ယောက်ပုတ်ပေးရင်း အကြာကြီး ဖတ်ထားကြတယ် ။
"ဝမ်လေးကအရပ်ကြီးရှည်လာလိုက်တာ မနည်းမော့ကြည့်ရတယ် ပြီးတော့ ပိုပြီးလဲသန်မာလာတယ်''
ရှောင်းကျန့်ပြောတော့ '' ဒါမှ ge ကို ကာကွယ်နိုင်မှာတဲ့ ''
ဒီကလေးက စိတ်ကျေနပ်အောင်ပြောတတ်တယ်..။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
လင်းချန်မင်နဲ့ ယိုဟန် အနီးနား market တစ်ခုကိုလာခဲ့တယ် ၊ ဒီနှစ်တွေမှာ နှစ်ယောက်သားအဆင်ပြေသလောက်ရှိနေပြီ၊ ယိုဟန်က အပြင်ထွက်ချင်တယ်ဆိုလို့သာ လိုက်ပို့တာ ၊ မိမိ အလုပ်တွေ ဖျက်ခဲ့ရတယ် ။ Market အပြင်ထွက်တော့ ပစ္စည်းကျန်ခဲ့တဲ့ ယိုဟန်က ပြန်သွားယူရင်ပြင်တယ် ၊ ချန်မင်ပြန်ဆွဲထားရင်း ထိုနေရာမှာပဲယိုဟန်ကို စောင့်ရန်ပြောခဲ့တယ်။
ယိုဟန်တစ်ယောက် ချန်မင်ကို စောင့်ရင်း အတွေးလွန်နေခဲ့တယ်..။ ချန်မင်က မိမိကို ဂရုစိုက်ပြီး ၊ မိမိ အပေါ် ချစ်ရှာပေမယ့် ယိုဟန် ချန်မင်ကိုခွင့်မလွှတ်နိုင်သေး..။ မိမိဘဝမှာ အချစ်ရဆုံးသူဆိုတာ မိမိ အမျိုးသမီးနဲ့ မိမိသားပဲရှိတာ..။မိမိတို့မိသားစုဘဝကို ဖျက်စီးခဲ့ပြီး မိမိကို အကျယ်ချုပ်သိမ်းထားတဲ့ချန်မင်..။ အဲ့လူနဲ့ဝေးရာကို ပြေးချင်တယ် ဒါပေမယ့် လဲ ယိုဟန် သူ့ကို ချစ်ရတဲ့သူနဲ့ဝေးတဲ့ဒုက္ခကို ခံစားကြည့်စေချင်သေးတယ်..။
တိမ်တွေစိုင်းနေတဲ့ မိုးကောင်းကင်ကို မော့ကြည့်ရင်း ယိုဟန် တိုးတိုးလေးရေရွတ်မိတယ်..။
" ရိဖန်..အချိန်တစ်ခုထိကိုယ့်ကို စောင့်နေပါ၊ ကိုယ်မင်းနဲ့သားဆီကို လိုက်လာခဲ့မယ်..''
ထိုစဉ် မိမိရှေ့မှာ လဲသွားတဲ့ကောင်လေးတစ်ယောက် ။
အထုတ်တွေက မြေပြင်ပေါ်မှု ပြန့်ကျဲလို့ ၊ ယိုဟန်ကောင်လေးနား ပြေးသွားရင်း မြေပြင်ပေါ်က အထုတ်တွေကို ကူကောက်ပေးလိုက်တော့ မိမိကို ရယ်ပြပြီး ကျေးဇူးတင်နေတဲ့ကောင်လေး သွားအကြီးကြီးတွေကထင်းလို့..၊ ဒီကောင်လေးရယ်ပြနေတာ ယိုဟန်ကို နွေးထွေးစေတယ် ၊ နှုတ်ခမ်းအောက်က မှဲ့လေးက မိမိသားကို သတိရစေတယ် ။
သားလေးမှာလဲ အ့လို လေးရှိတယ်..။ မိမိသားသာ အသက်ရှင်နေရင် ဒီကလေးအရွယ်လောက်ရှိရောပေါ့..
" ကျေးဇူးပါ ဦးလေးရယ် ၊ ကျတော် ခြေထောက်ခေါက်သွားလို့ပါ..''
" ရပါတယ် ငါ့တူရဲ့ ''
ရှောင်းကျန့် ရိပေါ်နဲ့ shopping လာတာ ။ လိုအပ်တာတွေဝယ်ပြီး တော့ ရှောင်းကျန့်ကို ကားထဲမှာစောင့်နေ ရေခဲမုန့်ဝယ်လာခဲ့မယ် ဆိုလို့ ကားဆီ အသွား ခုလိုဖြစ်တာပဲ..။
တော်သေးတာက ဒီဦးလေးက လွဲြပ်ီး အနားမှာ ဘသူမှမရှိလို့သာ..မဟုတ်ရင် ရှက်စရာကြီး..
ထိုစဉ်
'' ge''
'' ယိုဟန် ''
အသံနှစ်သံက တစ်ပြိုက်တည်း
ရိပေါ်ကတော့ ရှောင်းကျန့်နားကိုလျှောက်သွားရင် မျက်မှောင်ကြုပ် နေပြန်တယ် ။ စိတ်ဆိုးတော့မယ်မှန်း ကြိုသိနေသဖြင့် ရှောင်းကျန့် အမြန်ရှင်းပြလိုက်ရတယ်။
ရှောင်းကျန့် မိမိရှေ့က လူနှစ်ယောက်ကို ကြည့်နေတာ ဒီဦးလေးက လင်းချန်မင်နဲ့သိနေတာလား.. ။ ရှောင်းကျန့်အမြင်မမှားဘူးဆိုရင် လင်းချန်မင် ရဲ့ မျက်လုံးတွေထဲမှာ တုန်လှုပ်မှုတွေ ရှိနေတယ် ပြီးတော့ တစ်ခုခုကို ကြောက်နေသလိုပဲ..
" ဦးလေး လင်း? ''
ရှောင်းကျန့် နှုတ်ဆက်တော့ လင်းချန်မင်က ပြုံးပြရုံ..
" Ahh သားက ချန်မင်နဲ့ သိနေတာလား ''
ဘေးကဦးလေးက ပျော်ရွှင်စွာပြောတော့..လင်းချန်မင်က ခေါင်းငုံ့ပြရုံ...။
" သွားရအောင် ယိုဟန် ''
ယိုဟန်ဆိုတဲ့ လူကို အတင်းဆွဲခေါ်သွားတဲ့ လင်းချန်မင်..
ဘာသဘောပါလိမ့်?။
" အဲ့လူက ge ဦးလေးမလား ge ကို ဘာလို့နှုတ်တောင်မဆက်တာလဲ ''
" အွန်းး..ge လဲမသိဘူးလေး ''
ရှောင်းကျန့်တကယ်မသိတာမို့...
" ပြန်ရအောင်ဝမ်လေး..''
" ဟုတ်..ကျတော်ကို အထုတ်တွေပေး.. ဒီမှာ ge ကြိုက်တဲ့ strawberry အရသာရေခဲမုန့် ''
" တစ်ခုတည်းလား ရိပေါ်ကရော ''
ရှောင်းကျန့် ရိပေါ်လှမ်းတဲ့ ရေခဲမုန့်ကို ယူရင်းပေးတော့
" တစ်ခုတည်းကို နှစ်ယောက်စားမှာပေါ့တဲ့ ''
ရှောင်းကျန့် သိနေတယ် ရိပေါ်က လူလည်လေး..
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
တစ်နေ့တစ်ပိုင်း ပုံမှန် up ပေးပါမယ့် ❤❤
Corona ကောင်းမှုအကြောင်းပြုလို့ အလုပ်လက်မဲ့ဖြစ်နေတာကြောင့်ပါ..😂
Continua a leggere
Ti piacerà anche
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
5.7K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
65.9K 9K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
37.1K 4.5K 42
I don't wanna be right .