ချစ်ခြင်းတစ်ခု ဖန်တီးမယ် (ခစြ...
By Cosmos_LoV
394K 37.6K 741
Zawgyi ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။ Unicode ငါ့အမှားတွေ ပ... More
Chapter -1,အပါယ်ခံဘဝနဲ့ရှောင်းကျန့် (အပါယ်ခံဘဝနဲ့ရှောင်းကျန့်)
Chapter -2,ပြန်လည်မွေးဖွားခြင်း (ပြန်လည်မွေးဖွားခြင်း)
Chapter-3,လူလည္ေလးရိေပၚ(လူလည်လေးရိပေါ်)
Chapter -4,အဖိုးတန် ခြေသလုံးလေး(အဖိုးတနျ ခွသေလုံးလေး)
Chapter - 5,ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ (ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ)
Chapter -7,လြမ္းတယ္ ge (လွမ်းတယ် ge)
သန္မာတဲ့ ဝမ္ေလး (သန်မာတဲ့ ဝမ်လေး)
gege က ကေလးလုပ္ ( gege က ကလေးလုပ်)
တစ္ခုတည္းလား ( တစ်ခုတည်းလား)
အတၱႀကီးလိုက္ခ်င္ပါရဲ႕ ( အတ္တကြီးလိုက်ချင်ပါရဲ့ )
အိမ္မက္ဆိုး (အိမၼကၦိုး )
မလိုခ်င္တဲ့ အနမ္း ( မလိုချင်တဲ့ အနမ်း)
အခန္းထဲက ခ်စ္ရည္လူးသံ (အခန်းထဲက ချစ်ရည်လူးသံ )
အခ်စ္ရဲ႕ အတၱ ( အချစ်ရဲ့ အတ္တ)
အမွန္တရားကိုသိခ်ိန္ (အမှန်တရားကိုသိချိန်)
အဆံုးသတ္ရဲ႕အစ( အဆုံးသတ်ရဲ့အစ)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် (ဆုံးရှုံးခဲ့ရတဲ့ အတိတ်)
ဆုံးရှုံးခဲ့ရတဲ့ အတိတ် 2(ဆုံးရှုံးခဲ့ရတဲ့ အတိတျ 2)
အရမ်းကြောက်နေခဲ့တာ ( အရမျးကွောကျနခေဲ့တာ)
မြတ်နိုးရပါတယ် ( မွတျနိုးရပါတယျ )
အရူးတစ်ပိုင်းအချစ် ( အရူးတစ်ပိုင်းအချစ် )
ပြင်းထန်တဲ့စွပ်စွဲချက် ( ပွငျးထနျတဲ့စှပျစှဲခကျြ)
Final - ပိုင္ဆိုင္ခြင့္ ( ပိုင်ဆိုင်ခွင့် )
Extra - 1
Extra - 2
Extra - 3
Chapter -6,မဆံုခ်င္တဲ့ေရစက္ (မဆုံချင်တဲ့ရေစက်)
14K 1.5K 14
By Cosmos_LoV
နှုတ်ဆက်လို့ အပြီးမှာ ယွဲ့ပင်းယောင်က ရှောင်းကျန့်နဲ့ ကျိုးချန်ရဲ့ အနောက်ခုံ နေရာမှာ နေရာယူတယ်..။
ဂုတ်အထိ ခပ်ရှည်ရှည်ဆံပင်ကို  သရေပင်ခေါင်းစည်းကြိုးနဲ့စည်းထားတယ်..၊ ယောက်ျားပီသတဲ့ ခပ်သြသြအသံနဲ့အတူ နားထင်က မွေးရာပါ အနီရောင်အမှတ် ခပ်သေးသေးလေးဟာ အရင်ဘဝက ရှောင်းကျန့်ရဲ့ မြတ်နိုးရာ..။
ဒီဘဝမှာတော့ အရင်လို ရှောင်းကျန့်မိုက်မဲမှာ မဟုတ်တော့..
ဒီလူ့ထက် ပိုမြတ်နိုးချစ်ရမယ့်သူလဲရှိနေခဲ့ပြီလေ..။ အရင်ဘဝက ရန်သူလို့ထင်ခဲ့ရတဲ့ ကလေးငယ်က ဒီဘဝမှာ မိမိရဲ့ နှလုံးသားတစ်ခုလုံးဖြစ်သွားခဲ့ပြီ...။
အတန်းပြီးတော့ ကျိုးချန်ကိုနှုတ်ဆက်ပြီး ရှောင်းကျန့် စောစောပြန်ခဲ့တယ်..၊ ခုလောက်ဆို ကလေးငယ်စောင့်နေလောက်ပြီ..။
အိမ်ရောက်တော့ ရိပေါ်လေးက hot pot သွားစားဖို့အဆင့်သင့်..။ ရှောင်းကျန့်လဲ ရေချိုး အဝတ်လဲ ပြီး ရိပေါ်လေးနဲ့အတူ ဝမ်ဂရု ပိုင် 5 star hotel ကိုသွားခဲ့တယ် ဒီ hotel က အနာဂတ်မှာ ရိပေါ် ပိုင်ဆိုင်မယ့် hotel ၊ ဒါကိုရှောင်းကျန့်က မကျေနပ်လို့ လူမိုက်ငှါးပြီး ဒုက္ခပေးခဲ့သေးတယ်..။
အရင်ဘဝက ရှောင်းကျန့်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေက အရမ်းများခဲ့တာပဲလို့ တွေးမိရင်း သက်ပြင်းအရှည်ကြီးချလိုက်မိတယ်..။
"ge ge ''
ရိပေါ်လေးခေါ်သံကြားမှ
" ဟမ်..အင်း..ရိပေါ်လေး ''
" စားလို့မကောင်းဘူးလား...''
စာပွဲပေါ်က hot pot ကိုကြည့်ရင်း သက်ပြင်းအရှည်ကြီးချနေတဲ့ ge ge ကြောင့် ရိပေါ် တောင် မျက်ခုံးတွေကျုံ့လိုက်မိတယ်..။ ge ge ကဘာတွေစိတ်ညစ်စရာရှိလို့လဲ..။
" အာ..အဲ့လိုမဟုတ်ဘူး..''
ရှောင်းကျန့် ပြာပြာသလဲ ငြင်းလိုက်ရတယ်..။ ကလေးငယ်က မိမိ စိတ်အခြေအနေကို အကဲခတ်တတ်လွန်းတယ်..။
" ge ge မှာ စိတ်ညစ်စရာတွေရှိနေတာလား..၊ အချိန်နည်းနည်းလေးပဲစောင့်ပေး ge ge ကျွန်တော် အသက်ကြီးလာရင် ge ge ကို စိတ်မညစ်အောင်ထားမယ် ..နော် ge ge ''
အရှေ့က အစာစားရင်း ပလုပ်ပလောင်းနဲ့ပြောနေတဲ့ ကလေးငယ်..၊ ရှောင်းကျန့် ရင်ထဲနွေးထွေးသွားတာကို မလိမ်ချင်ပါ..၊
အရင်ဘဝကတည်းက ဒီလိုနွေးထွေးမှုမျိုးနဲ့ မရင်းနှီးတဲ့ရှောင်းကျန့်အတွက် ကလေးငယ်စကားက မျက်ရည်တောင်ဝဲစေလိုက်တယ်။
ပါးစပ်မှာ ပေနေတဲ့ ဆီစ တွေကို သုတ်ပေးရင်..
" ဟုတ်ပါပြီဗျာ ge ge ရဲ့ ရိပေါ်လေးကို ge ge ကစောင့်နေပါ့မယ်ဗျာ..''
" ဝမ်လေး...ဝမ်လေးလို့ခေါ် ''
ရှောင်းကျန့် မျက်ဝန်းတွေလက်ခနဲ့.. ၊ အရင်က ခေါ်ချင်ခဲ့ပေမယ့် ကလေးငယ် စိတ်ထဲ အလိုမကျမှာဆိုးလို့ မခေါ်ခဲ့..။
" အ့တာ ge ge ကိုပဲ ခေါ်ခွင့်ပေးတာနော်..ge ge ဂုဏ်ယူသင့်တယ်..''
စကားတတ်တဲ့ ကလေးငယ်ကြောင့် ရှောင်းကျန့် အသဲယားစွာ ကိုယ်ကို ကိုင်းပြီး ကလေးငယ် ဆံပင်ကို ခပ်ဖွဖွ ဖွလိုက်မိတယ်..။
"Haazz ဟုတ်ပါပြီ..ge ge ရဲ့ ဝမ်လေးက စကားတတ်လိုက်တာ..''
ပေါ့ပေါ့ပါးပါး ရယ်နေတဲ့ ge ge ကြောင့် ရိပေါ် ခုမှ စိတ်အေးရတယ်..။
ရိပေါ်က ge ge ပြုံးနေတာပဲ မြင်ချင်တာ..။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
Hot pot စားပြီး ရှောင်းကျန့်တို့ အိမ်ကိုပဲ ပြန်ခဲ့တယ်..
မနက်ဖြန် အဆောင်ပြောင်းဖို့ ထုတ်ပိုးရဦးမယ်..။
ည 9 နာရီကျော်ပဲရှိသေးပေမယ့် ဝမ်လေးကတော့ အိပ်နေပြီ..။ ဒီကလေးအိပ်နေတုန်း အထုတ်တွေပြင်ထားရတာ..
အထုတ်ပြင်ပြီး weibo ဖွင့်ကြည့်တော့ ယွဲ့ပင်းယောင်က မိမိကို follow လုပ်ထားတာတွေ့တယ်..
ဘာတွေ ဇာတ်လမ်းဆင်ဖို့တွေးနေပြီလဲ...
တစ်ချက်​​ကြည့်ပြီး ဖုန်းကိုပြန်ပိတ်ကာ ကလေးငယ်ဘေးမှာ ဝင်လှဲလိုက်တယ်..။အိပ်မောကျနေတဲ့ ဝမ်းလေးမျက်နှာကို ခပ်ဖွဖွထိရင်း..
မနက်ဖြန်ဆိုရင် ဒီအိမ်က ထွက်သွားရတော့မယ်..
ကလေးငယ်နဲ့ နည်းနည်းလေးတောင် မဝေးချင်ပေမယ်..ရှောင်းကျန့်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့က ဒီတစ်နည်းပဲရှိတော့လို့...။
" အိမ်မက်လှလှမက်စေ ဝမ်လေး..''
နဖူးလေးကို ခပ်ဖွဖွနမ်းရင်း ရှောင်းကျန့်လဲ အိပ်စက်ခြင်းဆီသို့..။
နောက်နေ့မနက် ရိပေါ် ကျောင်းသွားတော့ ရှောင်းကျန် ကျိုးချန်ကို လာခေါ်ဖို့ ဖုန်းဆက်လိုက်တယ်..။
ကျိုးချန်မလာခင် ဝမ်သခင်ကြီးဆီကို နှုတ်ဆက်ဖို့လိုသေးတယ်.. ၊ ပြီးရင် ကလေးငယ်ကို အဆင်ပြေအောင်ကြည့်ပြောပေးဖို့ မှာရဦးမယ်..။
ဝမ်သခင်ကြီးက စာဖတ်ခန်းထဲမှာ..၊၊
ရှောင်းကျန့်ဝင်သွားလိုက်ပြီး ခေါ်လိုက်တယ်....။
" ဦးလေးဝမ်..''
သတင်းစာ ဖတ်နေတဲ့ ဝမ်းလုကျိုးက ခေါင်းထောင်ကြည့်လာတယ်..။ ရှောင်းကျန့်ကိုမြင်တော့ ရယ်လိုက်ပြီး သူ့မျက်ဝန်းတွေက ပျော့ပြောင်းနေတယ်.. ။
" ကျန့်ကျန့်..လာလေ..သား..''
ဒီနှစ်တွေအတွင်းမှာ ဝမ်းလုကျိုး နဲ့ ရှောင်းကျန့်ရဲ့ ဆက်ဆံရေးက အတော်ပြေလည်နေခဲ့တယ်..။ ဒီကလေး ငယ်ငယ် က အမြင်ကျဉ်းတဲ့ပုံ လို့ထင်ရပေမယ့် ဒီနှစ်တွေ အတွင်းမှာ အရမ်းရင့်ကျက်ပြီး ဉာဏ်ကောင်းလွန်းတဲ့ ကလေးမှန်း လုကျိုးသိရှိပြီးပြီ..၊ ပြီးတော့ အလုပ်မအားတဲ့ မိမိအစား ရိပေါ်လေးကို ပျော်ရွှင်စေတယ်..၊ မိမိ မမြင်ခဲ့ဖူးတဲ့ သားငယ်အပြုံးတွေကို ဒီကလေးကြောင့် မြင်ခွင့်ရခဲ့တယ်..၊ အရင်က ရှောင်းကျန့်ကို မိမိ သားရဲ့ ပိုင်ဆိုင်မှုတွေ လုယူမယ့်သူလို့ထင်ခဲ့ဖူးပေမယ့် ဒီကလေးမျက်ဝန်းတွေထဲမှာ မိမိပိုင်ဆိုင်မှုတွေက အရာမဝင်မှန်း လုကျိုးသိခဲ့တယ်..။
"ကျွန်တော် အဆောင်ပြောင်းနေချင်လို့ ဦးလေး..၊ တခြားအကြောင်းမရှိပါဘူး..ဒီအိမ်က ကျောင်းနဲ့နဲနဲလှမ်းတော့ သွားရလာရတာ ခက်ခဲလို့ပါ..''
" ရိပေါ်လေးသိပြီးပြီလား..''
ဝမ်းလုကျိုး မေးတော့ ရှောင်းကျန့် မျက်ဝန်းမှာ ဝမ်းနည်းမှု အရိပ်အရောင်တွေထင်းလို့..၊
" ဝမ်လေးကို ဦးလေးကပဲ ကြည့်ကောင်းအောင်ပြောပေးပါနော်..၊ ကျွန်တော် ပြောရင် ဝမ်းလေးက လက်ခံမှာမဟုတ်ဘူး..''
ပြောတာလဲဟုတ်တာပဲ..၊ ဒါပေမယ့် မိမိသားက ဒီကလေးကို မတွေ့ရင် သောင်းကျန်းတော့မှာ..။
" ကျွန်တော် သူငယ်ချင်းနဲ့အတူနေမှာပါ ဒီကို ပိတ်ရက်တွေ ပြန်လာပါ့မယ်..၊ ဦးလေးက ကျွန်တော့်အစား ဝမ်လေးကို ဂရုစိုက်ပေးပါဦး..ပြီးရင် ဦးလေးလဲ ကျန်းမာရေး ဂရုစိုက်ပါ..''
ကျိုးချန်ရဲ့ကား ဟွန်းတီးသံကြားတော့ ဝမ်းလုကျိုးကို အလျှင်အမြန်ခေါင်းငုံ့ နှုတ်ဆက်ပြီးထွက်ဖို့ပြင်လိုက်တယ်..
" မင်းအမေကို နှုတ်မဆက်တော့ဘူးလား...''
အမေတဲ့..ရှောင်းကျန့်ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားတယ်..
" မလိုဘူးထင်လို့ပါ..''
ပြောပြီး ထွက်သွားတဲ့ ရှောင်းကျန့်ကို နားမလည်စွာ ကြည့်နေခဲ့တယ် ။ ဒီကလေး သူ့အမေကို မုန်းနေရတဲ့ အကြောင်းပြချက်ကဘာလဲ..။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
အဆောင်က နှစ်ယောက်ခန်း
နှစ်ထပ် အိပ်စင်မှာ ကျိုးချန်က အပေါ်ထပ်ကို ယူတယ်..၊ အခန်းလေးက သပ်သပ်ရပ်ရပ်လေး ပါ။ ရေချိုးခန်းနဲ့ အိမ်သာတွဲလျှက်က အဆင်မပြေတာလေးတစ်ခုပဲ..၊
ကျိုးချန်က ရေချိုးနေတုန်း ရှောင်းကျန့် အီးအီးပါချင်နေရင် ဘယ်လိုလုပ်မလဲ..။
အခန်းနေရာချပြီး နှစ်ယောက်လုံး အတန်းတက်ဖို့ ထွက်ခဲ့တယ်...။ အခန်းထဲရောက်တော့ ယွဲ့ပင်းယောင် ကရောက်နှင့်နေပြီ..ရှောင်းကျန့်က မိမိ နေရာကို ခပ်တည်တည်နဲ့ပဲ ဝင်ထိုင်လိုက်တယ် ၊ ထို့နောက်မှာ မိမိ နောက်ကျောကို လက်ကုတ်ခေါ်တာကြောင့် လှည့်ကြည့်မိတော့..
" Hi..မင်းက ရှောင်းကျန့်မလား ''
ဘာရည်ရွယ်ချက်နဲ့ စကားလာပြောနေတာလဲ
" အင်း ''
ရှောင်းကျန့် စိတ်မပါသလို အင်း ပဲပြောလိုက်တယ်..။
" ဟာ..မင်းက အချေပဲကို..''
ပင်းယောင်က ချစ်စရာကောင်းအောင်ပြောနေပေမယ့် ရှောင်းကျန့်အတွက်တော့ စိတ်ပျက်စရာကောင်းနေတယ်..
အရင်ဘဝက ရှောင်းကျန့်မှ မဟုတ်တော့တာ..
" ငါက မင်းနဲ့ခင်ချင်လို့ကို...weibo မှာ follow လုပ်ထားတယ် ''
" အော် ''
ဒီကောင်နဲ့ ဘာစကားမှရှောင်းကျန့်မပြောချင်ပါ...။
" ငါ့ကို ပြန်ခင်ပေးလို့မရဘူး လား ဘာလို့လဲ..''
သနားစရာကောင်းအောင်ပြောပြနေတယ် ။ အရင်ဘဝကလဲ ဒီလိုနည်းနဲ့ပဲ မိမိထံချဉ်းကပ် ခဲ့တာ..။
" Sorry ငါမင်းနဲ့ မခင်ချင်ဘူး..''
ပင်းယောင်မျက်လုံးကို သေချာစိုက်ကြည့်ရင်းပြန်ပြောလိုက်တယ်..။
ယွဲ့ပင်းယောင် မိမိကို တွေဝေခြင်းမရှိပဲ လှည့်ကြည့်ပြီးပြောလာတဲ့ ရှောင်းကျန့်ကြောင့် အနည်းငယ် အံ့သြနေခဲ့တယ်။
မိမိရှေ့က လူသားက တည်ငြိမ်လွန်းတယ် မျက်ဝန်းတွေက ဆူးရှပြီး မိမိကိုစိုက်ကြည့်နေတာနဲ့အတူ ကြည်လင်နေတယ် ။
ဒီလူသားကို ယမန်နေ့ညက 5 star hotel မှာ ကလေးတစ်ယောက်နဲ့ ညစာ စားနေတာ ကိုတွေ့ခဲ့တယ် ၊ မိမိ ကျောင်းစပြောင်းတဲ့နေ့က တွေ့ဖူးလို့ မှတ်မိနေခဲ့တာ နှုတ်ဆက်ချင်ပေမယ့် အခွင့်မရှိလို့ ၊ ပါလာတဲ့ကလေးနဲ့ ပြုံးပျော်ပြီး ပြောနေတဲ့ ဒီလူသားပုံက အပြစ်ကင်းတယ် ၊ သူရယ်နေတာကိုကြည့်ပြီး မိမိကိုယ်တိုင်တောင် ပြုံးလိုက်မိတယ်..။
ယောက်ျားလေးဖြစ်ပြီး ဒီလူသားရဲ့ အလှက ပြည့်စုံလွန်းတယ်။
ခုလဲ ဒီလူသား မျက်နှာကို အကဲခတ်မိတော့ ရူးချင်သွားတယ်
မျက်လုံးတွေက စူးရှနေတာ အရောင်တွေတောက်ခမန်းနီးနီး..၊ နီစွေးစွေး နှုတ်ခမ်းကို ကြည့်မိတော့ စတွေး ပါမျိုချမိတယ်
အဲ့ဒိကတစ်ဆင့် နှုတ်ခမ်းအောက်က မှဲ့နက်လေးဆီ အကြည့်ရောက်ပြန်တော့ လူက ရူးသွားမတက်..။
ယွဲ့ပင်းယောင် မင်းကတော့ရူးနေပြီ.....။
" အဲ့ဒိတော့ ငါနဲ့ လာမပတ်သတ်ပါနဲ့..ok? "
ရှောင်းကျန့် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်
ခုကတည်းက ဇာတ်လမ်းဖြတ်မှဖြစ်မယ်လေ..
ဒီဘဝမှာတော့ ဒီလူနဲ့ ရေစက်မဆုံချင်တော့ဘူး...။
မိမိမှာ ကလေးငယ်ရှိနေခဲ့ပြီ...၊ ဒါဟာအမှန်တရားပဲ ကလေးငယ်အကြောင်းတွေးမိရင် ရှောင်းကျန့်အလှဆုံးပြုံးတတ်နေခဲ့ပြီး..။
သူ့အပြုံးကြောင့် ရူးသွားမတတ်ရှိနေတဲ့သူကိုတော့ ရှောင်းကျန့်မသိခဲ့.....။
____________________
Zawgyi
"ge ge ''
" ဟမ်..အင်း..ရိပေါ်လေး ''
" အာ..အဲ့လိုမဟုတ်ဘူး..''
" ဦးလေးဝမ်..''
" ကျန့်ကျန့်..လာလေ..သား..''
" မလိုဘူးထင်လို့ပါ..''
" အင်း ''
" ဟာ..မင်းက အချေပဲကို..''
" အော် ''
____________________
Continue Reading
You'll Also Like
485K 66.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
16K 3.4K 50
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
36.5K 4.5K 41
I don't wanna be right .
108K 18.5K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...