1
.
.
2
.
.
3
.
.
သံုးလဆိုေသာအခ်ိန္ကာလဟာ မင္းေလးနဲ႔အတူ႐ွင္သန္ရင္း တျဖည္းျဖည္းကုန္ဆံုးလာခဲ့ၿပီ....။
ေန႔ရက္ေတြတိုင္းမွာ မင္းေလးကိုခ်စ္တဲ့အခ်စ္ေတြက တိုးသထက္ ပိုတိုးလာခဲ့တာ ကိုယ့္မွာထိန္းမႏိုင္ သိမ္းမရျဖစ္ေနၿပီ...။
ေန႔တိုင္းထိေတြ႔ခြင့္ရတဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြက ပိုၿပီးျမတ္ႏိုးဖို႔ေကာင္းလာသလို ခနၶာကိုယ္ေသးေသးေလးကို ဖက္တြယ္ရတာလည္း တစ္သက္တာလႊတ္မေပးခ်င္ေလာက္ေအာင္ပဲ...။
ပန္းခ်ယ္ရီရဲ႕ပြင့္လႊာေလးေတြလို နူးညံ႔တဲ့
ႏႈက္ခမ္းပါးေလးေပၚမွာ အနမ္းမိုးတို႔အဆက္မပ်က္ရြာသြန္းမိတာကေတာ့ ကိုယ္လဲမတက္ႏိုင္ဘူး..။ ခ်စ္ဖို႔ေကာင္းလြန္းေနတဲ့ မင္းေလးအပစ္ပဲ...။
.
.
.
.
.
ကုမၸဏီနားကဆိုင္မွာ နွစ္ေယာက္သား ညေနစာစားျပီး လမ္းေလ်ွာက္ျပန္ခဲ့ၾကသည္...။ကုမၸဏီကိုျပန္မေရာက္ခင္မွာ ရုက္တစ္ရက္ရြာခ်လာမိုးေျကာင့္ ပိတ္ထားတဲ့ေကာ္ဖီဆိုင္ေလးရဲ႕ေ႐ွ႕က အမိုးက်ဥ္းက်ဥ္းေလးေအာက္ကို ဝင္ရပ္ေနလိုက္သည္...။
က်ေနဆဲမိုးေရစက္ေလးေတြကို လက္ဖဝါးထိုးခံလိုက္ၿပီး အျပံဳးေလးနဲ႔သူ႔ဘက္ကို လွည့္ၾကည့္လာတဲ့ ခ်စ္သည္းတုန္ေလးေၾကာင့္ သူ႔ႏွလံုးသားဟာဆိုရင္ ေကာင္းကင္ကေန တဖြဲဖြဲသက္ဆင္းလာတဲ့ မိုးစက္ေလးေတြနဲ႔အၿပိဳင္
ေႂကြက်ေျမခေနရပါၿပီ...။
ေလေျပေလးမ်ားတိုက္ခက္ေနတာမို႔ ရြက္သစ္ထိုးကာစ သစ္ကိုင္းခက္ေလးေတြက အနည္းငယိမ္းထိုးေနေပသည္...။
ျပာလဲ့လဲ့ေကာင္းကင္ေအာက္ရွိ အျဖဴေရာင္တိုက္မ်ားက ေလႏွင္ရာအရပ္ကုိ ဟုိတစ္စဒီတစ္စေမ်ာလႊင့္ေနၾကေသာ္လည္း....
ကိုယ့္ႏွလံုးသားတိမ္တိုက္ေလးကေတာ့ မင္း႐ွိရာအရပ္ကေန ေလနွင္ရာကို မျဖစ္မေနေရြ႔လ်ားသြားရမယ္ဆိုရင္ေတာင္မွ မင္းအနားကမခြဲခြာခ်င္တာမို႔ မိုးေရစက္ေလးေတြအျဖစ္ေျပာင္းလဲျပီး မင္းကိုယ္ေပၚမွာကပ္တြယ္ေနပါရေစ....။
baekhyunလက္မ်ားက chanyeolလက္ကိုတင္းတင္းဆုက္ကိုင္လို႔ လမ္းမထက္ကိုေျပးထြက္ခဲ့သည္...။
နွစ္တစ္ႏွစ္ရဲ႕ပထမဆံုးမိုးရြာတဲ့ေန႔မွာ ခ်စ္ဦးသူနဲ႔အတူလက္ခ်င္းတြဲျပီး မိုးေရထဲမွာ ေလ်ွာက္သြားခ်င္ခဲ့တာ သူ႔ရဲ႕ျဖစ္ခ်င္တဲ့ဆနၵေတြထဲကတစ္ခုပင္...။
"hyunငယ္ ဘာလို့ေျပးထြက္လာရတာလဲ...
အေအးမိကုန္ရင္ဘယ္ႏွယ့္လုပ္မလဲ..."
"ကိုကို႐ွိတာပဲ ကြၽန္ေတာ္ဖ်ားရင္ ကိုကိုကအနားမွာလာေနေပးေပါ့..."
ကိုကို႔ေရွ့ကုိသြားကာ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ၿပီး လက္ႏွစ္ဖက္လံုးကို ဆြဲကိုင္လိုက္သည္....။
ကိုကိုက ပါးၿခိဳင့္ေရးေရးေလးေပၚေအာင္ျပံဳးၿပီး
သူ႔ေခၚတဲ့အတိုင္းလိုက္လာခဲ့သည္...။
baekhyunက chanyeolေ႐ွ႕ကေနၿပီး
ေနာက္ျပန္လမ္းေလ်ွာက္ေနျခင္းျဖစ္သည္...။
တေဖ်ာေဖ်ာရြာသြန္းေနတဲ့ မိုးေရစက္ေတြၾကားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည္ၾကည္ႏူးႏူးစိုက္ၾကည့္ၿပီး လမ္းမထက္ေလ်ွာက္လွမ္းေနရတာက baekhyunအတြက္ေတာ့ အရမ္းကိုအေပ်ာ္ရႊင္ရဆံုးပင္...။
ေရစက္တို႔တြဲခိုေနတဲ့ ကိုကို႔မ်က္ႏွာေပၚကအစိက္အပိုင္းတစ္ခုဆီတိုင္းက သူ႔အတြက္ပိုတိုးလို႔ ဆြဲေဆာင္မႈ႐ွိေနသေယာင္...။
ေျခလွမ္းတို႔ကိုရပ္တန္႔လိုက္သည္...။
လက္ႏွစ္ဖက္က ကိုကို႔ပခံုးကိုဖိခ်လိုက္ကာ
ေျခဖ်ားေလးေထာက္လို႔ ႏႈက္ခမ္းႏွစ္လႊာအား
ဖိကပ္လိုက္သည္...။
ခါးေနာက္ကို သိုင္းဖက္လာတဲ့ကိုကို႔လက္ေတြနဲ႔အတူ
ႏူးညံ့စြာျခယ္လွယ္ခံလိုက္ရေသာ ႏႈက္ခမ္းႏွစ္လႊာ...။
အခ်ိန္မည္မ်ွၾကာသြားသည္မသိ...။
သဲသဲမဲမဲ ရြာခ်ေနတဲ့မိုးမင္းႀကီးေတာင္မွ သူ႔တို႔ႏွစ္ဦးရဲ႕ အနမ္းမိုးကိုမယွဥ္ႏိုင္စြာ တိတ္သြား႐ွာၿပီျဖစ္သည္...။
ေရစိုေနတဲ့baekhyunကိုယ္လံုးေလးကို ဒူးေအာက္ကေပြ႔လ်ိႈလို႔ မ ခ်ီလိုက္ၿပီး ကားထားရာေနရာသို႔ အျမန္သြားရေတာ့သည္...။
ေဘဘီေလးႏွာစီးၿပီး ဖ်ားသြားရင္ ဒီေကာင္ႀကီးပဲ အ႐ူးမီးဝိုင္းျဖစ္ျပီး စားမဝင္အိပ္မေပ်ာ္ ျဖစ္ေနရေတာ့မွာ...။
~~~~~~~~~~~~I Want You~~~~~~~~~~~
အား ေနရထိုင္ရတာမသက္သာလိုက္တာ..။
မေန႔ကမိုးမိျပီး အဖ်ားဝင္လို႔ အိပ္ယာထဲကမထႏိုင္တဲ့သူက baekhyunမဟုတ္ပဲ chanyeolျဖစ္ေနေလသည္...။
တစ္ညလံုး ကိုယ္ေတြျခစ္ျခစ္တာက္ပူေနတာ...။မား..ေရပတ္တိုက္ေပးတာေတာင္မသက္သာလို႔ မိသားစုဆရာဝန္ေခၚၿပီး ေဆးႏွစ္လံုးထိုးလိုက္ရသည္...။
တ႐ုက္ကိုသြားဖို႔ ေလယာဥ္ခ်ိန္နီးေနတာေတာင္
မားခမ်ာ သူ႔ကိုစိတ္မခ်လို႔ အိမ္ကမထြက္ႏိုင္ေသး...။
အိတ္တစ္လံုးလက္ကဆြဲလို႔ အခန္းထဲဝင္လာလိုက္ ျပန္ထြက္သြားလိုက္နဲ႔ မွာၾကားေနတာမၿပီးႏိုင္ေတာ့...။
မားကိုၾကည့္ၿပီးသူေတာင္ ေခြၽးျပန္ခ်င္လာၿပီ...။
ကုတင္ေခါင္းရင္းကို ေက်ာမွီထိုင္ေနရင္း အခန္းထဲေရာက္လာျပန္တဲ့ မားကိုစိတ္မပူဖို႔ေျပာရသည္...။
"ေတာ္ပါေတာ့ မားရယ္...။သားက ကေလးလည္းမဟုတ္ေတာ့ဘူး စိတ္ခ်ၿပီးသာသြား
ဟုတ္ၿပီလား..."
"ဟိုကလည္း မသြားမျဖစ္မို႔သာသြားရမွာ..။
သားငယ္ မင္းကိုလည္း တစ္ေယာက္ထဲစိတ္မခ်ပါဘူးဟယ္....။ေကာင္းေကာင္းေနခဲ့ေနာ္...ကုမၸဏီကိုလည္း မသြားနဲ႔...။ေနမေကာင္းရင္ kyung Sooကို ဖုန္းဆက္လိုက္ၾကားလား
မားသြားၿပီ...။"
ကြၽန္ေတာ့္ပါးျပင္ေပၚကို တစ္ခ်က္နမ္းကာ
ေခါင္းေလးကို အသာပြတ္ၿပီး
မွာစရာ႐ွိတာမွာျကားကာ ကပ်ာကယာထြက္သြားတဲ့မားေက်ာျပင္ကိုၾကည့္ၿပီး အလိုလုိေႏြးေထြးသြားရသည္...။
သားႏွစ္ေယာက္နဲ႔ပတ္သက္ရင္ ဘာကိုမွအထိခိုက္မခံတဲ့ မားရဲ႕ေမတၱာတရားေတြက သူ႔ဘဝအတြက္ အႀကီးမားဆံုးေသာခြန္းအားေတြပါပဲ...။
စားပြဲေပၚကေဆးတစ္ခြက္စာကို ယူေသာက္ၿပီး
အသာမႇိန္းေနလိုက္သည္...။
မၾကာခင္မွာပဲ ႏွစ္ခ်ိဳက္ခ်ိဳက္အိပ္ေပ်ာ္သြားေတာ့သည္....။
.
.
.
.
.
.
.
.
အိပ္ယာကႏိုးလာခ်ိန္ နွာေခါင္းဝမွာ ႏွင္းဆီနံ႔သင္းသင္းေလးကို ႐ူ႐ႈိက္မိလိုက္သည္...။
မ်က္ဝန္းအစံုကိုဖြင့္ၾကည့္ေတာ့ ကုတင္ေဘးကေန သူ႔ကိုထိုင္ၾကည့္ေနတဲ့ hyunငယ္ကိုေတြ႔ရသည္...။
မျဖစ္ႏိုင္တာ...။အျမင္မွားေနတာ ျဖစ္မွာလို႔ေတြးၿပီး မ်က္လံုးကိုလက္နဲ႔ဖိပြက္လိုက္သည္...။
ျပန္ဖြင့္ၾကည့္ေတာ့လည္း သူ႔ကိုေမးေထာက္ၾကည့္ေနတဲ့ hyunငယ္ကိုေတြ႔ေနရတုန္း...။
"ႏိုးၿပီလား..။သက္သာရဲ႕လားကိုကို"
တကယ္ႀကီး ေရာက္ေနတာပဲ...။
သူ႔ကိူၾကည့္ၿပီးေမးလာတဲ့ hyunငယ္မ်က္ဝန္းထဲမွာ စိုးရိမ္မႈအေငြ႔အသက္ေလးေတြေတြ႔ေနရသည္...။
chanyeolျပံဳးျပျပီး ထထိုင္မယ္လုပ္ေတာ့
baekhyunက ကူၿပီးတြဲထူေပးသည္...။
"hyunငယ္ ဘယ္လိုေရာက္လာတာလဲ.."
baekhyunကို ၾကည့္ၿပီးေမးလာတဲ့ chanyeolမ်က္ဝန္းတို႔က အေရာင္ေဖ်ာ့ေနသည္...။
"ကြၽန္ေတာ့္ေၾကာင့္ ျဖစ္ရတာ..။
ကြၽန္ေတာ္က မိုးေရထဲဆြဲေခၚသြားလို႔ ကိုကိုဖ်ားရတာ...။ဒီေလာက္ျဖစ္ေနတာကို ကြၽန္ေတာ့္ကိုဘာလို႔ ဖုန္းမဆက္တာလဲ..."
chanyeolလက္ကို baekhyunကဆုက္ကိုင္ထားၿပီးေျပာသည္...။
"hyunငယ္ေၾကာင့္မဟုတ္ပါဘူးကြာ...ကိုကိုဘာသာ ေနမေကာင္းျဖစ္တာပါ...။
မိုးေရေၾကာင့္သာဆို hyunငယ္ေလးလဲ ဖ်ားရမွာေပါ့ ဟုတ္ဘူးလား..."
hyunငယ္ပါးျပင္ေလးကို ထိေတြ႔ခ်င္ေပမယ့္ တစ္ကိုယ္လံုးကိုက္ခဲေနတာေၾကာင့္ စိတ္သြားတိုင္း လက္ကမေရာက္ေပ...။
"ommaသာ ဖုန္းဆက္ၿပီး သြားၾကည့္လိုက္အံုးလို႔မေျပာရင္ ကြၽန္ေတာ္သာလာမၾကည့္ရင္ ဒီအေျခအေနနဲ့ ကိုကိုတေယာက္ထဲ ျဖစ္ေနမွာေပါ့..."
"အခုကိုယ့္ခ်စ္သူေလး ေရာက္လာၿပီပဲေလ..."
"သြားပါ ommaဖုန္းဆက္ေတာ့ ကြၽန္ေတာ္ဘယ္ေလာက္စိတ္ပူသြားရတယ္မွတ္လဲ...ကုမၸဏီမသြားပဲ ဒီကိုလာခဲ့တာ...။အဖြဲ႔မွဴးသိရင္ေတာ့ အဆူခံရေတာ့မွာ.."
စိတ္ပူတက္ရန္ေကာ အခ်စ္ကေလးရာ
မင္းခ်စ္သူကိုကိုက ကုမၸဏီပိုင္႐ွင္ဆိုတာ ေမ့ေနေရာ့သလား...။
"ဘယ္သူက ကိုယ့္ခ်စ္သူေလးကိုဆူရဲမွာတဲ့လဲ
ကိုကိုက တစ္ခါထဲအလုပ္ထုက္ပစ္လိုက္မယ္...ဘာမွတ္ေနလဲ..."
chanyeolစကားကို baekhyunသေဘာကၽစြာ ထရယ္ေလသည္...။
မေန႔ကသူဖ်ားမွာကို စိတ္ပူေနတဲ့ကိုကိုက
အခုေတာ့ အိပ္ယာထဲကမထနုိင္ ျဖစ္ေနေလၿပီ...။
ကြၽန္ေတာ္ဖ်ားတဲ့အခါ ကိုကိုကအနားမွာ႐ွိေနေပးေပါ့လို႔ ေျပာခဲ့တာက အခုေတာ့ကိုကို႔အနားမွာ သူေရာက္ေနၿပီ...။
မနက္ျဖန္ဆိုတာလည္း ခန္႔မွန္းဖို႔ခက္သား...။
ကိုကို႔လက္ဖ်ားေလးေတြကို တင္းတင္းဆုပ္ကိုင္ထားလိုက္သည္...။
ေျခဆင္းထားတဲ့ကိုကို႔ေပါင္ေပၚမွာ ပါးျပင္ေလးအပ္ကာ ကိုကို႔မ်က္ႏွာကိုၾကည့္ေနလိုက္သည္...။
ခပ္ယဲ့ယဲ့အျပံဳးေလးနဲ့ သူ႔ကိုျပန္ၾကည့္လာတဲ့ ကိုကို႔မ်က္ဝန္းေတြက
အေရာင္ေဖ်ာ့ေနေပမယ့္ ၾကင္နာမႈအရိပ္ေတြကတစ္စက္မွေလ်ာ့မသြား...။
Baekhyunခ်စ္ရတဲ့ကိုကိုက baekhyunအတြက္ေတာ့ ထာဝရေတာက္ပေနတဲ့ ေနမင္းႀကီးလိုပင္...။
chanyeolေပါင္ေပၚကေခါင္းလံုးလံုးေလးကို
အသည္းယားစြာ ဆြဲဖြလိုက္သည္...။
.
.
.
.
.
.
.
.
.
.
ရင္ထဲအသည္းထဲကေန နက္႐ႈိင္းစြာ ျမတ္ႏိုးခ်စ္႐ပါတဲ့ ကိုယ့္အသက္ေလးေရ ကိုယ့္ခနၶာျဖစ္တည္မယ့္ ဘဝဆက္တိုင္းမွာ မင္းေလးကိုထာဝရပိုင္ဆိုင္ခြင့္႐ွိသူတစ္ေယာက္အျဖစ္
တည္႐ွိခြင့္ ရပါရေစ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သၾကၤန္ေႏြဦး တူးပို႔ တူးပို႔...
တို႔မ်ားဆင္ဂယ္ပါ.....ေဟ့...😝
ေစ်းဗန္းခင္းေနတာေလ ဝယ္မယ့္သူလဲမ႐ွိဘူး အားငယ္တာေအ😌
(Uni)
.
.
သုံးလဆိုသောအချိန်ကာလဟာ မင်းလေးနဲ့အတူရှင်သန်ရင်း တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီ....။
နေ့ရက်တွေတိုင်းမှာ မင်းလေးကိုချစ်တဲ့အချစ်တွေက တိုးသထက် ပိုတိုးလာခဲ့တာ ကိုယ့်မှာထိန်းမနိုင် သိမ်းမရဖြစ်နေပြီ...။
နေ့တိုင်းထိတွေ့ခွင့်ရတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက ပိုပြီးမြတ်နိုးဖို့ကောင်းလာသလို ခန္ဓာကိုယ်သေးသေးလေးကို ဖက်တွယ်ရတာလည်း တစ်သက်တာလွှတ်မပေးချင်လောက်အောင်ပဲ...။
ပန်းချယ်ရီရဲ့ပွင့်လွှာလေးတွေလို နူးညံ့တဲ့
နှုက်ခမ်းပါးလေးပေါ်မှာ အနမ်းမိုးတို့အဆက်မပျက်ရွာသွန်းမိတာကတော့ ကိုယ်လဲမတက်နိုင်ဘူး..။ ချစ်ဖို့ကောင်းလွန်းနေတဲ့ မင်းလေးအပစ်ပဲ...။
.
.
.
.
.
ကုမ္ပဏီနားကဆိုင်မှာ နှစ်ယောက်သား ညနေစာစားပြီး လမ်းလျှောက်ပြန်ခဲ့ကြသည်...။ကုမ္ပဏီကိုပြန်မရောက်ခင်မှာ ရုက်တစ်ရက်ရွာချလာမိုးကြောင့် ပိတ်ထားတဲ့ကော်ဖီဆိုင်လေးရဲ့ရှေ့က အမိုးကျဉ်းကျဉ်းလေးအောက်ကို ဝင်ရပ်နေလိုက်သည်...။
ကျနေဆဲမိုးရေစက်လေးတွေကို လက်ဖဝါးထိုးခံလိုက်ပြီး အပြုံးလေးနဲ့သူ့ဘက်ကို လှည့်ကြည့်လာတဲ့ ချစ်သည်းတုန်လေးကြောင့် သူ့နှလုံးသားဟာဆိုရင် ကောင်းကင်ကနေ တဖွဲဖွဲသက်ဆင်းလာတဲ့ မိုးစက်လေးတွေနဲ့အပြိုင်
ကြွေကျမြေခနေရပါပြီ...။
လေပြေလေးများတိုက်ခက်နေတာမို့ ရွက်သစ်ထိုးကာစ သစ်ကိုင်းခက်လေးတွေက အနည်းငယိမ်းထိုးနေပေသည်...။
ပြာလဲ့လဲ့ကောင်းကင်အောက်ရှိ အဖြူရောင်တိုက်များက လေနှင်ရာအရပ်ကို ဟိုတစ်စဒီတစ်စမျောလွှင့်နေကြသော်လည်း....
ကိုယ့်နှလုံးသားတိမ်တိုက်လေးကတော့ မင်းရှိရာအရပ်ကနေ လေနှင်ရာကို မဖြစ်မနေရွေ့လျားသွားရမယ်ဆိုရင်တောင်မှ မင်းအနားကမခွဲခွာချင်တာမို့ မိုးရေစက်လေးတွေအဖြစ်ပြောင်းလဲပြီး မင်းကိုယ်ပေါ်မှာကပ်တွယ်နေပါရစေ....။
baekhyunလက်များက chanyeolလက်ကိုတင်းတင်းဆုက်ကိုင်လို့ လမ်းမထက်ကိုပြေးထွက်ခဲ့သည်...။
နှစ်တစ်နှစ်ရဲ့ပထမဆုံးမိုးရွာတဲ့နေ့မှာ ချစ်ဦးသူနဲ့အတူလက်ချင်းတွဲပြီး မိုးရေထဲမှာ လျှောက်သွားချင်ခဲ့တာ သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေထဲကတစ်ခုပင်...။
"hyunငယ် ဘာလို့ပြေးထွက်လာရတာလဲ...
အအေးမိကုန်ရင်ဘယ်နှယ့်လုပ်မလဲ..."
"ကိုကိုရှိတာပဲ ကျွန်တော်ဖျားရင် ကိုကိုကအနားမှာလာနေပေးပေါ့..."
ကိုကို့ရှေ့ကိုသွားကာ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး လက်နှစ်ဖက်လုံးကို ဆွဲကိုင်လိုက်သည်....။
ကိုကိုက ပါးခြိုင့်ရေးရေးလေးပေါ်အောင်ပြုံးပြီး
သူ့ခေါ်တဲ့အတိုင်းလိုက်လာခဲ့သည်...။
baekhyunက chanyeolရှေ့ကနေပြီး
နောက်ပြန်လမ်းလျှောက်နေခြင်းဖြစ်သည်...။
တဖျောဖျောရွာသွန်းနေတဲ့ မိုးရေစက်တွေကြားမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည်ကြည်နူးနူးစိုက်ကြည့်ပြီး လမ်းမထက်လျှောက်လှမ်းနေရတာက baekhyunအတွက်တော့ အရမ်းကိုအပျော်ရွှင်ရဆုံးပင်...။
ရေစက်တို့တွဲခိုနေတဲ့ ကိုကို့မျက်နှာပေါ်ကအစိက်အပိုင်းတစ်ခုဆီတိုင်းက သူ့အတွက်ပိုတိုးလို့ ဆွဲဆောင်မှုရှိနေသယောင်...။
ခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်...။
လက်နှစ်ဖက်က ကိုကို့ပခုံးကိုဖိချလိုက်ကာ
ခြေဖျားလေးထောက်လို့ နှုက်ခမ်းနှစ်လွှာအား
ဖိကပ်လိုက်သည်...။
ခါးနောက်ကို သိုင်းဖက်လာတဲ့ကိုကို့လက်တွေနဲ့အတူ
နူးညံ့စွာခြယ်လှယ်ခံလိုက်ရသော နှုက်ခမ်းနှစ်လွှာ...။
အချိန်မည်မျှကြာသွားသည်မသိ...။
သဲသဲမဲမဲ ရွာချနေတဲ့မိုးမင်းကြီးတောင်မှ သူ့တို့နှစ်ဦးရဲ့ အနမ်းမိုးကိုမယှဉ်နိုင်စွာ တိတ်သွားရှာပြီဖြစ်သည်...။
ရေစိုနေတဲ့baekhyunကိုယ်လုံးလေးကို ဒူးအောက်ကပွေ့လျှိုလို့ မ ချီလိုက်ပြီး ကားထားရာနေရာသို့ အမြန်သွားရတော့သည်...။
ဘေဘီလေးနှာစီးပြီး ဖျားသွားရင် ဒီကောင်ကြီးပဲ အရူးမီးဝိုင်းဖြစ်ပြီး စားမဝင်အိပ်မပျော် ဖြစ်နေရတော့မှာ...။
~~~~~~~~~~~~I Want You~~~~~~~~~~~
အား နေရထိုင်ရတာမသက်သာလိုက်တာ..။
မနေ့ကမိုးမိပြီး အဖျားဝင်လို့ အိပ်ယာထဲကမထနိုင်တဲ့သူက baekhyunမဟုတ်ပဲ chanyeolဖြစ်နေလေသည်...။
တစ်ညလုံး ကိုယ်တွေခြစ်ခြစ်တာက်ပူနေတာ...။မား..ရေပတ်တိုက်ပေးတာတောင်မသက်သာလို့ မိသားစုဆရာဝန်ခေါ်ပြီး ဆေးနှစ်လုံးထိုးလိုက်ရသည်...။
တရုက်ကိုသွားဖို့ လေယာဉ်ချိန်နီးနေတာတောင်
မားခမျာ သူ့ကိုစိတ်မချလို့ အိမ်ကမထွက်နိုင်သေး...။
အိတ်တစ်လုံးလက်ကဆွဲလို့ အခန်းထဲဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ မှာကြားနေတာမပြီးနိုင်တော့...။
မားကိုကြည့်ပြီးသူတောင် ချွေးပြန်ချင်လာပြီ...။
ကုတင်ခေါင်းရင်းကို ကျောမှီထိုင်နေရင်း အခန်းထဲရောက်လာပြန်တဲ့ မားကိုစိတ်မပူဖို့ပြောရသည်...။
"တော်ပါတော့ မားရယ်...။သားက ကလေးလည်းမဟုတ်တော့ဘူး စိတ်ချပြီးသာသွား
ဟုတ်ပြီလား..."
"ဟိုကလည်း မသွားမဖြစ်မို့သာသွားရမှာ..။
သားငယ် မင်းကိုလည်း တစ်ယောက်ထဲစိတ်မချပါဘူးဟယ်....။ကောင်းကောင်းနေခဲ့နော်...ကုမ္ပဏီကိုလည်း မသွားနဲ့...။နေမကောင်းရင် kyung Sooကို ဖုန်းဆက်လိုက်ကြားလား
မားသွားပြီ...။"
ကျွန်တော့်ပါးပြင်ပေါ်ကို တစ်ချက်နမ်းကာ
ခေါင်းလေးကို အသာပွတ်ပြီး
မှာစရာရှိတာမှာကြားကာ ကပျာကယာထွက်သွားတဲ့မားကျောပြင်ကိုကြည့်ပြီး အလိုလိုနွေးထွေးသွားရသည်...။
သားနှစ်ယောက်နဲ့ပတ်သက်ရင် ဘာကိုမှအထိခိုက်မခံတဲ့ မားရဲ့မေတ္တာတရားတွေက သူ့ဘဝအတွက် အကြီးမားဆုံးသောခွန်းအားတွေပါပဲ...။
စားပွဲပေါ်ကဆေးတစ်ခွက်စာကို ယူသောက်ပြီး
အသာမှိန်းနေလိုက်သည်...။
မကြာခင်မှာပဲ နှစ်ချိုက်ချိုက်အိပ်ပျော်သွားတော့သည်....။
.
.
.
.
.
.
.
.
အိပ်ယာကနိုးလာချိန် နှာခေါင်းဝမှာ နှင်းဆီနံ့သင်းသင်းလေးကို ရူရှိုက်မိလိုက်သည်...။
မျက်ဝန်းအစုံကိုဖွင့်ကြည့်တော့ ကုတင်ဘေးကနေ သူ့ကိုထိုင်ကြည့်နေတဲ့ hyunငယ်ကိုတွေ့ရသည်...။
မဖြစ်နိုင်တာ...။အမြင်မှားနေတာ ဖြစ်မှာလို့တွေးပြီး မျက်လုံးကိုလက်နဲ့ဖိပွက်လိုက်သည်...။
ပြန်ဖွင့်ကြည့်တော့လည်း သူ့ကိုမေးထောက်ကြည့်နေတဲ့ hyunငယ်ကိုတွေ့နေရတုန်း...။
"နိုးပြီလား..။သက်သာရဲ့လားကိုကို"
တကယ်ကြီး ရောက်နေတာပဲ...။
သူ့ကိူကြည့်ပြီးမေးလာတဲ့ hyunငယ်မျက်ဝန်းထဲမှာ စိုးရိမ်မှုအငွေ့အသက်လေးတွေတွေ့နေရသည်...။
chanyeolပြုံးပြပြီး ထထိုင်မယ်လုပ်တော့
baekhyunက ကူပြီးတွဲထူပေးသည်...။
"hyunငယ် ဘယ်လိုရောက်လာတာလဲ.."
baekhyunကို ကြည့်ပြီးမေးလာတဲ့ chanyeolမျက်ဝန်းတို့က အရောင်ဖျော့နေသည်...။
"ကျွန်တော့်ကြောင့် ဖြစ်ရတာ..။
ကျွန်တော်က မိုးရေထဲဆွဲခေါ်သွားလို့ ကိုကိုဖျားရတာ...။ဒီလောက်ဖြစ်နေတာကို ကျွန်တော့်ကိုဘာလို့ ဖုန်းမဆက်တာလဲ..."
chanyeolလက်ကို baekhyunကဆုက်ကိုင်ထားပြီးပြောသည်...။
"hyunငယ်ကြောင့်မဟုတ်ပါဘူးကွာ...ကိုကိုဘာသာ နေမကောင်းဖြစ်တာပါ...။
မိုးရေကြောင့်သာဆို hyunငယ်လေးလဲ ဖျားရမှာပေါ့ ဟုတ်ဘူးလား..."
hyunငယ်ပါးပြင်လေးကို ထိတွေ့ချင်ပေမယ့် တစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့် စိတ်သွားတိုင်း လက်ကမရောက်ပေ...။
"ommaသာ ဖုန်းဆက်ပြီး သွားကြည့်လိုက်အုံးလို့မပြောရင် ကျွန်တော်သာလာမကြည့်ရင် ဒီအခြေအနေနဲ့ ကိုကိုတယောက်ထဲ ဖြစ်နေမှာပေါ့..."
"အခုကိုယ့်ချစ်သူလေး ရောက်လာပြီပဲလေ..."
"သွားပါ ommaဖုန်းဆက်တော့ ကျွန်တော်ဘယ်လောက်စိတ်ပူသွားရတယ်မှတ်လဲ...ကုမ္ပဏီမသွားပဲ ဒီကိုလာခဲ့တာ...။အဖွဲ့မှူးသိရင်တော့ အဆူခံရတော့မှာ.."
စိတ်ပူတက်ရန်ကော အချစ်ကလေးရာ
မင်းချစ်သူကိုကိုက ကုမ္ပဏီပိုင်ရှင်ဆိုတာ မေ့နေရော့သလား...။
"ဘယ်သူက ကိုယ့်ချစ်သူလေးကိုဆူရဲမှာတဲ့လဲ
ကိုကိုက တစ်ခါထဲအလုပ်ထုက်ပစ်လိုက်မယ်...ဘာမှတ်နေလဲ..."
chanyeolစကားကို baekhyunသဘောကျစွာ ထရယ်လေသည်...။
မနေ့ကသူဖျားမှာကို စိတ်ပူနေတဲ့ကိုကိုက
အခုတော့ အိပ်ယာထဲကမထနိုင် ဖြစ်နေလေပြီ...။
ကျွန်တော်ဖျားတဲ့အခါ ကိုကိုကအနားမှာရှိနေပေးပေါ့လို့ ပြောခဲ့တာက အခုတော့ကိုကို့အနားမှာ သူရောက်နေပြီ...။
မနက်ဖြန်ဆိုတာလည်း ခန့်မှန်းဖို့ခက်သား...။
ကိုကို့လက်ဖျားလေးတွေကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်...။
ခြေဆင်းထားတဲ့ကိုကို့ပေါင်ပေါ်မှာ ပါးပြင်လေးအပ်ကာ ကိုကို့မျက်နှာကိုကြည့်နေလိုက်သည်...။
ခပ်ယဲ့ယဲ့အပြုံးလေးနဲ့ သူ့ကိုပြန်ကြည့်လာတဲ့ ကိုကို့မျက်ဝန်းတွေက
အရောင်ဖျော့နေပေမယ့် ကြင်နာမှုအရိပ်တွေကတစ်စက်မှလျော့မသွား...။
Baekhyunချစ်ရတဲ့ကိုကိုက baekhyunအတွက်တော့ ထာဝရတောက်ပနေတဲ့ နေမင်းကြီးလိုပင်...။
chanyeolပေါင်ပေါ်ကခေါင်းလုံးလုံးလေးကို
အသည်းယားစွာ ဆွဲဖွလိုက်သည်...။
.
.
.
.
.
.
.
.
.
.
ရင်ထဲအသည်းထဲကနေ နက်ရှိုင်းစွာ မြတ်နိုးချစ်ရပါတဲ့ ကိုယ့်အသက်လေးရေ ကိုယ့်ခန္ဓာဖြစ်တည်မယ့် ဘဝဆက်တိုင်းမှာ မင်းလေးကိုထာဝရပိုင်ဆိုင်ခွင့်ရှိသူတစ်ယောက်အဖြစ်
တည်ရှိခွင့် ရပါရစေ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ကြန်နွေဦး တူးပို့ တူးပို့...
တို့များဆင်ဂယ်ပါ.....ဟေ့...😝
ဈေးဗန်းခင်းနေတာလေ ဝယ်မယ့်သူလဲမရှိဘူး အားငယ်တာအေ😌