Zawgyi
"Yibo geရိွလား??
အေနာက္ကေန ခပ္မိန္႔မိန္႔ႀကီးထြက္လာတဲ့ အသံေၾကာင့္
ခ်ာခနဲလွည့္ၾကည့္ေတာ့ ေဖးယြမ္မိ္န္းကေလးကိုေတြ႕ရ၏။
ထို႔ေၾကာင့္ အလိုမက်စြာ မ်က္ခံုးေတြ စုက်ံဳ႕သြားရတယ္။
"yibo geရိွလားလို႔ေမးေနတယ္ေလ"
ထပ္မံထြက္လာတဲ့စကားစုေၾကာင့္ႏႈတ္ခမ္းက မဲ့ခနဲ႔ပဲ...။
ယခုဆိုအေတာ္စူထြက္ေနၿပီျဖစ္တဲ့ ဗိုက္ေလးရိွေနၿပီမို႔
ၿခံထဲလမ္းဆင္းေလွ်ာက္တုန္း ေဖးယြမ္မိန္းကေလးနဲ႔
ေတြ႕ရျခင္းပါ..။
"ေဟး!! ဒီမွာ မင္းနားပင္းေနလား တို႔ေမးေနတယ္ေလ"
"တဆိတ္ေလာက္ မိန္းကေလးက ဦးကိုဘာလို႔
ေတြ႕ခ်င္ရတာလဲ?
ေဖးယြမ္ကၿပံဳးလ်က္။ ဘာမွျပန္မေျဖပဲ သူ႕အနားကိုသာ
ကပ္လာေလသည္..။
"နင့္ၾကည့္ရတာ ကိုယ္ဝန္ႀကီးနဲ႔တူတယ္ ဟင္း အစကေတာ့
နင္လိမ္ေနတယ္ထင္တာ အခုတစ္ကယ္ႀကီး နင့္မွာ
ကေလးရိွေနတာပဲ.. "
ေဖးယြမ္တစ္လွမ္းေရွ႕တိုးလိုက္တိုင္း သူေနာက္ကို
တစ္လွမ္းဆုပ္သြားလိုက္ပဲ..။ အရင္လိုဆို ဘာမွမျဖစ္ေပမဲ့
အခုက မတူေတာ့ဘူး ကေလးရိွေနၿပီဆိုတဲ့ အသိဥာဏ္က
အႏၲရာယ္ ကိုထိတ္တိုက္ရင္မဆိုင္ေစဘူး..။
"နင့္ကို Yibo geက တစ္ကယ္ခ်စ္ေနတယ္ ထင္လို႔လား
အဟက္ ဒါဆိုလည္း အိပ္မက္ကေန ႏိုးထသင့္ၿပီေနာ္
ေကာင္ေလး.. "
ေဖးယြမ္က လက္ပိုက္ၿပီး ေျပာလာေတာ့ သူလည္းမ်က္ေမွာင္
ၾကဳတ္ရတယ္...။ ကိုယ္ဝန္ေၾကာင့္လားမသိ ဒီတေလာမွာ
အနံ႔ျပင္းတာေတြ ဘာမွမခံစားႏိုင္။ အထူးသျဖင့္ ေဖးယြမ္
ကိုယ္ေပၚကေန ရတဲ့ေရေမႊးနံ႔အျပင္းစားေတြပဲျဖစ္တယ္။
အနားကို ေလွ်ာက္လာၿပီးတာနဲ႔ ေဖးယြမ္က ေကာက္က်စ္တဲ့
အၿပံဳးတစ္ခုကို ႏႈတ္ခမ္းထက္မွာခ်ိတ္ဆြဲတယ္..။ စိုးဂြတ္ဒ္..
အခုေန Yibo geကိုလည္းမျမင္ဘူး ဒါက အေျခေန
ေကာင္းတယ္ဆိုတဲ့သေဘာပဲမဟုတ္တာ။ ဆိုလိုတာက
မိုးနတ္မင္းက ငါ့ဘက္မွာ ရိွေနၿပီဆိုတဲ့ သေဘာမဟုတ္လား။
ၿပံဳးရင္းျဖင့္အနားကိုကပ္သြားကာ သူ႕ကိုအထိတ္တလန္႔နဲ႔
ၾကည့္ေနတဲ့ ေရွာင္းက်န္႔ကို ေဆာင့္တြန္းလိုက္တယ္..။
ထိုေတာ့ ေရွာင္းက်န္႔ခင္ဗ်ာ႐ုတ္တရက္မို႔ ဟန္ခ်က္
မထိန္းႏိုင္ပဲ ျမက္ခင္းျပင္ေပၚက်သြားေလရဲ႕...။ အားပါတာမို႔
႐ုတ္တရက္ ဗိုက္ထဲက တဆစ္ဆစ္ျဖစ္လာေလသည္..။
"အာ့!!!
"ဟင္!!! က်န္႔"
အိမ္ထဲကေနသူရိွရာကို အေျပးအလႊားေရာက္လာတဲ့
Yiboေၾကာင့္ ေဖးယြမ္မ်က္ႏွာက ေသြးပ်က္သြားရတယ္...။
"Yi... Yibo ge"
ျဖန္း...
"နင္အခုခ်က္ျခင္းထြက္သြား...!
သူမလည္းအ႐ိုက္ခံရတဲ့ပါးတစ္ဖက္ကို၊ ကိုင္ၿပီးမ်က္ႏွာႀကီး
႐ံႈ႕မဲ့ကာထြက္သြားပါေတာ့တယ္..။ ထို႔ေနာက္ လဲက်ေနတဲ့
ေရွာင္းက်န္႔ကိုအသာယာေပြ႕လိုက္မိတယ္။
"ကေလး.. အားတင္းထားေနာ္ "
"ဦး.. ကြၽန္ေတာ္မရေတာ့ဘူး အင့္ ဗိုက္ထဲက အရမ္းနာေနၿပီ"
"ကိုယ္တို႔အခုေဆး႐ံုကိုသြားၾကမယ္ က်န္႔ နားလည္လား"
ေရွာင္းက်န္႔ကေခါင္းတစ္ခ်က္ညိမ့္ျပေတာ့ သူလည္းပဲ
အခ်ိန္ဆက္ဆြဲမေနေတာ့ပဲ ကားေပၚတက္ကာ ေဆး႐ံုသို႔
ဦးတည္လာၾကသည္..။ လမ္းမွာ။ သတိရတစ္ခ်က္
မရတစ္ခ်က္ျဖစ္ေနတဲ့ ေကာင္ေလးကိုၾကည့္ၿပီး စိုးရိမ္စိတ္က
ပိုတိုးလာရဲ႕။
မၾကာခင္မွာ ေဆး႐ံုကိုအျမန္ေရာက္သြားၿပီး ခြဲစိတ္ရန္
ျပင္ရေလေသာေၾကာင့္ အန္းဒီတို႔လက္ထဲကို အသာေလး
ထည့္လိုက္ရေလသည္..။ ၿပီးေနာက္ ခြဲခန္းထဲကို ဝင္သြားတဲ့
ကေလးငယ္အားၾကည့္ကာ စိုးရိမ္စိတ္တို႔က ပိုတိုးလာခဲ့ရ။
၂နာရီေလာက္ေစာင့္ၿပီးေနာက္ ခြဲခန္းထဲကေန ထြက္လာၾကတဲ့ အန္းဒီတို႔ကိုျမင္၍ ထိုင္ရာကေန ဆတ္ခနဲ
မတ္တပ္ထရပ္လိုက္ေလသည္။
"ကေလးရဲ႕အေျခေနေရာ ဘယ္လိုရိွလဲ?
"ေကာင္းပါတယ္.. လူႀကီးေရာ ကေလးပါ က်န္းမာတာမို႔
စိတ္မပူပါနဲ႔ေတာ့ေနာ္"
ထို႔ေနာက္ အန္းဒီက အေနာက္ကိုလွည့္လိုက္ၿပီး က်န္းခ်န္ကို
ၾကည့္လ်က္
"ေရွာင္းက်န္႔ကို အခန္းေျပာင္းဖို႔ စီစဥ္ေပးလိုက္"
"အိုေခ!!
ေရွာင္းက်န္႔ကိုခြဲခန္းထဲကေန တစ္ျခားအခန္းကို ေျပာင္းၿပီးတာနဲ႔ သူလည္းသိပ္ျမင္ခ်င္ေနတဲ့ မ်က္ႏွာေလးကို
ၾကင္ၾကင္နာနာၾကည့္လိုက္မိသည္။
သူေတြ႕လိုက္သည္က၊ ကေလးႏွစ္ေယာက္နဲ႔ ေရွာင္းက်န္႔
ျဖစ္တာေၾကာင့္ ကိုယ့္မ်က္လံုးကိုမယံုၾကည္ခ်င္..။
တိုက္တိုက္ဆိုင္ဆိုင္ ႏိုးလာတဲ့ေရွာင္က်န္႔ေၾကာင့္အံ့အားသင့္
ေနတဲ့႐ုပ္အသြင္ကို ျပန္ေျပာင္းရတယ္။
"ကေလးက အမႊာေလးေမြးတယ္ ေဘဘီ ၾကည့္ပါဦး ဘယ္ေလာက္ထိ ခ်စ္ဖို႔ေကာင္းလိုက္သလည္းဆိုတာ.. "
ေရွာင္းက်န္႔ကေခါင္းေလးတညိမ့္ညိမ့္နဲ႔ေထာက္ခံပါတယ္။
ေရွာင္းက်န္႔ရဲ႕ ကေလးေတြပဲ ဒီေလာက္ေတာ့ရိွမွာေပါ့..။
ထို႔ေနာက္ Yiboက သူ႕ႏွဖူးေလးကို လွစ္ခနဲနမ္းလို႔
ၿပံဳးၾကည့္ေလတယ္။
"ေဘဘီ ပင္ပန္းသြားၿပီ.. "
ဦးမ်က္ႏွာေပၚက မဖံုးႏိုင္မဖိႏိုင္ျဖစ္ေနတဲ့ အေပ်ာ္ေတြေၾကာင့္
သူလည္းထပ္တူေပ်ာ္ရတာမို႔ ခ်က္ခ်င္းစကားျပန္မေျပာႏိုင္ဘူး။ ဦးေပ်ာ္တယ္ ဆိုရင္ပဲ
ကြၽန္ေတာ္ ေက်တပ္ပါၿပီဗ်ာ...။
********
၅နှစ္ျကာပီးေနာက္
"Daddy ကြၽန္ေတာ္ဆီက လာလုေလ... "
ၿခံထဲမွာ ေပ်ာ္ရႊင္ျမဴးတူးေနတဲ့အသံေတြေၾကာင့္လွမ္းၾကည့္လွ်င္
Yiboတစ္ေယာက္ သူ႕သားဝမ္ေရွာင္ေပ့ေလးနဲ႔အတူ
ေဘာလံုးကန္ေနတာကို ပနံ႔သင့္စြာေတြ႕ျမင္ၾကရပါလိမ့္မယ္..။ ေရွာင္းက်န္႔ကလည္း
အရိပ္အာဝါသေကာင္းတဲ့နားမွာ ထိုျမင္ကြင္းကို ဝမ္ရိရွန္႔
ေလးနဲ႔အတူ မ်က္ေတာင္မခတ္ပဲ ၾကည့္ေနေလရဲ႕။
"ပါးပါး.. မီးမီးဆြဲထားတာ လွလား"
ေဘးနားကသမီးေလးက သူႀကိဳးစားစြာ ဆြဲထားတဲ့
မိသားစုပံုတူပန္းခ်ီေလးကို လာျပေလရဲ႕..။ ထိုေတာ့
ေရွာင္းက်န္႔လွစ္ခနဲၿပံဳးရင္းျဖင့္
"ဝါး.. ပါးပါးရဲ႕ မီးမီးေလးက.. ေတာ္လိုက္တာ.. "
"ဟီး.. တစ္ကယ္လား.. ပါးပါး"
"ဒါေပါ့.. မီးမီးေလးရဲ႕.. "
မၾကာမီ သူတို႔ရိွရာကိုျဖည္းျဖည္းခ်င္းေလွ်ာက္လာေနတဲ့
Yiboနဲ႔အတူ ဝမ္ေရွာင္ေပ့ကို ေတြ႕ရသည္ေၾကာင့္
ႏႈတ္ခမ္းေထာင့္စြန္းေလးကိုတြန္႔႐ံုၿပံဳးလိုက္ၿပီး ပန္းသီးကိုပဲ
အခြံဆက္ႏႊာေလရဲ႕။
"ျပစမ္း.. မလွပါဘူး နင္ဆြဲထားတာႀကီးက ဆိုးလိုက္တာ"
မခံမရပ္ႏိုင္ေအာင္ ေရွာင္ေပ့က စေတာ့ ရိရွန္႔ေလးခင္ဗ်ာ
အသံၿပဲႀကီးျဖင့္ ငိုပါေလေရာ..။
"အီးဟီးဟီး.. ပါးပါး ကိုကိုက မီးမီးဆြဲထားတဲ့ ပံုေလးကို
လွဘူးတဲ့...!
"ေရွာင္ေပ့ ညီမေလးကို မစရဘူးေလ"
Yiboက လွမ္းဟန္႔လိုက္ေတာ့မွ ေရွာင္ေပ့က လွ်ာေလး
ထုတ္ၿပီး ဇက္ေလးပုဝင္သြားေလရဲ႕..။ ဒီေမာင္ႏွမ
ႏွစ္ေယာက္က အၿမဲအဲ့လို မတည့္အတူေနႏွစ္ေယာက္မို႔
တစ္ခါတစ္ေလ ေရွာင္းက်န္႔တို႔မႏိုင္လို႔ လႊတ္ေပးရတဲ့ေန႔ေတြ
ရိွပါေသးတယ္။
"အြန္း.. မစေတာ့ဘူး တိတ္တိ္တ္ ငိုနဲ႔ေတာ့"
ေခ်ာ့လိုက္ေတာ့ ခုနက ငိုတာသူမဟုတ္တဲ့အတိုင္း ၿပံဳးရႊင္လို႔
ၿငိမ္က်သြားျပန္တယ္..။ ထိုျမင္ကြင္းကို ေရွာင္းက်န္႔တို႔လည္း
အၿပံဳးကိုယ္စီျဖင့္ ၾကည့္ေနၾကသည္..။ ေမာင္ႏွမႏွစ္ေယာက္က လုပ္လက္စေတြခနရပ္ၿပီး သူအခြံ
ႏႊာၿပီးသား ပန္းသီးေလးေတြတၿမံဳ႕ၿမံဳ႕ဝါးေနေသး၏။
"Daddyသားသားကေလ.. ႀကီးလာရင္ Daddyလိုပဲ
လုပ္ငန္းရွင္ႀကီးျဖစ္ေအာင္လုပ္မွာ"
ပန္းသီးစားရင္းဗလံုးဗေထြးေျပာလာသည့္စကားစုတို႔က
လူနဲ႔ပင္မလိုက္ဖက္..။ Yiboလည္း ေရွာင္းက်န္႔နဲ႔အတူ
ၿပိဳင္တူစြာၿပံဳးျပလိုက္မိတယ္..။
"သားသားက တစ္ကယ္ေရာ ဟုတ္လို႔လား"
"ဟုတ္တယ္.. "
ေရွာင္းက်န္႔ေမးလိုက္ေတာ့ ေရွာင္ေပ့ေလးက လ်င္လ်င္ျမန္ျမန္ ေျဖ၏။
"မီးမီးကေရာ.. ဘာလုပ္မွာလဲ"
စားစရာရိွတာငံု႔စားေနတဲ့ ရိရွန္႔ေလးက သူ႕အသံၾကားတာနဲ႔
ေမာ့ကာၾကည့္လာေလရဲ႕။ ၿပီးေနာက္ ဟီးခနဲရယ္ျပကာ
"မီးမီးကလား.... "
"ဟုတ္တယ္ သမီးႀကီးလာရင္ ဘာလုပ္မွာလဲ?
"ဟမ္း!! သမီးႀကီးလာရင္ ပန္းခ်ီဆြဲမွာ.. "
"ေကာင္းတာေပါ့ ပါးပါးတို႔အားေပးတယ္"
ေရွာင္းက်န္႔က ဝင္ၿပီးေျပာေတာ့ သမီးေလးက သြားတန္း
ေဖြးေဖြးေလးေတြေပၚသည္အထိ ရယ္ျပေလတယ္..။
ဒါက ေရွာင္းက်န္႔နဲ႔Yiboသိပ္လိုခ်င္ခဲ့တဲ့ မိသားစု ကမာၻ။
ေနာက္လာမယ့္ေန႔ရက္ေတြမွာလည္း ထိုကဲ့သို႔ အခ်စ္ေတြႏွင့္
မိုးထားတဲ့ အိမ္ကေလးက ဆက္ရိွေနဦးမွာပဲျဖစ္သည္..။
💢💢💢💢
"ေရွာင္းက်န္႔ ေစာေစာျပန္ၿပီလား!!
ပုလင္းဖင္မ်က္မွန္ေလးကိုပင့္တင္ရင္း က်န္းခ်န္၊ အန္းဒီ
ဝမ္းနင္တို႔၃ေယာက္က ေမးေလရဲ႕..။ သူလည္း ေခါင္းကိုသာ
အဆက္မျပတ္ညိမ့္ျပေလေတာ့သည္။
"မင္းတို႔ေရာ မျပန္ေသးဘူးလား?
"ညပိုင္း ဂ်ဴတီရိွတယ္ကြ ျပန္လို႔မရေသးဘူး"
"အဲ့ဒါ အလကားေျပာတာ တစ္ကယ္ေတာ့ လာႀကိဳမယ့္သူ
မရိွလို႔ ခီြး!!
ဒီစကားက အမွန္ေပမို႔ ၄ေယာက္လံုးမ်က္ႏွာခ်င္းဆိုင္ကာ
ရယ္ခဲ့ၾကမိျပန္။ ထို႔ေနာက္ လ်င္ျမန္ေသာ ေျခလွမ္းေတြနဲ႔
ကားပါကင္ကိုလွမ္းရတယ္။ အိမ္ကိုျပန္ဖို႔ စိတ္ဆႏၵေတြ
ျပင္းျပေနသည္မို႔။
ကားပါကင္ကိုေရာက္ေရာက္ခ်င္း ျမင္လိုက္ရတဲ့ ၃ေယာက္ေၾကာင့္ ႏႈတ္ခမ္းေထာင့္စြန္းက တြန္႔ခနဲပဲ..။
Yiboက၊ ကားကိုေက်ာမီွၿပီး သူ႕ကိုလက္လွမ္းျပေနသလို
ကေလးႏွစ္ေယာက္ကလည္း သူရိွရာကိုေျပးလာေနသည္မို႔
ေပြ႕ယမ္းဖက္လိုက္သည္။
"အား!! ပါးပါးရဲ႕ အေမာေျပေလးေတြ"
"ေဘဘီကိုေတြ႕ခ်င္တယ္ဆိုလို႔ ဦးက ေခၚလာခဲ့လိုက္တာ"
"အင္း.. အလုပ္ၿပီးၿပီလား ဦး"
"ၿပီးၿပီေလ ေဘဘီရဲ႕ အဲ့ဒါေၾကာင့္ အတူတူ ညစာလက္စံု
စားရေအာင္ လာေခၚတာ.. "
"အြန္း!!
ၿပီးေနာက္ ကားေပၚကိုတက္ၿပီး အိမ္ကိုအတူ ျပန္ျဖစ္ၾကသည္။ ဂ်ဴတီၿပီးရင္ အၿမဲတမ္း လာႀကိဳေနၾကမို႔
ဒီအေျခေနကို ေရွာင္းက်န္႔က သိပ္ကိုေက်နပ္ရပါတယ္...။
-------------------
"ဦး!!!
ပုခံုးေလးေပၚ ေမးတင္လိုက္ေတာ့ ဦးက အၿပံဳးတစ္ခုနဲ႔အတူ
လွည့္ၾကည့္လာေလရဲ႕..။ ထို႔ေနာက္ သူလည္း။ ဦးရဲ႕
မ်က္မွန္ေလးကို ခြၽတ္ကာ ခံုေပၚတင္ၿပီး ႏွဖူးေလးတစ္ခ်က္
နမ္းပါတယ္။
"ကြၽန္ေတာ္ကို ခ်စ္ေသးရဲ႕လား!!
ဒါက အၿမဲလိုလို အိပ္ယာဝင္ရင္ ေရွာင္းက်န္႔ေမးေနက်
စကားမို႔ Yiboအတြက္က ႐ိုးေနပါၿပီေလ..။ သို႔ေပမယ့္
ဒီကေလးေလးကို ဘယ္ေလာက္ထိ ခ်စ္ခဲ့ပါသလဲ သူသာ
အသိဆံုးမို႔..။
"ခ်စ္တာေပါ့ကြာ.. !
"အဟြန္း!! ဟုတ္ၿပီေလ က်ဳပ္ေရာပဲ ဦးကိုခ်စ္တယ္"
ႏႈတ္ခမ္းေလးကိုနမ္းစုပ္လိုက္ေတာ့ဦးက ခါးကိုျပန္ဖက္ၿပီး
အငမ္းမရ နမ္း႐ိႈက္လာျပန္တယ္..။ ဒီအနမ္းတို႔က
ဘယ္ေလာက္ထိၾကာၾကာ ႐ိုးသြားျခင္းမရိွတာမို႔ ေရွာင္းက်န္႔က
ေပ်ာ္ရပါတယ္ေလ..။
အသက္႐ူရပ္တဲ့အထိ အခ်င္းခ်င္း နမ္းၿပီးေနာက္ Yiboက
အလိုက္တသိ ျပန္လႊတ္ေပးတယ္။ ထိုေတာ့ သူလည္း
ဦးရဲ႕ ပုခံုးေပၚမွာ ေမးတင္ အနားယူရတယ္..။ ဦးက သူ႕ကို
အျမတ္တႏိုး ငံု႔ၾကည့္တဲ့အခါ မ်က္လံုးတစ္ဖက္မိွတ္ျပတာက
မပါမျဖစ္..။
"က်ဳပ္လည္း ဦးကို ခ်စ္ပါတယ္... "
ၿပီး
ပါ
ၿပီ
💖💖💖💖💖💖
ၿပီးေတာ့ ၿပီးပါၿပီ 🤩🤩
ေက်နပ္စရာေတာ့ ေကာင္းမယ္ထင္တာပါပဲ
ကေလးႏွစ္ေယာက္ရတဲ့အခ်ိန္ ဦးက အသက္ႀကီးေနပါၿပီ။
Unicode
"Yibo geရှိလား??
အနောက်ကနေ ခပ်မိန့်မိန့်ကြီးထွက်လာတဲ့ အသံကြောင့်
ချာခနဲလှည့်ကြည့်တော့ ဖေးယွမ်မိန်းကလေးကိုတွေ့ရ၏။
ထို့ကြောင့် အလိုမကျစွာ မျက်ခုံးတွေ စုကျုံ့သွားရတယ်။
"yibo geရှိလားလို့မေးနေတယ်လေ"
ထပ်မံထွက်လာတဲ့စကားစုကြောင့်နှုတ်ခမ်းက မဲ့ခနဲ့ပဲ...။
ယခုဆိုအတော်စူထွက်နေပြီဖြစ်တဲ့ ဗိုက်လေးရှိနေပြီမို့
ခြံထဲလမ်းဆင်းလျှောက်တုန်း ဖေးယွမ်မိန်းကလေးနဲ့
တွေ့ရခြင်းပါ..။
"ဟေး!! ဒီမှာ မင်းနားပင်းနေလား တို့မေးနေတယ်လေ"
"တဆိတ်လောက် မိန်းကလေးက ဦးကိုဘာလို့
တွေ့ချင်ရတာလဲ?
ဖေးယွမ်ကပြုံးလျက်။ ဘာမှပြန်မဖြေပဲ သူ့အနားကိုသာ
ကပ်လာလေသည်..။
"နင့်ကြည့်ရတာ ကိုယ်ဝန်ကြီးနဲ့တူတယ် ဟင်း အစကတော့
နင်လိမ်နေတယ်ထင်တာ အခုတစ်ကယ်ကြီး နင့်မှာ
ကလေးရှိနေတာပဲ.. "
ဖေးယွမ်တစ်လှမ်းရှေ့တိုးလိုက်တိုင်း သူနောက်ကို
တစ်လှမ်းဆုပ်သွားလိုက်ပဲ..။ အရင်လိုဆို ဘာမှမဖြစ်ပေမဲ့
အခုက မတူတော့ဘူး ကလေးရှိနေပြီဆိုတဲ့ အသိဉာဏ်က
အန္တရာယ် ကိုထိတ်တိုက်ရင်မဆိုင်စေဘူး..။
"နင့်ကို Yibo geက တစ်ကယ်ချစ်နေတယ် ထင်လို့လား
အဟက် ဒါဆိုလည်း အိပ်မက်ကနေ နိုးထသင့်ပြီနော်
ကောင်လေး.. "
ဖေးယွမ်က လက်ပိုက်ပြီး ပြောလာတော့ သူလည်းမျက်မှောင်
ကြုတ်ရတယ်...။ ကိုယ်ဝန်ကြောင့်လားမသိ ဒီတလောမှာ
အနံ့ပြင်းတာတွေ ဘာမှမခံစားနိုင်။ အထူးသဖြင့် ဖေးယွမ်
ကိုယ်ပေါ်ကနေ ရတဲ့ရေမွှေးနံ့အပြင်းစားတွေပဲဖြစ်တယ်။
အနားကို လျှောက်လာပြီးတာနဲ့ ဖေးယွမ်က ကောက်ကျစ်တဲ့
အပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာချိတ်ဆွဲတယ်..။ စိုးဂွတ်ဒ်..
အခုနေ Yibo geကိုလည်းမမြင်ဘူး ဒါက အခြေနေ
ကောင်းတယ်ဆိုတဲ့သဘောပဲမဟုတ်တာ။ ဆိုလိုတာက
မိုးနတ်မင်းက ငါ့ဘက်မှာ ရှိနေပြီဆိုတဲ့ သဘောမဟုတ်လား။
ပြုံးရင်းဖြင့်အနားကိုကပ်သွားကာ သူ့ကိုအထိတ်တလန့်နဲ့
ကြည့်နေတဲ့ ရှောင်းကျန့်ကို ဆောင့်တွန်းလိုက်တယ်..။
ထိုတော့ ရှောင်းကျန့်ခင်ဗျာရုတ်တရက်မို့ ဟန်ချက်
မထိန်းနိုင်ပဲ မြက်ခင်းပြင်ပေါ်ကျသွားလေရဲ့...။ အားပါတာမို့
ရုတ်တရက် ဗိုက်ထဲက တဆစ်ဆစ်ဖြစ်လာလေသည်..။
"အာ့!!!
"ဟင်!!! ကျန့်"
အိမ်ထဲကနေသူရှိရာကို အပြေးအလွှားရောက်လာတဲ့
Yiboကြောင့် ဖေးယွမ်မျက်နှာက သွေးပျက်သွားရတယ်...။
"Yi... Yibo ge"
ဖြန်း...
"နင်အခုချက်ခြင်းထွက်သွား...!
သူမလည်းအရိုက်ခံရတဲ့ပါးတစ်ဖက်ကို၊ ကိုင်ပြီးမျက်နှာကြီး
ရှုံ့မဲ့ကာထွက်သွားပါတော့တယ်..။ ထို့နောက် လဲကျနေတဲ့
ရှောင်းကျန့်ကိုအသာယာပွေ့လိုက်မိတယ်။
"ကလေး.. အားတင်းထားနော် "
"ဦး.. ကျွန်တော်မရတော့ဘူး အင့် ဗိုက်ထဲက အရမ်းနာနေပြီ"
"ကိုယ်တို့အခုဆေးရုံကိုသွားကြမယ် ကျန့် နားလည်လား"
ရှောင်းကျန့်ကခေါင်းတစ်ချက်ညိမ့်ပြတော့ သူလည်းပဲ
အချိန်ဆက်ဆွဲမနေတော့ပဲ ကားပေါ်တက်ကာ ဆေးရုံသို့
ဦးတည်လာကြသည်..။ လမ်းမှာ။ သတိရတစ်ချက်
မရတစ်ချက်ဖြစ်နေတဲ့ ကောင်လေးကိုကြည့်ပြီး စိုးရိမ်စိတ်က
ပိုတိုးလာရဲ့။
မကြာခင်မှာ ဆေးရုံကိုအမြန်ရောက်သွားပြီး ခွဲစိတ်ရန်
ပြင်ရလေသောကြောင့် အန်းဒီတို့လက်ထဲကို အသာလေး
ထည့်လိုက်ရလေသည်..။ ပြီးနောက် ခွဲခန်းထဲကို ဝင်သွားတဲ့
ကလေးငယ်အားကြည့်ကာ စိုးရိမ်စိတ်တို့က ပိုတိုးလာခဲ့ရ။
၂နာရီလောက်စောင့်ပြီးနောက် ခွဲခန်းထဲကနေ ထွက်လာကြတဲ့ အန်းဒီတို့ကိုမြင်၍ ထိုင်ရာကနေ ဆတ်ခနဲ
မတ်တပ်ထရပ်လိုက်လေသည်။
"ကလေးရဲ့အခြေနေရော ဘယ်လိုရှိလဲ?
"ကောင်းပါတယ်.. လူကြီးရော ကလေးပါ ကျန်းမာတာမို့
စိတ်မပူပါနဲ့တော့နော်"
ထို့နောက် အန်းဒီက အနောက်ကိုလှည့်လိုက်ပြီး ကျန်းချန်ကို
ကြည့်လျက်
"ရှောင်းကျန့်ကို အခန်းပြောင်းဖို့ စီစဉ်ပေးလိုက်"
"အိုခေ!!
ရှောင်းကျန့်ကိုခွဲခန်းထဲကနေ တစ်ခြားအခန်းကို ပြောင်းပြီးတာနဲ့ သူလည်းသိပ်မြင်ချင်နေတဲ့ မျက်နှာလေးကို
ကြင်ကြင်နာနာကြည့်လိုက်မိသည်။
သူတွေ့လိုက်သည်က၊ ကလေးနှစ်ယောက်နဲ့ ရှောင်းကျန့်
ဖြစ်တာကြောင့် ကိုယ့်မျက်လုံးကိုမယုံကြည်ချင်..။
တိုက်တိုက်ဆိုင်ဆိုင် နိုးလာတဲ့ရှောင်ကျန့်ကြောင့်အံ့အားသင့်
နေတဲ့ရုပ်အသွင်ကို ပြန်ပြောင်းရတယ်။
"ကလေးက အမွှာလေးမွေးတယ် ဘေဘီ ကြည့်ပါဦး ဘယ်လောက်ထိ ချစ်ဖို့ကောင်းလိုက်သလည်းဆိုတာ.. "
ရှောင်းကျန့်ကခေါင်းလေးတညိမ့်ညိမ့်နဲ့ထောက်ခံပါတယ်။
ရှောင်းကျန့်ရဲ့ ကလေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့..။
ထို့နောက် Yiboက သူ့နှဖူးလေးကို လှစ်ခနဲနမ်းလို့
ပြုံးကြည့်လေတယ်။
"ဘေဘီ ပင်ပန်းသွားပြီ.. "
ဦးမျက်နှာပေါ်က မဖုံးနိုင်မဖိနိုင်ဖြစ်နေတဲ့ အပျော်တွေကြောင့်
သူလည်းထပ်တူပျော်ရတာမို့ ချက်ချင်းစကားပြန်မပြောနိုင်ဘူး။ ဦးပျော်တယ် ဆိုရင်ပဲ
ကျွန်တော် ကျေတပ်ပါပြီဗျာ...။
********
၅နှစ်ကြာပီးနောက်
"Daddy ကျွန်တော်ဆီက လာလုလေ... "
ခြံထဲမှာ ပျော်ရွှင်မြူးတူးနေတဲ့အသံတွေကြောင့်လှမ်းကြည့်လျှင်
Yiboတစ်ယောက် သူ့သားဝမ်ရှောင်ပေ့လေးနဲ့အတူ
ဘောလုံးကန်နေတာကို ပနံ့သင့်စွာတွေ့မြင်ကြရပါလိမ့်မယ်..။ ရှောင်းကျန့်ကလည်း
အရိပ်အာဝါသကောင်းတဲ့နားမှာ ထိုမြင်ကွင်းကို ဝမ်ရိရှန့်
လေးနဲ့အတူ မျက်တောင်မခတ်ပဲ ကြည့်နေလေရဲ့။
"ပါးပါး.. မီးမီးဆွဲထားတာ လှလား"
ဘေးနားကသမီးလေးက သူကြိုးစားစွာ ဆွဲထားတဲ့
မိသားစုပုံတူပန်းချီလေးကို လာပြလေရဲ့..။ ထိုတော့
ရှောင်းကျန့်လှစ်ခနဲပြုံးရင်းဖြင့်
"ဝါး.. ပါးပါးရဲ့ မီးမီးလေးက.. တော်လိုက်တာ.. "
"ဟီး.. တစ်ကယ်လား.. ပါးပါး"
"ဒါပေါ့.. မီးမီးလေးရဲ့.. "
မကြာမီ သူတို့ရှိရာကိုဖြည်းဖြည်းချင်းလျှောက်လာနေတဲ့
Yiboနဲ့အတူ ဝမ်ရှောင်ပေ့ကို တွေ့ရသည်ကြောင့်
နှုတ်ခမ်းထောင့်စွန်းလေးကိုတွန့်ရုံပြုံးလိုက်ပြီး ပန်းသီးကိုပဲ
အခွံဆက်နွှာလေရဲ့။
"ပြစမ်း.. မလှပါဘူး နင်ဆွဲထားတာကြီးက ဆိုးလိုက်တာ"
မခံမရပ်နိုင်အောင် ရှောင်ပေ့က စတော့ ရိရှန့်လေးခင်ဗျာ
အသံပြဲကြီးဖြင့် ငိုပါလေရော..။
"အီးဟီးဟီး.. ပါးပါး ကိုကိုက မီးမီးဆွဲထားတဲ့ ပုံလေးကို
လှဘူးတဲ့...!
"ရှောင်ပေ့ ညီမလေးကို မစရဘူးလေ"
Yiboက လှမ်းဟန့်လိုက်တော့မှ ရှောင်ပေ့က လျှာလေး
ထုတ်ပြီး ဇက်လေးပုဝင်သွားလေရဲ့..။ ဒီမောင်နှမ
နှစ်ယောက်က အမြဲအဲ့လို မတည့်အတူနေနှစ်ယောက်မို့
တစ်ခါတစ်လေ ရှောင်းကျန့်တို့မနိုင်လို့ လွှတ်ပေးရတဲ့နေ့တွေ
ရှိပါသေးတယ်။
"အွန်း.. မစတော့ဘူး တိတ်တိတ် ငိုနဲ့တော့"
ချော့လိုက်တော့ ခုနက ငိုတာသူမဟုတ်တဲ့အတိုင်း ပြုံးရွှင်လို့
ငြိမ်ကျသွားပြန်တယ်..။ ထိုမြင်ကွင်းကို ရှောင်းကျန့်တို့လည်း
အပြုံးကိုယ်စီဖြင့် ကြည့်နေကြသည်..။ မောင်နှမနှစ်ယောက်က လုပ်လက်စတွေခနရပ်ပြီး သူအခွံ
နွှာပြီးသား ပန်းသီးလေးတွေတမြုံ့မြုံ့ဝါးနေသေး၏။
"Daddyသားသားကလေ.. ကြီးလာရင် Daddyလိုပဲ
လုပ်ငန်းရှင်ကြီးဖြစ်အောင်လုပ်မှာ"
ပန်းသီးစားရင်းဗလုံးဗထွေးပြောလာသည့်စကားစုတို့က
လူနဲ့ပင်မလိုက်ဖက်..။ Yiboလည်း ရှောင်းကျန့်နဲ့အတူ
ပြိုင်တူစွာပြုံးပြလိုက်မိတယ်..။
"သားသားက တစ်ကယ်ရော ဟုတ်လို့လား"
"ဟုတ်တယ်.. "
ရှောင်းကျန့်မေးလိုက်တော့ ရှောင်ပေ့လေးက လျင်လျင်မြန်မြန် ဖြေ၏။
"မီးမီးကရော.. ဘာလုပ်မှာလဲ"
စားစရာရှိတာငုံ့စားနေတဲ့ ရိရှန့်လေးက သူ့အသံကြားတာနဲ့
မော့ကာကြည့်လာလေရဲ့။ ပြီးနောက် ဟီးခနဲရယ်ပြကာ
"မီးမီးကလား.... "
"ဟုတ်တယ် သမီးကြီးလာရင် ဘာလုပ်မှာလဲ?
"ဟမ်း!! သမီးကြီးလာရင် ပန်းချီဆွဲမှာ.. "
"ကောင်းတာပေါ့ ပါးပါးတို့အားပေးတယ်"
ရှောင်းကျန့်က ဝင်ပြီးပြောတော့ သမီးလေးက သွားတန်း
ဖွေးဖွေးလေးတွေပေါ်သည်အထိ ရယ်ပြလေတယ်..။
ဒါက ရှောင်းကျန့်နဲ့Yiboသိပ်လိုချင်ခဲ့တဲ့ မိသားစု ကမ္ဘာ။
နောက်လာမယ့်နေ့ရက်တွေမှာလည်း ထိုကဲ့သို့ အချစ်တွေနှင့်
မိုးထားတဲ့ အိမ်ကလေးက ဆက်ရှိနေဦးမှာပဲဖြစ်သည်..။
💢💢💢💢
"ရှောင်းကျန့် စောစောပြန်ပြီလား!!
ပုလင်းဖင်မျက်မှန်လေးကိုပင့်တင်ရင်း ကျန်းချန်၊ အန်းဒီ
ဝမ်းနင်တို့၃ယောက်က မေးလေရဲ့..။ သူလည်း ခေါင်းကိုသာ
အဆက်မပြတ်ညိမ့်ပြလေတော့သည်။
"မင်းတို့ရော မပြန်သေးဘူးလား?
"ညပိုင်း ဂျူတီရှိတယ်ကွ ပြန်လို့မရသေးဘူး"
"အဲ့ဒါ အလကားပြောတာ တစ်ကယ်တော့ လာကြိုမယ့်သူ
မရှိလို့ ခွီး!!
ဒီစကားက အမှန်ပေမို့ ၄ယောက်လုံးမျက်နှာချင်းဆိုင်ကာ
ရယ်ခဲ့ကြမိပြန်။ ထို့နောက် လျင်မြန်သော ခြေလှမ်းတွေနဲ့
ကားပါကင်ကိုလှမ်းရတယ်။ အိမ်ကိုပြန်ဖို့ စိတ်ဆန္ဒတွေ
ပြင်းပြနေသည်မို့။
ကားပါကင်ကိုရောက်ရောက်ချင်း မြင်လိုက်ရတဲ့ ၃ယောက်ကြောင့် နှုတ်ခမ်းထောင့်စွန်းက တွန့်ခနဲပဲ..။
Yiboက၊ ကားကိုကျောမှီပြီး သူ့ကိုလက်လှမ်းပြနေသလို
ကလေးနှစ်ယောက်ကလည်း သူရှိရာကိုပြေးလာနေသည်မို့
ပွေ့ယမ်းဖက်လိုက်သည်။
"အား!! ပါးပါးရဲ့ အမောပြေလေးတွေ"
"ဘေဘီကိုတွေ့ချင်တယ်ဆိုလို့ ဦးက ခေါ်လာခဲ့လိုက်တာ"
"အင်း.. အလုပ်ပြီးပြီလား ဦး"
"ပြီးပြီလေ ဘေဘီရဲ့ အဲ့ဒါကြောင့် အတူတူ ညစာလက်စုံ
စားရအောင် လာခေါ်တာ.. "
"အွန်း!!
ပြီးနောက် ကားပေါ်ကိုတက်ပြီး အိမ်ကိုအတူ ပြန်ဖြစ်ကြသည်။ ဂျူတီပြီးရင် အမြဲတမ်း လာကြိုနေကြမို့
ဒီအခြေနေကို ရှောင်းကျန့်က သိပ်ကိုကျေနပ်ရပါတယ်...။
-------------------
"ဦး!!!
ပုခုံးလေးပေါ် မေးတင်လိုက်တော့ ဦးက အပြုံးတစ်ခုနဲ့အတူ
လှည့်ကြည့်လာလေရဲ့..။ ထို့နောက် သူလည်း။ ဦးရဲ့
မျက်မှန်လေးကို ချွတ်ကာ ခုံပေါ်တင်ပြီး နှဖူးလေးတစ်ချက်
နမ်းပါတယ်။
"ကျွန်တော်ကို ချစ်သေးရဲ့လား!!
ဒါက အမြဲလိုလို အိပ်ယာဝင်ရင် ရှောင်းကျန့်မေးနေကျ
စကားမို့ Yiboအတွက်က ရိုးနေပါပြီလေ..။ သို့ပေမယ့်
ဒီကလေးလေးကို ဘယ်လောက်ထိ ချစ်ခဲ့ပါသလဲ သူသာ
အသိဆုံးမို့..။
"ချစ်တာပေါ့ကွာ.. !
"အဟွန်း!! ဟုတ်ပြီလေ ကျုပ်ရောပဲ ဦးကိုချစ်တယ်"
နှုတ်ခမ်းလေးကိုနမ်းစုပ်လိုက်တော့ဦးက ခါးကိုပြန်ဖက်ပြီး
အငမ်းမရ နမ်းရှိုက်လာပြန်တယ်..။ ဒီအနမ်းတို့က
ဘယ်လောက်ထိကြာကြာ ရိုးသွားခြင်းမရှိတာမို့ ရှောင်းကျန့်က
ပျော်ရပါတယ်လေ..။
အသက်ရူရပ်တဲ့အထိ အချင်းချင်း နမ်းပြီးနောက် Yiboက
အလိုက်တသိ ပြန်လွှတ်ပေးတယ်။ ထိုတော့ သူလည်း
ဦးရဲ့ ပုခုံးပေါ်မှာ မေးတင် အနားယူရတယ်..။ ဦးက သူ့ကို
အမြတ်တနိုး ငုံ့ကြည့်တဲ့အခါ မျက်လုံးတစ်ဖက်မှိတ်ပြတာက
မပါမဖြစ်..။
"ကျုပ်လည်း ဦးကို ချစ်ပါတယ်... "
ပြီး
ပါ
ပြီ
💖💖💖💖💖💖
ပြီးတော့ ပြီးပါပြီ 🤩🤩
ကျေနပ်စရာတော့ ကောင်းမယ်ထင်တာပါပဲ
ကလေးနှစ်ယောက်ရတဲ့အချိန် ဦးက အသက်ကြီးနေပါပြီ။