(32)

15.6K 1.1K 37
                                    

Zawgyi

နေခြည်နုနုတို့က မျက်နှာထက်မှာ ဖြာကျလာတာကြောင့်
အိပ်ရာပေါ်ကနေ လူးလွန့်နေရသည်။ ညက အခြေနေကို
မေ့ကာ ဆတ်ခနဲ ထထိုင်တော့ အောင့်သက်သက်ခံစား
ချက်ကြီးက ချက်ချင်းဝင်ရောက်တယ်။

"အာ့!! သေပါပြီ"

"ကလေးနိုးပြီလား"

အခန်းထဲကို ဝင်ဝင်လာချင်း မေးတာမို့ သူကပဲ
ခေါင်းကို တဆတ်ဆတ်ညိမ့်ပြရင်း ပြန်ဖြေပါတယ်။
ညက အခြေနေကို ပြန်တွေးမိတော့ မျက်နှာလေးကရဲခနဲ။

"ဦး... "

"ထလေ.. ကလေး"

ဦးက ပြောရင်းဆိုရင်း ကျွန်တော်ခန္ဓာကိုယ်လေးကို
ပေါ့ပါးစွာ ပွေ့လိုက်လေသည်။ နောက် ရင်ခွင်ထဲကို
ထည့်ရင်း ကျောပြင်အားပွတ်သပ်လေသည်။

"ကလေး ဘာစားမလဲ..!

"စားချင်ဘူး.. ဒီတိုင်းလေးပဲနေချင်တယ်"

"ဟုတ်ပါပြီဗျာ ဦးရဲ့ကလေးလေး ပင်ပန်းနေရောပေါ့.. "

ထို့နောက် ရင်ခွင်ထဲကိုသာ ပိုတိုးလို့ ဝင်ခဲ့လိုက်သည်။

"ကျေးဇူးပါ ဦး!!

"ဘာလို့လဲ?

နားမလည်နိုင်ပြန်မေးလိုက်တော့ ကလေးငယ်က သူ့ကိုသာ
ကြည့်ရင်း ခေါင်းကို ခါရမ်းပြတယ်။ သဘောက ဘာမှ
မဖြစ်ပါဘူးဆိုတာမျိုး။

"ဆေးမိတာတောင် ကျွန်တော်ပေါ်မှာ သစ္စာမပျက်ခဲ့လို့"

သူလှစ်ခနဲ ပြုံးလိုက်ရင်းဖြင့်

"မလိုပါဘူး ကလေးငယ်ရာ ကိုယ့်ကို အပြစ်မပြောတာကိုပဲ
ဦးက၊ ကလေးငယ်ကို ကျေးဇူးတင်ရမှာ သိရဲ့လား"

"အွန်း!! ကျွန်တော် ဦးကို တအားချစ်တာပဲ သိရဲ့လား"

ဒါက အမှန်တရားပေမို့ ရှောင်းကျန့်က လိပ်ပြာလုံလုံနဲ့
ပြောထွက်မိခဲ့တာ။

"ကိုယ်ရော မင်းကို ချစ်ရပါတယ် ကလေးငယ်"

မနက်ဖြန်က မသေချာ မရေရာတာမို့ ဒီနေ့မှာပဲ ဦးကို
ပိုတိုးပြီးချစ်ပါ့မယ်...။ အနာဂတ်ဆိုတာကို ခေါက်ထားပြီး
လက်ရှိရောက်နေတဲ့အချိန်မှာ အကောင်းဆုံးချစ်ကြတာပေါ့
ဦးရာ။

💕Oo💞 (Completed) Where stories live. Discover now