(33)

16.1K 1.1K 138
                                    

Zawgyi

"လွမ်းလို့!!

အနမ်းတွေရပ်တန့်ပြီးနောက် ပထမဆုံး ပြောထွက်လာတဲ့
ဦးရဲ့စကားသံလေး။ ကျွန်တော်လည်း လွမ်းနေသူမို့
စိတ်လိုလက်ရ ပြုံးကာ ကျေနပ်ရလေသည်။

အသက်ကြီးလာလေလေ ပိုပြီးကြည့်ကောင်းလာလေလေ
ဖြစ်နေတဲ့ ဦးကြောင့် တစ်ခါတစ်လေ လူများတကာရဲ့ရှေ့မှာ
သဝန်တိုရသည်က ရှောင်းကျန့်ဆိုတဲ့ ကျွန်တော်ပါ။

တစ်ခါတစ်လေတော့ သူ့အသက်ရွယ်ကြောင့် တအား
စိတ်မကောင်းဖြစ်နေတဲ့ဦးကြောင့် အားပေးရလေသည်။
ရှောင်းကျန့်ဆိုတာဟာလည်း ဦးကို အသက်ကြီးသွားတယ်
ဆိုပြီး ပစ်သွားမယ့်သူမှမဟုတ်တာ။ ဒါကို တစ်ခြားလူတွေ
ယုံကြည်စရာမလို၊ ဦးယုံရင်ရပြီမို့။

"ဟုတ်ကဲ့ ဦး ကျွန်တော်လည်း လွမ်းတယ်ဗျာ"

"ခုနက၊ ကလေးလေးနဲ့ ဘာတွေပြောနေကြတာလည်းဟင်
ဦးသိခွင့်ရှိမလား.. "

"အင်း.. အဲ့ကလေးက သနားစရာလေးပါ ဦးရဲ့
ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မိဘတွေသေသွားရတာနောက်ပြီး
လူသတ်သမားလို့လည်း စွပ်စွဲခံရသေးတယ်..။

ကျွန်တော်စကားကို ဦးက ခေါင်းလေးတညိမ့်ညိမ့်နဲ့
နားထောင်တယ်။ တစ်ဖက်လူရဲ့စကားကိုနားထောင်ပြီး
အထင်မသေးတတ်တဲ့ ဦးရဲ့အပြုမူကလည်း ရှောင်းကျန့်
လေးစားချစ်ခင်ရတဲ့ အမူအကျင့်တစ်ခုပင်။

"ကလေး!!

"ဟုတ်ကဲ့ ပြောလေ!!

"ဦးကို ချစ်သေးတယ်မဟုတ်လား!!

"အိုက်ယိုး!! ဒီလူ့ကိုမချစ်လို့ ကျုပ်က ဘယ်သူ့ကို
သွားချစ်ရမှာလည်းဗျာ ပြွတ်!!

စကားဆုံးတော့ Yiboထံကနေ တော်ပါသေးရဲ့ ဆိုတဲ့
စကားကို ခပ်တိုးတိုးလေးကြားလိုက်တာမို့ ရှောင်းကျန့်က
စိတ်လိုလက်ရ ပြုံးလိုက်တယ်...။

"ဒါနဲ့ နေ့လည်စာ စားပြီးပြီလား!! ပြီးတော့ အစာစားပြီးရင်
ဆေးရော သောက်ရဲ့လား ပြော!!

အဲ့တော့ခေါင်းလေးညိမ့်ပြတဲ့ဦးကြောင့် ကျွန်တော်လဲ
ပြုံးပီးကြည့်လိုက်တယ်။အခုဆိုကျွန်တော် ခြေဖျား
ထောက်ပြီး ဦးရဲ့နှဖူးကိုနမ်းစရာမလိုတော့ဘူး
အရပ်ရှည်လာတာကြောင့် ဦးရဲ့နှဖူးလေးကိုအသာလေး အနမ်းပေးလိုက်တယ်။ ဒါက စကားနားထောင်လို့
ဆုချတယ်ဆိုတဲ့သဘော။

💕Oo💞 (Completed) Where stories live. Discover now