(26)

15.6K 1.1K 147
                                    

Zawgyi

သတိလစ်နေတာ ၃ရက်လောက်ရှိပြီ။ အခုထိပင်သတိမရသေး။ ဒီ့အပြင် အသားရောင်က
သွေးရောင်ပင်မရှိတော့ ဖြူဖျော့နေလေသည်။ ဦးရယ်
ကျွန်တော်အတွက်ပဲဖြစ်ဖြစ် သတိရလာပါတော့နော် ဒီထက်ပိုပြီး မစောင့်ခိုင်းပါနဲ့တော့။ ကျွန်တော်လည်း
အရမ်းနောင်တရနေပြီမို့။

ဖြူဖျော့နေတဲ့ဦးမျက်နှာလေးကို လက်လေးနဲ့ အသာယာ
ထိတွေ့ကလူရင်း နှဖူးပြင်ပေါ်သို့အနမ်းတစ်ခေါက်..။
ထို့နောက် ဦးရဲ့မျက်နှာလေးကိုအတော်ကြာ ငေးကြည့်ပြီး
မျက်ရည်ကြည်လေးတွေလည်းကျရလေသည်..။ ဦးက
ကျွန်တော်မျက်ရည်ကျရင် မကြိုက်ဘူးမဟုတ်လား။

Ring 📱

ဖုန်းသံကြောင့် ကျလက်စမျက်ရည်တို့ကိုသုတ်ဖယ်ကာ
Screenပေါ်ကိုအကြည့်ပစ်ပေးလိုက်သည်။ သို့ရာတွင်
ထင်ထင်ရှားရှားပေါ်နေတဲ့ နံပါတ်တစ်ခုကြောင့် နှုတ်ခမ်းလေး
တွန့်ရင်း

"hello ...

📱 ရှောင်ကျန့်၊...

"ကျွန်တော်ပြောသလိုလုပ်ပြီးပြီလား ကျင်းရီge "

📱 အေး.. သူတို့အခုပဲ မင်းအိမ်ကိုလာနေပြီ"

"အင်း... "

📱 ဒါနဲ့ ဘာလုပ်ဖို့ အဲ့လူတွေရှာခိုင်းတာလဲ"

"မသိချင်ပါနဲ့... ကျွန်တော်ဖုန်းချပြီ ဪ ဒါနဲ့ ကျွန်တော်ကို
ဖုန်းမဆက်နဲ့နော် အလကားနေရင်း အနှောက်ယှက်
ဖြစ်နေမှာစိုးလို့"

ထို့နောက် ဖုန်းကိုတိခနဲချပစ်လိုက်တော့တယ်။ ခက်ထန်မာကြောတဲ့ အကြည့်တွေဖြင့် ထိုကောင်လေးက
မဲ့ပြုံးတစ်ခုဆင်မြန်းလျက် ဦးရှိရာ အခန်းထဲကနေ
ထွက်လာလိုက်တော့သည်။

တစ်ပတ်လုံးငိုရလွန်းလို့မျက်လုံးများမို့အစ်ကာနီရဲနေသည်
စားချိန်လဲမမှန်တာကြောင့်တစ်ပတ်အတွင်းပါးဖောင်းဖောင်း
လေးတွေတောင် မရှိတော့ဘူး။ ဒါကို ဦးသာမြင်ရင်
ကျွန်တော်ကို ဆူနေမလားပဲနော်..။ စိတ်ချပါ ကျွန်တော်လေ
ဘယ်လောက်ပဲ ဝမ်းနည်းပါစေ ဦးအတွက် အားတင်းထားမှာ။

ထိုစဉ်ဧည့်ခန်းမှာတောင့်တောင့်ကြီးရပ်နေကြတဲ့လူတစ်စုကို
မြင်လိုက်တာကြောင့် နှုတ်ခမ်းတစ်ဖက် မဲ့လိုက်ရင်း..။

💕Oo💞 (Completed) Where stories live. Discover now