(19)

16.6K 1.2K 105
                                    

Zawgyi

ရုတ်ချည်းဆိုသလို ထမြည်လာတဲ့နှိုးစက်သံကြောင့်
လူးလွန့်ရင်းမျက်လုံးကိုဖွင့်လိုက်လေသည်။ အရင်ဆုံး
မြင်တွေ့ရသည်က အဖြူရောင်မျက်နှာကျက်လေး။
နောက် ဆတ်ခနဲထထိုင်လိုက်တော့အောက်ပိုင်းတစ်နေရာက
စူးခနဲနာကျင်မှုကြောင့်မျက်နှာလေးကမဲ့ခနဲ။

"အာ့ သေပါပြီ!!!

ယောင်လည်လည်နဲ့ ထူးဆန်းစွာစောင်ကိုဆွဲဖယ်လိုက်တော့
အဝတ်ကပ်မနေတဲ့အောက်ပိုင်းကကြိုပြန်တယ်။ နောက်
သွေးတစ်ချို့စွန်းထင်းနေတဲ့အဖြူရောင်အိပ်ယာခင်းလေး။
မျက်လုံးအစုံပင့်တက်လာရင်းဖြစ်ပျက်သွားတာတို့က
မျက်ဝန်းထဲမှာတရိပ်ရိပ်နဲ့။

"ကလေး.. ဘာဖြစ်တာလဲ"

အခန်းထဲကိုအမောတကောပြေးဝင်လာတဲ့Yiboက
ဧပရွန်ကြီးနဲ့။ ထိုမှသာ ညက ဘာတွေဖြစ်သွားသလည်း
ဆိုတာကို သူနားလည်သွားရလေသည်။ နောက်၊ စောင်ကို
ဆွဲခြုံပြီး ခေါင်းခါပြလိုက်တယ်။ အကြည့်တို့က ဘာမှမဖြစ်ဘူး
အဆင်ပြေတယ်ဆိုတဲ့သဘော။

"ကျွန်တော်ဘာမှ မဖြစ်ဘူး"

"ရရဲ့လား ဦး ဘာလုပ်ပေးရမလဲ"

ရယ်သံစွတ်နေတဲ့အသံနဲ့မေးလာတာမို့နားဖျားလေးတွေက
ရဲခနဲ။ ဒီကိစ္စ က အလိုတူအလိုပါမို့ သူ့အနေနဲ့ ဘာများ
ပြောနိုင်ရဦးမှာလဲ။ 'ခင်ဗျားကိုမကျေနပ်ဘူး တရားဆွဲမယ်'
လို့ အရှက်ပြေ ရဲစခန်းပြေးတိုင်ရင်လည်း မဖြစ်သေး။
ဒါက ကိုယ်အထိနာမယ့်ဖြစ်ရပ်။

"ကျ.. ကျွန်တော်ညက မူးနေလို့မဖြစ်သင့်တာဖြစ်သွားတာ
အဲ့.. အဲ့ဒါကြောင့် ဗွေမယူပါနဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်က
မူးနေတဲ့ဟာကို.. "

စကားတွေအထစ်ထစ်အငေါ့ငေါ့ပြောနေသူအား လှစ်ခနဲ
ပြုံး၍ကြည့်နေမိပြန်။ ခပ်အာအာနှုတ်ခမ်းလေးက
စူထော်ထော်နဲ့ သူ့ကိုရန်တွေ့ချင်နေသည့်အတိုင်းပင်။
ကလေးငယ်ရဲ့ အရာရာကို မြတ်နိုးနေမိတာကိုက သူ့ရဲ့
အားနည်းချက်လို့ဆိုရမလား။

"ဟက်ဟက် ကိုယ်က ဘာပြောနေလို့လဲ"

ရှောင်းကျန့်တံတွေးတစ်ချက်မျိုချလိုက်တယ်။ ဒါက ဘယ်လို
အခြေနေကြီးပါလိမ့်။ ထို့ကြောင့် သူ့ဘက်ကနေစတင်ပြီး
တိတ်ဆိတ်မှုကို စဖြိုခွဲလိုက်တယ်။

💕Oo💞 (Completed) Where stories live. Discover now