(29)

16.1K 1.2K 198
                                    

Zawgyi

နောက်တစ်နေ့

'ဒီနေ့ကိုယ်နဲ့အတူ ကုမ္ပဏီကိုလိုက်ခဲ့'ဆိုတဲ့ ဦးရဲ့စကားကြောင့် ပြင်ဆင်နေခြင်း။ ဦးနဲ့အတူ ကုမ္ပဏီကို လိုက်ရမှာဆိုတော့ ပိုပြီးသေသပ်ဖို့လိုသည်လေ ထို့ကြောင့်
ကိုယ်လုံးပေါ်မှန်ကြီးရှေ့ကနေကို မခွာတော့။ လှပသော
မျက်နှာလေးက ပိုပြီးကျက်သရေရှိအောင် ပြင်ဆင်နေရသည်။

"ကလေး ပြီးပြီလား ဘာတွေ ဒီလောက်ပြင်နေတာလဲ'

ဦးကစောင့်ရတာကြာလို့ထင်။ အခန်းထဲကိုဝင်လာပြီး
မှန်ရှေ့မှာရပ်နေတဲ့ကျွန်တော်ကို အနောက်ကနေ သိုင်းလို့
ဖက်လာလေသည်..။ ထို့ကြောင့် နှုတ်ခမ်းထောင့်စွန်းလေးကို
ကွေးညွှတ်လိုက်ရင်း

"ဘာမှ မပြင်လဲ ကျွန်တော်ကချောပီးသားဟာ ဟုတ်ဖူးလား!!

"ဟက် ... သိသားပဲ ဦးရဲ့ကောင်လေးက ဒီလိုစကားမျိုး
ပြောလာမယ်ဆိုတာ"

ဟုတ်ရဲ့လားဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တော့ ဦးကလှစ်ခနဲပြုံးကာ ပိုတိုးပြီးဖက်တွယ်လာ၏။ တစ်ချက်တစ်ချက် ဂုတ်လေးကိုလည်း လာနမ်းနေတာကြောင့်
ခပ်ဟဟရယ်ပြီးသာငြိမ်နေလိုက်ရတော့တယ်။

"sir.!

ထိုစဉ် အနောက်ကနေ ရောက်လာတဲ့ ကျင်းရီကြောင့်
Yiboက ရှောင်းကျန့်ကိုဖက်ထားရာကနေခွာလိုက်သည်။
ကောင်းခန်းရောက်ပြီဆို ဒင်းက ဘယ်ချောင်ကနေ
ပေါ်လာမှန်းမသိ။ တစ်သတ်လုံး စင်ဂလ်ဘဝမှာပဲ
အရိုးဆွေးမယ့်ကောင်။

ကျင်းရီကိုစိတ်ထဲကနေမကျေမနပ်ရေရွတ်သော်ငြား
အပြင်တော့ထုတ်မပြောမိ။ ဘာလဲဆိုတဲ့သဘောနဲ့
မေးငေါ့ပြတော့ ကျင်းရီကပြုံးစိစိစကားစတယ်။

"ရှောင်းကျန့်အဖေရောက်နေပါတယ် တွေ့ချင်လို့တဲ့"

"ဘယ်သူ့ကိုလဲ.  "

သက်ပြင်းသဲ့သဲ့ချပြီး မေးလိုက်တော့ ရှောင်းကျန့်ကပါ
စိတ်ဝင်တစားကြည့်လာလေရဲ့..။

"၂ယောက်လုံးကို.. "

"အင်း ကောင်းပြီလေ ခနစောင့်ဖို့ ပြောလိုက် ငါတို့လာခဲ့မယ်"

💕Oo💞 (Completed) Where stories live. Discover now