(10)

16.9K 1.1K 78
                                    

Zawgyi

ည၈နာရီမှာရှောင်းကျန့်အိမ်ကိုပြန်ရောက်လာချိန်တွင်ဖြစ်သည်
Yiboဆူမှာသူသိပေမယ့် ချစ်ရသူလေးကစောသေးတယ်
မပြန်နဲ့ဦးပြောနေတော့ဘယ်လိုငြင်းရက်ပါ့မလဲ သူလာတော့
Sofaပေါ်မှာမိန့်မိန့်ကြီးထိုင်နေတဲ့yiboကြောင့်
လန့်သွားတယ် ဘေးကကျင်းရီကိုကြည့်တော့ သက်ပြင်းတွေ
ချနေတယ် သူနားမလည်ဘူးဘာတွေဖြစ်နေတာလဲဆိုတာကို
ဦးကရော ဘာလို့ စိတ်တိုနေတဲ့ မျက်နှာထားနဲ့ ကြည့်နေရတာလဲ?

"ရှောင်းကျန့်.... "

တိတ်ဆိတ်နေတဲ့အခြေနေကြီးမှာYiboအသံက
အေးစက်စွာထွက်လာသည်။ သူ့ကိုယ်လေးပင် တုန်တက်သည်အထိ၊ Yiboအသံက ခပ်မိန့်မိန့်ကြီးပင်။

"ဦး... မအိပ်သေးဘူးလား"

"ဘယ်ကပြန်လာတာလဲ"

ရုပ်တည်ကြီးနဲ့မေးတော့ရှောင်းကျန့်တံတွေးမြိုချပြီး
နဲနဲလန့်နေမိတယ်။ ဦးက အရင်ကလို ချောမောတဲ့အသွင်ဆိုပေမယ့် အရင်ကလိုမျက်နှာထားတော့
ဟုတ်မနေပါ။ သူ့ကိုကြည့်နေပုံက ကျားတစ်ကောင် အစာကို
တွေ့၍အမဲဖျက်ချင်နေသည့်အလား။

"ဦးကလဲ သူငယ်ချင်းတွေနဲ့ညစာ စားနေတော့
နဲနဲကြာသွားတာပါ"

Yiboကမဲ့ပြုံး ပြုံးလိုက်ပြီး ရှောင်းကျန့်နားကိုဖြည်းဖြည်းချင်း
သွားလိုက်တယ်။ ပြီးတော့ဖုန်းကိုဖွင့်ကာပုံတစ်ချို့ကိုပြ၍

"သူငယ်ချင်းဆိုတာ..... သူလား"

ရှောင်းကျန့်မျက်လုံးပြူးသွားတယ်။သူနဲ့မျန်မျန်ပုံတွေက
ဦးကိုင်ဆောင်ထားတဲ့ဖုန်းထဲမှာ အမျိုးမျိုးရှိနေသည်။
ဒါက ချောင်းရိုက်ထားတာဆိုပေမယ့် အတော်လေးကြည့်လို့
အဆင်ပြေသည့်အနေထားပင်။

"ဟို...!

"ဖြေလေ..... သူလားလို့))))

အသံနက်ကြီးကအိမ်ကြီးထဲဝယ်ဟိန်းခနဲပင်။ ရှောင်းကျန့်ရဲ့
ကိုယ်လေးတုန်တက်သွားခဲ့သလို ရပ်နေတဲ့ကျင်းရီလည်း
ဘေးနားကနေ တလန့်တကြားအသွင်နဲ့ ထွက်သွားလေရဲ့။

"အဲ့ဒါ... ကျွန်တော်ချစ်သူပါ"

ပြူးကျယ်လာသောမျက်လုံးတွေ၊ ရစ်သိုင်းလာသော မျက်ရည်တစ်ချို့က သခင့်ခွင့်ပြုချက်ကို စောင့်နေသည့်အလား။ သို့သော် ကလေးရှေ့မှာတော့
ငိုလို့မဖြစ်တာမို့ ကျချင်နေတဲ့မျက်ရည်တွေကို မျက်တောင်
ပုတ်ခတ်၊ ပုတ်ခတ် လုပ်ကာပြန်လည်သိမ်းဆည်းသည်။

💕Oo💞 (Completed) Where stories live. Discover now