(5)

20.5K 1.4K 86
                                    

Zawgyi 💞

"ဦး.. အသက်ရှူကြပ်လာပီ!

ရှောင်းကျန့်ပြောမှပဲyiboကဖက်ထားရာကနေ
လွှတ်ပေးလိုက်တယ်။ ဟုတ်ပါရဲ့ သူစိတ်လိုလက်ရအကြာကြီး ဖက်ထားမိတာပဲ..။ သူထိုကလေးပေါက်ကိုကြည့်ရင်းဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ

"ဦး ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

"နေကောင်းပါတယ်..!

"ညစာချက်လိုက်ဦးမယ်နော်!

"ရှောင်းကျန့်...!

"ဟင်.. ဘာဖြစ်တာလဲ ဦး"

"ဟို.. ဒီညစာမချက်နဲ့တော့ အပြင်ထွက်စားရအောင်"

"ဟင် ဒါဆိုခနစောင့်နေ ရေချိုးဦးမယ်"

"ရေမချိုးနဲ့တော့ အဝတ်စားလဲပြီးလာခဲ့..!

"အာ... ဟုတ်ကဲ့ "

ခနကြာတော့ရှောင်ကျန့်အပေါ်ကနေပြန်ဆင်းလာတယ်။
အပြင်ထွက်မှာဆိုတော့ခဲရောင်ဘောင်းဘီဒူးဖုံးလေးဖြင့်
အနက်ရောင်စပို့ရှပ်ကို ပေါ့ပါးစွာဝတ်ဆင်ထားသည်။

ချစ်ဖို့ကောင်းလိုက်တာ.....

"ဦး သွားမယ်လေ ဘာကြည့်နေတာလဲ"

"အော်.. အင်း သွားမယ်လေ..

မကြာခင်မှာပဲကားလေးကခြံထဲကနေမောင်းထွက်လာခဲ့တယ်။
ညနေ6နာရီရှိပြီမို့ မှောင်စပြုလာပြီ မိနစ်30ထိ မောင်းနှင်ပြီးမှ
လိုရာကိုရောက်လာကြတယ် နာမည်ကြီးစားသောက်ဆိုင်မဟုတ်တဲ့အပြင်
လူတွေစည်ကားလွန်းတယ် ရှောင်းကျန့်ဒီနေရာကိုကြည့်ပြီး
အံ့ဩနေတယ်။ မှောင်နေတာကြောင့် မီးရောင်စုံတွေနဲ့
ဒီနေရာကလူရှုပ်ပေမယ့်ပျော်စရာကောင်းတယ်လို့်လည်း
ထင်မိပါတယ်။

Yiboကမီးရောင်စုံတွေကြားမှာရှောင်းကျန့်ပြုံးနေတာကို
ကြည့်ပြီး သူပါအလိုလိုလိုက်ပီးပြုံးနေမိတယ် နာမည်ကြီး
စားသောက်ဆိုင်ထက်ဒီလိုနေရာကရင်ခုန်မှုအသစ်အဆန်း
ဖြစ်စေတယ် ပြီးတော့ဒီနေရာကညဈေးတန်းလိုပုံစံမျိုးမို့ 
လူတွေစည်းကားလွန်းတာဖြစ်သင့်ပါသည်။

"ရှောင်းကျန့် လာလေ...!

"ဟုတ်ကဲ့ ဦး :

ဆိုင်တစ်ဆိုင်မှာဝင်ပြီးစားပွဲအပြည့်ကြိုက်တာတွေမှာကာ
စားသောက်ရန်အတွက်နေရာဝင်ယူတယ်..။ အရှေ့မှာက
ကြက်သားကြော်အပြင် ထမင်းနှစ်ပွဲနဲ့ တစ်ခြားအမယ်ပေါင်း
များစွာရှိသည့်ဟင်းများကစားချင်ဖွယ်အတိ။ Yiboစားနေကျ
Hotpot လည်းအပါဝင်။

💕Oo💞 (Completed) Where stories live. Discover now