(25)

15.8K 1.1K 94
                                    

Zawgyi

မြင်ကွင်းရှေ့မှာ မြင်ရသည့်အရာကို မယုံချင်။ ဦးက
ကိုယ့်မျက်စိရှေ့မှာ သွေးအိုင်ထဲ လဲနေသည်တဲ့။ ရုတ်တရက်
ပါးပြင်ပေါ်ကနေ ပူနွေးနွေးအရာတစ်ချို့ကို ခံစားရသည်။
ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှာပဲ ခြေလှမ်းတွေက
ဦးရှိရာကိုလှမ်းနေပြီး ဦးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်တယ်။

"ဦး!!! ဦးရယ်.. ခင်ဗျားဗျာ"

တရှူံ့ရှူံ့ငိုနေတဲ့ သူ့ကျောပြင်ကို ဦးက ပွတ်သပ်ပေးရင်း
မငိုဖို့ပြောချင်သည့်ပုံရသည်။ သို့သော် မငိုပဲ ဘယ်လိုလုပ်
နေနိုင်မှာလဲ ဦးက ဘယ်လောက်ထိ ကျွန်တော်ရင်ထဲမှာ
နေရာယူခဲ့ပါသည်လဲ ဒီနေ့မှာတော့ နားလည်လိုက်ပြီ။
ကျွန်တော်ကလည်း ဦးမရှိရင်မဖြစ်သလို ဦးကလည်း
ကျွန်တော်မရှိရင်လုံးဝမဖြစ်။

"ဦး...ခနလေးနော်။ ကျွန်တော်တို့ ဆေးရုံကို မြန်မြန်သွားကြမယ် ဘာစကားမှ မပြောနဲ့ဦး"

စကားတွေတတွတ်တွတ်ပြောရင်း ကလေးငယ်အသွင်က
ကမ္ဘာ ပျက်နေသည့်ဟန်။ မဟုတ်ဘူးလေ ကိုယ်က မင်းကို
ကာကွယ်ပေးဖို့ရည်ရွယ်ခဲ့တာပါ ကလေးငယ် ငိုပါစေဆိုတဲ့
စိတ်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး..။

ကိုယ်က တစ်သတ်တာအတွက် မင်းရဲ့ ဟီးရိုးဖြစ်ချင်ခဲ့ရုံ.. ။
ဒါဟာလည်း မင်းကို အရမ်းချစ်မိသွားလို့ပါ ကလေးငယ်ရဲ့။
တောင်းပန်ပါတယ် မငိုပါနဲ့ ကိုယ့်အတွက်ကြောင့် ကလေးငယ် ဘယ်တော့မှ မျက်ရည်မကျမိစေနဲ့..။

"ဦး... ဘာလို့ဒီလိုလုပ်ရတာလဲ..!

ချစ်ရသူရင်ခွင်ထဲမှာခေါင်းလေးတိုးဝင်ရင်းစကားနဲ့မပြောသော်
လည်း ကျောလေးကို ပွတ်ပေးလိုက်တယ် အရူးလေး
ဦး မင်းကို ကာကွယ်ပေးမယ်လို့ပြောခဲ့ဖူးတယ်မလား
မငိုပါနဲ့ ကလေးရယ်... မင်းမျက်ရည်တွေ မြင်တိုင်း
ဦး အရမ်းနာကျင်လွန်းလို့ ။

ကျွန်တော်ကျောပြင်ကိုပွတ်သပ်ကာနှစ်သိမ့်ပေးနေတဲ့ ဦးကို
တင်းနေအောင်ဖက်ထားလိုက်တယ် တစ်ကယ်ဆို
ဒီလိုလုပ်ဖို့မှမလိုအပ်တာ ဦးရယ်... ကျွန်တော်မျက်လုံးများက
အမုန်းမီးတို့တောက်လောင်ကာ.. ဦးကို တိုက်လိုက်တဲ့ကား
ကို. ကြည့်မိလိုက်သည်။

💕Oo💞 (Completed) Where stories live. Discover now