(24)

16.1K 1.1K 100
                                    

Zawgyi

"မောင်..."

မျန်မျန်အသံကြောင့် အန်းဒီလည်း သူ့မျက်နှာကိုကြည့်လာပြီး
ဘယ်သူလဲဆိုတာ အသံတိတ်မေးတာကြောင့် သူလည်းပဲ
ခေါင်းကိုခါရမ်း၍ပြန်ဖြေကာငြိမ်နေလိုက်တော့တယ်။

"သူက ရှောင်းကျန့်ကို ၂ရက်လောက်နဲ့မြူဆွယ်သွားတဲ့
မိန်းမလေ... "

ကျန်းချန်နဲ့ဝမ်းနင်ရဲ့ စကားဆုံးတော့ အန်းဒီလည်း နားလည်သွားဟန် ခေါင်းကိုတစ်ဆတ်ဆတ်ညိမ့်နေတယ်။
ရှောင်းကျန့်ဆိုတာဟာလည်း မျန်မျန်ကို တည်ငြိမ်အေးစက်
သော အကြည့်တို့နဲ့ ကြည့်ရုံမှတပါး။

"ဘာလာလုပ်တာလဲ... မိန်းကလေးမျန်မျန်"

ရှောင်းကျန့်က တစ်လုံးချင်းအေးစက်စွာ ပြောလာတာမို့
မျန်မျန်ကမျက်နှာကွက်ခနဲပျက်လေတယ်။ သို့ပေမယ့် ချက်ချင်း ပြန်ပြင်၍ ရှောင်းကျန့်ရှိရာကိုတစ်လှမ်းချင်း
လှမ်းလေသည်။ ဒါပေမဲ့ အရှေ့ကနေ ပိတ်ကာရပ်လာတဲ့
အန်းဒီကြောင့် မျက်ခုံးကြောတွေပင် စုကျုံ့လို့။

"နင်က ဘယ်သူလဲ... "

လက်ပိုက်ကာ အန်းဒီမျက်နှာကိုကြည့်၍ မေးမိခြင်းပင်။
ရှောင်းကျန့်တို့ကတော့ ဘေးကနေ မျောက်ပွဲကြည့်သလို
ဇာတ်ရှိန်တက်နေဆဲ။

"မေးနေတယ်လေ နင်က ဘယ်သူလဲ နောက်ပြီးတော့
ငါ့ရှေ့ကနေ ဘာလို့လာပိတ်ရပ်ရတာလဲ နောက်ပြီး ကျန့်ရဲ့
အနားမှာ ''

"ငါဘယ်သူလဲ ဟုတ်လား!!

အန်းဒီက ဟက်ခနဲရယ်ကာ ဆက်၍

"ငါဒီမှာ နင်ပြောတဲ့ကျန့်နဲ့အတူ စနှိုက်ကြော်မတွေကို
ဘယ်လို ပညာပေးရမလဲ လာဆွေးနွေးနေတာ အဟက်"

အန်းဒီပြောသည်ကိုမျန်မျန်အလွန်ဒေါသထွက်သွားပီး
လက်သီးကို ကျစ်နေအောင်ဆုတ်ထားလိုက်သည်။ ဒါသက်သက် ငါ့ကို စော်ကားတာ နောက်ပြီး မောင့်ရဲ့
အရှေ့မှာမှ အရှက်ခွဲတာဆိုတော့ တောက်!! လွန်သွားပြီ။

"မောင်.. "

အန်းဒီကိုကျော်ကာ ရှောင်းကျန့်ရှိရာကိုသာ ဦးတည်လေသည်။ နောက်၊ မျန်မျန်က သူ့ကိုဖက်ဖို့
ပြင်လိုက်သော်လည်း မျန်မျန်ရဲ့လက်ကိုရိုက်ထုတ်ရင်း

💕Oo💞 (Completed) Where stories live. Discover now