(11)

15.5K 1.1K 62
                                    

Zawgyi

ထိုကိစ္စပြီးသွားတဲ့နောက် နှစ်ယောက်သား မျက်နှာချင်းလည်း
မဆိုင်ဖြစ်ကြပေ။ Yiboက ကြည်စေအေးစေ စကားပြောဖို့
ကြိုးစားသော်လည်း ရှောင်းကျန့်ကတော့ ရှောင်မြဲပင်။
မျက်နှာပေါ်မှာသူ့အတွက် သီးသန့်ဖြစ်တည်တတ်တဲ့
အပြုံးတွေလည်းမရှိတော့သလို မေးထူးခေါ်ပြောတောင်
ရတော့တာမဟုတ်လို့Yiboခဗျာသေချင်စောနံနေလေရဲ့။
အဲ့ဒီအပြင် သူ့အတွက် ညတိုင်းတံခါးခေါက်ပြီး လာပို့တတ်တဲ့
နွားနို့လည်း ရောက်မလာသလို မနက်တိုင်းအသင့်ပြင်ထား
နေကြ Breakfast ကိုလည်းမတွေ့ရတော့။ ညဆိုလည်း
အချိန်ကုန်မှ ပြန်လာတတ်သည်မို့ Yiboမှာရင်တမမဖြင့်။

ဟူး... ချစ်ရတာ ပင်ပန်းတယ်လို့ ဘာကြောင့်ခံစားရတာလဲ?
အဲ့ဒီထက် ကိုယ့်ကိုမုန်းနေသူကိုချစ်ရတာ ပိုတောင်
ပင်ပန်းသေး။

Yiboလေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။sofaပေါ်မှာ
သူ့ပုံစံကခပ်ဆွေးဆွေးနဲ့ခံစားချက်တို့ကင်းမဲ့နေသည့်နှယ်။
ရှောင်းကျန့်ကသူ့ကိုစကား
မပြောတာလဲတစ်ပတ်ရှိပြီရယ်။ ထိုစဉ်ရှောင်းကျန့်အပြင်က
ပြန်လာတာမို့Yiboထိုင်ရင်းနဲ့ရှောင်းကျန့်ရှိရာကိုချာခနဲကြည့်မိတယ်။ ရှောင်းကျန့်ကလည်းsofaပေါ်မှာထိုင်နေတဲ့yiboကိုတွေ့
ပေမယ့်မမြင်ချင်ယောင်ဆောင်ကာအပေါ်တက်ဖို့ပြင်လိုက်တယ်။

"ကလေး... "

ရှောင်းကျန့်လှည့်မကြည့်ပဲအပေါ်ကိုသာဆက်ပြီးသွားနေစဲပဲ။
ထို့နောက် အနောက်ကနေ။ ထွက်ပေါ်လာတဲ့Yiboအသံ
တိုးတိုးဖျော့ဖျော့ကြောင့်ခြေလှမ်းတွေရပ်တန့်လို့

"ကလေး ဦးနဲ့အတူညစာ.. စားရအောင်"

(မှောင်ချင်တာနဲ့) 🌚

"ကျွန်တော်အပြင်က  စားခဲ့ပြီးပြီ အဲ့ဒါကြောင့်တစ်ယောက်ထဲ
စားလိုက်ပါ အဆင်ပြေတယ်မဟုတ်လား Mr:Wang Yiboခင်ဗျာ"

မှင်သေသေစိုက်ကြည့်ရင်းပြောလာပုံကသူ့ကိုလှောင်နေတဲ့
ဟန်ရတာမို့ Yiboရင်ထဲဆစ်ခနဲ။

ရှောင်းကျန့်ကထိုကဲ့သို့တည်ငြိမ်စွာပြန်ပြောလိုက်လေရဲ့။

"ဦးက.... ဦးကလေ မင်းနဲ့အတူတူစားချင်လို့စောင့်နေတာ"

"........"

💕Oo💞 (Completed) Where stories live. Discover now