(12)

15.3K 1.1K 100
                                    

Zawgyi🌴

"ကျွန်တော်တို့ အတူတူအိပ်လည်း ဖြစ်ပါတယ်"

ထိုစကားသံကြည်ကြည်လင်လင်လေးကြားတယ်ဆိုရင်ပဲ
Yiboမှာမျက်လုံးပြူးရတယ်။ ဒီတိုင်းနေရင်းတောင်
ထိုကောင်လေးကို ဆွဲမွချင်နေတာ အတူတူပူးကပ်ပြီး
အိပ်ရင်တော့ စိတ်ထိန်းနိုင်မယ်လို့ အာမ ၊မခံနိုင်။

"မဖြစ်ဘူး ကလေးနဲ့အတူတူနေရင် ဘာလုပ်မိမယ်
မသိဘူး ဦးပြောတာကို လက်ခံလိုက်ပါ"

ရှောင်းကျန့်ဘက်က နှုတ်ခမ်းလေးစူကာYiboကိုကြည့်ပြီး

"ဒါဆို ဒီလိုလုပ်လေ အလည်မှာ စည်းတားပြီးအိပ်တာပေါ့
ဒီအိမ်၊ ဒီအခန်းက ခင်ဗျားနေရာပဲ ကျွန်တော်အနေနဲ့
တစ်ယောက်ထဲ ကုတင်ပေါ်တက်အိပ်ရင် ဘယ်တရားပါ့မလဲ"

ဒီလိုဆိုတော့Yiboလည်းခေါင်းတညိမ့်ညိမ့်လက်ခံရပါသည်။
ရှောင်းကျန့် ဖက်လုံးကို အလည်တည့်တည့်မှာထားပြီး
စည်းတားလိုက်တယ်။ Yiboအခန်းကခပ်ကျယ်ကျယ်ရယ်
သို့နှင့် တစ်ယောက်ထဲအိပ်တဲ့ ကုတင်ကြီးဟာဆိုလည်း
အကျယ်ကြီးပေမို့ နှစ်ယောက်လုံးအိပ်ရသည်မှာ မကြဉ်းလှပါ။

အဲ့ဒီညက နှစ်ယောက်လုံး ပထမဆုံး အိပ်မပျော်တဲ့ညတစ်ည
ဖြစ်ခဲ့လေသည်...။
.
.
.
.
.
ရှောင်းကျန့်မနက်8နာရီကျော်မှနိုးလာခဲ့သည်။သူနိုးလာတော့
Yiboရှိမနေတော့ပါ။ ဘယ်သူသိမှာလဲတစ်စုံတစ်ယောက်က
Morning kissပေးသွားတယ်ဆိုတာ...။ သို့ရာတွင်
လက်ကိုဆန့်ကာ ပါးစပ်ဧရိယာကျယ်သလောက် ဝှားသမ်းတော့ ဆစ်ခနဲနာသွားတဲ့ အောက်နှုတ်ခမ်းလေးက
စပ်ဖျဉ်းဖျဉ်းမို့ မျက်နှာမဲ့သွားတယ်။ ထို့နောက် နာရီကိုတစ်ချက် လှမ်းကြည့်ကာ

"ဟာ ဒီချိန်တောင်ရောက်နေပြီလား တော်သေးတယ်
ကျောင်းပိတ်လို့... "

ရှောင်းကျန့်ကyiboအခန်းထဲကနေထွက်လာပြီး သူ့အခန်းထဲကိုပြန်လာတယ်။ဖုန်းကိုယူကာတစ်ချက်စစ်လိုက်တော့လိုက်တော့ကျန်းချန်တို့ပို့ထားတဲ့messageလေးကအထင်းသား

"အော် ဒီကောင်တွေက ငါ့ကိုအပြင်ထွက်ခဲ့ဖို့ခေါ်တာပဲ
အင်း ဒါဆို ငါ့မမကိုလဲခေါ်ရမယ်"

💕Oo💞 (Completed) Where stories live. Discover now