(28)

16.6K 1.1K 33
                                    

Zawgyi

ဒီနေ့နဲ့ဆို Yiboသတိပြန်ရလာတာ တစ်ပတ်ပြည့်တဲ့နေ့လေးပင်။ သတိပြန်ရလာတာနဲ့ လက်တလောလစ်လပ်နေတဲ့အလုပ်တွေကိုသိမ်းကျုံးပြီး
လုပ်ရတော့တာပဲ။

"ဦး!!!

ညုတုတုလေးနဲ့ခေါ်လာပြီးအနောက်ကနေ ခါးကိုသိမ်းကျုံး
ဖက်ထားသည့်ကလေးငယ်ကြောင့်Keyboardပေါ်မှာ
ပြေးလွှားနေတဲ့ လက်တွေရပ်တန့်လို့သွားတယ်။ ထို့နောက်
နှုတ်ခမ်းထောင့်စွန်းလေးကို အနည်းငယ် ကွေးညွှတ်လိုက်ရင်း

"နိုးလာပြီလား ကလေး.. "

"အွန်း!! ဒါနဲ့ ဘေဘီအတွက် Breakfast ပြင်ပြီးပြီလား"

"အင်း စားတော့မှာလား အဆင်သင့်ပဲ စားတော့မှာလား!!

"ဟုတ်ကဲ့.. ဒါနဲ့လေ ဦးကိုပြောရဦးမယ်"

ပုခုံးပေါ်မေးတင်လာပြီးထွက်ကျလာသောစကားလုံးတို့ကြောင့်
အနောက်ကိုလှည့်ကြည့်တော့ရီဝေနေတဲ့အကြည့်တစ်စုံနဲ့
စုံတယ်..။ ကလေးငယ်က ပြုံးပြလာပြီး

"အိပ်မက်ဆိုးမက်တာ ဦးရဲ့.. "

မဲ့ရှူံ့လာပြီးပြောနေတဲ့ကလေးငယ်အသွင်ကတစ်ခုခုကို
စိတ်အလိုမကျသည့်ဟန်ဖြင့်။ Yiboအသည်းယားစွာနဲ့
ရှောင်းကျန့်ရဲ့ နှာခေါင်းလုံးလုံးလေးကိုဆွဲညှစ်တော့ မဲ့နေတဲ့
မျက်နှာက ပိုမိုမဲ့လာသယောင်။

"ဦးကဗျာ!!

"ဟက်ဟက်.. ကဲပါ ဘာပြောမလို့လဲ ဆက်ပြောလေ ဦးက
နားထောင်နေတာကို"

ထိုတော့မှ နာသွားတဲ့နှာခေါင်းထိပ်လေးကိုပွတ်ကာ
စကားဆက်တယ်။ Yiboအသွင်ကလည်း သူ့စကားကို
အာရုံပြုနေဟန်ရှိတာမို့

"ဦးက ကျွန်တော်မဟုတ်တဲ့ သူနဲ့လက်ထပ်သွားတာတဲ့
ပြီးတော့ အဲ့လူကလည်း မိန်းမတစ်ယောက်"

ပြောရင်းနှုတ်ခမ်းစူကာစိတ်ကောက်တော်မူလာသောသူ။
Yiboသူ့နှဖူးသူပတ်ခနဲပြန်ရိုက်ချင်သွားတော့သည်။
ဒါက သက်သက်မဲ့အကြောင်းမရှိအကြောင်းရှာပြီး ရစ်တာ
အောင်မလေးဗျာ အိပ်မက်တစ်ခုပဲဟာ သူ့ဟာသူပြော
သူ့ဟာသူ စိတ်ကောက်နေပါသည်လား။

"ကလေးကလည်းကွာ ဒါက အိပ်မက်ပဲဟာကို အိပ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်တဲ့ စိတ်ချ ဒါက
အိပ်မက်တစ်ခုထက်မပိုဘူး ကိုယ့်ကိုယုံ"

💕Oo💞 (Completed) Where stories live. Discover now