(34)

15.1K 1K 102
                                    

Zawgyi

"ကလေး..!

အိပ်ရာပေါ်ကနေ ခပ်တိုးတိုးခေါ်လာတဲ့ ဦးရဲ့အသံတစ်ခု။
တစ်ခါဆက်ဆံပြီးတိုင်း ပိုပြီး နူးညံ့လာတတ်တဲ့ ဦး။
ကျွန်တော်နောက်ကနေ ခါးလေးကို တင်းကြပ်စွာဖက်ရင်း
နမ်းရှိုက်လာတတ်သေးသည်။ ထိုတော့ အမှတ်သားပေါ်
အမှတ်သားတွေဆင့်နေမှာမြင်ယောင်သေးတယ်။

"ပြောလေ.. ဦး"

"ဦးက အသက်ကြီးနေပြီနော်"

"အဲ့ဒါဘာဖြစ်လို့လဲ ဦးရဲ့..!

"ပြွတ်!! ကလေး အသစ်ရှာသွားမှာ စိုးရိမ်နေတာ အဟက်"

နေတာဘယ်လောက်ကြာပါပြီလဲ။ အခုထိ သူ့ကိုချစ်လား
မချစ်တော့ဘူးလားဆိုတာ ဝေခွဲရခက်နေသေးတဲ့ ဦးကို
တစ်နေ့တစ်ခြား အချစ်တွေသာပိုတိုး၏။

"အဲ့ဒါ မင်းက ဦးကို ချစ်ရဲ့လားလို့.. "

ဂုတ်လေးတစ်ချက်နမ်းရင်း မေးလာတဲ့ ဦး။ ရှောင်းကျန့်လည်း
တစ်ချက်ပြုံးလိုက်ရင်း

"ဦးရယ်.. ချစ်တာပေါ့ အရမ်းကိုချစ်တာ မယုံကြည်ဘူးလား
ဒါဆို ရင်ခွဲပြမယ်လေ.. "

"ဟားဟား ပိုပြီကွာ ရင်ခွဲမှတော့ ကိုယ့်ကောင်လေး
သေသွားမှပေါ့.. "

"အဟက် ဒါတော့ ဦးက သိသေးတာပဲ"

"တစ်ကယ်လား.. ကလေး ဦးကိုချစ်တယ်ဆိုတာက
မလိမ်ကောင်းဘူးနော် လိမ်တာက လူကောင်းတွေရဲ့အလုပ်
မဟုတ်ဘူး.. "

"တစ်ကယ်ပေါ့ဗျာ လိမ်စရာလား"

ထို့နောက် ဦးရှိရာဘက်ကို မျက်နှာချင်းဆိုင်ကာ လှည့်လိုက်သည်။ မီရောင်ဖျဖျအောက်မှာ ဦးအသွင်က
အရင်ကလိုကြည့်ကောင်းစဲ၊ ခန့်ညားစဲပင်ဖြစ်သည်။

"ဦး.. "

"ပြောလေ.. ကလေး"

"ကျွန်တော်တို့ ကလေးယူကြရင်မကောင်းဘူးလား"

အဲ့လိုပြောတော့ မျက်လုံးလေးအဝိုင်းသားနဲ့
မော့ကြည့်လာတယ်လေ။ ကြည့်ရတာ တအား
အံ့ဩသွားလို့ထင်။

"မလိုချင်ပါဘူး ကလေးရယ်...!

ပြောပြီး ဦးထံက သက်ပြင်းချသံ ခပ်တိုးတိုးကို
ကြားလိုက်ရတယ်။ ဒါက ကျွန်တော်စကားအပေါ်မှာ ဦးက
စိတ်ပျက်သွားခြင်းတော့မဟုတ်။ ထိုအဓိပ္ပာယ်ကို
ကျွန်တော်အနေနဲ့လည်း နားမလည်ပါ။

💕Oo💞 (Completed) Where stories live. Discover now