(27)

16K 1.2K 107
                                    

Zawgyi

Yiboမရှိတဲ့ ရှောင်းကျန့်ရဲ့ညတွေကရှည်လျားတယ်။
ဒီညလည်း Yiboအခန်းထဲမှာ။ အဖော်ပြုပြီး အိပ်ရပြန်တယ်။

"ကျွန်တော် ဘာလုပ်ခဲ့လဲသိရင် စိတ်ဆိုးမှာလားဟင် ဦး!!

ရင်ဘက်ပေါ်ကိုမျက်နှာအပ်ရင်းမေးလာသောအသံတစ်ခု။
ပြန်ဖြေသူမရှိသော်ငြား စကားတွေနေ့နေ့ညညပြောနေသည်က အရူးတစ်ယောက်လို။
ဦးက မျန်မျန်ကို ခွင့်လွှတ်မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ခွင့်လွှတ်ဖို့လမ်းစမရှိ။

"သူခံသင့်ပါတယ် ကျွန်တော်သူ့ကိုလုပ်လိုက်တာက
ပါးပါးလေးပါ.. "
.
.
နောက်တစ်နေ့

"ဦး .. ရေပတ်တိုက်ဖို့ အချိန်ရောက်ပါပြီ.. "

ထို့နောက် Morning Kissပေးပြီးနောက် ရေနွေးစပ်
ထားတဲ့ ရေဇလုံကို ယူလာလိုက်သည်။ နောက်တော့
ဦးကို ရေပတ်တိုက်ချင်း စတင်ရလေသည်။

ထိုစဉ်တံခါးခေါက်သံတစ်ချို့ကြောင့်စုတ်သပ်လိုက်တယ်။
ပြီးနောက် တံခါးပြင်ကနေ ခပ်မိန့်မိန့်ထွက်လာတဲ့အသံက
ဤသို့။

"ရှောင်းကျန့် အထဲမှာလား အပြင်ခနထွက်ခဲ့
ငါတို့စကားပြောဖို့လိုတယ်"

ကျင်းရီကောရဲ့အသံကြီးကနားထဲကိုကန့်လန့်ဝင်လာသည်မို့
ရေပတ်တိုက်တာကိုကောင်းကောင်းဆက်မလုပ်နိုင်တော့။
ထို့ကြောင့် သက်ပြင်းသဲ့သဲ့ချပြီး

"ကျင်းရီge အထဲဝင်ခဲ့ပါ တံခါးလော့ခ်မချထားဘူး"

ကျင်းရီလည်းရှောင်းကျန့်ရဲ့ခွင့်ပြုချက်ကိုရတာနဲ့တံခါးကို
ဖွင့်ကာ ဝင်လာခဲ့လိုက်တော့တယ်။ အခန်းထဲမှာတော့
Yiboဘေးမှာ ရေပတ်တိုက်နေတဲ့ရှောင်းကျန့်ကိုထပ်၍
တွေ့ရသည်မို့လျင်မြန်တဲ့ခြေလှမ်းတွေနဲ့လှမ်းလိုက်သည်။

"မင်းဘာတွေလုပ်နေတာလဲ ရှောင်းကျန့်..!

အဲ့ခါရှောင်းကျန့်က ကျင်းရီကို ဆူဆူညံညံမပြောဖို့
နှုတ်ခမ်းလေးပေါ်ကိုလက်ညိုးတင်ကာ သတိပေးလိုက်သည်။

"ရှူး တိုးတိုးနေ ဦး အိပ်နေတယ်လေ "

ရှောင်းကျန့်အသွင်ကြောင့်ကျင်းရီက အသံကိုအနည်းငယ်
နှိမ့်လိုက်ပြီး

💕Oo💞 (Completed) Where stories live. Discover now