(35)

15.3K 1K 41
                                    

Zawgyi

မှတ်မှတ်ရရ ဒီနေရာကို ရောက်လာတာ ဒါနဲ့ဆို နှစ်ကြိမ်တိတိ။ ပထမ တစ်ကြိမ်က ချစ်သူဘဝတုန်းက
အခုတစ်ကြိမ်ကတော့ ကျွန်တော်မွေးနေ့ပြီးတဲ့ နောက်တစ်နေ့
မှာဖြစ်ပါတယ်..။

၃နှစ်ပြည့်က ဘာဆိုဘာမှ မလုပ်လိုက်ရ။ မွေးနေ့သာ
လုပ်ရပြီး နှစ်ယောက်အတူ ကုန်ဆုံးခဲ့ရုံသာ။ ဒီနေ့တော့
ဦးက Company အလုပ်တွေကို ကျင်းရီကောနဲ့ခန
လွှဲလို့ ကျွန်တော်ကို အချိန်ပေးတယ်။ ရှောင်းကျန့်လည်း
ဘာထူးလဲ? ဆေးရုံအုပ်ဆီ တစ်ရက်လောက်ခွင့်ယူပြီး
ဦးနဲ့ အချိန်ဖြုန်းနေခြင်း။

"Hi Bro!!

ကစားကွင်းထဲရှိ ဂိမ်းဆိုင်ကိုနှစ်ယောက်သားဝင်ဝင်ချင်း
ကိုယ့်ကိုယ်မမြင် ဦးကိုအရင်လာနှုတ်ဆက်တဲ့ ငတိကို
ဘုကြည့်၊ ကြည့်ပစ်လိုက်တယ်..။ ဒီကောင်က ဘာလားပေါ့။

"ငါလား??

သူ့ကိုခေါ်မှန်းမသိ နဝေတိမ်တောင်ဖြစ်နေတဲ့ဦးကို
ထိုငတိက မျက်ဖြူလန်ပြီး ကြည့်နေတယ်။ ပြီးမှခေါင်းကို
အဆတ်မပြတ်ညိမ့်ပြလာ၏။ ထိုငတိက ခန္ဓာကိုယ်
ပိန်ပိန်လျားလျားနဲ့ ရှောင်းကျန့်ထက်ပင် ပိုပိန်နေတာကို
သတိထားမိတယ်။

"Broက ဂိမ်းလာဆော့တာလား!!

"ဒါပေါ့ ဂိမ်းဆိုင်ကိုလာမှတော့ ဂိမ်းလာမဆော့လို့
စော်လာကြောင်တယ် ထင်နေတာလား.. "

ရှောင်းကျန့်ကဦးရဲ့ပုခုံးပေါ်လက်တင်ပြီးပြန်ဖြေတဲ့အခါ
ထိုငတိကလည်း သူ့ကိုမေးတာလေ မင်းကိုမေးတာ
မဟုတ်ဘူး ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်လေရဲ့..။

"ဒါနဲ့ သူနဲ့မင်းက!!

"ငါတို့က!!!!

"သူငယ်ချင်း!!

သူ့အဖြေကြောင့် Yiboက ပါးစပ်အဟောင်းသားနဲ့
ဆွံ့အသွားတယ်..။ ရှောင်းကျန့်က မျက်လုံးတစ်ဖက်ကို
ဖျတ်ခနဲမှိတ်ပြမှ သဘောပေါက်တဲ့ ဦးပါ။

"Broကဂိမ်းလာဆော့တာနော်"

Yiboခေါင်းညိမ့်ပြတော့ ထိုငတိက ဆက်ပြောတယ်။

"ကျုပ်လည်းပျင်းနေတာနဲ့ အတော်ပဲ Broအဖော်ပြုပြီး
ဆော့ပေးမလား"

💕Oo💞 (Completed) Where stories live. Discover now