I Want You
By LOEY_Zin
93.1K 8.5K 499
အသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်... More
1(z+u)
2(z+u)
3(z+u)
5(Z+U)
6(Z+U)
7(Z+U)
8(Z+U)
9(Z+U)
10(Z+U)
11(Z+U)
12(Z+U)
13(Z+U)
14(Z+U)
15(Z+U)
16(Z+U)
17(Z+U)
18(Z+U)
19(Z+U)
20(Z+U)
21(Z+U)
22(Z+U)
Final(Z+U)
Vday Special Exter(Zgi)
Vday Special Exter(Uni)
4(z+u)
4.3K 448 14
By LOEY_Zin
"ဟင့်အင်း"
ဒုန်းးးးးး!!!!!
"အားး!!!!!!!!"
မင်းရူးနေပြီ"
ဟုတ်တယ် ဒါအိမ်မက်ပဲ"
ရူးတော့မှာပဲ..."
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
ဆုတောင်းလိုက်မိသည်...။
"ပြော sehun"
"ပြောပါဆို sehunရာ..
.
ဟင်..
.
.အဟွတ်..အဟွတ်..."
စကားပင်မပြောနိုင်...။
"အဟမ်း! jong daeရောက်ရင် ကိုယ့်ရုံးခန်းကို လွှတ်လိုက်ဦး"လို့ပြောပြီး အခန်းထဲကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြေးထွက်လာရတော့သည်....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🙆🙆🙆🙆
.
.
.
.
(Uni)
မှောင်ရီပျိုးပျအချိန်ဖြစ်တာမို့ တံတားတစ်လျှောက်လုံးထိန်ထိန်လင်းနေသော မီးရောင်များကို လှမ်းမြင်နေရသည်...။
မဲမှောင်သော တိမ်လိပ်တို့ကြားမှ ထွက်ပေါ်နေသော မှိန်ဖျဖျလရောင်သည် ဟန်မြစ်ရဲ့ရေပြင်ပေါ်သို့ ဖြာကျနေသည်...။
ဆောင်းတွင်းဖြစ်တာမို့ အေးမြသောလေထုက ဟန်ုမြစ်ကမ်းတစ်လျှောက် သွဲ့သွဲ့လေးတိုက်ခက်နေသည်....။လေလာရာမြောက်ဖက်အရပ်ကို ကျောပေးထားသူရဲ့ ရင်ခွင်ထဲမှာ baekhyunတစ်ကိုယ်လုံး
သိမ်းကြုံးပြီး ပွေ့ဖက်ခြင်းခံထားရသည်...။
ပခုံးနှစ်ဖက်ကို သန်မာသောလက်မောင်းတွေနဲ့ ထိန်းချုပ်ထားပြီး လက်ဖဝါးပြင်များနဲ့ ကျောပြင်ကိုပွတ်သပ်ပေးနေပြန်သည်..။ကြီးမားကျယ်ပြန့်သော ရင်ခွင်ထဲမှာ baekhyunတစ်ကိုယ်လုံးက နစ်မြုပ်မတက်..။
"အရမ်းချမ်းနေသေးလား....ဘေဘီ"
"ဟင့်အင်း"
Baekhyun သူ့ကိုမော့ကြည့်ပြီး ခေါင်းလေးရမ်းကာ ပြောလိုက်သည်...။ baekhyunကိုငုံ့မိုး
ကြည့်နေတဲ့ သူ့မျက်လုံးဝိုင်းဝိုင်းတွေက
အတောက်ပဆုံးဆိုတဲ့ စိန်ပွင့်တွေထက်တောင်ပိုလို့တောက်ပနေခဲ့သည်...။ ရီဝေဝေသူ့အကြည့်တွေရဲ့ ဦးတည်ရာက baekhyunနှုက်ခမ်းလေးဆီသို့...။
တဖြေးဖြေးငုံ့မိုးကျလာတဲ့ မျက်နှာချောချောကိုကြည့်ရင်း လှိုက်ဖိုလာတဲ့ရင်ခုန်သံတွေကြောင့်
ခါးကိုဖက်တွယ်ထားတဲ့ လက်တွေက ပိုလို့တင်းကြပ်သွားသည်..။ အသက်ရှူထုက်လိုက်တိုင်း ထွက်ပေါ်လာတဲ့ လေငွေ့နွေးနွေးက တစ်ယောက်မျက်နှာ တစ်ယောက်ရိုက်ခက်လျက်...။
နီးသထက်နီးကပ်လာတဲ့ နီရဲရဲနှုက်ခမ်းဖူးဖူးတွေ။baekhyun မျက်လုံးတို့ကိုမှိတ်ချလိုက်သည်..။နှုက်ခမ်းသားတွေ ထပ်တူကျလာမယ့်အချိန် ရှက်ရွံ့စွာပဲ ခေါင်းကိုပြန်ငုံ့ကာ နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲ ပြန်တိုးဝင်လိုက်သည်...။
ဒုန်းးးးးး!!!!!
"အားး!!!!!!!!"
ရင်ခွင်ထဲတိုးဝင်တာ အရှိန်ပြင်းသွားပုံရသည်...။
"အားးးး လား လား နာလိုက်တာ "
သူတိုးဝင်လိုက်တာတော့ ရင်ခွင်ထဲပဲ တိုက်မိသွားတာတော့ ကုတင်ဘေးက အခန်းနံရံနဲ့...။
အခြေနေကိုပြန်သုံးသပ်မိတော့ လူကကုတင်ပေါ်မှာ...။ညတုန်းက ကန်ချထားမိတဲ့စောင်က ကုတင်ခြေရင်းမှာ အပုံလိုက်..။စောင်လွတ်နေတဲ့ ခန္ဓာကိုယ်က နံရံနဲ့ကပ်နေတဲ့ ကုတင်အစွန်းမှာကွေးကွေးလေး...။ သူရောက်နေတာ ဟန်မြစ်ဘေးမဟုတ်ဖူးဆိုတာ တွေးလိုက်မိတော
့လူကဆက်ခနဲ ထထိုင်မိလျက်သား...။
ဒါဆို ခုနကအိမ်မက် မက်နေတာပေါ့...အတွေးထဲရောက်လာတာက တင်းကြပ်စွာထွေးပွေ့ထားတဲ့ ပုံရိပ်တွေ...။
"အား..!!! ရူးနေပြီ ရူးနေပြီ byun baekhyun
မင်းရူးနေပြီ"
ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ကုတင်ပေါ်ကနေ ကုန်းရုံးထကာ မှန်ရှိရာသို့်ဆင်းပြေးသည်....။
မှန်ထဲကကိုယ့်မျက်နှာက ဖရဲသီးလုံးကြီး ထက်ခြမ်း ခြမ်းထားသလို တစ်ပြင်လုံးရဲရဲနီနေ
သည်...။ တဖန်ကုတင်ပေါ်သို့သွားကာ မှောက်ရက်လှဲလိုက်ပြန်သည်...။နားထဲကြားယောင်လိုက်တာက ဆွဲဆောင်အားပြင်းတဲ့ ဩဩရှရှအသံ "ဘေဘီတဲ့" အသံထွက်ပြောလိုက်ရင်း
ဘေးနားက ခေါင်အုံးကိုဆွဲယူကာ တစ်ဘုန်းဘုန်းထုရိုက်နေမိသည်....။ တစ်ခါထထိုင်လိုက်ပြန်သည်....။
"သတိထား သတိကပ်စမ်းbyun baekhyun
ဒါလက်တွေ့မဟုတ်ဘူး အိမ်မက်....
ဟုတ်တယ် ဒါအိမ်မက်ပဲ"
ကိုယ့်ပါးကိုယ် လက်နဲ့ပြန်ရိုက်ကာ သတိပေးလိုက်သည်..။
ထပ်ပြီး ပက်လက်လှန်အိပ်လိုက်ပြန်သည်...။ ခေါင်းအုံးကမျက်နှာပေါ်မှာ နစ်ဝင်လို့...။ခြေထောက်နှစ်ချောင်းက မိုးပေါ်ထောင်ကာ ကန်ကျောက်နေပြန်သည်...။
"ဘေဘီတဲ့ ဘေဘီတဲ့ ဘေဘီတဲ့ အားး!!!!!
ရူးတော့မှာပဲ..."
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
~~~~~~
ဓာတ်လှေကားပွင့်သွားတာနဲ့ မြင်လိုက်ရတာက
သူဌေးpark chanyeol...။ မင်္ဂလာပါလို့ ခေါင်းငုံ့နှုက်ဆက်လိုက်ပြီး တစ်ယောက်ထဲရှိတဲ့သူ့ရှေ့တည့်တည့်ကို ဝင်ရပ်လိုက်သည်..။
မနက်ကကိုယ့်အဖြစ်ကို သတိရလိုက်ပြန်တော့
ကျောပေးထားတာတောင်မှ မျက်နှာတစ်ပြင်လုံး
ပူထူနေပြီ...။ ဘေဘီလို့ခေါ်သံက မဖိတ်ခေါ်ပါပဲ နားထဲအလိုလိုကြားယောင်လာပြန်တော့ ကြက်သီးထလွန်းလို့ ပခုံးနှစ်ဖက်ကိုတွန့်လိုက်မိသည်....။ သက်ပြင်းအသာခိုးချလိုက်ရင်း ဓာတ်လှေကားအမြန်ပွင့်ပြီး ရုံးခန်းရောက်ဖို့သာ
ဆုတောင်းလိုက်မိသည်...။
Chanyeolသူ့ရှေ့ကပုစိလေးကို စကားတစ်ခွန်းမှမပြောပဲ စိုက်ကြည့်နေသည်....။
ပခုံးနှစ်ဖက်တွန့်လိုက်တာကိုလည်း မြင်သလို
နားရွက်ဖျားလေးတွေ ရဲနေတာကိုလည်းမြင်သည်...။ဓာတ်လှေကားထဲမှာ သူနဲ့နှစ်ယောက်ထဲမို့ ဒီကောင်လေးရှက်ပြီး နားရွတ်ဖျားတွေ နီနေတာလားလို့ တွေးမိတော့ ကျေနပ်ပြုံးကြီးက ပါးခြိုင့်ကြီးကိုထင်းလို့....။
ဓာတ်လှေကားတံခါးပွင့်ပြီး အပြင်ရောက်တော့
"သွားလိုက်ပါဦးမယ် သူဌေး"ဆိုပြီး မပြေးယုံတမယ် ခြေလှမ်းနဲ့ သုတ်ခြေတင်ပြေးတဲ့ လုံးတုံးတုံးကောင်လေးကိုကြည့်ပြီး chanyeolအသည်းတို့ ယားကျိကျိ...။မသိလိုက်ပဲ လျှောက်
နေမိတဲ့ခြေလှမ်းတွေက ကျောပြင်လေးနောက်သို့....။
ရုံးခန်းထဲရောက်တာနဲ့ စားပွဲပေါ်တင်ထားတဲ့
ရေသန့်ဘူးကို ဆွဲမော့နေတုန်း ပုခုံးကို ပုတ်ခံလိုက်ရတာကြောင့် လှည့်မကြည်ပဲမေးလိုက်သည်....။
"ပြော sehun"
အဖွဲ့မှူးjong daeဆို သူ့ကို baekhyunလို့ခေါ်ပြောမည်ဖြစ်ပြီး...min seok hyungဆို baekhyuneeလို့ခေါ်ပြီး ပြောတက်သည်...။အခုလို ဟိုပုတ်ဒီပုတ် လုပ်ပြီးမှစကားပြောတာဆိုလို့ ဒီအခန်းထဲမှာ oh sehunတစ်ယောက်သာရှိသည်...။ဒါကြောင့် သူတန်းမေးလိုက်ခြင်း..
တစ်ဖက်ကဘာမှပြောမလာပဲ ပခုံးကိုထပ်ပုတ်ပြန်သည်...။
"ပြောပါဆို sehunရာ..
.
ဟင်..
.
.အဟွတ်..အဟွတ်..."
နောက်လှည့်ကြည့်တော့ သူဌေးကိုမြင်လိုက်ရတာမို့ သောက်လက်စရေတွေ သီးထွက်ကုန်လို့
စကားပင်မပြောနိုင်...။
Chanyeolရေသီးနေတဲ့ကောင်လေးရဲ့ ကျောကုန်းကိုလက်တစ်ဖက်နဲ့ အသာထုပေးလိုက်ရသည်...။လက်တစ်ဖက်က ဘောင်းဘီအိတ်ထောင်ထဲက လက်ကိုင်ပုဝါကို ဆွဲထုလိုက််ပြီး...။ပါးစပ်ဖျားကစီးကျနေတဲ့ ရေတို့ကို မေးစေ့မှလည်တိုင်အထိသုက်ပေးလိုက်ရင်း အကြည့်တွေက ဖြူဖွေးဖွေး
ညှပ်ရိုးခြိုင့်လေးထဲမှာ ကပ်ခိုနေတဲ့ ရေစက်လေးထံတန္းခနဲ.။ ထိုရေစက်လေးကိုမှ သောက်သုံးခွင့်မရရင် သဲကန္နာရထဲမှာ တစ်ပတ်လုံးလုံး ရေငက်
သေတော့မယ့်သူတစ်ယာက်လို အငမ်းမရ စုက်ယူသောက်သုံးချင်နေသော စိက်ကို ဘေးကိုအကြည့်လွဲပြီး အမြန်ထိန်းချုပ်လိုက်ရသည်..။
"အဟမ္း! jong daeရောက်ရင် ကိုယ့်ရုံးခန်းကို လွှတ်လိုက်ဦး"လို့ပြောပြီး အခန်းထဲကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြေးထွက်လာရတော့သည်....။
"အဲ့ဒါများ ဓာတ်လှေကားထဲမှာကတည်းက ပြောလိုက်လည်းရတာပဲ ဒီထိလိုက်လာဖို့လို့လို့လား"
ပျောက်ကွယ်သွားတဲ့ ကျောပြင်ကျယ်ကိုကြည့်ရင်း baekhyunရေရွက်လိုက်မိသည်...။
Chanyeolတစ်ယောက် အခန်းထဲရောက်တာနဲ့ ဆိုဖာပေါ်ကိုပစ်လှဲလိုက်ရင်း လက်ထဲပါလာတဲ့ ပုဝါလေးကိုမြတ်နိုးစွာ နမ်းရှိုက်မိသည်...။ဘေဘီရဲ့ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ...။ဖြူနုနုကိုယ်လုံးလေးကို တရားဝင်ထိတွေ့ချင်နေပြီ....။သွယ်လျလျလက်ချောင်းလေးတွေကြား ကိုယ့်လက််ချောင်းတွေယှက်သွယ်လို့် ယုယစွာစုက်ကိုင်ထားချင်ပြီ။
ဒီဘေဘီလေးကို ကိုယ့်အပိုင်ဖြစ်ဖို့ အမြန်ဆုံးကြိုးစားမှ ဖြစ်တော့မယ်...။
မင်းလေးကိုထိုင်ကြည့်နေရင်း အသည်းယားလွန်းလို့ ကြာရင် ဒီကောင်ကြီးရူးရချည်ရဲ့....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🙆🙆🙆🙆
Continue Reading
You'll Also Like
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.6M 63.6K 39
စိုင်းတည်တံ့ဉီး + နှိုင်းမြတ်ဘုန်း