I Want You
By LOEY_Zin
93.1K 8.5K 499
အသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်... More
1(z+u)
2(z+u)
4(z+u)
5(Z+U)
6(Z+U)
7(Z+U)
8(Z+U)
9(Z+U)
10(Z+U)
11(Z+U)
12(Z+U)
13(Z+U)
14(Z+U)
15(Z+U)
16(Z+U)
17(Z+U)
18(Z+U)
19(Z+U)
20(Z+U)
21(Z+U)
22(Z+U)
Final(Z+U)
Vday Special Exter(Zgi)
Vday Special Exter(Uni)
3(z+u)
4.9K 467 37
By LOEY_Zin
ရိုက်ချလိုက်သည်...။
ပြောစမ်း ဟိုမှာဘယ်နှစ်ယောက်တောင်ကျန်ခဲ့တာလဲ.. "
အပြုံးကြီးနဲ့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~
ကုတ်အင်္ကျီလက်တစ်ဖက်ကို လျှိုဝတ်လိုက်ရင်း
မအေကိုလာချွဲမနေနဲ့..."
ပြောနေတဲ့ မားမားဟာ သူ့ယောကျာင်္းဖြစ်တဲ့.....
"ဩော်..."
"ဘယ်သူလဲ??နာမည်က"
မပူရတော့ဘူးပေါ့..။ အပိုင်ပဲ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဘာလုပ်ဖို့လဲ"
"ထမင်းစားဖို့ပေါ့"
သွားမယ်...။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်လာခဲ့မယ်.."
"ဟုတ်.."
မဖြစ်စေချင်လို့ပါ"
"ဗျာ...ဟုတ်..."
ထွေးပွေ့ထားချင်စရာ...။
သေချာပါတယ် မင်းလေးက....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
I love you all❤🙆
(Uni)
CEOရုံးခန်းထဲသို့ jong daeဝင်လာခဲ့သည်...။
တစ်ယောက်ထဲ ပြုံးစိစိနဲ့ ခုံပေါ်ထိုင်နေတဲ့ boss parkဆိုသူအား ခဏတော့ သူရပ်ကြည့်နေလိုက်ပါသည်...။ ပုံမှန်ဆို အရမ်းသတိကပ်ပြီး အရမ်းလျင်ပါတယ်ဆိုတဲ့ သူ့သူငယ်ချင်းက အခုတော့ လူတစ်ယောက်လုံး ရှေ့တည့်တည့်ရပ်နေတာတောင် မသိနိုင်လောက်တဲ့အထိ ဘာတွေများ စဉ်းစားခန်းဖွင့်နေသည်လဲမသိ...။
ထိုင်ခုံနားထိသွားပြီး ပခုံးကို ဗြန်းခနဲနေအောင်
ရိုက်ချလိုက်သည်...။
အဲ့ခါကြမှ ဘာလဲဟဆိုတဲ့မျက်နှာပေးနဲ့ မော့ကြည့်လာတော့သည်...။
"ဘာလဲ ငါ့ကောင်ကြီးက ဟိုမှာကျန်ခဲ့တဲ့စော်လေးတွေကို သတိရနေတာများလား
ပြောစမ်း ဟိုမှာဘယ်နှစ်ယောက်တောင််ကျန်ခဲ့တာလဲ.. "
"တစ်ယောက်မှ မကျန်ခဲ့ဘူး .."
chanyeolပြောရင်း သူ့နေရာမှထလာခဲ့ပြီး jongdaeနဲ့အတူ ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်...။
"အေးပါကွာ ဒါနဲ့ပြောစမ်းပါဦး လကုန်မှကုမ္မဏီကိုဝင်မယ်ဆိုပြီး ရုတ်တရက်ကြီး ရောက်လာရတဲ့အကြောင်းရင်း"
"ဒါကဒီလိုရှိတယ်" ဆိုတာမှအစချီပြီးပြောသွားလိုက်တာ နောက်ဆုံး သူချစ်နေတဲ့ကောင်လေးက...ဒီကုမ္ပဏီကဖြစ်နေလို့ပါတဲ့လေ..။ကောင်လေးတစ်ချက်ပြုံးလိုက်တာလေးကတောင် သူ့အသည်းနှလုံးတစ်ခုလုံး ပြုက်ထွက်မတက်ဖြစ်သွားစေသတဲ့....ဒီကျောက်ခဲနှလုံးသားကြီးကို အရည်ပျော်အောင်လုပ်နိုင်တဲ့ ကောင်လေးက ဘယ်သူလဲဆိုတာ သိချင်လှပါသည်...။
"ဆိုစမ်းပါဦး ဘယ်ဋ္ဌာနကများလဲ..."
jong daeသိချင်စိက်ပြင်းစွာ မေးလိုက်သည်..။
ဟုတ်သည်လေ ဘယ်သူကများ ဒီကောင်ကြီးကို ပြုစားနိုင်တာလည်းဆိုတာ တော်တော်သိချင်နေပြီ...။
"မင်းဋ္ဌာနကလေ byun baekhyunတဲ့"
နာမည်လေးပါးစပ်က ထွက်လိုက်ရုံနဲ့တောင် အပြုံးတွေ ဖြစ်တည်စေသောပါပဲ...။
ပါးစပ်က နားရွက်တက်ချိက်တော့မယ့်
အပြုံးကြီးနဲ့...။
"ဘာ ဘာ ဘာ baekhyun ဟုတ်လား...
ဝိုးးးး အမေးဇင်းပါပဲ park chanyeolရေ!!!"
jongdaeအံသြလွန်းလို့ မက်တပ်ထရပ်မိသွားသည်အထိ..။ အဲ့ဒီပေါက်စက chanyeolလိုလူလိုကိုရင်ခုန်စေတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှကို မယုံနိုင်ပါ...။
တစ်နေ့တစ်နေ့ ငါအဲ့ဒီကောင်နဲ့ ဘယ်လိုနှစ်ပါးသွားနေရတယ်ဆိုတာမြင်ရင် ရူးတောင်သွားဦးမယ်...။
အခန်းထဲမှာလူလေး လေးယောက်ရှိပါတယ်
သူတစ်ယောက်အပြောရဆုံး သောက်ပြီးသားကော်ဖီခွက်ကို ဆေးပြီးပြန်ထားဖို့အထိလိုက်ပြောရတယ်..။ပြန်ထားလားဆိုတော့ မထားပါဘူး စားပွဲပေါ်ဒီတိုင်းပဲပစ်ထားတယ်..။
ပုံဆွဲရင်လည်း သူ့စိတ်တိုင်းမကျမချင်း လျှောက်ခြစ်ထားသမျှစာရွက်တွေကို လုံးချေပြီး
ခုံဘေး အပုံလိုက်ပစ်ထားတက်သေးတာ
နည်းနည်းလေးမှ စည်းကမ်းမရှိတဲ့ကောင်..။
အမြင်မတော်လို့ အမြဲတမ်း မင်ဆော့ကပဲ အကုန်လိုက်ရှင်းပေးနေရတာ..။အစတုန်းကတော့ အဖွဲ့မှူးဖြစ်တဲ့ ကိုယ့်ကိုများကြောက်မလားလို့ ဖြဲခြောက်ကြည့်ဖူးပါတယ် ပြန်အော်ခံရတာပဲပိုတယ်....။
သူ့အစ်ကို မင်ဆော့ကြောင့်ပေါ့ မဟုတ်ရင်တော့လား ဒီကောင်လေးအလုပ်ပြုတ်တာကြာပေါ့..။
အရင်ကပြောပါတယ် အခုတော့အဲ့အရှုပ်လေးကို chanyeolကချစ်နေပါတယ်ဆိုတော့ kim jongdaeတို့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Baekhyun စောင်ပုံကြားတွင် ငုပ်တုပ်ထိုင်နေသည်...။ မျက်လုံးတွေကမပွင့်သေး ပါးစပ်ကတစ်ဝါးဝါးသန်းရင်း ဖွာလန်နေတဲ့ဆံပင်တွေကြား လက်ထိုးဆွလိုက်ရင်း ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲတန်းဝင်သွားသည်...။
မျက်နှာသစ် သွားတိုက်ကာ ရေပါတစ်ခါထဲချိုးလိုက်တော့၏..။ ရေချိုးပြီးထွက်လာတော့ အချိန်က ခုနှစ်နာရီ...စောသေးတဲ့အတွက်ကြောင့် သူအေးဆေးဆေးပင်...ရုံးသွားဖို့ပြင်ဆင်နေသည်..။
ရေစိုနေတဲ့ဆံပင်တွေကို တဘက်တစ်ထည်
ယူသုက်လိုက်ပြီး ဘီဒိုထဲက ဂျင်းဘောင်းဘီတစ်ထည်ဆွဲထုက်ကာဝတ်လိုက်သည်.။ တီရှပ်အနက်လေးထက် အပြာရောင် hoodieလေးကိုထပ်ဝတ်လိုက်ပြီး မှန်ရှေ့သွားကာ ဆံပင်တွေကို ဂျယ်လူးပြီး ပုံသွင်းလိုက်၏...။
မှန်ထဲက ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့...အခုသူ့ပုံဟာ ပေါ့ပေါ့ပါးပါး လူငယ်တစ်ယောက်အသွင်...
"wow!!!! so perfect မြင်သူတကာ ကြွေသွားစေမယ့်အလန်းလေးပဲ...."
မှန်ထဲက ကိုယ့်ကိုမျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်ပြီး busကားမှတ်တိုင်ကိုထွက်လာခဲ့တော့သည်...။ မနက်စာကတော့ ထုံးစံအတိုင်းပဲ ရုံးနားကကော်ဖီဆိုင်ရောက်မှ ဝင်စားမည်ဖြစ်သည်.. ။
~~~~~~~~~~~~~~~~
ကုတ်အကျႌလက်တစ်ဖက်ကို လျှိုဝတ်လိုက်ရင်း
လှေကားပေါ်ကဆင်းလာတဲ့ chanyeolရဲ့ခြေလှမ်းတွေက ဧည့်ခန်းနောက်မှ ထမင်းစားခန်းဆီသို့ ဦးတည်နေသည်...။ လမ်းလျှောက်နေရင်းပင်  အနည်းငယ်ပွနေသော ဆံပင်ကို တစ်ချက်သပ်တင်သွားသေး၏....။
"အဒေါ်ကြီး park mamaရေ ဘာတွေချတ်နေတာလဲ..."
မီဖိုနားတွင် အလုပ်ရှူပ်နေသော မာမားဖြစ်သူအား ပြုံးစစနဲ့chanyeol မေးတော့.
"တယ် ဒီကောင်လေးနဲ့ မအေကိုဘယ်လိုတွေလာခေါ်နေတာလဲ"ဆိုကာ ခေါင်းကို ဂွပ် ခနဲခေါက်ချလိုက်ပါသော ချစ်မာမားရယ်ပါလေ..။
"သွား..စားပွဲမှာသွားထိုင် စားစရာရှိတာသွားစား
မအေကိုလာချွဲမနေနဲ့..."
ဟင်းချက်နေတဲ့ မားမားပခုံးပေါ်ကို မေးတင်ပြီးကပ်ချွဲနေသော chanyeolကို မနက်စာစားဖို့
ပြောနေတဲ့ မားမားဟာ သူ့ယောကျာၤးဖြစ်တဲ့.....
ပါးပါးနဲ့ သူ့သားဖြစ်တဲ့...ကျွန်တော်တို့ညီအစ်ကို
နှစ်ယောက်ကို အမြဲသူ့လက်ရာကလွဲရင် အပြင်စာတွေမစားတက်အောင် ငယ်ငယ်ထဲက အကျင့်လုပ်ပေးခဲ့တာ....။ အိမ်အကူအဒေါ်ကြီးတွေခေါ်ထားရခြင်းက သန့်ရှင်းရေးလုပ်ဖို့အတွက်သာ....။ကျွန်တော်တို့သားအဖတွေ ကျန်းမာရေးနဲ့ညီညွက်အောင်ဆိုပြီး ဈေးဝယ်တာကအစ
နေ့စဉ်အချက်အပြုတ်တာဝန်ကို မားမားကိုယ်တိုင်ပဲလုပ်သည်...။
"Hyungက ကုမ္ပဏီကို လိုက်ဦးမှာမို့လား??"
စားပွဲပေါ်ကို ထမင်းချိုင့်နှစ်လုံးလာတင်သွားတဲ့ မားမားကြောင့် ကော်ဖီသောက်နေတဲ့ hyungကိုလှမ်းကြည့်ပြီးမေးလိုက်သည်...။
"မလိုက်ပါဘူး.။အဲ့ဒါကုမ္ပဏီက ကောင်လေးတစ်ယောက်ဖို့....။ဟိုတစ်လောက မားမားကhyungဆီလာရင်း ကုမ္ပဏီဝင်ပေါက်မှာ သွေးတိုးပြီး မူးလဲမလိုဖြစ်တာကို သူကကူညီပြီး
ဆေးခန်းလည်းလိုက်ပို့သလို... အစစအရာရာကူညီပြီး အိမ်တိုင်ရာရောက်ပါ လိုက်ပို့ခဲ့သေးတာတဲ့..။နောက်တစ်ရက် မားမားကထပ်ရောက်လာပြီး ကုမ္ပဏီရှေ့ကဆိုင်မှာ ထမင်းဝယ်စားနေတဲ့ကောင်လေးကိုတွေ့ခဲ့တယ်တဲ့..။ပြီးတော့ကောင်လေးကို နေ့တိုင်းဝယ်စားနေတာလား ဘာလားအကုန်မေးပြီးတော့ နေ့တိုင်းဆိုင်ကချည်းပဲဝယ်စားနေရင် ဘယ်ကောင်းပါ့မလဲဆိုပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ သူနေတိုင်းတိုင်းထမင်းဘူးပို့ပေးပါ့မယ် အပန်းမကြီးတာမို့အားမနာရပါဘူးလို့ပြောပြီး hyungနဲ့နေ့တိုင်းထမင်းဘူးထည့်ပေးနေတာပဲ...။ "
"ေဩာ်..."
"ပြီးတော့ အဲ့ကောင်လေးသာ သူ့သားလေးဖြစ်ရင်ကောင်းမှာပဲဆိုပြီး အရမ်းချစ်နေတာ..
ရုံးကိုလည်းခဏခဏ လာ လာ တွေ့နေသေးတာ...။"
"ဘယ်သူလဲ??နာမည်က"
ဟုတ်သည် မားမားရဲ့အချစ်တော်လေးက ဘယ်သူဆိုတာကို သူသိချင်လှပြီ..။
"ဒီဇိုင်းဌာနက byun baekhyunဆိုတဲ့ကောင်လေး.."
နာမည်ကြားတော့ chanyeolခဏတော့ကြောင်သွား၏..။ပြီးမှ တစ်ခုခုကိုတွေးလိုက်မိတော့ ပြုံးဖြီးဖြီးဖြစ်နေရသည်မှာ မှင်သက်လို့မရ..။ အနာဂတ် သမက်လောင်းလေးကို
မားမားက အခုကတည်းက သည်းသည်းလှုပ်ချစ်နေတယ်ဆိုတော့ နောင်တစ်ချိန် ယောက္ခမကြီးက သားမက်လေးကို အမြင်မကြည်မှာ
မပူရတော့ဘူးပေါ့..။ အပိုင်ပဲ..။
မြင်မြင်ချင်း မင်းကိုချစ်မိသွားတယ်ဆိုတည်းက မင်းနဲ့ကိုယ်က အတိက်ဘဝက ရှေးရေစက်တွေ ကြီးမားတယ်ထင်ပါရဲ့လေ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"နေ့လည်စာစားချိန်ကြ ဘေဘီကိုငါ့ရုံးခန်းလွှက်လိုက် သားကြီး"
"ဘာလုပ်ဖို့လဲ"
"ထမင်းစားဖို့ပေါ့"
"ထမင်းစားတာ မင်းရုံးခန်းထဲခေါ်စားခိုင်းစရာလား..။jun myeon hyungဆို အရင်က အတွင်းရေးမှူးကနေတစ်ဆင့်ပို့ခိုင်းတာပဲ..။အခုလည်းအဲ့လိုပို့ခိုင်းလိုက်ပေါ့..."
"လွှတ်ဆို လွှတ်လိုက်စမ်းပါကွာ
အခုအရင်ကနဲ့မတူတော့ဘူး..။ဘေဘီလေးက
ငါ့ရုံးခန်းမှာပဲ နေ့တိုင်းလာစားရမယ်"
ပြီတီတီရုပ်နဲ့ပြောနေတဲ့ သကောင့်သားကို
ရှေ့ကစားပွဲပေါ်က ဖိုင်တွေနဲ့သာ ကောက်ထု
ပစ်လိုက်ချင်တော့တယ်...။အခုချိန်မှာ ကိုယ့်သူဌေးဖြစ်နေလို့သာပေါ့.."
"အေးဟေ့ လွှတ်လိုက်မယ် လွှတ်လိုက်မယ်
ရပြီလား လက်မှတ်ထိုးပြီးရင်လည်း ဖိုင်ပြန်ပေး
သွားမယ်...။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Baekhyun အခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ..။ အခန်းထဲဝင်မယ်လုပ်လိုက် တံခါးနားသွားလိုက် မဝင်ရဲသေးလို့ ပြန်လှည့်လာလိုက်နဲ့ ဗျာများနေတာဆယ်မိနစ်လောက်ရှိပြီ..။
နောက်ဆုံးတော့ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး
ရင်ဘက်ကိုလက်နဲ့ဖိကာ အခန်းတံခါးအားဆွဲဖွင့်လိုက်၏..။
"ကျွန်တော်ရောက်ပါပြီ သူဌေး"
Baekhyunမျက်စိစုံမှိတ်ပြီး ခါးကိုင်းကာပြောလိုက်၏...။
"ရောက်လာပြီလား အဲ့မှာထိုင်နော်
ကိုယ်လာခဲ့မယ်.."
"ဟုတ်.."
ဖိုင်တွေလက်မှက်ထိုးနေရင်း လှမ်းကြည့်ပြီးပြောလိုက်တော့ ထိုင်ခုံပေါ်ဝင်ထိုင်လိုက်တဲ့ ကောင်လေးပုံစံက မျက်နှာလေးအောက်ကိုငုံ့ထားပြီး ဒူးနှစ်ဖက်ပေါ်လက်လေးတင်လို့ ပုံ့ပုံ့ကလေး...။
chanyeol သူ့ရှေ့မှာဝင်ထိုင်တော့ မော့ကြည့်လာတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေက အရည်လဲ့နေတဲ့ ကျောက်စိမ်းတုံးလေးလိုပဲ တလက်လက်တောက်ပလို့...။
"ဟို...ယူ...ယူသွားလို့မရဘူးလားဟင်.."
ထမင်းချိုင့်ကို သူ့ဘက်ကမ်းပေးတော့ တုန်တုန်ရီရီနဲ့ပြောလာတဲ့ကောင်လေးက သူ့ကိုရှိန်နေပုံရတယ်..။
"ဘာလို့လဲ မင်းလေးက ကိုယ်နဲ့အတူတူ မစားချင်လို့လား.."
"မဟုတ်ဖူး မဟုတ်ဖူးနော် အဲ့လိုပြောတာမဟုတ်ဖူးရယ်...သူဌေးကိုအနှောက်ယှက်
မဖြစ်စေချင်လို့ပါ"
baekhyun အမြန်ငြင်းရင်း ပြောလိုက်ရသည်...။စိတ်စိုးသွားမှာလည်း စိုးသဖြင့်baekhyunမျက်လေးမှာ ဇီးရွက်လောက်သာ ရှိတော့သည်....။
"ရတယ် ကိုယ်အနှောက်ယှက်မဖြစ်ဖူးမို့ ဒီနေ့ကစပြီး မင်းဒီမှာပဲ အမြဲလာစားရမယ်..."
"ဗျာ...ဟုတ်..."
ပြောပြီးတာနဲ့ ထမင်းငုံ့စားနေတဲ့ baekhyunဟာ အပေါ်ကိုတစ်ချက်လေးတောင် ခေါင်းမော့မလာတော့ပါ...။
ပြုံးနေတဲ့ chanyeolရဲ့မျက်ဝန်းတွေက
Baekhyunရဲ့ တူကိုင်ထားတဲ့ လက်ဖျားလေးဆီမှ ကျေားရှင်းနေသောလည်တိုင်လေးဆီသို့...
ထိုမှတစ်ဆင့် အဆက်မပျက်လှုပ်ရှားနေသော နှုက်ခမ်းလေးကိုကြည့်မိတော့ အာခေါင်တွေခြောက်လာသလိုလို...။ဆက်ကြည့်နေရင်း စိတ်တွေထိန်းမရဖြစ်လာလို့ ဘေးချထားတဲ့ရေခွက်ကိုယူသောက်လိုက်ရသေးသည်..။
သူ့ချိုင့်ထဲကို ဟင်းတွေထည့်ပေးတော့
မော့ကြည့်လာပြီး ပြန်ငုံ့သွားပြန်သည်...။
သူထင်တာမမှားဘူးဆိုရင် ကောင်လေးရဲ့နားရွက်ဖျားလေးတွေ ရဲနေသလားလို့....။
တူကိုင်ထားတဲ့ လက်ဖျားသွယ်သွယ်လေးတွေနဲ့လက်မထက်က မှည့်နက်နက်လေး..။ဖောင်းမို့မို့ပါးပြင်လေးနဲ့ တောက်ပတဲ့မျက်ဝန်းလေးတွေ..။သဘာဝတိုင်း အနီရောင်ပြေးနေတဲ့ နှုက်ခမ်းဖူးဖူးလေးရယ်ကြောင့် chanyeolရင်ဘက်ထဲကအကောင်က ခုန်ပေါက်နေတာအတိုင်းဆမရှိ...။ ခန္ဓာကိုယ်သေးသေးလေးက ယုယစွာ
ထွေးပွေ့ထားချင်စရာ...။
သေချာပါတယ် မင်းလေးက....
ကိုယ့်နှလုံးသား တိုင်းပြည်ကို...
အပြီးပိုင် အုပ်စိုးမယ့် ရှင်ဘုရင်လေး...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
I love you all❤🙆
Continue Reading
You'll Also Like
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.7M 78.1K 76
မာဗာရစ် + ခွန်းညီလွန်းရန် ( 8.9.2023)
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
986K 36.8K 28
❝ Sometimes, it's hard to tell you how much you mean to me. A lot of times I don't say anything at all but I hope someday you will understand, having...