ခရစ္စမက္ေန႔ ျဖစ္တာမို႔ ဆိုလ္းျမိဳ႕ရဲ႕ ညျမင္ကြင္းဟာ
မီးပန္းေရာင္စံုမ်ားနဲ႔လွပေနေပသည္။
လမ္းမေပၚတြင္ ေပ်ာ္ရႊင္စြာေလ်ွာက္သြားေနတဲ့ မိသားစုေတြ ခ်စ္သူစံုတြဲေတြ ေစ်းသည္ေတြနဲ႔ျပည့္လို႔ေနသည္။
လမ္းေဘးတစ္ေလ်ွာက္ စီတန္းေနတဲ့..
ေမပယ္ပင္တန္းေတြေပၚက လွပစြာခ်ိတ္ဆြဲထားတဲ့ နီတစ္ခါ
စိမ္းတစ္လွည့္ တဖ်က္ဖ်က္လက္ကာ အေရာင္မ်ိဳးစံုေျပာင္း
ေနေသာ မီးလံုးေလးမ်ားအားၾကည့္ကာ baekhyunအရမ္းပင္ ေပ်ာ္ရႊင္ေနမိသည္။
နယ္ကေန အလုပ္လာလုပ္တဲ့သူ႔အဖို႔ အေပါင္းသင္းဆိုတာ ရံုးကလုပ္ေဖာ္ကိုင္ဖက္ေတြေလာက္သာ႐ွိသည္။
သူတို႔ဆိုတာလည္း သူတို႔မိသားစုနဲ႔အတူေလ်ွာက္လည္တဲ့သူကလည္ ခ်စ္သူနဲ႔ ေလ်ွာက္လည္တဲ့သူကလည္ၾကနဲ႔ ေဟာဒီကbaek hyunေလးကို အေရးလုပ္မဲ့သူမ႐ွိ။
ရံုးပိတ္ရက္ကလည္း တစ္ရက္ထဲဆိုေတာ့ အိမ္ကိုျပန္လို႔ကလည္း မျဖစ္တာမို႔ ခရစ္စမက္ေန႔မွာေတာင္ တစ္ေယာက္ထဲျဖတ္သန္းရေနရတာ နည္းနည္းေတာ့အထီးက်န္သား...။
Baekhyunေလးဘဝမွာ ခ်စ္သူ႐ွိဖို႔ဆိုတာ
ေဝလာေဝး ႀကိဳက္မယ့္သူကိုမ႐ွိတာ..။
ကိုယ္မေက်နပ္တာလည္း အဲ့ဒါပင္။
ဒီေလာက္ၿပီးျပည့္စံုေနတဲ့ကိုယ့္ကို ႀကိဳက္မဲ့သူမ႐ွိတာ
ကမာၻျကီးက အလံုးႀကီးဆိုတာထက္ ပိုအံဩပါရဲ႕....။
အလုပ္အကိုင္ဆိုလည္း အတည္တက်႐ွိၿပီးသား...
႐ုပ္ရည္ဆိုတာလည္း ေျပာစရာကိုမ႐ွိတာ ကိုယ္ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲဆိုတာ ကိုယ္သာအသိဆံုး မွန္ၾကည့္တိုင္း ကိုယ့္ကိုကိုယ္ ပစ္ပစ္ေႂကြေနရလြန္းလို႔ ျကာေတာ့လည္းပင္ပန္းလွႁပီေလ။
တစ္ခါတစ္ေလေတာ့လည္း တစ္ေယာက္ေယာက္ကို စူးစူးနစ္နစ္ ခ်စ္ဖူးခ်င္သား...။
အခ်စ္ခံရတဲ့အရသာကေရာ ဘယ္လိုမ်ိဳးလဲဆိုတာ ခံစားဖူးခ်င္သား...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကို...ကိုကို
မီးမီးတို႔ဆန္တာဖိုးဖိုးဆီ ဆုေတာင္းသြားမလို႔
ဒီစာရြက္ေလးထဲမွာ ဆုေတာင္းစာေရးၿပီး မီးမီးကိုေပးလိုက္ မီးမီးယူသြားေပးမယ္"
လူအုပ္ၾကားထဲမွာ ေယာင္ေတာင္ေတာင္ျဖစ္ေနလို႔ ေဘးနားကခံုတန္းေလးေပၚ ဝင္ထိုင္ေနတုန္း
ကေလးမေလးတစ္ေယာက္က စာ႐ြက္နဲ႔ေဘာပင္ကို လက္ထဲလာထည့္ၿပီး ေျပာေနသည္။သြားတက္ကေလးေပၚေအာင္ ရယ္ျပရင္းေျပာေနပံုေလးက တကယ့္ကိုခ်စ္စဖြယ္...။
"မီးမီးေလး ကိုကိုက လိုခ်င္တာမ႐ွိလို႔ ဆုမေတာင္းေတာ့ပါဘူး မီးမီးေလးရယ္...
မီးမီးေလးပဲ သြားၿပီး ဆုေတာင္းလိုက္ေတာ့ေနာ္"
မီးမီးေလး ေခါင္းအားလက္ဖဝါးေလးနဲ႔ အသာပြက္ရင္းျပန္ေျပာရသည္။
"ဟင့္အင္း ဟင့္အင္း မရပါဘူး မီးမီးေလးက
ကိုကို႔ ကိုခ်စ္လို႔ဟာကို မေရးေပးရင္ ငိုပစ္လိုက္မွာ.."
"အိုက္ဂူး အိုက္ဂူး..မီးမီးေလးခ်စ္ဖို့ေကာင္းလိုက္တာ ငိုေတာ့မငိုလိုက္ပါနဲ႔ဗ်ာ ကိုကိုေရးေပးလိုက္ပါ့မယ္ မီးမီးေလးက ဖြင့္မၾကည့္ရဘူးေနာ္
...ကတိ"
"ဟုတ္ ဖြင့္မၾကည့္ပါဘူး...ကတိ...ကတိ"
စာရြက္ေပၚမွာ လိုခ်င္တာကိုအျမန္ခ်ေရးၿပီး မီးမီးေလးကိုေပးလိုက္သည္။
"တကယ္ ဖြင့္မၾကည့္ရဘူးေနာ္.."
"ဟုတ္...
ကိုကို တာ့တာ.."
လက္မေလးနဲ႔ လက္သန္းေလးကိုေထာင္ျပၿပီး
ကတိေပးဟန္လုပ္ျပကာ ႏႉက္ဆက္္သြားတဲ့ မီးမီးေလးရဲ႕ေက်ာျပင္ကို ၾကည့္ရင္း သူျပံံဳးလိုက္မိသည္။
.
.
.
.
.
.
သစ္ပင္အကြယ္မွာရပ္ေနတဲ့ ကမေလးလက္ထဲက စာရြက္ေလးေပၚမွာ...
"ဒီ ခရစ္စမက္မွာ ကြၽန္ေတာ့္ကိုအရမ္းခ်စ္ၿပီး အလိုလိုက္ၿပီး ဂ႐ုစိုက္ေပးႏိုင္မယ့္ ခ်စ္သူေယာက္ေလာက္လက္ေဆာင္ေပးပါ"တဲ့..။
ကေလးမေလးကေတာ့ တခြီးခြီးရယ္ေနေလရဲ႕
ျပီးေတာ့ စာရြက္ေလးကိုျပန္ၾကည့္ရင္း
"ကိုကို ေပ်ာ္ရႊင္ရေစပါမယ္"တဲ့ေလ...။
::::::::::::::::::::::::::::::::::::::::::::::::::::::🍀
baekhyunဝင္လာတဲ့ေကာ္ဖီဆိုင္ေလးက အတြင္းေရာအျပင္ပါ အဝါေရာင္မီးလံုးေလးမ်ားျဖင့္အလွဆင္ထားသည္။
ဆိုင္အတြင္း၌ ေနရာလြတ္ပင္မ႐ွိေအာင္ လူျပည့္ေနသည္။
သူဝင္လာတုန္းမွာပဲ ဆိုင္ရဲ႕ေထာင့္က်က်စားပြဲဝိုင္းက စံုတြဲက ထျပန္သြားတာေၾကာင့္ ထိုေနရာသို႔သြားၿပီး ထိုင္လိုက္သည္။
အေမရိကာႏို တစ္ခြက္မွာလိုက္ၿပီး လက္ထဲကဖုန္းကိုအာရံုစိုက္ ျကည့္ေနလိုက္သည္။
"ဒီမွာ..ေကာင္ေလး ကိုယ္ဒီေနရာမွာ ထိုင္လို႔ရမလား"
Baekhyun အသံၾကားရာကို ေမာ့ၾကည့္လိုက္ပါ၏..။
ေမာ့ၾကည့္လိုက္မိတဲ့ခန သူ႔မ်က္လံုးသူပင္မယံုႏိုင္ေအာင္ျဖစ္ရသည္...။
အဝါေရာင္မီးလံုးမ်ားရဲ႕ အလင္းတန္းက ထိုလူမ်က္ႏွာထက္ ေတာက္ပစြာ ေရာင္ျပန္ဟပ္ပါ၏။
နတ္ျပာေရာင္စတိုင္ပန္႔ႏွင့္ ႐ွပ္အက်ႌအျဖဴ ေပၚမွ မိုးျပာေရာင္ ေလာင္းကုတ္တစ္ထပ္က အရပ္႐ွည္သည့္ ထိုလူႏွင့္ပနံသင့္စြာ ၾကည့္ေကာင္းလို႔ေနသည္။
ေငြမွင္ေရာင္ ဆံပင္တိုတိုကိုမွ comma hairစတိုင္ႏွင့္ ပါးၿခိဳင့္ထင္းထင္းေလး လင္းအာင္ျပံဳး၍ ထိုင္လို႔ရလားေမးေနသည့္ထိုလူႀကီးအား ၾကည့္ၿပီး baekhyun မွင္တက္မိသြားသည္...။
"ေဟ့..ေကာင္ေလး ေမးတာေျဖဦးေလ..
ထိုင္လို႔ရမလား.."
"ဗ်ာ...ဗ်ာ...ကြၽန္ေတာ့္ကိုေျပာလိုက္တာလား"
"ဟုတ္တယ္ေလ မင္းေလးကိုပဲေျပာေနတာ တျခားေနရာေတြမွာ လူျပည့္ေနလို႔ ဒီမွာထိုင္လို႔ရလားလို႔ေမးေနတာ...."
ဆိုင္ထဲဝင္လာထဲက ေနရာလြတ္မ႐ွိတာမို႔ တစ္ေယာက္ထဲထိုင္ေနတဲ့ သူ႔ေနရာကို လာၿပီးေမးေနရျခင္းပင္....။
ဒါကို သူ႔ကိုယ္သူလက္ညိဳးျပန္ထိုးရင္း ကြၽန္ေတာ့္ကိုေျပာေနတာလားဆိုၿပီး ျပန္ေမးေနပံုက အူေၾကာင္ေၾကာင္.။
"အာ.....ထိုင္ပါ ထိုင္ပါ
ရပါတယ္ ႐ုတ္တရက္ဆိုေတာ့ ေၾကာင္သြားလို႔ပါ ေတာင္း..ေတာင္းပန္ပါတယ္.."
byun baekhyunတို႔ ခုနက ဘယ္လိုေတာင္ ငမ္းေၾကာထလိုက္မိလည္း မသိေတာ့ပါ။
ထိုလူ႔ကိုျမင္တာနဲ႔ ႐ုတ္တ႐က္ႀကီး လူွပ္ခါသြားတဲ့ ရင္ဘက္တစ္ေနရာကလည္း အခုထိဂနာမၿငိမ္ႏိုင္ေသး။
ထိုင္ေနတဲ့သူ႔ကိုလည္း လွမ္းမၾကည့္ရဲေတာ့တာမို႔ ေဆာ့လက္စဂိမ္းကိုသာ အာရံုစိုက္ရေတာ့သည္...။
သို႔ေသာ္လည္း...အာရံုေတြစုစည္းလို႔မရ။မ်က္လံုးေတြက တဝဲဝဲလည္လည္နဲ႔ သူ႔စီကိုသာေရာက္ေရာက္သြားသည္...။
သူကေတာ့ အလုပ္လုပ္ေနပံုရသည္...။
ဖိုင္တြဲေတြ တစ္ခုၿပီးတစ္ခု လွန္ၾကည့္ေနသည္...။
"ကိုယ့္နာမည္ park chanyeolပါ"
သူ႔အလုပ္ေတြ ၿပီးသြားၿပီထင္ပါရဲ႕ ႐ုတ္တရက္ထၿပီး မိတ္ဆက္လာေတာ့ baekhyunေၾကာင္သြားရသည္...။
"nae..."
"မင္း နာမည္ေရာ ေျပာမျပေတာ့ဘူးလား"
"ဗ်ာ...
ကြၽန္ေတာ့္နာမည္ baekhyun..
Byun baekhyunပါ..."
ေရႊအိုေရာင္ဆံသားေလးေတြက နဖူးေပၚခပ္ဝဲဝဲက်ေနၿပီး မ်က္ဝန္းက်ဥ္းက်ဥ္းေလးပိတ္သြားသည္အထိ ရယ္ျပ၍ ျပန္မိတ္ဆက္ေနတဲ့ ဒီအေကာင္ေပါက္ေလးကို chanyeolၾကည့္ရင္း အူယားမိတာအမွန္.။
ေကာင္ေလးက တကယ့္ကို အူေၾကာင္ေၾကာင္ေလး။ ခုနက ဖိုင္ေတြၾကည့္ေနတုန္းက မ်က္လံုးေလး ေထာင့္ကပ္ၿပီး ခိုးခိုးၾကည့္ေနတာကို သူသိသည္။
သူခိုးၾကည့္တာနဲ႔ ကိုယ္ျပန္ၾကည့္တာနဲ႔မ်ား ဆံုလိုက္ရင္ သူ႔ကိုယ္သူမလံုမလဲေတြျဖစ္ၿပီး
ေကာ္ဖီထေသာက္လိုက္၊ ဖုန္းကိုအာရံုစိုက္သလိုလိုလုပ္လိုက္၊သက္ျပင္းေတြခ်လို႔ခ် တစ္ခါျပန္ၿပီးခိုးခိုးၾကည့္လိုက္နဲ႔ တစ္ေယာက္ထဲ သံသရာလည္ေနေတာ့တာ...။
"Byun...baek...hyun"
ခ်န္းေယာလ္ႏႈက္က နာမည္တစ္လံုးခ်င္းကို တိုးဖြဖြေရရြက္ရင္း
မွတ္ခ်က္ျပဳမိသည္က..
*အင္း..ခ်စ္ဖို႔ေကာင္းတယ္*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Merry christmas 🎄☃❄
I love you🙆🙆🙆
(Unicode)
ခရစ်စမက်နေ့ ဖြဝ်တာမို့...
ဆိုလ်းမြို့ရဲ့ ညမြင်ကွင်းဟာ...
မီးပန်းရောင်စုံများနဲ့လှပနေပေသည်။
လမ်းမပေါ်တွင် ပျော်ရွှင်စွာလျှောက်သွားနေတဲ့ မိသားစုတွေ ချစ်သူစုံတွဲတွေ ဈေးသည်တွေနဲ့ပြည့်လို့နေသည်။
လမ်းဘေးတစ်လျှောက် စီတန်းနေတဲ့..
မေပယ်ပင်တန်းတွေပေါ်က လှပစွာချိတ်ဆွဲထားတဲ့ နီတစ်လှည့် စိမ်းတစ်လှည့်နဲ့
တဖျက်ဖျက်လက်ကာ အရောင်မျိုးစုံပြောင်း
နေသော မီးလုံးလေးများအားကြည့်ကာ baekhyunအရမ်းပင် ပျော်ရွှင်နေမိသည်။
နယ်ကနေ အလုပ်လာလုပ်တဲ့သူ့အဖို့ အပေါင်းသင်းဆိုတာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေလောက်သာရှိသည်။
သူတို့ဆိုတာလည်း သူတို့မိသားစုနဲ့အတူလျှောက်လည်တဲ့သူကလည် ချစ်သူနဲ့ လျှောက်လည်တဲ့သူကလည်ကြနဲ့ ဟောဒီကbyun baekလေးကို ဘယ်သူမှအရေးမလုပ်ကြဘူးလေ..။
ရုံးပိတ်ရက်ကလည်း တစ်ရက်ထဲဆိုတော့ အိမ်ကိုပြန်လို့ကလည်း မဖြစ်တာမို့ ခရစ်စမက်နေ့မှာတောင် တစ်ယောက်ထဲဖြတ်သန်းရနေရတာ နည်းနည်းတော့အထီးကျန်သား...။
Baekhyunလေးဘဝမှာ ချစ်သူရှိဖို့ဆိုတာ
ဝေလာဝေး ကြိုက်မယ့်သူကိုမရှိတာ..။
မကျေနပ်တာလည်း အဲ့ဒါ ဒီလောက်ပြီးပြည့်စုံနေတဲ့ကိုယ့်ကို ကြိုက်မဲ့သူမရှိတာ..အံဩတယ်....။
အလုပ်အကိုင်ဆိုလည်း အတည်တကျရှိပြီးသား...
ရုပ်ရည်ဆိုတာလည်း ပြောစရာကိုမရှိတာ ကိုယ်ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ ကိုယ်သာအသိဆုံး မှန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် ပစ်ပစ်ကြွေနေရလွန်းလို့ ကြာတော့လည်းပင်ပန်းလာပြီ..။
တစ်ခါတစ်လေတော့လည်း တစ်ယောက်ယောက်ကို စူးစူးနစ်နစ် ချစ်ဖူးချင်သား...။
အချစ်ခံရတဲ့အရသာကရော ဘယ်လိုမျိုးလဲဆိုတာ ခံစားဖူးချင်သား...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကို...ကိုကို
မီးမီးတို့ဆန်တာဖိုးဖိုးဆီ ဆုတောင်းသွားမလို့
ဒီစာရွက်လေးထဲမှာ ဆုတောင်းစာရေးပြီး မီးမီးကိုပေးလိုက် မီးမီးယူသွားပေးမယ်"
လူအုပ်ကြားထဲမှာ ယောင်တောင်တောင်ဖြစ်နေလို့ ဘေးနားကခုံတန်းလေးပေါ် ဝင်ထိုင်နေတုန်း
ကလေးမလေးတစ်ယောက်က စာရွက်နဲ့ဘောပင်ကို လက်ထဲလာထည့်ပြီး ပြောနေသည်။သွားတက်ကလေးပေါ်အောင် ရယ်ပြရင်းပြောနေပုံလေးက တကယ့်ကိုချစ်စဖွယ်...။
"မီးမီးလေး ကိုကိုက လိုချင်တာမရှိလို့ ဆုမတောင်းတော့ပါဘူး မီးမီးလေးရယ်...
မီးမီးလေးပဲ သွားပြီး ဆုတောင်းလိုက်တော့နော်"
မီးမီးလေး ခေါင်းအားလက်ဖဝါးလေးနဲ့ အသာပွက်ရင်းပြန်ပြောရသည်။
"ဟင့်အင်း ဟင့်အင်း မရပါဘူး မီးမီးလေးက
ကိုကို့ ကိုချစ်လို့ဟာကို မရေးပေးရင် ငိုပစ်လိုက်မှာ.."
"အိုက်ဂူး အိုက်ဂူး..မီးမီးလေးချစ်ဖို့ကောင်းလိုက်တာ ငိုတော့မငိုလိုက်ပါနဲ့ဗျာ ကိုကိုရေးပေးလိုက်ပါ့မယ် မီးမီးလေးက ဖွင့်မကြည့်ရဘူးနော်
...ကတိ"
"ဟုတ် ဖွင့်မကြည့်ပါဘူး...ကတိ...ကတိ"
စာရွက်ပေါ်မှာ လိုချင်တာကိုအမြန်ချရေးပြီး မီးမီးလေးကိုပေးလိုက်သည်။
"တကယ် ဖွင့်မကြည့်ရဘူးနော်.."
"ဟုတ်...
ကိုကို တာ့တာ.."
လက်မလေးနဲ့ လက်သန်းလေးကိုထောင်ပြပြီး
ကတိပေးဟန်လုပ်ပြကာ နှူက်ဆက််သွားတဲ့ မီးမီးလေးရဲ့ကျောပြင်ကို ကြည့်ရင်း သူပြံုံးလိုက်မိသည်။
.
.
.
.
.
.
သစ်ပင်အကွယ်မှာရပ်နေတဲ့ ကမလေးလက်ထဲက စာရွက်လေးပေါ်မှာ...
"ဒီ ခရစ်စမက်မှာ ကျွန်တော့်ကိုအရမ်းချစ်ပြီး အလိုလိုက်ပြီး ဂရုစိုက်ပေးနိုင်မယ့် ချစ်သူယောက်လောက်လက်ဆောင်ပေးပါ"တဲ့..။
ကလေးမလေးကတော့ တခွီးခွီးရယ်နေလေရဲ့
ပြီးတော့ စာရွက်လေးကိုပြန်ကြည့်ရင်း
"ကိုကို ပျော်ရွှင်ရစေပါမယ်"တဲ့လေ...။
.
.
.
.
.
.
.
.
.
.
.
.
.
ကော်ဖီဆိုင်ထဲသို့ baekhyunဝင်လာခဲ့သည်။
ဆိုင်ထဲတွင် နေရာလွတ်ပင်မရှိအောင် လူပြည့်နေသည်။ သူဝင်လာတုန်းမှာပဲ ဆိုင်ရဲ့ထောင့်ကျကျစားပွဲဝိုင်းက စုံတွဲက ထပြန်သွားတာကြောင့် ထိုနေသို့သွားပြီး ထိုင်လိုက်သည်။
အမေရိကာနို တစ်ခွက်မှာလိုက်ပြီး လက်ထဲကဖုန်းကိုအာရုံစိုက် ကြည့်နေလိုက်သည်။
"ဒီမှာ..ကောင်လေး ကိုယ်ဒီနေရာမှာ ထိုင်လို့ရမလား"
Baekhyun အသံကြားရာကို မော့ကြည့်လိုက်သည်...။
မော့ကြည့်လိုက်မိတဲ့ခန သူ့မျက်လုံးသူပင်မယုံနိုင်အောင်ဖြစ်ရသည်...။
အခုသူရှေ့မှာရောက်နေတာ လူလား နတ်သားလားမသဲကွဲ...
အရပ်ရှည်ရှည်နဲ့ထိုလူသည် အဖြူရောင် ရှပ်အကျႌကို ဂျင်းဘောင်းဘီနတ်ပြာနှင့် တွဲဝတ်ထားပြီး မိုးပြာရောင် လောင်းကုဒ်ကြီးကိုလည်း အပေါ်မှထပ်ဝတ်ထားသေးသည်....။
ငွေမှင်ရောင် ဆံပင်တိုတိုကိုမှ comma hairစတိုင်နဲ့ ပါးချိုင့်နက်နက်ကြီးပေါ်အောင် ပြုံးပြပြီး ထိုင်လို့ရလားမေးနေတဲ့ ထိုလူကြီးအား ကြည့်ပြီး baekhyun ခေတ္တမျှ ငုတ်တုပ်မေ့သွားသည်...။
အနေအထားကတော့ baekhyunထိုင်နေတဲ့ စားပွဲရဲ့ တစ်ဖက်ကခြမ်းကနေ ထိုလူကရပ်မေးနေတာဖြစ်ပြီး baekhyunကတော့ထိုင်နေရာကနေ မလှုပ်မယှတ် မော့ကြည့်နေခြင်းပင်...။
"ဟေ့..ကောင်လေး မေးတာဖြေဦးလေ..
ထိုင်လို့ရမလား.."
"ဗျာ...ဗျာ...ကျွန်တော့်ကိုပြောလိုက်တာလား"
ဘယ်လိုကောင်လေးပါလိမ့် သူ့ရှေ့တည့်တည့်မှာရပ်ပြီး ပြောနေတာကို သူ့ကိုယ်သူလက်ညိုးပြန်ထိုးပြီး ကျွန်တော့်ကိုပြောနေတာလားဆိုတော့ ဘယ်လိုဖြေရပါ့..
ဆိုင်ထဲဝင်လာထဲက နေရာလွတ်မရှိတာမို့ တစ်ယောက်ထဲထိုင်နေတဲ့ သူ့နေရာကို လာပြီးမေးနေရခြင်းပင်....။
"ဟုတ်တယ်လေ မင်းလေးကိုပဲပြောနေတာ တခြားနေရာတွေမှာ လူပြည့်နေလို့ ဒီမှာထိုင်လို့ရလားလို့မေးနေတာ...."
"အာ.....ထိုင်ပါ ထိုင်ပါ
ရပါတယ် ရုတ်တရက်ဆိုတော့ ကြောင်သွားလို့ပါ တောင်း..တောင်းပန်ပါတယ်.."
baekhyunရှေ့တည့်တည့်မှာပဲ ထိုလူကဝင်ထိုင်သည်...။
byun baekhyunတို့ ခုနက ဘယ်လိုတောင် ငမ်းကြောထလိုက်မိပါလိမ့်နော် အခုမှကိုယ့်အဖြစ်ကိုယ် ပြန်တွေးမိရင်း ရှက်လွန်းလို့ တိုင်နဲ့ခေါင်းနဲ့သာ ပြေးဆောင့်လိုက်ချင်တယ်...။
လူှပ်ခါနေတဲ့ ရင်ဘက်တစ်နေရာကလည်း အခုထိဂနာမငြိမ်နိုင်သေး...ထိုင်နေတဲ့သူ့ကိုလည်း လှမ်းမကြည့်ရဲတော့တာမို့ ဆော့လက်စဂိမ်းကိုသာ အာရုံစိုက်လိုက်တော့သည်...။
သို့သော်လည်း...အာရုံတွေစုစည်းလို့မရ မျက်လုံးတွေက တဝဲဝဲလည်လည်နဲ့ သူ့စီကိုသာရောက်ရောက်သွားသည်...။
သူကတော့ အလုပ်လုပ်နေပုံရသည်...။
ဖိုင်တွဲတွေ တစ်ခုပြီးတစ်ခု လှန်ကြည့်နေသည်...။
"ကိုယ့်နာမည် park chanyeolပါ"
သူ့အလုပ်တွေ ပြီးသွားပြီထင်ပါရဲ့ ရုတ်တရက်ထပြီး မိတ်ဆက်လာသည်...။
"nae..."
"မင်း နာမည်ရော ပြောမပြတော့ဘူးလား"
"ဗျာ...
ကျွန်တော့်နာမည် baekhyun..
Byun baekhyunပါ..."
byun baekhyunတဲ့လား...
ရွှေအိုရောင်ဆံသားလေးတွေက နဖူးပေါ်ခပ်ဝဲဝဲကျနေပြီး မျက်ဝန်းကျဉ်းကျဉ်းလေးပိတ်သွားသည်အထိ ရယ်ပြပြီး ပြန်မိတ်ဆက်နေတဲ့ ဒီအကောင်ပေါက်လေးကို chanyeolကြည့်ရင်း အူယားနေမိသည်..။
မင်းလေးဟာလေ တကယ့်ကို အူကြောင်ကြောင်လေး ခုနက ဖိုင်တွေကြည့်နေတုန်းကကိုယ့်ကို မျက်လုံးလေး ထောင့်ကပ်ပြီး ခိုးခိုးကြည့်နေတာ ကိုယ်သိတာပေါ့.......
သူခိုးကြည့်တာနဲ့ ကိုယ်ပြန်ကြည့်တာနဲ့များ ဆုံလိုက်ရင် သူ့ကိုယ်သူမလုံမလဲတွေဖြစ်ပြီး
ကော်ဖီထသောက်လိုက် ဖုန်းကိုအာရုံစိုက်သလိုလိုလုပ်လိုက် သက်ပြင်းတွေချလိုက် တစ်ခါပြန်ပြီးခိုးခိုးကြည့်လိုက်နဲ့ တစ်ယောက်ထဲ သံသရာလည်နေတာ...။
ဒီကောင်လေးကို ကြည့်နေရင်း chanyeolတို့ အသည်းတွေ ယားလာသလိုလိုပဲ.....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Merry christmas 🎄☃❄
I love you🙆🙆🙆