Loving Lies ( Completed )

By aseinnkyaw

333K 27.3K 2.7K

မချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်​တော့် အတွက် သတ္တိရှိပေးပါ More

🍀 Loving Lies 🍀
Intro
Part - 1 🍀
Part - 2
Part - 3
Part - 5
Part - 6
Part - 7
Part - 8 🎋( Sweet Kiss )🎋
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part- 33
Part - 34
Part - 35
Part - 36 ( Ending)
Announcement
Season - 2

Part - 4

8.7K 927 46
By aseinnkyaw

♣Loving Lies♣

Unicode

ဆောင်းဦးဝေရဲ့ လက်ထောက်တစ်ဖြစ်လဲ
အတွင်းရေးမှူးဖြစ်သူ ကျော်နောင်သည်
သူ့ ဆရာရဲ့ နောက်ဆုံးလက်ကျန် ခရီးဆောင်အိတ်ကို ကားထဲထည့်လိုက်ပြီး ပစ္စည်းတွေကို သေချာစွာ စစ်ဆေးကာ ကားနောက်ဖုံးတံခါး
ကို ပိတ်ချလိုက်သည်။

"ကျော်နောင် ငါ့ ပစ္စည်းတွေ အကုန်ပါပြီလား
မှာထားတာတွေ တစ်ခုမှ မကျန်စေနဲ့နော် "

ညာလက်​ကောက်ဝတ်တွင် DM တံဆိပ် နာရီ
ကို ​သေသပ်စွာ ၀တ်ဆင်နေရင်း လှေကားပေါ်
ကနေ တစ်လှမ်းချင်း ဖြေးညှင်းစွာ ဆင်းလာသော ဆောင်းဦးဝေ သည် ထမင်းစားခန်းသို့
မသွားမှီ ကျော်နောင်အား လှမ်းသတိပေးလိုက်လေသည်။

"စိတ်ချပါ ဘော့စ် မှာထားတဲ့အတိုင်း အကုန် အတိအကျပဲ "

ကျော်နောင်ရဲ့အဖြေကို ကျေနပ်သွားတော့မှ
ဆောင်းဦးဝေ သည် ခေါင်းတချက်ငြိမ့်ကာ
မျက်လွှာချလျက် ထမင်းစားခန်းသို့ ၀င်လာခဲ့
သည် ။

"ကို​ဝေ ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲလေး
မေပျိူ အစောကြီးလာချက်ပေးထားတယ်
အရင်စားလိုက်နော် "

စားချင်စဖွယ် အုန်းနို့ခေါက်ဆွဲ ပန်းကန်ကို
ကိုင်လျက် မီးဖိုခန်းထဲမှ ထွက်လာသော မေပျိူဖြူအား ကြည့်လိုက်ရင်း ဆောင်းဦးဝေ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။

"မေပျိူကလည်း အဲလောက်ထိ အပင်ပန်းခံစရာ မလိုပါဖူးကွာ လမ်းမှာ တစ်ခုခု ၀င်စားသွား
လည်း ဖြစ်တာပဲကို "

"မေပျိူ့ရဲ့လက်ရာလေး ကိုဝေ့ကို စားစေချင်
လို့ပါနော် နဲနဲစောစောထလာရတာပဲရှိတာ
ဘာမှပင်ပန်းတာမှ မဟုတ်တာ "

"ဟုတ်ပါပြီ ဒါဆိုလည်း ကိုယ် ကောင်းကောင်း
စားပါ့မယ်ဗျ "

ဆောင်းဦးဝေက အနံ့အရသာနဲ့ပြည့်စုံလှသော
စားချင်စဖွယ် အုန်းနို့ခေါက်ဆွဲကို ကြည့်ရင်း
တစ်ခွန်းခပ်စားလိုက်သည်။ထို့နောက်မှာတော့

" ကျော်နောင် ခဏလာခဲ့ဦး "

ဆောင်းဦး​ဝေရဲ့ စကားမဆုံးခင် ကျော်နောင်
က ကားဖုန်သုတ်ခြင်းကို လက်စသတ်လိုက်
ကာ ထမင်းစားခန်းဆီသို့ အပြေးတစ်ပိုင်း
ရောက်လာသည်။

"နိုးနိုး နဲ့ အဆက်အသွယ် ရသေးလား သူ
အိမ်ထွက်ပြေးတိုင်း တည်းနေကျ ဟိုတယ်
မွာပဲလား နိုးနိုးကို စောင့်ကြည့်ဖို့လွှတ်လိုက်တဲ့
လူဆီကရော ဘာ သတင်းထူးသေးလဲ "

ဆောင်းဦးဝေရဲ့ အသက်မရှူစတမ်း တရစပ်
အမေးတွေကြား ကျော်နောင်က ခေါင်းကုတ်
ရင်း ရယ်ကျဲကျဲလုပ်နေသည်။ သူ့တူက မူကြို
ကလေးလည်း မဟုတ်ပဲ ဘော့စ်ဟာ စိတ်ပူ
တတ်ရန်ကော ဟုလည်း စိတ်ထဲမှတွေးနေမိ
သည်။

"ဘော့စ် မှာထားတဲ့အတိုင်း Security ကို
သေချာလေး စောင့်ကြည့်ခိုင်းထားပါတယ်
အကိုလေး နိုးနိုး ဟိုတယ်မှာပဲရှိပါတယ် ဘော့စ် "

"အေး ကောင်းတယ် သေချာစောင့်ကြည့်ခိုင်းထား သူ့မှာပါသွားတဲ့ ပိုက်ဆံကုန်ရင် အိမ်ပြန်
လာမှာပဲ ဒီကောင်လေး ဘယ်လောက်တောင့်
ခံနိုင်မလဲ စောင့်ကြည့်ရသေးတာပေ့ါ "

မေပျိူဖြူက ပါးစပ်က ပြောလည်းပြော စိတ်
ပူပန်မှုကိုလည်း ဖုံးဖိမထားနိုင်တဲ့ ဆောင်းဦးဝေ
ကိုကြည့်ရင်း ခေါင်းတယမ်းယမ်းလုပ်နေသည်။

ကိုဝေဟာ သူ့တူကို ဘယ်လောက်ချစ်တယ်
ဆိုတာကို ပါးစပ် ထုတ်မပြောပေမဲ့ အမူအရာ
တွေက ဘေးလူဖြစ်တဲ့ သူမတောင် ကိုဝေ့ရဲ့
မေတ္တာအတိမ်အနက်ကို မည်မျှ နက်ရှိုင်းမှန်း ခန့်မှန်းလို့ရလေသည်။ သူမ မနက်စောစော
အပင်ပန်းခံချက်ပြုတ်ထားတဲ့ အုန်းနို့ခေါက်
ဆွဲ လက်ရာလေးကိုတောင် မချီးမွှမ်းနိုင်ပဲ
နိုးနိုးအတွက်ပဲ စိတ်ပူပန်နေတဲ့ အချက်ကို
တော့ ဘယ်လောက်ပဲ စိတ်သဘောထား
ပြည့်ဝတယ်ပြောပြော အနဲငယ်တော့ စိတ်
ကသိကအောင့် ဖြစ်မိလေသည်။

နိုးနိုး တစ်ယောက်ကလည်း ပြင်ဦးလွင်သွားဖို့ သူမကို ဂျီကျထားပြီးတဲ့နောက်ပိုင်း အိမ်မှာ
တွေ့ကို မတွေ့ရတော့ ။

ကိုဝေလူလွှတ်ပြီး စုံစမ်းခိုင်းတော့မှ ကို​ဝေနဲ့
စိတ်အခန့်မသင့်ဖြစ်ပြီး အိမ်ပေါ်က ဆင်းတိုင်း
သူသွားနေကျ ဟိုတယ်မှာပဲ ရောက်နေတာကို
သိတော့မှ ကိုဝေ တစ်ယောက် တည်ငြိမ်အေးချမ်းသွားတာ သူမ မျက်မြင်ပင် ။

ဒါတောင် သူတို့ နှစ်ယောက်ကြားမှာ သူမ
မမြင်နိုင်တဲ့ နှောင်ကြိုးတွေက ဘယ်လောက်တောင် ရစ်ပတ်နှောင်တွယ် နေသလဲ ဆိုတာ
မပြောတတ်ချေ.... ။

"မေပျိူ ... ကိုယ်တို့သွားရအောင် နောက်ကျ
နေမယ် "

အတွေးလွန်နေသော မေပျိူသည် ကိုဝေ့
အသံကြားမှ စားလက်စခေါက်ဆွဲကို မြန်မြန်
ဆန်ဆန် အပြီးသတ်လိုက်ကာ ကားဆီသို့
ကိုဝေနှင် အတူ ထွက်လာခဲ့သည် ။

"ဒေါ်ချော အိမ်ကို သေချာ ဂရုစိုက်နော်
ကျွန်တော်စိတ်ချမယ် ပြီးတော့ ကျော်နောင် Company ကိစ္စပဲဖြစ်ဖြစ် နိုးနိုး ကိစ္စပဲ ဖြစ်ဖြစ်
တစ်ခုခု ထူးတာနဲ့ ငါ့ဆီ ချက်ချင်း ဖုန်းဆက်
ကြားလား "

ဆောင်းဦးဝေက ကားမောင်းသည့်ခုံတွင်နေရာ
ယူလိုက်ရင်း တစ်အိမ်လုံးကို မပြတ်မှာကြားနေ
ပေသည်။ ပြင်ဦးလွင် ခရီးကို ဒါရိုင်ဘာရော
အတွင်းရေးမှူးကိုပါ ချန်ထားခဲ့ကာ သူနဲ့မေပျိူ
နှစ်ယောက်တည်း အေးအေးဆေးဆေးသွားမှာ
မို့ ကိစ္စတွေအားလုံးကို လစ်ဟင်းမှု မရှိစေရန်
ကျော်နောင် နဲ့ ဒေါ်ချောကိုပဲ သေချာဂရုစိုက်
ပေးရန် အနီးကပ် မှာခဲ့ရသည်။

မှာစရာတွေ ကုန်သလောက်ရှိသွားတော့မှ
ဆောင်းဦးဝေသည် စိတ်ကိုဒုံးဒုံးချကာ ကား
ကို စိတ်အေးလက်အေး မောင်းထွက်လာခဲ့
ပေသည်။

မန္တလေးမြို့က ထွက်လာတဲ့လမ်းတစ်လျှောက်
မှာလည်း မေပျိူနှင့်အတူ အလုပ်ကိစ္စတွေ
အကြောင်း ၊ လက်ထပ်ဖို့အကြောင်း ၊ နိုးနိုး ရဲ့အကြောင်းတွေ ဆွေးနွေးနေရင်း ဘယ်လို
ပြင်ဦးလွင် ရောက်လာမှန်းပင် မသိတော့ ။

ပြင်ဦးလွင်မြို့သည် မန္တလေးမြို့ပြ နှင့် မဝေး
လှသော်ငြား ရာသီဥတုကတော့  ဆီနှင့်ရေ
သကဲ့သို့ကွာခြားလွန်းလှပေသည်။တောင်တတ်
လမ်းတစ်လျှောက်အေးစိမ့် လတ်ဆတ်သော
တောင်ပေါ်လေများကို ဖြတ်ကျော်မောင်းနှင်
လာသော သူတို့ကားလေးသည် ပြင်ဦးလွင်
မြို့ထဲသို့၀င်လာအပြီးဆိတ်ငြိမ်အေးချမ်းသည့် Hotel ၀င်းတစ်ခု ထဲသို့ ရောက်မှ ခရီးစဉ်ကို အဆုံးသတ်လိုက်လေ၏

"မင်္ဂလာပါ အကိုတို့က ဘိုကင် လုပ်ထား
ပြီးသားလား ခင်ဗျ "

ဟိုတယ်၀င်းထဲသို့ရောက်ရောက်ချင်းမှာပင် ဖော်ရွေပျူဌာလှသော ၀န်ထမ်းလေးတစ်ဦး
သူတို့ကားနားသိို့ ပြေးလာကာ ခါးကိုင်းလျက် ကားတံခါးကို ဆွဲဖွင့်ပေးရင်း မေးလေသည်။

"ဆောင်းဦးဝေ နာမည်နဲ့ ဘိုကင်လုပ်ထား
ပြီးသား ..... ညီ "

စနစ်တကျ သင်ကြားထားပုံရသော ဟိုတယ်
၀န်ထမ်းများသည် Reception ရောက်သည်
အထိ ဂရုတစိုက်မေးမြန်းကာ ပစ္စည်းတွေကူ
သယ်ပေးရင်း ခေါ်သွားပေးတာမို့ ဆောင်းဦး
ဝေ တစ်ယောက် ဟိုတယ် Service ကို စိတ်
ကျေနပ်သွားရသည် ။ ထို့နောက် အခန်းသော့
ယူအပြီးမှာတော့ ဟိုတယ်ဝန်ထမ်းတစ်ယောက်က သူ့တို့နှစ်ယောက်၏ ခရီးဆောင်အိတ်များ
ချပေးရန် ကားသော့လာတောင်းနေတာမို့
သူက ကားသော့ကို ပေးလိုက်ကာ ဟိုတယ် Reception ရှေ့မှ ဧည့်ထိုင်ခုံတွင် ခဏ အနား
ယူနေလိုက်သည်။

" အောင်မလေး ဘာကြီးလဲ "

သူ့ကားသော့ယူသွားသော ၀န်ထမ်း ဆီမှ
ကြောက်လန့်တကြား အော်သံကျယ်ကြီး
ထွက်လာတာမို့ ဆောင်းဦးဝေ တစ်ယောက်
သွေးပျက်ကာ ကားနားဆီသို့ အပြေးတစ်ပိုင်း
ရောက်သွားလေသည်။ သူ တွေ့လိုက်ရတာက
ပွင့်နေသော ကားနောက်ဖုံး တံခါးကြီး နှင့်
ရင်ဘတ်ကိုဖိကာ အသက်ပြင်းပြင်း ရှူနေ
သော ၀န်ထမ်းကောင်းလေး.... .. ။

" ငါ့ညီ ဘာဖြစ်လို့လဲ"

"အ....အကို ..ကားနောက်မှာ လူတစ်ယောက်
အိပ်နေတာတွေ့လို့ လန့်အော်လိုက်မိတာ '"

" ဘာ "

ဒီတစ်ခါ ၀န်ထမ်းလေးရဲ့စကားကြောင့်
ပါးစပ်အဟောင်းသား ဖြစ်သွားရသူက
သူ ကိုယ်တိုင်ပင် ။သူ့ ကားပေါ် ဘယ်သူက
ဘယ်လို ပါလာရတာလဲ။မနက်က ကျော်နောင်
ကိုယ်တိုင် သေချာ စစ်ပေးလိုက်တာပါ။

ဆောင်းဦးဝေ သည် တွေးလည်း တွေးရင်း
ကားနောက်ဖုံးနားသို့ စိုးရိမ်တကြီး ပြေးကပ်
သွားကာ ဟိုတယ် ၀န်ထမ်းလေးကို အလန့်
တကြား ဖြစ်စေခဲ့သော အရာအား ကုန်းကြည့်
လိုက်လေသည် ။

"ဟင် .... နိုးနိုး "

ကားပေါ်မှာ ခွေခွေလေး  အိပ်ပျော်နေသည်မှာ
တခြား လူမဟုတ် ။ ချစ်လှစွာသော တူတော်
မောင် စစ်မြတ်နိုး ပင်...။

ဒီလောက်ကြီးတဲ့ အထုတ်တွေကြားထဲ ခွေ
ညှပ်ပြီး အိပ်နေသည်မှာ တော်ရုံစကေးနဲ့မရ ။
ဒီကြားထဲ ဟောက်သံတရှူးရှူးပင် ထွက်နေကာ
ဒီဇိုင်းကာလာ အနေအထားအရ သူ့ အိိပ်ယာထဲမှာ သက်တောင့်သက်သာ အိပ်နေသယောင် ။

"ဟေ့ကောင် နိုးနိုး ထစမ်း မင်းက ကားပေါ်ကို
ဘယ်ကနေ ဘယ်လိုပါလာရတာလဲ "

ဆောင်းဦးဝေသည် နိုးနိုး ရဲ့ခန္ဓာကိုယ်ကို
ခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်ရင်း တင်ပါးအား
ဖြန်းခနဲ မြည်အောင်ရိုက်လိုက်လေသည်။
ထိုအခါမှ လန့်နိုးသွားသော နိုးနိုးက ဝါးခနဲ
သန်းလိုက်ကာ ကျဉ်းကျဉ်းကျပ်ကျပ် နေရာ
လေးမှာ ဖြစ်သလို အညောင်းဆန့်လိုက်ရင်း
အပြင်သို့ အိပ်မှုန်စုန်မွှား ထွက်လာလေသည်။

" ဟူး ပြင်ဦးလွင်က လေလေးက ရှူရတာ
ကောင်းလိုက်တာ..... "

လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းကာ အညောင်းဆန့်နေသော နိုးနိုးသည် ဆောင်း
ဦးဝေက မျက်ထောင့်နီကြီးဖြင့် လက်ပိုက်ကြည့်နေသည်ကိုပင် ဂရုမစိုက်ပဲ လေနုအေးအေးကို တ၀ကြီး ရှူသွင်းကာ ဇက်ကြောများ ၊ လက်ဖျောက်များကိုပါ တဆစ်ဆစ်ချိူးနေသေး၏။

Stitch အရုပ်ပုံကလေးများပါသော ညအိပ်
၀တ်စုံ အပြာရောင်၀မ်းဆက်ကို ၀တ်ထားသော နိုးနိုးသည် တစ်ညလုံး ကားပေါ်မှာ ခွေခေါက်
အိပ်ထားရတာမို့အကျီလေးသည် တစ်ကိုယ်လုံးတွန့်ကြေနေကာ ဆံပင်တွေကပါ ဖွာလန်ကြဲနေတာမို့ နိုးနိုးရဲ့ ပုံစံကလေးမှာ ကလေးကလားနဲ့ရယ်စရာအတိ ။ အဲတာတင်မကသေး ညအိပ်၀တ်စုံဖြင့် ရုတ်တရက် ကားနောက်ခန်းမှ ဆင်းလာကာ အညောင်းဆန့်နေသော ဆံပင်
စုတ်ဖွားနဲ့နိုးနိုးကို ဟိုတယ်ရှိ ၀န်ထမ်းများ
ကပင် ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေး ကြည့်နေကြပေသည်။

" ဟီး .. "

စိတ်ရှိလက်ရှိ အညောင်းဆန့်ပြီးသွားတော့မှ ဆောင်းဦးဝေ ဘက်လှည့်ကြည့်လာသော နိုးနိုးသည် မျက်လုံးချင်းဆုံသွားသောအခါ စပ်ဖြဲဖြဲလေးလုပ်ကာ သွားစိလျက် ဟီးခနဲ ရယ်ပြလိုက်သည်။

"ကဲ ဆိုစမ်းပါဦး အိမ်ပေါ်က ဆင်းမယ်ဆို
တဲ့ လူက ဘယ်နှယ်ကြောင့် ငါ့ကားပေါ် ခိုး
ပြီး တတ်အိပ်နေရတာလဲ ကျော်နောင် ပစ္စည်း
တွေ စစ်ကတည်းက မင်း ကားပေါ်မှာ ရောက်
နေပြီးသားမလား ဟမ် "

နိုးနိုးအား တရားခံစစ်သလို တရစပ် မေးခွန်း ထုတ်​နေသော ဆောင်းဦး သည် ၀န်ထမ်း
ကောင်လေးများကို ပစ္စည်းများ သယ်သွားရန် အချက်ပြလိုက်ပြီး မျက်မှန်ကိုင်းကို ဟန်ပါပါ တစ်ချက်ပင့်တင်လိုက်ကာ စူးစိုက်ကြည့်နေ
ပေသည်။

"ကျွန်တော် မနေ့ည ကတည်းက ဟိုတယ်က
ပြန်လာပြီး ဦးဝေ ကားနောက်ဖုံးထဲမှာ အိပ်နေတာ "

"အဲတာဆို ညကမင်းကို ဘယ်သူ တံခါးဖွင့်ပေး
တာလဲ "

"ဘယ်သူ ရှိရမှာလဲ...... ဦးဝေ မဟုတ်ရင်
အန်တီချော ပေါ့ "

" အဲဒါဆို မင်းက ဒေါ်ချော နဲ့ ...."

"အန်တီချောတင် ဘယ်ကမလဲ ဒါရိုင်ဘာ
ဦးချစ်ရော ကိုကျော်နောင်ရော အကုန်လုံး
ကျွန်တော့်ဘက်တော်သားတွေ ချည်းပဲ
ဦးဝေ ဘက် တစ်ယောက်မှ မရှိဖူး ပြီးတော့ ကျွန်တော် ဒီလိုမှ ခိုးမလိုက်ရင် ဦးဝေ က
ပြင်ဦးလွင်ကို ခေါ်မှာမျ မဟုတ်တာ 
ကျွန်တော့်ကို ပစ်ထားခဲ့မှာလေ ...ဟုတ်တယ်
မလား  "

"အဲဒါနဲ့ပဲ မင်းတို့အားလုံး ငါ့ကို ၀ိုင်းလိမ်ကြ
တယ်တယ်ပေါ့ ဒေါ်ချောရော... ဦးချစ်ရော
ကျော်နောင် အဲကောင်ပါ အလုပ်ပြုတ်ချင်ပြီ
ထင်တယ် အားလုံး မင်းစနက်တွေပဲ မလား
နိုးနိုး "

ပြောရင်းနဲ့ အရှိန်တတ်လာသော ဆောင်းဦးဝေ က နိုးနိုး ဆီကို ရိုက်တော့မည့်ဟန် လက်လှမ်း
ရွယ်လိုက်တာမို့ နိုးနိုး က သူတို့အနားသို့
တရွေ့ရွေ့လျှောက်လာနေသော မေပျိူဖြူရဲ့
နောက်ကျောနောက်မှာ ၀င်ပုန်းလိုက်သည်။

"ကိုဝေကလဲ ကလေးကို မလုပ်ပါနဲ့တော့
မဟုတ်လည်း ပြင်ဦးလွင်ထိပဲ ရောက်လာပြီ
ပဲကိုပြန်ပို့လို့လည်း ရတော့တာမှ မဟုတ်တာ "

မေပျိူဖြူက သူ့ကိုယ်လုံး သေးသေးကလေး
ဖြင့် နိုးနိုး ရှေ့ကနေ ကာပေးလိုက်ရင်း ဆောင်း
ဦး​ဝေကို ကြားဖြတ် ဖမ်းထိန်းထားလိုက်သည်။

"ကျစ် . မေပျိူ အဲလို သူ့ရှေ့ကနေ ကာဆီး ကာဆီး လုပ်နေလို့ အဲကောင် ပိုကန်းတတ်နေ
တာ နိုးနိုး မင်း နောက်ဆို ကြပ်ကြပ်သတိထား
နေ ငါ့လက်သီးက မင်းအတွက် အချိန်မရွေးပဲ "

မေပျိူဖြူရဲ့ ဖမ်းချူပ်ထားခြင်းကို ခံရသော
ဆောင်းဦးဝေ သည် နိုးနိုးအား ကြိမ်းဝါးလျက်
ဟိုတယ်အတွင်းထဲသို့ခြေလှမ်းကျဲကြီးများဖြင့်
၀င်သွားလေတော့သည်။

မေပျိူဖြူကတော့ အရာအားလုံးကို နားလည်
ခွင့်လွတ်သလို နိုးနိုး အား ပြုံးကာ စိုက်ကြည့်လျက် ။ နိုးနိုး တစ်ယောက်ကတော့ ပုခုံးလေး
တွန့်ပြလိုက်လျက် ...။

---------------------------------------------------------------------------------------------------------------------------

တိုဟူးပျစ်ပျစ်ကလေးပေါ် နံနံပင်စိမ်းကလေးများ အုပ်ထားတဲ့ မွေးပျံနေသော ရှမ်းခေါက်ဆွဲ
ပန်းကန်လေးကို ကြည့်ကာ နိုးနိုး က အားပါး
တရ ပြုံးလိုက်လေ၏

"ပြင်ဦးလွင်က ရှမ်းတိုဟူးနွေး ပူပူလေး မစား
ရတာ ကြာပြီ တကယ်စားကောင်းမှာပဲ "

ရာသီဥတု က အအေးဓါတ်လွန်ကဲလှကာ
ပါးစပ်ကနေအငွေ့များ အဆက်မပြတ် မှုတ်
ထုတ်နေသာ စစ်မြတ်နိုး သည် ရှမ်းခေါက်ဆွဲ
ပန်းကန်ပူပူကို အေးစက်နေသော လက်ဖြင့်
ဆုပ်ကိုင်ထားရင်း အနွေးဓါတ်ကို ခံစားနေပေ
သည်။

"ဒီဆိုင်လေးက ပြင်ဦးလွင်မှာ အကောင်းဆုံးပဲ
မေပျိူ ကြိုက်လောက်မှာ "

ဆောင်းဦးဝေ က တူ နှစ်စုံကို ဆွဲထုတ်လိုက်
ကာ တစ်စုံကို မေပျိူဖြူ ရဲ့ပန်းကန်ပေါ် တင်
ပေးလိုက်ပြီး ကျန် တစ်စုံဖြင့် သူ့ရဲ့ခေါက်ဆွဲ
ပန်းကန်ကို အရင်မွှေလိုက်လေသည် ။

ထို့နောက် နိုးနိုး ရှိရာဘက်သို့မကြည်လင်
သေးသော မျက်၀န်းအစုံဖြင့် တစ်ချက်လှမ်း
ကြည့်လိုက်ပြီး နိုးနိုး ရဲ့ပန်းကန်ကို ဆတ်ခနဲ
ဆွဲယူကာ နံနံပင်စိမ်းများကို တစ်ရွက်ချင်း
စိတ်ရှည်လက်ရှည် ဖယ်ပေးရင်း ခေါက်ဆွဲသား
ဖြူဖြူများကို တိုဟူးပျော့များဖြင့် နှံ့အောင်
နယ်ပေးလိုက်လေသည်။

"အသက်က ၂၀ ပြည့်တော့မယ် အခုထက်
ခေါက်ဆွဲတောင် နှံ့အောင် မနယ်တတ်သေးဖူး"

အသင့် နယ်ထားပြီးသား ခေါက်ဆွဲပန်းကန်ကို နိုးနိုး ဘက်ပြန်ပေးလိုက်သော ဆောင်းဦးဝေ
သည် ပါးစပ်းက ပွစိပွစိ ပြောနေသော်လည်း
လုပ်နေကြ အလုပ်တစ်ခုကို ကျင့်သားရနေ
သည့် ပမာ နိုးနိုး ပန်းကန်ထဲ တူတစ်ချောင်း
ကို ပါ စိုက်ထည့်ပေးလိုက်၏ ။

" မနယ်တတ်လည်း ဘာအရေးလဲ နယ်ပေး
မယ့် ဦးဝေ တစ်ယောက်လုံး ရှိနေတာပဲကို "

ခေါက်ဆွဲကို ပလှုပ်ပလောင်း ငုံ့စားရင်းပြော
နေသော နိုးနိုးရဲ့ စကားကို ဆောင်းဦးဝေ
တစ်ယောက် အဖက်လုပ်ခြင်း မရှိတော့ဘဲ
မသိချင်ယောင်ဆောင်ကာ သူ့ခေါက်ဆွဲကိုသာ
ငုံ့စားနေပေသည်။

" မေပျိူ တိုဟူးကြော်လေး စားကြည့် အရသာ
ရှိတယ် "

ဆောင်းဦေ၀က စားပွဲထိုးလေး လာချပေးတဲ့
ပူပူနွေးနွေး တိုဟူးကြော် ပန်းကန်ထဲက တိုဟူး
ကြော် တစ်တုံး ကို မေပျိူဖြူရဲ့ပန်းကန်ထဲသို့
တူဖြင့် ဆယ်ထည့်ပေးလိုက်သည်။

" ဦးဝေ .. "

ခေါက်ဆွဲစားနေခြင်းကို ရုတ်တရက် ရပ်တန့်
လိုက်ပြီး ဆူအောင့်ခေါ်လိုက်သော နိုးနိုးသည်
မေပျိူဖြူနှင့် အပြိုင် သူ့ပန်းကန်ထဲသို့ပါ
တိုဟူးကြော် ထည့်ပေးစေချင်သောကြောင့်
ပန်းကန်ကို ရှေ့သို့တိုး ပေးလာသော်လည်း
ဆောင်းဦးဝေ က ဂရုစိုက်ဟန်မပြပဲ ခပ်စွေစွေ
လှမ်းကြည့်လိုက်ကာ

" မင်းမှာ လက်ပါနေတာပဲ . မင်း ဘာသာ
ထည့်ပါလား "

" တီချယ့်ကိုကျ ထည့်ပေးပြီးတော့ "

"ကဲ တော်ကြပါတော့ ဒီတူရီး နှစ်ယောက်နဲ့
တော့ ရော့ နိုးနိုး ဦးဝေ မထည့်ပေးလည်း
တီချယ် ထည့်ပေးမယ် ဟုတ်ပြီလား နိုးနိုး
ဘယ်နှစ်ခု ယူချင်လဲ ..ပြော "

" တော်ပြီ ...တီချယ် ဦးဝေ စေတနာမရှိတာ
ကျွန်တော် မစားတော့ဖူး..."

ရှမ်းခေါက်ဆွဲ ပန်းကန်ကို ဆောင့်တွန်းလျက်
စားပှဲ၀ိုင်းမှ ထထွက်သွားသော နိုးနိုးသည်
ကားတံခါးကို ၀ုန်းခနဲဆောင့်ဖွင့်ကာ ကားပေါ်
တွင်သာ ခပ်ငူငူ ဖြင့် ထိုင်နေလေတော့သည် ။

"ကိုဝေကလည်း ကလေးနဲ့ပြိုင်ဖြစ်နေပြန်ပြီ
နိုးနိုး စားချင်ရင် ထည့်ပေးလိုက်ပေါ့ "

နိုးနိုး ....ထထွက်သွားတော့မှ မေပျိူဖြူ က
ဆောင်းဦးဝေ အနားတိုးကာ တိုးကြိတ်ကြိတ်
လေး ဆိုလိုက်သည်။

"တော်စမ်းပါ မေပျိူရာ ... ဘာမှမဟုတ်တဲ့
ကိစ္စသေးသေးလေးတွေက အစ သူ ဆိုးချင်
နေတာ ပစ်ထားလိုက် အဲတာမှ နားအေးမှာ "

ဆောင်းဦးဝေ ရဲ့ မျက်နှာ မှုန်ကုပ်နေတာကို
ကြည့်ပြီး မေပျိူဖြူက သက်ပြင်းချလိုက်
သာ ဘာစကားမှ ထပ်ဆိုမလာတော့ ။
ဒါတောင် ဟိုတယ်က ထွက်လာပြီး ဘယ်မှ
မလည်ပတ်ရသေး ။ ရှမ်းခေါက်ဆွဲလေး ၀င်
စားတုန်းရှိသေးတယ် ပြသနာက တဂျိန်းဂျိန်း
ဖြစ်နေပြီ ။ ဒီ တူရီး နှစ်ယောက်နဲ့တော့ ရှေ့
ဆက်ဘယ်လို စခန်းသွားရမလဲ မသိတော့ ။

ထို့နောက်မှာတော့ မေပျိူဖြူရဲ့ သက်ပြင်းချ
လိုက် ခပ်တိုးတိုး လေးမှအပါး အရာအားလုံး
ဟာ တိတ်ဆိတ်ငြိမ်သက်လျက်.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~


Zaw Gyi

ေဆာင္းဦးေဝရဲ႕ လက္ေထာက္တစ္ျဖစ္လဲ
အတြင္းေရးမႉးျဖစ္သူ ေက်ာ္ေနာင္သည္
သူ႕ ဆရာရဲ႕ ေနာက္ဆုံးလက္က်န္ ခရီးေဆာင္အိတ္ကို ကားထဲထည့္လိုက္ၿပီး ပစၥည္းေတြကို ေသခ်ာစြာ စစ္ေဆးကာ ကားေနာက္ဖုံးတံခါး
ကို ပိတ္ခ်လိဳက္သည္။

"ေက်ာ္ေနာင္ ငါ့ ပစၥည္းေတြ အကုန္ပါၿပီလား
မွာထားတာေတြ တစ္ခုမွ မက်န္ေစနဲ႕ေနာ္ "

ညာလက္ေကာက္ဝတ္တြင္ DM တံဆိပ္ နာရီ
ကို ေသသပ္စြာ ၀တ်ဆင်နေရင်း ေလွကားေပၚ
ကေန တစ္လွမ္းခ်င္း ေျဖးညွင္းစြာ ဆင္းလာေသာ ေဆာင္းဦးေဝ သည္ ထမင္းစားခန္းသို႔
မသြားမွီ ေက်ာ္ေနာင္အား လွမ္းသတိေပးလိုက္ေလသည္။

"စိတ္ခ်ပါ ေဘာ့စ္ မွာထားတဲ့အတိုင္း အကုန္ အတိအက်ပဲ "

ေက်ာ္ေနာင္ရဲ႕အေျဖကို ေက်နပ္သြားေတာ့မွ
ေဆာင္းဦးေဝ သည္ ေခါင္းတခ်က္ၿငိမ့္ကာ
မ်က္လႊာခ်လ်က္ ထမင္းစားခန္းသို႔ ၀င်လာခဲ့
သည္ ။

"ကိုေဝ ႀကိဳက္တဲ့ အုန္းနို႔ေခါက္ဆြဲေလး
ေမပ်ိဴ အေစာႀကီးလာခ်က္ေပးထားတယ္
အရင္စားလိုက္ေနာ္ "

စားခ်င္စဖြယ္ အုန္းနို႔ေခါက္ဆြဲ ပန္းကန္ကို
ကိုင္လ်က္ မီးဖိုခန္းထဲမွ ထြက္လာေသာ ေမပ်ိဴျဖဴအား ၾကည့္လိုက္ရင္း ေဆာင္းဦးေဝ မ်က္ႏွာေပၚမွာ အၿပဳံးတစ္ပြင့္ ျဖတ္ေျပးသြားသည္။

"ေမပ်ိဴကလည္း အဲေလာက္ထိ အပင္ပန္းခံစရာ မလိုပါဖူးကြာ လမ္းမွာ တစ္ခုခု ၀င်စားသွား
လည္း ျဖစ္တာပဲကို "

"ေမပ်ိဴ႕ရဲ႕လက္ရာေလး ကိုေဝ့ကို စားေစခ်င္
လို႔ပါေနာ္ နဲနဲေစာေစာထလာရတာပဲရွိတာ
ဘာမွပင္ပန္းတာမွ မဟုတ္တာ "

"ဟုတ္ပါၿပီ ဒါဆိုလည္း ကိုယ္ ေကာင္းေကာင္း
စားပါ့မယ္ဗ် "

ေဆာင္းဦးေဝက အနံ႕အရသာနဲ႕ျပည့္စုံလွေသာ
စားခ်င္စဖြယ္ အုန္းနို႔ေခါက္ဆြဲကို ၾကည့္ရင္း
တစ္ခြန္းခပ္စားလိုက္သည္။ထို႔ေနာက္မွာေတာ့

" ေက်ာ္ေနာင္ ခဏလာခဲ့ဦး "

ေဆာင္းဦးေဝရဲ႕ စကားမဆုံးခင္ ေက်ာ္ေနာင္
က ကားဖုန္သုတ္ျခင္းကို လက္စသတ္လိုက္
ကာ ထမင္းစားခန္းဆီသို႔ အေျပးတစ္ပိုင္း
ေရာက္လာသည္။

"နိုးနိုး နဲ႕ အဆက္အသြယ္ ရေသးလား သူ
အိမ္ထြက္ေျပးတိုင္း တည္းေနက် ဟိုတယ္
မြာပဲလား နိုးနိုးကို ေစာင့္ၾကည့္ဖို႔လႊတ္လိုက္တဲ့လူဆီကေရာ ဘာ သတင္းထူးေသးလဲ "

ေဆာင္းဦးေဝရဲ႕ အသက္မရႉစတမ္း တရစပ္ အေမးေတြၾကား ေက်ာ္ေနာင္က ေခါင္းကုတ္ရင္း ရယ္က်ဲက်ဲလုပ္ေနသည္။ သူ႕တူက မူႀကိဳကေလးလည္း မဟုတ္ပဲ ေဘာ့စ္ဟာ စိတ္ပူ
တတ္ရန္ေကာ ဟုလည္း စိတ္ထဲမွေတြးေနမိ
သည္။

"ေဘာ့စ္ မွာထားတဲ့အတိုင္း Security ကို
ေသခ်ာေလး ေစာင့္ၾကည့္ခိုင္းထားပါတယ္ အကိုေလး နိုးနိုး ဟိုတယ္မွာပဲရွိပါတယ္ ေဘာ့စ္ "

"ေအး ေကာင္းတယ္ ေသခ်ာေစာင့္ၾကည့္ခိုင္းထား သူ႕မွာပါသြားတဲ့ ပိုက္ဆံကုန္ရင္ အိမ္ျပန္လာမွာပဲ ဒီေကာင္ေလး ဘယ္ေလာက္ေတာင့္ခံနိုင္မလဲ ေစာင့္ၾကည့္ရေသးတာေပ့ါ "

ေမပ်ိဴျဖဴက ပါးစပ္က ေျပာလည္းေျပာ စိတ္ပူပန္မႈကိုလည္း ဖုံးဖိမထားနိုင္တဲ့ ေဆာင္းဦးေဝကိုၾကည့္ရင္း ေခါင္းတယမ္းယမ္းလုပ္ေနသည္။

ကိုေဝဟာ သူ႕တူကို ဘယ္ေလာက္ခ်စ္တယ္
ဆိုတာကို ပါးစပ္ ထုတ္မေျပာေပမဲ့ အမူအရာ
ေတြက ေဘးလူျဖစ္တဲ့ သူမေတာင္ ကိုေဝ့ရဲ႕
ေမတၱာအတိမ္အနက္ကို မည္မွ် နက္ရွိုင္းမွန္း ခန႔္မွန္းလို႔ရေလသည္။ သူမ မနက္ေစာေစာ
အပင္ပန္းခံခ်က္ျပဳတ္ထားတဲ့ အုန္းနို႔ေခါက္
ဆြဲ လက္ရာေလးကိုေတာင္ မခ်ီးမႊမ္းနိုင္ပဲ
နိုးနိုးအတြက္ပဲ စိတ္ပူပန္ေနတဲ့ အခ်က္ကို
ေတာ့ ဘယ္ေလာက္ပဲ စိတ္သေဘာထား
ျပည့္ဝတယ္ေျပာေျပာ အနဲငယ္ေတာ့ စိတ္ကသိကေအာင့္ ျဖစ္မိေလသည္။

နိုးနိုး တစ္ေယာက္ကလည္း ျပင္ဦးလြင္သြားဖို႔ သူမကို ဂ်ီက်ထားၿပီးတဲ့ေနာက္ပိုင္း အိမ္မွာ
ေတြ႕ကို မေတြ႕ရေတာ့ ။

ကိုေဝလူလႊတ္ၿပီး စုံစမ္းခိုင္းေတာ့မွ ကိုေဝနဲ႕စိတ္အခန့္မသင့္ျဖစ္ၿပီး အိမ္ေပၚက ဆင္းတိုင္း သူသြားေနက် ဟိုတယ္မွာပဲ ေရာက္ေနတာကို သိေတာ့မွ ကိုေဝ တစ္ေယာက္ တည္ၿငိမ္ေအးခ်မ္းသြားတာ သူမ မ်က္ျမင္ပင္ ။

ဒါေတာင္ သူတို႔ ႏွစ္ေယာက္ၾကားမွာ သူမ
မျမင္နိုင္တဲ့ ႏွောင္ႀကိဳးေတြက ဘယ္ေလာက္ေတာင္ ရစ္ပတ္ႏွောင္တြယ္ ေနသလဲ ဆိုတာ
မေျပာတတ္ေခ်.... ။

"ေမပ်ိဴ ... ကိုယ္တို႔သြားရေအာင္ ေနာက္က်
ေနမယ္ "

အေတြးလြန္ေနေသာ ေမပ်ိဴသည္ ကိုေဝ့
အသံၾကားမွ စားလက္စေခါက္ဆြဲကို ျမန္ျမန္
ဆန္ဆန္ အၿပီးသတ္လိုက္ကာ ကားဆီသို႔
ကိုေဝႏွင္ အတူ ထြက္လာခဲ့သည္ ။

"ေဒၚေခ်ာ အိမ္ကို ေသခ်ာ ဂ႐ုစိုက္ေနာ္
ကြၽန္ေတာ္စိတ္ခ်မယ္ ၿပီးေတာ့ ေက်ာ္ေနာင္ Company ကိစၥပဲျဖစ္ျဖစ္ နိုးနိုး ကိစၥပဲ ျဖစ္ျဖစ္ တစ္ခုခု ထူးတာနဲ႕ ငါ့ဆီ ခ်က္ခ်င္း ဖုန္းဆက္ၾကားလား "

ေဆာင္းဦးေဝက ကားေမာင္းသည့္ခုံတြင္ေနရာယူလိုက္ရင္း တစ္အိမ္လုံးကို မျပတ္မွာၾကားေနေပသည္။ ျပင္ဦးလြင္ ခရီးကို ဒါရိုင္ဘာေရာ အတြင္းေရးမႉးကိုပါ ခ်န္ထားခဲ့ကာ သူနဲ႕ေမပ်ိဴ ႏွစ္ေယာက္တည္း ေအးေအးေဆးေဆးသြားမွာမို႔ ကိစၥေတြအားလုံးကို လစ္ဟင္းမႈ မရွိေစရန္ေက်ာ္ေနာင္ နဲ႕ ေဒၚေခ်ာကိုပဲ ေသခ်ာဂ႐ုစိုက္ေပးရန္ အနီးကပ္ မွာခဲ့ရသည္။

မွာစရာေတြ ကုန္သေလာက္ရွိသြားေတာ့မွ
ေဆာင္းဦးေဝသည္ စိတ္ကိုဒုံးဒုံးခ်ကာ ကား
ကို စိတ္ေအးလက္ေအး ေမာင္းထြက္လာခဲ့
ေပသည္။

မႏၱေလးၿမိဳ႕က ထြက္လာတဲ့လမ္းတစ္ေလွ်ာက္မွာလည္း ေမပ်ိဴႏွင့္အတူ အလုပ္ကိစၥေတြ
အေၾကာင္း ၊ လက္ထပ္ဖို႔အေၾကာင္း ၊ နိုးနိုး ရဲ႕အေၾကာင္းေတြ ေဆြးႏြေးေနရင္း ဘယ္လိုျပင္ဦးလြင္ ေရာက္လာမွန္းပင္ မသိေတာ့ ။

ျပင္ဦးလြင္ၿမိဳ႕သည္ မႏၱေလးၿမိဳ႕ျပ ႏွင့္ မေဝးလွေသာ္ျငား ရာသီဥတုကေတာ့ ဆီႏွင့္ေရသကဲ့သို႔ကြာျခားလြန္းလွေပသည္။ေတာင္တတ္လမ္းတစ္ေလွ်ာက္ေအးစိမ့္ လတ္ဆတ္ေသာ ေတာင္ေပၚေလမ်ားကို ျဖတ္ေက်ာ္ေမာင္းႏွင္လာေသာ သူတို႔ကားေလးသည္ ျပင္ဦးလြင္ၿမိဳ႕ထဲသို႔၀င္လာအၿပီးဆိတ္ၿငိမ္ေအးခ်မ္းသည့္ Hotel ၀င်းတစ်ခု ထဲသို႔ ေရာက္မွ ခရီးစဥ္ကို အဆုံးသတ္လိုက္ေလ၏

"မဂၤလာပါ အကိုတို႔က ဘိုကင္ လုပ္ထား
ၿပီးသားလား ခင္ဗ် "

ဟိုတယ္၀င္းထဲသို႔ေရာက္ေရာက္ခ်င္းမွာပင္ ေဖာ္ေ႐ြပ်ဴဌာလွေသာ ၀န်ထမ်းလေးတစ်ဦး
သူတို႔ကားနားသိို႔ ေျပးလာကာ ခါးကိုင္းလ်က္ ကားတံခါးကို ဆြဲဖြင့္ေပးရင္း ေမးေလသည္။

"ေဆာင္းဦးေဝ နာမည္နဲ႕ ဘိုကင္လုပ္ထား
ၿပီးသား ..... ညီ "

စနစ္တက် သင္ၾကားထားပုံရေသာ ဟိုတယ္
၀န်ထမ်းများသည် Reception ေရာက္သည္
အထိ ဂ႐ုတစိုက္ေမးျမန္းကာ ပစၥည္းေတြကူသယ္ေပးရင္း ေခၚသြားေပးတာမို႔ ေဆာင္းဦးေဝ တစ္ေယာက္ ဟိုတယ္ Service ကို စိတ္ေက်နပ္သြားရသည္ ။ ထို႔ေနာက္ အခန္းေသာ့ ယူအၿပီးမွာေတာ့ ဟိုတယ္ဝန္ထမ္းတစ္ေယာက္က သူ႕တို႔ႏွစ္ေယာက္၏ ခရီးေဆာင္အိတ္မ်ား ခ်ေပးရန္ ကားေသာ့လာေတာင္းေနတာမို႔ သူက ကားေသာ့ကို ေပးလိုက္ကာ ဟိုတယ္ Reception ေရွ႕မွ ဧည့္ထိုင္ခုံတြင္ ခဏ အနားယူေနလိုက္သည္။

" ေအာင္မေလး ဘာႀကီးလဲ "

သူ႕ကားေသာ့ယူသြားေသာ ၀န်ထမ်း ဆီမွ
ေၾကာက္လန႔္တၾကား ေအာ္သံက်ယ္ႀကီး
ထြက္လာတာမို႔ ေဆာင္းဦးေဝ တစ္ေယာက္
ေသြးပ်က္ကာ ကားနားဆီသို႔ အေျပးတစ္ပိုင္း
ေရာက္သြားေလသည္။ သူ ေတြ႕လိုက္ရတာက
ပြင့္ေနေသာ ကားေနာက္ဖုံး တံခါးႀကီး ႏွင့္
ရင္ဘတ္ကိုဖိကာ အသက္ျပင္းျပင္း ရႉေန
ေသာ ၀န်ထမ်းကောင်းလေး.... .. ။

" ငါ့ညီ ဘာျဖစ္လို႔လဲ"

"အ....အကို ..ကားေနာက္မွာ လူတစ္ေယာက္
အိပ္ေနတာေတြ႕လို႔ လန႔္ေအာ္လိုက္မိတာ '"

" ဘာ "

ဒီတစ္ခါ ၀န်ထမ်းလေးရဲ့စကားကြောင့်
ပါးစပ္အေဟာင္းသား ျဖစ္သြားရသူက
သူ ကိုယ္တိုင္ပင္ ။သူ႕ ကားေပၚ ဘယ္သူက
ဘယ္လို ပါလာရတာလဲ။မနက္က ေက်ာ္ေနာင္
ကိုယ္တိုင္ ေသခ်ာ စစ္ေပးလိုက္တာပါ။

ေဆာင္းဦးေဝ သည္ ေတြးလည္း ေတြးရင္း ကားေနာက္ဖုံးနားသို႔ စိုးရိမ္တႀကီး ေျပးကပ္သြားကာ ဟိုတယ္ ၀န်ထမ်းလေးကို အလန႔္
တၾကား ျဖစ္ေစခဲ့ေသာ အရာအား ကုန္းၾကည့္လိုက္ေလသည္ ။

"ဟင္ .... နိုးနိုး "

ကားေပၚမွာ ေခြေခြေလး အိပ္ေပ်ာ္ေနသည္မွာ တျခား လူမဟုတ္ ။ ခ်စ္လွစြာေသာ တူေတာ္ေမာင္ စစ္ျမတ္နိုး ပင္...။

ဒီေလာက္ႀကီးတဲ့ အထုတ္ေတြၾကားထဲ ေခြ
ညွပ္ၿပီး အိပ္ေနသည္မွာ ေတာ္႐ုံစေကးနဲ႕မရ ။
ဒီၾကားထဲ ေဟာက္သံတရႉးရႉးပင္ ထြက္ေနကာ ဒီဇိုင္းကာလာ အေနအထားအရ သူ႕ အိိပ္ယာထဲမွာ သက္ေတာင့္သက္သာ အိပ္ေနသေယာင္ ။

"ေဟ့ေကာင္ နိုးနိုး ထစမ္း မင္းက ကားေပၚကို ဘယ္ကေန ဘယ္လိုပါလာရတာလဲ "

ေဆာင္းဦးေဝသည္ နိုးနိုး ရဲ႕ခႏၶာကိုယ္ကို
ခပ္ၾကမ္းၾကမ္းလႈပ္ႏွိုးလိုက္ရင္း တင္ပါးအား
ျဖန္းခနဲ ျမည္ေအာင္ရိုက္လိုက္ေလသည္။
ထိုအခါမွ လန႔္နိုးသြားေသာ နိုးနိုးက ဝါးခနဲ
သန္းလိုက္ကာ က်ဥ္းက်ဥ္းက်ပ္က်ပ္ ေနရာ
ေလးမွာ ျဖစ္သလို အေညာင္းဆန႔္လိုက္ရင္း
အျပင္သို႔ အိပ္မႈန္စုန္မႊား ထြက္လာေလသည္။

" ဟူး ျပင္ဦးလြင္က ေလေလးက ရႉရတာ
ေကာင္းလိုက္တာ..... "

လက္ႏွစ္ဖက္ကို အေပၚသို႔ ဆန႔္တန္းကာ အေညာင္းဆန႔္ေနေသာ နိုးနိုးသည္ ေဆာင္း
ဦးေဝက မ်က္ေထာင့္နီႀကီးျဖင့္ လက္ပိုက္ၾကည့္ေနသည္ကိုပင္ ဂ႐ုမစိုက္ပဲ ေလႏုေအးေအးကို တ၀ႀကီး ရႉသြင္းကာ ဇက္ေၾကာမ်ား ၊ လက္ေဖ်ာက္မ်ားကိုပါ တဆစ္ဆစ္ခ်ိဴးေနေသး၏။

Stitch အ႐ုပ္ပုံကေလးမ်ားပါေသာ ညအိပ္
၀တ်စုံ အျပာေရာင္၀မ္းဆက္ကို ၀တ်ထားသော နိုးနိုးသည္ တစ္ညလုံး ကားေပၚမွာ ေခြေခါက္
အိပ္ထားရတာမို႔အက်ီေလးသည္ တစ္ကိုယ္လုံးတြန႔္ေၾကေနကာ ဆံပင္ေတြကပါ ဖြာလန္ႀကဲေနတာမို႔ နိုးနိုးရဲ႕ ပုံစံကေလးမွာ ကေလးကလားနဲ႕ရယ္စရာအတိ ။ အဲတာတင္မကေသး ညအိပ္၀တ္စုံျဖင့္ ႐ုတ္တရက္ ကားေနာက္ခန္းမွ ဆင္းလာကာ အေညာင္းဆန႔္ေနေသာ ဆံပင္
စုတ္ဖြားနဲ႕နိုးနိုးကို ဟိုတယ္ရွိ ၀န်ထမ်းများ
ကပင္ ပါးစပ္အေဟာင္းသားျဖင့္ ေၾကာင္ေငး ၾကည့္ေနၾကေပသည္။

" ဟီး .. "

စိတ္ရွိလက္ရွိ အေညာင္းဆန႔္ၿပီးသြားေတာ့မွ ေဆာင္းဦးေဝ ဘက္လွည့္ၾကည့္လာေသာ နိုးနိုးသည္ မ်က္လုံးခ်င္းဆုံသြားေသာအခါ စပ္ၿဖဲၿဖဲေလးလုပ္ကာ သြားစိလ်က္ ဟီးခနဲ ရယ္ျပလိုက္သည္။

"ကဲ ဆိုစမ္းပါဦး အိမ္ေပၚက ဆင္းမယ္ဆို
တဲ့ လူက ဘယ္ႏွယ္ေၾကာင့္ ငါ့ကားေပၚ ခိုးၿပီး တတ္အိပ္ေနရတာလဲ ေက်ာ္ေနာင္ ပစၥည္းေတြ စစ္ကတည္းက မင္း ကားေပၚမွာ ေရာက္ေနၿပီးသားမလား ဟမ္ "

နိုးနိုးအား တရားခံစစ္သလို တရစပ္ ေမးခြန္း ထုတ္ေနေသာ ေဆာင္းဦး သည္ ၀န်ထမ်း
ေကာင္ေလးမ်ားကို ပစၥည္းမ်ား သယ္သြားရန္ အခ်က္ျပလိုက္ၿပီး မ်က္မွန္ကိုင္းကို ဟန္ပါပါ တစ္ခ်က္ပင့္တင္လိုက္ကာ စူးစိုက္ၾကည့္ေန
ေပသည္။

"ကြၽန္ေတာ္ မေန႕ည ကတည္းက ဟိုတယ္ကျပန္လာၿပီး ဦးေဝ ကားေနာက္ဖုံးထဲမွာ အိပ္ေနတာ "

"အဲတာဆို ညကမင္းကို ဘယ္သူ တံခါးဖြင့္ေပးတာလဲ "

"ဘယ္သူ ရွိရမွာလဲ...... ဦးေဝ မဟုတ္ရင္
အန္တီေခ်ာ ေပါ့ "

" အဲဒါဆို မင္းက ေဒၚေခ်ာ နဲ႕ ...."

"အန္တီေခ်ာတင္ ဘယ္ကမလဲ ဒါရိုင္ဘာ
ဦးခ်စ္ေရာ ကိုေက်ာ္ေနာင္ေရာ အကုန္လုံး
ကြၽန္ေတာ့္ဘက္ေတာ္သားေတြ ခ်ည္းပဲဦးေဝ ဘက္ တစ္ေယာက္မွ မရွိဖူး ၿပီးေတာ့ ကြၽန္ေတာ္ ဒီလိုမွ ခိုးမလိုက္ရင္ ဦးေဝ က
ျပင္ဦးလြင္ကို ေခၚမွာမ် မဟုတ္တာ
ကြၽန္ေတာ့္ကို ပစ္ထားခဲ့မွာေလ ...ဟုတ္တယ္
မလား "

"အဲဒါနဲ႕ပဲ မင္းတို႔အားလုံး ငါ့ကို ၀ိုင်းလိမ်ကြ
တယ္တယ္ေပါ့ ေဒၚေခ်ာေရာ... ဦးခ်စ္ေရာ
ေက်ာ္ေနာင္ အဲေကာင္ပါ အလုပ္ျပဳတ္ခ်င္ၿပီ
ထင္တယ္ အားလုံး မင္းစနက္ေတြပဲ မလား
နိုးနိုး "

ေျပာရင္းနဲ႕ အရွိန္တတ္လာေသာ ေဆာင္းဦးေဝ က နိုးနိုး ဆီကို ရိုက္ေတာ့မည့္ဟန္ လက္လွမ္း႐ြယ္လိုက္တာမို႔ နိုးနိုး က သူတို႔အနားသို႔
တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာေနေသာ ေမပ်ိဴျဖဴရဲ႕
ေနာက္ေက်ာေနာက္မွာ ၀င်ပုန်းလိုက်သည်။

"ကိုေဝကလဲ ကေလးကို မလုပ္ပါနဲ႕ေတာ့
မဟုတ္လည္း ျပင္ဦးလြင္ထိပဲ ေရာက္လာၿပီ
ပဲကိုျပန္ပို႔လို႔လည္း ရေတာ့တာမွ မဟုတ္တာ "

ေမပ်ိဴျဖဴက သူ႕ကိုယ္လုံး ေသးေသးကေလး
ျဖင့္ နိုးနိုး ေရွ႕ကေန ကာေပးလိုက္ရင္း ေဆာင္းဦးေဝကို ၾကားျဖတ္ ဖမ္းထိန္းထားလိုက္သည္။

"က်စ္ . ေမပ်ိဴ အဲလို သူ႕ေရွ႕ကေန ကာဆီး ကာဆီး လုပ္ေနလို႔ အဲေကာင္ ပိုကန္းတတ္ေနတာ နိုးနိုး မင္း ေနာက္ဆို ၾကပ္ၾကပ္သတိထားေန ငါ့လက္သီးက မင္းအတြက္ အခ်ိန္မေ႐ြးပဲ "

ေမပ်ိဴျဖဴရဲ႕ ဖမ္းခ်ဴပ္ထားျခင္းကို ခံရေသာ
ေဆာင္းဦးေဝ သည္ နိုးနိုးအား ႀကိမ္းဝါးလ်က္ ဟိုတယ္အတြင္းထဲသို႔ေျခလွမ္းက်ဲႀကီးမ်ားျဖင့္၀င်သွားလေတော့သည်။

ေမပ်ိဴျဖဴကေတာ့ အရာအားလုံးကို နားလည္
ခြင့္လြတ္သလို နိုးနိုး အား ၿပဳံးကာ စိုက္ၾကည့္လ်က္ ။ နိုးနိုး တစ္ေယာက္ကေတာ့ ပုခုံးေလး
တြန႔္ျပလိုက္လ်က္ ...။

---------------------------------------------------------------------------------------------------------------------------

တိုဟူးပ်စ္ပ်စ္ကေလးေပၚ နံနံပင္စိမ္းကေလးမ်ား အုပ္ထားတဲ့ ေမြးပ်ံေနေသာ ရွမ္းေခါက္ဆြဲ
ပန္းကန္ေလးကို ၾကည့္ကာ နိုးနိုး က အားပါးတရ ၿပဳံးလိုက္ေလ၏

"ျပင္ဦးလြင္က ရွမ္းတိုဟူးႏြေး ပူပူေလး မစား
ရတာ ၾကာၿပီ တကယ္စားေကာင္းမွာပဲ "

ရာသီဥတု က အေအးဓါတ္လြန္ကဲလွကာ
ပါးစပ္ကေနအေငြ႕မ်ား အဆက္မျပတ္ မႈတ္
ထုတ္ေနသာ စစ္ျမတ္နိုး သည္ ရွမ္းေခါက္ဆြဲ
ပန္းကန္ပူပူကို ေအးစက္ေနေသာ လက္ျဖင့္ဆုပ္ကိုင္ထားရင္း အႏြေးဓါတ္ကို ခံစားေနေပ
သည္။

"ဒီဆိုင္ေလးက ျပင္ဦးလြင္မွာ အေကာင္းဆုံးပဲ
ေမပ်ိဴ ႀကိဳက္ေလာက္မွာ "

ေဆာင္းဦးေဝ က တူ ႏွစ္စုံကို ဆြဲထုတ္လိုက္
ကာ တစ္စုံကို ေမပ်ိဴျဖဴ ရဲ႕ပန္းကန္ေပၚ တင္
ေပးလိုက္ၿပီး က်န္ တစ္စုံျဖင့္ သူ႕ရဲ႕ေခါက္ဆြဲ
ပန္းကန္ကို အရင္ေမႊလိုက္ေလသည္ ။

ထို႔ေနာက္ နိုးနိုး ရွိရာဘက္သို႔မၾကည္လင္
ေသးေသာ မ်က္၀န္းအစုံျဖင့္ တစ္ခ်က္လွမ္း
ၾကည့္လိုက္ၿပီး နိုးနိုး ရဲ႕ပန္းကန္ကို ဆတ္ခနဲ
ဆြဲယူကာ နံနံပင္စိမ္းမ်ားကို တစ္႐ြက္ခ်င္း
စိတ္ရွည္လက္ရွည္ ဖယ္ေပးရင္း ေခါက္ဆြဲသား
ျဖဴျဖဴမ်ားကို တိုဟူးေပ်ာ့မ်ားျဖင့္ ႏွံ႕ေအာင္ နယ္ေပးလိုက္ေလသည္။

"အသက္က ၂၀ ျပည့္ေတာ့မယ္ အခုထက္
ေခါက္ဆြဲေတာင္ ႏွံ႕ေအာင္ မနယ္တတ္ေသးဖူး"

အသင့္ နယ္ထားၿပီးသား ေခါက္ဆြဲပန္းကန္ကို နိုးနိုး ဘက္ျပန္ေပးလိုက္ေသာ ေဆာင္းဦးေဝသည္ ပါးစပ္းက ပြစိပြစိ ေျပာေနေသာ္လည္း လုပ္ေနၾက အလုပ္တစ္ခုကို က်င့္သားရေနသည့္ ပမာ နိုးနိုး ပန္းကန္ထဲ တူတစ္ေခ်ာင္းကို ပါ စိုက္ထည့္ေပးလိုက္၏ ။

" မနယ္တတ္လည္း ဘာအေရးလဲ နယ္ေပး
မယ့္ ဦးေဝ တစ္ေယာက္လုံး ရွိေနတာပဲကို "

ေခါက္ဆြဲကို ပလႈပ္ပေလာင္း ငုံ႕စားရင္းေျပာ
ေနေသာ နိုးနိုးရဲ႕ စကားကို ေဆာင္းဦးေဝ
တစ္ေယာက္ အဖက္လုပ္ျခင္း မရွိေတာ့ဘဲ
မသိခ်င္ေယာင္ေဆာင္ကာ သူ႕ေခါက္ဆြဲကိုသာ
ငုံ႕စားေနေပသည္။

" ေမပ်ိဴ တိုဟူးေၾကာ္ေလး စားၾကည့္ အရသာ
ရွိတယ္ "

ေဆာင္းဦေ၀က စားပြဲထိုးေလး လာခ်ေပးတဲ့
ပူပူႏြေးႏြေး တိုဟူးေၾကာ္ ပန္းကန္ထဲက တိုဟူးေၾကာ္ တစ္တုံး ကို ေမပ်ိဴျဖဴရဲ႕ပန္းကန္ထဲသို႔ တူျဖင့္ ဆယ္ထည့္ေပးလိုက္သည္။

" ဦးေဝ .. "

ေခါက္ဆြဲစားေနျခင္းကို ႐ုတ္တရက္ ရပ္တန႔္
လိုက္ၿပီး ဆူေအာင့္ေခၚလိုက္ေသာ နိုးနိုးသည္ေမပ်ိဴျဖဴႏွင့္ အၿပိဳင္ သူ႕ပန္းကန္ထဲသို႔ပါ
တိုဟူးေၾကာ္ ထည့္ေပးေစခ်င္ေသာေၾကာင့္ ပန္းကန္ကို ေရွ႕သို႔တိုး ေပးလာေသာ္လည္း ေဆာင္းဦးေဝ က ဂ႐ုစိုက္ဟန္မျပပဲ ခပ္ေစြေစြ လွမ္းၾကည့္လိုက္ကာ

" မင္းမွာ လက္ပါေနတာပဲ . မင္း ဘာသာ
ထည့္ပါလား "

" တီခ်ယ့္ကိုက် ထည့္ေပးၿပီးေတာ့ "

"ကဲ ေတာ္ၾကပါေတာ့ ဒီတူရီး ႏွစ္ေယာက္နဲ႕ေတာ့ ေရာ့ နိုးနိုး ဦးေဝ မထည့္ေပးလည္း တီခ်ယ္ ထည့္ေပးမယ္ ဟုတ္ၿပီလား နိုးနိုး
ဘယ္ႏွစ္ခု ယူခ်င္လဲ ..ေျပာ "

" ေတာ္ၿပီ ...တီခ်ယ္ ဦးေဝ ေစတနာမရွိတာ
ကြၽန္ေတာ္ မစားေတာ့ဖူး..."

ရွမ္းေခါက္ဆြဲ ပန္းကန္ကို ေဆာင့္တြန္းလ်က္
စားပှဲ၀ိုင်းမှ ထထြက္သြားေသာ နိုးနိုးသည္
ကားတံခါးကို ၀ုန်းခနဲဆောင့်ဖွင့်ကာ ကားေပၚ
တြင္သာ ခပ္ငူငူ ျဖင့္ ထိုင္ေနေလေတာ့သည္ ။

"ကိုေဝကလည္း ကေလးနဲ႕ၿပိဳင္ျဖစ္ေနျပန္ၿပီ နိုးနိုး စားခ်င္ရင္ ထည့္ေပးလိုက္ေပါ့ "

နိုးနိုး ....ထထြက္သြားေတာ့မွ ေမပ်ိဴျဖဴ က
ေဆာင္းဦးေဝ အနားတိုးကာ တိုးႀကိတ္ႀကိတ္ေလး ဆိုလိုက္သည္။

"ေတာ္စမ္းပါ ေမပ်ိဴရာ ... ဘာမွမဟုတ္တဲ့
ကိစၥေသးေသးေလးေတြက အစ သူ ဆိုးခ်င္ေနတာ ပစ္ထားလိုက္ အဲတာမွ နားေအးမွာ "

ေဆာင္းဦးေဝ ရဲ႕ မ်က္ႏွာ မႈန္ကုပ္ေနတာကို ၾကည့္ၿပီး ေမပ်ိဴျဖဴက သက္ျပင္းခ်လိဳက္သာ ဘာစကားမွ ထပ္ဆိုမလာေတာ့ ။
ဒါေတာင္ ဟိုတယ္က ထြက္လာၿပီး ဘယ္မွ
မလည္ပတ္ရေသး ။ ရွမ္းေခါက္ဆြဲေလး ၀င်
စားတုန္းရွိေသးတယ္ ျပသနာက တဂ်ိန္းဂ်ိန္း ျဖစ္ေနၿပီ ။ ဒီ တူရီး ႏွစ္ေယာက္နဲ႕ေတာ့ ေရွ႕ဆက္ဘယ္လို စခန္းသြားရမလဲ မသိေတာ့ ။

ထို႔ေနာက္မွာေတာ့ ေမပ်ိဴျဖဴရဲ႕ သက္ျပင္းခ်လိုက္ ခပ္တိုးတိုး ေလးမွအပါး အရာအားလုံး
ဟာ တိတ္ဆိတ္ၿငိမ္သက္လ်က္.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

568K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 91.5K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
6.2M 379K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...