Part - 22

7.4K 694 38
                                    

Unicode

"နိုးနိုး တော်တော့ကွာ မင်း များနေပြီ"

ရှန်ပိတ်ခွက်ကို မော့နေသော နိုးနိုး၏ လက်ကောက်ဝတ်များသည် သုတရဲ့ဖမ်းဆုပ် တားဆီးမှုကြားတွင် ရပ်တန့်သွားသည်။

"ဖယ်စမ်းကွာ ငါ့နေရာမှာ မင်းဆိုရင်ရော သုတ
ချီလီ က နောက်တစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုရင် မင်းဘယ်လိုလုပ်မှာလဲ သုတ ဟမ် ဖြေစမ်းပါမင်းကမှ ချီလီ့ဆီက တုံ့ပြန်မှုကို
ရခဲ့သေးတယ်ကွ ငါဆိုတဲ့ကောင်က ဖွင့်ပြောဖို့
အခွင့်အရေးကို မရှိခဲ့တာ ဟက် "

စကားလုံးတိုင်းကိုလေးပင်စွာ အားယူပြောနေ
ရသော နိုးနိုးသည် စိတ်ပျက်လက်ပျက် ရယ်နေလေရင်း ရှန်ပိန်ကိုမော့သောက်လိုက်ပြန်သည်။ စားပွဲပေါ်တွင်တောင်လိုယာလိုပုံနေသော ရှိန်ပိန်ပုလင်းများသည်ပင် နိုးနိုး၏ ရင်ကွဲနာကို ကုစားနိုင်ဟန်မတူ ။

"တီ................

တီ ................ "

"အင်း အင်း ဟုတ်ပြီ . ချီလီ စိတ်အေးအေးထား ငါ အခုချက်ချင်းလာ​​ခေါ်မယ် ဘာမှစိတ်လက်မာန်ပါမလုပ်လိုက်နဲ့ အိ​မ်ရှေ့ကပဲစောင့်နေ "

တုန်မြည်လာတဲ့ ဖုန်းအားဆတ်ခနဲ ကောက်
ကိုင်ရင်း တစ်ဖက်က ဖုန်းဆက်လာသူအားစိုးရိမ်တကြီး ပြောလိုက်တဲ့ မြတ်သုတ က
ဖုန်းကိုရေးကြီးသုတ်ပျာချလိုက်ရင်း ခန့်ထည်
ကို ကြည့်လိုက်သည်။

"ခန့်ထည် နိုးနိုးကို မင်းကိုပဲ အပ်ခဲ့တယ်ကွာ သေချာ ဂရုစိုက်ပေးလိုက်ဦး ငါအခုချက်ချင်း
ချီလီကိုသွားခေါ်မှရမယ် သူ့ အဖေရဲ့နောက်
မိန်းမနဲ့ ကွိုင်နေလို့တဲ့ "

"အေးပါ နိုးနိုးကို ငါကြည့်ထားပေးမှာမို့ စိတ်ချလက်ချသာသွား နိုးနိုး​လေး မှဲ့တစ်ပေါက်တောင်မစွန်းစေရဖူး "

ခန့်ထည်က ပြုံးရင်းပြောသည်။ သုတက ထို
အခါမှ စိတ်ချလက်ချဖြင့် ကားသော့နဲ့ဖုန်းကိုကောက်ယူကာ ခပ်သုတ်သုတ်ထွက်သွားတော့
သည်။သုတ ထွက်သွားပြီး ခပ်လှမ်းလှမ်းသို့
ရောက်သွားတော့မှ ခန့်ထည်က တစ်ချက်
တစ်ချက် စားပွဲခုံနဲ့ခေါင်းမိတ်ဆက်နေပြီ
ဖြစ်တဲ့ နိုးနိုးကို ရီဝေဝေ စိုက်ကြည့်ကာ
လက်ဖမိုးအား ဆုပ်ကိုင်လိုက်ရင်း ...

Loving Lies ( Completed )Where stories live. Discover now