Part - 30

5.4K 522 91
                                    

Unicode

"Will you marry me..... နိုးနိုး "

သူ့ရဲ့လက်ထိပ်ဖျားကလေးတွေကိုင်ရင်းနူးညံ့စွာဆိုလာသော ခန့်ထည်အားကြည့်ရင်း နိုးနိုး နှုတ်ဆိတ်နေမိသည်။

ရုတ်တရက်လက်ထပ်ခွင့်တောင်းလာခြင်းအတွက်သူ့ဘက်က ဘယ်လိုတုံ့ပြန်မှုမျိူးပေးသင့်ပါလဲ ? ငါမင်းကိုလုံးဝမချစ်နိုင်ဖူးဟုဆိုကာ အပြတ်ငြင်းဆိုလိုက်သင့်ပါသလား? ဒါမှမဟုတ် ဦးဝေဆိုသည့်လူသားတစ်ယောက်ကိုမေ့ပစ်နိုင်ရန်အတွက် ခန့်ထည်ကို ရူးရူးမိုက်မိုက်နဲ့ ချစ်တယ်လို့ ဝန်ခံလိုက်သင့်ပါသလား?

ဟင့်အင်း မဖြစ်နိုင်ပါ။ သူရဲ့ပျော်ရွှင်မှုတစ်ခုအတွက်ခန့်ထည်ရဲ့ နှလုံးသားကို ခုတုံးလုပ်ပစ်လိုက်ဖို့အထိ သူမရက်စက်နိုင်သေးပါ။
စင်္ကာပူကိုစရောက်တဲ့အချိန်ကတည်းက ခန့်ထည်ဟာ သူ့အပေါ်ကို သူငယ်ချင်းတစ်ယောက်ဆိုသည့်စည်းထက်မကျော်ပဲ ယခုအချိန်ထိ သူ့စိတ်
တိုင်းကျ ဖြူဖြူစင်စင်နေပေးခဲ့တာကို သူအသိဆုံးပင်။ တစ်ခါတစ်လေ ခန့်ထည်ဘက်က သူ့အဖြေကိုစောင့်နေကြောင်း ထုတ်ဖော်ပြသခဲ့တာမျိူးရှိပေမဲ့ သူ့ဘက်ကကန့်သတ်ထားသည့် စည်းကိုတော့ လုံးဝမကျော်ခဲ့ပါ။

"ခန့်ထည် .....အပေါ်မှာထိုင် စကားပြောရအောင်"

နိုးနိုးက ခန့်ထည်ကိုင်ထားသည့် သူ့ရဲ့လက်ဖျားကလေးကိုရုတ်လိုက်ပြီး ခန့်ထည်ရဲ့ ပုခုံးနှစ်ဖက်ကိုညှစ်ကာ ဆိုဖာပေါ်ပြန်ထိုင်ခိုင်းလိုက်သည်။

"ဟင့်အင်း မင်းဆီက ငါလိုချင်တဲ့အဖြေမရမချင်း
ဒီနေရာကနေ တစ်ပြားမှမရွေ့ဖူး "

ခန့်ထည်က ဒူးထောက်လျက်သားဖြင့် လုံးဝရွေ့မလာပဲ တောင့်ခံနေ၏။

"ကျွတ်စ် ......ခက်တယ်ကွာ မင်းကိုငါမငြင်းဖူး ငါပြောချင်တာက ငါတို့လက်ထပ်ဖို့ကျ အရမ်းစောနေသေးတယ်လေကွာ ငါတို့ ချစ်သူတွေအဖြစ်အရင်တွဲကြည့်ရင်ကောင်းမလားလို့ ငါစဥ်းစားနေတာ "

"မင်း တကယ်ပြောတာနော် နိုးနိုး "

"အင်း..... "

Loving Lies ( Completed )Opowieści tętniące życiem. Odkryj je teraz