Part - 7

7.7K 761 31
                                    

🍀 Loving Lies 🍀


Unicode

ပြင်ဦးလွင်က ပြန်လာပြီးကတည်းက နိုးနိုး
တစ်ခုခု ထူးခြားနေသလို ခံစားမိသည်။
အရင်က ပြသနာတစ်ခုမဟုတ် တစ်ခုရှာကာ
သူ့အား ကြိမ်ဖန်များစွာ ခေါင်းစားအောင်
လုပ်လေ့ရှိသော နိုးနိုးသည် သူ့ရုံးခန်းသို့
ယောင်လို့ပင်ပေါ်လာခြင်း မရှိသောအခါ
စိုးရိမ်ရသူမှာ သူကိုယ်တိုင်ပင်ဖြစ်လာသည်။

အိမ်မှာဆိုလျှင်လည်း သူနဲ့မျက်နှာချင်းဆိုင်
ဆုံမိဖို့မပြောနှင့်! အဝေးတစ်နေရာမှမြင်လျှင်
တောင် မသိချင်ယောင်ဆောင်ကာရှောင်ထွက်သွားတတ်လေသည်။

"ကျော်နောင် ... ခဏ လာခဲ့ဦး "

အလုပ်လုပ်ရသည်မှာ စနိုးစနောင့်နှင့်မို့
ကျော်နောင်ကို လှမ်းခေါ်လိုက်ကာ မျက်လုံး
များကို မှိတ်လိုက်ပြီး ဆုံလည်ခုံပေါ်ပက်လက်
လှန်လှဲချရင်း ခေတ္တအနားယူနေမိသည်။

"ဘော့စ် ဘာခိုင်းစရာရှိလို့လဲ "

ကျော်နောင် ရောက်လာသည်အထိ ဆောင်းဦး
ဝေက မျက်လုံးဖွင့်မကြည့်သေး ။ ခေတ္တလှဲနေပြီးတော့မှ....

" မင်းကို အရေးတကြီး... ခိုင်းစရာရှိလို့ "

" ဟုတ်ကဲ့..ပြောပါ ဘော့စ် "

ဆောင်းဦးဝေသည် ပြောရမည့်စကားကို ပြော
သင့်မပြောသင့် အရင်ချင့်ချိန်စဉ်းစားနေလေ
သည်။

"ဒီလိုကွာ..ငါခိုင်းမှာ အလုပ်ကိစ္စမဟုတ်ဖူး.."

"ဗျာ အကိုလေး နိုးနိုး ဘာပြသနာဖြစ်ပြန်ပြီလဲ
ဘော့စ်"

ဆောင်းဦးဝေပြောမယ့် စကားတို့ကို အလွတ်
ရနေသောကျော်နောင်သည် အလောတကြီး
ပြောချလိုက်ပြီးမှ ဆောင်းဦးဝေရဲ့ ခပ်စူးစူး
အကြည့်ကြောင့် စကားပြောမှားသွားဟန်ဖြင့်
သူ့နှုတ်ခမ်းသူ လက်ဖြင့်ပြန်ပိတ်ကာ.. အရှိန်
သတ်လိုက်သည်။

ဘော့စ်က အကိုလေး နိုးနိုးကို သိပ်ချစ်တာကို
ကို သူမေ့သွားသည်။ဘော့စ် ဟာ သူကိုယ်တိုင်
ကလွဲပြီး တခြားဘယ်သူကမှ အကိုလေးနိုးနိုး
အား မကောင်းပြောတာကို နဲနဲလေးတောင်
ကြိုက်ချင်တာမဟုတ်ဖူး။အကိုလေး နိုးနိုးကို
သူပဲ ထိချင်ထိမည် တခြားသူတော့ လုံးဝ
မထိရ ဆိုတဲ့ တစ်ယူသန် လူမျိူး...။

Loving Lies ( Completed )Where stories live. Discover now