Part - 27

4.8K 507 21
                                    

Unicode

" Boss ready ပဲနော် 

ကျော်နောင့်ဆီမှရောက်လာသော SMS ကိုမြင်သည်နှင့် ဆောင်းဦးဝေက ပြုံးလိုက်သည်။

"ဟျောင့် မြန်မြန်လုပ်စမ်း ငါဗိုက်ဆာလှပြီ "

တစ်ဆက်တည်း ရေမိုးချိူးအင်္ကျီလဲနေသော နိုးနိုးကိုကြည့်ရင်း စိတ်မရှည်သလိုပြောလိုက်သည်။

"ပြီးပါပြီ ဦးဝေရဲ့ "

ဘောင်းဘီတိုနှင့်အဖြူရောင်စွပ်ကျယ်ကိုမှ ရှပ်အင်္ကျီအစင်းကို ရင်ဘတ်ဖွင့်ကာထပ်ဝတ်လိုက်သည့် နိုးနိုးက ဆောင်းဦးဝေဘက်လှည့်ပြကာ ပြီးပြီဟူသည့်သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်။

"အခုထိ အင်္ကျီကို ကောင်းကောင်းမဝတ်တတ်သေးဖူး ငါမရှိဘဲမင်းဘယ်လိုလုပ်မှာလဲ

ဆောင်းဦးဝေက အိပ်ယာကနေထလာကာ ခေါက်နေသော နိုးနိုးရဲ့ရှပ်အင်္ကျီကော်လာကို ပြန့်သွားအောင်ထောင်ပေးလိုက်သည်။

"ဦးဝေသာ ကျွန်တော့်မိန်းမဖြစ်ရင်သိပ်ကောင်းမှာပဲ

နိုးနိုးက သူ့အင်္ကျီကော်လာတွန့်နေသည်ကို ဂရု
တစိုက်လုပ်ပေးနေသော ဆောင်းဦးဝေအားကြည့်ရင်းခပ်တိုးတိုးရွတ်ဆိုလိုက်သည်။ထိုအခါဆောင်းဦးဝေကနိုးနိုးကို ခပ်တွေတွေကလေးစိုက်ကြည့်နေပြီးမှသတိပြန်ဝင်လာသလိုတွန်းလိုက်ကာ

"ခွေးကောင်လေး ငါကမင်းအဖေနဲ့မှရွယ်တူတွေကွ မင်းတော့ငရဲကြီးတော့မယ်

ဆောင်းဦးဝေက ရှက်ရှက်နှင့်နိုးနိုးရဲ ရင်ဘတ်အားဆောင့်တွန်းကာ ထွက်သွားသည်ကိုကြည့်ရင်း နိုးနိုးကရယ်လိုက်သည်။

သို့သော် ထိုရယ်သံတွေဟာ ခပ်ဆွေးဆွေးဖြစ်နေကာ အသက်မပါလှတာကိုတော့ နိုးနိုး တစ်ယောက်သာသိလေသည်။

"Here comes the starry night
နံရံကိုခေါင်းနဲ့တိုက်
မျက်နှာကျက်ကမီးများမှိတ်ပစ်လိုက်
Here comes the starry night
I wish could hold you tight
ငါ့ရဲ့တစ်ဖက်သတ်အတွေးများမင်းနဲ့မဆိုင်
Here comes the starry night "

Hotel Restaurant မှာ နှစ်ယောက်သား Dinner စားနေဆဲမှာပင် ကမ်းခြေဘက်က Bigbag ရဲ့ Starry Night သီချင်းသံ ခပ်ကျယ်ကျယ်ပျံလွင့်လာတာကြောင့် နိုးနိုးက စားလက်စကိုရပ်လိုက်လျက်နားစွင့်လိုက်မိသည်။

Loving Lies ( Completed )Where stories live. Discover now