Part - 34

5K 505 75
                                    

Unicode

သုံးနှစ်တာမျှ တိတ်ဆိတ်ခြောက်ကပ်ခဲ့သော ညနေစာထမင်းဝိုင်းလေးသည် ယခုအချိန်တွင်တော့ ရယ်မောသံများဖြင့် ပြန်လည်အသက်ဝင်လှုပ်ရှားလာသည်။

" နိုးနိုးလေးကောင်းကောင်းစားနော် နိုးနိုးလေးကို စားစေချင်လွန်းလို့ ဆရာကိုယ်တိုင်ချက်ထားတာ"

ဒေါ်ချောက ဘေးကနေယပ်ခတ်ပေးနေရင်း ဆောင်းဦးဝေအား အမွှန်းတင်သလိုပြောသောအခါ စားပွဲထိပ်တည့်တည့်မှာထိုင်နေသော ဆောင်းဦးဝေမျက်နှာပေါ်အပြုံးတစ်ပွင့်ဖြတ်ပြေးသွားသည်။

ထို့နောက်စားချင်စဖွယ်အငွေ့တထောင်းထောင်းထနေသော ငါးသံပုရာပေါင်းပန်းကန်ကို သူ့ဘက်ဆွဲယူလိုက်ကာ ငါးအရိုးတွေကို ဂရုတစိုက်နွှင်ပေးရင်း နိုးနိုးပန်းကန်ထဲကိုထည့်ပေးလိုက်သည်။

"ငါးစားရတာ ကြိုက်တယ်မလား"

ခေါင်းငုံ့ရင်းထမင်းကို တို့ကနန်းဆိတ်ကနန်းစားနေသော နိုးနိုးသည် ဆောင်းဦးဝေက ငါးအရိုးတွေကိုနွှင်ကာဂရုတစိုက်ထည့်ပေးလာသော်လည်း မသိကျိူးကျွံပြုကာ တိတ်ဆိတ်လို့သာနေ၏။ ယခုအချိန်တွင် ဦးဝေရဲ့ဂရုစိုက်မှုတွေကိုအပြည့်အ၀ပိုင်ဆိုင်ခွင့်ရသဖြင့် ပျော်နေရမည်မှာ မှန်သော်လည်း ခန့်ထည်အပေါ်မှာထားသော အားနာစိတ်ကသာကြီးစိုးနေတာမို့ စိတ်ရှုပ်ထွေးနေမိသည်မှာအမှန်ပင်။ လွန်ခဲ့သောသုံးနှစ်က အခုလိုသာသူ့ကို ဦးဝေ ကြင်နာမှုပေးခဲ့လျှင် ဒါမှမဟုတ်အချစ်တွေကိုထုတ်ပြခဲ့လျှင် အခုအချိန်မှာကမ္ဘာပေါ်ရှိအပျော်ဆုံးလူသားဟာ သူနဲ့ဦးဝေအပြင်ရှိမယ်မထင်ပါ။အခုတော့အရာအားလုံးဟာ သဲထဲရေသွန်သည့်သလား။

"ကျွန်တော် အခု ငါးမကြိုက်တော့ဖူး "

ဘာကြောင့်မှန်းရယ်မသိ ခန့်ထည်အားသတိရလာသည်မို့ နိုးနိုး လွှတ်ခနဲပြောလိုက်မိသည်။တကယ်တော့သူအခုထိ ငါးဟင်းကိုကြိုက်နေပါသေးသည်။ ဦးဝေ နွှင်ပေးသည့်ငါးကမှ ကမ္ဘာပေါ်မှာအရသာအရှိဆုံးဟုဆိုကာ အရိုးနွှင်ပေးရန်လည်းတတွတ်တွတ်ဂျီကျခဲ့ဖူးသည်။ဦးဝေမပါဘဲ ဖြတ်သန်းလာသမျှ သုံးနှစ်တာကာလလုံးမှာလည်း ခန့်ထည် စိတ်လိုလက်ရနွှင်ပေးသော ငါးအသားများကိုထမင်းနှင့်အတူတူ အရသာရှိရှိစားခဲ့ဖူးသည်။

Loving Lies ( Completed )Where stories live. Discover now