Part - 19

7K 679 62
                                    

💖Loving Lies 💖


Unicode

ယောင်ကိုင်းပြီး ရှေ့သို့တစ်တောင်လောက်
စူထွက်နေတဲ့ ပျော့အိအိ နှုတ်ခမ်းလေးပေါ်
လက်ဖျား နဲ့ မထိတထိတို့ကြည့်ရင်း နိုးနိုး
တစ်ချက် ပြုံးလိုက်သည်။

မနေ့ညက ဦးဝေ ဆီမှ လက်ဆောင်အဖြစ်ရရှိ
ခဲ့တဲ့ အနမ်းပြစ်ဒဏ်က အခုထိပင် အယောင်
မကျသေး။ ဦးဝေ ရဲ့လျှာဖျားမှတဆင့် သူ့ရဲ့
လျှာ အတွင်းပိုင်းသို့ ကူးစက်လာခဲ့သည့်
Black Label ၏ ခါးသက်သက်အရသာက
သူ့အတွက်တော့ နတ်သုတ်ဒ္ဓါ စားရသည်
ထက်ပင်ပို၍ ချိူမြန်နေသေး၏ ။

မနေ့ညက ဦးဝေရဲ့ချစ်စရာကောင်းလွန်းနေ
သည့် အပြုအမူလေးများက အခုထိ သူ့အာရုံ
ထဲက မထွက်သေး။ ထိုအချိန်က သူ့ကို ကား
ဘောနပ်အဖုံးပေါ်လှဲချလိုက်ရင်း သူ့နှုတ်ခမ်း
တွေကို တရှိုက်မတ်မတ် နမ်းဆွတ်နေဆဲမှာပဲ
ဦးဝေ တစ်ယောက်ချစ်စရာကောင်းလွန်းစွာပင်
သူ့ခန္ဓာကိုယ်ပေါ်မှီလျက် အိပ်ပျော်သွားခဲ့လို့
ကိုယ်တိုင်ကျောပိုးပြီး အခန်းထဲမှာ တယုတယ
ပြန်ထားပေးခဲ့ရတဲ့အထိ ။

ထိုအဖြစ်အပျက်တို့က သူ့အတွက် တစ်သက်
စာ အမှတ်တရအဖြစ်ကျန်နေခဲ့မှာ သေချာပေ
မဲ့ ဦးဝေ အတွက်ကတော့ ထိုတဒင်္ဂလေးဟာ
မြူမှုန်ကလေးတစ်စလို အဝေး ကို လွင့်ပါး
ပျောက်ကွယ် သွားမည်မှာ အမှန်တရားပင်။

သူအတွက်ကတော့ ထိုပထမဆုံးအနမ်းလေး
ဟာ တသိမ့်သိမ့်နဲ့ ကြည်နူးဖွယ်ဖြစ်ကာ ပြန်
တွေးမိတိုင်း ရင်ဘတ်တစ်ခုလုံး ပူနွေးနေမည်
မှာ သေချာလေသည်။

" ဟရောင် နိုးနိုး ''

ထိုအခိုက်အတန့်လေးကို ပြန်တွေးရင်း ကြည်နူး
နေမှာပဲ သာသနာဖျက်ကောင် မြတ်သုတက အာကျယ်အာကျယ်နှင့် အခန်းတံခါးကို တွန်းဖွင့်
ရင်း ၀ငျလာသညျ။

"ခန့်ထည် အေးဆေး နားနော် အားမနာနဲ့
မင်း အိမ်လိုသဘောထားပြီးနေ အဲကောင်
နိုးနိုး လည်း ငါ့အိမ်ကို သူ့အိမ်လို သဘော
ထားပြီးနေတာ "

မြတ်သုတရဲ့နောက်မှာ သူမသိတဲ့ နောက်ထပ်
သူစိမ်းယောကျ်ားလေးတစ်ယောက်က ကပ်ပါ
လာတာမို့ နိုးနိုး က ဆဲဖို့ဟန်ပြင်နေတဲ့ နှုတ်ခမ်း
တို့ကို အချိန်မှီ ဘရိတ်အုတ်လိုက်ရ၏

Loving Lies ( Completed )Where stories live. Discover now