Part - 26

4.6K 451 10
                                    

Loving Lies

Unicode


" ခေါင်းလောင်းလေးတွေမြည်နေပြီ
ဌက်ကလေးတွေလည်း တေးဆိုသည်
နာရီစင်က သုံးချက်တီးသံမြည်
နှင်းတွေလည်း ကျနေသည်
ဒီဆောင်းမြောက်လေမြူးပြီ
အခုတော့သိပြီ သူ့ကို ကိုယ်ချစ်သည် "

ချိူသာသည့်အသံလေးရယ် ဂစ်တာသံတိုးတိုးလေးရယ်က နားရွက်ဖျားမှာစီးဝင်လာသည်မို့
နိုးနိုး မျက်လုံးများကို အိပ်မှုန်စုန်မွှားဖွင့်ကြည့်
လိုက်သည်။ အိပ်မပျော်ခင် သူ့ရဲ့မှတ်ဥာဏ်ထဲမှာနောက်ဆုံးမှတ်သားခဲ့သည်က ဦးဝေနှင့်သူ မနေ့ညနေက ငပလီကိုရောက်လာခဲ့သည်။အထုတ်အပိုးတွေချပြီး ဟိုတယ် Restaurant က ဝိုင်တစ်ခွက်စီနှင့် ထမင်းကြော်တစ်ပွဲမှာစားကာ ခရီးပန်းလာကြသဖြင့် အိပ်ပျော်သွားခဲ့တာဖြစ်သည်။

အညောင်းဆန့်လိုက်ရင်း အိပ်ယာကထလိုက်ကာ သီချင်းသံကြားရာ ဝရံတာဘက်ထွက်လာခဲ့တော့ကမ်းခြေစတိုင် Hawaiian Shirt နှင့် လူငယ်ဆန် ဆန်ချည်သားဘောင်းဘီတိုလေးဝတ်ထားသည့် ဦးဝေက ဂီတာတီးလျက် သီချင်းဆိုနေဟန်ကိုမြင်လိုက်ရသည်မို့ ပါးစပ်အဟောင်းသားဖြင့်ရပ်ငေးနေမိသည်။ ပင်လယ်ပြာနောက်ခံနှင့်နေရောင်ဖြာ
ကျနေသော ဦးဝေ၏ဘေးတစ်စောင်းမျက်နှာလေးသည်လှပလွန်းကာ မျက်တောင်ကော့ကော့လေးက လွင့်ပျံနေသလို။သူ့ကြည့်နေကျ အချစ်ကားတွေထဲက ညို့အားပြင်းလွန်းပါသည်ဆိုတဲ့ မင်းသားတွေပင် ဦးဝေရဲ့ လှပမှုအောက်ခြေဖျားခရမည်မှာမလွဲ။

"အဟမ်း "

ချောင်းတစ်ချက်ဟန့်ကာ ဦးဝေ ဘေးဝင်ထိုင်လိုက်သော်လည်း ပြုံးယောင်သန်းရင်းတစ်ချက်မျှသာကြည့်ပြီးနောက် ဂစ်တာကိုဆက်တီးနေဆဲ ဖြစ်သည်။ဦးဝေရဲ့မျက်နှာအမူအရာကိုအကဲခတ်လိုက်ရုံနှင့် စိတ်ကြည်နေမှန်း သူ တန်းသိလိုက်သည်။ ပုံမှန်အချိန်တွေဆို ဦးဝေကဂစ်တာကိုသူ့အခန်းထဲကအိပ်ယာဘေးမှာပဲထောင်ထားကာတော်ရုံတန်ရုံ သိပ်တီးလေ့မရှိ။သူ့ဆီမှာစိတ်ပျော်စရာကိစ္စတစ်ခုခုရှိလာသည်ဆိုမှသာလျှင်ယခု
ကဲ့သို့ စိတ်ဝင်တစားတီးခတ်ပြီးသီချင်းဆိုနေတတ်တာပင်။

Loving Lies ( Completed )Tahanan ng mga kuwento. Tumuklas ngayon