Part - 6

7.7K 803 97
                                    

🍀Loving Lies🍀

Unicode


"နိုးနိုးရာ ထပ်မဆိုးတော့ပဲ လိမ်လိမ်မာမာ
နေပါကွာ .."

ဦးဝေ အသံလေးက ကျွန်တော့်နားထဲပါးလျစွာ တိုးဖွဝင်သွားသည်။ အိပ်ချင်ယောင်ဆောင်
နေသည့်ကြားက ကျွန်တော့်နှုတ်ခမ်းတွေပြုံးမိတော့မလိုပင်။သို့သော် စိတ်ကိုအတတ်နိုင်ဆုံး ချူပ်ထိန်းထားရင်း ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေ လိုက်သည်။ အဲဒါမှ ဦးဝေရင်ထဲက ခံစားချက်အစစ်အမှန်တွေကို မြင်တွေ့နိုင်မှာလေ ။

မဟုတ်ရင် ကျွန်တော် နိုးလာတဲ့အခါ ဦးဝေ
က မျက်နှာကြီးတည်ပြီး စိတ်ထဲက မပါတာ
တွေကို ဟန်ဆောင်နေဦးမှာ ။ ... ပြီးတော့
ကျွန်တော် ထပ်ပြီး အထိုးမခံနိုင်တော့ဖူး ။
ကျွန်တော့် ပါးရိုးတစ်လျှောက်လုံး တကယ်ကို
နာကျင်နေပြီ ။ ကန်တော်ကြီးထဲက ပြန်လာ
ကတည်းက အထိုးခံရတဲ့ ပါးတစ်ဖက်က
လွန်းလို့ ကျွန်တော့်မှာ ဆာလောင်နေတာ
တောင် ဘာမှထပ်ပြီး မမျိူစို့နိုင်တော့တဲ့အထိ။
အဲတာနဲ့ပဲ တစ်နေကုန် အိပ်နေလိုက်တာ ။

ဦးဝေ နဲ့တီချယ် က တော့ စိတ်ကောက်ပြီး
အိပ်နေတယ်တဲ့ တီးတိုးပြောနေတာတော့
ကြားရတယ် ။ တကယ်တော့ ကျွန်တော်
စိတ်မကောက်တတ်ပါဖူး ။ စိတ်ကောက်နေရ
အောင် မိန်းကလေးမှ မဟုတ်တာ ။

ကျွန်တော် က ယောကျာ်းလေး စစ်စစ်ပဲ ။
ဦးဝေ နဲ့တီချယ် အတူတွဲနေတာ မြင်ရင်
ဘာကို သ၀န်တိုလို့ တိုမှန်းမသိပဲ တိုနေတဲ့
ယောကျာ်းစစ်စစ်ပဲ ...။

အား .....စပ်လိုက်တာဗျာ... ။

အဲဒီ ဦးဝေ ဟာလေ တကယ်အိပ်နေတယ်
ထင်ပြီး ဒဏ်ရာတွေကို မညှာမတာ နဲ့ကို
အရက်ပျံနဲ့ပွတ်တိုက် နေတော့တာပဲ ။ အဲလို
နာပြီး စပ်နေတဲ့ ခံစားမှုမျိူးကို ကျွန်တော်
တကယ်မကြိုက်တာ ။ မူလတန်းလောက်က
တည်းက အတန်းထဲက... ကောင်စုတ်တွေနဲ့
ကျွန်တော် ရန်ဖြစ်ပြီ ဒဏ်ရာရလာတိုင်းလည်း
ဦး​ဝေ က အခုလို အရက်ပြန် နဲ့သန်ရှင်းပြီး
ဆေးလိမ်းပေးနေကြ ။ ဒီလို စပ်ဖျင်းဖျင်း
အရက်ပျံနဲ့အတို့ခံရတိုင်း ရှုံ့မဲ့နေတတ်ပေမဲ့
ကျွန်တော်ဆိုတာလည်း... ရန်ဖြစ်တာကို
ရပ်ကို မရပ်တန့်နိုင်ဖူး ။

Loving Lies ( Completed )Where stories live. Discover now